ပြည်ပြေး (၃၀ဝ)ခန့်ကို အမေရိကန်ပို့ပေးမည်ဟုဆိုကာ NUG ဘက်တော်သား အမျိုး သမီးက ဘတ်သန်းရာချီလိမ်လည်

 2474

သုတကျော် (NP News) - အောက်တိုဘာ ၈

NUG ထောက်ခံသူ သင်းအုပ်ဆရာမဟောင်း အမျိုးသမီးက (၂၀၂၁) ခုနှစ် နိုင်ငံရေးဖြစ်စဉ်၌ ပြည်ပထွက်ပြေးသူများကို အမေရိကန်ပို့ပေးမည်ဟုဆို ကာ ဘတ်သန်းပေါင်းများစွာလိမ်လည်သွားခဲ့ကြောင်း အလိမ်ခံရသူများအရေးနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေသူများထံမှသိရသည်။

လိမ်လည်သွားခဲ့သူအမျိုးသမီး၏ အမည်မှာ ဒေါ်လထော်ဂျာနူးဆိုသူဖြစ်ပြီး ယခင်က ထိုင်းနိုင်ငံ မယ်လဒုက္ခသည်စခန်းတွင် နှစ်ရှည်နေထိုင်ခဲ့သူဖြစ်ကာ မဲဆောက်ရှိ Lighthouse MB အသင်းတော်တွင် သင်းအုပ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း International Olive Shade Organization – IOSO အမည်ရှိ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် အောက်တို ဘာ(၂)ရက်က ရေးသားထားချက်အရ သိရသည်။

အဆိုပါအမျိုးသမီးသည် ပြည်ပြေးများကို အမေရိကန်နိုင်ငံသို့ထွက်ခွာနိုင်စေရန် ဆောင်ရွက်ပေးမည်ဟုဆိုကာ လူတစ်ဦးလျှင် ဘတ်သုံးသိန်းအထိ တောင်းခံခဲ့ပြီး ၎င်း၏လိမ်လည်ခြင်းခံခဲ့ရသူ အရေအတွက်မှာ လူပေါင်း (၃၀ဝ)အထိပင်ရှိသည်ဟု အဆိုပါစာတွင်ဖော်ပြထားသည်။ လိမ်လည်ခံရသူများ အနက် တစ်ဝက်ခန့်က ၎င်းတို့ပိုက်ဆံကိုပေးရန် ပြန်တောင်းသည့်အခါတွင် PDF များကိုပေးလိုက်ပြီ ဖြစ်သည့်အတွက် ပိုက်ဆံမရှိတော့ကြောင်း အကြောင်းပြချက်ပေးခဲ့ပြီးနောက် မြန်မာနှင့် ထိုင်းနိုင်ငံ နယ်စပ်၌ ခေတ္တတိမ်းရှောင်ကာ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် မလေးရှားနိုင်ငံသို့ထွက်ခွာသွား ခဲ့ကြောင်း IOSO ၏စာတွင် ရေးသားထားသည်။

ဒေါ်လထော်ဂျာနူး၏ သားသမီးများကိုယ်တိုင်က ၎င်းတို့မိခင် ယခုကဲ့သို့ ကျူးလွန်ကြောင်းကို သိသည်ဟု ဆိုကြသည့်အတွက် အသင်းတော်နေအိမ်မှ ဖယ်ရှားလိုက်ပြီဖြစ်ကာ ဒေါ်လထော်ဂျာနူးကို လည်း သင်းအုပ်ဆရာမအဖြစ်မှ ရပ်ဆိုင်းလိုက်ကြောင်း Light­house MB အသင်းတော်၏စာတွင် ရေးသားထားသည်။ ၎င်းသည် NUG တွင် အလုပ်လုပ်နေသည် ဟုလည်း အလိမ်ခံရသူများကိုပြောခဲ့ပြီး သုံးလအတွင်း အမေရိကန်ဗီဇာရမည်ဟုဆိုကာ ကတိပေးသော်လည်း နှစ်နှစ်ကျော်ကြာသည်အထိ မည်သူမျှ ဗီဇာမရခဲ့ကြောင်းလည်း အသင်းတော်၏စာတွင် ဖော်ပြထားချက်အရ သိရသည်။

zawgyi version
ျပည္ေျပး (၃၀ဝ)ခန႔္ကို အေမရိကန္ပို႔ေပးမည္ဟုဆိုကာ NUG ဘက္ေတာ္ သား အမ်ိဳးသမီးက ဘတ္သန္းရာခ်ီလိမ္လည္
သုတေက်ာ္(NP News) - ေအာက္တိုဘာ ၈

NUG ေထာက္ခံသူ သင္းအုပ္ဆရာမေဟာင္း အမ်ိဳးသမီးက (၂၀၂၁) ခုႏွစ္ ႏိုင္ငံေရးျဖစ္စဥ္၌ ျပည္ပထြက္ေျပးသူမ်ားကို အေမရိကန္ပို႔ေပးမည္ဟုဆို ကာ ဘတ္သန္းေပါင္းမ်ားစြာလိမ္လည္သြားခဲ့ေၾကာင္း အလိမ္ခံရသူမ်ားအေရးႏွင့္ပတ္သက္၍ ကူညီေဆာင္႐ြက္ေပးေနသူမ်ားထံမွသိရသည္။

လိမ္လည္သြားခဲ့သူအမ်ိဳးသမီး၏ အမည္မွာ ေဒၚလေထာ္ဂ်ာႏူးဆိုသူျဖစ္ၿပီး ယခင္က ထိုင္းႏိုင္ငံ မယ္လဒုကၡသည္စခန္းတြင္ ႏွစ္ရွည္ေနထိုင္ခဲ့သူျဖစ္ကာ မဲေဆာက္ရွိ Lighthouse MB အသင္းေတာ္တြင္ သင္းအုပ္အျဖစ္ ေဆာင္႐ြက္ခဲ့သူျဖစ္ေၾကာင္း International Olive Shade Organization – IOSO အမည္ရွိ လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ေအာက္တို ဘာ(၂)ရက္က ေရးသားထားခ်က္အရ သိရသည္။

အဆိုပါအမ်ိဳးသမီးသည္ ျပည္ေျပးမ်ားကို အေမရိကန္ႏိုင္ငံသို႔ထြက္ခြာႏိုင္ေစရန္ ေဆာင္႐ြက္ေပးမည္ဟုဆိုကာ လူတစ္ဦးလွ်င္ ဘတ္သုံးသိန္းအထိ ေတာင္းခံခဲ့ၿပီး ၎၏လိမ္လည္ျခင္းခံခဲ့ရသူ အေရအတြက္မွာ လူေပါင္း (၃၀ဝ)အထိပင္ရွိသည္ဟု အဆိုပါစာတြင္ေဖာ္ျပထားသည္။ လိမ္လည္ခံရသူမ်ား အနက္ တစ္ဝက္ခန႔္က ၎တို႔ပိုက္ဆံကိုေပးရန္ ျပန္ေတာင္းသည့္အခါတြင္ PDF မ်ားကိုေပးလိုက္ၿပီ ျဖစ္သည့္အတြက္ ပိုက္ဆံမရွိေတာ့ေၾကာင္း အေၾကာင္းျပခ်က္ေပးခဲ့ၿပီးေနာက္ ျမန္မာႏွင့္ ထိုင္းႏိုင္ငံ နယ္စပ္၌ ေခတၱတိမ္းေရွာင္ကာ တရားမဝင္လမ္းေၾကာင္းမွတစ္ဆင့္ မေလးရွားႏိုင္ငံသို႔ထြက္ခြာသြား ခဲ့ေၾကာင္း IOSO ၏စာတြင္ ေရးသားထားသည္။

ေဒၚလေထာ္ဂ်ာႏူး၏ သားသမီးမ်ားကိုယ္တိုင္က ၎တို႔မိခင္ ယခုကဲ့သို႔ က်ဴးလြန္ေၾကာင္းကို သိသည္ဟု ဆိုၾကသည့္အတြက္ အသင္းေတာ္ေနအိမ္မွ ဖယ္ရွားလိုက္ၿပီျဖစ္ကာ ေဒၚလေထာ္ဂ်ာႏူးကို လည္း သင္းအုပ္ဆရာမအျဖစ္မွ ရပ္ဆိုင္းလိုက္ေၾကာင္း Light­house MB အသင္းေတာ္၏စာတြင္ ေရးသားထားသည္။ ၎သည္ NUG တြင္ အလုပ္လုပ္ေနသည္ ဟုလည္း အလိမ္ခံရသူမ်ားကိုေျပာခဲ့ၿပီး သုံးလအတြင္း အေမရိကန္ဗီဇာရမည္ဟုဆိုကာ ကတိေပးေသာ္လည္း ႏွစ္ႏွစ္ေက်ာ္ၾကာသည္အထိ မည္သူမွ် ဗီဇာမရခဲ့ေၾကာင္းလည္း အသင္းေတာ္၏စာတြင္ ေဖာ္ျပထားခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.