ငြိမ်းချမ်းစွာဖြေရှင်းခြင်းနည်းဖြင့်သာ ပဋိပက္ခများကို ပြေလည်စေမည်ဖြစ်ပြီး လက် နက်ကိုင် အကြမ်းဖက်တောင်းဆိုမှုများအပေါ် လိုက်လျောမည် မဟုတ်ဟု နစက ဥက္ကဋ္ဌ ပြော

 1499

သုတကျော် (NP News) - အောက်တိုဘာ ၁၅

နိုင်ငံရေးစားပွဲဝိုင်းတွင် ငြိမ်းချမ်းစွာဖြေရှင်းခြင်းနည်းဖြင့်သာ ပဋိပက္ခများကို ပြေလည်စေမည်ဖြစ်ပြီး လက်နက်ကိုင် အကြမ်းဖက်တောင်းဆိုမှုများအပေါ် လိုက်လျောမည်မဟုတ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း(၉)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားသည့် မိန့်ခွန်းအတွင်း အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)သည် သက်ဆိုင်ရာအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၏ တွေ့ဆုံမှုပေါင်းများစွာ၊ ညှိနှိုင်းဆွေးနွေးမှုများစွာမှ အခြေတည်ဖြစ်ပေါ်လာခဲ့သော မြန်မာနိုင်ငံ၏ သမိုင်းဝင်စာချုပ်သစ်တစ်ခုကြောင်း၊ တစ်ဖက် နှင့် တစ်ဖက် အပြန်အလှန်နားလည်မှုအပြည့်နဲ့ လိုက်လျောမှုများ လုပ်ခဲ့ကြရကြောင်း ထည့်သွင်းပြောကြားသည်။

"ကျွန်တော့်အနေနဲ့ ဒီသဘောတူစာချုပ် ရေးထိုးပြီးချိန်ကတည်းက လေး စားပြီး တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက် ရပ်တည်ခဲ့ကြတဲ့ EAO များကို တွေ့ရှိခဲ့ရသလို အခွင့်အခါကိုစောင့်ပြီး အခြေအနေပေးရင်ပေးသလို ကတိ ကဝတ်တွေကို ချိုးဖောက်ပြီး ကိုယ်ကျိုးရှာ နိုင်ငံရေးအမြတ်ထုတ်နေတဲ့ EAO တွေ ပေါ်ပေါက်ခဲ့တာကိုလည်း တွေ့ရှိရပါတယ်"ဟု နစက ဥက္ကဋ္ဌ က ပြောသည်။

ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်သော တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ကြရန်လည်း ဖိတ်ခေါ်မှုများကိုပြုလုပ်ခဲ့ပြီး မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများသည် နိုင်ငံရေးအမြင်မတူမှုများမှ ပေါ်ပေါက်လာခြင်းဖြစ်သောကြောင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းကြရန် ဖိတ်ခေါ်မှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် အားလုံးက နိုင်ငံ့အကျိုးအတွက် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းတွင် ပါဝင်လျှောက်လှမ်းကြရန် ပြောကြားလိုကြောင်းလည်း ဖိတ်ခေါ်ထားသည်။

"၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ စတင်ခဲ့တဲ့ MNDAA ၊ TNLA ၊ AA အ ကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကလည်း ပြည်သူတွေရဲ့ လူမှုစီးပွားအခြေအနေတွေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ ဒီမတိုင်မီမှာလည်း KNPP ၊ KNDF ၊ PNLO ၊ KIA နဲ့ KNU လက်နက် ကိုင်သောင်းကျန်းသူတွေဟာ နယ်မြေဒေသအသီးသီးမှာ အဖျက်အမှောင့်လုပ်ရပ်များစွာကို ဆောင်ရွက်ခဲ့ကြပါတယ်။ အကျိုးဆက်ကတော့ အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရပါတယ်။ အဲဒီလိုအကြမ်းဖက်မှုတွေရဲ့နောက်ကွယ်မှာ အမျိုးမျိုးသောပံ့ပိုးမှုတွေ အဓိကပါဝင်နေတာကိုလည်း တွေ့ရှိရပါတယ်။ ဒါကိုကျွန်တော်တို့အစိုးရက မှန်ကန်စွာရှုမြင်ပြီး နိုင်ငံတော်ရဲ့အကျိုးစီးပွားကို မထိခိုက်အောင်ကာကွယ်နိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောသည်။

အကြမ်းဖက်သောင်းကျန်းသူများ၏ ခေတ်အဆက်ဆက် လက်နက်ကိုင်တိုက်ခိုက်မှုများသည် နိုင်ငံရေးကိုအကြောင်းပြကာ လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းသာ ဖြစ်ကြောင်း၊ ၄င်းတို့အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ရန်ထက် တစ်သီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာကြခြင်းကို တွေ့ရှိရကြောင်း၊ လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးများနှင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲသို့ အတင်း အဓမ္မရောက်ရှိစေခဲ့ကြပါကြောင်း ပြောကြားသည်။

"အပြစ်မဲ့ပြည်သူတွေရဲ့ အသက်​တွေသာမက လမ်းတံတားအဆောက်အအုံတွေ၊ ဆေးရုံနဲ့စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေပါမကျန် ဖျက်ဆီးခဲ့ကြတာကို အားလုံးသိရှိကြပြီးဖြစ်ပါတယ်။ အဲဒီလိုမင်းမဲ့စရိုက်ဆန်တဲ့ ပြုမူမှုတွေကြောင့် ပြည်သူလူထုအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် ရွံရှာမုန်းတီးနေပြီး တပ်မတော်နဲ့အတူ အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းတွေအပေါ်မှာ တက်ကြွစွာပူးပေါင်းပါဝင်လာ ခဲ့ကြပါတယ်။ ဆက် လက်ပြီးတော့လည်း တပ်မတော်အနေနဲ့ အကြမ်းဖက်သောင်းကျန်းသူတွေကို နှိမ်နင်းဖို့လိုအပ်တဲ့ လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်တာတွေကို ထပ်မံဆောင်ရွက်မှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ အသုံးချမှုမခံရအောင် သတိပြုကြဖို့ကိုလည်း ကျွန်တော့်အနေနဲ့ ထပ်မံအသိပေးပြောကြားလိုပါတယ်" ဟု နစက ဥက္ကဋ္ဌက ဆိုသည်။

အင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွားအတွက် မိမိတို့နေထိုင်ရာဒေသကို ပြန်ဖျက်ဆီးနေမယ့်အစား မိမိတို့ရှင်သန်ကြီးပြင်းခဲ့ရာ နိုင်ငံတော်၏ အကျိုးအတွက်အားလုံးက အရှည်ကိုမျှော်တွေးပြီး ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊အချင်းချင်း သွေးကွဲပြီး ရန်စောင်နေကြမည်ဆိုပါက နိုင်ငံတော်၏ စွမ်းအားများ လျော့နည်းပြီး သူတစ်ပါးအလိုကျ လိုက်ပါဆောင်ရွက်ကြရသော လူမျိုးများအဖြစ် သမိုင်းမှတ်တမ်းကျန်ရစ်နိုင်ကြောင်း၊ ထို့ကြောင့် ယနေ့အချိန်အခါတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တပ်မတော်က ဆောင်ရွက်နေသော နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များတွင် ဝိုင်းဝန်းပူးပေါင်းပါဝင်ပြီး မိမိတို့ လိုလားချက်များကို တွေ့ဆုံဆွေးနွေးမှုများကနေ ညှိနှိုင်းကြဖို့၊ တောင်းဆိုကြဖို့ တိုက်တွန်းပြောကြားလိုကြောင်း ထည့်သွင်းပြောကြားသည်။

"နိဂုံးချုပ်အနေနဲ့ပြောရရင် လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့ မိမိတို့လိုလားချက်ကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းခြင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လက်နက်ကိုင် အကြမ်းဖက်တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ “ရှေ့သို့ ချီမည် ပန်းတိုင်ဆီ” ဆိုတဲ့ဆောင်ပုဒ်အတိုင်း ကျွန်တော်တို့အားလုံး “မြန်မာ”ဆိုတဲ့ အသိစိတ်ဓာတ်နဲ့ ရှေ့ကိုချီတက်ကြတဲ့နေရာမှာ NCA ကို လေးစားလိုက်နာပြီး ပူးပေါင်းဆောင်ရွက် ကြရမှာဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာလည်း ထာဝရငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတဲ့စိတ်နဲ့ အချင်းချင်းပွင့်လင်း မြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများနဲ့ ချမှတ်ထားပြီးသား ကတိကဝတ်များကို လိုက်နာစောင့်ထိန်းသွားကြဖို့လိုပါတယ်" ဟု ထည့်သွင်းပြောကြားသည်။

zawgyi version
ၿငိမ္းခ်မ္းစြာေျဖရွင္းျခင္းနည္းျဖင့္သာ ပဋိပကၡမ်ားကို ေျပလည္ေစမည္ျဖစ္ၿပီး လက္ နက္ကိုင္ အၾကမ္းဖက္ေတာင္းဆိုမႈမ်ားအေပၚ လိုက္ေလ်ာမည္ မဟုတ္ဟု နစက ဥကၠ႒ ေျပာ

သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၁၅

ႏိုင္ငံေရးစားပြဲဝိုင္းတြင္ ၿငိမ္းခ်မ္းစြာေျဖရွင္းျခင္းနည္းျဖင့္သာ ပဋိပကၡမ်ားကို ေျပလည္ေစမည္ျဖစ္ၿပီး လက္နက္ကိုင္ အၾကမ္းဖက္ေတာင္းဆိုမႈမ်ားအေပၚ လိုက္ေလ်ာမည္မဟုတ္ေၾကာင္း နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္ လႈိင္က ေျပာသည္။

တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA) ခ်ဳပ္ဆိုျခင္း(၉)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔တြင္ ေျပာၾကားသည့္ မိန႔္ခြန္းအတြင္း အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA)သည္ သက္ဆိုင္ရာအဖြဲ႕အသီးသီးမွ တာဝန္ရွိသူမ်ား၏ ေတြ႕ဆုံမႈေပါင္းမ်ားစြာ၊ ညႇိႏႈိင္းေဆြးေႏြးမႈမ်ားစြာမွ အေျခတည္ျဖစ္ေပၚလာခဲ့ေသာ ျမန္မာႏိုင္ငံ၏ သမိုင္းဝင္စာခ်ဳပ္သစ္တစ္ခုေၾကာင္း၊ တစ္ဖက္ ႏွင့္ တစ္ဖက္ အျပန္အလွန္နားလည္မႈအျပည့္နဲ႔ လိုက္ေလ်ာမႈမ်ား လုပ္ခဲ့ၾကရေၾကာင္း ထည့္သြင္းေျပာၾကားသည္။

"ကြၽန္ေတာ့္အေနနဲ႔ ဒီသေဘာတူစာခ်ဳပ္ ေရးထိုးၿပီးခ်ိန္ကတည္းက ေလး စားၿပီး တိုင္းျပည္နဲ႔လူမ်ိဳးအက်ိဳးအတြက္ ရပ္တည္ခဲ့ၾကတဲ့ EAO မ်ားကို ေတြ႕ရွိခဲ့ရသလို အခြင့္အခါကိုေစာင့္ၿပီး အေျခအေနေပးရင္ေပးသလို ကတိ ကဝတ္ေတြကို ခ်ိဳးေဖာက္ၿပီး ကိုယ္က်ိဳးရွာ ႏိုင္ငံေရးအျမတ္ထုတ္ေနတဲ့ EAO ေတြ ေပၚေပါက္ခဲ့တာကိုလည္း ေတြ႕ရွိရပါတယ္"ဟု နစက ဥကၠ႒ က ေျပာသည္။

ၿငိမ္းခ်မ္းေရးလမ္းစဥ္ျဖစ္ေသာ ေတြ႕ဆုံေဆြးေႏြးမႈမ်ားလုပ္ေဆာင္ၾကရန္လည္း ဖိတ္ေခၚမႈမ်ားကိုျပဳလုပ္ခဲ့ၿပီး မိမိတို႔ႏိုင္ငံတြင္ ျဖစ္ေပၚေနေသာ ပဋိပကၡမ်ားသည္ ႏိုင္ငံေရးအျမင္မတူမႈမ်ားမွ ေပၚေပါက္လာျခင္းျဖစ္ေသာေၾကာင့္ ႏိုင္ငံေရးျပႆနာမ်ားကို ႏိုင္ငံေရးနည္းအရ ေျဖရွင္းၾကရန္ ဖိတ္ေခၚမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္းႏွင့္ အားလုံးက ႏိုင္ငံ့အက်ိဳးအတြက္ ေတြ႕ဆုံေဆြးေႏြးမႈလမ္းေၾကာင္းတြင္ ပါဝင္ေလွ်ာက္လွမ္းၾကရန္ ေျပာၾကားလိုေၾကာင္းလည္း ဖိတ္ေခၚထားသည္။

"၂၀၂၃ ခုႏွစ္၊ ေအာက္တိုဘာလမွာ စတင္ခဲ့တဲ့ MNDAA ၊ TNLA ၊ AA အ ၾကမ္းဖက္ေသာင္းက်န္းသူ ပူးေပါင္းအဖြဲ႕ေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြကလည္း ျပည္သူေတြရဲ႕ လူမႈစီးပြားအေျခအေနေတြကို ပိုမိုဆိုး႐ြားေစခဲ့ပါတယ္။ ဒီမတိုင္မီမွာလည္း KNPP ၊ KNDF ၊ PNLO ၊ KIA နဲ႔ KNU လက္နက္ ကိုင္ေသာင္းက်န္းသူေတြဟာ နယ္ေျမေဒသအသီးသီးမွာ အဖ်က္အေမွာင့္လုပ္ရပ္မ်ားစြာကို ေဆာင္႐ြက္ခဲ့ၾကပါတယ္။ အက်ိဳးဆက္ကေတာ့ အျပစ္မဲ့ျပည္သူေပါင္းမ်ားစြာ ဆင္းရဲဒုကၡေရာက္ခဲ့ၾကရပါတယ္။ အဲဒီလိုအၾကမ္းဖက္မႈေတြရဲ႕ေနာက္ကြယ္မွာ အမ်ိဳးမ်ိဳးေသာပံ့ပိုးမႈေတြ အဓိကပါဝင္ေနတာကိုလည္း ေတြ႕ရွိရပါတယ္။ ဒါကိုကြၽန္ေတာ္တို႔အစိုးရက မွန္ကန္စြာရႈျမင္ၿပီး ႏိုင္ငံေတာ္ရဲ႕အက်ိဳးစီးပြားကို မထိခိုက္ေအာင္ကာကြယ္ႏိုင္ဖို႔ စီမံေဆာင္႐ြက္လ်က္ရွိပါတယ္"ဟု နစက ဥကၠ႒က ေျပာသည္။

အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ ေခတ္အဆက္ဆက္ လက္နက္ကိုင္တိုက္ခိုက္မႈမ်ားသည္ ႏိုင္ငံေရးကိုအေၾကာင္းျပကာ လက္နက္ကိုင္ အၾကမ္းဖက္လုပ္ရပ္မ်ားကို လုပ္ေဆာင္ေနၾကျခင္းသာ ျဖစ္ေၾကာင္း၊ ၄င္းတို႔အေနျဖင့္ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းၿပီး ျပည္ေထာင္စုႀကီးကို အတူတကြတည္ေဆာက္ရန္ထက္ တစ္သီးတျခားရပ္တည္လိုစိတ္ကိုသာ ေရွ႕တန္းတင္လာၾကျခင္းကို ေတြ႕ရွိရေၾကာင္း၊ လူငယ္လူ႐ြယ္မ်ားကို မူးယစ္ေဆးဝါးမ်ားႏွင့္ သိမ္းသြင္းျမႇဴဆြယ္ၿပီး စစ္ပြဲသို႔ အတင္း အဓမၼေရာက္ရွိေစခဲ့ၾကပါေၾကာင္း ေျပာၾကားသည္။

"အျပစ္မဲ့ျပည္သူေတြရဲ႕ အသက္​ေတြသာမက လမ္းတံတားအေဆာက္အအုံေတြ၊ ေဆး႐ုံနဲ႔စာသင္ေက်ာင္းေတြ၊ ဘာသာေရးအေဆာက္အအုံေတြပါမက်န္ ဖ်က္ဆီးခဲ့ၾကတာကို အားလုံးသိရွိၾကၿပီးျဖစ္ပါတယ္။ အဲဒီလိုမင္းမဲ့စ႐ိုက္ဆန္တဲ့ ျပဳမူမႈေတြေၾကာင့္ ျပည္သူလူထုအေနနဲ႔ အၾကမ္းဖက္လုပ္ရပ္ေတြအေပၚ ႐ြံရွာမုန္းတီးေနၿပီး တပ္မေတာ္နဲ႔အတူ အၾကမ္းဖက္ႏွိမ္နင္းေရး လုပ္ငန္းေတြအေပၚမွာ တက္ႂကြစြာပူးေပါင္းပါဝင္လာ ခဲ့ၾကပါတယ္။ ဆက္ လက္ၿပီးေတာ့လည္း တပ္မေတာ္အေနနဲ႔ အၾကမ္းဖက္ေသာင္းက်န္းသူေတြကို ႏွိမ္နင္းဖို႔လိုအပ္တဲ့ လုပ္ေဆာင္သင့္လုပ္ေဆာင္ထိုက္တာေတြကို ထပ္မံေဆာင္႐ြက္မွာျဖစ္တာေၾကာင့္ ျပည္သူေတြအေနနဲ႔ အၾကမ္းဖက္သမားေတြရဲ႕ အသုံးခ်မႈမခံရေအာင္ သတိျပဳၾကဖို႔ကိုလည္း ကြၽန္ေတာ့္အေနနဲ႔ ထပ္မံအသိေပးေျပာၾကားလိုပါတယ္" ဟု နစက ဥကၠ႒က ဆိုသည္။

အင္အားႀကီးႏိုင္ငံမ်ား၏ အက်ိဳးစီးပြားအတြက္ မိမိတို႔ေနထိုင္ရာေဒသကို ျပန္ဖ်က္ဆီးေနမယ့္အစား မိမိတို႔ရွင္သန္ႀကီးျပင္းခဲ့ရာ ႏိုင္ငံေတာ္၏ အက်ိဳးအတြက္အားလုံးက အရွည္ကိုေမွ်ာ္ေတြးၿပီး ပူးေပါင္းေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊အခ်င္းခ်င္း ေသြးကြဲၿပီး ရန္ေစာင္ေနၾကမည္ဆိုပါက ႏိုင္ငံေတာ္၏ စြမ္းအားမ်ား ေလ်ာ့နည္းၿပီး သူတစ္ပါးအလိုက် လိုက္ပါေဆာင္႐ြက္ၾကရေသာ လူမ်ိဳးမ်ားအျဖစ္ သမိုင္းမွတ္တမ္းက်န္ရစ္ႏိုင္ေၾကာင္း၊ ထို႔ေၾကာင့္ ယေန႔အခ်ိန္အခါတြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ တပ္မေတာ္က ေဆာင္႐ြက္ေနေသာ ႏိုင္ငံေတာ္ တည္ၿငိမ္ေအးခ်မ္းေရး လုပ္ငန္းစဥ္မ်ားတြင္ ဝိုင္းဝန္းပူးေပါင္းပါဝင္ၿပီး မိမိတို႔ လိုလားခ်က္မ်ားကို ေတြ႕ဆုံေဆြးေႏြးမႈမ်ားကေန ညႇိႏႈိင္းၾကဖို႔၊ ေတာင္းဆိုၾကဖို႔ တိုက္တြန္းေျပာၾကားလိုေၾကာင္း ထည့္သြင္းေျပာၾကားသည္။

"နိဂုံးခ်ဳပ္အေနနဲ႔ေျပာရရင္ လက္နက္ကိုင္အၾကမ္းဖက္နည္းနဲ႔ မိမိတို႔လိုလားခ်က္ကို ေတာင္းဆိုလို႔မရဘဲ ႏိုင္ငံေရးစားပြဲဝိုင္းကို ေရာက္လာၿပီး ၿငိမ္းခ်မ္းစြာေျဖရွင္းျခင္းနည္းနဲ႔သာ ပဋိပကၡေတြကို ေျပလည္ေစမွာျဖစ္ပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ လက္နက္ကိုင္ အၾကမ္းဖက္ေတာင္းဆိုမႈေတြအေပၚ လိုက္ေလ်ာေျဖရွင္းေပးသြားမွာ မဟုတ္ဘူးဆိုတာ ေျပာၾကားလိုပါတယ္။ ကြၽန္ေတာ္တို႔ အစိုးရအေနနဲ႔ “ေရွ႕သို႔ ခ်ီမည္ ပန္းတိုင္ဆီ” ဆိုတဲ့ေဆာင္ပုဒ္အတိုင္း ကြၽန္ေတာ္တို႔အားလုံး “ျမန္မာ”ဆိုတဲ့ အသိစိတ္ဓာတ္နဲ႔ ေရွ႕ကိုခ်ီတက္ၾကတဲ့ေနရာမွာ NCA ကို ေလးစားလိုက္နာၿပီး ပူးေပါင္းေဆာင္႐ြက္ ၾကရမွာျဖစ္ပါတယ္။ ပူးေပါင္းေဆာင္႐ြက္တဲ့ေနရာမွာလည္း ထာဝရၿငိမ္းခ်မ္းေရးကို အမွန္တကယ္လိုလားတဲ့စိတ္နဲ႔ အခ်င္းခ်င္းပြင့္လင္း ျမင္သာမႈ၊ တာဝန္ယူမႈ၊ တာဝန္ခံမႈမ်ားနဲ႔ ခ်မွတ္ထားၿပီးသား ကတိကဝတ္မ်ားကို လိုက္နာေစာင့္ထိန္းသြားၾကဖို႔လိုပါတယ္" ဟု ထည့္သြင္းေျပာၾကားသည္။

Related news

© 2021. All rights reserved.