စာဆိုဗိမာန် သုံးထပ်အဆောက်အအုံကို အိန္ဒိယနိုင်ငံ၏ အကူအညီအထောက်အပံ့ဖြင့် တည်ဆောက်သွားမည်

 376

စော (NP News) - အောက်တိုဘာ ၁၀

စာဆိုဗိမာန် သုံးထပ်အဆောက်အအုံကို အိန္ဒိယ - မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် အိန္ဒိယနိုင်ငံ၏ အကူအညီအထောက်အပံ့ဖြင့် တည် ဆောက်သွားမည်ဖြစ်ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

အဆိုပါ စာဆိုဗိမာန်အဆောက်အအုံ ရတနာပန္နက်တော်တင် မင်္ဂလာအခမ်း အနားကို ယမန်နေ့ (အောက်တိုဘာ ၉ ရက်)က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ ဗိုလ်မင်းခေါင်လမ်းတွင် ကျင်း ပပြုလုပ်ခဲ့ရာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက နိုင်ငံတော်ဝန်ကြီး ချုပ်၏လမ်းညွှန်ချက်အရ စာဆိုဗိမာန်တည်ဆောက်နိုင်ရေးအတွက် ဆောင် ရွက်ခဲ့မှု အခြေအနေများ၊ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် အိန္ဒိယနိုင်ငံ၏အကူအညီအထောက်အပံ့ဖြင့် သုံးထပ်အဆောက်အ အုံအဖြစ် တည်ဆောက်သွားမည့် အခြေအနေများကို ပြောကြားခဲ့သည်။အဆိုပါစာဆိုဗိမာန်အဆောက်အအုံကို သုံးထပ်အဆောက်အအုံအဖြစ် တည်ဆောက်သွားမည်ဖြစ်ပြီး တည်ဆောက်ပြီးစီးပါက စာပေဖွံ့ဖြိုးမှုဆိုင်ရာ ဆောင်ရွက်မှုသမိုင်းမှတ်တမ်းဓာတ်ပုံများ၊ စာဖတ်ခန်းနှင့် စာကြည့်တိုက်တို့ကို ထည့်သွင်းထားရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သမိုင်းဝင်ဂီတအနုပညာများခင်းကျင်းပြသမည့် ပြခန်းများ၊ ပေပုရပိုက်များခင်းကျင်းပြသမည့် ပြခန်းများ၊ သမိုင်းဝင်ကဗျာများခင်းကျင်းပြသမည့် ပြခန်းများနှင့် စာပေဆုရခဲ့ဖူးသောစာအုပ်စာပေများခင်းကျင်းပြသမည့် ပြခန်းများကိုလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်းသိရသည်။

အလားတူ မြန်မာနိုင်ငံ၌ ထင်ရှားကျော်ကြားခဲ့သည့် ခေတ်သုံးခေတ်မှ စာဆိုတော်ကြီးများ၊ တစ်သက်တာစာပေဆုရရှိခဲ့ကြသည့် စာပေပညာရှင်များနှင့် ကဗျာဆရာများ၏ ရုပ်တုများထားရှိသည့် ပြခန်းများလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
စာဆိုဗိမာန္ သုံးထပ္အေဆာက္အအုံကို အိႏၵိယႏိုင္ငံ၏ အကူအညီအေထာက္အပံ့ျဖင့္ တည္ေဆာက္သြားမည္

ေစာ (NP News) - ေအာက္တိုဘာ ၁၀

စာဆိုဗိမာန္ သုံးထပ္အေဆာက္အအုံကို အိႏၵိယ - ျမန္မာ ခ်စ္ၾကည္ေရး အထိမ္းအမွတ္အျဖစ္ အိႏၵိယႏိုင္ငံ၏ အကူအညီအေထာက္အပံ့ျဖင့္ တည္ ေဆာက္သြားမည္ျဖစ္ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။

အဆိုပါ စာဆိုဗိမာန္အေဆာက္အအုံ ရတနာပႏၷက္ေတာ္တင္ မဂၤလာအခမ္း အနားကို ယမန္ေန႔ (ေအာက္တိုဘာ ၉ ရက္)က ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ ဥယ်ာဥ္ရပ္ကြက္၊ ဗိုလ္မင္းေခါင္လမ္းတြင္ က်င္း ပျပဳလုပ္ခဲ့ရာ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တက္ေရာက္ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ျပန္ၾကားေရးဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ႏိုင္ငံေတာ္ဝန္ႀကီး ခ်ဳပ္၏လမ္းၫႊန္ခ်က္အရ စာဆိုဗိမာန္တည္ေဆာက္ႏိုင္ေရးအတြက္ ေဆာင္ ႐ြက္ခဲ့မႈ အေျခအေနမ်ား၊ အိႏၵိယ-ျမန္မာ ခ်စ္ၾကည္ေရး အထိမ္းအမွတ္အျဖစ္ အိႏၵိယႏိုင္ငံ၏အကူအညီအေထာက္အပံ့ျဖင့္ သုံးထပ္အေဆာက္အ အုံအျဖစ္ တည္ေဆာက္သြားမည့္ အေျခအေနမ်ားကို ေျပာၾကားခဲ့သည္။အဆိုပါစာဆိုဗိမာန္အေဆာက္အအုံကို သုံးထပ္အေဆာက္အအုံအျဖစ္ တည္ေဆာက္သြားမည္ျဖစ္ၿပီး တည္ေဆာက္ၿပီးစီးပါက စာေပဖြံ႕ၿဖိဳးမႈဆိုင္ရာ ေဆာင္႐ြက္မႈသမိုင္းမွတ္တမ္းဓာတ္ပုံမ်ား၊ စာဖတ္ခန္းႏွင့္ စာၾကည့္တိုက္တို႔ကို ထည့္သြင္းထားရွိမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ သမိုင္းဝင္ဂီတအႏုပညာမ်ားခင္းက်င္းျပသမည့္ ျပခန္းမ်ား၊ ေပပုရပိုက္မ်ားခင္းက်င္းျပသမည့္ ျပခန္းမ်ား၊ သမိုင္းဝင္ကဗ်ာမ်ားခင္းက်င္းျပသမည့္ ျပခန္းမ်ားႏွင့္ စာေပဆုရခဲ့ဖူးေသာစာအုပ္စာေပမ်ားခင္းက်င္းျပသမည့္ ျပခန္းမ်ားကိုလည္း ထည့္သြင္းသြားမည္ျဖစ္ေၾကာင္းသိရသည္။

အလားတူ ျမန္မာႏိုင္ငံ၌ ထင္ရွားေက်ာ္ၾကားခဲ့သည့္ ေခတ္သုံးေခတ္မွ စာဆိုေတာ္ႀကီးမ်ား၊ တစ္သက္တာစာေပဆုရရွိခဲ့ၾကသည့္ စာေပပညာရွင္မ်ားႏွင့္ ကဗ်ာဆရာမ်ား၏ ႐ုပ္တုမ်ားထားရွိသည့္ ျပခန္းမ်ားလည္း ထည့္သြင္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.