ယူနွတ်အစိုးရလက်ထက် စစ်တကောင်းဌာနေမျိုးနွယ်စုများ နဲ့ ဘာသာရေးလူနည်းစုတို့ တိုက်ခိုက်ခံရ

 1730

Htay Oung (NP News) - အောက်တိုဘာ ၁၃

မိုဟာမက်ယူနွတ် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်မှာ စစ်တကောင်းတောင်တန်းဒေသ ဌာနေတိုင်းရင်းသားများနဲ့ ဘာသာရေးလူနည်းစုများကို ဖယ်ထုတ် ထားကြောင်း နယူးဒေလီအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ကြာသပတေးနေ့မှာ ပြောဆိုတယ်လို့ “သည် ဟိန္ဒူ” အိန္ဒိယနေ့စဉ်သတင်းစာ ၂ဝ၂၄ ခုနှစ် အောက်တိုဘာ ၁ဝ ရက်က ရေးသားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်စလင်မဟုတ်သူများ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများအကြောင်းနဲ့ပတ်သက်ပြီး လူ့အခွင့် အရေးနဲ့ အန္တရာယ်များဆိုင်ရာလေ့လာဆန်းစစ်သူများအုပ်စု (RRAG) က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ သံအမတ် ကြီးများမှတဆင့် နိုင်ငံကာအသိုင်းအဝိုင်းကို အသိပေးလိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
“ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံဆိုင်ရာပဋိပက္ခများ၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု” ခေါင်းစဉ်ပါ အစီရင်ခံစာမှာ စစ်တကောင်းတောင်တန်းဒေသဌာနေတိုင်းရင်းသားများ တိုက်ခိုက်ခံနေရပါလျက် ဘင်္ဂလားဒေ့ရှ်တပ်မတော်က သူတို့နဲ့မဆိုင်သလိုလုပ်နေကြောင်း လူ့အခွင့်အရေးအဖွဲ့က စွပ်စွဲထားပါတယ်။
၁၉၇၂ ခုနှစ် ဖွဲ့စည်ပုံအခြေခံဥပဒေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ “ဂျတီယာဆန်ဆတ်” (ခေါ်) လွှတ်တော်တစ်ရပ် တည်းသာ ရှိပါတယ်။ မဲဆန္ဒနယ် ၃၀၀ တို့မှ အမတ် ၁-ဦးစီကို “ဆန္ဒမဲအများဆုံးရရှိသူ အနိုင်” စနစ်နဲ့ လူထုက တိုက်ရိုက်ရွေးချယ်ပြီး အာဏာရပါတီက တင်မြှောက်တဲ့ အမျိုးသမီးအမတ် ၅၀၊ စုစုပေါင်း ဥပဒေပြုအမတ် ၃၅၀ ပါဝင်ပါတယ်။

အဖွဲ့ဝင် ကိုးဦးပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကော်မရှင်ကို အောက်တိုဘာ ၆ ရက်မှာ ယူနွတ် အစိုးရက ဖွဲ့စည်းခဲ့ရာ စစ်တကောင်းဋ္ဌာနေမျိုးနွယ်စုများနဲ့ ဘာသာရေး လူနည်းစု ကိုယ်စားလှယ်များ တစ်ယောက် မျှ မပါဝင်ကြောင်း။ ဂျတီယာဆန်ဆတ်လွှတ်တော်ရဲ့အမျိုးသမီးများအတွက် အမတ်နေရာ ၅၀ မှာ ဒါကာ တက္ကသိုလ်မှ အမျိုးသမီးပါမောက္ခတစ်ဦးသာ ပါဝင်ကြောင်း၊ ဒီဖြစ်ရပ်ဟာ ဂျတီယာဆန်ဆတ်လွှတ်တော် အမျိုးသမီးအမတ်များအတွက်၂၀၀၄ ခုနှစ် ရွေးကောက်ပွဲအက်ဥပဒေပါ အခြေခံပြဋ္ဌာန်းချက်ကို ဖောက်ဖျက် ကျူးလွန်ခြင်းဖြစ်တယ်လို့ RRAG အဖွဲ့က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သဘောထားပျော့ပြောင်းသူ အစ္စလာမ်ဘာသာဝင်များကို ကိုယ်စားပြုတယ်လို့ ကမ္ဘာက ရှု့မြင်ထားသူ မိုဟာမက်ယူနွတ်ဦးဆောင် အစိုးရလက်ထက်မှာ ထိရှလွယ်တဲ့ လူ့အသိုက်အဝန်းများကို ချန်လှပ် ထားခံရခြင်းဖြစ်ကြောင်း၊ အဲဒီလို ချန်လှပ်ခြင်းမျိုးကို ယခင် သမ္မတဟောင်း အာရှတ်၊ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ နဲ့ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာတို့လက်ထက်မှာ မတွေ့ရှိရကြောင်း၊ တရားမဝင် လွင်ပြင်များမှာ အခြေချနေထိုင်သူများနဲ့ ဘင်္ဂလားဒေ့ရှ် တပ်မတော်ဦးဆောင်အဖွဲ့တို့က စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၁ ရက်အတွင်း နိုင်ငံမြောက်ပိုင်းခရိုင် ၃ ခုရှိ ဌာနေမျိုးနွယ်စုတို့ကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အပါအဝင် ယူနွတ် ဦးဆောင်အစိုးရလက်ထက် စစ်တကောင်းတောင်တန်းဒေသမှာ လူ့အခွင့်အရေးချိုးဖောက်မှုများ ပြင်းထန်လာပုံကို အစီရင်ခံစာက မီးမောင်းထိုးပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်တပ်မတော်နဲ့ တရားမဝင်အခြေချနေထိုင်သူတွေဟာ မြို့ပြများရှိ ဌာနေတိုင်းရင်းသားများရဲ့ ဈေး ဆိုင်များနဲ့ အခြားစီးပွားရေးလုပ်ငန်းများကို အထူးပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဌာ နေတိုင်းရင်းသား ၇၅ ဦး ရှိခဲ့ပြီး အဆောက်အအုံ ၁၄၂ လုံး၊ ဈေးဆိုင်များနဲ့ အခြားစီးပွားရေးလုပ်ငန်းများ၊ နေအိမ်များ ဗုဒ္ဓဘာသာဘုရားကျောင်းများကို လုယက်ဖျက်ဆီးပြီး မီးတင်ရှို့ခြင်း ခံခဲ့ရကြောင်း၊
အဲဒီတိုက်ခိုက်မှုများအပြီး စစ်တကောင်ဗတာင်တန်းဒေသတစ်ဝှမ်းရှိ မြို့နယ်-ခရိုင်ခွဲနဲ့ ခရိုင်ဈေးများမှ တောင် ပေါ်သားတို့ကို တရားမဝင် လွင်ပြင်အခြေချနေထိုင်သူများက ၎င်းတို့စိတ်တိုင်းကျ နှင်ထုတ်ခဲ့ကြောင်း၊ ခွဲခြား ဆက်ဆံမှု၊ လူ့အသိုင်းအဝိုင်းတို့အကြား တင်းမာမှုများ၊ ပါတီစွဲပြင်းထန်တဲ့ တရားဥပဒေစိုးမိုးရေးဌာနများနဲ့ အုပ်ချုပ်ရေးတို့ကြောင့် စစ်တကောင်း မြို့ပြဒေသများရဲ့ စီးပွားရေးလုပ်ငန်းများမှာ ဌာနေတိုင်းရင်းသား လူမျိုးစု တို့ ပါဝင်ခြင်းမပြုနိုင်အောင် တင်းကြပ်စွာ တားမြစ်ခံနေရကြောင်း၊

ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ်မှာ ဌာနေတိုင်းရင်းသားများနဲ့ ဘာသာရေးလူနည်းစုများအရေးကို ထည့်သွင်း ရန်၊ နိုင်ငံရဲ့ အဆိုပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မှာ ၎င်းတို့ရဲ့အခွင့်အရေးများကို အသိအမှတ်ပြုရန်၊ စစ်တကောင်းဒေသကို ဖွဲ့စည်းပုံအခြေခံဥပဒေအသိအမှတ်ပြု နယ်မြေအဆင့် အာမခံချက်ပေးအပ်နိုင်ရေးအ တွက် ဘင်္ဂလားဒေ့ရှ် ယူနွတ်အစိုးရအပေါ် ဖိအားပေးရန် RRAG က သံတမန်အသိုင်းအဝိုင်းကို တောင်းဆိုထားပါတယ်။ အလားတူ အောက်တိုဘာ ၁ ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးက စုံစမ်းစစ်ဆေးရန်လည်း မေတ္တာရပ်ခံထားပါတယ်။

RRAG ရဲ့ အစီရင်ခံစာ တင်ပြပွဲကို နယူးဒေလီရှိ သီရိလင်္ကာ၊ ဆလိုဗေးနီးယား၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ဖင်လန်၊ ဥရောပအရပ်ဘက်ကာကွယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးရုံး၊ ဂိုင်ယာနာ၊ ရုရှား၊ နယ်သာလန်၊ ကင်ညာ၊ ဖိလစ်ပိုင်၊ လာအို၊ မွန်ဂိုလီးယားနဲ့ ဇမ်ဘီယာတို့မှ သံတမန်များ တက်ရောက်ခဲ့ကြ ပါတယ်။

အခြားသူများမှာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးဟောင်းတစ်ဦး၊ မဟာမင်းကြီးဟောင်းတစ်ဦးနဲ့ သံအမတ်ဟောင်း တစ်ဦးတို့ကလည်း အမေရိကန် ဝါရှင်တန်ဒီစီအခြေစိုက် “နိုင်ငံတာငြိမ်းချမ်းရေးဆိုင်ရာ ကာနက်ဂျီ အင်ဒိုးမင့်” အကြံပေးအဖွဲ့ကိုယ်စားလှယ်များအဖြစ် တက်ရောက်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။
(ယခုသတင်းပါ စစ်တကောင်းဋ္ဌာနေမျိုးနွယ်စုများနဲ့ ဘာသာရေးလူနည်းစုတို့ကို ဘင်္ဂလားဒေ့ရှ်စစ်တပ် ကျော ထောက်နောက်ခံနဲ့ တိုက်ခိုက်သူတို့မှာ “တရားမဝင် လွင်ပြင်အခြေချနေထိုင်သူများ” ဟုသာ သိရှိရပြီး မည်သူ မည်ဝါများဖြစ်ကြောင်း အသေးစိတ်ဖော်ပြခြင်း မရှိပါ။

ဘင်္ဂလားဒေ့ရှ်မှာ အင်္ဂလိပ်ကိုလိုနီခေတ် “စစ်တကောင်းဘင်္ဂါလီ” ဟု ဖော်ပြခြင်း ခံရသူများ ရှိနေပါတယ်။ ၎င်း တို့မှာ မြစ်ဝကျွန်းပေါ်သားနဲ့ အညာသားအကြား လေသံနဲ့ စကားအသုံးအနှုံး အနည်းငယ်ကွဲပြားသည်မှ တစ်ပါး အခြားဘင်္ဂါလီများနဲ့ လူမျိုးတူဖြစ်ပါတယ်။ ၁၉၇၁-ခုနှစ် ဘင်္ဂလား လွတ်လပ်ရေး စစ်ပွဲကာလ မြန်မာနိုင် ငံအတွင်း ထွက်ပြေးသွားသူများ- ဝင်စို့ထွက်စို့ လုပ်နေသူများမှာ ယခုနောက်ပိုင်း ကုလသမဂ္ဂအထိ လူ့အခွင့်အ ရေး ပြဿနာ ရှုတ်ထွေးလာတဲ့အခါ ကိုယ့်ကိုယ်ကို “ -ိုဟင်ဂျာ” အဖြစ် အမည်တပ်လာကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း စစ်တကောင်း ဘင်္ဂါလီ အများအပြား ရှိနေသော်လည်း ရိုဟင်ဂျာ လူမျိုးဟူ၍ မရှိ၊ ဘ င်္ဂါလီချင်း အတူတူနယ်ခြား နတ်မြစ်ကို တစ်ဖက်ကမ်း မြန်မာဘက်ခြမ်းမှာသာ ထူးခြားစွာ တည်ရှိနေခြင်းဖြစ်ပါ တယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း စစ်တကောင်း ဘင်္ဂါလီတို့မှာ ချမ်းသာကြွယ်ဝသူများနဲ့ သြဇာကြီး ဘာသာရေးဆရာများ ပါဝင်နေပါတယ်။ အတိတ်ကာလ ဘင်္ဂလားလွတ်လပ်ရေးစစ်ပွဲမှာ ပါကစ္စတန်မှ ခွဲထွက်မည်ကို ဘာသာရေးအရ ဆန့်ကျင်ရာမှ စစ်တကောင်း ဘင်္ဂါလီခေါင်းဆောင်များလည်းပါဝင်ခဲ့ပြီး အထူးသဖြင့် သြဇာကြီး ရှေးရိုးစွဲ “ဂျမတ်အီအစ္စလာမ်မီ-ဘင်္ဂလားဒေ့ရှ်” ပါတီမှ ဖြစ်ပါတယ်။ အမျိုးသားတော်လှန်ရေးကာလ နိုင်ငံတော်သစ္စာ ဖောက်မှုနဲ့ ကြိုးပေးခံရသူ “ကွာဒါးမူလာ” မှာ ဂျမတ်အီအစ္စလာမ်ပါတီမှ စစ်တကောင်း ဘင်္ဂါလီခေါင်းဆောင် တစ်ဦးဖြစ်ပြီး ပြည်တွင်းမှာ ကြည်ညိုလေးစားသူ အလွန်များပါတယ်။ ဂျမတ်အီတို့မှာ ရှိတ်ဟာစီနာလက်ထက် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တားမြစ်ခြင်းခံခဲ့ရပါတယ်။ ပါကစ္စတန်ကို ဆန့်ကျင်ပြီး အိန္ဒိယနဲ့ နီးကပ်စွာ ဆက်ဆံသူ ဟာစီနာကို ဂျမတ်အီတို့က အလွန်မုန်းတီးပါတယ်။
အဝါမီလိဂ်ပါတီကိုလည်း အပြင်းအထန် ဆန့်ကျင် ကန့်လန့်တိုက်လေ့ရှိပြီး “၂၀၂၄ ခုနှစ် ရှိတ်ဟာစီနာ ဖယ် ရှားရေး လူထုအုံကြွမှု” မှာ ရည်ရွယ်ချက်ချင်းတူ တက္ကသိုလ်ကျောင်းသားများနဲ့ ပူးပေါင်းနိုင်ခဲ့ကြပါတယ်။ ရှိတ်ဟာစီနာ အလွန် ဘင်္ဂလားဒေ့ရှ်အစိုးရဖြစ်တဲ့ ယူနွတ်ဦးဆောင်အကြံပေးအဖွဲ့မှာ ကျောင်းသားခေါင်းဆောင်များနဲ့အတူ ဂျမတ်အီ ခေါင်းဆောင်အချိုံလည်း ဝန်ကြီးအဆင့်အကြံပေးအရာရှိများအဖြစ် ခန့်အပ်ခြင်း ခံရကြောင်း တွေ့ရှိရပါ တယ်။ ။သတင်းဘာသာပြန်သူ)

#ယူနွတ်ယာယီအစိုးရ #စစ်တကောင်းဋ္ဌာနေမျိုးနွယ်စု #ဘာသာရေးလူနည်းစု #ဘင်္ဂလားဒေ့ရှ်စစ်တပ် #ဂျတီယာဆန်ဆတ် #တရားမဝင်_လွင်ပြင်အခြေချနေထိုင်သူများ #စစ်တကောင်း_ဘင်္ဂါလီ #ဂျမတ်အီအစ္စလာမ်မီ_ဘင်္ဂလားဒေ့ရှ်ပါတီ #ကွာဒါးမူလာ #၂၀၂၄_ရှိတ်ဟာစီနာဖယ်ရှားရေး_လူထုအုံကြွမှု

(Watcher Guru.,10 October 2024,” BRICS Country Rejects De-Dollarization, Embraces the US Dollar” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ယူႏြတ္အစိုးရလက္ထက္ စစ္တေကာင္းဌာေနမ်ိဳးႏြယ္စုမ်ား နဲ႔ ဘာသာေရးလူနည္းစုတို႔ တိုက္ခိုက္ခံရ
Htay Oung (NP News) - ေအာက္တိုဘာ ၁၃

မိုဟာမက္ယူႏြတ္ ဦးေဆာင္တဲ့ ဘဂၤလားေဒ့ရွ္ ယာယီအစိုးရရဲ႕ဖြဲ႕စည္းပုံအေျခခံဥပေဒျပဳျပင္ေျပာင္းလဲေရး လုပ္ငန္း စဥ္မွာ စစ္တေကာင္းေတာင္တန္းေဒသ ဌာေနတိုင္းရင္းသားမ်ားနဲ႔ ဘာသာေရးလူနည္းစုမ်ားကို ဖယ္ထုတ္ ထားေၾကာင္း နယူးေဒလီအေျခစိုက္ လူ႔အခြင့္အေရးအဖြဲ႕တစ္ဖြဲ႕က ၾကာသပေတးေန႔မွာ ေျပာဆိုတယ္လို႔ “သည္ ဟိႏၵဴ” အိႏၵိယေန႔စဥ္သတင္းစာ ၂ဝ၂၄ ခုႏွစ္ ေအာက္တိုဘာ ၁ဝ ရက္က ေရးသားပါတယ္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံရွိ မြတ္စလင္မဟုတ္သူမ်ား ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈမ်ားအေၾကာင္းနဲ႔ပတ္သက္ၿပီး လူ႔အခြင့္ အေရးနဲ႔ အႏၲရာယ္မ်ားဆိုင္ရာေလ့လာဆန္းစစ္သူမ်ားအုပ္စု (RRAG) က အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕ရွိ သံအမတ္ ႀကီးမ်ားမွတဆင့္ ႏိုင္ငံကာအသိုင္းအဝိုင္းကို အသိေပးလိုက္ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။
“ဘဂၤလားေဒ့ရွ္ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာပဋိပကၡမ်ား၊ ေဒသတြင္း ၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရးဆိုင္ရာ ၿခိမ္းေျခာက္မႈ” ေခါင္းစဥ္ပါ အစီရင္ခံစာမွာ စစ္တေကာင္းေတာင္တန္းေဒသဌာေနတိုင္းရင္းသားမ်ား တိုက္ခိုက္ခံေနရပါလ်က္ ဘဂၤလားေဒ့ရွ္တပ္မေတာ္က သူတို႔နဲ႔မဆိုင္သလိုလုပ္ေနေၾကာင္း လူ႔အခြင့္အေရးအဖြဲ႕က စြပ္စြဲထားပါတယ္။
၁၉၇၂ ခုႏွစ္ ဖြဲ႕စည္ပုံအေျခခံဥပေဒအရ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ “ဂ်တီယာဆန္ဆတ္” (ေခၚ) လႊတ္ေတာ္တစ္ရပ္ တည္းသာ ရွိပါတယ္။ မဲဆႏၵနယ္ ၃၀၀ တို႔မွ အမတ္ ၁-ဦးစီကို “ဆႏၵမဲအမ်ားဆုံးရရွိသူ အႏိုင္” စနစ္နဲ႔ လူထုက တိုက္႐ိုက္ေ႐ြးခ်ယ္ၿပီး အာဏာရပါတီက တင္ေျမႇာက္တဲ့ အမ်ိဳးသမီးအမတ္ ၅၀၊ စုစုေပါင္း ဥပေဒျပဳအမတ္ ၃၅၀ ပါဝင္ပါတယ္။

အဖြဲ႕ဝင္ ကိုးဦးပါ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပဳျပင္ေျပာင္းလဲေရးေကာ္မရွင္ကို ေအာက္တိုဘာ ၆ ရက္မွာ ယူႏြတ္ အစိုးရက ဖြဲ႕စည္းခဲ့ရာ စစ္တေကာင္း႒ာေနမ်ိဳးႏြယ္စုမ်ားနဲ႔ ဘာသာေရး လူနည္းစု ကိုယ္စားလွယ္မ်ား တစ္ေယာက္ မွ် မပါဝင္ေၾကာင္း။ ဂ်တီယာဆန္ဆတ္လႊတ္ေတာ္ရဲ႕အမ်ိဳးသမီးမ်ားအတြက္ အမတ္ေနရာ ၅၀ မွာ ဒါကာ တကၠသိုလ္မွ အမ်ိဳးသမီးပါေမာကၡတစ္ဦးသာ ပါဝင္ေၾကာင္း၊ ဒီျဖစ္ရပ္ဟာ ဂ်တီယာဆန္ဆတ္လႊတ္ေတာ္ အမ်ိဳးသမီးအမတ္မ်ားအတြက္၂၀၀၄ ခုႏွစ္ ေ႐ြးေကာက္ပြဲအက္ဥပေဒပါ အေျခခံျပ႒ာန္းခ်က္ကို ေဖာက္ဖ်က္ က်ဴးလြန္ျခင္းျဖစ္တယ္လို႔ RRAG အဖြဲ႕က ဆိုပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံရွိ သေဘာထားေပ်ာ့ေျပာင္းသူ အစၥလာမ္ဘာသာဝင္မ်ားကို ကိုယ္စားျပဳတယ္လို႔ ကမာၻက ရႈ႕ျမင္ထားသူ မိုဟာမက္ယူႏြတ္ဦးေဆာင္ အစိုးရလက္ထက္မွာ ထိရွလြယ္တဲ့ လူ႔အသိုက္အဝန္းမ်ားကို ခ်န္လွပ္ ထားခံရျခင္းျဖစ္ေၾကာင္း၊ အဲဒီလို ခ်န္လွပ္ျခင္းမ်ိဳးကို ယခင္ သမၼတေဟာင္း အာရွတ္၊ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာ နဲ႔ ဝန္ႀကီးခ်ဳပ္ေဟာင္း ခါလီဒါဇီယာတို႔လက္ထက္မွာ မေတြ႕ရွိရေၾကာင္း၊ တရားမဝင္ လြင္ျပင္မ်ားမွာ အေျခခ်ေနထိုင္သူမ်ားနဲ႔ ဘဂၤလားေဒ့ရွ္ တပ္မေတာ္ဦးေဆာင္အဖြဲ႕တို႔က စက္တင္ဘာ ၁၉ ရက္မွ ေအာက္တိုဘာ ၁ ရက္အတြင္း ႏိုင္ငံေျမာက္ပိုင္းခ႐ိုင္ ၃ ခုရွိ ဌာေနမ်ိဳးႏြယ္စုတို႔ကို ပူးေပါင္းတိုက္ခိုက္ခဲ့ေၾကာင္း အပါအဝင္ ယူႏြတ္ ဦးေဆာင္အစိုးရလက္ထက္ စစ္တေကာင္းေတာင္တန္းေဒသမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား ျပင္းထန္လာပုံကို အစီရင္ခံစာက မီးေမာင္းထိုးျပထားပါတယ္။

ဘဂၤလားေဒ့ရွ္တပ္မေတာ္နဲ႔ တရားမဝင္အေျခခ်ေနထိုင္သူေတြဟာ ၿမိဳ႕ျပမ်ားရွိ ဌာေနတိုင္းရင္းသားမ်ားရဲ႕ ေဈး ဆိုင္မ်ားနဲ႔ အျခားစီးပြားေရးလုပ္ငန္းမ်ားကို အထူးပစ္မွတ္ထား တိုက္ခိုက္ခဲ့ေၾကာင္း၊ ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့ ဌာ ေနတိုင္းရင္းသား ၇၅ ဦး ရွိခဲ့ၿပီး အေဆာက္အအုံ ၁၄၂ လုံး၊ ေဈးဆိုင္မ်ားနဲ႔ အျခားစီးပြားေရးလုပ္ငန္းမ်ား၊ ေနအိမ္မ်ား ဗုဒၶဘာသာဘုရားေက်ာင္းမ်ားကို လုယက္ဖ်က္ဆီးၿပီး မီးတင္ရႈိ႕ျခင္း ခံခဲ့ရေၾကာင္း၊
အဲဒီတိုက္ခိုက္မႈမ်ားအၿပီး စစ္တေကာင္ဗတာင္တန္းေဒသတစ္ဝွမ္းရွိ ၿမိဳ႕နယ္-ခ႐ိုင္ခြဲနဲ႔ ခ႐ိုင္ေဈးမ်ားမွ ေတာင္ ေပၚသားတို႔ကို တရားမဝင္ လြင္ျပင္အေျခခ်ေနထိုင္သူမ်ားက ၎တို႔စိတ္တိုင္းက် ႏွင္ထုတ္ခဲ့ေၾကာင္း၊ ခြဲျခား ဆက္ဆံမႈ၊ လူ႔အသိုင္းအဝိုင္းတို႔အၾကား တင္းမာမႈမ်ား၊ ပါတီစြဲျပင္းထန္တဲ့ တရားဥပေဒစိုးမိုးေရးဌာနမ်ားနဲ႔ အုပ္ခ်ဳပ္ေရးတို႔ေၾကာင့္ စစ္တေကာင္း ၿမိဳ႕ျပေဒသမ်ားရဲ႕ စီးပြားေရးလုပ္ငန္းမ်ားမွာ ဌာေနတိုင္းရင္းသား လူမ်ိဳးစု တို႔ ပါဝင္ျခင္းမျပဳႏိုင္ေအာင္ တင္းၾကပ္စြာ တားျမစ္ခံေနရေၾကာင္း၊

ဖြဲ႕စည္းပုံျပင္ဆင္ေရး လုပ္ငန္းစဥ္မွာ ဌာေနတိုင္းရင္းသားမ်ားနဲ႔ ဘာသာေရးလူနည္းစုမ်ားအေရးကို ထည့္သြင္း ရန္၊ ႏိုင္ငံရဲ႕ အဆိုျပဳထားတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒသစ္မွာ ၎တို႔ရဲ႕အခြင့္အေရးမ်ားကို အသိအမွတ္ျပဳရန္၊ စစ္တေကာင္းေဒသကို ဖြဲ႕စည္းပုံအေျခခံဥပေဒအသိအမွတ္ျပဳ နယ္ေျမအဆင့္ အာမခံခ်က္ေပးအပ္ႏိုင္ေရးအ တြက္ ဘဂၤလားေဒ့ရွ္ ယူႏြတ္အစိုးရအေပၚ ဖိအားေပးရန္ RRAG က သံတမန္အသိုင္းအဝိုင္းကို ေတာင္းဆိုထားပါတယ္။ အလားတူ ေအာက္တိုဘာ ၁ ရက္အထိ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာမဟာမင္းႀကီး႐ုံးက စုံစမ္းစစ္ေဆးရန္လည္း ေမတၱာရပ္ခံထားပါတယ္။

RRAG ရဲ႕ အစီရင္ခံစာ တင္ျပပြဲကို နယူးေဒလီရွိ သီရိလကၤာ၊ ဆလိုေဗးနီးယား၊ ကေနဒါ၊ ဆြစ္ဇာလန္၊ ဖင္လန္၊ ဥေရာပအရပ္ဘက္ကာကြယ္ေရးနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေပးေရး႐ုံး၊ ဂိုင္ယာနာ၊ ႐ုရွား၊ နယ္သာလန္၊ ကင္ညာ၊ ဖိလစ္ပိုင္၊ လာအို၊ မြန္ဂိုလီးယားနဲ႔ ဇမ္ဘီယာတို႔မွ သံတမန္မ်ား တက္ေရာက္ခဲ့ၾက ပါတယ္။

အျခားသူမ်ားမွာ အိႏၵိယႏိုင္ငံ သံအမတ္ႀကီးေဟာင္းတစ္ဦး၊ မဟာမင္းႀကီးေဟာင္းတစ္ဦးနဲ႔ သံအမတ္ေဟာင္း တစ္ဦးတို႔ကလည္း အေမရိကန္ ဝါရွင္တန္ဒီစီအေျခစိုက္ “ႏိုင္ငံတာၿငိမ္းခ်မ္းေရးဆိုင္ရာ ကာနက္ဂ်ီ အင္ဒိုးမင့္” အႀကံေပးအဖြဲ႕ကိုယ္စားလွယ္မ်ားအျဖစ္ တက္ေရာက္ေၾကာင္း သတင္းမွာ ေဖာ္ျပပါတယ္။
(ယခုသတင္းပါ စစ္တေကာင္း႒ာေနမ်ိဳးႏြယ္စုမ်ားနဲ႔ ဘာသာေရးလူနည္းစုတို႔ကို ဘဂၤလားေဒ့ရွ္စစ္တပ္ ေက်ာ ေထာက္ေနာက္ခံနဲ႔ တိုက္ခိုက္သူတို႔မွာ “တရားမဝင္ လြင္ျပင္အေျခခ်ေနထိုင္သူမ်ား” ဟုသာ သိရွိရၿပီး မည္သူ မည္ဝါမ်ားျဖစ္ေၾကာင္း အေသးစိတ္ေဖာ္ျပျခင္း မရွိပါ။

ဘဂၤလားေဒ့ရွ္မွာ အဂၤလိပ္ကိုလိုနီေခတ္ “စစ္တေကာင္းဘဂၤါလီ” ဟု ေဖာ္ျပျခင္း ခံရသူမ်ား ရွိေနပါတယ္။ ၎ တို႔မွာ ျမစ္ဝကြၽန္းေပၚသားနဲ႔ အညာသားအၾကား ေလသံနဲ႔ စကားအသုံးအႏႈံး အနည္းငယ္ကြဲျပားသည္မွ တစ္ပါး အျခားဘဂၤါလီမ်ားနဲ႔ လူမ်ိဳးတူျဖစ္ပါတယ္။ ၁၉၇၁-ခုႏွစ္ ဘဂၤလား လြတ္လပ္ေရး စစ္ပြဲကာလ ျမန္မာႏိုင္ ငံအတြင္း ထြက္ေျပးသြားသူမ်ား- ဝင္စို႔ထြက္စို႔ လုပ္ေနသူမ်ားမွာ ယခုေနာက္ပိုင္း ကုလသမဂၢအထိ လူ႔အခြင့္အ ေရး ျပႆနာ ရႈတ္ေထြးလာတဲ့အခါ ကိုယ့္ကိုယ္ကို “ -ိုဟင္ဂ်ာ” အျဖစ္ အမည္တပ္လာၾကပါတယ္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း စစ္တေကာင္း ဘဂၤါလီ အမ်ားအျပား ရွိေနေသာ္လည္း ႐ိုဟင္ဂ်ာ လူမ်ိဳးဟူ၍ မရွိ၊ ဘ ဂၤါလီခ်င္း အတူတူနယ္ျခား နတ္ျမစ္ကို တစ္ဖက္ကမ္း ျမန္မာဘက္ျခမ္းမွာသာ ထူးျခားစြာ တည္ရွိေနျခင္းျဖစ္ပါ တယ္။
ဘဂၤလားေဒ့ရွ္ဘက္ျခမ္း စစ္တေကာင္း ဘဂၤါလီတို႔မွာ ခ်မ္းသာႂကြယ္ဝသူမ်ားနဲ႔ ၾသဇာႀကီး ဘာသာေရးဆရာမ်ား ပါဝင္ေနပါတယ္။ အတိတ္ကာလ ဘဂၤလားလြတ္လပ္ေရးစစ္ပြဲမွာ ပါကစၥတန္မွ ခြဲထြက္မည္ကို ဘာသာေရးအရ ဆန႔္က်င္ရာမွ စစ္တေကာင္း ဘဂၤါလီေခါင္းေဆာင္မ်ားလည္းပါဝင္ခဲ့ၿပီး အထူးသျဖင့္ ၾသဇာႀကီး ေရွး႐ိုးစြဲ “ဂ်မတ္အီအစၥလာမ္မီ-ဘဂၤလားေဒ့ရွ္” ပါတီမွ ျဖစ္ပါတယ္။ အမ်ိဳးသားေတာ္လွန္ေရးကာလ ႏိုင္ငံေတာ္သစၥာ ေဖာက္မႈနဲ႔ ႀကိဳးေပးခံရသူ “ကြာဒါးမူလာ” မွာ ဂ်မတ္အီအစၥလာမ္ပါတီမွ စစ္တေကာင္း ဘဂၤါလီေခါင္းေဆာင္ တစ္ဦးျဖစ္ၿပီး ျပည္တြင္းမွာ ၾကည္ညိဳေလးစားသူ အလြန္မ်ားပါတယ္။ ဂ်မတ္အီတို႔မွာ ရွိတ္ဟာစီနာလက္ထက္ အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ တားျမစ္ျခင္းခံခဲ့ရပါတယ္။ ပါကစၥတန္ကို ဆန႔္က်င္ၿပီး အိႏၵိယနဲ႔ နီးကပ္စြာ ဆက္ဆံသူ ဟာစီနာကို ဂ်မတ္အီတို႔က အလြန္မုန္းတီးပါတယ္။
အဝါမီလိဂ္ပါတီကိုလည္း အျပင္းအထန္ ဆန႔္က်င္ ကန႔္လန႔္တိုက္ေလ့ရွိၿပီး “၂၀၂၄ ခုႏွစ္ ရွိတ္ဟာစီနာ ဖယ္ ရွားေရး လူထုအုံႂကြမႈ” မွာ ရည္႐ြယ္ခ်က္ခ်င္းတူ တကၠသိုလ္ေက်ာင္းသားမ်ားနဲ႔ ပူးေပါင္းႏိုင္ခဲ့ၾကပါတယ္။ ရွိတ္ဟာစီနာ အလြန္ ဘဂၤလားေဒ့ရွ္အစိုးရျဖစ္တဲ့ ယူႏြတ္ဦးေဆာင္အႀကံေပးအဖြဲ႕မွာ ေက်ာင္းသားေခါင္းေဆာင္မ်ားနဲ႔အတူ ဂ်မတ္အီ ေခါင္းေဆာင္အခ်ိဳံလည္း ဝန္ႀကီးအဆင့္အႀကံေပးအရာရွိမ်ားအျဖစ္ ခန႔္အပ္ျခင္း ခံရေၾကာင္း ေတြ႕ရွိရပါ တယ္။ ။သတင္းဘာသာျပန္သူ)

#ယူႏြတ္ယာယီအစိုးရ #စစ္တေကာင္း႒ာေနမ်ိဳးႏြယ္စု #ဘာသာေရးလူနည္းစု #ဘဂၤလားေဒ့ရွ္စစ္တပ္ #ဂ်တီယာဆန္ဆတ္ #တရားမဝင္_လြင္ျပင္အေျခခ်ေနထိုင္သူမ်ား #စစ္တေကာင္း_ဘဂၤါလီ #ဂ်မတ္အီအစၥလာမ္မီ_ဘဂၤလားေဒ့ရွ္ပါတီ #ကြာဒါးမူလာ #၂၀၂၄_ရွိတ္ဟာစီနာဖယ္ရွားေရး_လူထုအုံႂကြမႈ

(Watcher Guru.,10 October 2024,” BRICS Country Rejects De-Dollarization, Embraces the US Dollar” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.