" နတ်နေကိုင်းနိုင်ငံရေး "

 137

" နတ်နေကိုင်းနိုင်ငံရေး "
စော (NP News) - အောက်တိုဘာလ ၁၆
အောက်တိုဘာလ(၃)ရက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီး ကြပ်မှုဗဟိုကော်မတီအစည်းအဝေး (၃/၂၀၂၅)ကို ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင်ပါ တီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံ ရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီး ထွန်းထွန်းနောင်ကFacebook? Messen­ger, Telegram, Viber, Email ရွေးကောက်ပွဲဆိုင် ရာလုပ်ငန်းစဉ်များပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျူးလွန်သူများကို အရေးယူခြင်းများဆောင်ရွက်ခဲ့ ရာ စက်တင်ဘာလ(၃၀)ရက်အထိ အမှု(၂၄)မှုနှင့် ကျူးလွန်သူ (၆၄)ဦးကို အရေးယူခဲ့ကြောင်းပြောကြား ခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏လမ်းòန်ချက်များဖြစ်သည့် " လွတ်လပ်ပြီး တရားမျှတမှုအပြည့်ရှိသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပ ပေးပြီး ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော်တာ ဝန်များ လွှဲပြောင်းပေးအပ်နိုင်ရေး၊ မဲပေးပိုင်ခွင့်ရှိသူ များအားလုံး မဲပေးနိုင်ရေး၊ လုံခြုံမှုအပြည့်အဝရှိသော ရွေးကောက်ပွဲဖြစ်စေရေး"စသည်တို့ကို တာဝန်ရှိသူ အဆင့်ဆင့်က အကောင်အထည်ဖော်ဆောင်ရွက်ပေး ရန်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကို ဒီဇင်ဘာလ(၂၈) ရက်မှစတင်၍ အဆင့်လိုက် ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်းနှင့် လွှတ်တော်များ အတွက် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခဲ့ပြီးဖြစ် သည်။ ထို့ပြင် နိုင်ငံရေးပါတီများမှ အမည်စာရင်းတင် သွင်းလာသည့် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့် နိုင်ငံရေးပါတီခြောက်ပါတီမှ လွှတ်တော်ကိုယ်စား လှယ်လောင်း (၃၉၆၁)ဦး၊ တိုင်းဒေသကြီး/ ပြည် နယ်တစ်ခုအတွင်း စည်းရုံးမည့် နိုင်ငံရေးပါတီ (၅၁)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း (၉၆၆)ဦး၊ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း (၉၆)ဦး စုစုပေါင်း (၅၀၂၃)ဦးတို့အား စိစစ်ခြင်းလုပ် ငန်းများ ဆောင်ရွက်လျက်ရှိသဖြင့် ပြည်ထဲရေးဝန်ကြီး ဌာနအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများအနေဖြင့် အချိန် မီစိစစ်ပြီးစီးရေး ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးသွား ရန်လိုကြောင်း ပြောကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၏စကား ကိုကြည့်လျှင် ရွေးကောက်ပွဲကို နိုင်ငံတော်က မည် ရွေ့မည်မျှအလေးထားနေသည်ကို နှိုင်းယှဉ်၍ပင် ရ မည်မဟုတ်ပါ။ တစ်နည်းပြောရလျှင် နိုင်ငံတော်တွင် အမျိုးသားရေးပန်းတိုင်၊ အမျိုးသားရေးရည်မှန်းချက် ဟူ၍ရှိရာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ရေရှည်ပန်းတိုင်၊ ရေရှည်ရည်မှန်းချက်ဖြစ်ပါသည်။
ရွေးကောက်ပွဲကမူ လက်ရှိအချိန်တွင် နိုင် ငံတော်၏ လတ်တလောကာလတို အမျိုးသားရေးပန်း တိုင်ဟုဆိုလျှင်လည်း မှားမည်မဟုတ်ပါ။ ယခု ကျင်းပ ပြုလုပ်တော့မည့် ရွေးကောက်ပွဲဟူသော အမျိုးသား ရေးပန်းတိုင်ရောက်ရန်အတွက် ကာလရှည်ကြာစွာ အချိန်ပေးခဲ့ရသည်။
လူ့အသက်ပေါင်းများစွာ၊ တပ်မတော်သား များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများစွာ၏ အသက်ကို ပေးဆပ်ခဲ့ကြရသည်။ NLD ခေတ် မဲမ သမာမှု စိစစ်စစ်ဆေးခြင်း၊ ထုတ်ပြန်ကြေညာခြင်းက စ၍ သန်းခေါင်စာရင်းကောက်ယူမှုကနေ ယခုလို ရွေး ကောက်ပွဲ မဲစာရင်းပြုစုပြီး နောက်ဆုံးရွေးကောက်ပွဲ ကျင်းပသည်အထိ အလွယ်တကူရောက်ခဲ့ခြင်းမဟုတ် ပေ။ လုပ်ငန်းအဆင့်ပေါင်းများစွာကို အခက်အခဲ ပေါင်းများစွာဖြင့်ကျော်ဖြတ်ခဲ့ရသည်။ ထို့ကြောင့် လာမည့် ဒီဇင်ဘာလ(၂၈)ရက်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်အမျှ အမှားအ ယွင်းအတိမ်းအစောင်းခံမဟုတ်သဖြင့် နည်းလမ်းမျိုး စုံ ကြိုပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။ ထို့ကြောင့် လည်း မြန်မာ့ရွေးကောက်ပွဲကို ]]နတ်နေကိုင်းနိုင်ငံ ရေး}}ဟုပင် တင်စား၍ရမည်ဖြစ်ပါသည်။
" နတ်နေကိုင်း " ဆိုသည်မှာ မြန်မာ့ရိုးရာ ထုံးတမ်းဓလေ့စကားပုံတစ်ခုဖြစ်ပါသည်။ ထိန်းသိမ်း စောင့်ရှောက်ရန်လိုအပ်ပြီး အန္တရာယ်မပြုရ၊ မခုတ်ရ၊ မချိုင်ရဟူသော အရေးကြီးသစ်ကိုင်းတစ်ကိုင်းကို ထားရှိရေးနှင့်ပတ်သက်ပြီး ပေါ်ပေါက်လာသည့်စကား ပုံဟုလည်းဆိုသည်။ ဤစကားပုံကို ပြန် ဆန်းစစ်ကြည့် ရာ ဘုရားရှင်လက်ထက်က သံဃာတစ်ပါးသစ်ပင်ခုတ် တော့ ရုက္ခစိုးနတ်သမီးက သူ့ဗိမ္ဗာန်လေး အဖျက်မခံရ စေဖို့ သနားရအောင် သူ့သားနတ်သူငယ်လေးကို သစ်ကိုင်းပေါ်တင်ပြီးပြသည်ဟုဆိုသည်။
ရဟန်းကမမြင်မိဘဲခုတ်ချလိုက်တော့ နတ် သူငယ်လေး လက်တစ်ဖက်ပြတ်သွားသည်။နတ်သမီး က သားဇောနှင့် ရဟန်းကိုတိုက်ခိုက်ဖို့ တန်ခိုးထုတ် သည်။ သို့သော် အသိတရားရှိသည့်နတ်ဖြစ်သဖြင့် ဘုရားသားတော်ရဟန်းကို ယခုလို ပြန်တိုက်ခိုက်ပါက သူလည်းအပြစ်ဖြစ်မည်၊ အကုသိုလ်ဖြစ်မည်ဟုစဉ်း စားမိပြီး မတိုက်ခိုက်တော့ဘဲ ငိုပြီး ဘုရားရှင်ထံ လာ ရောက်တိုင်ကြားတင်လျှောက်တော့သည်။
ထိုအခါ ဘုရားက ပညတ်တော်မူသည်။ ရဟန်းသံဃာ သာမဏေများ သစ်ကိုင်းမခုတ်ရ၊ သစ် ပင်မခုတ်ရဟူ၍ဖြစ်သည်။ ဤသို့ဖြင့် ထိုအရေးသည် လေကုတ္တရာရဟန်းတို့အရေးမှသည် လူတို့ဆီကို ရောက်ခဲ့သည်ဟုသိရှိရသည်။ ထိုအချိန်ကစ၍ ဥပဒေ ကဲ့သို့မဟုတ်သော်လည်း သစ်ကိုင်းချိုင်ချင်လျှင် ရုက္ခ စိုးနတ်နေဖို့ တစ်ကိုင်းချန်ရမည်၊ နတ်နေကိုင်းထိလျှင် နတ်ကိုင်ခံရမည်၊ နတ်နေကိုင်းထိလျှင် ဒုက္ခရောက် လိမ့်မည်၊ တစ်ခုခုအဆင်မပြေဖြစ်လာလျှင် ]နတ်နေ ကိုင်းကိုသွားချိုင်တာကိုး}၊ နတ်နေကိုင်းမထိရ၊ စ သည့်စကားရပ်များသည် သစ်ပင်ခုတ်မှမဟုတ်ဘဲ မြန်မာတို့၏လူမှုဓလေ့တွင် ဝင်ရောက်နေရာယူခဲ့ သည်မှာ နေရာတိုင်းလိုလိုတွင်ဖြစ်သည်။ ဥပဒေမ ဟုတ်သည့် သတိပေးလူမှုကျင့်ဝတ်သဖွယ် အလေး ထား၊ အရေးထားရသည့်စကားရပ်ဖြစ်သည်။
ထိုကဲ့သို့ နတ်နေကိုင်းလိုပင် ယနေ့အခါ တွင် ရွေးကောက်ပွဲက အရေးကြီးသဖြင့် နိုင်ငံတော် အစိုးရက အလေးထားဆောင်ရွက်နေသည်။ ရွေး ကောက်ပွဲနှင့်ပတ်သက်ပြီး ဖျက်လိုဖျက်ဆီးလုပ်မည့် မည်သူကိုမဆို ထိထိရောက်ရောက်ပြတ်ပြတ်သား သား အရေးယူလျက်ရှိသည်။
ရွေးကောက်ပွဲနှင့်ပတ်သက်လာလျှင် မည် သူ့ကိုမျှညှာမနေသလို ဥပဒေအတိုင်း ဆောင်ရွက် နေသည်ကိုတွေ့ရသည်။ ဆယ်စုနှစ်တစ်စုကျော် ကောင်းမွန်သော ဆက်ဆံရေးထူထောင်နိုင်ခဲ့သည့် KNU ကို ရွေးကောက်ပွဲဖျက်လိုဖျက်ဆီးလုပ်မှု ကြောင့် အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခဲ့သည်။
KNU ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခဲ့မှုနှင့်ပတ်သက်ပြီး KIA ဒုဥက္ကဋ္ဌ ဂွမ်မော်က Election ကိုထိ၍ဖြစ်သည်ဟု BBC သတင်း အောက်တွင် မှတ်ချက်ပေးထားသည်။ KIO/KIA ကတော့ လူလည်များဖြစ်သည်။ ရွေးကောက်ပွဲကို ယောင်၍ပင်မဟရဲသဖြင့် ယခုအထိ အကြမ်းဖက်အ ဖွဲ့ကြေညာခံရခြင်းမရှိသေးပေ။ တစ်နည်းပြောရလျှင် " နတ်နေကိုင်း နိုင်ငံရေး" ဖြစ်သည့် ရွေးကောက်ပွဲကို သူလည်း နတ်ကိုင်ခံရသကဲ့သို့ ဘဝပျက်မည်စိုးသော ကြောင့်ဖြစ်သည်။
KNU ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာ ခဲ့သည့်အပြင် ရွေးကောက်ပွဲကို ပျက်အောင်နှောင့် ယှက်ဟန့်တားဖျက်ဆီးမှုဖြင့် KNU ဥက္ကဋ္ဌ စောကွယ် ထူးဝင်းအပါအဝင် ကရင်အမျိုးသားအစည်းအရုံးက ပုဂ္ဂိုလ် (၁၂)ဦးကို ကရင်ပြည်နယ်ထဲက လှိုင်းဘွဲ့နှင့် ပိုင်ကျုံရဲစခန်းတို့တွင် အမှုဖွင့်ခဲ့သည်။ ထိုနည်းတူ အကြမ်းဖက်အဖွဲ့ AA ကိုလည်း ဧရာဝတီတိုင်း လေး မျက်နှာမြို့နယ် ယင်းဆယ်ရွာဘုန်းကြီးကျောင်း၌ ရွေးကောက်ပွဲကော်မရှင်က မဲပေးစက်အသိပညာပေး နေချိန် ဒရော့ဗုံးချတိုက်ခိုက်မှုကြောင့် ရွေးကောက်ပွဲ ကို ပျက်ပြားအောင်နှောင့်ယှက်ဟန့်တားဖျက်ဆီးမှုဖြင့် အမှုဖွင့်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်၏ နတ်နေကိုင်း နိုင်ငံရေးဖြစ်သည့် ရွေးကောက်ပွဲနှင့်ပတ်သက်လာ လျှင် မည်သူ့ကိုမျှခွင့်လွှတ်မည်မဟုတ်ကြောင်း တင်း တင်းကြပ်ကြပ် ကိုင်တွယ်လျက်ရှိသည်။ ရွေးကောက် ပွဲနှင့်ပတ်သက်ပြီး ယခုလို တင်းတင်းကြပ်ကြပ်ကိုင် တွယ်ရသည့် မြန်မာ့လူ့အဖွဲ့အစည်းကို ပြန်တွေး ကြည့်လျှင် အံ့ဩစရာကောင်းလှသည်။ တိုင်းပြည်အ ပေါ် စေတနာမရှိလျှင် ရွေးကောက်ပွဲလုပ်စရာမလိုပေ။ ခေါင်းစဉ်အမျိုးမျိုးပြပြီး အာဏာတည်မြဲအောင်လုပ် နေကြသည့်နိုင်ငံများ ကမ္ဘာတွင် များစွာရှိသည်။ ယင်း နိုင်ငံများ ဖြစ်စဉ်များနှင့်နှိုင်းယှဉ်ကြရန်လိုသည်။
မြန်မာ့လူ့အဖွဲ့အစည်းတွင် တည်ဆောက် သည့်လူတန်းစားနှင့် ဖျက်ဆီးသည့်လူတန်းစားဟူ၍ လူတန်းစား(၂)ရပ်မျှသာရှိသကဲ့သို့ဖြစ်နေရသည်ကလည်း ဝမ်းနည်းစရာကောင်းလှသည်။ ရွေးကောက်ပွဲ အောင်မြင်အောင် ပြုလုပ်နေသူများသည် တည် ဆောက်နေသူများဖြစ်ပြီး ရွေးကောက်ပွဲပျက်အောင် ဖျက်နေသူများသည့် ဖျက်ဆီးသည့်လူတန်းစားများ ဖြစ်ကြသည်။ မြန်မာ့ရွေးကောက်ပွဲသမိုင်းကိုပြန် ကြည့်လျှင်လည်း ယခုမှမဟုတ်ပါ။ ရွေးကောက်ပွဲကို ကပျက်ယပျက်လုပ်သည့်သတင်းများကိုတွေ့လျှင် (၈၈)အရေးအခင်းကာလ ခဏတာသမ္မတဖြစ်ခဲ့ဖူး သည့် ဒေါက်တာမောင်မောင်နှင့် ထိုအချိန်ကအဖြစ် အပျက်များကို ပြန်သတိရလာမိသည်။
သမ္မတ ဒေါက်တာမောင်မောင်က ပါတီစုံ
ဒီမိုကရေစီရွေးကောက်ပွဲကို (၆)လအတွင်း လုပ်ပေး မည်ဟုကြေညာတော့ ထိုခေတ်နိုင်ငံရေးသမားတို့က ရွေးကောက်ပွဲကို လက်မခံကြဟု ဆိုသည်။ ၎င်းတို့ ၏အကြောင်းပြချက်က (၆)လနှင့် ရွေးကောက်ပွဲလုပ် လျှင် ရှိပြီးသား တစညပါတီပဲ အနိုင်ရလိမ့်မည်။ သူ တို့အတိုက်ခံပါတီတွေ အဆင်သင့်မဖြစ်သေးဟုဆို ကာ ငြင်းပစ်လိုက်ကြသည်။
ထိုအချိန်တွင် ဦးနုက နိုင်ငံရေးရေချိန်မြင့် တော့ ]]ရွေးကောက်ပွဲကိုလက်ခံဖို့ ဖျောင်းဖျကြည့် သေးကြောင်း၊ ရွေးကောက်ပွဲမှာ ရှုံးတော့ဘာဖြစ်လဲ၊ ငါတို့လွှတ်တော်ထဲမှာ အတိုက်အခံနဲ့နေကြဖို့လို ကြောင်း၊ အဓိက က စနစ်ပြောင်းသွားရန်လိုသည်ဟု စည်းရုံးဖျောင်းဖျသော်လည်းမရခဲ့ကြောင်း၊ မဖြစ်နိုင် သည့် ကြားဖြတ်အစိုးရမျိုးကို ဖွဲ့ပေးရန်တောင်းဆိုနေ ၍ နောက်ဆုံး တပ်မတော်က အာဏာရယူလိုက်ရ ကြောင်း}} ဆရာကျော်ဝင်းက အင်တာဗျူးတစ်ခုတွင် သူတို့အမှားကို နောင်တရဖွယ်ဖြေကြားထားသည်ကို တွေ့ခဲ့ရသည်။
ယခုလည်း ရွေးကောက်ပွဲလုပ်မည့်အပေါ်
ဖျက်လိုဖျက်ဆီးလုပ်နေကြသူများအနေဖြင့် သမိုင်း ကို သင်ခန်းစာယူရန်လိုသည်။ လက်နက်ကိုင်လမ်းစဉ်၊ စစ်ဘုရင်ဝါဒကို လက်ကိုင်ပြုထားသူများနှင့် အလှူ ငွေဖြင့် စည်းစိမ်ရစ်နေကြသည့် NUG ကဲ့သို့ အဖွဲ့ များကတော့ စားကျက်ပျောက်မည်စိုး၍ ရွေးကောက် ပွဲကို ခါးကောင်းခါးနေပါလိမ့်မည်။
သို့သော် Global Culture နှင့် ကိုက်ညီ မည့် နိုင်ငံရေးစနစ်ဖြစ်မှသာ တိုင်းပြည်ဟာ ပုံမှန်အ ခြေအနေပြန်ရောက်လာမည်ဖြစ်သည်။နိုင်ငံတကာ တွင် မျက်နှာပန်းပြန်ပွင့်လာမည်ဖြစ်သလို အဆက် ပြတ်အထီးကျန်ခြင်းဆိုသည့် နိုင်ငံတကာ၏ နိုင်ငံရေး ငြင်းပယ်မှုဒဏ်မှ လွတ်ကင်းလာမည်ဖြစ်သည်။ ထိုသို့ဖြစ်လာမှသာ နိုင်ငံတကာကလည်း မြန်မာနိုင်ငံ နှင့် ထိတွေ့ဆက်ဆံမှုများပြန်လုပ်လာပြီး စီးပွားရေး၊ ကုန်သွယ်ရေးအရ ရင်းနှီးမြှုပ်နှံများ ဝင်လာမစဲ တသဲ သဲနှင့် တိုင်းပြည်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်သည်။ ဤသည်ကို သိရှိနားလည် သဘော ပေါက်ရန်လိုသည်။ ထို့ကြောင့်လည်း ရွေးကောက်ပွဲကို နတ်နေကိုင်းနိုင်ငံရေးသဖွယ်သဘောထား၍ ဆတ် ဆတ်ထိမခံ အပြည့်အဝ အကာအကွယ်ပေးနေရခြင်း ဖြစ်သည်။
အချုပ်ဆိုရလျှင် ရွေးကောက်ပွဲ နိုင်ငံရေး သည် လက်ရှိအချိန်တွင် အရေးကြီးနိုင်ငံရေးဖြစ် သည်ဟု နိုင်ငံအစိုးရက သတ်မှတ်ထားသကဲ့သို့ နိုင်ငံ သားတိုင်းကလည်း ကျရာအခန်းကဏ္ဍမှ ပါဝင်ကူညီ ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံရေးဆိုသည်မှာ ပါတီနိုင်ငံရေးနှင့် အမျိုးသားနိုင်ငံရေးဟူ၍ရှိရာ ပါတီ များအာဏာရရန်လုပ်သည့်နိုင်ငံရေးကို ပါတီနိုင်ငံ ရေးဟု ယေဘုယျသတ်မှတ်ကြသည်။ အမျိုးသားနိုင် ငံရေးကမူ တစ်မျိုးသားလုံးနှင့်ဆိုင်သောအရေးကိစ္စများကို အမျိုးသားနိုင်ငံရေးဟုခေါ်ကြသည်။ ပါတီ နိုင်ငံရေးဖြစ်စေ၊ အမျိုးသားနိုင်ငံရေးဖြစ်စေ နောက် ဆုံး အန္တိမရည်မှန်းချက်မှာ နိုင်ငံ့အရေးကို ကောင်း အောင်ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ သို့သော် ယနေ့ ကျင်းပပြုလုပ်တော့မည့်ရွေးကောက်ပွဲသည် အမျိုး သားနိုင်ငံရေးနှင့်ဆက်စပ်နေသော ပါတီနိုင်ငံရေး ဖြစ်သည်ဟု စာရေးသူကသတ်မှတ်ပါသည်။ အ ကြောင်းကမူ အခက်အခဲအကျပ်အတည်း အဖျက် သမားမျိုးစုံကြားမှဖောက်ထွက်ပြီး ကျင်းပရခြင်းဖြစ် သဖြင့် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် နိုင်ငံ့အ ရေးဖြစ်သည်။ ထို့ကြောင့် အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီသည် အခြားမည်သည့်ရွေး ကောက်ပွဲနှင့်မျှမတူဘဲ ယခုရွေးကောက်ပွဲကို အမျိုး သားရေးတာဝန်တစ်ရပ်အနေဖြင့်သတ်မှတ်ကာ ကာ ကွယ်စောင့်ရှောက်နေသည်ကိုတွေ့ရှိရပါသည်။ ထို့ ကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်သဖွယ် အရေး ကြီးသည့် " နတ်နေကိုင်းနိုင်ငံရေး " ကို မျက်ကွယ်မပြု ဘဲ နိုင်ငံသားတာဝန်ကျေပွန်စွာ မဲပေးကြရန်လို ကြောင်း တိုက်တွန်းလိုက်ရပါသည်။

Zawgyi Version:
" နတ္ေနကိုင္းႏိုင္ငံေရး "
ေစာ (NP News) - ေအာက္တိုဘာလ ၁၆
ေအာက္တိုဘာလ(၃)ရက္က ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဌာနခ်ဳပ္ အရိႏၵမာခန္းမ၌ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲကာလ လုံၿခဳံေရးဆိုင္ရာႀကီး ၾကပ္မႈဗဟိုေကာ္မတီအစည္းအေဝး (၃/၂၀၂၅)ကို က်င္းပျပဳလုပ္ခဲ့သည္။ အဆိုပါအစည္းအေဝးတြင္ပါ တီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကာလ လုံၿခဳံ ေရးဆိုင္ရာႀကီးၾကပ္မႈဗဟိုေကာ္မတီဥကၠ႒ ျပည္ထဲ ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ကFacebook? Messen­ger, Telegram, Viber, Email ေ႐ြးေကာက္ပြဲဆိုင္ ရာလုပ္ငန္းစဥ္မ်ားပ်က္ျပားေစရန္ နည္းအမ်ိဳးမ်ိဳးျဖင့္ က်ဴးလြန္သူမ်ားကို အေရးယူျခင္းမ်ားေဆာင္႐ြက္ခဲ့ ရာ စက္တင္ဘာလ(၃၀)ရက္အထိ အမႈ(၂၄)မႈႏွင့္ က်ဴးလြန္သူ (၆၄)ဦးကို အေရးယူခဲ့ေၾကာင္းေျပာၾကား ခဲ့သည္။
ဆက္လက္ၿပီး ျပည္ေထာင္စုဝန္ႀကီးက ႏိုင္ငံေတာ္အႀကီးအကဲ၏လမ္းòန္ခ်က္မ်ားျဖစ္သည့္ " လြတ္လပ္ၿပီး တရားမွ်တမႈအျပည့္ရွိသည့္ ပါတီစုံ ဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲတစ္ရပ္ က်င္းပ ေပးၿပီး ထြက္ေပၚလာသည့္အစိုးရကို ႏိုင္ငံေတာ္တာ ဝန္မ်ား လႊဲေျပာင္းေပးအပ္ႏိုင္ေရး၊ မဲေပးပိုင္ခြင့္ရွိသူ မ်ားအားလုံး မဲေပးႏိုင္ေရး၊ လုံၿခဳံမႈအျပည့္အဝရွိေသာ ေ႐ြးေကာက္ပြဲျဖစ္ေစေရး"စသည္တို႔ကို တာဝန္ရွိသူ အဆင့္ဆင့္က အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေပး ရန္ျဖစ္ေၾကာင္း၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မ ရွင္က ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ ကို ဒီဇင္ဘာလ(၂၈) ရက္မွစတင္၍ အဆင့္လိုက္ က်င္းပျပဳလုပ္ေပးမည္ျဖစ္ေၾကာင္းႏွင့္ လႊတ္ေတာ္မ်ား အတြက္ မဲဆႏၵနယ္မ်ား သတ္မွတ္ေၾကညာခဲ့ၿပီးျဖစ္ သည္။ ထို႔ျပင္ ႏိုင္ငံေရးပါတီမ်ားမွ အမည္စာရင္းတင္ သြင္းလာသည့္ ျပည္ေထာင္စုတစ္ဝန္းလုံးစည္း႐ုံးမည့္ ႏိုင္ငံေရးပါတီေျခာက္ပါတီမွ လႊတ္ေတာ္ကိုယ္စား လွယ္ေလာင္း (၃၉၆၁)ဦး၊ တိုင္းေဒသႀကီး/ ျပည္ နယ္တစ္ခုအတြင္း စည္း႐ုံးမည့္ ႏိုင္ငံေရးပါတီ (၅၁)ပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း (၉၆၆)ဦး၊ တစ္သီးပုဂၢလလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း (၉၆)ဦး စုစုေပါင္း (၅၀၂၃)ဦးတို႔အား စိစစ္ျခင္းလုပ္ ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိသျဖင့္ ျပည္ထဲေရးဝန္ႀကီး ဌာနေအာက္ရွိ တပ္ဖြဲ႕၊ ဦးစီးဌာနမ်ားအေနျဖင့္ အခ်ိန္ မီစိစစ္ၿပီးစီးေရး ေပါင္းစပ္ကူညီ ေဆာင္႐ြက္ေပးသြား ရန္လိုေၾကာင္း ေျပာၾကားခဲ့သည္။
ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးထြန္းထြန္းေနာင္၏စကား ကိုၾကည့္လွ်င္ ေ႐ြးေကာက္ပြဲကို ႏိုင္ငံေတာ္က မည္ ေ႐ြ႕မည္မွ်အေလးထားေနသည္ကို ႏႈိင္းယွဥ္၍ပင္ ရ မည္မဟုတ္ပါ။ တစ္နည္းေျပာရလွ်င္ ႏိုင္ငံေတာ္တြင္ အမ်ိဳးသားေရးပန္းတိုင္၊ အမ်ိဳးသားေရးရည္မွန္းခ်က္ ဟူ၍ရွိရာ စစ္မွန္စည္းကမ္းျပည့္ဝသည့္ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုစနစ္သည္ ေရရွည္ပန္းတိုင္၊ ေရရွည္ရည္မွန္းခ်က္ျဖစ္ပါသည္။
ေ႐ြးေကာက္ပြဲကမူ လက္ရွိအခ်ိန္တြင္ ႏိုင္ ငံေတာ္၏ လတ္တေလာကာလတို အမ်ိဳးသားေရးပန္း တိုင္ဟုဆိုလွ်င္လည္း မွားမည္မဟုတ္ပါ။ ယခု က်င္းပ ျပဳလုပ္ေတာ့မည့္ ေ႐ြးေကာက္ပြဲဟူေသာ အမ်ိဳးသား ေရးပန္းတိုင္ေရာက္ရန္အတြက္ ကာလရွည္ၾကာစြာ အခ်ိန္ေပးခဲ့ရသည္။
လူ႔အသက္ေပါင္းမ်ားစြာ၊ တပ္မေတာ္သား မ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားစြာ၏ အသက္ကို ေပးဆပ္ခဲ့ၾကရသည္။ NLD ေခတ္ မဲမ သမာမႈ စိစစ္စစ္ေဆးျခင္း၊ ထုတ္ျပန္ေၾကညာျခင္းက စ၍ သန္းေခါင္စာရင္းေကာက္ယူမႈကေန ယခုလို ေ႐ြး ေကာက္ပြဲ မဲစာရင္းျပဳစုၿပီး ေနာက္ဆုံးေ႐ြးေကာက္ပြဲ က်င္းပသည္အထိ အလြယ္တကူေရာက္ခဲ့ျခင္းမဟုတ္ ေပ။ လုပ္ငန္းအဆင့္ေပါင္းမ်ားစြာကို အခက္အခဲ ေပါင္းမ်ားစြာျဖင့္ေက်ာ္ျဖတ္ခဲ့ရသည္။ ထို႔ေၾကာင့္ လာမည့္ ဒီဇင္ဘာလ(၂၈)ရက္တြင္ျပဳလုပ္မည့္ ေ႐ြးေကာက္ပြဲကို မည္သည့္နည္းႏွင့္အမွ် အမွားအ ယြင္းအတိမ္းအေစာင္းခံမဟုတ္သျဖင့္ နည္းလမ္းမ်ိဳး စုံ ႀကိဳပမ္းေဆာင္႐ြက္ေနျခင္းျဖစ္သည္။ ထို႔ေၾကာင့္ လည္း ျမန္မာ့ေ႐ြးေကာက္ပြဲကို ]]နတ္ေနကိုင္းႏိုင္ငံ ေရး}}ဟုပင္ တင္စား၍ရမည္ျဖစ္ပါသည္။
" နတ္ေနကိုင္း " ဆိုသည္မွာ ျမန္မာ့႐ိုးရာ ထုံးတမ္းဓေလ့စကားပုံတစ္ခုျဖစ္ပါသည္။ ထိန္းသိမ္း ေစာင့္ေရွာက္ရန္လိုအပ္ၿပီး အႏၲရာယ္မျပဳရ၊ မခုတ္ရ၊ မခ်ိဳင္ရဟူေသာ အေရးႀကီးသစ္ကိုင္းတစ္ကိုင္းကို ထားရွိေရးႏွင့္ပတ္သက္ၿပီး ေပၚေပါက္လာသည့္စကား ပုံဟုလည္းဆိုသည္။ ဤစကားပုံကို ျပန္ ဆန္းစစ္ၾကည့္ ရာ ဘုရားရွင္လက္ထက္က သံဃာတစ္ပါးသစ္ပင္ခုတ္ ေတာ့ ႐ုကၡစိုးနတ္သမီးက သူ႔ဗိမၺာန္ေလး အဖ်က္မခံရ ေစဖို႔ သနားရေအာင္ သူ႔သားနတ္သူငယ္ေလးကို သစ္ကိုင္းေပၚတင္ၿပီးျပသည္ဟုဆိုသည္။
ရဟန္းကမျမင္မိဘဲခုတ္ခ်လိုက္ေတာ့ နတ္ သူငယ္ေလး လက္တစ္ဖက္ျပတ္သြားသည္။နတ္သမီး က သားေဇာႏွင့္ ရဟန္းကိုတိုက္ခိုက္ဖို႔ တန္ခိုးထုတ္ သည္။ သို႔ေသာ္ အသိတရားရွိသည့္နတ္ျဖစ္သျဖင့္ ဘုရားသားေတာ္ရဟန္းကို ယခုလို ျပန္တိုက္ခိုက္ပါက သူလည္းအျပစ္ျဖစ္မည္၊ အကုသိုလ္ျဖစ္မည္ဟုစဥ္း စားမိၿပီး မတိုက္ခိုက္ေတာ့ဘဲ ငိုၿပီး ဘုရားရွင္ထံ လာ ေရာက္တိုင္ၾကားတင္ေလွ်ာက္ေတာ့သည္။
ထိုအခါ ဘုရားက ပညတ္ေတာ္မူသည္။ ရဟန္းသံဃာ သာမေဏမ်ား သစ္ကိုင္းမခုတ္ရ၊ သစ္ ပင္မခုတ္ရဟူ၍ျဖစ္သည္။ ဤသို႔ျဖင့္ ထိုအေရးသည္ ေလကုတၱရာရဟန္းတို႔အေရးမွသည္ လူတို႔ဆီကို ေရာက္ခဲ့သည္ဟုသိရွိရသည္။ ထိုအခ်ိန္ကစ၍ ဥပေဒ ကဲ့သို႔မဟုတ္ေသာ္လည္း သစ္ကိုင္းခ်ိဳင္ခ်င္လွ်င္ ႐ုကၡ စိုးနတ္ေနဖို႔ တစ္ကိုင္းခ်န္ရမည္၊ နတ္ေနကိုင္းထိလွ်င္ နတ္ကိုင္ခံရမည္၊ နတ္ေနကိုင္းထိလွ်င္ ဒုကၡေရာက္ လိမ့္မည္၊ တစ္ခုခုအဆင္မေျပျဖစ္လာလွ်င္ ]နတ္ေန ကိုင္းကိုသြားခ်ိဳင္တာကိုး}၊ နတ္ေနကိုင္းမထိရ၊ စ သည့္စကားရပ္မ်ားသည္ သစ္ပင္ခုတ္မွမဟုတ္ဘဲ ျမန္မာတို႔၏လူမႈဓေလ့တြင္ ဝင္ေရာက္ေနရာယူခဲ့ သည္မွာ ေနရာတိုင္းလိုလိုတြင္ျဖစ္သည္။ ဥပေဒမ ဟုတ္သည့္ သတိေပးလူမႈက်င့္ဝတ္သဖြယ္ အေလး ထား၊ အေရးထားရသည့္စကားရပ္ျဖစ္သည္။
ထိုကဲ့သို႔ နတ္ေနကိုင္းလိုပင္ ယေန႔အခါ တြင္ ေ႐ြးေကာက္ပြဲက အေရးႀကီးသျဖင့္ ႏိုင္ငံေတာ္ အစိုးရက အေလးထားေဆာင္႐ြက္ေနသည္။ ေ႐ြး ေကာက္ပြဲႏွင့္ပတ္သက္ၿပီး ဖ်က္လိုဖ်က္ဆီးလုပ္မည့္ မည္သူကိုမဆို ထိထိေရာက္ေရာက္ျပတ္ျပတ္သား သား အေရးယူလ်က္ရွိသည္။
ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္လာလွ်င္ မည္ သူ႔ကိုမွ်ညႇာမေနသလို ဥပေဒအတိုင္း ေဆာင္႐ြက္ ေနသည္ကိုေတြ႕ရသည္။ ဆယ္စုႏွစ္တစ္စုေက်ာ္ ေကာင္းမြန္ေသာ ဆက္ဆံေရးထူေထာင္ႏိုင္ခဲ့သည့္ KNU ကို ေ႐ြးေကာက္ပြဲဖ်က္လိုဖ်က္ဆီးလုပ္မႈ ေၾကာင့္ အၾကမ္းဖက္အဖြဲ႕အျဖစ္ေၾကညာခဲ့သည္။
KNU ကို အၾကမ္းဖက္အဖြဲ႕အျဖစ္ေၾကညာခဲ့မႈႏွင့္ပတ္သက္ၿပီး KIA ဒုဥကၠ႒ ဂြမ္ေမာ္က Election ကိုထိ၍ျဖစ္သည္ဟု BBC သတင္း ေအာက္တြင္ မွတ္ခ်က္ေပးထားသည္။ KIO/KIA ကေတာ့ လူလည္မ်ားျဖစ္သည္။ ေ႐ြးေကာက္ပြဲကို ေယာင္၍ပင္မဟရဲသျဖင့္ ယခုအထိ အၾကမ္းဖက္အ ဖြဲ႕ေၾကညာခံရျခင္းမရွိေသးေပ။ တစ္နည္းေျပာရလွ်င္ " နတ္ေနကိုင္း ႏိုင္ငံေရး" ျဖစ္သည့္ ေ႐ြးေကာက္ပြဲကို သူလည္း နတ္ကိုင္ခံရသကဲ့သို႔ ဘဝပ်က္မည္စိုးေသာ ေၾကာင့္ျဖစ္သည္။
KNU ကို အၾကမ္းဖက္အဖြဲ႕အျဖစ္ေၾကညာ ခဲ့သည့္အျပင္ ေ႐ြးေကာက္ပြဲကို ပ်က္ေအာင္ေႏွာင့္ ယွက္ဟန႔္တားဖ်က္ဆီးမႈျဖင့္ KNU ဥကၠ႒ ေစာကြယ္ ထူးဝင္းအပါအဝင္ ကရင္အမ်ိဳးသားအစည္းအ႐ုံးက ပုဂၢိဳလ္ (၁၂)ဦးကို ကရင္ျပည္နယ္ထဲက လႈိင္းဘြဲ႕ႏွင့္ ပိုင္က်ဳံရဲစခန္းတို႔တြင္ အမႈဖြင့္ခဲ့သည္။ ထိုနည္းတူ အၾကမ္းဖက္အဖြဲ႕ AA ကိုလည္း ဧရာဝတီတိုင္း ေလး မ်က္ႏွာၿမိဳ႕နယ္ ယင္းဆယ္႐ြာဘုန္းႀကီးေက်ာင္း၌ ေ႐ြးေကာက္ပြဲေကာ္မရွင္က မဲေပးစက္အသိပညာေပး ေနခ်ိန္ ဒေရာ့ဗုံးခ်တိုက္ခိုက္မႈေၾကာင့္ ေ႐ြးေကာက္ပြဲ ကို ပ်က္ျပားေအာင္ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးမႈျဖင့္ အမႈဖြင့္ခဲ့သည္။ ထို႔ေၾကာင့္ ႏိုင္ငံေတာ္၏ နတ္ေနကိုင္း ႏိုင္ငံေရးျဖစ္သည့္ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္လာ လွ်င္ မည္သူ႔ကိုမွ်ခြင့္လႊတ္မည္မဟုတ္ေၾကာင္း တင္း တင္းၾကပ္ၾကပ္ ကိုင္တြယ္လ်က္ရွိသည္။ ေ႐ြးေကာက္ ပြဲႏွင့္ပတ္သက္ၿပီး ယခုလို တင္းတင္းၾကပ္ၾကပ္ကိုင္ တြယ္ရသည့္ ျမန္မာ့လူ႔အဖြဲ႕အစည္းကို ျပန္ေတြး ၾကည့္လွ်င္ အံ့ဩစရာေကာင္းလွသည္။ တိုင္းျပည္အ ေပၚ ေစတနာမရွိလွ်င္ ေ႐ြးေကာက္ပြဲလုပ္စရာမလိုေပ။ ေခါင္းစဥ္အမ်ိဳးမ်ိဳးျပၿပီး အာဏာတည္ၿမဲေအာင္လုပ္ ေနၾကသည့္ႏိုင္ငံမ်ား ကမာၻတြင္ မ်ားစြာရွိသည္။ ယင္း ႏိုင္ငံမ်ား ျဖစ္စဥ္မ်ားႏွင့္ႏႈိင္းယွဥ္ၾကရန္လိုသည္။
ျမန္မာ့လူ႔အဖြဲ႕အစည္းတြင္ တည္ေဆာက္ သည့္လူတန္းစားႏွင့္ ဖ်က္ဆီးသည့္လူတန္းစားဟူ၍ လူတန္းစား(၂)ရပ္မွ်သာရွိသကဲ့သို႔ျဖစ္ေနရသည္ကလည္း ဝမ္းနည္းစရာေကာင္းလွသည္။ ေ႐ြးေကာက္ပြဲ ေအာင္ျမင္ေအာင္ ျပဳလုပ္ေနသူမ်ားသည္ တည္ ေဆာက္ေနသူမ်ားျဖစ္ၿပီး ေ႐ြးေကာက္ပြဲပ်က္ေအာင္ ဖ်က္ေနသူမ်ားသည့္ ဖ်က္ဆီးသည့္လူတန္းစားမ်ား ျဖစ္ၾကသည္။ ျမန္မာ့ေ႐ြးေကာက္ပြဲသမိုင္းကိုျပန္ ၾကည့္လွ်င္လည္း ယခုမွမဟုတ္ပါ။ ေ႐ြးေကာက္ပြဲကို ကပ်က္ယပ်က္လုပ္သည့္သတင္းမ်ားကိုေတြ႕လွ်င္ (၈၈)အေရးအခင္းကာလ ခဏတာသမၼတျဖစ္ခဲ့ဖူး သည့္ ေဒါက္တာေမာင္ေမာင္ႏွင့္ ထိုအခ်ိန္ကအျဖစ္ အပ်က္မ်ားကို ျပန္သတိရလာမိသည္။
သမၼတ ေဒါက္တာေမာင္ေမာင္က ပါတီစုံ
ဒီမိုကေရစီေ႐ြးေကာက္ပြဲကို (၆)လအတြင္း လုပ္ေပး မည္ဟုေၾကညာေတာ့ ထိုေခတ္ႏိုင္ငံေရးသမားတို႔က ေ႐ြးေကာက္ပြဲကို လက္မခံၾကဟု ဆိုသည္။ ၎တို႔ ၏အေၾကာင္းျပခ်က္က (၆)လႏွင့္ ေ႐ြးေကာက္ပြဲလုပ္ လွ်င္ ရွိၿပီးသား တစညပါတီပဲ အႏိုင္ရလိမ့္မည္။ သူ တို႔အတိုက္ခံပါတီေတြ အဆင္သင့္မျဖစ္ေသးဟုဆို ကာ ျငင္းပစ္လိုက္ၾကသည္။
ထိုအခ်ိန္တြင္ ဦးႏုက ႏိုင္ငံေရးေရခ်ိန္ျမင့္ ေတာ့ ]]ေ႐ြးေကာက္ပြဲကိုလက္ခံဖို႔ ေဖ်ာင္းဖ်ၾကည့္ ေသးေၾကာင္း၊ ေ႐ြးေကာက္ပြဲမွာ ရႈံးေတာ့ဘာျဖစ္လဲ၊ ငါတို႔လႊတ္ေတာ္ထဲမွာ အတိုက္အခံနဲ႔ေနၾကဖို႔လို ေၾကာင္း၊ အဓိက က စနစ္ေျပာင္းသြားရန္လိုသည္ဟု စည္း႐ုံးေဖ်ာင္းဖ်ေသာ္လည္းမရခဲ့ေၾကာင္း၊ မျဖစ္ႏိုင္ သည့္ ၾကားျဖတ္အစိုးရမ်ိဳးကို ဖြဲ႕ေပးရန္ေတာင္းဆိုေန ၍ ေနာက္ဆုံး တပ္မေတာ္က အာဏာရယူလိုက္ရ ေၾကာင္း}} ဆရာေက်ာ္ဝင္းက အင္တာဗ်ဴးတစ္ခုတြင္ သူတို႔အမွားကို ေနာင္တရဖြယ္ေျဖၾကားထားသည္ကို ေတြ႕ခဲ့ရသည္။
ယခုလည္း ေ႐ြးေကာက္ပြဲလုပ္မည့္အေပၚ
ဖ်က္လိုဖ်က္ဆီးလုပ္ေနၾကသူမ်ားအေနျဖင့္ သမိုင္း ကို သင္ခန္းစာယူရန္လိုသည္။ လက္နက္ကိုင္လမ္းစဥ္၊ စစ္ဘုရင္ဝါဒကို လက္ကိုင္ျပဳထားသူမ်ားႏွင့္ အလႉ ေငြျဖင့္ စည္းစိမ္ရစ္ေနၾကသည့္ NUG ကဲ့သို႔ အဖြဲ႕ မ်ားကေတာ့ စားက်က္ေပ်ာက္မည္စိုး၍ ေ႐ြးေကာက္ ပြဲကို ခါးေကာင္းခါးေနပါလိမ့္မည္။
သို႔ေသာ္ Global Culture ႏွင့္ ကိုက္ညီ မည့္ ႏိုင္ငံေရးစနစ္ျဖစ္မွသာ တိုင္းျပည္ဟာ ပုံမွန္အ ေျခအေနျပန္ေရာက္လာမည္ျဖစ္သည္။ႏိုင္ငံတကာ တြင္ မ်က္ႏွာပန္းျပန္ပြင့္လာမည္ျဖစ္သလို အဆက္ ျပတ္အထီးက်န္ျခင္းဆိုသည့္ ႏိုင္ငံတကာ၏ ႏိုင္ငံေရး ျငင္းပယ္မႈဒဏ္မွ လြတ္ကင္းလာမည္ျဖစ္သည္။ ထိုသို႔ျဖစ္လာမွသာ ႏိုင္ငံတကာကလည္း ျမန္မာႏိုင္ငံ ႏွင့္ ထိေတြ႕ဆက္ဆံမႈမ်ားျပန္လုပ္လာၿပီး စီးပြားေရး၊ ကုန္သြယ္ေရးအရ ရင္းႏွီးျမႇဳပ္ႏွံမ်ား ဝင္လာမစဲ တသဲ သဲႏွင့္ တိုင္းျပည္လည္း စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္လာ မည္ျဖစ္သည္။ ဤသည္ကို သိရွိနားလည္ သေဘာ ေပါက္ရန္လိုသည္။ ထို႔ေၾကာင့္လည္း ေ႐ြးေကာက္ပြဲကို နတ္ေနကိုင္းႏိုင္ငံေရးသဖြယ္သေဘာထား၍ ဆတ္ ဆတ္ထိမခံ အျပည့္အဝ အကာအကြယ္ေပးေနရျခင္း ျဖစ္သည္။
အခ်ဳပ္ဆိုရလွ်င္ ေ႐ြးေကာက္ပြဲ ႏိုင္ငံေရး သည္ လက္ရွိအခ်ိန္တြင္ အေရးႀကီးႏိုင္ငံေရးျဖစ္ သည္ဟု ႏိုင္ငံအစိုးရက သတ္မွတ္ထားသကဲ့သို႔ ႏိုင္ငံ သားတိုင္းကလည္း က်ရာအခန္းက႑မွ ပါဝင္ကူညီ ေဆာင္႐ြက္ၾကရမည္ျဖစ္သည္။ ႏိုင္ငံေရးဆိုသည္မွာ ပါတီႏိုင္ငံေရးႏွင့္ အမ်ိဳးသားႏိုင္ငံေရးဟူ၍ရွိရာ ပါတီ မ်ားအာဏာရရန္လုပ္သည့္ႏိုင္ငံေရးကို ပါတီႏိုင္ငံ ေရးဟု ေယဘုယ်သတ္မွတ္ၾကသည္။ အမ်ိဳးသားႏိုင္ ငံေရးကမူ တစ္မ်ိဳးသားလုံးႏွင့္ဆိုင္ေသာအေရးကိစၥမ်ားကို အမ်ိဳးသားႏိုင္ငံေရးဟုေခၚၾကသည္။ ပါတီ ႏိုင္ငံေရးျဖစ္ေစ၊ အမ်ိဳးသားႏိုင္ငံေရးျဖစ္ေစ ေနာက္ ဆုံး အႏၲိမရည္မွန္းခ်က္မွာ ႏိုင္ငံ့အေရးကို ေကာင္း ေအာင္ေဆာင္႐ြက္ျခင္းပင္ျဖစ္သည္။ သို႔ေသာ္ ယေန႔ က်င္းပျပဳလုပ္ေတာ့မည့္ေ႐ြးေကာက္ပြဲသည္ အမ်ိဳး သားႏိုင္ငံေရးႏွင့္ဆက္စပ္ေနေသာ ပါတီႏိုင္ငံေရး ျဖစ္သည္ဟု စာေရးသူကသတ္မွတ္ပါသည္။ အ ေၾကာင္းကမူ အခက္အခဲအက်ပ္အတည္း အဖ်က္ သမားမ်ိဳးစုံၾကားမွေဖာက္ထြက္ၿပီး က်င္းပရျခင္းျဖစ္ သျဖင့္ တစ္မ်ိဳးသားလုံးႏွင့္သက္ဆိုင္သည့္ ႏိုင္ငံ့အ ေရးျဖစ္သည္။ ထို႔ေၾကာင့္ အမ်ိဳးသားကာကြယ္ေရး ႏွင့္လုံၿခဳံေရးေကာင္စီသည္ အျခားမည္သည့္ေ႐ြး ေကာက္ပြဲႏွင့္မွ်မတူဘဲ ယခုေ႐ြးေကာက္ပြဲကို အမ်ိဳး သားေရးတာဝန္တစ္ရပ္အေနျဖင့္သတ္မွတ္ကာ ကာ ကြယ္ေစာင့္ေရွာက္ေနသည္ကိုေတြ႕ရွိရပါသည္။ ထို႔ ေၾကာင့္ အမ်ိဳးသားေရးတာဝန္တစ္ရပ္သဖြယ္ အေရး ႀကီးသည့္ " နတ္ေနကိုင္းႏိုင္ငံေရး " ကို မ်က္ကြယ္မျပဳ ဘဲ ႏိုင္ငံသားတာဝန္ေက်ပြန္စြာ မဲေပးၾကရန္လို ေၾကာင္း တိုက္တြန္းလိုက္ရပါသည္။

Related news

© 2021. All rights reserved.