လေကြောင်းရန်ကာကွယ်ရေးနဲ့စစ်လေယာဉ်တွေသဘောတူညီချက်ကို ပြင်သစ်နဲ့လက်မှတ်ရေးထိုးနိုင်ဖို့ ယူကရိန်းသမ္မတ မျှော်လင့်နေ

 53

Pika (NP News) - နိုဝင်ဘာ ၁၈

လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်တွေ၊စစ်လေယာဉ်တွေနဲ့ ဒုံးကျည်တွေ ထောက်ပံ့ရေးအတွက် ပြင်သစ်နိုင်ငံနဲ့ သဘောတူစာချုပ်တွေ ချုပ်ဆိုနိုင်ဖို့ ယူကရိန်းသမ္မတဇီလန်စကီးက မျှော်လင့်ထားတယ်လို့လည်း သိရပါတယ်။ ရုရှားရဲ့ဆက်လက်ကျူးကျော်တိုက်ခိုက်မှုတွေကို တိုက်ဖျက်ဖို့အတွက် ယူကရိန်းစစ်တပ်ရဲ့ရေရှည် စွမ်းဆောင်ရည် တွေကိုမြှင့်တင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ ယခုလိုသဘောတူစာချုပ်တွေ ချုပ်ဆိုနိုင်ဖို့ ဇီလန်စကီးက မျှော်လင့်ထားမှု တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ယူကရိန်းကို ရုရှားရဲ့ဒုံးကျည်နဲ့တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့သလို အရှေ့ တောင်ပိုင်းဇာပိုရီုဇီရာဒေသမှာ ရုရှားရဲ့မြေပြင်ထိုးစစ်ဆင်မှုတွေ သိသိသာသာမြင့်တက်လာခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာချိန်မှာပဲ ဇီလန်စကီးဟာ ပြင်သစ်သမ္မတမက်ခရွန်နဲ့ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ပဲရစ်မြို့ကို ရောက်ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။
ဇီလန်စကီးက “ပြင်သစ်နဲ့သမိုင်းဝင်သဘောတူညီချက်တစ်ခုကိုလည်း ပြင်ဆင်ပြီးပါပြီ။ ဒီသဘောတူညီချက်က ကျွန်တော်တို့ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ လေကြောင်းကာကွယ်ရေး နဲ့ အခြားကာကွယ်ရေးစွမ်းရည်တွေကို သိသိသာသာ အားကောင်းလာစေပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမှာ နိုင်ငံရေးနဲ့ဘတ်ဂျက်မတည်ငြိမ်မှုတွေရှိနေပေမယ့်လည်း ပြင်သစ်အစိုးရဟာ ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေးအတွက် စစ်ရေးပံ့ပိုးမှုတွေ ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာကို ဆက်လက် စောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်။

Zawgyi Version:
ေလေၾကာင္းရန္ကာကြယ္ေရးနဲ႔စစ္ေလယာဥ္ေတြသေဘာတူညီခ်က္ကို ျပင္သစ္နဲ႔လက္မွတ္ေရးထိုးႏိုင္ဖို႔ ယူကရိန္း သမၼတ ေမွ်ာ္လင့္ေန
Pika (NP News) - ႏိုဝင္ဘာ ၁၈
ေလေၾကာင္းရန္ကာကြယ္ေရးစြမ္းရည္ေတြ၊စစ္ေလယာဥ္ေတြနဲ႔ ဒုံးက်ည္ေတြ ေထာက္ပံ့ေရးအတြက္ ျပင္သစ္ႏိုင္ငံနဲ႔ သေဘာတူစာခ်ဳပ္ေတြ ခ်ဳပ္ဆိုႏိုင္ဖို႔ ယူကရိန္းသမၼတဇီလန္စကီးက ေမွ်ာ္လင့္ထားတယ္လို႔လည္း သိရပါတယ္။ ႐ုရွားရဲ႕ဆက္လက္က်ဴးေက်ာ္တိုက္ခိုက္မႈေတြကို တိုက္ဖ်က္ဖို႔အတြက္ ယူကရိန္းစစ္တပ္ရဲ႕ေရရွည္ စြမ္းေဆာင္ရည္ ေတြကိုျမႇင့္တင္ဖို႔ ႀကိဳးပမ္းေနခ်ိန္မွာပဲ ယခုလိုသေဘာတူစာခ်ဳပ္ေတြ ခ်ဳပ္ဆိုႏိုင္ဖို႔ ဇီလန္စကီးက ေမွ်ာ္လင့္ထားမႈ ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း ယူကရိန္းကို ႐ုရွားရဲ႕ဒုံးက်ည္နဲ႔တိုက္ခိုက္မႈေတြ ျမင့္တက္လာခဲ့သလို အေရွ႕ ေတာင္ပိုင္းဇာပို႐ီုဇီရာေဒသမွာ ႐ုရွားရဲ႕ေျမျပင္ထိုးစစ္ဆင္မႈေတြ သိသိသာသာျမင့္တက္လာခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚလာခ်ိန္မွာပဲ ဇီလန္စကီးဟာ ျပင္သစ္သမၼတမက္ခ႐ြန္နဲ႔ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ပဲရစ္ၿမိဳ႕ကို ေရာက္ရွိေနၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။
ဇီလန္စကီးက “ျပင္သစ္နဲ႔သမိုင္းဝင္သေဘာတူညီခ်က္တစ္ခုကိုလည္း ျပင္ဆင္ၿပီးပါၿပီ။ ဒီသေဘာတူညီခ်က္က ကြၽန္ေတာ္တို႔ရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေတြ၊ ေလေၾကာင္းကာကြယ္ေရး နဲ႔ အျခားကာကြယ္ေရးစြမ္းရည္ေတြကို သိသိသာသာ အားေကာင္းလာေစပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
ျပင္သစ္ႏိုင္ငံမွာ ႏိုင္ငံေရးနဲ႔ဘတ္ဂ်က္မတည္ၿငိမ္မႈေတြရွိေနေပမယ့္လည္း ျပင္သစ္အစိုးရဟာ ယူကရိန္းရဲ႕ ေလေၾကာင္းကာကြယ္ေရးအတြက္ စစ္ေရးပံ့ပိုးမႈေတြ ဘယ္လိုလုပ္ေဆာင္သြားမလဲဆိုတာကို ဆက္လက္ ေစာင့္ၾကည့္သြားရမွာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.