KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော

 762

မြူနစ် (NP News) - နိုဝင်ဘာ ၂၅

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ရှိနေသော KNDF ပူးပေါင်းအဖွဲ့ကို ထွက်ခွာသွားရန် မေတ္တာရပ်ခံ၍မရသည့်အတွက် ထိုးစစ်ဆင်ကာ လိုက်လံရှင်းလင်းနေကြောင်း PNO/PNA အဖွဲ့မှ ထိပ်အပိုင်းအရာရှိက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း၌ တပ်စွဲနေထိုင်သော KNDF အဖွဲ့၊ PNLA အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့ကို ယခုလနိုဝင်ဘာ (၂၀)ရက်မှစတင်ကာ လိုက်လံရှင်းလင်းနေခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် တပ်မတော်လုံခြုံရေးအဖွဲ့နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားတပ်မတော်(PNO/PNA)တို့ပူးပေါင်းကာ ဆီဆိုင်မြို့နယ်နှင့်မောက်မယ်မြို့နယ်အစပ် ပွန်းချောင်းတံတား အနီးရှိကျေးရွာများကို စစ်ကြောင်းထိုးကာ ရှင်းလင်းနေကြောင်းသိရသည်။

" ကျွန်တော်တို့ အရင်ပြောခဲ့သလိုပဲ ဒေသတည်ငြိမ်အေးချမ်းရေးကို အဓိကလုပ် ဆောင်မှာပေါ့။ ကျွန်တော်တို့ နယ်ထဲမှာရှိနေတဲ့ လက်နက်ကိုင်တွေကို နံပါတ်တစ်အနေနဲ့ ထွက်သွားဖို့မေတ္တာရပ်ခံတာပေါ့။ မရရင်တော့ ကျွန်တော်တို့က လက်နက်နဲ့ပြန်တိုက်ရမှာပေါ့။ ပွန်းချောင်းတံတားဘက်မှာ ရွာတွေရှိတယ်။ အဲဒီရွာတွေမှာ ရွာသူကြီးတွေရှိတယ်။ ရွာသူကြီးကနေတစ်ဆင့် ဆက်သွယ်တာပေါ့။ အဲဒီမှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့ကို မေတ္တာရပ်ခံလိုက်၊ ပြန်ခိုင်းလိုက်ဆိုပြီးတော့ပေါ့။ ရွာမှာဆက်မနေနဲ့ PNO က စစ်ကြောင်းနဲ့လာတိုက်လိမ့်မယ်။ အဲဒီတော့ မတိုက် ခင်အရင်မေတ္တာရပ်ခံတာပေါ့။ သူတို့ကမထွက်သွား လို့ကျွန်တော်တို့က နိုဝင်ဘာ(၂၀)ရက်မှာသွားတိုက် တာပေါ့" ဟု PNO/PNA အဖွဲ့မှ ထိပ်ပိုင်းအရာရှိက NP News ကိုပြောသည်။

KNDF ၊ PNLA အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့သည် (၂၀၂၁) ခုနှစ်နောက်ပိုင်းမှစတင်ကာ ပွန်း ချောင်းတံတားတစ်ဝိုက်ရှိကျေးရွာများတွင် အခြေချတပ်စွဲကာ အခွန်ကောက်ခံမှုများပြုလုပ်သကဲ့သို့ လက်နက်မှောင်ခိုကိစ္စရပ်များကိုလည်း ယင်းဒေသမှ တစ်ဆင့် ကူးသန်းရောင်းဝယ်နေကြကြောင်း ၎င်းက ဆက်လက်ပြောသည်။

"သူတို့ အရင်တုန်းက လက်နက်မှောင်ခိုက အဲဒီဘက်ကနေသယ်တာများတယ်။ အဲဒီရွာ တွေကနေ PNLA ဌာနချုပ်ကိုရောက်တယ်။ အဲဒီက နေတစ်ဆင့် ကယားပြည်နယ်ကိုကူးသွားတာပေါ့။ လက်နက်တွေကတော့ ရှမ်းမြောက်ဘက်ကနေဝင် လာတာလို့ယူဆရတာပေါ့" ဟု PNO/PNA ထိပ်ပိုင်းအရာရှိကဆိုသည်။

လက်ရှိတွင် တပ်မတော်နှင့် PNA အဖွဲ့တို့သည် ပွန်းချောင်းတံတားအနီးရှိကျေးရွာတစ်ဝိုက်ကို နယ်မြေရှင်းလင်းမှုများဆောင်ရွက်ခဲ့ပြီးဖြစ်သော်လည်း ဆီဆိုင်မြို့၏အရှေ့ဘက်ခြမ်းတွင် ဝင်ရောက်တပ်စွဲလျက်ရှိသော လက်နက်ကိုင်အဖွဲ့များကို ဆက်လက်ရှင်းလင်းရန် ပြင်ဆင်နေလျက်ရှိကြောင်း သိရသည်။

KNDF ၊ PNLA နှင့် PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သောဇန်နဝါရီလအတွင်း ဆီဆိုင် မြို့နှင့်တစ်ဝိုက်ကို အင်အားအလုံးအရင်းသုံးကာ တိုက်ပွဲများကို အပြင်းအထန်ဖော်ဆောင်ခဲ့ဖူးသည်။

zawgyi version
KNDF ပူးေပါင္းအဖြဲ႕ကို ‌ေမတၱာရပ္ခံမရသျဖင့္ ထိုးစစ္ဆင္ရွင္းလင္းေနဟု PNO/PNA ေျပာ
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၂၅

ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၌ ရွိေနေသာ KNDF ပူးေပါင္းအဖြဲ႕ကို ထြက္ခြာသြားရန္ ေမတၱာရပ္ခံ၍မရသည့္အတြက္ ထိုးစစ္ဆင္ကာ လိုက္လံရွင္းလင္းေနေၾကာင္း PNO/PNA အဖြဲ႕မွ ထိပ္အပိုင္းအရာရွိက ေျပာသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပအိုဝ္းကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဆီဆိုင္ၿမိဳ႕နယ္အတြင္း၌ တပ္စြဲေနထိုင္ေသာ KNDF အဖြဲ႕၊ PNLA အဖြဲ႕ႏွင့္ PDF ပူးေပါင္းအဖြဲ႕ကို ယခုလႏိုဝင္ဘာ (၂၀)ရက္မွစတင္ကာ လိုက္လံရွင္းလင္းေနျခင္းျဖစ္ေၾကာင္းသိရသည္။

လက္ရွိတြင္ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕ႏွင့္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္/ပအိုဝ္းအမ်ိဳးသားတပ္မေတာ္(PNO/PNA)တို႔ပူးေပါင္းကာ ဆီဆိုင္ၿမိဳ႕နယ္ႏွင့္ေမာက္မယ္ၿမိဳ႕နယ္အစပ္ ပြန္းေခ်ာင္းတံတား အနီးရွိေက်း႐ြာမ်ားကို စစ္ေၾကာင္းထိုးကာ ရွင္းလင္းေနေၾကာင္းသိရသည္။

" ကြၽန္ေတာ္တို႔ အရင္ေျပာခဲ့သလိုပဲ ေဒသတည္ၿငိမ္ေအးခ်မ္းေရးကို အဓိကလုပ္ ေဆာင္မွာေပါ့။ ကြၽန္ေတာ္တို႔ နယ္ထဲမွာရွိေနတဲ့ လက္နက္ကိုင္ေတြကို နံပါတ္တစ္အေနနဲ႔ ထြက္သြားဖို႔ေမတၱာရပ္ခံတာေပါ့။ မရရင္ေတာ့ ကြၽန္ေတာ္တို႔က လက္နက္နဲ႔ျပန္တိုက္ရမွာေပါ့။ ပြန္းေခ်ာင္းတံတားဘက္မွာ ႐ြာေတြရွိတယ္။ အဲဒီ႐ြာေတြမွာ ႐ြာသူႀကီးေတြရွိတယ္။ ႐ြာသူႀကီးကေနတစ္ဆင့္ ဆက္သြယ္တာေပါ့။ အဲဒီမွာရွိေနတဲ့ လက္နက္ကိုင္အဖြဲ႕ကို ေမတၱာရပ္ခံလိုက္၊ ျပန္ခိုင္းလိုက္ဆိုၿပီးေတာ့ေပါ့။ ႐ြာမွာဆက္မေနနဲ႔ PNO က စစ္ေၾကာင္းနဲ႔လာတိုက္လိမ့္မယ္။ အဲဒီေတာ့ မတိုက္ ခင္အရင္ေမတၱာရပ္ခံတာေပါ့။ သူတို႔ကမထြက္သြား လို႔ကြၽန္ေတာ္တို႔က ႏိုဝင္ဘာ(၂၀)ရက္မွာသြားတိုက္ တာေပါ့" ဟု PNO/PNA အဖြဲ႕မွ ထိပ္ပိုင္းအရာရွိက NP News ကိုေျပာသည္။

KNDF ၊ PNLA အဖြဲ႕ႏွင့္ PDF ပူးေပါင္းအဖြဲ႕သည္ (၂၀၂၁) ခုႏွစ္ေနာက္ပိုင္းမွစတင္ကာ ပြန္း ေခ်ာင္းတံတားတစ္ဝိုက္ရွိေက်း႐ြာမ်ားတြင္ အေျခခ်တပ္စြဲကာ အခြန္ေကာက္ခံမႈမ်ားျပဳလုပ္သကဲ့သို႔ လက္နက္ေမွာင္ခိုကိစၥရပ္မ်ားကိုလည္း ယင္းေဒသမွ တစ္ဆင့္ ကူးသန္းေရာင္းဝယ္ေနၾကေၾကာင္း ၎က ဆက္လက္ေျပာသည္။

"သူတို႔ အရင္တုန္းက လက္နက္ေမွာင္ခိုက အဲဒီဘက္ကေနသယ္တာမ်ားတယ္။ အဲဒီ႐ြာ ေတြကေန PNLA ဌာနခ်ဳပ္ကိုေရာက္တယ္။ အဲဒီက ေနတစ္ဆင့္ ကယားျပည္နယ္ကိုကူးသြားတာေပါ့။ လက္နက္ေတြကေတာ့ ရွမ္းေျမာက္ဘက္ကေနဝင္ လာတာလို႔ယူဆရတာေပါ့" ဟု PNO/PNA ထိပ္ပိုင္းအရာရွိကဆိုသည္။

လက္ရွိတြင္ တပ္မေတာ္ႏွင့္ PNA အဖြဲ႕တို႔သည္ ပြန္းေခ်ာင္းတံတားအနီးရွိေက်း႐ြာတစ္ဝိုက္ကို နယ္ေျမရွင္းလင္းမႈမ်ားေဆာင္႐ြက္ခဲ့ၿပီးျဖစ္ေသာ္လည္း ဆီဆိုင္ၿမိဳ႕၏အေရွ႕ဘက္ျခမ္းတြင္ ဝင္ေရာက္တပ္စြဲလ်က္ရွိေသာ လက္နက္ကိုင္အဖြဲ႕မ်ားကို ဆက္လက္ရွင္းလင္းရန္ ျပင္ဆင္ေနလ်က္ရွိေၾကာင္း သိရသည္။

KNDF ၊ PNLA ႏွင့္ PDF ပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့ေသာဇန္နဝါရီလအတြင္း ဆီဆိုင္ ၿမိဳ႕ႏွင့္တစ္ဝိုက္ကို အင္အားအလုံးအရင္းသုံးကာ တိုက္ပြဲမ်ားကို အျပင္းအထန္ေဖာ္ေဆာင္ခဲ့ဖူးသည္။

Related news

© 2021. All rights reserved.