မြန်မာတို့ သင်ခန်းစာယူသင့်သည့် အမေရိကန်ဒီမိုကရေစီပြဿနာ

 589

အောင်နိုင်သူ (ဇွဲကပင်) (NP News) - နိုဝင်ဘာ ၁၈

အမေရိကန်နိုင်ငံ နယူးယောက်မြို့တော်ဝန်ရွေးကောက်ပွဲတွင် အသက် (၃၄)နှစ်သာရှိသေးသည့် ဇိုရန်မမ်ဒါနီက နိုဝင်ဘာ (၄) ရက်ကအနိုင်ရရှိပြီး မြို့ တော်ဝန်ရာထူးကို ရွေးချယ်ခံခဲ့ရသည်။
အမေရိကန်သမ္မတ ထရမ့်က နယူးယောက်မြို့ တော်ဝန်နေရာကို မမ်ဒါနီကိုမရစေချင်ကြောင်း အတိ အလင်း သဘောထားထုတ်ပြန်ပြောဆိုထားသော်လည်း မတားဆီးနိုင်ခဲ့ပေ။ မမ်ဒါနီသည် နယူး ယောက် မြို့တော်ဝန်အဖြစ်ရွေးကောက်ခံရသည့် ပထမဆုံး အာရှတောင်ပိုင်းအနွယ် မွတ်စလင် တစ် ယောက်လည်းဖြစ်သည်။ သူသည် အိန္ဒိယအနွယ်မိဘများက ယူဂန္ဓာ၌မွေးဖွားခဲ့ပြီးနောက် အမေရိကန် နိုင်ငံသား ဖြစ်လာခဲ့သူဖြစ်သည်။ ထူးခြားမှုက မမ်ဒါနီသည် လက်ဝဲယိမ်း ဆိုရှယ်လစ် အတွေးအခေါ်ရှိသူ တစ်ယောက်အဖြစ်လူသိများသည်။ ၎င်းကိုယ်တိုင်လည်း သူသည် ဒီမိုကရေစီ ဆိုရှယ်လစ်သမားဖြစ် သည်ဟု ထုတ်ဖော်ကြွေးကြော်ထားသည်။ နယူးယောက်မြို့တွင် အရင်းရှင် ဘီလျံနာလုပ်ငန်းရှင်ကြီးများ၊ သူဌေးကြီးများက မမ်ဒါနီ နယူးယောက်မြို့တော်ဝန်ရာထူး မရရှိစေရေးအတွက်ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့သဖြင့် ဘီလျံနာသူဌေးအများစုက နယူးယောက်မြို့မှထွက်ခွာရန် စိုင်းပြင်းနေကြပြီ ဖြစ် သည်။
ဖြစ်ရိုးဖြစ်စဉ်မဟုတ်သည့် မြို့တော်ဝန်ရွေးကောက်ပွဲရလဒ်ကြောင့် ယခုသတင်းပတ်တွင် ဤသ တင်းက တစ်ကမ္ဘာလုံး၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ အံဩစရာကောင်းသည့်ရလဒ်နှင့်အတူ နယူး ယောက်မြို့တော်ဝန် ဇိုရန်မန်ဒါနီ၏ အောင်မြင်မှုကြွေးကြော်သံများကိုလည်းကြည့်လိုက်ရသည်။ အလွန် အမင်း ယုံကြည်မှုလွန်ကဲနေပြီး သူ့ကိုယ်သူလည်း စကြဝတေးမင်းဟုပင် ထင်မှတ်နေပုံရသည်ကို တွေ့ လိုက်ရသည်။ သမ္မတထရမ့်ကိုတောင် “အမေရိကန်ကိုသစ္စာဖောက်တဲ့ ထရမ့်၊ အမေရိကန်ကိုလှည့်ဖြား ပြီးအမြတ်ထုတ်တဲ့ထရမ့်” စသဖြင့် ထုတ်ပြောလာသည်။ ဇိုရန်မမ်ဒါနီအကြောင်းကို ပြန်ဆန်းစစ်သည့် အခါတော်တော်လေး စိတ်ဝင်စားစရာကောင်းလှသည်။ အထူးသဖြင့် ဒီမိုကရက်ပါတီဝင်တစ်ဦးဖြစ်သည့် မမ်ဒါနီ အရေးသည် အမေရိကန်ဒီမိုကရေစီအပေါ် များစွာမေးခွန်းထုတ်စရာဖြစ်ရသည်။
မမ်ဒါနီက ဆိုရှယ်လစ်ဇင်(Socialism) တစ်ယောက်ဖြစ်၍ ကွန်မြူနစ်အယူရှိသူဟုဆိုရမည်ဖြစ် သည်။ ရုရှား၊ တရုတ်၊ မြောက်ကိုးရီယားတို့ကို ကွန်မြူ နစ်အာဏာရှင်နိုင်ငံဆိုပြီး တစ်ချိန်လုံး ဖြိုချရန် လုပ်နေသည့်အမေရိကန်သည် ယခုအခါတွင် ၎င်းတို့ကိုယ်တိုင်အတွင်းစည်းက စဖြိုခံလိုက်ရသည်ဟု မြင်မိသည်။ မမ်ဒါနီသည် ဒီမိုကရက်တစ်ဦးဖြစ်သည်နှင့် အညီ ဒီမိုကရက်တို့၏ထုံးစံအတိုင်း လူပိန်း ကြိုက် စကားများဖြင့်မဲဆွယ်ခဲ့သည်။ သူပြောခဲ့သည့်မဲဆွယ် စကားများတွင် အခွန်တိုး၍ကောက်မည်၊ အခမဲ့အစား အသောက်များဝေပေးမည်ဟု မဲဆွယ်ထားသည့်အပြင် ခိုးဝင်များကိုလက်ခံမည်ဟုပင် မဲဆွယ်ထားသေးသည်။
ထို့ကြောင့် သူအနိုင်ရသွားသော်လည်း တာဝန် မယူရသေးခင် နယူးယောက်ကသူဌေးများ သိန်းချီ ပြောင်းရွှေ့ရန်လုပ်နေကြပြီဖြစ်သည်။ အမှန်စင်စစ် မမ်ဒါနီသည် မြို့တော်ဝန်အဆင့်သာဖြစ်၍ အခွန်တိုးကောက်၍မရသလို လုပ်ပိုင်ခွင့်မရှိပေ။ သို့သော် ဒီမိုကရက်များသည် သမ္မတထရမ့်နှင့် ရီပါ ပလစ်ကန်များကို မကြိုက်၍ အရွဲ့တိုက်လိုစိတ်ဖြင့် ပြောချင်ရာပြောပြီး မဲဆွယ်ခဲ့ခြင်းသာဖြစ်သည်။
တစ်ဖက်မှာလည်း စဉ်းစားစရာကောင်းသည်မှာ နယူးယောက်ပြည်သူများက ရီပါပလစ်ကန် မဟုတ်လျှင်ပြီးရောဆိုပြီး ထရမ့်နှင့် ရီပါပလီကန်ပါတီကိုဆန့်ကျင်ပြီးမဲပေးလိုက်ကြသလား၊ ကွန်မြူနစ် အယူဖြစ်သည့် အလုပ်သမားလူတန်းစားကိုအခြေခံပြီး သူဌေးများကိုဆန့်ကျင်ရမည်ဆိုသည့်အယူအဆ ကိုလက်ခံ၍ မဲပေးလိုက်သလားဆိုသည်ကိုတော့ မဲပေးခဲ့သူများမှအပ မည်သူမျှသိနိုင်မည်မဟုတ်ပါ။ ဆိုရှယ်လစ် အယူဝါဒကိုလက်ကိုင်ထားသည့် မွတ်စလင်တစ်ယောက် နယူးယောက်မြို့တော်ဝန်ဖြစ်လာ ခြင်းနှင့်ပတ်သက်၍ စေ့စေ့တွေးကြည့်လျှင် ကျောချမ်းစရာကောင်းပါသည်။ မွတ်စလင်လူမျိုးက ကြာ လေများလေဖြစ်သဖြင့် ဒီမိုကရေစီစနစ်အရ လူများသူက မဲများများပေးနိုင်ခြင်းကြောင့် မမ်ဒါနီသည် နယူးယောက်တွင် သက်တော်ရှည်မြို့တော်ဝန်လည်း ဖြစ်လာနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ မမ်ဒါနီ မြို့တော်ဝန်ဖြစ်လာခြင်းသည် အမေရိကန်နိုင်ငံအတွက်တော့ တုန်လှုပ်ဖွယ်ရာဖြစ်ရသည်။ မမ်ဒါနီက အမေရိကန်၏ နတ်နေကိုင်း အစ္စရေးဂျူးများအပေါ်ကိုပင် အလွတ်မပေးဘဲ တိုက်ခိုက်သည့်စကားလုံးများဖြင့် စကားစစ် ထိုးလာပါသည်။ မမ်ဒါနီက နယူးယောက် ကို အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုခြေချသည်နှင့် ဖမ်းမည်ဟုလည်း ထုတ်ပြောထားသလို သမ္မတ ထရမ့်ကိုပါ အမေရိကန်ကိုသစ္စာဖောက်သူဟု ထုတ်ပြောထားသည်။ ထို့ကြောင့် အမေရိကန် နိုင်ငံ ရေး၊ အမေရိကန် ဒီမိုကရေစီသည် သဘာဝလွန် ဒီမိုကရေစီအဖြစ် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသည်။
ထိုကဲ့သို့ အမေရိကန်သမ္မတကိုပင် ပြောင်ပြောင် တင်းတင်းစိန်ခေါ်ပြီး ပြင်းထန်သည့် စကားလုံး များဖြင့် တိုက်ခိုက်နေသော အမေရိကန်ဒီမိုကရေစီကို အမေ ရိကန်ဖွဲ့စည်းအခြေခံဥပဒေက သမ္မတကို စော်ကားခွင့်ပေးထားသည်လားဆိုပြီးလည်း စဉ်းစားစရာဖြစ်မိသည်။ အမှန်စင်စစ် အမေရိကန်သည် ကမ္ဘာ့အင်အား အကြီးဆုံးနိုင်ငံဖြစ်သည်နှင့်အညီ အမေရိကန်သမ္မတ ကိုလည်း တစ်ကမ္ဘာလုံးက လေးစား ခန့်ညားကြရပါသည်။
သို့သော် ယခုအခါတွင် သူတို့မြို့တော်ဝန်ကပဲ စော်ကားပြလိုက်တာမို့ အမေရိကန် ပုံရိပ်ထိခိုက် တာတော့ အမှန်ပင်ဖြစ်သည်။ မမ်ဒါနီ၏ သမ္မတအပေါ် စော်ကားတုံ့ပြန်မှုနှင့်ပတ်သက်၍ အချို့ကလည်း အမေရိကန်ဒီမိုကရေစီသည် လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့် သွင်းရေးဆွဲထားသောကြောင့်ဖြစ်သည်ဟုဆိုသည်။ သို့သော် လွတ်လပ်စွာထုတ်ဖော်ပြောဆို ရေးသား ခွင့်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင်လည်း (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၅၄)(က)တွင် ပြဋ္ဌာန်းထားသည့်တိုင် နိုင်ငံ့အကြီးအကဲကိုတော့ လက်အောက်က ယခုလိုစော်ကားခွင့်မရှိပေ။
သားကအဖေကိုစော်ကားသလိုဖြစ်နေသည့် အမေရိကန်ဒီမိုကရေစီကြောင့် အချို့နိုင်ငံများတွင် ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုနှင့်ကိုက်ညီသည့် ဒီမိုက ရေစီစနစ်ကျင့်သုံးကြခြင်းဖြစ်ပါလိမ့်မည်။ ဥပမာ မြန်မာနိုင်ငံတွင် နိုင်ငံတော်သည် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးသည်ဟု (၂၀ဝ၈)ခုနှစ်ဖွဲ့စည်းပုံအခြေခံတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်တွေ့ရသည်။ စာရေးသူ မှတ်မိပါသေး သည်။ (၂၀ဝ၈) ခုနှစ်က အိုဘားမား ပထမသက်တမ်းသမ္မတ အရွေးခံတော့ လူငယ်တွေဆီကမဲရရန် အတွက် သူသမ္မတဖြစ်လျှင် ကိုယ်ဝန်ဖျက်ချခွင့်ကို တရားဝင် ခွင့်ပြုနိုင်ရေး လက်မှတ်ထိုးပေးမည်ဟု ဆိုကာ မဲဆွယ်စည်းရုံးခဲ့သည်။ အိုဘားမားသည် ဒီမိုကရက်ပါတီ၏ သမ္မတလောင်းဖြစ်သည်။ တစ်ဖက် သူ့ပြိုင်ဘက်ကမူ သမ္မတလောင်း ဂျွန်မက်ကိန်းနှင့် အမျိုးသမီး ဒုသမ္မတလောင်း ဆာရာပင်လင်တို့ ဖြစ် ပြီး သူတို့က ဤလုပ်ရပ်မှာ ခရစ်ယာန်ဘာသာအရ လက်ခံ၍မရသဖြင့် သူတို့က လက်မခံကြောင်း ပြော ၍မဲဆွယ်ခဲ့သည်။
ဤမျှမကသေးဘဲ ဒုသမ္မတလောင်း ဆာရာပင်လင်က သူတို့ကတိတည်ကြောင်း သက်သေပြ သည့်အနေဖြင့် သူ့သမီးကို မည်သူနှင့်ရထားမှန်းမသိသည့် ကိုယ်ဝန်ဆောင်ထားရသည်ကို ဖျက်ချခွင့် မပေးဘဲ မွေးစေခဲ့သည်။ သို့သော် ရွေးကောက်ပွဲရလဒ်ထွက်လာသည့်အခါ ကိုယ်ဝန်ဖျက်ချခွင့်ပြုမည်ဆို သည့် အိုဘားမားတို့အုပ်စုကအနိုင်ရသွားပြီး ကတိအတိုင်း အဆိုပါဥပဒေကို လက်မှတ်ထိုးပေးလိုက်ရ သည်။
ယခုလည်း မြို့တော်ဝန်အသစ်က သမ္မတကို စိန်ခေါ်စော်ကားနေမှုကို မည်သို့မျှ လုပ်မရ ကိုင်မရ ဖြစ်နေသည်ကိုကြည့်လျှင် အမေရိကန်ဒီမိုကရေစီ၏လွတ်လပ်မှုက အလွန်အန္တရာယ်များသည်ဟု စဉ်း စားစရာဖြစ်မိသည်။ အကောင်းဆုံးကတော့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုနှင့်ကိုက်ညီသည့် ဒီမိုကရေစနစ်ကသာ အကောင်းဆုံးဖြစ်လိမ့်မည်ဟု ယူဆမိပါသည်။
အမေရိကန်နိုင်ငံနှင့် အနောက်နိုင်ငံများတွင် ဖြစ်ပေါ်နေသော ခိုးဝင်၊ ရွှေပြောင်းနှင့် မွတ်စလင် ဘာသာဝင် လူဦးရေ တိုးပွားလာမှုပြဿနာများကြောင့် ဒီမိုကရေစီစနစ်၏အားနည်းချက်များစွာကိုလည်း တွေ့လာရပါသည်။ အင်္ဂလန်နိုင်ငံတွင် မွတ်စလင်ဘာသာဝင်အများအပြား မြို့တော်ဝန်ဖြစ်လာပြီး မွတ် စလင်ဘာသာဝင်တို့ လမ်းပေါ်တက်ဝတ်ပြုသည်ကို ထိန်းရခက်လာသည်ကိုကြည့်နေရင်းက အမေရိ ကန်၏အကြီးဆုံးမြို့ နယူးယောက်မှာ ဒီမိုကရက်ဆိုရှယ်လစ် မွတ်စလင် မြို့တော်ဝန်တစ်ယောက် ဖြစ် လာသည်မှာ လုံးဝပြောင်းလဲမှု (Totally changed) တစ်ခုဖြစ်ပြီး စိတ်ဝင်တစားစောင့်ကြည့်ရမည့်ကိစ္စ တခုဖြစ်လာသည်ကလည်း ငြင်းမရပါ။ အမေရိကန်၊ အင်္ဂလန်နှင့်အပါအဝင် ဥရောပနိုင်ငံများသည် ယခု အခါ လူ့အခွင့်အရေးနှင့် လစ်ဘရယ်ဒီမိုကရေစီ၏အားနည်းချက်ကိုအခွင့်ကောင်းယူကာ နေရာယူလာ ကြသည့် မွတ်စလင်များကြောင့် လစ်ဘရယ် ဒီမိုကရေစီစနစ်ကို ပြန်လည်ဆန်းစစ်သင့်ပြီဟု မြင်မိသည်။
အနောက်နိုင်ငံများက မြန်မာနိုင်ငံကို ဘင်္ဂါလီ အများအပြားလက်ခံရမည်ဟုဖိအားပေးနေသည့် အချိန်တွင် ၎င်းတို့နိုင်ငံထဲ အများကြီးရောက်နေပြီးဖြစ်သည်။ အကျိုးဆက်အနေဖြင့်လည်း အတွင်းစည်း ကစပြို၍ နယူးယောက်မြို့တော်ဝန်လို အရေးပါသည့် ရာထူးများကို မူလဌာနေနိုင်ငံသားများက ဖယ်ပေး နေရသည်ကို မြန်မာနိုင်ငံအပြင် အခြားနိုင်ငံများကပါ သင်ခန်းစာယူသင့်ပါသည်။
အမေရိကန်နှင့် ဥရောပတွင်ရင်ဆိုင်နေရသည့်ပြဿနာသည် လူများ၊ မဲများလျှင် အနိုင်ရမည်ဟူ သော ဒီမိုကရေစီစနစ်၏အားနည်းချက်များကို ထင်ထင်ရှား ရှားတွေ့မြင်လာရပါသည်။ အမေရိကန်လို နိုင်ငံစုံက လူများနှင့်ဖွဲ့စည်းထားသည့်နိုင်ငံတစ်ခုအနေဖြင့် လူများရာ အနိုင်ရသည်ဆိုသည့် ဒီမိုကရေစီ က ပြဿနာ မဖြစ်သော်လည်း ကိုယ်ပိုင်ယဉ်ကျေးမှုရှိသည့် အခြားကမ္ဘာ့နိုင်ငံများအတွက် အခြားဘာသာ များအတွက်တော့ ဒီမိုကရေစီ၏အားနည်းချက်နှင့်အတူ ကြီးစွာသော စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်သည် ဟု သုံးသပ် မိပါသည်။
မြန်မာနိုင်ငံကဲ့သို့ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံရှိသည့် ရောင်စုံပန်းဥယျာဉ်ကြီးနှင့်တူသည့်နိုင်ငံတွင် တွေးခေါ်စဉ်းစားဉာဏ်နည်းသည့် Generation များကြောင့် အမေရိကန်လို ဒီမိုကရေစီစနစ်မျိုးကျင့်သုံးမိ ပါက အလွန်အန္တရာယ်ကြီးလှသည်။ အမျိုးသားရေး အသိ၊ အမျိုးသားရေးသတိနှင့်ယှဉ်ပြီး မကျင့်သုံးမိပါ က ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာ၊ သာသနာတို့ပျောက်ပြီး ခေါင်းမြီးခြုံနေရမည့်ဘဝကို ရောက်သွားနိုင် သည်။
ထို့ကြောင့် သတိထားရန်လိုပါသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် အလွန်ရှုပ်ထွေးနေပါ သည်။ စာမဖတ်ဘဲ ဂိုဏ်းကစားသည့်လူငယ်များ၊ ကိုယ်ဘာလုပ်နေမှန်းမသိသည့်လူငယ်များ အလွန် များပြားနေသည်။ ဤသည်ကိုအခွင့်ယူပြီး ရခိုင်ဒေသဘက်တွင် လှုပ်ရှားမှုအများအပြားဖြစ်လာနေသည်။ အာဏာရရေးကလွဲပြီး ဘာဖြစ်ဖြစ်ဆိုသည့် ပြည်ပရောက်အဖွဲ့များကလည်း ရခိုင်ဒေသက ဘင်္ဂါလီများ နှင့်ပေါင်းနေသည်။ တစ်ဖန် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခက ဌာနေတိုင်းရင်းသားများအချင်းချင်းဖြစ် ကြရသဖြင့် ကိုယ့်တိုင်းပြည်လူဦးရေကို ကိုယ်တိုင်လျှော့ချနေသကဲ့သို့ဖြစ်နေသည်။ ထို့ကြောင့် အမေရိ ကန် နယူးယောက်စ်မြို့တော်ဝန်အရေးကိုယှဉ်တွေးပြီး ကိုယ့်တိုင်းပြည်အရေးကို အမြန်ဆုံးပြင်ဆင်သွား ကြရန်လိုသည်။
အချုပ်ဆိုရလျှင် အမေရိကန်နှင့် အနောက်နိုင်ငံများ၏အရေးနှင့်ယှဉ်ပြီး မြန်မာ့အရေးတွင် စဉ်း စားစရာများ၊ သင်ခန်းစာယူစရာများနှင့်သတိပြုစရာ များစွာရှိသည်။ အမေရိကန်တွင် ထရမ့်အာဏာ ရရှိ မှုနှင့် ဒီမိုကရက်များအပေါ် နှိပ်ကွပ်လာမှုအပေါ် မကျေနပ်ကြသည့်ဒီမိုကရက်များက ထရမ့်ကိုဆန့်ကျင် လျှင်ပြီး ရောဆိုသည့်ပုံစံဖြင့် နိုင်ငံရေးချဉ်းကပ်လာကြသည်။
တစ်နည်းဆိုရသော် အမေရိကန်တွင် ဒီမိုကရက် အင်အားစုနှင့် ရီပါပလစ်ကန်အင်အားစုများ အကြား အမျိုးသားစည်းလုံးညီညွတ်မှုပြိုကွဲသွားသည်ကို တွေ့ရသည်။ ထို့ကြောင့်လည်း မွတ်စလင်ဘာ သာဝင်၊ အာရှတောင်ပိုင်းနွယ်ဖွား ဆိုရှယ်လစ်တစ်ဦးက နယူးယောက်မြို့တော်ဝန်ဖြစ်လာခဲ့ခြင်းဖြစ် သည်။ ထို့ကြောင့်လည်း ပြည်တွင်းအင်အားစုအချင်းချင်း မတည့်ကြသည့်အခါ နိုင်လျှင်ပြီးရော၊ အာဏာ ရလျှင် ပြီးရောပုံစံဖြင့် နိုင်ငံရေးချဉ်းကပ်လုပ်ဆောင်လာကြသဖြင့် တိုင်းပြည်အမျိုးသားလုံခြုံရေးနှင့် အမျိုးသားနိုင်ငံရေး အတွင်းစည်းအဖြိုခံခဲ့ရသည်ကို မြန်မာနိုင်ငံအနေဖြင့် သင်ခန်းစာယူသင့်သည်။ တစ်ဖက်တွင်လည်း ချီးကျူးဖွယ်ရာမြင်ရသည်။
ထိုအချက်က အမေရိကန်နိုင်ငံတွင် လက်ရှိအခြေအနေကိုသုံးသပ်ကြည့်လျှင် ပါတီကြီးနှစ်ခုဖြစ် သည့် ရီပါပလစ်ကန်ပါတီအင်အားစုများနှင့် ဒီမိုကရက်ပါတီ အင်အားစုများအကြား အမျိုးသားစည်းလုံး ညီညွတ်မှုပြိုကွဲနေသည့်တိုင် လူထုက ကိုယ်ကြိုက်ရာ၊ ကိုယ်သန်ရာ ပါတီနောက်လိုက်ပြီး နိုင်ငံရေး ပဋိပက္ခမှတစ်ဆင့် လက်နက်ကိုင်ပဋိပက္ခဆီသို့ ကူးပြောင်းမသွားခြင်းပင်ဖြစ်သည်။ ယခုနှစ်တွင် အမေရိ ကန်၌ ကြီးစွာသောဆန္ဒပြမှုများကို မြို့ပေါင်းရာနှင့်ချီ ၍ နှစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ဆန္ဒပြသူများကို လည်း အာဏာပိုင်များက ပြင်းပြင်းထန်ထန်နှိမ်နင်းခဲ့သလို သမ္မတအမိန့်ဖြင့် ကြည်းတပ် မရိန်းတပ်များ ခေါ်သွင်းပြီး နှိမ်နင်းခဲ့သည်။ သို့သော် လေးစားစရာကောင်းသည်က ထိုဆန္ဒပြလူအုပ်စုကြီးသည် ထိုကဲ့ သို့ နှိမ်နင်းရကောင်းလားဆိုပြီး မြန်မာနိုင်ငံမှာလို တော်လှန်ရေးခေါင်းစဉ်အောက်ကနေ လက်နက်ကိုင် ပြီး တော်လှန်ပုန်ကန်မှုမပြုခြင်းပင်ဖြစ်သည်။
ဤအချက်ကို မြန်မာလူထုအနေဖြင့် အတုယူသင့်သည်။ ထို့ကြောင့် အမေရိကန်ဒီမိုကရေစီပြဿ နာများ၏ အားနည်းချက် အားသာချက်များကို ရှာဖွေလေ့လာပြီး မိမိတို့နိုင်ငံအတွက် အကျိုးရှိရှိအသုံးချ နိုင်ပါက နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း အကြံပြုလိုက်ရပါသည်။

Zawgyi Version:
ျမန္မာတို႔ သင္ခန္းစာယူသင့္သည့္ အေမရိကန္ဒီမိုကေရစီျပႆနာ
ေအာင္ႏိုင္သူ (ဇြဲကပင္) (NP News) - ႏိုဝင္ဘာ ၁၈
အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ေတာ္ဝန္ေ႐ြးေကာက္ပြဲတြင္ အသက္ (၃၄)ႏွစ္သာရွိေသးသည့္ ဇိုရန္မမ္ဒါနီက ႏိုဝင္ဘာ (၄) ရက္ကအႏိုင္ရရွိၿပီး ၿမိဳ႕ ေတာ္ဝန္ရာထူးကို ေ႐ြးခ်ယ္ခံခဲ့ရသည္။
အေမရိကန္သမၼတ ထရမ့္က နယူးေယာက္ၿမိဳ႕ ေတာ္ဝန္ေနရာကို မမ္ဒါနီကိုမရေစခ်င္ေၾကာင္း အတိ အလင္း သေဘာထားထုတ္ျပန္ေျပာဆိုထားေသာ္လည္း မတားဆီးႏိုင္ခဲ့ေပ။ မမ္ဒါနီသည္ နယူး ေယာက္ ၿမိဳ႕ေတာ္ဝန္အျဖစ္ေ႐ြးေကာက္ခံရသည့္ ပထမဆုံး အာရွေတာင္ပိုင္းအႏြယ္ မြတ္စလင္ တစ္ ေယာက္လည္းျဖစ္သည္။ သူသည္ အိႏၵိယအႏြယ္မိဘမ်ားက ယူဂႏၶာ၌ေမြးဖြားခဲ့ၿပီးေနာက္ အေမရိကန္ ႏိုင္ငံသား ျဖစ္လာခဲ့သူျဖစ္သည္။ ထူးျခားမႈက မမ္ဒါနီသည္ လက္ဝဲယိမ္း ဆိုရွယ္လစ္ အေတြးအေခၚရွိသူ တစ္ေယာက္အျဖစ္လူသိမ်ားသည္။ ၎ကိုယ္တိုင္လည္း သူသည္ ဒီမိုကေရစီ ဆိုရွယ္လစ္သမားျဖစ္ သည္ဟု ထုတ္ေဖာ္ေႂကြးေၾကာ္ထားသည္။ နယူးေယာက္ၿမိဳ႕တြင္ အရင္းရွင္ ဘီလ်ံနာလုပ္ငန္းရွင္ႀကီးမ်ား၊ သူေဌးႀကီးမ်ားက မမ္ဒါနီ နယူးေယာက္ၿမိဳ႕ေတာ္ဝန္ရာထူး မရရွိေစေရးအတြက္ႀကိဳးစားခဲ့ၾကေသာ္လည္း မေအာင္ျမင္ခဲ့သျဖင့္ ဘီလ်ံနာသူေဌးအမ်ားစုက နယူးေယာက္ၿမိဳ႕မွထြက္ခြာရန္ စိုင္းျပင္းေနၾကၿပီ ျဖစ္ သည္။
ျဖစ္႐ိုးျဖစ္စဥ္မဟုတ္သည့္ ၿမိဳ႕ေတာ္ဝန္ေ႐ြးေကာက္ပြဲရလဒ္ေၾကာင့္ ယခုသတင္းပတ္တြင္ ဤသ တင္းက တစ္ကမာၻလုံး၏အာ႐ုံကို ဖမ္းစားႏိုင္ခဲ့သည္။ အံဩစရာေကာင္းသည့္ရလဒ္ႏွင့္အတူ နယူး ေယာက္ၿမိဳ႕ေတာ္ဝန္ ဇိုရန္မန္ဒါနီ၏ ေအာင္ျမင္မႈေႂကြးေၾကာ္သံမ်ားကိုလည္းၾကည့္လိုက္ရသည္။ အလြန္ အမင္း ယုံၾကည္မႈလြန္ကဲေနၿပီး သူ႔ကိုယ္သူလည္း စၾကဝေတးမင္းဟုပင္ ထင္မွတ္ေနပုံရသည္ကို ေတြ႕ လိုက္ရသည္။ သမၼတထရမ့္ကိုေတာင္ “အေမရိကန္ကိုသစၥာေဖာက္တဲ့ ထရမ့္၊ အေမရိကန္ကိုလွည့္ျဖား ၿပီးအျမတ္ထုတ္တဲ့ထရမ့္” စသျဖင့္ ထုတ္ေျပာလာသည္။ ဇိုရန္မမ္ဒါနီအေၾကာင္းကို ျပန္ဆန္းစစ္သည့္ အခါေတာ္ေတာ္ေလး စိတ္ဝင္စားစရာေကာင္းလွသည္။ အထူးသျဖင့္ ဒီမိုကရက္ပါတီဝင္တစ္ဦးျဖစ္သည့္ မမ္ဒါနီ အေရးသည္ အေမရိကန္ဒီမိုကေရစီအေပၚ မ်ားစြာေမးခြန္းထုတ္စရာျဖစ္ရသည္။
မမ္ဒါနီက ဆိုရွယ္လစ္ဇင္(Socialism) တစ္ေယာက္ျဖစ္၍ ကြန္ျမဴနစ္အယူရွိသူဟုဆိုရမည္ျဖစ္ သည္။ ႐ုရွား၊ တ႐ုတ္၊ ေျမာက္ကိုးရီယားတို႔ကို ကြန္ျမဴ နစ္အာဏာရွင္ႏိုင္ငံဆိုၿပီး တစ္ခ်ိန္လုံး ၿဖိဳခ်ရန္ လုပ္ေနသည့္အေမရိကန္သည္ ယခုအခါတြင္ ၎တို႔ကိုယ္တိုင္အတြင္းစည္းက စၿဖိဳခံလိုက္ရသည္ဟု ျမင္မိသည္။ မမ္ဒါနီသည္ ဒီမိုကရက္တစ္ဦးျဖစ္သည္ႏွင့္ အညီ ဒီမိုကရက္တို႔၏ထုံးစံအတိုင္း လူပိန္း ႀကိဳက္ စကားမ်ားျဖင့္မဲဆြယ္ခဲ့သည္။ သူေျပာခဲ့သည့္မဲဆြယ္ စကားမ်ားတြင္ အခြန္တိုး၍ေကာက္မည္၊ အခမဲ့အစား အေသာက္မ်ားေဝေပးမည္ဟု မဲဆြယ္ထားသည့္အျပင္ ခိုးဝင္မ်ားကိုလက္ခံမည္ဟုပင္ မဲဆြယ္ထားေသးသည္။
ထို႔ေၾကာင့္ သူအႏိုင္ရသြားေသာ္လည္း တာဝန္ မယူရေသးခင္ နယူးေယာက္ကသူေဌးမ်ား သိန္းခ်ီ ေျပာင္းေ႐ႊ႕ရန္လုပ္ေနၾကၿပီျဖစ္သည္။ အမွန္စင္စစ္ မမ္ဒါနီသည္ ၿမိဳ႕ေတာ္ဝန္အဆင့္သာျဖစ္၍ အခြန္တိုးေကာက္၍မရသလို လုပ္ပိုင္ခြင့္မရွိေပ။ သို႔ေသာ္ ဒီမိုကရက္မ်ားသည္ သမၼတထရမ့္ႏွင့္ ရီပါ ပလစ္ကန္မ်ားကို မႀကိဳက္၍ အ႐ြဲ႕တိုက္လိုစိတ္ျဖင့္ ေျပာခ်င္ရာေျပာၿပီး မဲဆြယ္ခဲ့ျခင္းသာျဖစ္သည္။
တစ္ဖက္မွာလည္း စဥ္းစားစရာေကာင္းသည္မွာ နယူးေယာက္ျပည္သူမ်ားက ရီပါပလစ္ကန္ မဟုတ္လွ်င္ၿပီးေရာဆိုၿပီး ထရမ့္ႏွင့္ ရီပါပလီကန္ပါတီကိုဆန႔္က်င္ၿပီးမဲေပးလိုက္ၾကသလား၊ ကြန္ျမဴနစ္ အယူျဖစ္သည့္ အလုပ္သမားလူတန္းစားကိုအေျခခံၿပီး သူေဌးမ်ားကိုဆန႔္က်င္ရမည္ဆိုသည့္အယူအဆ ကိုလက္ခံ၍ မဲေပးလိုက္သလားဆိုသည္ကိုေတာ့ မဲေပးခဲ့သူမ်ားမွအပ မည္သူမွ်သိႏိုင္မည္မဟုတ္ပါ။ ဆိုရွယ္လစ္ အယူဝါဒကိုလက္ကိုင္ထားသည့္ မြတ္စလင္တစ္ေယာက္ နယူးေယာက္ၿမိဳ႕ေတာ္ဝန္ျဖစ္လာ ျခင္းႏွင့္ပတ္သက္၍ ေစ့ေစ့ေတြးၾကည့္လွ်င္ ေက်ာခ်မ္းစရာေကာင္းပါသည္။ မြတ္စလင္လူမ်ိဳးက ၾကာ ေလမ်ားေလျဖစ္သျဖင့္ ဒီမိုကေရစီစနစ္အရ လူမ်ားသူက မဲမ်ားမ်ားေပးႏိုင္ျခင္းေၾကာင့္ မမ္ဒါနီသည္ နယူးေယာက္တြင္ သက္ေတာ္ရွည္ၿမိဳ႕ေတာ္ဝန္လည္း ျဖစ္လာႏိုင္သည္။
မည္သို႔ပင္ဆိုေစကာမူ မမ္ဒါနီ ၿမိဳ႕ေတာ္ဝန္ျဖစ္လာျခင္းသည္ အေမရိကန္ႏိုင္ငံအတြက္ေတာ့ တုန္လႈပ္ဖြယ္ရာျဖစ္ရသည္။ မမ္ဒါနီက အေမရိကန္၏ နတ္ေနကိုင္း အစၥေရးဂ်ဴးမ်ားအေပၚကိုပင္ အလြတ္မေပးဘဲ တိုက္ခိုက္သည့္စကားလုံးမ်ားျဖင့္ စကားစစ္ ထိုးလာပါသည္။ မမ္ဒါနီက နယူးေယာက္ ကို အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုေျခခ်သည္ႏွင့္ ဖမ္းမည္ဟုလည္း ထုတ္ေျပာထားသလို သမၼတ ထရမ့္ကိုပါ အေမရိကန္ကိုသစၥာေဖာက္သူဟု ထုတ္ေျပာထားသည္။ ထို႔ေၾကာင့္ အေမရိကန္ ႏိုင္ငံ ေရး၊ အေမရိကန္ ဒီမိုကေရစီသည္ သဘာဝလြန္ ဒီမိုကေရစီအျဖစ္ စိန္ေခၚမႈမ်ားႏွင့္ရင္ဆိုင္ေနရသည္။
ထိုကဲ့သို႔ အေမရိကန္သမၼတကိုပင္ ေျပာင္ေျပာင္ တင္းတင္းစိန္ေခၚၿပီး ျပင္းထန္သည့္ စကားလုံး မ်ားျဖင့္ တိုက္ခိုက္ေနေသာ အေမရိကန္ဒီမိုကေရစီကို အေမ ရိကန္ဖြဲ႕စည္းအေျခခံဥပေဒက သမၼတကို ေစာ္ကားခြင့္ေပးထားသည္လားဆိုၿပီးလည္း စဥ္းစားစရာျဖစ္မိသည္။ အမွန္စင္စစ္ အေမရိကန္သည္ ကမာၻ႔အင္အား အႀကီးဆုံးႏိုင္ငံျဖစ္သည္ႏွင့္အညီ အေမရိကန္သမၼတ ကိုလည္း တစ္ကမာၻလုံးက ေလးစား ခန႔္ညားၾကရပါသည္။
သို႔ေသာ္ ယခုအခါတြင္ သူတို႔ၿမိဳ႕ေတာ္ဝန္ကပဲ ေစာ္ကားျပလိုက္တာမို႔ အေမရိကန္ ပုံရိပ္ထိခိုက္ တာေတာ့ အမွန္ပင္ျဖစ္သည္။ မမ္ဒါနီ၏ သမၼတအေပၚ ေစာ္ကားတုံ႔ျပန္မႈႏွင့္ပတ္သက္၍ အခ်ိဳ႕ကလည္း အေမရိကန္ဒီမိုကေရစီသည္ လြတ္လပ္စြာေျပာဆိုေရးသားခြင့္ကို ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္ ထည့္ သြင္းေရးဆြဲထားေသာေၾကာင့္ျဖစ္သည္ဟုဆိုသည္။ သို႔ေသာ္ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆို ေရးသား ခြင့္ႏွင့္ ပတ္သက္၍ ျမန္မာႏိုင္ငံတြင္လည္း (၂၀ဝ၈) ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ (၃၅၄)(က)တြင္ ျပ႒ာန္းထားသည့္တိုင္ ႏိုင္ငံ့အႀကီးအကဲကိုေတာ့ လက္ေအာက္က ယခုလိုေစာ္ကားခြင့္မရွိေပ။
သားကအေဖကိုေစာ္ကားသလိုျဖစ္ေနသည့္ အေမရိကန္ဒီမိုကေရစီေၾကာင့္ အခ်ိဳ႕ႏိုင္ငံမ်ားတြင္ ကိုယ့္ႏိုင္ငံ ကိုယ့္ယဥ္ေက်းမႈႏွင့္ကိုက္ညီသည့္ ဒီမိုက ေရစီစနစ္က်င့္သုံးၾကျခင္းျဖစ္ပါလိမ့္မည္။ ဥပမာ ျမန္မာႏိုင္ငံတြင္ ႏိုင္ငံေတာ္သည္ စစ္မွန္စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမိုကေရစီစနစ္က်င့္သုံးသည္ဟု (၂၀ဝ၈)ခုႏွစ္ဖြဲ႕စည္းပုံအေျခခံတြင္ ထည့္သြင္းျပ႒ာန္းထားသည္ေတြ႕ရသည္။ စာေရးသူ မွတ္မိပါေသး သည္။ (၂၀ဝ၈) ခုႏွစ္က အိုဘားမား ပထမသက္တမ္းသမၼတ အေ႐ြးခံေတာ့ လူငယ္ေတြဆီကမဲရရန္ အတြက္ သူသမၼတျဖစ္လွ်င္ ကိုယ္ဝန္ဖ်က္ခ်ခြင့္ကို တရားဝင္ ခြင့္ျပဳႏိုင္ေရး လက္မွတ္ထိုးေပးမည္ဟု ဆိုကာ မဲဆြယ္စည္း႐ုံးခဲ့သည္။ အိုဘားမားသည္ ဒီမိုကရက္ပါတီ၏ သမၼတေလာင္းျဖစ္သည္။ တစ္ဖက္ သူ႔ၿပိဳင္ဘက္ကမူ သမၼတေလာင္း ဂြၽန္မက္ကိန္းႏွင့္ အမ်ိဳးသမီး ဒုသမၼတေလာင္း ဆာရာပင္လင္တို႔ ျဖစ္ ၿပီး သူတို႔က ဤလုပ္ရပ္မွာ ခရစ္ယာန္ဘာသာအရ လက္ခံ၍မရသျဖင့္ သူတို႔က လက္မခံေၾကာင္း ေျပာ ၍မဲဆြယ္ခဲ့သည္။
ဤမွ်မကေသးဘဲ ဒုသမၼတေလာင္း ဆာရာပင္လင္က သူတို႔ကတိတည္ေၾကာင္း သက္ေသျပ သည့္အေနျဖင့္ သူ႔သမီးကို မည္သူႏွင့္ရထားမွန္းမသိသည့္ ကိုယ္ဝန္ေဆာင္ထားရသည္ကို ဖ်က္ခ်ခြင့္ မေပးဘဲ ေမြးေစခဲ့သည္။ သို႔ေသာ္ ေ႐ြးေကာက္ပြဲရလဒ္ထြက္လာသည့္အခါ ကိုယ္ဝန္ဖ်က္ခ်ခြင့္ျပဳမည္ဆို သည့္ အိုဘားမားတို႔အုပ္စုကအႏိုင္ရသြားၿပီး ကတိအတိုင္း အဆိုပါဥပေဒကို လက္မွတ္ထိုးေပးလိုက္ရ သည္။
ယခုလည္း ၿမိဳ႕ေတာ္ဝန္အသစ္က သမၼတကို စိန္ေခၚေစာ္ကားေနမႈကို မည္သို႔မွ် လုပ္မရ ကိုင္မရ ျဖစ္ေနသည္ကိုၾကည့္လွ်င္ အေမရိကန္ဒီမိုကေရစီ၏လြတ္လပ္မႈက အလြန္အႏၲရာယ္မ်ားသည္ဟု စဥ္း စားစရာျဖစ္မိသည္။ အေကာင္းဆုံးကေတာ့ ကိုယ့္ႏိုင္ငံ ကိုယ့္လူမ်ိဳး ကိုယ့္ယဥ္ေက်းမႈႏွင့္ကိုက္ညီသည့္ ဒီမိုကေရစနစ္ကသာ အေကာင္းဆုံးျဖစ္လိမ့္မည္ဟု ယူဆမိပါသည္။
အေမရိကန္ႏိုင္ငံႏွင့္ အေနာက္ႏိုင္ငံမ်ားတြင္ ျဖစ္ေပၚေနေသာ ခိုးဝင္၊ ေ႐ႊေျပာင္းႏွင့္ မြတ္စလင္ ဘာသာဝင္ လူဦးေရ တိုးပြားလာမႈျပႆနာမ်ားေၾကာင့္ ဒီမိုကေရစီစနစ္၏အားနည္းခ်က္မ်ားစြာကိုလည္း ေတြ႕လာရပါသည္။ အဂၤလန္ႏိုင္ငံတြင္ မြတ္စလင္ဘာသာဝင္အမ်ားအျပား ၿမိဳ႕ေတာ္ဝန္ျဖစ္လာၿပီး မြတ္ စလင္ဘာသာဝင္တို႔ လမ္းေပၚတက္ဝတ္ျပဳသည္ကို ထိန္းရခက္လာသည္ကိုၾကည့္ေနရင္းက အေမရိ ကန္၏အႀကီးဆုံးၿမိဳ႕ နယူးေယာက္မွာ ဒီမိုကရက္ဆိုရွယ္လစ္ မြတ္စလင္ ၿမိဳ႕ေတာ္ဝန္တစ္ေယာက္ ျဖစ္ လာသည္မွာ လုံးဝေျပာင္းလဲမႈ (Totally changed) တစ္ခုျဖစ္ၿပီး စိတ္ဝင္တစားေစာင့္ၾကည့္ရမည့္ကိစၥ တခုျဖစ္လာသည္ကလည္း ျငင္းမရပါ။ အေမရိကန္၊ အဂၤလန္ႏွင့္အပါအဝင္ ဥေရာပႏိုင္ငံမ်ားသည္ ယခု အခါ လူ႔အခြင့္အေရးႏွင့္ လစ္ဘရယ္ဒီမိုကေရစီ၏အားနည္းခ်က္ကိုအခြင့္ေကာင္းယူကာ ေနရာယူလာ ၾကသည့္ မြတ္စလင္မ်ားေၾကာင့္ လစ္ဘရယ္ ဒီမိုကေရစီစနစ္ကို ျပန္လည္ဆန္းစစ္သင့္ၿပီဟု ျမင္မိသည္။
အေနာက္ႏိုင္ငံမ်ားက ျမန္မာႏိုင္ငံကို ဘဂၤါလီ အမ်ားအျပားလက္ခံရမည္ဟုဖိအားေပးေနသည့္ အခ်ိန္တြင္ ၎တို႔ႏိုင္ငံထဲ အမ်ားႀကီးေရာက္ေနၿပီးျဖစ္သည္။ အက်ိဳးဆက္အေနျဖင့္လည္း အတြင္းစည္း ကစၿပိဳ၍ နယူးေယာက္ၿမိဳ႕ေတာ္ဝန္လို အေရးပါသည့္ ရာထူးမ်ားကို မူလဌာေနႏိုင္ငံသားမ်ားက ဖယ္ေပး ေနရသည္ကို ျမန္မာႏိုင္ငံအျပင္ အျခားႏိုင္ငံမ်ားကပါ သင္ခန္းစာယူသင့္ပါသည္။
အေမရိကန္ႏွင့္ ဥေရာပတြင္ရင္ဆိုင္ေနရသည့္ျပႆနာသည္ လူမ်ား၊ မဲမ်ားလွ်င္ အႏိုင္ရမည္ဟူ ေသာ ဒီမိုကေရစီစနစ္၏အားနည္းခ်က္မ်ားကို ထင္ထင္ရွား ရွားေတြ႕ျမင္လာရပါသည္။ အေမရိကန္လို ႏိုင္ငံစုံက လူမ်ားႏွင့္ဖြဲ႕စည္းထားသည့္ႏိုင္ငံတစ္ခုအေနျဖင့္ လူမ်ားရာ အႏိုင္ရသည္ဆိုသည့္ ဒီမိုကေရစီ က ျပႆနာ မျဖစ္ေသာ္လည္း ကိုယ္ပိုင္ယဥ္ေက်းမႈရွိသည့္ အျခားကမာၻ႔ႏိုင္ငံမ်ားအတြက္ အျခားဘာသာ မ်ားအတြက္ေတာ့ ဒီမိုကေရစီ၏အားနည္းခ်က္ႏွင့္အတူ ႀကီးစြာေသာ စိန္ေခၚမႈတစ္ရပ္ျဖစ္လာႏိုင္သည္ ဟု သုံးသပ္ မိပါသည္။
ျမန္မာႏိုင္ငံကဲ့သို႔ လူမ်ိဳးစုံ၊ ယဥ္ေက်းမႈစုံရွိသည့္ ေရာင္စုံပန္းဥယ်ာဥ္ႀကီးႏွင့္တူသည့္ႏိုင္ငံတြင္ ေတြးေခၚစဥ္းစားဉာဏ္နည္းသည့္ Generation မ်ားေၾကာင့္ အေမရိကန္လို ဒီမိုကေရစီစနစ္မ်ိဳးက်င့္သုံးမိ ပါက အလြန္အႏၲရာယ္ႀကီးလွသည္။ အမ်ိဳးသားေရး အသိ၊ အမ်ိဳးသားေရးသတိႏွင့္ယွဥ္ၿပီး မက်င့္သုံးမိပါ က ကိုယ္ပိုင္ယဥ္ေက်းမႈ၊ ဘာသာ၊ သာသနာတို႔ေပ်ာက္ၿပီး ေခါင္းၿမီးၿခဳံေနရမည့္ဘဝကို ေရာက္သြားႏိုင္ သည္။
ထို႔ေၾကာင့္ သတိထားရန္လိုပါသည္။ လက္ရွိအခ်ိန္တြင္ ျမန္မာႏိုင္ငံသည္ အလြန္ရႈပ္ေထြးေနပါ သည္။ စာမဖတ္ဘဲ ဂိုဏ္းကစားသည့္လူငယ္မ်ား၊ ကိုယ္ဘာလုပ္ေနမွန္းမသိသည့္လူငယ္မ်ား အလြန္ မ်ားျပားေနသည္။ ဤသည္ကိုအခြင့္ယူၿပီး ရခိုင္ေဒသဘက္တြင္ လႈပ္ရွားမႈအမ်ားအျပားျဖစ္လာေနသည္။ အာဏာရေရးကလြဲၿပီး ဘာျဖစ္ျဖစ္ဆိုသည့္ ျပည္ပေရာက္အဖြဲ႕မ်ားကလည္း ရခိုင္ေဒသက ဘဂၤါလီမ်ား ႏွင့္ေပါင္းေနသည္။ တစ္ဖန္ ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡက ဌာေနတိုင္းရင္းသားမ်ားအခ်င္းခ်င္းျဖစ္ ၾကရသျဖင့္ ကိုယ့္တိုင္းျပည္လူဦးေရကို ကိုယ္တိုင္ေလွ်ာ့ခ်ေနသကဲ့သို႔ျဖစ္ေနသည္။ ထို႔ေၾကာင့္ အေမရိ ကန္ နယူးေယာက္စ္ၿမိဳ႕ေတာ္ဝန္အေရးကိုယွဥ္ေတြးၿပီး ကိုယ့္တိုင္းျပည္အေရးကို အျမန္ဆုံးျပင္ဆင္သြား ၾကရန္လိုသည္။
အခ်ဳပ္ဆိုရလွ်င္ အေမရိကန္ႏွင့္ အေနာက္ႏိုင္ငံမ်ား၏အေရးႏွင့္ယွဥ္ၿပီး ျမန္မာ့အေရးတြင္ စဥ္း စားစရာမ်ား၊ သင္ခန္းစာယူစရာမ်ားႏွင့္သတိျပဳစရာ မ်ားစြာရွိသည္။ အေမရိကန္တြင္ ထရမ့္အာဏာ ရရွိ မႈႏွင့္ ဒီမိုကရက္မ်ားအေပၚ ႏွိပ္ကြပ္လာမႈအေပၚ မေက်နပ္ၾကသည့္ဒီမိုကရက္မ်ားက ထရမ့္ကိုဆန႔္က်င္ လွ်င္ၿပီး ေရာဆိုသည့္ပုံစံျဖင့္ ႏိုင္ငံေရးခ်ဥ္းကပ္လာၾကသည္။
တစ္နည္းဆိုရေသာ္ အေမရိကန္တြင္ ဒီမိုကရက္ အင္အားစုႏွင့္ ရီပါပလစ္ကန္အင္အားစုမ်ား အၾကား အမ်ိဳးသားစည္းလုံးညီၫြတ္မႈၿပိဳကြဲသြားသည္ကို ေတြ႕ရသည္။ ထို႔ေၾကာင့္လည္း မြတ္စလင္ဘာ သာဝင္၊ အာရွေတာင္ပိုင္းႏြယ္ဖြား ဆိုရွယ္လစ္တစ္ဦးက နယူးေယာက္ၿမိဳ႕ေတာ္ဝန္ျဖစ္လာခဲ့ျခင္းျဖစ္ သည္။ ထို႔ေၾကာင့္လည္း ျပည္တြင္းအင္အားစုအခ်င္းခ်င္း မတည့္ၾကသည့္အခါ ႏိုင္လွ်င္ၿပီးေရာ၊ အာဏာ ရလွ်င္ ၿပီးေရာပုံစံျဖင့္ ႏိုင္ငံေရးခ်ဥ္းကပ္လုပ္ေဆာင္လာၾကသျဖင့္ တိုင္းျပည္အမ်ိဳးသားလုံၿခဳံေရးႏွင့္ အမ်ိဳးသားႏိုင္ငံေရး အတြင္းစည္းအၿဖိဳခံခဲ့ရသည္ကို ျမန္မာႏိုင္ငံအေနျဖင့္ သင္ခန္းစာယူသင့္သည္။ တစ္ဖက္တြင္လည္း ခ်ီးက်ဴးဖြယ္ရာျမင္ရသည္။
ထိုအခ်က္က အေမရိကန္ႏိုင္ငံတြင္ လက္ရွိအေျခအေနကိုသုံးသပ္ၾကည့္လွ်င္ ပါတီႀကီးႏွစ္ခုျဖစ္ သည့္ ရီပါပလစ္ကန္ပါတီအင္အားစုမ်ားႏွင့္ ဒီမိုကရက္ပါတီ အင္အားစုမ်ားအၾကား အမ်ိဳးသားစည္းလုံး ညီၫြတ္မႈၿပိဳကြဲေနသည့္တိုင္ လူထုက ကိုယ္ႀကိဳက္ရာ၊ ကိုယ္သန္ရာ ပါတီေနာက္လိုက္ၿပီး ႏိုင္ငံေရး ပဋိပကၡမွတစ္ဆင့္ လက္နက္ကိုင္ပဋိပကၡဆီသို႔ ကူးေျပာင္းမသြားျခင္းပင္ျဖစ္သည္။ ယခုႏွစ္တြင္ အေမရိ ကန္၌ ႀကီးစြာေသာဆႏၵျပမႈမ်ားကို ၿမိဳ႕ေပါင္းရာႏွင့္ခ်ီ ၍ ႏွစ္ႀကိမ္ျပဳလုပ္ခဲ့ၿပီးျဖစ္သည္။ ဆႏၵျပသူမ်ားကို လည္း အာဏာပိုင္မ်ားက ျပင္းျပင္းထန္ထန္ႏွိမ္နင္းခဲ့သလို သမၼတအမိန႔္ျဖင့္ ၾကည္းတပ္ မရိန္းတပ္မ်ား ေခၚသြင္းၿပီး ႏွိမ္နင္းခဲ့သည္။ သို႔ေသာ္ ေလးစားစရာေကာင္းသည္က ထိုဆႏၵျပလူအုပ္စုႀကီးသည္ ထိုကဲ့ သို႔ ႏွိမ္နင္းရေကာင္းလားဆိုၿပီး ျမန္မာႏိုင္ငံမွာလို ေတာ္လွန္ေရးေခါင္းစဥ္ေအာက္ကေန လက္နက္ကိုင္ ၿပီး ေတာ္လွန္ပုန္ကန္မႈမျပဳျခင္းပင္ျဖစ္သည္။
ဤအခ်က္ကို ျမန္မာလူထုအေနျဖင့္ အတုယူသင့္သည္။ ထို႔ေၾကာင့္ အေမရိကန္ဒီမိုကေရစီျပႆ နာမ်ား၏ အားနည္းခ်က္ အားသာခ်က္မ်ားကို ရွာေဖြေလ့လာၿပီး မိမိတို႔ႏိုင္ငံအတြက္ အက်ိဳးရွိရွိအသုံးခ် ႏိုင္ပါက ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးကို အေထာက္အကူျပဳမည္ျဖစ္ေၾကာင္း အႀကံျပဳလိုက္ရပါသည္။

Picture

Thine Khine Oo

18/11/2025 22:43

အစ်စလမ်မိုက်ဇေးရှင်းကဒီမိုကရေစီအရေခြုံတွေရဲ့နောက်မှာပါ သိပ်ကြောက်စရာကောင်းတယ်

Related news

© 2021. All rights reserved.