မြောက်ကိုရီးယားက နှစ်နိုင်ငံကြားဆက်သွယ်ထားတဲ့လမ်းတွေကို ဖောက်ခွဲခဲ့ပြီးနောက် တောင်ကိုရီးယားစစ်တပ်က တန်ပြန်ပစ်ခတ်မှုစစ်ဆင်ရေးတွေ ပြုလုပ်

 6034

Pika (NP News) - အောက်တိုဘာ ၁၅

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံကြားဆက်သွယ်ထားတဲ့ လမ်းတွေရဲ့ အစိတ်အပိုင်းတွေကို မြောက်ကိုရီးယားစစ်တပ်က ဖောက်ခွဲပစ်ခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်အနီးမှာ တန်ပြန်ပစ်ခတ်မှုစစ်ဆင်ရေးတွေကို အောက်တိုဘာလ(၁၅)ရက်မှာ လုပ်ဆောင်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယားဟာ နှစ်နိုင်ငံကြားဆက်သွယ်ထားတဲ့ လမ်းတွေကို ပိတ်ဆို့ပစ်ဖို့ ရည်ရွယ်ချက်တဲ့ ဖောက်ခွဲမှုစစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်ခဲ့ပြီးနောက် တောင်ကိုရီးယားစစ်တပ်ဟာ စစ်ဘက်ဆိုင်ရာနယ်နမိတ်မျဉ်း (MDL) လိုင်းတောင်ဘက်ခြမ်းက ဧရိယာတွေမှာ တန်ပြန်ပစ်ခတ်မှုစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံး(JCS)ကပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားနဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေအားလုံးကို ပိတ်ပစ်တော့မယ် မြောက်ကိုရီးယားအစိုးရက ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယခုလိုဖြစ်ရပ်တွေဖြစ်ပွားလာတာဖြစ်ပါတယ်။

ဒါ့ပြင် ဝါဒဖြန့်ချိရေးလက်ကမ်းစာစောင်တွေကို သယ်ဆောင်လာတဲ့ တောင်ကိုရီးယားရဲ့ဒရုန်းတွေဟာ ပြုံးယမ်းမြို့ကောင်းကင်ယံကို ဝင်ရောက်လာခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရက အောက်တိုဘာလ(၁၁)ရက်မှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ပြီးတော့ တောင်ကိုရီးယားဒရုန်းတွေ ထပ်မံဝင်ရောက် လာမယ်ဆိုရင် ဆိုးရွားတဲ့ဘေးအန္တရာယ်တွေကို တောင်ကိုရီးယားက ရင်ဆိုင်ရလိမ့်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတိပေးပြောဆိုခဲ့ဖူးပါတယ်။

ဒါပေမဲ့လည်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားအစိုးရရဲ့စွပ်စွဲပြောဆိုချက်တွေကို အတည်မပြုပေးနိုင်ဘူးလို့ တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးက ပြန်လည်တုံ့ပြန်ဖြေကြားခဲ့ပါတယ်။ JCS က "မြောက်ကိုရီးယားဟာ စစ်ဘက်ဆိုင်ရာနယ်နမိတ်မျဉ်းရဲ့ မြောက်ဘက်မှာရှိတဲ့ Gyeongui နဲ့ Donghae လမ်းတွေရဲ့ အစိတ်အပိုင်းတွေကို ဖောက်ခွဲလိုက်ပါပြီ။ အဲဒီဖောက်ခွဲမှုတွေကြောင့် ကျွန်တော်တို့ဘက်မှာ ထိခိုက်ပျက်စီးမှုတွေမရှိခဲ့ပေမယ့်လည်း တောင်ကိုရီးယားစစ်တပ်ဟာ တန်ပြန်ပစ်ခတ်မှုစစ် ဆင်ရေးတွေကို လုပ်ဆောင်ခဲ့ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
ေျမာက္ကိုရီးယားက ႏွစ္ႏိုင္ငံၾကားဆက္သြယ္ထားတဲ့လမ္းေတြကို ေဖာက္ခြဲခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားစစ္တပ္က တန္ျပန္ပစ္ခတ္မႈစစ္ဆင္ေရးေတြ ျပဳလုပ္
Pika (NP News) - ေအာက္တိုဘာ ၁၅

ေတာင္ကိုရီးယားနဲ႔ ေျမာက္ကိုရီးယားႏိုင္ငံၾကားဆက္သြယ္ထားတဲ့ လမ္းေတြရဲ႕ အစိတ္အပိုင္းေတြကို ေျမာက္ကိုရီးယားစစ္တပ္က ေဖာက္ခြဲပစ္ခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံနယ္စပ္အနီးမွာ တန္ျပန္ပစ္ခတ္မႈစစ္ဆင္ေရးေတြကို ေအာက္တိုဘာလ(၁၅)ရက္မွာ လုပ္ေဆာင္ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က သတင္းထုတ္ျပန္ထားပါတယ္။

ေျမာက္ကိုရီးယားဟာ ႏွစ္ႏိုင္ငံၾကားဆက္သြယ္ထားတဲ့ လမ္းေတြကို ပိတ္ဆို႔ပစ္ဖို႔ ရည္႐ြယ္ခ်က္တဲ့ ေဖာက္ခြဲမႈစစ္ဆင္ေရးတစ္ခုကို လုပ္ေဆာင္ခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားစစ္တပ္ဟာ စစ္ဘက္ဆိုင္ရာနယ္နမိတ္မ်ဥ္း (MDL) လိုင္းေတာင္ဘက္ျခမ္းက ဧရိယာေတြမွာ တန္ျပန္ပစ္ခတ္မႈစစ္ဆင္ေရးကို လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံး(JCS)ကေျပာၾကားခဲ့ပါတယ္။ ေတာင္ကိုရီးယားနဲ႔ ဆက္သြယ္ထားတဲ့ လမ္းေၾကာင္းေတြအားလုံးကို ပိတ္ပစ္ေတာ့မယ္ ေျမာက္ကိုရီးယားအစိုးရက ၿပီးခဲ့တဲ့သီတင္းပတ္မွာ ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ ယခုလိုျဖစ္ရပ္ေတြျဖစ္ပြားလာတာျဖစ္ပါတယ္။

ဒါ့ျပင္ ဝါဒျဖန႔္ခ်ိေရးလက္ကမ္းစာေစာင္ေတြကို သယ္ေဆာင္လာတဲ့ ေတာင္ကိုရီးယားရဲ႕ဒ႐ုန္းေတြဟာ ၿပဳံးယမ္းၿမိဳ႕ေကာင္းကင္ယံကို ဝင္ေရာက္လာခဲ့တယ္လို႔ ေျမာက္ကိုရီးယားအစိုးရက ေအာက္တိုဘာလ(၁၁)ရက္မွာ စြပ္စြဲေျပာဆိုခဲ့ပါတယ္။ ၿပီးေတာ့ ေတာင္ကိုရီးယားဒ႐ုန္းေတြ ထပ္မံဝင္ေရာက္ လာမယ္ဆိုရင္ ဆိုး႐ြားတဲ့ေဘးအႏၲရာယ္ေတြကို ေတာင္ကိုရီးယားက ရင္ဆိုင္ရလိမ့္မယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းရဲ႕ ညီမျဖစ္သူ ကင္ယိုဂ်ဳံက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ သတိေပးေျပာဆိုခဲ့ဖူးပါတယ္။

ဒါေပမဲ့လည္း အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ေျမာက္ကိုရီးယားအစိုးရရဲ႕စြပ္စြဲေျပာဆိုခ်က္ေတြကို အတည္မျပဳေပးႏိုင္ဘူးလို႔ ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံးက ျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့ပါတယ္။ JCS က "ေျမာက္ကိုရီးယားဟာ စစ္ဘက္ဆိုင္ရာနယ္နမိတ္မ်ဥ္းရဲ႕ ေျမာက္ဘက္မွာရွိတဲ့ Gyeongui နဲ႔ Donghae လမ္းေတြရဲ႕ အစိတ္အပိုင္းေတြကို ေဖာက္ခြဲလိုက္ပါၿပီ။ အဲဒီေဖာက္ခြဲမႈေတြေၾကာင့္ ကြၽန္ေတာ္တို႔ဘက္မွာ ထိခိုက္ပ်က္စီးမႈေတြမရွိခဲ့ေပမယ့္လည္း ေတာင္ကိုရီးယားစစ္တပ္ဟာ တန္ျပန္ပစ္ခတ္မႈစစ္ ဆင္ေရးေတြကို လုပ္ေဆာင္ခဲ့ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.