မလေးရှားနိုင်ငံ၊ Auntie Anne ပေါင်မုန့်ဆိုင်မှာ မုန့်စိမ်းကို နမ်းနေတဲ့ ဝန်ထမ်းရဲ့ဓာတ်ပုံကြောင့် ဆိုင်ပိတ်လိုက်ရ

 5318

ရောင်နီ(NP News) - အောက်တိုဘာ ၁ဝ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ Auntie Anne ပေါင်မုန့်ဆိုင်ခွဲတစ်ခုမှာ ဂျုံနယ်ထားတဲ့ pretzel မုန့်စိမ်းကို နမ်းနေတဲ့ ဝန်ထမ်းတစ်ဦးရဲ့ ဓာတ်ပုံတွေ အွန်လိုင်းမှာ ပျံ့နှံ့သွားခြင်းကြောင့် deep cleaning လုပ်ဖို့ ဆိုင်ပိတ်လိုက်ရတယ်လို့ သိရပါတယ်။

ဆိုင်ကတော့ အဲလစ်ချန်း အမည်ရှိ အဆိုပါ အမျိုးသမီးဝန်ထမ်းကို အလုပ်ထုတ်လိုက်ပြီဖြစ်ပြီး ပိုးသတ်သန့်ရှင်းရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ "Auntie Anne's Malaysia မှာ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေနဲ့ ဝန်ထမ်းတွေအတွက် တစ်ကိုယ်ရေ သန့်ရှင်းမှု၊ ဘေးကင်းရေးဆိုင်ရာ အမြင့်ဆုံးစံနှုန်းတွေလိုက်နာဖို့ ကတိပြုထားပါတယ်၊ ဒီစံနှုန်းတွေကို ထိခိုက်စေတဲ့ ဘယ်လိုလုပ်ရပ်ကိုမှ ခွင့်မလွှတ်နိုင်ပါ။ သေချာ ပိုးသတ်ခြင်းနဲ့ သန့်ရှင်းရေး လုပ်ငန်းစဉ်တွေအတွက် ဆိုင်ကို ယာယီပိတ်ထားပါမယ်၊ ပိုးသတ်လုပ်ငန်းစဉ် ပြီးဆုံးတာနဲ့ လိုအပ်တဲ့ ဘေးကင်းရေး ပရိုတိုကောတွေ အားလုံး စစ်ဆေးပြီးတာနဲ့ ဆိုင်ကို ပြန်လည်ဖွင့်လှစ်ပါမယ်"လို့ ဆိုင်ဘက်က ပြောကြားထားပါတယ်။

Auntie Anne ပေါင်မုန့်ဆိုင်က ဝန်ထမ်း အဲလစ်ချန်းရဲ့ မုန့်စိမ်းကို နမ်းရှုံ့နေတဲ့ ဗီဒီယိုဖိုင်ကို အင်တာနက်အသုံးပြုသူတစ်ဦးက ဆိုရှယ်မီဒီယာမှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး ဗီဒီယိုမှာ ချန်းဟာ လက်အိတ်မပါပဲ ဂျုံနယ်ထားတဲ့ မုန့်စိမ်းအတုံးတစ်တုံးကို ဆွဲယူကာ သူမနှုတ်ခမ်းနဲ့ နမ်းရှိုက်လိုက်၊ မုန့်သားကို ပါးစပ်နဲ့ စုပ်လိုက် လုပ်နေတာ ဖြစ်ပါတယ်။ အဲဒီဗီဒီယို post ဟာ share အရေအတွက် ၄,၆၀၀ ခန့်ရရှိခဲ့ပြီး negative comment တွေ များစွာ ရရှိခဲ့ပါတယ်။

zawgyi version
မေလးရွားႏိုင္ငံ၊ Auntie Anne ေပါင္မုန႔္ဆိုင္မွာ မုန႔္စိမ္းကို နမ္းေနတဲ့ ဝန္ထမ္းရဲ႕ဓာတ္ပုံေၾကာင့္ ဆိုင္ပိတ္လိုက္ရ
ေရာင္နီ(NP News) - ေအာက္တိုဘာ ၁ဝ

မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူရွိ Auntie Anne ေပါင္မုန႔္ဆိုင္ခြဲတစ္ခုမွာ ဂ်ဳံနယ္ထားတဲ့ pretzel မုန႔္စိမ္းကို နမ္းေနတဲ့ ဝန္ထမ္းတစ္ဦးရဲ႕ ဓာတ္ပုံေတြ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔သြားျခင္းေၾကာင့္ deep cleaning လုပ္ဖို႔ ဆိုင္ပိတ္လိုက္ရတယ္လို႔ သိရပါတယ္။

ဆိုင္ကေတာ့ အဲလစ္ခ်န္း အမည္ရွိ အဆိုပါ အမ်ိဳးသမီးဝန္ထမ္းကို အလုပ္ထုတ္လိုက္ၿပီျဖစ္ၿပီး ပိုးသတ္သန႔္ရွင္းေရးလုပ္ငန္းစဥ္ေတြ လုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။ "Auntie Anne's Malaysia မွာ ကြၽန္ေတာ္တို႔ရဲ႕ ေဖာက္သည္ေတြနဲ႔ ဝန္ထမ္းေတြအတြက္ တစ္ကိုယ္ေရ သန႔္ရွင္းမႈ၊ ေဘးကင္းေရးဆိုင္ရာ အျမင့္ဆုံးစံႏႈန္းေတြလိုက္နာဖို႔ ကတိျပဳထားပါတယ္၊ ဒီစံႏႈန္းေတြကို ထိခိုက္ေစတဲ့ ဘယ္လိုလုပ္ရပ္ကိုမွ ခြင့္မလႊတ္ႏိုင္ပါ။ ေသခ်ာ ပိုးသတ္ျခင္းနဲ႔ သန႔္ရွင္းေရး လုပ္ငန္းစဥ္ေတြအတြက္ ဆိုင္ကို ယာယီပိတ္ထားပါမယ္၊ ပိုးသတ္လုပ္ငန္းစဥ္ ၿပီးဆုံးတာနဲ႔ လိုအပ္တဲ့ ေဘးကင္းေရး ပ႐ိုတိုေကာေတြ အားလုံး စစ္ေဆးၿပီးတာနဲ႔ ဆိုင္ကို ျပန္လည္ဖြင့္လွစ္ပါမယ္"လို႔ ဆိုင္ဘက္က ေျပာၾကားထားပါတယ္။

Auntie Anne ေပါင္မုန႔္ဆိုင္က ဝန္ထမ္း အဲလစ္ခ်န္းရဲ႕ မုန႔္စိမ္းကို နမ္းရႈံ႕ေနတဲ့ ဗီဒီယိုဖိုင္ကို အင္တာနက္အသုံးျပဳသူတစ္ဦးက ဆိုရွယ္မီဒီယာမွာ ျဖန႔္ေဝခဲ့တာျဖစ္ၿပီး ဗီဒီယိုမွာ ခ်န္းဟာ လက္အိတ္မပါပဲ ဂ်ဳံနယ္ထားတဲ့ မုန႔္စိမ္းအတုံးတစ္တုံးကို ဆြဲယူကာ သူမႏႈတ္ခမ္းနဲ႔ နမ္းရႈိက္လိုက္၊ မုန႔္သားကို ပါးစပ္နဲ႔ စုပ္လိုက္ လုပ္ေနတာ ျဖစ္ပါတယ္။ အဲဒီဗီဒီယို post ဟာ share အေရအတြက္ ၄,၆၀၀ ခန႔္ရရွိခဲ့ၿပီး negative comment ေတြ မ်ားစြာ ရရွိခဲ့ပါတယ္။

Related news

© 2021. All rights reserved.