ပိတ်ဆို့အရေးယူတတ်သူများကို BRICS တွင် ပါဝင်ခွင့် မပေးကြောင်း ရုရှားကြေညာ

 829

Pika (NP News) - အောက်တိုဘာ ၇

BRICS အဖွဲ့ဝင်နိုင်ငံများအပေါ် ပိတ်ဆို့အရေး ယူမှုများ ချမှတ်ထားသည့်နိုင်ငံများသည် အစုအဖွဲ့အတွင်း ပါဝင်နိုင်မည်မဟုတ်ကြောင်း ရုရှားနိုင်ငံခြား ရေးဒုဝန်ကြီး ဆာဂေးရိုက်ယက်ကော့ဗ်က အောက်တို ဘာလ(၃)ရက်တွင် ပြောဆိုခဲ့ပြီး BRICS အဖွဲ့တွင် ပါဝင်နိုင်မည့် အခြေအနေများထဲမှတစ်ခုကို ဖော်ပြခဲ့ကြောင်းသိရသည်။

ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သော BRICS အဖွဲ့သည် အဖွဲ့ဝင်နိုင်ငံ(၉)နိုင်ငံအထိ တိုးချဲ့ထားပြီး ယခုလနှောင်းပိုင်းတွင် ရုရှားနိုင်ငံ ကာဇန်မြို့တွင်ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် နောက်ထပ် တိုးချဲ့မှုများလုပ်ဆောင်ရန်အတွက် ဆွေးနွေးမှုများလုပ်ဆောင်ရန် မျှော်မှန်းထားကြကြောင်းသိရသည်။ ဆာဂေးရိုက် ယက်ကော့ဗ်က ‘BRICS အဖွဲ့မှာပါဝင်မယ့် နိုင်ငံတွေဟာ အချုပ်အခြာအာဏာပိုင်မူဝါဒကို လိုက်နာဖို့ လိုအပ်ပြီး နိုင်ငံ တကာနဲ့ဒေသတွင်းရေးရာတွေမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ဖို့၊ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တွေ တည်ဆောက်ဖို့နဲ့ အဖွဲ့ဝင်နိုင်ငံတွေအပေါ်ချမှတ်ထားတဲ့ တရားမဝင် ပိတ်ဆို့အရေးယူမှုတွေမှာ မပါဝင်ဖို့လိုအပ်ပါ တယ်’ ဟုပြောသည်။

BRICS အဖွဲ့တွင်ပါဝင်နိုင်မည့် အခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းခဲ့သည့် သတင်းထောက်များ၏ မေးခွန်းများကို ဆာဂေးရိုက်ယက် ကော့ဗ်က ယခုကဲ့သို့တုံ့ပြန်ဖြေကြားခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ထို့ပြင် ယူကရိန်း အရေးနှင့်ပတ်သက်ပြီး ရုရှားအပေါ် အမေရိကန်နှင့် ၎င်း၏မိတ်ဖက်နိုင်ငံများက ချမှတ်ထားသော ပိတ်ဆို့အရေးယူ မှုများသည် တရားမဝင်ကြောင်း ရုရှားအစိုးရဘက်က အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ ရုရှားသည် ယခုလ နှောင်းပိုင်းတွင် ကျင်းပမည့် BRICS အဖွဲ့၏နှစ်ပတ်လည်ထိပ်သီးအစည်း အဝေးကို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသွားမည်ဖြစ်ကြောင်း လည်း သိရသည်။ လက်ရှိအချိန်တွင် BRICS အဖွဲ့၌ပါဝင်နိုင်ရန် ကြိုး ပမ်းနေသည့်နိုင်ငံများမှာ အယ်လ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဘာရိန်း၊ ဘီလာရုစ်၊ ဘိုလီးဗီးယား၊ ကျူးဘား၊ ဟွန်ဒူးရပ်စ်၊ အင်ဒိုနီးရှား၊ ကာဇက်စတန်၊ ကူဝိတ်၊ မော်ရိုကို၊ နိုင်ဂျီးရီးယား၊ ဆီနီဂေါ၊ ထိုင်း၊ ဗင်နီဇွဲလားနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

ဆာဂေးရိုက်ယက်ကော့ဗ်က ‘BRICS အဖွဲ့မှာပါဝင်နိုင်ဖို့ အခြားနိုင်ငံတွေအတွက် ကျွန်တော်တို့ရဲ့တံခါးတွေကိုဖွင့်ထားဆဲ ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့သတ်မှတ်ထားတဲ့ အခြေအနေတွေနဲ့ကိုက်ညီမှသာ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက် ခွင့်ပြုသွားမှာပါ’ ဟု ပြောသည်။

zawgyi version
ပိတ္ဆို႔အေရးယူတတ္သူမ်ားကို BRICS တြင္ ပါဝင္ခြင့္ မေပးေၾကာင္း ႐ုရွားေၾကညာ
Pika (NP News) - ေအာက္တိုဘာ ၇

BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ားအေပၚ ပိတ္ဆို႔အေရး ယူမႈမ်ား ခ်မွတ္ထားသည့္ႏိုင္ငံမ်ားသည္ အစုအဖြဲ႕အတြင္း ပါဝင္ႏိုင္မည္မဟုတ္ေၾကာင္း ႐ုရွားႏိုင္ငံျခား ေရးဒုဝန္ႀကီး ဆာေဂး႐ိုက္ယက္ေကာ့ဗ္က ေအာက္တို ဘာလ(၃)ရက္တြင္ ေျပာဆိုခဲ့ၿပီး BRICS အဖြဲ႕တြင္ ပါဝင္ႏိုင္မည့္ အေျခအေနမ်ားထဲမွတစ္ခုကို ေဖာ္ျပခဲ့ေၾကာင္းသိရသည္။

ဘရာဇီး၊ ႐ုရွား၊ အိႏၵိယႏွင့္ တ႐ုတ္တို႔ျဖင့္ စတင္ဖြဲ႕စည္းခဲ့ေသာ BRICS အဖြဲ႕သည္ အဖြဲ႕ဝင္ႏိုင္ငံ(၉)ႏိုင္ငံအထိ တိုးခ်ဲ႕ထားၿပီး ယခုလေႏွာင္းပိုင္းတြင္ ႐ုရွားႏိုင္ငံ ကာဇန္ၿမိဳ႕တြင္က်င္းပမည့္ ထိပ္သီးအစည္းအေဝးတြင္ ေနာက္ထပ္ တိုးခ်ဲ႕မႈမ်ားလုပ္ေဆာင္ရန္အတြက္ ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရန္ ေမွ်ာ္မွန္းထားၾကေၾကာင္းသိရသည္။ ဆာေဂး႐ိုက္ ယက္ေကာ့ဗ္က ‘BRICS အဖြဲ႕မွာပါဝင္မယ့္ ႏိုင္ငံေတြဟာ အခ်ဳပ္အျခာအာဏာပိုင္မူဝါဒကို လိုက္နာဖို႔ လိုအပ္ၿပီး ႏိုင္ငံ တကာနဲ႔ေဒသတြင္းေရးရာေတြမွာ အေရးပါတဲ့အခန္းက႑ကေနပါဝင္ဖို႔၊ အဖြဲ႕ဝင္ႏိုင္ငံေတြနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရး ေတြ တည္ေဆာက္ဖို႔နဲ႔ အဖြဲ႕ဝင္ႏိုင္ငံေတြအေပၚခ်မွတ္ထားတဲ့ တရားမဝင္ ပိတ္ဆို႔အေရးယူမႈေတြမွာ မပါဝင္ဖို႔လိုအပ္ပါ တယ္’ ဟုေျပာသည္။

BRICS အဖြဲ႕တြင္ပါဝင္ႏိုင္မည့္ အေျခအေနမ်ားႏွင့္ပတ္သက္ၿပီး ေမးျမန္းခဲ့သည့္ သတင္းေထာက္မ်ား၏ ေမးခြန္းမ်ားကို ဆာေဂး႐ိုက္ယက္ ေကာ့ဗ္က ယခုကဲ့သို႔တုံ႔ျပန္ေျဖၾကားခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။ ထို႔ျပင္ ယူကရိန္း အေရးႏွင့္ပတ္သက္ၿပီး ႐ုရွားအေပၚ အေမရိကန္ႏွင့္ ၎၏မိတ္ဖက္ႏိုင္ငံမ်ားက ခ်မွတ္ထားေသာ ပိတ္ဆို႔အေရးယူ မႈမ်ားသည္ တရားမဝင္ေၾကာင္း ႐ုရွားအစိုးရဘက္က အႀကိမ္ႀကိမ္ေျပာဆိုခဲ့သည္။ ႐ုရွားသည္ ယခုလ ေႏွာင္းပိုင္းတြင္ က်င္းပမည့္ BRICS အဖြဲ႕၏ႏွစ္ပတ္လည္ထိပ္သီးအစည္း အေဝးကို အိမ္ရွင္အျဖစ္လက္ခံ က်င္းပသြားမည္ျဖစ္ေၾကာင္း လည္း သိရသည္။ လက္ရွိအခ်ိန္တြင္ BRICS အဖြဲ႕၌ပါဝင္ႏိုင္ရန္ ႀကိဳး ပမ္းေနသည့္ႏိုင္ငံမ်ားမွာ အယ္လ္ဂ်ီးရီးယား၊ ဘဂၤလားေဒ့ရွ္၊ ဘာရိန္း၊ ဘီလာ႐ုစ္၊ ဘိုလီးဗီးယား၊ က်ဴးဘား၊ ဟြန္ဒူးရပ္စ္၊ အင္ဒိုနီးရွား၊ ကာဇက္စတန္၊ ကူဝိတ္၊ ေမာ္႐ိုကို၊ ႏိုင္ဂ်ီးရီးယား၊ ဆီနီေဂါ၊ ထိုင္း၊ ဗင္နီဇြဲလားႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔ျဖစ္ေၾကာင္း သိရသည္။

ဆာေဂး႐ိုက္ယက္ေကာ့ဗ္က ‘BRICS အဖြဲ႕မွာပါဝင္ႏိုင္ဖို႔ အျခားႏိုင္ငံေတြအတြက္ ကြၽန္ေတာ္တို႔ရဲ႕တံခါးေတြကိုဖြင့္ထားဆဲ ပဲျဖစ္ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔သတ္မွတ္ထားတဲ့ အေျခအေနေတြနဲ႔ကိုက္ညီမွသာ အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ဝင္ေရာက္ ခြင့္ျပဳသြားမွာပါ’ ဟု ေျပာသည္။

Related news

© 2021. All rights reserved.