နန်းစောင့် နစက၏ နန်းအပ်အကြို ငြိမ်းချမ်းရေးညီလာခံနှင့် နန်းဖျက်နွားတို့၏ နှုတ်ရိုင်းမှုများ (ဆောင်းပါး)

 3298

မျိုးမင်း(မကျည်းလဟာ) - အောက်တိုဘာ ၁၂

အောက်တိုဘာ(၁၅)ရက်တွင် NCA (၉)နှစ်ပြည့် ညီလာခံရှိ၏။ ထိုညီလာခံအတွက် နစက အစိုးရဘက်က အကြိုပြင်ဆင်မှုများ စတင်လုပ် ဆောင်နေပြီဟု နားလည်မိသည်။ အထူးသဖြင့် NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသော လက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ကြားရေးနှင့် အခြားသော ဆက်စပ်လက်နက်ကိုင်အဖွဲ့အစည်းများကိုပါ ထည့်သွင်းအသိအမှတ်ပြုရေးအတွက် ဖြစ် သည်။ NCA စာချုပ်ချုပ်စဉ်က အသိသက်သေအဖြစ် ပါဝင်ခဲ့ကြသော နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း ဖိတ်ကြားမည်မှာ သေချာ၏။

(၉)နှစ်ပြည့် ညီလာခံကို တက်ရောက်ခြင်း ရှိ၊ မရှိက သက်ဆိုင်သူများ၏ သဘောထားဖြစ်သကဲ့သို့ ဖိတ်ကြားရမည့်သူကလည်း မဖြစ်မနေဖိတ်ကြားမည်မှာ မလွဲပင်။ ထူးခြားသည်မှာ (၉)နှစ်ပြည့် ညီလာခံမတိုင်မီ တစ်လခန့်အလို စက် တင်ဘာ(၂၆)ရက်၌ ထွက်ပေါ်လာသော နစက၏ စိတ်ဝင်စားဖွယ် ထုတ်ပြန်ချက်တစ်စောင်ဖြစ်သည်။ ထိုထုတ်ပြန်ချက်၌ ဤသို့ဖော်ပြထား၏။

"နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်း လမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခြင်း" ဟူ၍ ပင်။ နိုင်ငံအတွင်း၌ လက်နက်ကိုင်တိုက်ခိုက်ကြခြင်း များကြောင့် နိုင်ငံသူ၊နိုင်ငံသားအများအပြားနှင့် ရ ဟန်းသံဃာများပါမကျန် ဆုံးပါးထားရသည်။ နိုင်ငံပိုင် အဆောက်အအုံများလည်း ပျက်စီးရသကဲ့သို့ နိုင်ငံအတွင်း၌ အမုန်းမျိုးစေ့က ရှင်သန်ကြီးထွားသထက် ကြီးထွားပြီး အပင်ပေါက်လာနေသည်။

"နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံး နစ်နာမှုများကို ထောက်ရှု၍ ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲ ဖော်ဆောင်နိုင်ရန် အလို့ငှာ၊ နိုင်ငံတော်အား ဆန့်ကျင် တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ၊အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အ စည်းများ၊ အကြမ်းဖက် PDF များအနေဖြင့် လက် နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေး လမ်းကြောင်းဖြင့်သော်လည်းကောင်း၊ ရွေးကောက် ပွဲလမ်းကြောင်းမှသော်လည်းကောင်း နိုင်ငံရေးပြဿ နာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးအတွက် ဆက်သွယ်ဆောင်ရွက်ကြပါရန် ကမ်းလှမ်းဖိတ်ခေါ် အပ်ပါသည်"ဟု နစက၏ ကြေညာချက် အနှစ်ချုပ်က ဆိုသည်။

ထိုဖိတ်ခေါ်ချက်သည် အံ့အားသင့်ဖွယ် ရာပင်။ အဘယ်ကြောင့်ဆိုသော် ယခင်ကာလများက ဖိတ်ခေါ်ခဲ့သည့် ငြိမ်းချမ်းရေး ကမ်းလှမ်းချက်များ တွင် PDF များ မပါဝင်သကဲ့သို့ အကြမ်းဖက်လုပ်ရပ် များကို စွန့်လွှတ်ရမည်ဟု သတိပေးထားသည်။ အထူးသဖြင့် အကြမ်းဖက်လုပ်ရပ်များကို စွန့်လွှတ် ကြောင်း ကမ္ဘာသိကြေညာကာ အလင်းဝင်လာကြရန်၊ ယင်းအထဲမှ အကြမ်းဖက်သတ်ဖြတ်မှု မကျူးလွန် ထားသူများကိုသာ ပြန်လည်လက်ခံပေးမည်ဟု ထည့် သွင်းအသိပေးထားဖူးသည်။ ယခုတစ်ကြိမ်တွင်မူ အကြမ်းဖက်လုပ်ရပ်များကို မေ့ပျောက်ပေးမည့် သဘောမျိုး အတိအလင်းဖော်ပြထားသည်။

ယခင်က မည်သို့ပင် ကြမ်းတမ်းရက်စက်သော သတ်ဖြတ်မှုများ၊ တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ဖြစ်စေ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်း လမ်းဖြင့်သာ ဖြေရှင်းတော့မည်ဟု PDF နှင့် EAOs များဘက်မှ ဆက်သွယ်လာပါက နစကအနေဖြင့် အဆုံးစွန်ထိ လျှော့ချဆက်ဆံပေး၍လက်ခံသွားမည့် သဘောထားမျိုးကို ပြသလာခြင်းဖြစ်သည်။ စိတ်ပိုင်း ဆိုင်ရာအရဖြစ်စေ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာအရဖြစ်စေ နစကဘက်က အဆုံးစွန်အထိ ပြင်ဆင်ထားပြီး ပြန်လည်လက်ခံပေးရန် ကြိုးစားနေခြင်းလည်း ဖြစ် သည်။ သို့သော် ကြေညာချက်မဆုံးခင်ကတည်းက နစက၏ထုတ်ပြန်ချက်အပေါ် လှောင်ပြောင်မှုများ နှင့်အတူ အတွင်းစိတ်သဏ္ဌာန်ကို လက်နက်ကိုင် အကြမ်းဖက်သမားများက လှစ်ဟပြခဲ့သည်။ KIA မှ ဂွမ်မော်ဆိုသူသည် ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှတစ် ဆင့် ယခုကဲ့သို့ လှောင်ပြောင်၏။

"ဘာကြောင့် အာဏာလွှဲပြောင်းယူလိုက်ရတာလဲဆိုတာကို ထုချေလွှာတင်ပြနဲ့ သန်းခေါင်စာရင်းကောက်မည်ဖြစ်ကြောင်း ကြေညာသော ထုတ် ပြန်ချက်ဖြစ်နေ။ ခေါ်ပုံခေါ်နည်း နည်းနည်းများလို နေသလားလို့ပါ"ဟု ကချင်လက်နက်ကိုင်အဖွဲ့KIAဒုတိယခေါင်းဆောင်အဆင့်ရှိသူ ဂွမ်မော်က ရေးသားသည်။

အလားတူ NUG ထောက်ပို့လော်ဘီ ပန် ဆယ်လိုကလည်း "အရင်တုန်းက EAOs တွေကိုပဲ ငြိမ်းချမ်းရေးဆွေးနွေးမယ်။ PDF တွေကို မဆွေးနွေး နိုင်ဘူးဆိုပြီး အခုကျတော့ EAOs တွေရော PDFတွေရောနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပါရစေတဲ့။ ဒီ ကောင်တွေ ဆွေးနွေးမယ်မကလို့ ခြေမပဲလာစုပ်စုပ် အဖက်လုပ်စရာမရှိ။ ဒါပေမဲ့ ဒီလေသံပြောင်းလဲမှုက လေးနှစ်နီးပါး ငုံ့မခံဘဲ တုံ့ပြန်ခဲ့တဲ့ ပြည်သူ့ရုန်းကန်မှု အသီးအပွင့်ပါပဲ"ဟု ရေးသားသည်။

ထိုရေးသားချက်များနှင့်အတူ ရောထွေးပါလာသော ဝါဒဖြန့်မှုတစ်ခုက စစ်ရှုံးနေသည့်အတွက် စစ်တပ်က အောက်ကျို့ခံဖိတ်ခေါ်နေရပြီဆိုသော အ ချက်ပင်။ KNU မှ စောတောနီးကလည်း နစက၏ကြေညာချက်ကို နားငြီးကြောင်း၊ ယခင်ကတည်းက အကြိမ်ကြိမ်ပြောထားသည့် အဓိကအချက်သုံးချက် ကို စစ်တပ်က လိုက်နာလျှင် ငြိမ်းချမ်းရေးဆွေးနွေး မည်ဟု မီဒီယာများနှင့်ပြောသည်။ စောတောနီးပြောသည့် KNU တို့ တောင်းဆိုထားသော အဓိကအ ချက်(၃)ချက်သည် တပ်မတော်က နိုင်ငံရေးထဲမှ ထွက်ရန်၊ အရပ်သားအုပ်ချုပ်မှုအောက်တွင်နေရန် နှင့် ယခင်က ကျူးလွန်ခဲ့သောလုပ်ရပ်များအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှစ၍ တပ်မတော် သားအားလုံး အပြစ်ဒဏ်ခံယူရန်ဆိုသော လိုတိုရှင်း ဖွင့်ဆိုချက်များ ဖြစ် သည်။

NUG ကလည်း အောက်တိုဘာ(၁)ရက် တွင် စာထုတ်၍ လက်မခံကြောင်းနှင့် ဆက်လက် ဆန့်ကျင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကြွေးကြော် သည်။ နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေခြင်းမရှိသည့် အခြားသောတိုင်းရင်းသားလက်နက်ကိုင်များကလည်း နစက၏စာကို လက်မခံကြောင်းသာ တွင် တွင်ငြင်းဆိုလာကြသည်။ ဤနေရာတွင် စဉ်းစား ထောက်ရှုစရာများ ရှိလာသည်။ ဂွမ်မော်ပြောသော အချက်များအရ ခေါ်ပုံခေါ်နည်း မှားနေသည်ဆိုလျှင် ခေါ်ပုံခေါ်နည်းအမှန်က မည်သည့်အရာနည်း။ ထိုအ ချက်ကို ဂွမ်မော် မပြောနိုင်ခဲ့ပေ။ သေချာသည်မှာ ဂွမ်မော်ကိုယ်တိုင်ပင်လျှင် ရွေးကောက်ပွဲကို ကြောက်ရွံ့နေပုံရ၏။

ရွေးကောက်ပွဲဖြင့် နိုင်ငံရေးလုပ်ရမည်ကို "ဖံခင်"(ထောက်ခံသူများအား ခင်မင်ကြောင်းပြသမှု) ရမည်ထက်ပို၍ စိုးရိမ်နေပုံရသည်။ အဘယ် ကြောင့်ဆိုသော် လက်ရှိ၎င်းရထားသော ရာထူးသည် ကချင်ပြည်သူလူထုနှင့် ကချင်ပြည်နယ်အတွင်းရှိ အခြား သောတိုင်းရင်းသားများက ရွေးချယ်တင်မြှောက်ပေးထားခြင်းမျိုး မဟုတ်ပေ။ လက်နက်ကိုင်လမ်းစဉ်ကို လိုက်၍ သေနတ်တကားကားဖြင့် အနိုင်ကျင့်ဗိုလ်ကျ အုပ်ချုပ်ခြင်းမှတစ်ဆင့် ရရှိလာသော လက်နက်ကိုင် သူပုန်ရာထူးသာ ဖြစ်သည်။ မည်သည့်နိုင်ငံကမှ ၎င်း၏ရာထူးကို တရားဝင်အသိအမှတ်ပြုပေးခြင်းမရှိသကဲ့သို့ ကောဇောနီခင်း၍ကြိုရန် ဖိတ်ကြားခဲ့ခြင်း လည်း မရှိပေ။ ကချင်ပြည်နယ်အတွင်း၌ပင်လျှင် ၎င်း၏ရာထူးက အကန့်အသတ်ဖြင့်သာ ရှိနေသည်။ နစက သို့မဟုတ် ခေတ်အဆက်ဆက် နိုင် ငံတော်အစိုးရများကသာ ခွင့်မပြုလျှင် ၎င်း၏သွား လာလှုပ်ရှားရာနယ်မြေသည်လည်း ကျဉ်းမြောင်းနေမည်ဖြစ်သည်။ လက်ရှိတွင်ပင် ဂွမ်မော်အပါအဝင် KIA/KIO ထိပ်ပိုင်းခေါင်းဆောင်အားလုံးက နိုင်ငံ တွင်း၌ စိတ်အေးလက်အေးသွားလာရဲခြင်းမရှိဘဲ လူ လုံးမပြနိုင်သည့်ဘဝမျိုး ဖြစ်နေသည်။ ကချင်ပြည် နယ်အတွင်းရှိ မြို့ရွာအားလုံးကိုပင် ပေါ်ပေါ်ထင်ထင် သွားလာရဲခြင်းမရှိတော့ဘဲ ပုန်းလျိုးကွယ်လျိုးဘဝဖြင့် အသက်ရှင်နေရသည်။ ဂွမ်မော်ထက်ပို၍ စောသော KIO ထူထောင်သူ လထော်ဇော်ဆိုင်းပင်လျှင် သေသွားသည်အထိ သူပုန်ဘဝမှ လွတ်မြောက်ခဲ့ခြင်း မရှိပေ။ ထို့အတူ နိုင်ငံ တစ်နံတစ်လျားသို့ လူရာဝင်ဝင် လမ်းထွက်လျှောက်နိုင်ခဲ့ခြင်းမရှိဘဲ ပုန်းလျှိုးကွယ် လျှိုးဘဝဖြင့် နိုင်ငံတော်ကိုလက်နက်ကိုင် ပုန်ကန်သူ အဖြစ်သာ သမိုင်းတွင်သွားခြင်းဖြစ်သည်။

ဂွမ်မော်ထက်ပို၍စောသောပုဂ္ဂိုလ်များပင်လျှင် သူပုန်ဘဝမှလွတ်မြောက်ခြင်းမရှိလျှင် ဂွမ်မော် သည်လည်း ထူးမခြားနားဖြစ်နိုင်သည်။ အသက် အားဖြင့်(၆၀)ကျော်လာသည့်တိုင် ဂွမ်မော်၏ဘဝ သည် နိုင်ငံနှင့်ချီ၍ လူရာဝင်ခြင်း၊ လူတောတိုးခြင်း၊ လူဝင်ဆံ့ခြင်း၊ လူလူသူသူနေရခြင်းမရှိဘဲ အနူ တော၌သာ လူချောလုပ်၍ ကွယ်လွန်ရမည့်ကာလကို စောင့်ဆိုင်းနေပုံရသည်။ ၎င်း၏ရာထူးသည်လည်း သေဆုံးချိန်ရောက်မှသာ ကွယ် ပျောက်သွားခြင်းမျိုး ဖြစ်ပြီး လက်နက်နှင့် စစ်အာဏာကိုမသေမချင်း ဆုပ် ကိုင်၍ အကြောက်တရားတို့ဖြင့် ရှင်သန်နေရပုံရ၏။ ပို၍ဆိုးသည်မှာ လက်နက်ကိုင်ထားသူဖြစ်ပါလျက်နှင့် ကလောင်ကိုင်ထားသူ လူငယ်သတင်းထောက်များကိုပင် နိုင်ငံသိခြိမ်းခြောက်မှုကြီးကို ကျုးလွန်ခဲ့သည်။

ထိုခြိမ်းခြောက်မှုသည်ကား ဂွမ်မော်၏ အတွင်းစိတ်သဏ္ဌာန်နှင့် အသိဉာဏ်ဆင်ခြင်တုံတရား မရှိမှု ပြယုဂ်ဖြစ်လာသည်။ အကယ်၍သာ ဂွမ်မော်က ငြိမ်းချမ်းရေးလမ်းကြောင်းကို လျှောက်ခဲ့မည်ဆိုလျှင် ရန်ကုန်အပါအဝင် နိုင်ငံအနှံ့မှမြို့များသည် ၎င်းအ တွက် စိတ်ကြိုက်သွားလာနိုင်သော တရားဝင်မှုကို ရ မည်ဖြစ်၏။ သို့သော် ဂွမ်မော်တွင် သတ္တိရှိပုံမရ။ သွေး ကြောင်သူတစ်ဦးသဖွယ် ရွေးကောက်ပွဲကို ရန်ရှာ သည်။ NCA ကို ရှောင်လွှဲသည်။ အမှန်တွင် NCA သည် တပ်မတော်နှင့်အစိုးရက ဦးဆောင်ရေးဆွဲခဲ့ သော စာချုပ်စာတမ်းမဟုတ်ပေ။ ဂွမ်မော်အပါအဝင် လက်နက်ကိုင်အဖွဲ့များအားလုံးက မူကြမ်းကိုင်၍ စကားပြောလာခြင်းမှ စတင်မြစ်ဖျားခံသည်။ ၎င်းတို့ စတင်ခဲ့သော်လည်း အမှန်တကယ်လက်မှတ်ထိုး မည့်နေ့တွင်မူ လူရမ်းကားဗီဇကို ပြသကြသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာသံတမန်များ ရှေ့မှောက်၌ ရေးထိုးကြရသည့် NCA စာချုပ် လက်မှတ်ကို မလေးမစားပြုကြသည်။ တစ်နည်း အားဖြင့် နိုင်ငံတကာသံတမန်များကို မလေးမစားပြု၍ ရမ်းကားပြကြခြင်းမျိုးလည်း ဆိုနိုင်သည်။ စောတော နီးနှင့် KNU ၏ တောင်းဆိုချက်သည်လည်း ကိုယ့် မျက်ချေးကို ကိုယ်တိုင်ပြန်မြင်ပုံမရပေ။ "စစ်တပ် က နိုင်ငံရေးထဲကနေ ထွက်ရမယ်" ဟု ပထမတစ်ချက် အဖြစ် စောတာနီးတို့က ပြောသည်။ စစ်တပ်ကို နိုင်ငံ ရေးထဲမှ ထွက်ခိုင်းသောအုပ်စု၏လက်ထဲတွင် သေ နတ်များကိုင်ထားကြသည်။ စစ်စည်းကမ်းဥပဒေမရှိ။ ရမ်းရမ်းကားကားဖြင့် လူသတ်မှုမျိုးစုံကို ကျူးလွန် ထားကြသည်။ တစ်ဖွဲ့တည်းမဟုတ်။ EAOs ခေါင်း စဉ်တပ်၍ နိုင်ငံတစ်ဝန်း၌ လက်နက်ကိုင်လူမိုက်လုပ် နေသောအဖွဲ့ကြီး အဖွဲ့ငယ်(၅၀)ထက်မက ရှိသည်။ ထိုအခြေအနေမျိုးတွင် တပ်မတော်ကသာ နိုင်ငံ ရေးထဲ၌ ဝင်မပါဘဲ စစ်တန်းလျားတွင်သာ ရှိနေပါက တစ်တိုင်းပြည်လုံး သူတစ်လူ ငါတစ်မင်းဖြင့် မင်းမဲ့တိုင်း ပြည်ဖြစ်မည်။ လိုရင်းဆိုရလျှင် ကရင်နယ်မြေတွင်း၌ လက်နက်ကိုင်အဖွဲ့(၄)ဖွဲ့ထက်မနည်းရှိသည်။ ထို(၄)ဖွဲ့သည် ကရင်ပြည်နယ်အတွင်းမှာပင်လျှင် ဦးသူစားစတမ်းဖြင့် လက်နက်မဲ့ပြည်သူများကို အနိုင် ကျင့်နှိပ်စက်မှုများရှိသည်။ (၄)ဖွဲ့လုံး အချင်းချင်း လည်း မတည့်ကြပေ။ (၄)ဖွဲ့ပေါင်း၍ ကရင်ပြည်နယ် အစိုးရတစ်ရပ် ဖွဲ့ကြည့်ပါဟု ဆိုလျှင်ပင် အချင်းချင်း သတ်၍သေကြမည်မှာ သေချာသည်။

ထိုသို့ မညီမညွတ်ဖြစ်နေကြသော လက်နက်ကိုင်အဖွဲ့များစွာကို မည်သူက ထိန်းကျောင်း မည်နည်း။ ကရင်ပြည်နယ်အတွင်း၌ ကရင်တိုင်းရင်း သားတို့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝ ရကြခြင်းမရှိပေ။ ကရင်(၄)ဖွဲ့ထဲမှ မည်သူက ပေးမည်နည်း။ "အရပ်သားအုပ်ချုပ်မှုအောက်မှာပဲ စစ်တပ်က နေရမယ်"ဟု စောတောနီး၏ ဒုတိယ မြောက်ပြောကြားချက်သည် ပရမ်းပတာနိုင်လွန်းလှသည်။ အရပ်သားအုပ်ချုပ်မှုအောက်တွင်နေရမည် ဟု ဆိုလျှင် မည်သည့်အရပ်သားအုပ်ချုပ်မှု အောက် တွင်နည်း။ စောတောနီး၏အုပ်ချုပ်မှုအောက်တွင် နေရမည်လား သို့မဟုတ် ကရင်(၄)ဖွဲ့က စုပေါင်းဖွဲ့ စည်းထားသော အစိုးရတစ်ရပ်အောက်တွင်နေရ မည်လား။ ထိုအချက်ကို စောတောနီးဖြေရန်လို၏။ လက်ရှိအချိန်၌KNU အပါအဝင် လက်နက်ကိုင်အဖွဲ့ ပေါင်းများစွာက ကိုယ့်မင်းကိုယ့်ချင်း ဖြစ်နေကြသည်။

KNU ၏အမိန့်ကို KIA က နားထောင် ပါမည်လား၊ NUG က နားထောင်ပါမည်လား၊ မည် သူက အမိန့်ပေး ဦးဆောင်မည်နည်း။ စုပေါင်းခေါင်း ဆောင်မှုအတွက် KNU ၊ KIA အပါအဝင် အားလုံး စုစည်းတိုင်ပင်၍ ရွေးချယ်တင်မြှောက်ထားသော၊ ပြည်သူလူထုလည်း လက်ခံသော အစိုးရမျိုး၊ ခေါင်းဆောင်မျိုး ပေါ်ပေါက်လာခြင်း ရှိမနေပေ။ မည်သည့်အရပ်သားအစိုးရနည်း။ နစကအစိုးရ ဘက်က ဖိတ်ခေါ်ခဲ့သော ကမ်းလှမ်းမှု၏ နောက်ကွယ် တွင် အဓိပ္ပာယ်ပါဝင်ပြီး ဖြစ်သည်။ တပ်မတော်သည် အရပ်သားအစိုးရအုပ်ချုပ်မှုအောက်တွင် နေလိုပုံရ၏။ ထို့အတွက်ကြောင့် ရွေးကောက်ပွဲနှင့် ပါတီနိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံ ရေးနည်းဖြင့် ဖြေရှင်းကြရန်ဟု တိုက်တွန်းခဲ့ခြင်း ဖြစ် သည်။ ပါတီနိုင်ငံရေးလမ်းကြောင်းကိုလိုက်၍ ရွေး ကောက်ပွဲကို ဝင်ပြိုင်ခဲ့မည်ဆိုပါက စောတောနီးလည်း ကရင်ဝန်ကြီးချုပ် သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌဖြစ် လာနိုင်သည်။ ဂွမ်မော်လည်း ကချင်ဝန်ကြီးချုပ် သို့ မဟုတ် လွှတ်တော်ဥက္ကဋ္ဌဖြစ်လာနိုင်သည်။ ၎င်းတို့၏ အုပ်ချုပ်မှုအောက်တွင် စစ်တပ်က ရှိမည်ဖြစ်သည်။ အရပ်သားအုပ်ချုပ်မှုအောက်တွင် နေလို၍သာ ပါတီ နိုင်ငံရေးလမ်းကြောင်းနှင့် ရွေးကောက်ပွဲမှတစ်ဆင့် တက်လာသော အရပ်သားအစိုးရထံ အာဏာပြန် လည်အပ်နှင်းမည်ဟု အတိအလင်းပြောထားခြင်းဖြစ်သည်။

သို့သော် စောတောနီးနှင့် ဂွမ်မော်တို့က ရွေးကောက်ပွဲကို ကြောက်ပုံရ၏။ ၎င်းတို့ကိုယ်တိုင် လည်း ရွေးကောက်ပွဲဝင်လျှင် အနိုင်ရမည်ဟု ယုံ ကြည်ချက်ရှိပုံမရ။ အစိုးရတစ်ရပ်အဖြစ် တာဝန်ယူ ရမည်ကို အရည်အချင်းနှင့် အစွမ်းအစမရှိသည့်အတွက် အကြောက်အကန် ငြင်းနေကြခြင်းမျိုးဖြစ် နေသည်။ ပညာ မရဲရင့်သောအခါ ပွဲလယ်မတင့်ဘဲ "လူမိုက်သား-ရမ်းကား "ဆိုသကဲ့သို့ ရမ်းရမ်းကား ကားများသာ ပြောလာကြတော့သည်။ အချို့က ဆိုကြမည်။ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ ရွေးကောက်ပွဲနိုင်ခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည်ဆိုသောရှုထောင့်ဖြင့်ပင်။ မဲ မသမာမှုသည် ဖြစ်ခဲ့ပြီးသော အတိတ်နှင့်အတူ အချိန်ကာလသည် လည်း လွင့်ပါးခဲ့ပြီဖြစ်သည်။ မဲမသမာမှုသည် သံသယရှိသည်ဆိုရုံမျှနှင့်ပင် ဖြေရှင်းပေးရန် လိုအပ် ၏။ ပွင့်လင်းမြင်သာမှုနှင့် ရိုးသားမှုကို အခြေခံသော အစိုးရတစ်ရပ်ဟု ခံယူထားပါက သံသယမြူမှုန် တစ်စကိုပင်လျှင် ဖယ်ရှားပေးရမည်ဖြစ်သည်။ မိဘပေး ထားသော အမွေမဟုတ်။ ပြည်သူလူထု၏ မဲများဖြစ် သည်။ ပေးထားသော မဲကို သံသယရှိသဖြင့် ပြန်စစ် ကြည့်ချင်သည်ဟု ပြည်သူတစ်ဦးက တောင်းဆိုလျှင်ပင် ပွင့်လင်းမြင်သာစွာ စစ်ကြည့်ခွင့်ပေးရမည်ဖြစ်သည်။

မဲ မသမာမှု ပြန်လည်စိစစ်ပေးရန် တောင်း ဆိုခဲ့သည်မှာ ပြည်သူတစ်ဦးထက်ပိုသော ပါတီ(၂၀)ကျော်နှင့် ကိုယ်တိုင်မဲထည့်ခဲ့ကြသည့် တပ်မ တော်သားများ အစုအဖွဲ့ကဖြစ်သည်။ "မဲ ခိုးလား မခိုးလားသိချင်ရင် ဘယ်ပါတီမဲပေးခဲ့လဲဆိုပြီး လူထုကိုလမ်းပေါ်ထွက်ရပ်ပြခိုင်းကြည့်ပါလား"ဟု လက်လွတ်စပယ်ပြောရုံနှင့်မရ။ စာရွက်စာတမ်းကိစ္စကို စာရွက်စာတမ်းများဖြင့်သာ ရှင်းရမည်ဖြစ်ပြီး လမ်း ဘေး ကလေကချေစရိုက်ဖြေရှင်းချက်မျိုးဖြင့် အစိုးရ ဖြစ်ချင်၍ မရပေ။ မည်သို့ပင်ဖြစ်စေ လေးနှစ်အတွင်း ဝင်လာခဲ့ပြီဖြစ်သည့်အတွက် နောက်ထပ်ရွေး ကောက်ပွဲတစ်ခုကိုသာ ဦးတည်ရမည် ဖြစ်သည်။

ထိုရွေးကောက်ပွဲမှတစ်ဆင့် တက်လာသောအစိုးရထံ တပ်မတော်က အာဏာအပ်နှင်းရ မည်ဖြစ်သည်။ တပ်မတော်၏ လက်ရှိရပ်တည်မှုသည် နန်းစောင့်နေခြင်းမျိုးသာဖြစ်ပြီး နန်းစံရမည့်ပုဂ္ဂိုလ် အဖွဲ့အစည်းထံ အချိန်တန်သည်နှင့် နန်းအပ်ရမည် သာ ဖြစ်၏။ မည်သူ နန်းတက်ကြမည်နည်း။ မည်ကဲ့ သို့သော ပုဂ္ဂိုလ်အဖွဲ့အစည်းများကို နန်းတက်စေသင့် သနည်း။ ရိုင်းစိုင်းရမ်းကား လက်နက်ကိုင်လမ်းဘေး ကလေကချေသမားများကို နန်းတက်ခိုင်းမိပါက နန်းတော်သာ နွားတင်းကုပ်ဖြစ်သွားမည် ဖြစ်၏။

"ယခင်က ကျူးလွန်ခဲ့သောလုပ်ရပ်များအ တွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှစ၍ တပ်မ တော်သားအားလုံး အပြစ်ဒဏ်ခံယူရန် "ဆိုသော ပုဂ္ဂိုလ်များ၏ လက်တွင်လည်း သွေးညှီနံ့များ တလှိုင် လှိုင်နှင့်ဖြစ်နေသည်။ လက်နက်တကိုင်ကိုင်ဖြင့်သာ စကားပြောတတ်ကြသည်။ ကိုယ်တိုင်နှင့် အဖွဲ့အ စည်းဝင်လက်နက်ကိုင်များ၏ ရက်စက်ကြမ်းကြုတ် သော ဥပဒေမဲ့သတ်ဖြတ်မှုများကို စောတောနီးနှင့် အပေါင်းပါများက မသိကျိုးကျွန်ပြုသည်။ လူသိ မခံဝံ့၊ စကား မစဝံ့ကြပေ။ ၎င်းတို့၏ မျက်လုံးအိမ်၌ မျက် ချေးများ အထပ်ထပ်နှင့်ပင် တစ်ပါးသူကို လက်ညိုး ထိုးသည်။ ဥပဒေဘောင်အတွင်းမှနေ၍ တိုင်းပြည် တာဝန်ထမ်းဆောင်ကြရသော တပ်မတော်သားများ အား ဥပဒေမဲ့လူသတ်နေသော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များက ထိုကဲ့သို့ပြောဆိုခြင်းသည် အံ့အား သင့်ဖွယ်ရာပင်။

စောတောနီးနှင့် ထိုသူတို့တွင် ဝတ်ဖြူစင် ကြယ်ဝတ်၍ တရားအားထုတ်နေသူများ ပါဝင်ပါ သလော။ ကိုယ်တိုင်စင်ကြယ်မှု ရှိနေလျှင်ပင် ပြောသင့်ပြောအပ်သောစကားမဟုတ်သည်ကို ထိုသူတို့က ထိုကဲ့သို့ ပြောကြသည်။ ထိုအချက်သည် ထိုသူတို့၏ အကြောက်တရားကို လှစ်ဟပြရာရောက်၏။ ငြိမ်းချမ်း ရေးလည်း မလိုချင်၊ နိုင်ငံသူနိုင်ငံသားများ ငြိမ်းချမ်း သွားမည်ကို မမြင်ချင်၊ ကိုယ်တိုင်လည်း လက်နက်စွန့် ၍ နိုင်ငံရေးနှင့်ဥပဒေဘောင်အတွင်း မနေချင်သည့် အတွက် အကြောက်အကန်ငြင်းဆန်ပြနေသော အကြောင်းပြချက်များသာ ဖြစ်နိုင်သည်။ ငြိမ်းချမ်းမှုကို လိုလားပါက မည်သည့်အကြောင်းပြချက်မှ ပေးရန်မ လိုပေ။ ဘာသာတရားတိုင်းလိုလို၏အဆုံးအမများ တွင် ငြိမ်းချမ်းမှုအတွက် မည်သူ့ထံမှ တောင်းဆိုနေ စရာမလိုသကဲ့သို့ မည်သည့်အကြောင်းပြချက် ကြောင့်မှ ငြင်းပယ်ရန်လည်း မသင့်ဟု ဆိုထားသည်။

ထိုသူတို့သည် ဘာသာတရား၏ အဆုံးအ မကို ကောင်းကောင်းခံယူခွင့်ရခဲ့ပုံ မရသည့်အပြင် မိကောင်းဖခင်တို့၏ သားသမီးလည်း ဖြစ်ခဲ့ပုံမရပေ။ ထို့ကြောင့် သေလွန်သည်အထိ ဘဝ၏ငြိမ်းချမ်းမှုကို ရမည့်ပုံမပေါ်။ ပစ္စုပ္ပန်ကာလတွင်လည်း လူရာမဝင်၊ လူတောမတိုး၊ ပုန်းလျှိုးကွယ်လျှိုးဘဝဖြင့်သာ နယ် မြေကျဉ်းကျဉ်းအတွင်း၌ လှည့်လည်သွားလာနေကြ ရသည်။ ထောက်ပို့လော်ဘီ ပန်ဆယ်လိုသည်ကား (၂၀၂၁) နိုင်ငံရေးအခင်းအကျင်း၌ အမြတ်အထွက် ဆုံးလူသားတစ်ဦး ဖြစ်သွားသည်။ အခြားတစ်ဖက် တွင်မူ သေစေနိုင်သောလက်နက်များကြောင့် မြန်မာ နိုင်ငံသားများ ဆုံးပါးရခြင်းမျိုး နည်းပါးစေရန် ကာ ကွယ်ပေးသကဲ့သို့ ရှိနေသည်။ အကြောင်းမူကား ထောက်ပို့လော်ဘီလုပ်ရင်းမှ ရရှိလာသော ငွေကြေး အချို့ကို ထိန်းသိမ်းထားလိုက်ခြင်းကြောင့်ပင်။ ၎င်းထိန်းသိမ်းထားသော ငွေကြေးများသည် မြန်မာနိုင်ငံ၌ လူ့အသက်ပေါင်းများစွာကို သေဆုံးစေနိုင်သည်။ ထို့ အတွက် တစ်ဖက်လှည့်ဖြင့် တတ်နိုင်သမျှ တားဆီး ပေးထားသူဟု သတ်မှတ်ချင်မိသည်။ NUG နှင့် NUCC တို့သည်လည်း အလားတူပင်။ အောက်တို ဘာ(၁)ရက်၌ ကြေညာချက်ထုတ်သည်။ နစက၏ ကမ်းလှမ်းချက်ကို ထုံးစံအတိုင်း ကန့်ကွက်သည်။ မည်သို့ပင်ဖြစ်စေ နစက၏ ကမ်းလှမ်းချက်သည် ဃြဗ ငြိမ်းချမ်းရေးကို အခြေခံ၏။ ဖိတ်ခေါ်ကမ်း လှမ်းရမည့်အလုပ်ကို ၎င်းတို့လုပ်ခဲ့သည်။ ကန့်ကွက် မည့်သူကလည်း ကန့်ကွက်သည်။ ဖြစ်မြဲဓမ္မတာအ တိုင်း နိုင်ငံရေးရေစီးကြောင်းက ဆက်လက်စီးဆင်းနေ ဦးမည်ဖြစ်သည်။ အောက်တိုဘာ(၁၅)ရက်တွင် NCA ညီလာခံ(၉)နှစ်ပြည့်က လုပ်မြဲလုပ်ဖြစ်နေဦး မည်ဖြစ်သည်။

ထိုညီလာခံအတွက် နစကဘက်က တတ် နိုင်သမျှ လက်ကမ်းပေး၏။ NCA သည် နိုင်ငံတစ် ဝန်းလုံး ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပြီး ငြိမ်းချမ်း ရေးဆီသို့ လျှောက်လှမ်းရမည့် ပထမဆုံးလှေကားထစ် ဖြစ်သည်။ NCA တွင် ခေတ်ကာလနှင့်အညီ ပြင် စရာများရှိသည်။ ထိုညီလာခံမှတစ်ဆင့် တွေ့ဆုံဆွေး နွေးမှုများ၊ ရင်းနှီးပတ်သက်မှုများ၊ စာနာနားလည် မှုများဖြင့် ပြင်ဆင်သွားရမည်ဖြစ်သည်။ နစက၏ ဖိတ်ကြားရေးအဖွဲ့သည် ကြိုတင်ပြင်ဆင်မှုများအ တွင်း နိုင်ငံရေးပါတီများ၊ နိုင်ငံတကာသံတမန်များ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံတော်အရေး ၌ ဆက်စပ်ပတ်သက်သူများကို စတင်ချိတ်ဆက် နေပြီဟု ကောက်ချက်ချရမည်ဖြစ်သည်။ သို့သော် ယခုနှစ် NCA ညီလာခံသည် အောက်တိုဘာပထမ ပတ်ရောက်လာသည်အထိ အသံတို့ တိတ်ဆိတ်နေ သည်။ သက်ဆိုင်ရာအသိုင်းအဝိုင်းအသီးသီးက လည်း ငြိမ်နေကြသည်။ မည်မျှ ပြင်ဆင်ထားသဖြင့် မည်သို့သောလမ်းကြောင်းအသစ်များ ထွက်ပေါ်လာ မည်ကို စောင့်ကြည့်ရမည်သာ ဖြစ်သည်။

အကယ်၍ အချိန်မီပါလျှင် နစကအနေဖြင့် မည်သည့်အဖွဲ့အစည်းများကို လုပ်ထုံးလုပ်နည်း အတိုင်း ဖိတ်ကြားထားကြောင်း အတိအလင်းထုတ်ပြန် ၍ ခြေတစ်လှမ်းဦးထားသင့်ဟု အကြံပြုလို၏။ တစ်ဖွဲ့ မကျန် ထည့်သွင်းဖိတ်ကြားသင့်သည်။ တက်ခြင်း မတက်ခြင်းက ၎င်းတို့၏ သမိုင်းသာ။

zawgyi version
နန္းေစာင့္ နစက၏ နန္းအပ္အႀကိဳ ၿငိမ္းခ်မ္းေရးညီလာခံႏွင့္ နန္းဖ်က္ႏြားတို႔၏ ႏႈတ္႐ိုင္းမႈမ်ား
မ်ိဳးမင္း(မက်ည္းလဟာ) - ေအာက္တိုဘာ ၁၂

ေအာက္တိုဘာ(၁၅)ရက္တြင္ NCA (၉)ႏွစ္ျပည့္ ညီလာခံရွိ၏။ ထိုညီလာခံအတြက္ နစက အစိုးရဘက္က အႀကိဳျပင္ဆင္မႈမ်ား စတင္လုပ္ ေဆာင္ေနၿပီဟု နားလည္မိသည္။ အထူးသျဖင့္ NCA စာခ်ဳပ္တြင္ လက္မွတ္ေရးထိုးခဲ့ၾကေသာ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားကို ဖိတ္ၾကားေရးႏွင့္ အျခားေသာ ဆက္စပ္လက္နက္ကိုင္အဖြဲ႕အစည္းမ်ားကိုပါ ထည့္သြင္းအသိအမွတ္ျပဳေရးအတြက္ ျဖစ္ သည္။ NCA စာခ်ဳပ္ခ်ဳပ္စဥ္က အသိသက္ေသအျဖစ္ ပါဝင္ခဲ့ၾကေသာ ႏိုင္ငံတကာအသိုင္းအဝိုင္းကိုလည္း ဖိတ္ၾကားမည္မွာ ေသခ်ာ၏။

(၉)ႏွစ္ျပည့္ ညီလာခံကို တက္ေရာက္ျခင္း ရွိ၊ မရွိက သက္ဆိုင္သူမ်ား၏ သေဘာထားျဖစ္သကဲ့သို႔ ဖိတ္ၾကားရမည့္သူကလည္း မျဖစ္မေနဖိတ္ၾကားမည္မွာ မလြဲပင္။ ထူးျခားသည္မွာ (၉)ႏွစ္ျပည့္ ညီလာခံမတိုင္မီ တစ္လခန႔္အလို စက္ တင္ဘာ(၂၆)ရက္၌ ထြက္ေပၚလာေသာ နစက၏ စိတ္ဝင္စားဖြယ္ ထုတ္ျပန္ခ်က္တစ္ေစာင္ျဖစ္သည္။ ထိုထုတ္ျပန္ခ်က္၌ ဤသို႔ေဖာ္ျပထား၏။

"ႏိုင္ငံေရးျပႆနာအား ႏိုင္ငံေရးနည္း လမ္းျဖင့္ ေျဖရွင္းရန္ ကမ္းလွမ္းဖိတ္ေခၚျခင္း" ဟူ၍ ပင္။ ႏိုင္ငံအတြင္း၌ လက္နက္ကိုင္တိုက္ခိုက္ၾကျခင္း မ်ားေၾကာင့္ ႏိုင္ငံသူ၊ႏိုင္ငံသားအမ်ားအျပားႏွင့္ ရ ဟန္းသံဃာမ်ားပါမက်န္ ဆုံးပါးထားရသည္။ ႏိုင္ငံပိုင္ အေဆာက္အအုံမ်ားလည္း ပ်က္စီးရသကဲ့သို႔ ႏိုင္ငံအတြင္း၌ အမုန္းမ်ိဳးေစ့က ရွင္သန္ႀကီးထြားသထက္ ႀကီးထြားၿပီး အပင္ေပါက္လာေနသည္။

"ႏိုင္ငံေတာ္တြင္ ျဖစ္ေပၚခဲ့ရသည့္ ဆုံးရႈံး နစ္နာမႈမ်ားကို ေထာက္ရႈ၍ ထာဝရၿငိမ္းခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ျပည္သူမ်ားႏွင့္အတူ လက္တြဲ ေဖာ္ေဆာင္ႏိုင္ရန္ အလို႔ငွာ၊ ႏိုင္ငံေတာ္အား ဆန႔္က်င္ တိုက္ခိုက္ေနသည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ အစည္းမ်ား၊အၾကမ္းဖက္ေသာင္းက်န္းသူ အဖြဲ႕အ စည္းမ်ား၊ အၾကမ္းဖက္ PDF မ်ားအေနျဖင့္ လက္ နက္ကိုင္လမ္းစဥ္ကို စြန႔္လႊတ္ကာ ပါတီႏိုင္ငံေရး လမ္းေၾကာင္းျဖင့္ေသာ္လည္းေကာင္း၊ ေ႐ြးေကာက္ ပြဲလမ္းေၾကာင္းမွေသာ္လည္းေကာင္း ႏိုင္ငံေရးျပႆ နာမ်ားကို ႏိုင္ငံေရးနည္းလမ္းျဖင့္ ေျဖရွင္းေရးအတြက္ ဆက္သြယ္ေဆာင္႐ြက္ၾကပါရန္ ကမ္းလွမ္းဖိတ္ေခၚ အပ္ပါသည္"ဟု နစက၏ ေၾကညာခ်က္ အႏွစ္ခ်ဳပ္က ဆိုသည္။

ထိုဖိတ္ေခၚခ်က္သည္ အံ့အားသင့္ဖြယ္ ရာပင္။ အဘယ္ေၾကာင့္ဆိုေသာ္ ယခင္ကာလမ်ားက ဖိတ္ေခၚခဲ့သည့္ ၿငိမ္းခ်မ္းေရး ကမ္းလွမ္းခ်က္မ်ား တြင္ PDF မ်ား မပါဝင္သကဲ့သို႔ အၾကမ္းဖက္လုပ္ရပ္ မ်ားကို စြန႔္လႊတ္ရမည္ဟု သတိေပးထားသည္။ အထူးသျဖင့္ အၾကမ္းဖက္လုပ္ရပ္မ်ားကို စြန႔္လႊတ္ ေၾကာင္း ကမာၻသိေၾကညာကာ အလင္းဝင္လာၾကရန္၊ ယင္းအထဲမွ အၾကမ္းဖက္သတ္ျဖတ္မႈ မက်ဴးလြန္ ထားသူမ်ားကိုသာ ျပန္လည္လက္ခံေပးမည္ဟု ထည့္ သြင္းအသိေပးထားဖူးသည္။ ယခုတစ္ႀကိမ္တြင္မူ အၾကမ္းဖက္လုပ္ရပ္မ်ားကို ေမ့ေပ်ာက္ေပးမည့္ သေဘာမ်ိဳး အတိအလင္းေဖာ္ျပထားသည္။

ယခင္က မည္သို႔ပင္ ၾကမ္းတမ္းရက္စက္ေသာ သတ္ျဖတ္မႈမ်ား၊ တိုက္ခိုက္မႈမ်ားလုပ္ေဆာင္ခဲ့သည္ျဖစ္ေစ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္း လမ္းျဖင့္သာ ေျဖရွင္းေတာ့မည္ဟု PDF ႏွင့္ EAOs မ်ားဘက္မွ ဆက္သြယ္လာပါက နစကအေနျဖင့္ အဆုံးစြန္ထိ ေလွ်ာ့ခ်ဆက္ဆံေပး၍လက္ခံသြားမည့္ သေဘာထားမ်ိဳးကို ျပသလာျခင္းျဖစ္သည္။ စိတ္ပိုင္း ဆိုင္ရာအရျဖစ္ေစ၊ ႐ုပ္ဝတၳဳပိုင္းဆိုင္ရာအရျဖစ္ေစ နစကဘက္က အဆုံးစြန္အထိ ျပင္ဆင္ထားၿပီး ျပန္လည္လက္ခံေပးရန္ ႀကိဳးစားေနျခင္းလည္း ျဖစ္ သည္။ သို႔ေသာ္ ေၾကညာခ်က္မဆုံးခင္ကတည္းက နစက၏ထုတ္ျပန္ခ်က္အေပၚ ေလွာင္ေျပာင္မႈမ်ား ႏွင့္အတူ အတြင္းစိတ္သဏၭာန္ကို လက္နက္ကိုင္ အၾကမ္းဖက္သမားမ်ားက လွစ္ဟျပခဲ့သည္။ KIA မွ ဂြမ္ေမာ္ဆိုသူသည္ ၎၏ ေဖ့စ္ဘြတ္စာမ်က္ႏွာမွတစ္ ဆင့္ ယခုကဲ့သို႔ ေလွာင္ေျပာင္၏။

"ဘာေၾကာင့္ အာဏာလႊဲေျပာင္းယူလိုက္ရတာလဲဆိုတာကို ထုေခ်လႊာတင္ျပနဲ႔ သန္းေခါင္စာရင္းေကာက္မည္ျဖစ္ေၾကာင္း ေၾကညာေသာ ထုတ္ ျပန္ခ်က္ျဖစ္ေန။ ေခၚပုံေခၚနည္း နည္းနည္းမ်ားလို ေနသလားလို႔ပါ"ဟု ကခ်င္လက္နက္ကိုင္အဖြဲ႕KIAဒုတိယေခါင္းေဆာင္အဆင့္ရွိသူ ဂြမ္ေမာ္က ေရးသားသည္။

အလားတူ NUG ေထာက္ပို႔ေလာ္ဘီ ပန္ ဆယ္လိုကလည္း "အရင္တုန္းက EAOs ေတြကိုပဲ ၿငိမ္းခ်မ္းေရးေဆြးေႏြးမယ္။ PDF ေတြကို မေဆြးေႏြး ႏိုင္ဘူးဆိုၿပီး အခုက်ေတာ့ EAOs ေတြေရာ PDFေတြေရာနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပါရေစတဲ့။ ဒီ ေကာင္ေတြ ေဆြးေႏြးမယ္မကလို႔ ေျခမပဲလာစုပ္စုပ္ အဖက္လုပ္စရာမရွိ။ ဒါေပမဲ့ ဒီေလသံေျပာင္းလဲမႈက ေလးႏွစ္နီးပါး ငုံ႔မခံဘဲ တုံ႔ျပန္ခဲ့တဲ့ ျပည္သူ႔႐ုန္းကန္မႈ အသီးအပြင့္ပါပဲ"ဟု ေရးသားသည္။

ထိုေရးသားခ်က္မ်ားႏွင့္အတူ ေရာေထြးပါလာေသာ ဝါဒျဖန႔္မႈတစ္ခုက စစ္ရႈံးေနသည့္အတြက္ စစ္တပ္က ေအာက္က်ိဳ႕ခံဖိတ္ေခၚေနရၿပီဆိုေသာ အ ခ်က္ပင္။ KNU မွ ေစာေတာနီးကလည္း နစက၏ေၾကညာခ်က္ကို နားၿငီးေၾကာင္း၊ ယခင္ကတည္းက အႀကိမ္ႀကိမ္ေျပာထားသည့္ အဓိကအခ်က္သုံးခ်က္ ကို စစ္တပ္က လိုက္နာလွ်င္ ၿငိမ္းခ်မ္းေရးေဆြးေႏြး မည္ဟု မီဒီယာမ်ားႏွင့္ေျပာသည္။ ေစာေတာနီးေျပာသည့္ KNU တို႔ ေတာင္းဆိုထားေသာ အဓိကအ ခ်က္(၃)ခ်က္သည္ တပ္မေတာ္က ႏိုင္ငံေရးထဲမွ ထြက္ရန္၊ အရပ္သားအုပ္ခ်ဳပ္မႈေအာက္တြင္ေနရန္ ႏွင့္ ယခင္က က်ဴးလြန္ခဲ့ေသာလုပ္ရပ္မ်ားအတြက္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္မွစ၍ တပ္မေတာ္ သားအားလုံး အျပစ္ဒဏ္ခံယူရန္ဆိုေသာ လိုတိုရွင္း ဖြင့္ဆိုခ်က္မ်ား ျဖစ္ သည္။

NUG ကလည္း ေအာက္တိုဘာ(၁)ရက္ တြင္ စာထုတ္၍ လက္မခံေၾကာင္းႏွင့္ ဆက္လက္ ဆန႔္က်င္တိုက္ခိုက္သြားမည္ျဖစ္ေၾကာင္း ေႂကြးေၾကာ္ သည္။ နစကႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးေနျခင္းမရွိသည့္ အျခားေသာတိုင္းရင္းသားလက္နက္ကိုင္မ်ားကလည္း နစက၏စာကို လက္မခံေၾကာင္းသာ တြင္ တြင္ျငင္းဆိုလာၾကသည္။ ဤေနရာတြင္ စဥ္းစား ေထာက္ရႈစရာမ်ား ရွိလာသည္။ ဂြမ္ေမာ္ေျပာေသာ အခ်က္မ်ားအရ ေခၚပုံေခၚနည္း မွားေနသည္ဆိုလွ်င္ ေခၚပုံေခၚနည္းအမွန္က မည္သည့္အရာနည္း။ ထိုအ ခ်က္ကို ဂြမ္ေမာ္ မေျပာႏိုင္ခဲ့ေပ။ ေသခ်ာသည္မွာ ဂြမ္ေမာ္ကိုယ္တိုင္ပင္လွ်င္ ေ႐ြးေကာက္ပြဲကို ေၾကာက္႐ြံ႕ေနပုံရ၏။

ေ႐ြးေကာက္ပြဲျဖင့္ ႏိုင္ငံေရးလုပ္ရမည္ကို "ဖံခင္"(ေထာက္ခံသူမ်ားအား ခင္မင္ေၾကာင္းျပသမႈ) ရမည္ထက္ပို၍ စိုးရိမ္ေနပုံရသည္။ အဘယ္ ေၾကာင့္ဆိုေသာ္ လက္ရွိ၎ရထားေသာ ရာထူးသည္ ကခ်င္ျပည္သူလူထုႏွင့္ ကခ်င္ျပည္နယ္အတြင္းရွိ အျခား ေသာတိုင္းရင္းသားမ်ားက ေ႐ြးခ်ယ္တင္ေျမႇာက္ေပးထားျခင္းမ်ိဳး မဟုတ္ေပ။ လက္နက္ကိုင္လမ္းစဥ္ကို လိုက္၍ ေသနတ္တကားကားျဖင့္ အႏိုင္က်င့္ဗိုလ္က် အုပ္ခ်ဳပ္ျခင္းမွတစ္ဆင့္ ရရွိလာေသာ လက္နက္ကိုင္ သူပုန္ရာထူးသာ ျဖစ္သည္။ မည္သည့္ႏိုင္ငံကမွ ၎၏ရာထူးကို တရားဝင္အသိအမွတ္ျပဳေပးျခင္းမရွိသကဲ့သို႔ ေကာေဇာနီခင္း၍ႀကိဳရန္ ဖိတ္ၾကားခဲ့ျခင္း လည္း မရွိေပ။ ကခ်င္ျပည္နယ္အတြင္း၌ပင္လွ်င္ ၎၏ရာထူးက အကန႔္အသတ္ျဖင့္သာ ရွိေနသည္။ နစက သို႔မဟုတ္ ေခတ္အဆက္ဆက္ ႏိုင္ ငံေတာ္အစိုးရမ်ားကသာ ခြင့္မျပဳလွ်င္ ၎၏သြား လာလႈပ္ရွားရာနယ္ေျမသည္လည္း က်ဥ္းေျမာင္းေနမည္ျဖစ္သည္။ လက္ရွိတြင္ပင္ ဂြမ္ေမာ္အပါအဝင္ KIA/KIO ထိပ္ပိုင္းေခါင္းေဆာင္အားလုံးက ႏိုင္ငံ တြင္း၌ စိတ္ေအးလက္ေအးသြားလာရဲျခင္းမရွိဘဲ လူ လုံးမျပႏိုင္သည့္ဘဝမ်ိဳး ျဖစ္ေနသည္။ ကခ်င္ျပည္ နယ္အတြင္းရွိ ၿမိဳ႕႐ြာအားလုံးကိုပင္ ေပၚေပၚထင္ထင္ သြားလာရဲျခင္းမရွိေတာ့ဘဲ ပုန္းလ်ိဳးကြယ္လ်ိဳးဘဝျဖင့္ အသက္ရွင္ေနရသည္။ ဂြမ္ေမာ္ထက္ပို၍ ေစာေသာ KIO ထူေထာင္သူ လေထာ္ေဇာ္ဆိုင္းပင္လွ်င္ ေသသြားသည္အထိ သူပုန္ဘဝမွ လြတ္ေျမာက္ခဲ့ျခင္း မရွိေပ။ ထို႔အတူ ႏိုင္ငံ တစ္နံတစ္လ်ားသို႔ လူရာဝင္ဝင္ လမ္းထြက္ေလွ်ာက္ႏိုင္ခဲ့ျခင္းမရွိဘဲ ပုန္းလွ်ိဳးကြယ္ လွ်ိဳးဘဝျဖင့္ ႏိုင္ငံေတာ္ကိုလက္နက္ကိုင္ ပုန္ကန္သူ အျဖစ္သာ သမိုင္းတြင္သြားျခင္းျဖစ္သည္။

ဂြမ္ေမာ္ထက္ပို၍ေစာေသာပုဂၢိဳလ္မ်ားပင္လွ်င္ သူပုန္ဘဝမွလြတ္ေျမာက္ျခင္းမရွိလွ်င္ ဂြမ္ေမာ္ သည္လည္း ထူးမျခားနားျဖစ္ႏိုင္သည္။ အသက္ အားျဖင့္(၆၀)ေက်ာ္လာသည့္တိုင္ ဂြမ္ေမာ္၏ဘဝ သည္ ႏိုင္ငံႏွင့္ခ်ီ၍ လူရာဝင္ျခင္း၊ လူေတာတိုးျခင္း၊ လူဝင္ဆံ့ျခင္း၊ လူလူသူသူေနရျခင္းမရွိဘဲ အႏူ ေတာ၌သာ လူေခ်ာလုပ္၍ ကြယ္လြန္ရမည့္ကာလကို ေစာင့္ဆိုင္းေနပုံရသည္။ ၎၏ရာထူးသည္လည္း ေသဆုံးခ်ိန္ေရာက္မွသာ ကြယ္ ေပ်ာက္သြားျခင္းမ်ိဳး ျဖစ္ၿပီး လက္နက္ႏွင့္ စစ္အာဏာကိုမေသမခ်င္း ဆုပ္ ကိုင္၍ အေၾကာက္တရားတို႔ျဖင့္ ရွင္သန္ေနရပုံရ၏။ ပို၍ဆိုးသည္မွာ လက္နက္ကိုင္ထားသူျဖစ္ပါလ်က္ႏွင့္ ကေလာင္ကိုင္ထားသူ လူငယ္သတင္းေထာက္မ်ားကိုပင္ ႏိုင္ငံသိၿခိမ္းေျခာက္မႈႀကီးကို က်ဳးလြန္ခဲ့သည္။

ထိုၿခိမ္းေျခာက္မႈသည္ကား ဂြမ္ေမာ္၏ အတြင္းစိတ္သဏၭာန္ႏွင့္ အသိဉာဏ္ဆင္ျခင္တုံတရား မရွိမႈ ျပယုဂ္ျဖစ္လာသည္။ အကယ္၍သာ ဂြမ္ေမာ္က ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းကို ေလွ်ာက္ခဲ့မည္ဆိုလွ်င္ ရန္ကုန္အပါအဝင္ ႏိုင္ငံအႏွံ႔မွၿမိဳ႕မ်ားသည္ ၎အ တြက္ စိတ္ႀကိဳက္သြားလာႏိုင္ေသာ တရားဝင္မႈကို ရ မည္ျဖစ္၏။ သို႔ေသာ္ ဂြမ္ေမာ္တြင္ သတၱိရွိပုံမရ။ ေသြး ေၾကာင္သူတစ္ဦးသဖြယ္ ေ႐ြးေကာက္ပြဲကို ရန္ရွာ သည္။ NCA ကို ေရွာင္လႊဲသည္။ အမွန္တြင္ NCA သည္ တပ္မေတာ္ႏွင့္အစိုးရက ဦးေဆာင္ေရးဆြဲခဲ့ ေသာ စာခ်ဳပ္စာတမ္းမဟုတ္ေပ။ ဂြမ္ေမာ္အပါအဝင္ လက္နက္ကိုင္အဖြဲ႕မ်ားအားလုံးက မူၾကမ္းကိုင္၍ စကားေျပာလာျခင္းမွ စတင္ျမစ္ဖ်ားခံသည္။ ၎တို႔ စတင္ခဲ့ေသာ္လည္း အမွန္တကယ္လက္မွတ္ထိုး မည့္ေန႔တြင္မူ လူရမ္းကားဗီဇကို ျပသၾကသည္။

ကုလသမဂၢႏွင့္ ႏိုင္ငံတကာသံတမန္မ်ား ေရွ႕ေမွာက္၌ ေရးထိုးၾကရသည့္ NCA စာခ်ဳပ္ လက္မွတ္ကို မေလးမစားျပဳၾကသည္။ တစ္နည္း အားျဖင့္ ႏိုင္ငံတကာသံတမန္မ်ားကို မေလးမစားျပဳ၍ ရမ္းကားျပၾကျခင္းမ်ိဳးလည္း ဆိုႏိုင္သည္။ ေစာေတာ နီးႏွင့္ KNU ၏ ေတာင္းဆိုခ်က္သည္လည္း ကိုယ့္ မ်က္ေခ်းကို ကိုယ္တိုင္ျပန္ျမင္ပုံမရေပ။ "စစ္တပ္ က ႏိုင္ငံေရးထဲကေန ထြက္ရမယ္" ဟု ပထမတစ္ခ်က္ အျဖစ္ ေစာတာနီးတို႔က ေျပာသည္။ စစ္တပ္ကို ႏိုင္ငံ ေရးထဲမွ ထြက္ခိုင္းေသာအုပ္စု၏လက္ထဲတြင္ ေသ နတ္မ်ားကိုင္ထားၾကသည္။ စစ္စည္းကမ္းဥပေဒမရွိ။ ရမ္းရမ္းကားကားျဖင့္ လူသတ္မႈမ်ိဳးစုံကို က်ဴးလြန္ ထားၾကသည္။ တစ္ဖြဲ႕တည္းမဟုတ္။ EAOs ေခါင္း စဥ္တပ္၍ ႏိုင္ငံတစ္ဝန္း၌ လက္နက္ကိုင္လူမိုက္လုပ္ ေနေသာအဖြဲ႕ႀကီး အဖြဲ႕ငယ္(၅၀)ထက္မက ရွိသည္။ ထိုအေျခအေနမ်ိဳးတြင္ တပ္မေတာ္ကသာ ႏိုင္ငံ ေရးထဲ၌ ဝင္မပါဘဲ စစ္တန္းလ်ားတြင္သာ ရွိေနပါက တစ္တိုင္းျပည္လုံး သူတစ္လူ ငါတစ္မင္းျဖင့္ မင္းမဲ့တိုင္း ျပည္ျဖစ္မည္။ လိုရင္းဆိုရလွ်င္ ကရင္နယ္ေျမတြင္း၌ လက္နက္ကိုင္အဖြဲ႕(၄)ဖြဲ႕ထက္မနည္းရွိသည္။ ထို(၄)ဖြဲ႕သည္ ကရင္ျပည္နယ္အတြင္းမွာပင္လွ်င္ ဦးသူစားစတမ္းျဖင့္ လက္နက္မဲ့ျပည္သူမ်ားကို အႏိုင္ က်င့္ႏွိပ္စက္မႈမ်ားရွိသည္။ (၄)ဖြဲ႕လုံး အခ်င္းခ်င္း လည္း မတည့္ၾကေပ။ (၄)ဖြဲ႕ေပါင္း၍ ကရင္ျပည္နယ္ အစိုးရတစ္ရပ္ ဖြဲ႕ၾကည့္ပါဟု ဆိုလွ်င္ပင္ အခ်င္းခ်င္း သတ္၍ေသၾကမည္မွာ ေသခ်ာသည္။

ထိုသို႔ မညီမၫြတ္ျဖစ္ေနၾကေသာ လက္နက္ကိုင္အဖြဲ႕မ်ားစြာကို မည္သူက ထိန္းေက်ာင္း မည္နည္း။ ကရင္ျပည္နယ္အတြင္း၌ ကရင္တိုင္းရင္း သားတို႔ ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရး အျပည့္အဝ ရၾကျခင္းမရွိေပ။ ကရင္(၄)ဖြဲ႕ထဲမွ မည္သူက ေပးမည္နည္း။ "အရပ္သားအုပ္ခ်ဳပ္မႈေအာက္မွာပဲ စစ္တပ္က ေနရမယ္"ဟု ေစာေတာနီး၏ ဒုတိယ ေျမာက္ေျပာၾကားခ်က္သည္ ပရမ္းပတာႏိုင္လြန္းလွသည္။ အရပ္သားအုပ္ခ်ဳပ္မႈေအာက္တြင္ေနရမည္ ဟု ဆိုလွ်င္ မည္သည့္အရပ္သားအုပ္ခ်ဳပ္မႈ ေအာက္ တြင္နည္း။ ေစာေတာနီး၏အုပ္ခ်ဳပ္မႈေအာက္တြင္ ေနရမည္လား သို႔မဟုတ္ ကရင္(၄)ဖြဲ႕က စုေပါင္းဖြဲ႕ စည္းထားေသာ အစိုးရတစ္ရပ္ေအာက္တြင္ေနရ မည္လား။ ထိုအခ်က္ကို ေစာေတာနီးေျဖရန္လို၏။ လက္ရွိအခ်ိန္၌KNU အပါအဝင္ လက္နက္ကိုင္အဖြဲ႕ ေပါင္းမ်ားစြာက ကိုယ့္မင္းကိုယ့္ခ်င္း ျဖစ္ေနၾကသည္။

KNU ၏အမိန႔္ကို KIA က နားေထာင္ ပါမည္လား၊ NUG က နားေထာင္ပါမည္လား၊ မည္ သူက အမိန႔္ေပး ဦးေဆာင္မည္နည္း။ စုေပါင္းေခါင္း ေဆာင္မႈအတြက္ KNU ၊ KIA အပါအဝင္ အားလုံး စုစည္းတိုင္ပင္၍ ေ႐ြးခ်ယ္တင္ေျမႇာက္ထားေသာ၊ ျပည္သူလူထုလည္း လက္ခံေသာ အစိုးရမ်ိဳး၊ ေခါင္းေဆာင္မ်ိဳး ေပၚေပါက္လာျခင္း ရွိမေနေပ။ မည္သည့္အရပ္သားအစိုးရနည္း။ နစကအစိုးရ ဘက္က ဖိတ္ေခၚခဲ့ေသာ ကမ္းလွမ္းမႈ၏ ေနာက္ကြယ္ တြင္ အဓိပၸာယ္ပါဝင္ၿပီး ျဖစ္သည္။ တပ္မေတာ္သည္ အရပ္သားအစိုးရအုပ္ခ်ဳပ္မႈေအာက္တြင္ ေနလိုပုံရ၏။ ထို႔အတြက္ေၾကာင့္ ေ႐ြးေကာက္ပြဲႏွင့္ ပါတီႏိုင္ငံေရးလမ္းေၾကာင္းမွတစ္ဆင့္ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံ ေရးနည္းျဖင့္ ေျဖရွင္းၾကရန္ဟု တိုက္တြန္းခဲ့ျခင္း ျဖစ္ သည္။ ပါတီႏိုင္ငံေရးလမ္းေၾကာင္းကိုလိုက္၍ ေ႐ြး ေကာက္ပြဲကို ဝင္ၿပိဳင္ခဲ့မည္ဆိုပါက ေစာေတာနီးလည္း ကရင္ဝန္ႀကီးခ်ဳပ္ သို႔မဟုတ္ လႊတ္ေတာ္ဥကၠ႒ျဖစ္ လာႏိုင္သည္။ ဂြမ္ေမာ္လည္း ကခ်င္ဝန္ႀကီးခ်ဳပ္ သို႔ မဟုတ္ လႊတ္ေတာ္ဥကၠ႒ျဖစ္လာႏိုင္သည္။ ၎တို႔၏ အုပ္ခ်ဳပ္မႈေအာက္တြင္ စစ္တပ္က ရွိမည္ျဖစ္သည္။ အရပ္သားအုပ္ခ်ဳပ္မႈေအာက္တြင္ ေနလို၍သာ ပါတီ ႏိုင္ငံေရးလမ္းေၾကာင္းႏွင့္ ေ႐ြးေကာက္ပြဲမွတစ္ဆင့္ တက္လာေသာ အရပ္သားအစိုးရထံ အာဏာျပန္ လည္အပ္ႏွင္းမည္ဟု အတိအလင္းေျပာထားျခင္းျဖစ္သည္။

သို႔ေသာ္ ေစာေတာနီးႏွင့္ ဂြမ္ေမာ္တို႔က ေ႐ြးေကာက္ပြဲကို ေၾကာက္ပုံရ၏။ ၎တို႔ကိုယ္တိုင္ လည္း ေ႐ြးေကာက္ပြဲဝင္လွ်င္ အႏိုင္ရမည္ဟု ယုံ ၾကည္ခ်က္ရွိပုံမရ။ အစိုးရတစ္ရပ္အျဖစ္ တာဝန္ယူ ရမည္ကို အရည္အခ်င္းႏွင့္ အစြမ္းအစမရွိသည့္အတြက္ အေၾကာက္အကန္ ျငင္းေနၾကျခင္းမ်ိဳးျဖစ္ ေနသည္။ ပညာ မရဲရင့္ေသာအခါ ပြဲလယ္မတင့္ဘဲ "လူမိုက္သား-ရမ္းကား "ဆိုသကဲ့သို႔ ရမ္းရမ္းကား ကားမ်ားသာ ေျပာလာၾကေတာ့သည္။ အခ်ိဳ႕က ဆိုၾကမည္။ ေဒၚေအာင္ဆန္းစုၾကည္၏ NLD ပါတီ ေ႐ြးေကာက္ပြဲႏိုင္ခဲ့ေသာ္လည္း စစ္တပ္က အာဏာသိမ္းသည္ဆိုေသာရႈေထာင့္ျဖင့္ပင္။ မဲ မသမာမႈသည္ ျဖစ္ခဲ့ၿပီးေသာ အတိတ္ႏွင့္အတူ အခ်ိန္ကာလသည္ လည္း လြင့္ပါးခဲ့ၿပီျဖစ္သည္။ မဲမသမာမႈသည္ သံသယရွိသည္ဆို႐ုံမွ်ႏွင့္ပင္ ေျဖရွင္းေပးရန္ လိုအပ္ ၏။ ပြင့္လင္းျမင္သာမႈႏွင့္ ႐ိုးသားမႈကို အေျခခံေသာ အစိုးရတစ္ရပ္ဟု ခံယူထားပါက သံသယျမဴမႈန္ တစ္စကိုပင္လွ်င္ ဖယ္ရွားေပးရမည္ျဖစ္သည္။ မိဘေပး ထားေသာ အေမြမဟုတ္။ ျပည္သူလူထု၏ မဲမ်ားျဖစ္ သည္။ ေပးထားေသာ မဲကို သံသယရွိသျဖင့္ ျပန္စစ္ ၾကည့္ခ်င္သည္ဟု ျပည္သူတစ္ဦးက ေတာင္းဆိုလွ်င္ပင္ ပြင့္လင္းျမင္သာစြာ စစ္ၾကည့္ခြင့္ေပးရမည္ျဖစ္သည္။

မဲ မသမာမႈ ျပန္လည္စိစစ္ေပးရန္ ေတာင္း ဆိုခဲ့သည္မွာ ျပည္သူတစ္ဦးထက္ပိုေသာ ပါတီ(၂၀)ေက်ာ္ႏွင့္ ကိုယ္တိုင္မဲထည့္ခဲ့ၾကသည့္ တပ္မ ေတာ္သားမ်ား အစုအဖြဲ႕ကျဖစ္သည္။ "မဲ ခိုးလား မခိုးလားသိခ်င္ရင္ ဘယ္ပါတီမဲေပးခဲ့လဲဆိုၿပီး လူထုကိုလမ္းေပၚထြက္ရပ္ျပခိုင္းၾကည့္ပါလား"ဟု လက္လြတ္စပယ္ေျပာ႐ုံႏွင့္မရ။ စာ႐ြက္စာတမ္းကိစၥကို စာ႐ြက္စာတမ္းမ်ားျဖင့္သာ ရွင္းရမည္ျဖစ္ၿပီး လမ္း ေဘး ကေလကေခ်စ႐ိုက္ေျဖရွင္းခ်က္မ်ိဳးျဖင့္ အစိုးရ ျဖစ္ခ်င္၍ မရေပ။ မည္သို႔ပင္ျဖစ္ေစ ေလးႏွစ္အတြင္း ဝင္လာခဲ့ၿပီျဖစ္သည့္အတြက္ ေနာက္ထပ္ေ႐ြး ေကာက္ပြဲတစ္ခုကိုသာ ဦးတည္ရမည္ ျဖစ္သည္။

ထိုေ႐ြးေကာက္ပြဲမွတစ္ဆင့္ တက္လာေသာအစိုးရထံ တပ္မေတာ္က အာဏာအပ္ႏွင္းရ မည္ျဖစ္သည္။ တပ္မေတာ္၏ လက္ရွိရပ္တည္မႈသည္ နန္းေစာင့္ေနျခင္းမ်ိဳးသာျဖစ္ၿပီး နန္းစံရမည့္ပုဂၢိဳလ္ အဖြဲ႕အစည္းထံ အခ်ိန္တန္သည္ႏွင့္ နန္းအပ္ရမည္ သာ ျဖစ္၏။ မည္သူ နန္းတက္ၾကမည္နည္း။ မည္ကဲ့ သို႔ေသာ ပုဂၢိဳလ္အဖြဲ႕အစည္းမ်ားကို နန္းတက္ေစသင့္ သနည္း။ ႐ိုင္းစိုင္းရမ္းကား လက္နက္ကိုင္လမ္းေဘး ကေလကေခ်သမားမ်ားကို နန္းတက္ခိုင္းမိပါက နန္းေတာ္သာ ႏြားတင္းကုပ္ျဖစ္သြားမည္ ျဖစ္၏။

"ယခင္က က်ဴးလြန္ခဲ့ေသာလုပ္ရပ္မ်ားအ တြက္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္မွစ၍ တပ္မ ေတာ္သားအားလုံး အျပစ္ဒဏ္ခံယူရန္ "ဆိုေသာ ပုဂၢိဳလ္မ်ား၏ လက္တြင္လည္း ေသြးညႇီနံ႔မ်ား တလႈိင္ လႈိင္ႏွင့္ျဖစ္ေနသည္။ လက္နက္တကိုင္ကိုင္ျဖင့္သာ စကားေျပာတတ္ၾကသည္။ ကိုယ္တိုင္ႏွင့္ အဖြဲ႕အ စည္းဝင္လက္နက္ကိုင္မ်ား၏ ရက္စက္ၾကမ္းၾကဳတ္ ေသာ ဥပေဒမဲ့သတ္ျဖတ္မႈမ်ားကို ေစာေတာနီးႏွင့္ အေပါင္းပါမ်ားက မသိက်ိဳးကြၽန္ျပဳသည္။ လူသိ မခံဝံ့၊ စကား မစဝံ့ၾကေပ။ ၎တို႔၏ မ်က္လုံးအိမ္၌ မ်က္ ေခ်းမ်ား အထပ္ထပ္ႏွင့္ပင္ တစ္ပါးသူကို လက္ညိဳး ထိုးသည္။ ဥပေဒေဘာင္အတြင္းမွေန၍ တိုင္းျပည္ တာဝန္ထမ္းေဆာင္ၾကရေသာ တပ္မေတာ္သားမ်ား အား ဥပေဒမဲ့လူသတ္ေနေသာ အဖြဲ႕အစည္းႏွင့္ ပုဂၢိဳလ္မ်ားက ထိုကဲ့သို႔ေျပာဆိုျခင္းသည္ အံ့အား သင့္ဖြယ္ရာပင္။

ေစာေတာနီးႏွင့္ ထိုသူတို႔တြင္ ဝတ္ျဖဴစင္ ၾကယ္ဝတ္၍ တရားအားထုတ္ေနသူမ်ား ပါဝင္ပါ သေလာ။ ကိုယ္တိုင္စင္ၾကယ္မႈ ရွိေနလွ်င္ပင္ ေျပာသင့္ေျပာအပ္ေသာစကားမဟုတ္သည္ကို ထိုသူတို႔က ထိုကဲ့သို႔ ေျပာၾကသည္။ ထိုအခ်က္သည္ ထိုသူတို႔၏ အေၾကာက္တရားကို လွစ္ဟျပရာေရာက္၏။ ၿငိမ္းခ်မ္း ေရးလည္း မလိုခ်င္၊ ႏိုင္ငံသူႏိုင္ငံသားမ်ား ၿငိမ္းခ်မ္း သြားမည္ကို မျမင္ခ်င္၊ ကိုယ္တိုင္လည္း လက္နက္စြန႔္ ၍ ႏိုင္ငံေရးႏွင့္ဥပေဒေဘာင္အတြင္း မေနခ်င္သည့္ အတြက္ အေၾကာက္အကန္ျငင္းဆန္ျပေနေသာ အေၾကာင္းျပခ်က္မ်ားသာ ျဖစ္ႏိုင္သည္။ ၿငိမ္းခ်မ္းမႈကို လိုလားပါက မည္သည့္အေၾကာင္းျပခ်က္မွ ေပးရန္မ လိုေပ။ ဘာသာတရားတိုင္းလိုလို၏အဆုံးအမမ်ား တြင္ ၿငိမ္းခ်မ္းမႈအတြက္ မည္သူ႔ထံမွ ေတာင္းဆိုေန စရာမလိုသကဲ့သို႔ မည္သည့္အေၾကာင္းျပခ်က္ ေၾကာင့္မွ ျငင္းပယ္ရန္လည္း မသင့္ဟု ဆိုထားသည္။

ထိုသူတို႔သည္ ဘာသာတရား၏ အဆုံးအ မကို ေကာင္းေကာင္းခံယူခြင့္ရခဲ့ပုံ မရသည့္အျပင္ မိေကာင္းဖခင္တို႔၏ သားသမီးလည္း ျဖစ္ခဲ့ပုံမရေပ။ ထို႔ေၾကာင့္ ေသလြန္သည္အထိ ဘဝ၏ၿငိမ္းခ်မ္းမႈကို ရမည့္ပုံမေပၚ။ ပစၥဳပၸန္ကာလတြင္လည္း လူရာမဝင္၊ လူေတာမတိုး၊ ပုန္းလွ်ိဳးကြယ္လွ်ိဳးဘဝျဖင့္သာ နယ္ ေျမက်ဥ္းက်ဥ္းအတြင္း၌ လွည့္လည္သြားလာေနၾက ရသည္။ ေထာက္ပို႔ေလာ္ဘီ ပန္ဆယ္လိုသည္ကား (၂၀၂၁) ႏိုင္ငံေရးအခင္းအက်င္း၌ အျမတ္အထြက္ ဆုံးလူသားတစ္ဦး ျဖစ္သြားသည္။ အျခားတစ္ဖက္ တြင္မူ ေသေစႏိုင္ေသာလက္နက္မ်ားေၾကာင့္ ျမန္မာ ႏိုင္ငံသားမ်ား ဆုံးပါးရျခင္းမ်ိဳး နည္းပါးေစရန္ ကာ ကြယ္ေပးသကဲ့သို႔ ရွိေနသည္။ အေၾကာင္းမူကား ေထာက္ပို႔ေလာ္ဘီလုပ္ရင္းမွ ရရွိလာေသာ ေငြေၾကး အခ်ိဳ႕ကို ထိန္းသိမ္းထားလိုက္ျခင္းေၾကာင့္ပင္။ ၎ထိန္းသိမ္းထားေသာ ေငြေၾကးမ်ားသည္ ျမန္မာႏိုင္ငံ၌ လူ႔အသက္ေပါင္းမ်ားစြာကို ေသဆုံးေစႏိုင္သည္။ ထို႔ အတြက္ တစ္ဖက္လွည့္ျဖင့္ တတ္ႏိုင္သမွ် တားဆီး ေပးထားသူဟု သတ္မွတ္ခ်င္မိသည္။ NUG ႏွင့္ NUCC တို႔သည္လည္း အလားတူပင္။ ေအာက္တို ဘာ(၁)ရက္၌ ေၾကညာခ်က္ထုတ္သည္။ နစက၏ ကမ္းလွမ္းခ်က္ကို ထုံးစံအတိုင္း ကန႔္ကြက္သည္။ မည္သို႔ပင္ျဖစ္ေစ နစက၏ ကမ္းလွမ္းခ်က္သည္ ၾဃဗ ၿငိမ္းခ်မ္းေရးကို အေျခခံ၏။ ဖိတ္ေခၚကမ္း လွမ္းရမည့္အလုပ္ကို ၎တို႔လုပ္ခဲ့သည္။ ကန႔္ကြက္ မည့္သူကလည္း ကန႔္ကြက္သည္။ ျဖစ္ၿမဲဓမၼတာအ တိုင္း ႏိုင္ငံေရးေရစီးေၾကာင္းက ဆက္လက္စီးဆင္းေန ဦးမည္ျဖစ္သည္။ ေအာက္တိုဘာ(၁၅)ရက္တြင္ NCA ညီလာခံ(၉)ႏွစ္ျပည့္က လုပ္ၿမဲလုပ္ျဖစ္ေနဦး မည္ျဖစ္သည္။

ထိုညီလာခံအတြက္ နစကဘက္က တတ္ ႏိုင္သမွ် လက္ကမ္းေပး၏။ NCA သည္ ႏိုင္ငံတစ္ ဝန္းလုံး ပစ္ခတ္တိုက္ခိုက္မႈမ်ား ရပ္စဲၿပီး ၿငိမ္းခ်မ္း ေရးဆီသို႔ ေလွ်ာက္လွမ္းရမည့္ ပထမဆုံးေလွကားထစ္ ျဖစ္သည္။ NCA တြင္ ေခတ္ကာလႏွင့္အညီ ျပင္ စရာမ်ားရွိသည္။ ထိုညီလာခံမွတစ္ဆင့္ ေတြ႕ဆုံေဆြး ေႏြးမႈမ်ား၊ ရင္းႏွီးပတ္သက္မႈမ်ား၊ စာနာနားလည္ မႈမ်ားျဖင့္ ျပင္ဆင္သြားရမည္ျဖစ္သည္။ နစက၏ ဖိတ္ၾကားေရးအဖြဲ႕သည္ ႀကိဳတင္ျပင္ဆင္မႈမ်ားအ တြင္း ႏိုင္ငံေရးပါတီမ်ား၊ ႏိုင္ငံတကာသံတမန္မ်ား၊ တိုင္းရင္းသားလက္နက္ကိုင္မ်ားႏွင့္ ႏိုင္ငံေတာ္အေရး ၌ ဆက္စပ္ပတ္သက္သူမ်ားကို စတင္ခ်ိတ္ဆက္ ေနၿပီဟု ေကာက္ခ်က္ခ်ရမည္ျဖစ္သည္။ သို႔ေသာ္ ယခုႏွစ္ NCA ညီလာခံသည္ ေအာက္တိုဘာပထမ ပတ္ေရာက္လာသည္အထိ အသံတို႔ တိတ္ဆိတ္ေန သည္။ သက္ဆိုင္ရာအသိုင္းအဝိုင္းအသီးသီးက လည္း ၿငိမ္ေနၾကသည္။ မည္မွ် ျပင္ဆင္ထားသျဖင့္ မည္သို႔ေသာလမ္းေၾကာင္းအသစ္မ်ား ထြက္ေပၚလာ မည္ကို ေစာင့္ၾကည့္ရမည္သာ ျဖစ္သည္။

အကယ္၍ အခ်ိန္မီပါလွ်င္ နစကအေနျဖင့္ မည္သည့္အဖြဲ႕အစည္းမ်ားကို လုပ္ထုံးလုပ္နည္း အတိုင္း ဖိတ္ၾကားထားေၾကာင္း အတိအလင္းထုတ္ျပန္ ၍ ေျခတစ္လွမ္းဦးထားသင့္ဟု အႀကံျပဳလို၏။ တစ္ဖြဲ႕ မက်န္ ထည့္သြင္းဖိတ္ၾကားသင့္သည္။ တက္ျခင္း မတက္ျခင္းက ၎တို႔၏ သမိုင္းသာ။

Related news

© 2021. All rights reserved.