ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
87
Pika (NP News) - နိုဝင်ဘာ ၂၅
ယူကရိန်းနိုင်ငံဟာ အဖိုးတန်တဲ့ သဘာဝအရင်းအမြစ်တွေနဲ့ ပြည့်နှက်နေပြီး တူးဖော်ရေးပိုင်းနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးဖို့အတွက် ဆန္ဒရှိနေတာကြောင့် အမေရိကန်အတွက် အလွန်အသုံးဝင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ယူကရိန်းပဋိပက္ခဟာ နောက်ဆုံးမှာ ပိုက်ဆံကိစ္စတစ်ခုတည်းအတွက်သာဖြစ်တယ်လို့ လင်ဆေးဂရေဟမ်က ပြောကြားခဲ့ပါတယ်။ ၎င်းက "ဥရောပတိုက်က နိုင်ငံတွေအားလုံးထဲမှာ ရှားပါးမြေတွင်းထွက်သတ္တုအချမ်းသာဆုံးနိုင်ငံဟာ ယူကရိန်းနိုင်ငံပဲ ဖြစ်ပါတယ်။ ယူကရိန်းမှာရှိတဲ့ ရှား ပါးသတ္တုတွေရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ(၂)ထရီလျံကနေ (၇)ထရီလျံကြားရှိပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။
ရှားပါးမြေတွင်းထွက်သတ္တုတွေတူးဖော်မှုပိုင်းနဲ့ပတ်သက်ပြီး ယူကရိန်းဟာ ရုရှားနဲ့မဟုတ်ဘဲ အမေရိကန်နဲ့သဘောတူညီချက်တစ်ခုလုပ်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ လင်ဆေးဂရေဟမ်က ပြောကြားခဲ့ပါတယ်။ ၎င်းက"အဲဒါကြောင့် ရုရှားက အဲဒီနေရာကိုယူမသွားဖို့အတွက် သေချာအောင်လုပ် ဆောင်ဖို့က ကျွန်တော်တို့ရဲ့ အကျိုးစီးပွားပါပဲ။ ယူကရိန်းနဲ့ စီးပွားရေးဆက်ဆံမှုတွေလုပ်ဆောင်ပြီး ပိုက်ဆံတွေရအောင် ကျွန်တော်တို့လုပ်နိုင်ပါတယ်။ ဒါက ငြိမ်းချမ်းမှုနဲ့အတူ ကျွန်တော်တို့အတွက် အရမ်းအကျိုးရှိမှာပါ။ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒီရှားပါးမြေတွင်းထွက်သတ္တုတွေနဲ့အတူ ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေကို ပြန်ရအောင်လုပ်ဖို့အတွက် သဘောတူညီချက်တစ်ခုကို ပြုလုပ်တော့မှာပါ။ ဒါက ယူကရိန်းနဲ့ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့သဘောတူညီချက်တစ်ခုဖြစ်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ဒေါ်နယ်ထရမ့်ဟာ အဲဒီသဘောတူညီချက်ကို အဆုံးသတ်မှုနဲ့အတူ ယူကရိန်းပဋိပက္ခကို ပြေလည်အောင်လုပ်ဆောင်ဖို့ ကူညီသွားမှာဖြစ်တယ်လို့ လင်ဆေးဂရေဟမ်က ထပ်မံပြောကြားခဲ့ပါတယ်။ လင်ဆေးဂရေဟမ်က "စစ်ပွဲတွေကို ဘယ်လိုအဆုံးသတ်ရမလဲဆိုတာကို ဒေါ်နယ်ထရမ့်ကသိပါတယ်။ ဂျိုးဘိုင်ဒန်ကတော့ စစ်ပွဲတွေကိုစတင်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာပဲ သိတာပါ"လို့ ပြောဆိုခဲ့ပါတယ်။
zawgyi version
ယူကရိန္းက အေမရိကန္ကို ခ်မ္းသာေအာင္လုပ္ေပးႏိုင္တယ္လို႔ ရီပတ္ဘလစ္ကန္အထက္လႊတ္ေတာ္အမတ္တစ္ဦး ေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂၅
ယူကရိန္းႏိုင္ငံဟာ အဖိုးတန္တဲ့ သဘာဝအရင္းအျမစ္ေတြနဲ႔ ျပည့္ႏွက္ေနၿပီး တူးေဖာ္ေရးပိုင္းနဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔ ညႇိႏႈိင္းေဆြးေႏြးဖို႔အတြက္ ဆႏၵရွိေနတာေၾကာင့္ အေမရိကန္အတြက္ အလြန္အသုံးဝင္တယ္လို႔ ရီပတ္ဘလစ္ကန္အထက္လႊတ္ေတာ္အမတ္ လင္ေဆးဂေရဟမ္က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ယူကရိန္းပဋိပကၡဟာ ေနာက္ဆုံးမွာ ပိုက္ဆံကိစၥတစ္ခုတည္းအတြက္သာျဖစ္တယ္လို႔ လင္ေဆးဂေရဟမ္က ေျပာၾကားခဲ့ပါတယ္။ ၎က "ဥေရာပတိုက္က ႏိုင္ငံေတြအားလုံးထဲမွာ ရွားပါးေျမတြင္းထြက္သတၱဳအခ်မ္းသာဆုံးႏိုင္ငံဟာ ယူကရိန္းႏိုင္ငံပဲ ျဖစ္ပါတယ္။ ယူကရိန္းမွာရွိတဲ့ ရွား ပါးသတၱဳေတြရဲ႕တန္ဖိုးဟာ အေမရိကန္ေဒၚလာ(၂)ထရီလ်ံကေန (၇)ထရီလ်ံၾကားရွိပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။
ရွားပါးေျမတြင္းထြက္သတၱဳေတြတူးေဖာ္မႈပိုင္းနဲ႔ပတ္သက္ၿပီး ယူကရိန္းဟာ ႐ုရွားနဲ႔မဟုတ္ဘဲ အေမရိကန္နဲ႔သေဘာတူညီခ်က္တစ္ခုလုပ္ဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ လင္ေဆးဂေရဟမ္က ေျပာၾကားခဲ့ပါတယ္။ ၎က"အဲဒါေၾကာင့္ ႐ုရွားက အဲဒီေနရာကိုယူမသြားဖို႔အတြက္ ေသခ်ာေအာင္လုပ္ ေဆာင္ဖို႔က ကြၽန္ေတာ္တို႔ရဲ႕ အက်ိဳးစီးပြားပါပဲ။ ယူကရိန္းနဲ႔ စီးပြားေရးဆက္ဆံမႈေတြလုပ္ေဆာင္ၿပီး ပိုက္ဆံေတြရေအာင္ ကြၽန္ေတာ္တို႔လုပ္ႏိုင္ပါတယ္။ ဒါက ၿငိမ္းခ်မ္းမႈနဲ႔အတူ ကြၽန္ေတာ္တို႔အတြက္ အရမ္းအက်ိဳးရွိမွာပါ။ အေမရိကန္ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္ဟာ ဒီရွားပါးေျမတြင္းထြက္သတၱဳေတြနဲ႔အတူ ကြၽန္ေတာ္တို႔ရဲ႕ ပိုက္ဆံေတြကို ျပန္ရေအာင္လုပ္ဖို႔အတြက္ သေဘာတူညီခ်က္တစ္ခုကို ျပဳလုပ္ေတာ့မွာပါ။ ဒါက ယူကရိန္းနဲ႔ ကြၽန္ေတာ္တို႔အတြက္ ေကာင္းမြန္တဲ့သေဘာတူညီခ်က္တစ္ခုျဖစ္ပါတယ္" လို႔ ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ ေဒၚနယ္ထရမ့္ဟာ အဲဒီသေဘာတူညီခ်က္ကို အဆုံးသတ္မႈနဲ႔အတူ ယူကရိန္းပဋိပကၡကို ေျပလည္ေအာင္လုပ္ေဆာင္ဖို႔ ကူညီသြားမွာျဖစ္တယ္လို႔ လင္ေဆးဂေရဟမ္က ထပ္မံေျပာၾကားခဲ့ပါတယ္။ လင္ေဆးဂေရဟမ္က "စစ္ပြဲေတြကို ဘယ္လိုအဆုံးသတ္ရမလဲဆိုတာကို ေဒၚနယ္ထရမ့္ကသိပါတယ္။ ဂ်ိဳးဘိုင္ဒန္ကေတာ့ စစ္ပြဲေတြကိုစတင္ဖို႔ ဘယ္လိုလုပ္ရမလဲဆိုတာပဲ သိတာပါ"လို႔ ေျပာဆိုခဲ့ပါတယ္။