ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
6470
သန့်ဇင် (NP News) - နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့ပတ်ပတ်လည်ရှိ ကျေးရွာ(၁၀)ရွာထက်မနည်းတွင် လက်နက်ကိုင်အဖွဲ့များ ဝင်ရောက်နေထိုင်ကာ ရွာသူရွာသားများကို နှင် ထုတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်တွင် ဗိုလ်နဂါးနှင့် ပူးပေါင်းအဖွဲ့က ပုလဲမြို့ကိုစတင်တိုက်ခိုက်ခဲ့ပြီး မြို့ပတ်ပတ်လည်မှ ယခင်၊ မြို့ပြဦး၊ သဲတော၊ ရွာသာ၊ လိမ်ကုန်း၊ အေးကုန်း၊ ချောင်းသာ၊ အလယ်ကုန်၊ ရိုး၊ မြကုန်းစသည့် ကျေးရွာများအပြင် ကျေးရွာ(၁၀)ရွာ ထက်မနည်းတွင် လက်နက်ကိုင်အဖွဲ့များက ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။
"ရွာသားတွေကတော့ တခြားဘုန်းကြီးကျောင်း စာသင်ကျောင်းတွေမှာ သွားနေနေရတယ်။ အဲဒီရွာ တွေမှာ လူမရှိတော့ဘူး။ မြရွာဘက်မှာဆို လူမရှိတော့ဘူး။ သူတို့ကဝင်နေတာ။ ပုလဲဖြစ်တည်းက (၁၁) ရက်ကစပြီးပြေးရတာ။ သူတို့အစီစဉ်ကတော့ စော စောပိုင်းတုန်းကတော့ ထွက်တိုက်မယ်ပြောတယ်။ အဲဒီတော့ ရွာသားတွေက ဒုက္ခရောက်တာပေါ့။ တချို့ဆို ပြန်ချင်နေကြပြီ။ အပြန်မခံကြဘူး"ဟု ဒေသခံတစ်ဦးက NP News သို့ ပြော သည်။ အဆိုပါကျေးရွာများ၌ ကျေးရွာတစ်ရွာလျှင် လူဦးရေ(၅၀ဝ)နှင့် (၁၀ဝဝ)ကြားတွင်ရှိနေပြီး ကျေး ရွာအတွင်းပြန်ဝင်သူတစ်ဦးလျှင် ငွေကျပ် (၁၀ဝဝဝ) နှုန်း ဒဏ်ကြေးကောက်ခံနေကြောင်းလည်း အထက်ပါဒေသခံက ဆိုသည်။
"သူတို့အဝင်မခံဘဲနဲ့ဝင်ရင် တစ်ယောက်ကို ဒဏ်ငွေ (၁၀ဝဝဝ)ဆိုလားပေးရတယ်။ (၁၀ဝဝဝ)ပေးပြီးပြန်ထွက်ပေါ့။ အဲဒီမှာ သူတို့ပဲရှိတာ။ မပြန်ရတော့ဘူး။ ညဘက်ဆိုလည်း သူတို့ပဲရှိတာ။ တချို့ဆို အိမ်ပြောင်းရမလိုတောင်ဖြစ်နေပြီ။ ရွာထဲက ပစ္စည်း တွေက လူတွေနဲ့သယ်ကြတာဆိုတော့။ တချို့ဆိုအခွံတွေပဲ ရှိတော့တယ်။ ရွာသားတွေကသယ်လိုက်။ PDF တွေကသယ်လိုက်နဲ့ အဲဒီလိုဖြစ်နေတာပေါ့"ဟု ၎င်းက ဆက်ပြောသည်။ ထို့သို့ ကျေးရွာများအတွင်း ဝင်ရောက်နေထိုင်နေသည့် လက်နက်ကိုင်အဖွဲ့များမှာ NUG လက်အောက်ခံ PDF လက်နက် ကိုင်အဖွဲ့များ ဖြစ်နိုင်ပြီး ဗိုလ်နဂါးနှင့် ပူးပေါင်းအဖွဲ့တို့၏ ပုလဲမြို့ သိမ်းတိုက်ပွဲမအောင်မြင်ခြင်းကို ပြန်လည်လုပ်ဆောင်လိုခြင်းကြောင့် မြို့ပတ်ပတ်လည်မှ ကျေးရွာများအတွင်း ဝင်ရောက်နေ ထိုင်ခြင်း ဖြစ်နိုင်ကြောင်း အထက်ပါသတင်းရင်းမြစ် က သုံးသပ်ထားသည်။
"တွေးကြည့်ရင်တော့ ဗိုလ်နဂါးလို့မထင်ဘူး။ ဗိုလ်နဂါးမအောင်မြင်တဲ့အဖွဲ့ကို ပြန်လုပ်ကြည့်ချင် တာလား။ အဲဒီအဖွဲ့တွေက ဘယ်သူ့အဖွဲ့တွေလဲ မရေရာသေးဘူး။ မြို့ကိုပြန်ဝိုင်းထားတာမျိုး။ တစ်ချိန်ချိန်မှာ အလစ်အငိုက်ဖမ်းပြီး ပြန်လုပ်ဖို့ရာအတွက်ကို Ready လုပ်နေတဲ့ပုံစံမျိုးလို့ထင်တယ်။ အဲဒီရွာတွေက ပုလဲမြို့ပတ်ပတ်လည်ကရွာတွေ။ အခုက အဲဒီပတ်ပတ်လည်က ရွာတွေဖြစ်နေတာ။ ခန့်မှန်း ခြေ(၁၀)ရွာလောက်ဆိုပေမယ့် (၁၀)ရွာမကဘူး။ အကြမ်းဖျင်းရေတွက်တာတောင် (၁၀)ရွာလောက်ရှိနေတာ။ အဲဒီတော့ ကျေးရွာဒေသခံတွေက ပုလဲနဲ့ဝေးတဲ့ ရွာ တွေက ဘုန်းကြီးကျောင်းတွေမှာ သူတို့သွားနေနေကြတာပေါ့။ သူတို့ကအချိန်မရွေး တစ်ချိန်ချိန်မှာ လျှပ်တစ်ပြက်မကြေပွဲနွှဲဖို့အတွက်လား။ ဒါမှမဟုတ် NUG လက်အောက်ခံတွေက ဗိုလ်နဂါးမအောင်မြင်တာကို လုပ်ပြချင်တာလားပေါ့နော်။ အဲဒီလိုတွေးလို့ ရတယ်။ များသောအားဖြင့် ဗိုလ်နဂါးက အဲဒီလိုရွာတွေမှာ အဲဒီလိုမျိုးချတာသိပ်တော့မရှိခဲ့ဖူးဘူး "ဟု ၎င်းက သုံးသပ်ထားသည်။
ဗိုလ်နဂါးဦးဆောင်သည့် (BNRA)အဖွဲ့နှင့် ပူးပေါင်းအဖွဲ့များသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် မိုင် (၃၀)ကျော်အကွာရှိ ပုလဲမြို့ကို အင်အားအလုံးအရင်းဖြင့် (၄)ရက်ခန့်အကြာဝင် ရောက်တိုက်ခဲ့သော်လည်း တပ်မတော်၏လေကြောင်းပစ်ကူ ကြောင့်အထိနာ၍ ပုလဲမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည်။
zawgyi version
ပုလဲၿမိဳ႕ပတ္လည္မွ ေက်း႐ြာ(၁ဝ)႐ြာထက္မနည္းတြင္ PDF မ်ား ဝင္ေရာက္ေနထိုင္ၿပီး ႐ြာသူ႐ြာသားမ်ားကို ႏွင္ထုတ္
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂၅
စစ္ကိုင္းတိုင္းေဒသႀကီး ပုလဲၿမိဳ႕ပတ္ပတ္လည္ရွိ ေက်း႐ြာ(၁၀)႐ြာထက္မနည္းတြင္ လက္နက္ကိုင္အဖြဲ႕မ်ား ဝင္ေရာက္ေနထိုင္ကာ ႐ြာသူ႐ြာသားမ်ားကို ႏွင္ ထုတ္ထားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။ ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၁၁ ရက္တြင္ ဗိုလ္နဂါးႏွင့္ ပူးေပါင္းအဖြဲ႕က ပုလဲၿမိဳ႕ကိုစတင္တိုက္ခိုက္ခဲ့ၿပီး ၿမိဳ႕ပတ္ပတ္လည္မွ ယခင္၊ ၿမိဳ႕ျပဦး၊ သဲေတာ၊ ႐ြာသာ၊ လိမ္ကုန္း၊ ေအးကုန္း၊ ေခ်ာင္းသာ၊ အလယ္ကုန္၊ ႐ိုး၊ ျမကုန္းစသည့္ ေက်း႐ြာမ်ားအျပင္ ေက်း႐ြာ(၁၀)႐ြာ ထက္မနည္းတြင္ လက္နက္ကိုင္အဖြဲ႕မ်ားက ဝင္ေရာက္ေနထိုင္လ်က္ရွိေၾကာင္း သိရသည္။
"႐ြာသားေတြကေတာ့ တျခားဘုန္းႀကီးေက်ာင္း စာသင္ေက်ာင္းေတြမွာ သြားေနေနရတယ္။ အဲဒီ႐ြာ ေတြမွာ လူမရွိေတာ့ဘူး။ ျမ႐ြာဘက္မွာဆို လူမရွိေတာ့ဘူး။ သူတို႔ကဝင္ေနတာ။ ပုလဲျဖစ္တည္းက (၁၁) ရက္ကစၿပီးေျပးရတာ။ သူတို႔အစီစဥ္ကေတာ့ ေစာ ေစာပိုင္းတုန္းကေတာ့ ထြက္တိုက္မယ္ေျပာတယ္။ အဲဒီေတာ့ ႐ြာသားေတြက ဒုကၡေရာက္တာေပါ့။ တခ်ိဳ႕ဆို ျပန္ခ်င္ေနၾကၿပီ။ အျပန္မခံၾကဘူး"ဟု ေဒသခံတစ္ဦးက NP News သို႔ ေျပာ သည္။ အဆိုပါေက်း႐ြာမ်ား၌ ေက်း႐ြာတစ္႐ြာလွ်င္ လူဦးေရ(၅၀ဝ)ႏွင့္ (၁၀ဝဝ)ၾကားတြင္ရွိေနၿပီး ေက်း ႐ြာအတြင္းျပန္ဝင္သူတစ္ဦးလွ်င္ ေငြက်ပ္ (၁၀ဝဝဝ) ႏႈန္း ဒဏ္ေၾကးေကာက္ခံေနေၾကာင္းလည္း အထက္ပါေဒသခံက ဆိုသည္။
"သူတို႔အဝင္မခံဘဲနဲ႔ဝင္ရင္ တစ္ေယာက္ကို ဒဏ္ေငြ (၁၀ဝဝဝ)ဆိုလားေပးရတယ္။ (၁၀ဝဝဝ)ေပးၿပီးျပန္ထြက္ေပါ့။ အဲဒီမွာ သူတို႔ပဲရွိတာ။ မျပန္ရေတာ့ဘူး။ ညဘက္ဆိုလည္း သူတို႔ပဲရွိတာ။ တခ်ိဳ႕ဆို အိမ္ေျပာင္းရမလိုေတာင္ျဖစ္ေနၿပီ။ ႐ြာထဲက ပစၥည္း ေတြက လူေတြနဲ႔သယ္ၾကတာဆိုေတာ့။ တခ်ိဳ႕ဆိုအခြံေတြပဲ ရွိေတာ့တယ္။ ႐ြာသားေတြကသယ္လိုက္။ PDF ေတြကသယ္လိုက္နဲ႔ အဲဒီလိုျဖစ္ေနတာေပါ့"ဟု ၎က ဆက္ေျပာသည္။ ထို႔သို႔ ေက်း႐ြာမ်ားအတြင္း ဝင္ေရာက္ေနထိုင္ေနသည့္ လက္နက္ကိုင္အဖြဲ႕မ်ားမွာ NUG လက္ေအာက္ခံ PDF လက္နက္ ကိုင္အဖြဲ႕မ်ား ျဖစ္ႏိုင္ၿပီး ဗိုလ္နဂါးႏွင့္ ပူးေပါင္းအဖြဲ႕တို႔၏ ပုလဲၿမိဳ႕ သိမ္းတိုက္ပြဲမေအာင္ျမင္ျခင္းကို ျပန္လည္လုပ္ေဆာင္လိုျခင္းေၾကာင့္ ၿမိဳ႕ပတ္ပတ္လည္မွ ေက်း႐ြာမ်ားအတြင္း ဝင္ေရာက္ေန ထိုင္ျခင္း ျဖစ္ႏိုင္ေၾကာင္း အထက္ပါသတင္းရင္းျမစ္ က သုံးသပ္ထားသည္။
"ေတြးၾကည့္ရင္ေတာ့ ဗိုလ္နဂါးလို႔မထင္ဘူး။ ဗိုလ္နဂါးမေအာင္ျမင္တဲ့အဖြဲ႕ကို ျပန္လုပ္ၾကည့္ခ်င္ တာလား။ အဲဒီအဖြဲ႕ေတြက ဘယ္သူ႔အဖြဲ႕ေတြလဲ မေရရာေသးဘူး။ ၿမိဳ႕ကိုျပန္ဝိုင္းထားတာမ်ိဳး။ တစ္ခ်ိန္ခ်ိန္မွာ အလစ္အငိုက္ဖမ္းၿပီး ျပန္လုပ္ဖို႔ရာအတြက္ကို Ready လုပ္ေနတဲ့ပုံစံမ်ိဳးလို႔ထင္တယ္။ အဲဒီ႐ြာေတြက ပုလဲၿမိဳ႕ပတ္ပတ္လည္က႐ြာေတြ။ အခုက အဲဒီပတ္ပတ္လည္က ႐ြာေတြျဖစ္ေနတာ။ ခန႔္မွန္း ေျခ(၁၀)႐ြာေလာက္ဆိုေပမယ့္ (၁၀)႐ြာမကဘူး။ အၾကမ္းဖ်င္းေရတြက္တာေတာင္ (၁၀)႐ြာေလာက္ရွိေနတာ။ အဲဒီေတာ့ ေက်း႐ြာေဒသခံေတြက ပုလဲနဲ႔ေဝးတဲ့ ႐ြာ ေတြက ဘုန္းႀကီးေက်ာင္းေတြမွာ သူတို႔သြားေနေနၾကတာေပါ့။ သူတို႔ကအခ်ိန္မေ႐ြး တစ္ခ်ိန္ခ်ိန္မွာ လွ်ပ္တစ္ျပက္မေၾကပြဲႏႊဲဖို႔အတြက္လား။ ဒါမွမဟုတ္ NUG လက္ေအာက္ခံေတြက ဗိုလ္နဂါးမေအာင္ျမင္တာကို လုပ္ျပခ်င္တာလားေပါ့ေနာ္။ အဲဒီလိုေတြးလို႔ ရတယ္။ မ်ားေသာအားျဖင့္ ဗိုလ္နဂါးက အဲဒီလို႐ြာေတြမွာ အဲဒီလိုမ်ိဳးခ်တာသိပ္ေတာ့မရွိခဲ့ဖူးဘူး "ဟု ၎က သုံးသပ္ထားသည္။
ဗိုလ္နဂါးဦးေဆာင္သည့္ (BNRA)အဖြဲ႕ႏွင့္ ပူးေပါင္းအဖြဲ႕မ်ားသည္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ (နမခ) ႏွင့္ မိုင္ (၃၀)ေက်ာ္အကြာရွိ ပုလဲၿမိဳ႕ကို အင္အားအလုံးအရင္းျဖင့္ (၄)ရက္ခန႔္အၾကာဝင္ ေရာက္တိုက္ခဲ့ေသာ္လည္း တပ္မေတာ္၏ေလေၾကာင္းပစ္ကူ ေၾကာင့္အထိနာ၍ ပုလဲၿမိဳ႕မွ ျပန္လည္ဆုတ္ခြာခဲ့ရသည္။