ဆော်ဒီအာရေးဗျနိုင်ငံ၌ သေဒဏ်အကျဉ်းသား (၂၀ဝ) ခန့်ကို ကွပ်မျက်ခဲ့၊ သေဒဏ်၊ ကွပ်မျက်ပုံနှင့် ကမ္ဘာ့နိုင်ငံများ

 906

Htay Oung (NP News) - အောက်တိုဘာ ၁၁

လွန်ခဲ့တဲ့ စက်တင်ဘာလ (၂၈)ရက် စနေနေ့ အထိ ကွပ်မျက်မှု (၃)ကြိမ်ပြုလုပ်ခဲ့ကြောင်း ဆော်ဒီ အာရေးဗျနိုင်ငံက ကြေညာပါတယ်။ ဆော်ဒီအာဏာပိုင်တို့ ကွပ်မျက်ခဲ့တဲ့ သေဒဏ်ကျအကျဉ်းသားဦးရေ မှာ (၁၉၈)ယောက်ရှိပြီး ပင်လယ်ကွေ့ရေနံ သူဌေးနိုင်ငံရဲ့ ဆယ်စုနှစ် (၃)ခုကျော်အတွင်း ကွပ်မျက်ခံရသူ အများဆုံးအရေအတွက်ဖြစ်တယ်လို့ စက်တင်ဘာ (၂၉) ရက်မှာရေးသားပါတယ်။

(၂၀၂၃)ခုနှစ်တုန်းက ဆော်ဒီနိုင်ငံဟာ တရုတ် နဲ့ အီရန်ပြီးရင် ကမ္ဘာပေါ်မှာ တတိယမြောက် သေ ဒဏ်အကျဉ်းသားကွပ်မျက်မှုအများဆုံး တိုင်းပြည်ဖြစ်ကြောင်း AI ခေါ် “ နိုင်ငံတကာ လွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့ ” ရဲ့အဆိုအရ သိရှိရပါတယ်။

(၁၉၉၀)ပြည့်နှစ်မှစတင်ပြီး ကွပ်မျက်ခံရတဲ့ အကျဉ်းသားအရေအတွက်ဟာ (၁၉၉၅)ခုနှစ်မှာ (၁၉၂)ဦး၊ (၂၀၂၂) ခုနှစ်မှာ (၁၉၆)ဦးတို့နဲ့ အရေအတွက်အများဆုံးဖြစ်ခဲ့ပါတယ်။ ယခုနှစ်အတွင်း ဘုရင့် ကွပ်မျက်မှုအဖွဲ့က သေဒဏ်အပြီးသတ်စီရင်မှု (၃) ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဆော်ဒီပြည်ထဲရေးဝန်ကြီး ဌာနရဲ့ကြေညာချက်အရ သိရပါတယ်။ အဲဒီဦးရေဟာ (၂၀၂၃)ခုနှစ်က (၁၇၀)ဦးထက် များပြားနေပါတယ်။

သေဒဏ်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆော်ဒီဟာ နိုင်ငံတကာရဲ့ဝေဖန်မှုတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေ ရပြီး လူ့အခွင့်အရေးအဖွဲ့တွေကလည်း အပြင်းအထန်ရှုတ်ချနေကြပါတယ်။ ကွပ်မျက်တဲ့ကိစ္စဟာ နိုင်ငံ တကာဇာတ်ခုံမှာ ခေတ်မီတဲ့ပုံရိပ်ကိုပြသဖို့ ချမ်းသာတဲ့နိုင်ငံကြီးရဲ့ကြိုးပမ်းမှုနဲ့အတူ ထက်ကြပ်မကွာ အတူလိုက်ပါနေပါတယ်။

လေသက်သက် စကားလုံးလှလှလေးတွေနဲ့ သူတို့ရဲ့ပုံရိပ်ကို ပြန်လည်တံဆိပ်ကပ်ဖို့ အသည်းအသန် ကြိုးစားနေခိုက် တစ်ဖက်မှာလည်း လူ့အသက်တွေကို မထောက်ထားမညှာတာဘဲ လျစ်လျူရှုထားတယ်လို့ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ အထွေထွေအတွင်းရေးမှူးကပြောပါတယ်။ သေဒဏ်ပေးမှုကို ချက်ချင်း တရားဝင်ရပ်ဆိုင်းပြီး နိုင်ငံတကာစံနှုန်းတွေနဲ့အညီ သေဒဏ်ပေးခံရသူတွေကို ပြန်လည်စစ် ဆေးဖို့ ဆော်ဒီအာရေးဗျကို တောင်းဆိုလိုက်ပါတယ်။

တကယ်တော့ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့မှတ်တမ်းအရ (၂၀၂၃)ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံပေါင်း (၁၆)နိုင်ငံမှာ ကွပ်မျက်ခံရသူ (၁၁၅၃)ဦး ရှိခဲ့ပါတယ်။ အဲဒီအရေအတွက်ဟာ (၂၀၂၂) ခုနှစ် (၈၈၃) ဦး ထက် (၃၁%) တိုးမြင့်လာခြင်းပဲဖြစ်ပါတယ်။ (၂၀၂၂)ခုနှစ် ကမ္ဘာ့နိုင်ငံပေါင်း (၅၅)နိုင်ငံတို့မှာ သေဒဏ် ချမှတ်ခြင်းကိုတွေ့ရှိရပြီး ၎င်းတို့အနက် (၉)နိုင်ငံတို့က လူသတ်မှု၊ စစ်ရာဇဝတ်မှုတို့လို ပြင်းထန် ရာဇဝတ်မှုတွေအတွက် သေဒဏ်ပေး ကွပ်မျက်ခဲ့ပါတယ်။

သေဒဏ်ကွပ်မျက်ရာမှာ တရုတ်နိုင်ငံဟာ အရေအတွက်အများဆုံးနဲ့ လူပေါင်း (၁၀ဝဝ) ကျော်ရှိ လိမ့် မယ်လို့ယုံကြည်ရပေမယ့် သက်ဆိုင်ရာအာဏာပိုင်တွေက အသေးစိတ်သတင်းထုတ်ပြန်ခြင်းမရှိတဲ့ အတွက် အတိအကျပြောဆိုနိုင်ခြင်းမရှိပါဘူး။ အလားတူ မြောက်ကိုရီးယားအတွက်လည်း မသိရှိရပါဘူး။

(၂၀၂၀)ပြည့်နှစ်မှာ ဆော်ဒီနိုင်ငံက အရွယ်မရောက်သေးသူများ၊ မူးယစ်ဆေးဝါးမှုတွေနဲ့ ဆက်နွှယ် တဲ့ပြစ်မှုတွေမှာ သေဒဏ်ပေးမှုကို ဆိုင်းငံ့လိုက်ကြောင်း အဆိုပြုခဲ့ဖူးပါတယ်။ ဒါပေမဲ့ အစိုးရရုံးတွေ၊ တရားရုံးတွေအပေါ် အကြမ်းဖက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ကွပ်မျက်မှုတွေကို တိုးမြှင့်ပြုလုပ်လာခဲ့ရာ ယခင်နှစ်တွေထက် အရေအတွက်နှစ်ဆဖြစ်လာခဲ့ပါတယ်။ (၂၀၂၂)ခုနှစ် ဇန်နဝါရီလ ပထမအသုတ် က လူပေါင်း (၄၃)ဦးကိုကွပ်မျက်ခဲ့ရာမှာ အရွယ်မရောက်သေးသူ (၁၂)ဦးပါဝင်ခဲ့ပါတယ်။ ယင်းနှစ် မတ်လ ဒုတိယအသုတ်ကွပ်မျက်မှုမှာ ယီမင်နိုင်ငံသား (၇)ဦး၊ ဆီးရီးယားနိုင်ငံသား (၁)ဦးအပါအဝင် လူပေါင်း (၈၁) ဦး ကိုကွပ်မျက်ခဲ့ရာ နိုင်ငံ့သမိုင်းမှာ တစ် ရက်တည်း အရေအတွက်အများဆုံး အစုလိုက်အပြုံလိုက် ကွပ်မျက်မှုဖြစ်ပါတယ်။

တရုတ်ပြီးရင် အီရန် (၅၇၆)ဦး၊ ဆော်ဒီ (၁၉၆)ဦး၊ အီဂျစ် (၂၄)ဦး၊ အမေရိကန် (၁၈)ဦး၊ စင်ကာပူ-အီရတ် (၁၁)ဦးစီ၊ ကူဝိတ် (၇)ဦးတို့ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေအပါအဝင် ဆိုမာလီယာ၊ တောင်ဆူဒန်၊ ဗီယက်နမ်ပါ (၁၁)နိုင်ငံတို့ဟာ သေဒဏ်ကွပ်မျက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

တောင်ကိုရီးယား၊ လောနိုင်ငံအပါအဝင် ကမ္ဘာ့ (၅)နိုင်ငံတို့မှာ သေဒဏ်ကွပ်မျက်ခြင်းကို နှစ်ပေါင်း များစွာဆိုင်းငံ့ထားခဲ့ပြီး (၂၀၂၂)ခုနှစ်မှာ ပြန်လည် ကျင့်သုံးပါတယ်။ (၆)နိုင်ငံမှာ သေဒဏ်ကို အပြည့် အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်းဖျက်သိမ်းခဲ့ပြီး (၄)နိုင်ငံကတော့ လုံးဝဖျက်သိမ်းလိုက်ပါတယ်။ တိုကျို မြို့မှာ လူ (၃၆)ဦးသေဆုံးရတဲ့ မီးရှို့မှုအတွက် ဂျပန်နိုင်ငံက အမျိုးသားတစ်ဦးကို သေဒဏ်ပေးခဲ့ပြီး စင် ကာပူ နိုင်ငံကတော့ ဘိန်းဖြူအရောင်းအဝယ်ပြုလုပ်မှုနဲ့ အနှစ် (၂၀)အတွင်း ပထမဆုံးအကြိမ်အဖြစ် (၂၀၂၃)ခုနှစ်မှာ အမျိုးသမီးတစ်ဦးကို ကွပ်မျက်ခဲ့ပါတယ်။ သေဒဏ်ကွပ်မျက်ရာမှာ ကြိုးဆွဲချခြင်းနဲ့အဆိပ်ဆေးထိုးသွင်းခြင်းမှာ အသုံးအများဆုံးဖြစ်ပါတယ်။

အစ္စလာမ် ရှရီယာပြဋ္ဌာန်းချက် ရှေးရိုးမူအရ ဓားကိုအသုံးပြုပြီး သေဒဏ်ကျခံရသူကို ခေါင်းဖြတ် သတ်ခြင်းဟာ ဆော်ဒီတစ်နိုင်ငံတည်းသာလိုက်နာတဲ့ ကွပ်မျက်မှုဖြစ်ပါတယ်။ ဒါပေမဲ့ သေနတ် သို့မ ဟုတ် လက်မရွံ့တပ်ဖွဲ့နဲ့ ကွပ်မျက်ခြင်းလည်းရှိပြီး ဘုရင့်နန်းတော်တည်ရှိရာ ရီယာ့ဒ်မြို့ ဗဟိုရင်ပြင်မှာ ဆောင်ရွက်လေ့ရှိပါတယ်။

ပြုပြင်ပြောင်းလဲနေတဲ့တိုင်းပြည်မှာ သေဒဏ် ကွပ်မျက်မှုကိုစွန့်လွှတ်လိုက်ပြီလို့ လူသိရှင်ကြား ပြောဆိုတဲ့ ဆော်ဒီနိုင်ငံဟာ ကတိအတိုင်းဖြစ်မလာတဲ့အပြင် ပြောင်းပြန်လုပ်ရပ်တွေမြင်နေရတယ်လို့ အရှေ့အလယ်ပိုင်းဒေသ သေဒဏ်ဆန့်ကျင်ရေး လှုပ်ရှားမှုအစည်းအရုံးအကြီးအကဲက ပြောပါတယ်။

ယခု (၂၀၂၄)ခုနှစ်အတွင်း သေဒဏ်ပေးခံရသူများမှာ အကြမ်းဖက်မှု၊ အကြမ်းဖက်ဝါဒနဲ့ဆက်နွှယ် တဲ့ပြစ်မှုတွေအတွက် ပြစ်ဒဏ်ချမှတ်ခံရသူ (၃၂)ဦး၊ မူးယစ်ဆေးဝါးနဲ့ဆက်နွှယ်တဲ့ပြစ်မှုတွေမှာ အပြစ်ရှိ ကြောင်းတွေ့ရှိသူ (၅၂)ဦးတို့ ပါဝင်ပါတယ်။ (၂၀၂၂) ခုနှစ်မှာ ကွပ်မျက်မှု (၁၉၆)ဦးရှိ ကြောင်း ဆော်ဒီလူ့အခွင့်အရေးကော်မရှင်ရဲ့ ယခင်မှတ်တမ်းကို နိုင်ငံတ ကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ကြီးကကိုးကားပေမယ့် AFP သတင်းအေဂျင်စီရဲ့ ရေတွက်မှုအရ အဲဒီနှစ်မှာ (၁၄၇)ဦးရှိပါတယ်။

(၁၉၉၀)ပြည့်နှစ်မတိုင်မီကိန်းဂဏန်းတွေကို ရှင်းလင်းစွာမသိရပေမယ့် မက္ကာမြို့ “ မဟာဗလီ ” ကို အစ္စလာမ္မစ်စစ်သွေးကြွတွေသိမ်းယူမှုကို ဖြိုခွင်းအပြီး နောက်တစ်နှစ် (၁၉၈၀) ပြည့်နှစ်မှာ ခေါင်းဖြတ် ကွပ်မျက်ခံရသူ (၆၃)ဦးရှိကြောင်း “ ဝါရှင်တန်ပို့စ် ” က ဖော်ပြခဲ့ဖူးပါတယ်။

အများပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် သေဒဏ်ပေး ရန် လိုအပ်ကြောင်းနဲ့ တရားခံတွေအနေနဲ့ တရားစီရင်မှုအဆင့်အားလုံးပြီးဆုံးသွားပြီး စီရင်ချက်ချမှသာ ဆောင်ရွက်ရမယ်လို့ ဆော်ဒီနန်းတော်ကပြောခဲ့ဖူးပါတယ်။

အမြဲတစေ မြင့်မားနေတဲ့ ကွပ်မျက်မှုအရေအတွက်ဟာ ဆော်ဒီအာရေးဗျနိုင်ငံကို တရားဝင် အုပ် ချုပ်သူအဖြစ်လူအများမှတ်ယူကြတဲ့ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆဲလ်မန်ရဲ့သတင်းထုတ်ပြန် ချက်တွေ နဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ လူသတ်မှု သို့မဟုတ် လူအမြောက်အမြားရဲ့အသက်အန္တရာယ် ကိုခြိမ်း ခြောက်လာတဲ့အခါမှလွဲပြီး သေဒဏ်ကို ဖယ်ရှားထား ကြောင်း (၂၀၂၂)ခုနှစ် အတ္တလန် တစ် ကောင်စီအစည်းအဝေးမှာ အိမ်ရှေ့မင်းသားကပြောခဲ့ပါတယ်။

သေဒဏ်ကွပ်မျက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆော်ဒီအပေါ် အနောက်နိုင်ငံတွေရဲ့ဖိအားပေးမှုဟာ လွန်ခဲ့ တဲ့နှစ်တွေမှာ သိသိသာသာလျော့ကျသွားခဲ့ကြောင်း၊ ဆော်ဒီအနေနဲ့ သူ့ဘာသာ လွတ်လွတ်လပ်လပ် ပြုမူ နေထိုင်လိုခြင်းကို ခံစားလာပုံရကြောင်း လေ့လာသူ တွေကပြောကြပါတယ်။ ကွပ်မျက်မှုတိုးမြှင့် လာရခြင်း ရဲ့နောက်ကွယ်မှာ အမှန်တကယ် စေ့ဆော်မှုကို ဝေဖန်ပိုင်းခြားဖို့ခက်ခဲတယ်လို့ ပြောကြပါတယ်။

သေဒဏ်ချမှတ်ခြင်းဖြင့် ဆော်ဒီနိုင်ငံ ဆော်ဒီ အကျဉ်းထောင်တွေကို ဗလာဟင်းလင်းဖြစ်သွားစေဖို့ သို့မဟုတ် နိုင်ငံရေးအတိုက်အခံများပင်ဖြစ်စေကာမူ ခြိမ်းခြောက်အကြပ်ကိုင်တဲ့အချက်ပြမှုလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

ဆော်ဒီနိုင်ငံရဲ့ မူးယစ်ဆေးဝါးကျူးလွန်သူတွေ ကိုသေဒဏ်ပေးမှု သိသိသာသာတိုးလာခြင်းကြောင့် ယခုနှစ်အတွင်း ကွပ်မျက်ခံရသူအရေအတွက် စံချိန်တင် တိုးမြင့်လာခြင်းလည်းပါဝင်ပါတယ်။

zawgyi version
ေဆာ္ဒီအာေရးဗ်ႏိုင္ငံ၌ ေသဒဏ္အက်ဥ္းသား (၂၀ဝ) ခန႔္ကို ကြပ္မ်က္ခဲ့၊ ေသဒဏ္၊ ကြပ္မ်က္ပုံႏွင့္ ကမာၻ႔ႏိုင္ငံမ်ား
Htay Oung (NP News) - ေအာက္တိုဘာ ၁၁

လြန္ခဲ့တဲ့ စက္တင္ဘာလ (၂၈)ရက္ စေနေန႔ အထိ ကြပ္မ်က္မႈ (၃)ႀကိမ္ျပဳလုပ္ခဲ့ေၾကာင္း ေဆာ္ဒီ အာေရးဗ်ႏိုင္ငံက ေၾကညာပါတယ္။ ေဆာ္ဒီအာဏာပိုင္တို႔ ကြပ္မ်က္ခဲ့တဲ့ ေသဒဏ္က်အက်ဥ္းသားဦးေရ မွာ (၁၉၈)ေယာက္ရွိၿပီး ပင္လယ္ေကြ႕ေရနံ သူေဌးႏိုင္ငံရဲ႕ ဆယ္စုႏွစ္ (၃)ခုေက်ာ္အတြင္း ကြပ္မ်က္ခံရသူ အမ်ားဆုံးအေရအတြက္ျဖစ္တယ္လို႔ စက္တင္ဘာ (၂၉) ရက္မွာေရးသားပါတယ္။

(၂၀၂၃)ခုႏွစ္တုန္းက ေဆာ္ဒီႏိုင္ငံဟာ တ႐ုတ္ နဲ႔ အီရန္ၿပီးရင္ ကမာၻေပၚမွာ တတိယေျမာက္ ေသ ဒဏ္အက်ဥ္းသားကြပ္မ်က္မႈအမ်ားဆုံး တိုင္းျပည္ျဖစ္ေၾကာင္း AI ေခၚ “ ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္း သာခြင့္အဖြဲ႕ ” ရဲ႕အဆိုအရ သိရွိရပါတယ္။

(၁၉၉၀)ျပည့္ႏွစ္မွစတင္ၿပီး ကြပ္မ်က္ခံရတဲ့ အက်ဥ္းသားအေရအတြက္ဟာ (၁၉၉၅)ခုႏွစ္မွာ (၁၉၂)ဦး၊ (၂၀၂၂) ခုႏွစ္မွာ (၁၉၆)ဦးတို႔နဲ႔ အေရအတြက္အမ်ားဆုံးျဖစ္ခဲ့ပါတယ္။ ယခုႏွစ္အတြင္း ဘုရင့္ ကြပ္မ်က္မႈအဖြဲ႕က ေသဒဏ္အၿပီးသတ္စီရင္မႈ (၃) ႀကိမ္ျပဳလုပ္ခဲ့တယ္လို႔ ေဆာ္ဒီျပည္ထဲေရးဝန္ႀကီး ဌာနရဲ႕ေၾကညာခ်က္အရ သိရပါတယ္။ အဲဒီဦးေရဟာ (၂၀၂၃)ခုႏွစ္က (၁၇၀)ဦးထက္ မ်ားျပားေနပါတယ္။

ေသဒဏ္ေပးတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ေဆာ္ဒီဟာ ႏိုင္ငံတကာရဲ႕ေဝဖန္မႈေတြနဲ႔ ဆက္တိုက္ ရင္ဆိုင္ေန ရၿပီး လူ႔အခြင့္အေရးအဖြဲ႕ေတြကလည္း အျပင္းအထန္ရႈတ္ခ်ေနၾကပါတယ္။ ကြပ္မ်က္တဲ့ကိစၥဟာ ႏိုင္ငံ တကာဇာတ္ခုံမွာ ေခတ္မီတဲ့ပုံရိပ္ကိုျပသဖို႔ ခ်မ္းသာတဲ့ႏိုင္ငံႀကီးရဲ႕ႀကိဳးပမ္းမႈနဲ႔အတူ ထက္ၾကပ္မကြာ အတူလိုက္ပါေနပါတယ္။

ေလသက္သက္ စကားလုံးလွလွေလးေတြနဲ႔ သူတို႔ရဲ႕ပုံရိပ္ကို ျပန္လည္တံဆိပ္ကပ္ဖို႔ အသည္းအသန္ ႀကိဳးစားေနခိုက္ တစ္ဖက္မွာလည္း လူ႔အသက္ေတြကို မေထာက္ထားမညႇာတာဘဲ လ်စ္လ်ဴရႈထားတယ္လို႔ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕ႀကီးရဲ႕ အေထြေထြအတြင္းေရးမႉးကေျပာပါတယ္။ ေသဒဏ္ေပးမႈကို ခ်က္ခ်င္း တရားဝင္ရပ္ဆိုင္းၿပီး ႏိုင္ငံတကာစံႏႈန္းေတြနဲ႔အညီ ေသဒဏ္ေပးခံရသူေတြကို ျပန္လည္စစ္ ေဆးဖို႔ ေဆာ္ဒီအာေရးဗ်ကို ေတာင္းဆိုလိုက္ပါတယ္။

တကယ္ေတာ့ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕ႀကီးရဲ႕မွတ္တမ္းအရ (၂၀၂၃)ခုႏွစ္အတြင္း ကမာၻ႔ႏိုင္ငံေပါင္း (၁၆)ႏိုင္ငံမွာ ကြပ္မ်က္ခံရသူ (၁၁၅၃)ဦး ရွိခဲ့ပါတယ္။ အဲဒီအေရအတြက္ဟာ (၂၀၂၂) ခုႏွစ္ (၈၈၃) ဦး ထက္ (၃၁%) တိုးျမင့္လာျခင္းပဲျဖစ္ပါတယ္။ (၂၀၂၂)ခုႏွစ္ ကမာၻ႔ႏိုင္ငံေပါင္း (၅၅)ႏိုင္ငံတို႔မွာ ေသဒဏ္ ခ်မွတ္ျခင္းကိုေတြ႕ရွိရၿပီး ၎တို႔အနက္ (၉)ႏိုင္ငံတို႔က လူသတ္မႈ၊ စစ္ရာဇဝတ္မႈတို႔လို ျပင္းထန္ ရာဇဝတ္မႈေတြအတြက္ ေသဒဏ္ေပး ကြပ္မ်က္ခဲ့ပါတယ္။

ေသဒဏ္ကြပ္မ်က္ရာမွာ တ႐ုတ္ႏိုင္ငံဟာ အေရအတြက္အမ်ားဆုံးနဲ႔ လူေပါင္း (၁၀ဝဝ) ေက်ာ္ရွိ လိမ့္ မယ္လို႔ယုံၾကည္ရေပမယ့္ သက္ဆိုင္ရာအာဏာပိုင္ေတြက အေသးစိတ္သတင္းထုတ္ျပန္ျခင္းမရွိတဲ့ အတြက္ အတိအက်ေျပာဆိုႏိုင္ျခင္းမရွိပါဘူး။ အလားတူ ေျမာက္ကိုရီးယားအတြက္လည္း မသိရွိရပါဘူး။

(၂၀၂၀)ျပည့္ႏွစ္မွာ ေဆာ္ဒီႏိုင္ငံက အ႐ြယ္မေရာက္ေသးသူမ်ား၊ မူးယစ္ေဆးဝါးမႈေတြနဲ႔ ဆက္ႏႊယ္ တဲ့ျပစ္မႈေတြမွာ ေသဒဏ္ေပးမႈကို ဆိုင္းငံ့လိုက္ေၾကာင္း အဆိုျပဳခဲ့ဖူးပါတယ္။ ဒါေပမဲ့ အစိုးရ႐ုံးေတြ၊ တရား႐ုံးေတြအေပၚ အၾကမ္းဖက္မႈေတြကို တုံ႔ျပန္တဲ့အေနနဲ႔ ကြပ္မ်က္မႈေတြကို တိုးျမႇင့္ျပဳလုပ္လာခဲ့ရာ ယခင္ႏွစ္ေတြထက္ အေရအတြက္ႏွစ္ဆျဖစ္လာခဲ့ပါတယ္။ (၂၀၂၂)ခုႏွစ္ ဇန္နဝါရီလ ပထမအသုတ္ က လူေပါင္း (၄၃)ဦးကိုကြပ္မ်က္ခဲ့ရာမွာ အ႐ြယ္မေရာက္ေသးသူ (၁၂)ဦးပါဝင္ခဲ့ပါတယ္။ ယင္းႏွစ္ မတ္လ ဒုတိယအသုတ္ကြပ္မ်က္မႈမွာ ယီမင္ႏိုင္ငံသား (၇)ဦး၊ ဆီးရီးယားႏိုင္ငံသား (၁)ဦးအပါအဝင္ လူေပါင္း (၈၁) ဦး ကိုကြပ္မ်က္ခဲ့ရာ ႏိုင္ငံ့သမိုင္းမွာ တစ္ ရက္တည္း အေရအတြက္အမ်ားဆုံး အစုလိုက္အၿပဳံလိုက္ ကြပ္မ်က္မႈျဖစ္ပါတယ္။

တ႐ုတ္ၿပီးရင္ အီရန္ (၅၇၆)ဦး၊ ေဆာ္ဒီ (၁၉၆)ဦး၊ အီဂ်စ္ (၂၄)ဦး၊ အေမရိကန္ (၁၈)ဦး၊ စင္ကာပူ-အီရတ္ (၁၁)ဦးစီ၊ ကူဝိတ္ (၇)ဦးတို႔ျဖစ္ပါတယ္။ အဲဒီႏိုင္ငံေတြအပါအဝင္ ဆိုမာလီယာ၊ ေတာင္ဆူဒန္၊ ဗီယက္နမ္ပါ (၁၁)ႏိုင္ငံတို႔ဟာ ေသဒဏ္ကြပ္မ်က္မႈေတြျပဳလုပ္ခဲ့ၾကပါတယ္။

ေတာင္ကိုရီးယား၊ ေလာႏိုင္ငံအပါအဝင္ ကမာၻ႔ (၅)ႏိုင္ငံတို႔မွာ ေသဒဏ္ကြပ္မ်က္ျခင္းကို ႏွစ္ေပါင္း မ်ားစြာဆိုင္းငံ့ထားခဲ့ၿပီး (၂၀၂၂)ခုႏွစ္မွာ ျပန္လည္ က်င့္သုံးပါတယ္။ (၆)ႏိုင္ငံမွာ ေသဒဏ္ကို အျပည့္ အဝ သို႔မဟုတ္ တစ္စိတ္တစ္ပိုင္းဖ်က္သိမ္းခဲ့ၿပီး (၄)ႏိုင္ငံကေတာ့ လုံးဝဖ်က္သိမ္းလိုက္ပါတယ္။ တိုက်ိဳ ၿမိဳ႕မွာ လူ (၃၆)ဦးေသဆုံးရတဲ့ မီးရႈိ႕မႈအတြက္ ဂ်ပန္ႏိုင္ငံက အမ်ိဳးသားတစ္ဦးကို ေသဒဏ္ေပးခဲ့ၿပီး စင္ ကာပူ ႏိုင္ငံကေတာ့ ဘိန္းျဖဴအေရာင္းအဝယ္ျပဳလုပ္မႈနဲ႔ အႏွစ္ (၂၀)အတြင္း ပထမဆုံးအႀကိမ္အျဖစ္ (၂၀၂၃)ခုႏွစ္မွာ အမ်ိဳးသမီးတစ္ဦးကို ကြပ္မ်က္ခဲ့ပါတယ္။ ေသဒဏ္ကြပ္မ်က္ရာမွာ ႀကိဳးဆြဲခ်ျခင္းနဲ႔အဆိပ္ေဆးထိုးသြင္းျခင္းမွာ အသုံးအမ်ားဆုံးျဖစ္ပါတယ္။

အစၥလာမ္ ရွရီယာျပ႒ာန္းခ်က္ ေရွး႐ိုးမူအရ ဓားကိုအသုံးျပဳၿပီး ေသဒဏ္က်ခံရသူကို ေခါင္းျဖတ္ သတ္ျခင္းဟာ ေဆာ္ဒီတစ္ႏိုင္ငံတည္းသာလိုက္နာတဲ့ ကြပ္မ်က္မႈျဖစ္ပါတယ္။ ဒါေပမဲ့ ေသနတ္ သို႔မ ဟုတ္ လက္မ႐ြံ႕တပ္ဖြဲ႕နဲ႔ ကြပ္မ်က္ျခင္းလည္းရွိၿပီး ဘုရင့္နန္းေတာ္တည္ရွိရာ ရီယာ့ဒ္ၿမိဳ႕ ဗဟိုရင္ျပင္မွာ ေဆာင္႐ြက္ေလ့ရွိပါတယ္။

ျပဳျပင္ေျပာင္းလဲေနတဲ့တိုင္းျပည္မွာ ေသဒဏ္ ကြပ္မ်က္မႈကိုစြန႔္လႊတ္လိုက္ၿပီလို႔ လူသိရွင္ၾကား ေျပာဆိုတဲ့ ေဆာ္ဒီႏိုင္ငံဟာ ကတိအတိုင္းျဖစ္မလာတဲ့အျပင္ ေျပာင္းျပန္လုပ္ရပ္ေတြျမင္ေနရတယ္လို႔ အေရွ႕အလယ္ပိုင္းေဒသ ေသဒဏ္ဆန႔္က်င္ေရး လႈပ္ရွားမႈအစည္းအ႐ုံးအႀကီးအကဲက ေျပာပါတယ္။

ယခု (၂၀၂၄)ခုႏွစ္အတြင္း ေသဒဏ္ေပးခံရသူမ်ားမွာ အၾကမ္းဖက္မႈ၊ အၾကမ္းဖက္ဝါဒနဲ႔ဆက္ႏႊယ္ တဲ့ျပစ္မႈေတြအတြက္ ျပစ္ဒဏ္ခ်မွတ္ခံရသူ (၃၂)ဦး၊ မူးယစ္ေဆးဝါးနဲ႔ဆက္ႏႊယ္တဲ့ျပစ္မႈေတြမွာ အျပစ္ရွိ ေၾကာင္းေတြ႕ရွိသူ (၅၂)ဦးတို႔ ပါဝင္ပါတယ္။ (၂၀၂၂) ခုႏွစ္မွာ ကြပ္မ်က္မႈ (၁၉၆)ဦးရွိ ေၾကာင္း ေဆာ္ဒီလူ႔အခြင့္အေရးေကာ္မရွင္ရဲ႕ ယခင္မွတ္တမ္းကို ႏိုင္ငံတ ကာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕ ႀကီးကကိုးကားေပမယ့္ AFP သတင္းေအဂ်င္စီရဲ႕ ေရတြက္မႈအရ အဲဒီႏွစ္မွာ (၁၄၇)ဦးရွိပါတယ္။

(၁၉၉၀)ျပည့္ႏွစ္မတိုင္မီကိန္းဂဏန္းေတြကို ရွင္းလင္းစြာမသိရေပမယ့္ မကၠာၿမိဳ႕ “ မဟာဗလီ ” ကို အစၥလာမၼစ္စစ္ေသြးႂကြေတြသိမ္းယူမႈကို ၿဖိဳခြင္းအၿပီး ေနာက္တစ္ႏွစ္ (၁၉၈၀) ျပည့္ႏွစ္မွာ ေခါင္းျဖတ္ ကြပ္မ်က္ခံရသူ (၆၃)ဦးရွိေၾကာင္း “ ဝါရွင္တန္ပို႔စ္ ” က ေဖာ္ျပခဲ့ဖူးပါတယ္။

အမ်ားျပည္သူလူထုရဲ႕ အသက္အိုးအိမ္စည္းစိမ္ကို ထိန္းသိမ္းေစာင့္ေရွာက္ရန္အတြက္ ေသဒဏ္ေပး ရန္ လိုအပ္ေၾကာင္းနဲ႔ တရားခံေတြအေနနဲ႔ တရားစီရင္မႈအဆင့္အားလုံးၿပီးဆုံးသြားၿပီး စီရင္ခ်က္ခ်မွသာ ေဆာင္႐ြက္ရမယ္လို႔ ေဆာ္ဒီနန္းေတာ္ကေျပာခဲ့ဖူးပါတယ္။

အၿမဲတေစ ျမင့္မားေနတဲ့ ကြပ္မ်က္မႈအေရအတြက္ဟာ ေဆာ္ဒီအာေရးဗ်ႏိုင္ငံကို တရားဝင္ အုပ္ ခ်ဳပ္သူအျဖစ္လူအမ်ားမွတ္ယူၾကတဲ့ အိမ္ေရွ႕မင္းသား မိုဟာမက္ဘင္ဆဲလ္မန္ရဲ႕သတင္းထုတ္ျပန္ ခ်က္ေတြ နဲ႔ ဆန႔္က်င္ဘက္ျဖစ္ပါတယ္။ လူသတ္မႈ သို႔မဟုတ္ လူအေျမာက္အျမားရဲ႕အသက္အႏၲရာယ္ ကိုၿခိမ္း ေျခာက္လာတဲ့အခါမွလြဲၿပီး ေသဒဏ္ကို ဖယ္ရွားထား ေၾကာင္း (၂၀၂၂)ခုႏွစ္ အတၱလန္ တစ္ ေကာင္စီအစည္းအေဝးမွာ အိမ္ေရွ႕မင္းသားကေျပာခဲ့ပါတယ္။

ေသဒဏ္ကြပ္မ်က္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး ေဆာ္ဒီအေပၚ အေနာက္ႏိုင္ငံေတြရဲ႕ဖိအားေပးမႈဟာ လြန္ခဲ့ တဲ့ႏွစ္ေတြမွာ သိသိသာသာေလ်ာ့က်သြားခဲ့ေၾကာင္း၊ ေဆာ္ဒီအေနနဲ႔ သူ႔ဘာသာ လြတ္လြတ္လပ္လပ္ ျပဳမူ ေနထိုင္လိုျခင္းကို ခံစားလာပုံရေၾကာင္း ေလ့လာသူ ေတြကေျပာၾကပါတယ္။ ကြပ္မ်က္မႈတိုးျမႇင့္ လာရျခင္း ရဲ႕ေနာက္ကြယ္မွာ အမွန္တကယ္ ေစ့ေဆာ္မႈကို ေဝဖန္ပိုင္းျခားဖို႔ခက္ခဲတယ္လို႔ ေျပာၾကပါတယ္။

ေသဒဏ္ခ်မွတ္ျခင္းျဖင့္ ေဆာ္ဒီႏိုင္ငံ ေဆာ္ဒီ အက်ဥ္းေထာင္ေတြကို ဗလာဟင္းလင္းျဖစ္သြားေစဖို႔ သို႔မဟုတ္ ႏိုင္ငံေရးအတိုက္အခံမ်ားပင္ျဖစ္ေစကာမူ ၿခိမ္းေျခာက္အၾကပ္ကိုင္တဲ့အခ်က္ျပမႈလည္း ျဖစ္ႏိုင္တယ္လို႔ သုံးသပ္ပါတယ္။

ေဆာ္ဒီႏိုင္ငံရဲ႕ မူးယစ္ေဆးဝါးက်ဴးလြန္သူေတြ ကိုေသဒဏ္ေပးမႈ သိသိသာသာတိုးလာျခင္းေၾကာင့္ ယခုႏွစ္အတြင္း ကြပ္မ်က္ခံရသူအေရအတြက္ စံခ်ိန္တင္ တိုးျမင့္လာျခင္းလည္းပါဝင္ပါတယ္။

Related news

© 2021. All rights reserved.