တောင်ကိုရီးယားမှာရှိတဲ့ စစ်အခြေစိုက်စခန်းတွေအတွက် ကိုယ်ပိုင်မြေကို ဒေါ်နယ်ထရမ့်ရယူလိုနေ

257

Pika(NP News)
တောင်ကိုရီးယားနိုင်ငံက အမေရိကန်စစ်အခြေစိုက်စခန်းနေရာတွေတည်ရှိရာမြေနေရာကို အငှားချမယ့်အစား အပြီးတိုင်ပိုင်ဆိုင်မှုရယူလိုတယ်လို့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒေါ်နယ်ထရမ့်ဟာ တောင်ကိုရီးယားသမ္မတလီဂျေးမြောင်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်အချိန်အတွင်း ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။အမေရိကန်နိုင်ငံဟာ တောင်ကိုရီးယားမှာရှိတဲ့ အခြေခံအဆောက်အဦးတွေမှာ ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်ဆောင်ကာ တပ်ဖွဲ့ဝင်(၄)သောင်းကျော်ကို ထိန်းသိမ်းထားပေမယ့်လည်း အဆောက်အဦးတွေတည်ရှိရာမြေနေရာကို တောင်ကိုရီးယားက အငှားချထားဆဲဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”ကျွန်တော်လုပ်ချင်တာတစ်ခုက အမေရိကန်စစ်အခြေစိုက်စခန်းတွေတည်ရှိရာမြေနေရာကို ပိုင်ဆိုင်ခွင့်ပေးဖို့ တောင်းဆိုချင်တာပါ။မြေငှားခတွေကိုဖယ်ရှားပစ်ပြီး စစ်အခြေစိုက်စခန်းတည်ရှိရာမြေနေရာကို ပိုင်ဆိုင်ခွင့်ရမလားဆိုတာ စောင့်ကြည့်ချင်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါပေမယ့်လည်း ဘယ်နေရာမှာရှိတဲ့စစ်အခြေစိုက်စခန်းကို ရည်ရွယ်တာလဲဆိုတဲ့ အသေးစိတ်အချက်အလက်ကို ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ အမေရိကန်ရဲ့အကြီးဆုံးစစ်အခြေစိုက်စခန်း Camp Humphreysဟာ ဆယ်စုနှစ်တစ်ခုကြာ ရွှေ့ပြောင်းနေရာချထားရေးစီမံကိန်းနဲ့ အစိုးရနှစ်ရပ်စလုံးက ရန်ပုံငွေဘီလျံပေါင်းများစွာ ထောက်ပံ့မှုအပြီး (၂၀၁၈)ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားမွာရွိတဲ့ စစ္အေျခစိုက္စခန္းေတြအတြက္ ကိုယ္ပိုင္ေျမကို ေဒၚနယ္ထရမ့္ရယူလိုေန
Pika(NP News)
ေတာင္ကိုရီးယားႏိုင္ငံက အေမရိကန္စစ္အေျခစိုက္စခန္းေနရာေတြတည္ရွိရာေျမေနရာကို အငွားခ်မယ့္အစား အၿပီးတိုင္ပိုင္ဆိုင္မႈရယူလိုတယ္လို႔ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ေဒၚနယ္ထရမ့္ဟာ ေတာင္ကိုရီးယားသမၼတလီေဂ်းေျမာင္နဲ႔ အိမ္ျဖဴေတာ္မွာ ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။အေမရိကန္ႏိုင္ငံဟာ ေတာင္ကိုရီးယားမွာရွိတဲ့ အေျခခံအေဆာက္အဦးေတြမွာ ႀကီးမားတဲ့ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို လုပ္ေဆာင္ကာ တပ္ဖြဲ႕ဝင္(၄)ေသာင္းေက်ာ္ကို ထိန္းသိမ္းထားေပမယ့္လည္း အေဆာက္အဦးေတြတည္ရွိရာေျမေနရာကို ေတာင္ကိုရီးယားက အငွားခ်ထားဆဲျဖစ္တယ္လို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”ကြၽန္ေတာ္လုပ္ခ်င္တာတစ္ခုက အေမရိကန္စစ္အေျခစိုက္စခန္းေတြတည္ရွိရာေျမေနရာကို ပိုင္ဆိုင္ခြင့္ေပးဖို႔ ေတာင္းဆိုခ်င္တာပါ။ေျမငွားခေတြကိုဖယ္ရွားပစ္ၿပီး စစ္အေျခစိုက္စခန္းတည္ရွိရာေျမေနရာကို ပိုင္ဆိုင္ခြင့္ရမလားဆိုတာ ေစာင့္ၾကည့္ခ်င္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါေပမယ့္လည္း ဘယ္ေနရာမွာရွိတဲ့စစ္အေျခစိုက္စခန္းကို ရည္႐ြယ္တာလဲဆိုတဲ့ အေသးစိတ္အခ်က္အလက္ကို ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ေတာင္ကိုရီးယားႏိုင္ငံမွာရွိတဲ့ အေမရိကန္ရဲ႕အႀကီးဆုံးစစ္အေျခစိုက္စခန္း Camp Humphreysဟာ ဆယ္စုႏွစ္တစ္ခုၾကာ ေ႐ႊ႕ေျပာင္းေနရာခ်ထားေရးစီမံကိန္းနဲ႔ အစိုးရႏွစ္ရပ္စလုံးက ရန္ပုံေငြဘီလ်ံေပါင္းမ်ားစြာ ေထာက္ပံ့မႈအၿပီး (၂၀၁၈)ခုႏွစ္မွာ တည္ေဆာက္ၿပီးစီးခဲ့တယ္လို႔လည္း သိရပါတယ္။