အနာဂတ်အတွက် ပစ္စုပ္ပန်ကို တည်ဆောက်ခြင်း (သဘာဝဘေးအန္တရာယ်၊ ပြန်လည်ထူထောင်ရေးနှင့်အစိုးရ)

 503

ဒေါက်တာအေးမောင် (NP News) - အောက်တိုဘာ ၁၇

ပစ္စုပ္ပန်သည်သာ အဓိကဖြစ်၏။
၁။ ပစ္စုပ္ပန်သည် အတိတ်ကို ဆင်ခြင်သုံးသပ်ရာကာ လဖြစ်သကဲ့သို့ အနာဂတ်၏ခြေလှမ်းများ အစပြုရာ တံခါးဝလည်းဖြစ်၏။ ဆင်ခြင်သင့်သည့် သမိုင်း၏အမှားသင်ခန်းစာများ၊ အနာဂတ်ခရီးသွားများ၏ ခြေ လှမ်းအမှားများ ဦးတည်ချက်၊ ဦးတည်ရာအမှားများကို ကျွနု်ပ်တို့ ဆင်ခြင်သုံးသပ်နိုင်ရာလည်းဖြစ်၏။ ကျွန်ုပ်တို့၏ အတိတ်သမိုင်းသည် ကြီးကျယ်ခဲ့၏။ ဘုန်းမီး နေလ တောက်ပခဲ့၏။ အတိတ်၏ အာဏာ စက်သည် ကျယ်ပြန့်ခဲ့၏။ ဘိုးဘေးဘီဘင်များ၏အတိတ်သည် စည်ပင်ဝဖြိုးခဲ့၏၊ ညီညွတ်ခဲ့၏။ နည်းတူ ပြိုကွဲခဲ့၏။ ဆုံးရှုံးခဲ့၏။ ကြေကွဲဖွယ် အတိဖြစ်ခဲ့၏။

အချို့သည် အတိတ်၏ ကြီးကျယ်ခမ်းနားခဲ့မှုကို တောင့်တကြ၏။ အချို့သည် အာဏာစက် ကျယ်ပြန့်ခဲ့မှုကို ဂုဏ်ယူကြ၏၊ အားကျကြ၏။ အချို့သည် စည်ပင်ဝဖြိုးကာ ရွှေထီးဆောင်းခဲ့မှုကို မြိန်ရေ ယှက်ရေ စားမြုံ့ပြန်ပြောတတ်ကြ၏။ အချို့သည် အတိတ်၏ ဇာတိမာန်နှင့် မာန်မာနကို ပုံတူကူးလိုကြ ၏။ အချို့သည် အတိတ်၏သင်ခန်းစာများကို ဆင်ခြင်သုံးသပ်ကြ၏။ အချို့သည် အတိတ်၌ သာယာကြ ၏။ ကြည်နူးကြ၏။ ယစ်မူးကြ၏။

တစ်ခါတစ်ခါ ပစ္စုပ္ပန်သည် အတိတ်၏ ခြိမ်းခြောက်မူကို ခံကြရ၏။ တစ်ခါတစ်ခါ ပစ္စုပ္ပန်သည် အတိတ်၏ ကြီးကျယ်ခမ်းနား ဘုန်းမီးနေလ တောက်ပခဲ့မှုကို အနာဂတ်အတွက် ပုံတူကူးလိုကြ၏။ စိတ် မှန်းပြီး အနာဂတ်ပုံရိပ်ကို အတင်း အိပ်မက်မက်တည်ဆောက်လိုကြ၏။

အနာဂတ်ကို တည်ဆောက်ခြင်း။
၂။ အနာဂတ်ကို တည်ဆောက်ကြရာ၌ ပစ္စုပ္ပန်သည် အခရာကျ၏။ အဓိကဖြစ်၏။ ကျွန်ုပ်တို့သည် ပစ္စုပ္ပန် ကို အုတ်မြစ်ကောင်းအဖြစ် ပထမတည်ဆောက်သင့်ကြ၏။ မိမိတည်ဆောက်လိုသည့် ဗိသုကာ ဒီဇိုင်းအ ပေါ်မူတည်ပြီး ခိုင်မာသည့် အုတ်မြစ်ဖြစ်ရန် ရှိသင့်သည့် မြေအနက်၊ ပါဝင်သင့်သည့် အချိုးမှန်၊ ပစ္စည်း မှန်၊ အရေအတွတ်မှန်၊ အရည်အသွေးမှန်၊ နည်းစနစ် မှန်တို့ဖြင့်တည်ဆောက်သည့် အတွေ့အကြုံရင့် ပညာရှင်များ၏ကဏ္ဍကို မမေ့ပစ်ရန်လိုအပ်သကဲ့သို့ ဗိသုကာပညာရှင်၏ကဏ္ဍသည်လည်း အလွန် အခရာ ကျလှ၏။

နည်းတူ တည်ဆောက်မှု သမိုင်းသင်ခန်းစာများကိုလည်း မပစ်ပယ်သင့်၊ မမေ့ပစ်သင့်သည်ကို နားလည်သင့်ပေ၏။ တည်ဆောက်မှုလုပ်ငန်းတိုင်းတွင် ဘဏ္ဍာငွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် အချိန်ကာလ တွက်ချက်မှု မှန်ကန်ရန်လည်းလိုအပ်၏။ အခြေခံ အုတ်မြစ်မခိုင်မာဘဲ အပေါ်ထပ်အဆောက်အအုံကို အလျင်စလို မတည်ဆောက်သင့်သလို ရေရှည်ခိုင်ခံ့ရန် နည်းစနစ်မှခွင့်ပြုသည့် ကာလကို စောင့်ဆိုင်းရန် လည်းလိုအပ်၏။

ပစ္စုပ္ပန်ရာသီဥတု၏ ခွင့်ပြုမှုကိုလည်း ထည့်သွင်းတွက်ချက်သင့်၏။ မုန်တိုင်းဆင်သည့် ကာလ မျိုးကို ရှောင်ရှားသင့်၏။ တည်ဆောက်သူတို့၏ ညီညွတ်မှု၊ ကြိုးစားမှု၊ တက်ကြွမှုနှင့် အပင်ပန်းခံမှုတို့ သည်လည်း အခရာကျပေ၏။ မည်သို့ဆိုပါစေ အနာဂတ်တည်ဆောက်မှုအတွက် ပစ္စုပ္ပန်သည် အဓိက အခရာကျ၏။ အတိတ်သည် ဖက်တွယ်ရန်ထက် သင်ခန်းစာကောင်းပေးသည့် သင်ယူစရာ မှတ်သားစရာ အနာဂတ်၏ လမ်းòန်အဖြစ်သာ ကျွန်ုပ်တို့ ဦးနှောက်နှင့် နှလုံးသားတွင် စွဲမြဲစေသင့်၏။

သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးနှင့် အစိုးရ။
၃။ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသတိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းသည် အသက်ရှင် သန်ရေးအတွက် အရေးကြီးသလို ပြန်လည်ထူထောင်ရေးလုပ်ငန်းသည် ဘဝများရှင်သန်ရေးအတွက် အလွန်အရေးကြီး၏။

ကျွနု်ပ်တို့၏အတိတ်၌ (၂၀ဝ၆) ခုနှစ် ဧပြီ တွင် မာလ၊ (၂၀ဝ၈)ခုနှစ် မေတွင် နာဂစ်၊ (၂၀၁၀) ပြည့်နှစ် အောက်တိုဘာတွင် ဂီရိ၊ (၂၀၂၃)ခုနှစ် မေ တွင် မိုခါမည်သော ဆိုင်ကလုန်းမုန်တိုင်းများ ကြောင့် ပြိုပျက်ဆုံးရှုံး ကြေမွခဲ့ရသည့် သဘာဝဘေးဒဏ်သင့် ဧရာဝတီနှင့် ရခိုင်ကမ်းခြေဒေသ နေလူထု ၏ လူမှု စီးပွားဘဝများကို စနစ်တကျပြန်လည်တည်ဆောက်၊ ပြန်လည်ထူထောင်ပေးနိုင်ခဲ့ခြင်းရှိမရှိသည် အုပ်ချုပ်သူ အစိုးရမင်းတို့ကို သဘာဝဘေး ဒဏ်သင့် လူထုကသော်လည်းကောင်း၊ နိုင်ငံတစ်ဝန်း လုံးရှိ ပြည်သူတစ်ရပ်လုံးကသော်လည်းကောင်း အစိုးရကောင်းတစ်ရပ် ဟုတ်မဟုတ် အကဲဖြတ်ကြရာ၌ တိုင်းထွာအပ်သည့် စံသတ်မှတ်ချက်များစွာအနက်မှ အရေးပါသည့် စံတစ်ရပ်လည်းဖြစ်မည်ဟု ယူဆမိ၏။

ပစ္စုပ္ပန်၌ အဆိုးဆုံးဖြစ်ရပ်များကို အကောင်းဆုံးအခွင့်အလမ်းများအဖြစ် အချိန်တိုအတွင်း ပြောင်းလတည်ဆောက်ကာ ပြန်လည်ထူထောင်ပေးနိုင်ခဲ့သည့် အစိုးရတစ်ရပ်အဖြစ်သာ ပြည်သူသည် မြင်တွေ့လိုပုံရ၏။ ပြည်သူက တန်ဖိုးထားသော၊ ပြည်သူက လေးစားသော၊ ပြည်သူက ယုံကြည်သော သမိုင်း မှတ်တမ်းကောင်းဝင် အစိုးရကောင်းများအဖြစ်ဖြင့်သာ ကျွန်ုပ်တို့၏အစိုးရအဖွဲ့များသည် အ တိတ်သမိုင်းတွင် ကျန်ရစ်ခဲ့သင့်ပေ၏။ သို့မှသာ နိုင်ငံတော်၏အနာဂတ်သည် ကောင်းမွန်သည့်ဘက်သို့ ဦး တည်စပြုပြီဟု မှတ်ယူ၍ရမည်ဖြစ်၏။

ဤမည်သော သဘာဝဘေးအန္တရာယ်၊ ဤ ကပ်ဆိုးကို လူထုအတွက် အခွင့်အလမ်းကောင်းများ အဖြစ် အမိအရဆုပ်ကိုင်ကာ ပြောင်းလဲပေးနိုင်ခဲ့သည့် ပြောင်းလဲပေးရဲသည့် အစိုးရကောင်းတစ်ရပ်သည် ကျွနု်ပ်တို့၏သမိုင်း၌ အမှန်လိုအပ်၏။ အမြော်အမြင် ကြီးပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေအောင် စွမ်းဆောင်ပေးနိုင်သည့် အစိုးရကောင်းတစ်ရပ်အဖြစ် သမိုင်းတွင် ကျန်ရစ်စေမည်လည်းဖြစ်၏။

ဤပင်လယ်အော်နှင့် ကမ်းရိုးတန်း၊ ဤ မြစ်ဝကျွန်းပေါ်ဒေသနေ၊ ဤလူထုသည် ယခုခေတ် ကာ လများတွင်သာမက၊ ယခင်ခေတ်ကာလများက ရော၊ နောင်ခေတ်ကာလများတွင်ပါ ဤကဲ့သို့သော ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်သည့် ဒဏ်ရာဒဏ်ချက်များကို ကြုံကြရဦးမည်လည်းဖြစ်ပေ၏။ ကျွန်ုပ်တို့သည် ဘင်္ဂလားပင်လယ်အော်နှင့် မြစ်ဝကျွန်းပေါ် စပါးကျီ မည်သော ဤဒေသများ၏အားသာ ချက်များ ပင်လယ်ပြင်သယံဇာတများ အမွေအနှစ်များ အခွင့်အလမ်းများကို အသုံးချခဲ့ အသုံးချဆဲ အသုံးချနေကြရဦး မည်လည်းဖြစ်ရာ သဘာဝဘေးအန္တရာယ်မျိုးစုံမှ တာဝန်အရ အကာအကွယ်ပေးကြရ မည်ဖြစ်သလို ဘဝများစွာ ပြန်လည်ရှင်သန်ရေးအတွက် ဝတ္တရားအရ ပြန်လည်တည်ဆောက်ပေးကြရ မည်လည်း ဖြစ်၏။ အစိုးရတစ်ရပ်သည် တာဝန်နှင့်ဝတ္တရားအရ ဤကဲ့သို့ ခံယူကြရန်လိုအပ်၏။ ဤ နည်းအားဖြင့် အစိုးရကောင်းတစ်ရပ်အဖြစ် သမိုင်းဝင် သမိုင်းတွင် စေအပ်၏။

တိုင်ဖွန်းမုန်တိုင်း ရာဂီနှင့် သဘာဝဘေးအန္တရာယ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး။
၄။ ယခုတစ်ဖန် (၂၀၂၄)ခုနှစ် စက်တင်ဘာ၌ တိုက်ဖွန်းမုန်တိုင်း ရာဂီသည် သဘာဝဘေးအန္တရာယ်ကြီး အဖြစ် ရှမ်းအရှေ့၊ ရှမ်းတောင်မှစကာ မြန်မာပြည်အလယ်ပိုင်း မြေလတ်ပိုင်းအထိဝင်ရောက်ခဲ့ပြန်ရာ ရုတ်တရက် တောင်ပြိုခြင်း၊ ကမ်းပြိုခြင်း၊ ရေကြီးရေ လျှံခြင်း၊ ရေလွှမ်းမြေမြုပ်ခြင်း ဒဏ်ခံခဲ့ကြရသည့် မြို့ ရွာများ၊ လူနေအိမ်များ၊ လယ်ကွင်းများ အသက်မွေး ဝမ်းကြောင်းလုပ်ငန်းများနှင့်အတူ လူ့အသက် ပေါင်း များစွာ၊ တိရစ္ဆာန်အသက်ပေါင်းများစွာသည် ဆုံးရှုံးခဲ့ကြရပြန်ပြီဖြစ်၏။ အသက်အိုးအိမ် စည်းစိမ် ဥစ္စာများစွာသည် ပျက်စီးခဲ့ရပြန်ပြီဖြစ်၏။

ပြည်တွင်းစစ်၏ ဒဏ်ရာဒဏ်ချက်မျိုးစုံ ကြားမှ ကြိုးစားရုန်းကန်နေကြရသည့် မြန်မာလူထု သည် ယခုတစ်ဖန် သဘာဝဘေးအန္တရာယ်ကြောင့် စီးပွားပြိုပျက်ရုံမက ဘဝပြိုပျက်သည်အထိ ကြုံတွေ့ နေကြရ၊ စိတ်ဒဏ်ရာဒဏ်ချက်များစွာ၏ ဖိစီးမှုမျိုး စုံတို့ကြောင့် လူ့ဘဝရှင်သန်ရေး ပြန်လည်၍ တစ်ဖန် ထူထ၍မရနိုင်သည့်အခြေအနေတို့နှင့် တစ်ပြိုင် တည်း ရင်ဆိုင်နေကြရပြီဖြစ်သည်ဟု မှတ်ချက်ပြုလို ပါ၏။ အတိတ်ကာလ၌ သဘာဝဘေးအန္တရာယ်သင့် ဒေသနေလူထု၏ မြို့ပြအိုးအိမ် ပြန်လည်ထူထောင် ရေး ကဏ္ဍ၊ လူမှုစီးပွားဘဝ ပြန်လည်ရှင်သန်ရေးကဏ္ဍ တို့၌ နိုင်ငံတော်အဆင့် စီမံဆောင်ရွက်မှု နှောင့်နှေးခဲ့ရသည့် ဖြစ်စဉ်ဖြစ်ရပ် သင်ခန်းစာများကိုဆင်ခြင်ပြီး ယခုဖြစ်စဉ်မှစတင်ကာ နိုင်ငံတော် အဆင့် စီမံကိန်းကြီးများသည် လိုအပ်ပြီဖြစ်သည်ဟု မြင်မိ၏။

အသက်အိုးအိမ်စည်းစိမ်ပေါင်းများစွာ ပေးဆပ်ခဲ့ကြရပြီးဖြစ်သည့် သဘာဝဘေးအန္တရာယ်မှ မြန်မာလူထု အမြန်ထူထနိုင်အောင်၊ ဘဝပေါင်းများစွာ ပြန်လည်ရှင်သန်ထမြောက်လာနိုင်အောင် နိုင်ငံတော်အဆင့် အစီအစဉ်အသစ်များသည် လိုအပ်၏။ နိုင်ငံ တော်အစိုးရက ထိထိရောက်ရောက်ပါဝင် ကူညီပါမှ သဘာဝဘေးဒဏ်သင့် ဒေသနေလူထု၏ လူမှုစီးပွား ဘဝသည် အချိန်တိုအတွင်း ပြန်လည် ရှင်သန်လာနိုင်ခြေရှိ၏။ သို့ဖြင့် အစိုးရသည် ပြန်လည်ထူထောင် ရေးကဏ္ဍကို ပိုမိုထိရောက်သည်ထက် ထိရောက်အောင် တစ်ဆင့်ချင်း ချဉ်းကပ်သင့်ပေ၏။

ဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာခြင်း။
၅။ ပြည်ထောင်စု၏ နယ်မြေတစ်ခုခု၌ မုန်တိုင်းသင့်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်းစသည့် သဘာဝ ဘေးအန္တရာယ်ကျရောက်ပါက၊ ဘေးအန္တရာယ်ကျ ရောက်သောဒေသများအဖြစ် ဥပဒေအရ သတ်မှတ် ကြေညာရန် စံနှုန်များနှင့်ကိုက်ညီပါက အစိုးရသည် အမြန်ဆုံး နိုင်ငံတော်၏ ဘေးအန္တရာယ်ကျရောက် သောဒေသများအဖြစ် ကြေညာခြင်းပြုသင့်ပေ၏။ တစ်ပြိုင်တည်း လူမှုစီးပွားဘဝ ပြန်လည်ရှင်သန်ရေး အတွက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးကဏ္ဍတွင် အောက်ပါအချက်များကို သုံးသပ်ကာ ဥပဒေအရ ထည့်သွင်းပြဋ္ဌာန်းပြီး ဆောင် ရွက်ပေးသင့်ပေ၏။ ဤမှစ၍ နောင်တွင် သဘာဝ ဘေးအန္တရာယ်ကျရောက်သောဒေသတိုင်း၌ မဖြစ်မနေ ဆောင်ရွက်ပေးရမည့် အထူးလုပ်ငန်းရပ်များ အဖြစ် သတ်မှတ်လျက် အစိုးရတိုင်းသည် ဆောင်ရွက်ပေးသင့်ပေ၏။
(က)ပြည်ထောင်စု၏ နယ်မြေတစ်ခုခုသည် မုန်တိုင်း ဒဏ်သင့်ခြင်း သို့တည်းမဟုတ် ငလျင်ဒဏ်သင့်ခြင်း သို့တည်းမဟုတ် ရေကြီးရေလွှမ်းဒဏ်သင့်ခြင်း စသည့် သဘာဝဘေးအန္တရာယ်တစ်ရပ်ရပ် ကျရောက် သောဒေသအဖြစ် သတ်မှတ်ကြေညာခြင်းခံရပါက အဆိုပါဒေသနေလူထု၏ အသက်အိုးအိမ် ဆုံးရှုံးပျက် စီးခြင်း၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ(လယ်ယာ၊ မွေးမြူရေး၊ စက်မှုကုန်ထုတ်၊ အခြား) ထိခိုက် ပျက်စီး ဆုံးရှုံးရခြင်းနှင့် မြို့ပြပြိုပျက်ရခြင်းတို့အတွက် ပြည်ထောင်စုအစိုးရသည် ပြန်လည်တည်ဆောက် ရေးနှင့် ပြန်လည်ထူထောင်နိုင်ရေး အထူးရန်ပုံငွေ တစ်ရပ်ကို ဥပဒေအရပြဋ္ဌာန်းကာ အမြန်ဆုံးထူထောင် ပေးသင့်ပေ၏။ အထူးရန်ပုံငွေတစ်ရပ် ထူထောင်ပေးရန်သည်လိုအပ်၏။
(ခ)အဆိုပါအထူးရန်ပုံငွေဖြင့် အသက်အိုးအိမ်နှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်းများ (လယ်ယာ၊ မွေး မြူရေး၊ စက်မှုကုန်ထုတ်၊ အခြား)၏ ပျက်စီးမှုတိုင်းကို သတ်မှတ်အဖွဲ့ဖြင့် အမြန်ဆုံးစိစစ်တွက်ချက်ပြီး ပြန်လည်ထူထောင်နိုင်ရေးအတွက် ဆုံးရှုံးမှုတိုင်း၏ (၅၀) ရာခိုင်နှုန်း သို့မဟုတ် ထိရောက်သည့် ရာခိုင်နှုန်းတစ်ခုဖြင့် ဘေးဒဏ်သင့်လူထုကို ပြန်လည်ထူထောင်နိုင်ရေး နစ်နာကြေးပေးခြင်း သို့တည်း မဟုတ် ထောက်ပံ့ကြေးပေခြင်းနည်းလမ်းတစ်ခုခုဖြင့် အကောင်အထည်ဖော်ပေးသင့်ပေ၏။ အကောင်အထည်ဖော်ပေးရန်သည် လိုအပ်၏။

(ဂ)အဆိုပါနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် မြို့တိုင်း၊ ရွာတိုင်း၊ အိုးအိမ်တိုင်း၊ လုပ်ငန်းတိုင်း၊ လူပုဂ္ဂိုလ်တိုင်း အတွက် အတိုးနှုန်းအနည်းဆုံး(အထူးအတိုးနှုန်း) ဖြင့် ပြန်လည်ထူထောင်ရေး နှစ်ရှည်ချေးငွေတစ်ရပ် သည်လည်း သက်ဆိုင်ရာဘဏ်များ (လယ်ယာဖွံ့ဖြိုး ရေး၊ အိုးအိမ်ဖွံ့ဖြိုးရေး၊ စက်မှုဖွံ့ဖြိုးရေးနှင့် ပုဂ္ဂလိ က ဘဏ်များ)က ဥပဒေပြဋ္ဌာန်းပြီး ချေးငွေစနစ်တစ်ရပ်ဖြင့် စတင်ဆောင်ရွက် အကောင်အထည်ဖော်ပေး သင့်၏။

(ဃ) သဘာဝဘေးအန္တရာယ်ကျရောက်စေသည့် ဘေးအန္တရာယ် အမျိုးအစား၊ ဒေသအမျိုးအစား (တောင်ပေါ်၊ မြေပြန့်၊ ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်) စသည်တို့အပေါ်မူတည်ပြီး နိုင်ငံတော်နှင့် ဒေသဆိုင်ရာအဆင့်က ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအစီအစဉ်သည် ရေးဆွဲပြီးဖြစ်သင့်ပေ ၏။ ပြီးပြည့်စုံသည့် အစီအစဉ်ဖြစ်သင့်၏။ ဖြစ်ရန်လည်း လိုအပ်၏။

အစဉ်အလာများမှ ဖောက်ထွက်ရန်လို၏။
၆။ အစဉ်အလာအားဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်သည်နှင့် နိုင်ငံတော်သည် ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးကို စီမံချက်များအတိုင်း ပုံမှန်ဆောင်ရွက်ကြမြဲဖြစ်၏။ လူကယ်ပြန်ဝန်ကြီးဌာန သည် အခရာကျ၏။ မိုးဇလ၏ မုန်တိုင်းသတင်း ခန့်မှန်းထုတ်ပြန်ချက်သည် ယခင်ကာလထက် ပိုမိုတိကျ မှန်ကန်လာသည်ကိုတွေ့လာရ၏။ ဘေးလွတ်ရာသို့ ကြိုတင်ကယ်ထုတ်ခြင်းသည် အသက်ကယ်မှု၊ အ သက်ရှင်သန်မှုတို့အတွက် အရေးပါ၏။ မုန်တိုင်း ဒဏ်ခံ အဆောက်အအုံမျိုးစုံ၊ အသက်ကယ်အဆောက် အအုံမျိုးစုံတို့ကို ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသတို့၌ တွေ့လာရခြင်းသည် မုန်တိုင်းဒဏ် ခံရပြီး နောက် မုန်တိုင်းကပေးသည့် သင်ခန်းစာများကို အဖြေထုတ်ခြင်းဖြစ်၏။

အစဉ်အလာအားဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်သည်နှင့် နိုင်ငံတော်သည် ပြည်သူထံမှ ပြည်သူထံသို့ ပြည်သူပါဝင်သည့် အလှူဒါန မြောက်စေရေး နိုင်ငံတော်အဆင့် အလှူငွေလက်ခံပွဲမျိုး ဖိတ်ခေါ်ကျင်းပလေ့ရှိသည်ကို တွေ့ကြရ၏။ ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်းပြုကြရာ၌ လည်း ဤကဲ့သို့ပါဝင် အလှူအတန်း ပြုမှုမျိုး တွေ့ကြရ၏။ မြန်မာတို့၏ ပင်ကိုဗီဇပါသည့် သဒ္ဓါတရား၊ ကိုယ်ချင်းစာစိတ်နှင့် ယှဉ်သောစေတနာ၊ မေတ္တာ၊ ကရုဏာတရားတို့ကို မြင်တွေ့ကြရသည်ဖြစ်ရာ မြင်ရ သူတိုင်း၊ ကြားရသူတိုင်း ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် သာဓုအကြိမ်ကြိမ်ခေါ်ကြရသည့် လှူဒါန်းပွဲမျိုး ဖြစ်၏။ ကြိုဆိုအပ်၏၊ မုဒိတာပွားအပ်၏။ ပြည်သူမှ ပါဝင် မျှဝေခံစားကြရသည့် ကြည်နူးဖွယ်မြင်ကွင်း များဖြစ်၏။ အစဉ်အလာကောင်းလည်းဖြစ်၏။

ဤကဲ့သို့ အလှူငွေလက်ခံသည့် အစဉ်အလာကို အစိုးရကဦးဆောင်ပြုလုပ်ကောက်ခံနေသည် ကိုတွေ့ကြရသလို ပုဂ္ဂလိကများ၊ Foundations များကလည်း အလှူငွေလက်ခံခြင်း၊ လူပုဂ္ဂိုလ်အလိုက် အဖွဲ့အစည်းအလိုက် ထိရောက်စွာဖြင့် ဒေသအသီးသီးသို့ သွားရောက်ကူညီထောက်ပံ့ပေးခြင်းမျိုးစုံကို လူမှုမီဒီယာများ၌ တွေ့ကြရ၏။

နိုင်ငံတော်အစိုးရသည် အလှူငွေကျပ် ဘီလျံ (၄၀)ကျော်၊ နာမည်ကြီးအမျိုးသမီးပုဂ္ဂိုလ် တစ် ဦးဖြစ်သည့် ဒေါ်ခိုင်နှင်းဝေသည် အလှူငွေကျပ်သိန်း (၃)သောင်းကျော် အလှူငွေလက်ခံရရှိပြီဟု ကြေညာသည်ကိုတွေ့ရ၏။ လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းတို့ သွားရောက်လှူဒါန်းကြပုံ၊ အိုးသစ်အိမ်သစ် တည်ဆောက်နိုင်ရေး တစ်ဦးလျှင် ကျပ်ငွေသိန်းမည်မျှ ထောက်ပံ့ကူညီခဲ့သည်ဟူသည့် ဘဝရှင်သန်ရေး တိုက်ရိုက်အကူအညီတို့ကို ကြားရမြင်ရပြန်ရာ အထူးကြည်နူးမှု ဖြစ်ရပါ၏။

သို့သော်လည်း နိုင်ငံတော်အစိုးရသည် သဘာဝဘေးဒဏ်ခံလူထု၏ လူမှုစီးပွားဘဝ ပြန်လည် ရှင်သန်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကို ပီပြင်စွာဆောင်ရွက်နိုင်ပုံမရသေး ဟု သုံးသပ်၍ရ၏။ အစိုးရ၏ဌာနဆိုင်ရာအဆောက်အအုံများ၊ တံတားများ၊ ကားလမ်းများ၊ ရထားလမ်း များ ပြန်လည်ပြုပြင်ခြင်း၊ တည်ဆောက်ပေးခြင်းများကိုသာ ယခင်သဘာဝဘေးအန္တရာယ်ဖြစ်ခဲ့စဉ်က( ဂီ ရိ၊ မိုခါတို့၌)မြင့်ခဲ့ကြရ၏၊ တွေ့ခဲ့ကြရ၏။ ရေလွှမ်းခံ၊ မြေဖုံးနွံဖုံးခံခဲ့ရသည့် သောက်သုံးရေကန်များ၊ မွေးမြူရေးကန်များ၊ လယ်ကွင်းများနှင့် လမ်းများကို လူထုသည် ကိုယ်ထူကိုယ်ထ ပြန်လည်ရှင်းလင်း ခဲ့ရသည့် မြင်ကွင်းများသည်သာ အတိတ်၌ရှိခဲ့၏။

နိုင်ငံတော်မှ စနစ်တကျစီမံကိန်းများဖြင့် ပီပြင်သည့်ထောက်ပံ့ကူညီမှုပေးကာ လူထု၏ လူမှုစီး ပွားဘဝ ပြန်လည်ရှင်သန်ရေး နိုင်ငံတော်အဆင့် ထူထောင်ပေးမှုကိုမူ ယခင်ကာလကရော၊ ယခုကာလ ၌ပါ မတွေ့ရသေးဟု သုံးသပ်၍ရ၏။ နိုင်ငံတော်သည် လူထု၏ လူမှုစီးပွားဘဝ ပြန်လည်ရှင်သန်ရေး ထူ ထောင်ပေးသင့်ပေ၏။ ကျွန်ုပ်တို့သည် အနာဂတ်အတွက် ပစ္စုပ္ပန်ကိုတည်ဆောက်ကြရာ၌ အစဉ်အလာ ဟောင်းများမှ ဖောက်ထွက်ရန်လို၏။ ဖောက်ထွက်ကြရန်အချိန်တန်ပြီဖြစ်၏။ အချိန်မလွန်ခင် အချိန်မီ ဖောက်ထွက်သင့်ပြီဟုသာ မှတ်ချက်ပြုလိုပါ၏။

zawgyi version
အနာဂတ္အတြက္ ပစၥဳပၸန္ကို တည္ေဆာက္ျခင္း (သဘာဝေဘးအႏၲရာယ္၊ ျပန္လည္ထူ ေထာင္ေရးႏွင့္အစိုးရ)
ေဒါက္တာေအးေမာင္ (NP News) - ေအာက္တိုဘာ ၁၇

ပစၥဳပၸန္သည္သာ အဓိကျဖစ္၏။
၁။ ပစၥဳပၸန္သည္ အတိတ္ကို ဆင္ျခင္သုံးသပ္ရာကာ လျဖစ္သကဲ့သို႔ အနာဂတ္၏ေျခလွမ္းမ်ား အစျပဳရာ တံခါးဝလည္းျဖစ္၏။ ဆင္ျခင္သင့္သည့္ သမိုင္း၏အမွားသင္ခန္းစာမ်ား၊ အနာဂတ္ခရီးသြားမ်ား၏ ေျခ လွမ္းအမွားမ်ား ဦးတည္ခ်က္၊ ဦးတည္ရာအမွားမ်ားကို ကြၽႏု္ပ္တို႔ ဆင္ျခင္သုံးသပ္ႏိုင္ရာလည္းျဖစ္၏။ ကြၽႏ္ုပ္တို႔၏ အတိတ္သမိုင္းသည္ ႀကီးက်ယ္ခဲ့၏။ ဘုန္းမီး ေနလ ေတာက္ပခဲ့၏။ အတိတ္၏ အာဏာ စက္သည္ က်ယ္ျပန႔္ခဲ့၏။ ဘိုးေဘးဘီဘင္မ်ား၏အတိတ္သည္ စည္ပင္ဝၿဖိဳးခဲ့၏၊ ညီၫြတ္ခဲ့၏။ နည္းတူ ၿပိဳကြဲခဲ့၏။ ဆုံးရႈံးခဲ့၏။ ေၾကကြဲဖြယ္ အတိျဖစ္ခဲ့၏။

အခ်ိဳ႕သည္ အတိတ္၏ ႀကီးက်ယ္ခမ္းနားခဲ့မႈကို ေတာင့္တၾက၏။ အခ်ိဳ႕သည္ အာဏာစက္ က်ယ္ျပန႔္ခဲ့မႈကို ဂုဏ္ယူၾက၏၊ အားက်ၾက၏။ အခ်ိဳ႕သည္ စည္ပင္ဝၿဖိဳးကာ ေ႐ႊထီးေဆာင္းခဲ့မႈကို ၿမိန္ေရ ယွက္ေရ စားၿမဳံ႕ျပန္ေျပာတတ္ၾက၏။ အခ်ိဳ႕သည္ အတိတ္၏ ဇာတိမာန္ႏွင့္ မာန္မာနကို ပုံတူကူးလိုၾက ၏။ အခ်ိဳ႕သည္ အတိတ္၏သင္ခန္းစာမ်ားကို ဆင္ျခင္သုံးသပ္ၾက၏။ အခ်ိဳ႕သည္ အတိတ္၌ သာယာၾက ၏။ ၾကည္ႏူးၾက၏။ ယစ္မူးၾက၏။

တစ္ခါတစ္ခါ ပစၥဳပၸန္သည္ အတိတ္၏ ၿခိမ္းေျခာက္မူကို ခံၾကရ၏။ တစ္ခါတစ္ခါ ပစၥဳပၸန္သည္ အတိတ္၏ ႀကီးက်ယ္ခမ္းနား ဘုန္းမီးေနလ ေတာက္ပခဲ့မႈကို အနာဂတ္အတြက္ ပုံတူကူးလိုၾက၏။ စိတ္ မွန္းၿပီး အနာဂတ္ပုံရိပ္ကို အတင္း အိပ္မက္မက္တည္ေဆာက္လိုၾက၏။

အနာဂတ္ကို တည္ေဆာက္ျခင္း။
၂။ အနာဂတ္ကို တည္ေဆာက္ၾကရာ၌ ပစၥဳပၸန္သည္ အခရာက်၏။ အဓိကျဖစ္၏။ ကြၽႏ္ုပ္တို႔သည္ ပစၥဳပၸန္ ကို အုတ္ျမစ္ေကာင္းအျဖစ္ ပထမတည္ေဆာက္သင့္ၾက၏။ မိမိတည္ေဆာက္လိုသည့္ ဗိသုကာ ဒီဇိုင္းအ ေပၚမူတည္ၿပီး ခိုင္မာသည့္ အုတ္ျမစ္ျဖစ္ရန္ ရွိသင့္သည့္ ေျမအနက္၊ ပါဝင္သင့္သည့္ အခ်ိဳးမွန္၊ ပစၥည္း မွန္၊ အေရအတြတ္မွန္၊ အရည္အေသြးမွန္၊ နည္းစနစ္ မွန္တို႔ျဖင့္တည္ေဆာက္သည့္ အေတြ႕အႀကဳံရင့္ ပညာရွင္မ်ား၏က႑ကို မေမ့ပစ္ရန္လိုအပ္သကဲ့သို႔ ဗိသုကာပညာရွင္၏က႑သည္လည္း အလြန္ အခရာ က်လွ၏။

နည္းတူ တည္ေဆာက္မႈ သမိုင္းသင္ခန္းစာမ်ားကိုလည္း မပစ္ပယ္သင့္၊ မေမ့ပစ္သင့္သည္ကို နားလည္သင့္ေပ၏။ တည္ေဆာက္မႈလုပ္ငန္းတိုင္းတြင္ ဘ႑ာေငြ၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ အခ်ိန္ကာလ တြက္ခ်က္မႈ မွန္ကန္ရန္လည္းလိုအပ္၏။ အေျခခံ အုတ္ျမစ္မခိုင္မာဘဲ အေပၚထပ္အေဆာက္အအုံကို အလ်င္စလို မတည္ေဆာက္သင့္သလို ေရရွည္ခိုင္ခံ့ရန္ နည္းစနစ္မွခြင့္ျပဳသည့္ ကာလကို ေစာင့္ဆိုင္းရန္ လည္းလိုအပ္၏။

ပစၥဳပၸန္ရာသီဥတု၏ ခြင့္ျပဳမႈကိုလည္း ထည့္သြင္းတြက္ခ်က္သင့္၏။ မုန္တိုင္းဆင္သည့္ ကာလ မ်ိဳးကို ေရွာင္ရွားသင့္၏။ တည္ေဆာက္သူတို႔၏ ညီၫြတ္မႈ၊ ႀကိဳးစားမႈ၊ တက္ႂကြမႈႏွင့္ အပင္ပန္းခံမႈတို႔ သည္လည္း အခရာက်ေပ၏။ မည္သို႔ဆိုပါေစ အနာဂတ္တည္ေဆာက္မႈအတြက္ ပစၥဳပၸန္သည္ အဓိက အခရာက်၏။ အတိတ္သည္ ဖက္တြယ္ရန္ထက္ သင္ခန္းစာေကာင္းေပးသည့္ သင္ယူစရာ မွတ္သားစရာ အနာဂတ္၏ လမ္းòန္အျဖစ္သာ ကြၽႏ္ုပ္တို႔ ဦးေႏွာက္ႏွင့္ ႏွလုံးသားတြင္ စြဲၿမဲေစသင့္၏။

သဘာဝေဘးအႏၲရာယ္ ျပန္လည္ထူေထာင္ေရးႏွင့္ အစိုးရ။
၃။ သဘာဝေဘးအႏၲရာယ္က်ေရာက္ေသာ ေဒသတိုင္းတြင္ ကယ္ဆယ္ေရးလုပ္ငန္းသည္ အသက္ရွင္ သန္ေရးအတြက္ အေရးႀကီးသလို ျပန္လည္ထူေထာင္ေရးလုပ္ငန္းသည္ ဘဝမ်ားရွင္သန္ေရးအတြက္ အလြန္အေရးႀကီး၏။

ကြၽႏု္ပ္တို႔၏အတိတ္၌ (၂၀ဝ၆) ခုႏွစ္ ဧၿပီ တြင္ မာလ၊ (၂၀ဝ၈)ခုႏွစ္ ေမတြင္ နာဂစ္၊ (၂၀၁၀) ျပည့္ႏွစ္ ေအာက္တိုဘာတြင္ ဂီရိ၊ (၂၀၂၃)ခုႏွစ္ ေမ တြင္ မိုခါမည္ေသာ ဆိုင္ကလုန္းမုန္တိုင္းမ်ား ေၾကာင့္ ၿပိဳပ်က္ဆုံးရႈံး ေၾကမြခဲ့ရသည့္ သဘာဝေဘးဒဏ္သင့္ ဧရာဝတီႏွင့္ ရခိုင္ကမ္းေျခေဒသ ေနလူထု ၏ လူမႈ စီးပြားဘဝမ်ားကို စနစ္တက်ျပန္လည္တည္ေဆာက္၊ ျပန္လည္ထူေထာင္ေပးႏိုင္ခဲ့ျခင္းရွိမရွိသည္ အုပ္ခ်ဳပ္သူ အစိုးရမင္းတို႔ကို သဘာဝေဘး ဒဏ္သင့္ လူထုကေသာ္လည္းေကာင္း၊ ႏိုင္ငံတစ္ဝန္း လုံးရွိ ျပည္သူတစ္ရပ္လုံးကေသာ္လည္းေကာင္း အစိုးရေကာင္းတစ္ရပ္ ဟုတ္မဟုတ္ အကဲျဖတ္ၾကရာ၌ တိုင္းထြာအပ္သည့္ စံသတ္မွတ္ခ်က္မ်ားစြာအနက္မွ အေရးပါသည့္ စံတစ္ရပ္လည္းျဖစ္မည္ဟု ယူဆမိ၏။

ပစၥဳပၸန္၌ အဆိုးဆုံးျဖစ္ရပ္မ်ားကို အေကာင္းဆုံးအခြင့္အလမ္းမ်ားအျဖစ္ အခ်ိန္တိုအတြင္း ေျပာင္းလတည္ေဆာက္ကာ ျပန္လည္ထူေထာင္ေပးႏိုင္ခဲ့သည့္ အစိုးရတစ္ရပ္အျဖစ္သာ ျပည္သူသည္ ျမင္ေတြ႕လိုပုံရ၏။ ျပည္သူက တန္ဖိုးထားေသာ၊ ျပည္သူက ေလးစားေသာ၊ ျပည္သူက ယုံၾကည္ေသာ သမိုင္း မွတ္တမ္းေကာင္းဝင္ အစိုးရေကာင္းမ်ားအျဖစ္ျဖင့္သာ ကြၽႏ္ုပ္တို႔၏အစိုးရအဖြဲ႕မ်ားသည္ အ တိတ္သမိုင္းတြင္ က်န္ရစ္ခဲ့သင့္ေပ၏။ သို႔မွသာ ႏိုင္ငံေတာ္၏အနာဂတ္သည္ ေကာင္းမြန္သည့္ဘက္သို႔ ဦး တည္စျပဳၿပီဟု မွတ္ယူ၍ရမည္ျဖစ္၏။

ဤမည္ေသာ သဘာဝေဘးအႏၲရာယ္၊ ဤ ကပ္ဆိုးကို လူထုအတြက္ အခြင့္အလမ္းေကာင္းမ်ား အျဖစ္ အမိအရဆုပ္ကိုင္ကာ ေျပာင္းလဲေပးႏိုင္ခဲ့သည့္ ေျပာင္းလဲေပးရဲသည့္ အစိုးရေကာင္းတစ္ရပ္သည္ ကြၽႏု္ပ္တို႔၏သမိုင္း၌ အမွန္လိုအပ္၏။ အေျမာ္အျမင္ ႀကီးၿပီး ေရရွည္ဖြံ႕ၿဖိဳးတိုးတက္လာေစေအာင္ စြမ္းေဆာင္ေပးႏိုင္သည့္ အစိုးရေကာင္းတစ္ရပ္အျဖစ္ သမိုင္းတြင္ က်န္ရစ္ေစမည္လည္းျဖစ္၏။

ဤပင္လယ္ေအာ္ႏွင့္ ကမ္း႐ိုးတန္း၊ ဤ ျမစ္ဝကြၽန္းေပၚေဒသေန၊ ဤလူထုသည္ ယခုေခတ္ ကာ လမ်ားတြင္သာမက၊ ယခင္ေခတ္ကာလမ်ားက ေရာ၊ ေနာင္ေခတ္ကာလမ်ားတြင္ပါ ဤကဲ့သို႔ေသာ ဆိုင္ကလုန္း မုန္တိုင္းတိုက္ခတ္သည့္ ဒဏ္ရာဒဏ္ခ်က္မ်ားကို ႀကဳံၾကရဦးမည္လည္းျဖစ္ေပ၏။ ကြၽႏ္ုပ္တို႔သည္ ဘဂၤလားပင္လယ္ေအာ္ႏွင့္ ျမစ္ဝကြၽန္းေပၚ စပါးက်ီ မည္ေသာ ဤေဒသမ်ား၏အားသာ ခ်က္မ်ား ပင္လယ္ျပင္သယံဇာတမ်ား အေမြအႏွစ္မ်ား အခြင့္အလမ္းမ်ားကို အသုံးခ်ခဲ့ အသုံးခ်ဆဲ အသုံးခ်ေနၾကရဦး မည္လည္းျဖစ္ရာ သဘာဝေဘးအႏၲရာယ္မ်ိဳးစုံမွ တာဝန္အရ အကာအကြယ္ေပးၾကရ မည္ျဖစ္သလို ဘဝမ်ားစြာ ျပန္လည္ရွင္သန္ေရးအတြက္ ဝတၱရားအရ ျပန္လည္တည္ေဆာက္ေပးၾကရ မည္လည္း ျဖစ္၏။ အစိုးရတစ္ရပ္သည္ တာဝန္ႏွင့္ဝတၱရားအရ ဤကဲ့သို႔ ခံယူၾကရန္လိုအပ္၏။ ဤ နည္းအားျဖင့္ အစိုးရေကာင္းတစ္ရပ္အျဖစ္ သမိုင္းဝင္ သမိုင္းတြင္ ေစအပ္၏။

တိုင္ဖြန္းမုန္တိုင္း ရာဂီႏွင့္ သဘာဝေဘးအႏၲရာယ္သင့္ေဒသမ်ား ျပန္လည္ထူေထာင္ေရး။
၄။ ယခုတစ္ဖန္ (၂၀၂၄)ခုႏွစ္ စက္တင္ဘာ၌ တိုက္ဖြန္းမုန္တိုင္း ရာဂီသည္ သဘာဝေဘးအႏၲရာယ္ႀကီး အျဖစ္ ရွမ္းအေရွ႕၊ ရွမ္းေတာင္မွစကာ ျမန္မာျပည္အလယ္ပိုင္း ေျမလတ္ပိုင္းအထိဝင္ေရာက္ခဲ့ျပန္ရာ ႐ုတ္တရက္ ေတာင္ၿပိဳျခင္း၊ ကမ္းၿပိဳျခင္း၊ ေရႀကီးေရ လွ်ံျခင္း၊ ေရလႊမ္းေျမျမဳပ္ျခင္း ဒဏ္ခံခဲ့ၾကရသည့္ ၿမိဳ႕ ႐ြာမ်ား၊ လူေနအိမ္မ်ား၊ လယ္ကြင္းမ်ား အသက္ေမြး ဝမ္းေၾကာင္းလုပ္ငန္းမ်ားႏွင့္အတူ လူ႔အသက္ ေပါင္း မ်ားစြာ၊ တိရစာၦန္အသက္ေပါင္းမ်ားစြာသည္ ဆုံးရႈံးခဲ့ၾကရျပန္ၿပီျဖစ္၏။ အသက္အိုးအိမ္ စည္းစိမ္ ဥစၥာမ်ားစြာသည္ ပ်က္စီးခဲ့ရျပန္ၿပီျဖစ္၏။

ျပည္တြင္းစစ္၏ ဒဏ္ရာဒဏ္ခ်က္မ်ိဳးစုံ ၾကားမွ ႀကိဳးစား႐ုန္းကန္ေနၾကရသည့္ ျမန္မာလူထု သည္ ယခုတစ္ဖန္ သဘာဝေဘးအႏၲရာယ္ေၾကာင့္ စီးပြားၿပိဳပ်က္႐ုံမက ဘဝၿပိဳပ်က္သည္အထိ ႀကဳံေတြ႕ ေနၾကရ၊ စိတ္ဒဏ္ရာဒဏ္ခ်က္မ်ားစြာ၏ ဖိစီးမႈမ်ိဳး စုံတို႔ေၾကာင့္ လူ႔ဘဝရွင္သန္ေရး ျပန္လည္၍ တစ္ဖန္ ထူထ၍မရႏိုင္သည့္အေျခအေနတို႔ႏွင့္ တစ္ၿပိဳင္ တည္း ရင္ဆိုင္ေနၾကရၿပီျဖစ္သည္ဟု မွတ္ခ်က္ျပဳလို ပါ၏။ အတိတ္ကာလ၌ သဘာဝေဘးအႏၲရာယ္သင့္ ေဒသေနလူထု၏ ၿမိဳ႕ျပအိုးအိမ္ ျပန္လည္ထူေထာင္ ေရး က႑၊ လူမႈစီးပြားဘဝ ျပန္လည္ရွင္သန္ေရးက႑ တို႔၌ ႏိုင္ငံေတာ္အဆင့္ စီမံေဆာင္႐ြက္မႈ ေႏွာင့္ေႏွးခဲ့ရသည့္ ျဖစ္စဥ္ျဖစ္ရပ္ သင္ခန္းစာမ်ားကိုဆင္ျခင္ၿပီး ယခုျဖစ္စဥ္မွစတင္ကာ ႏိုင္ငံေတာ္ အဆင့္ စီမံကိန္းႀကီးမ်ားသည္ လိုအပ္ၿပီျဖစ္သည္ဟု ျမင္မိ၏။

အသက္အိုးအိမ္စည္းစိမ္ေပါင္းမ်ားစြာ ေပးဆပ္ခဲ့ၾကရၿပီးျဖစ္သည့္ သဘာဝေဘးအႏၲရာယ္မွ ျမန္မာလူထု အျမန္ထူထႏိုင္ေအာင္၊ ဘဝေပါင္းမ်ားစြာ ျပန္လည္ရွင္သန္ထေျမာက္လာႏိုင္ေအာင္ ႏိုင္ငံေတာ္အဆင့္ အစီအစဥ္အသစ္မ်ားသည္ လိုအပ္၏။ ႏိုင္ငံ ေတာ္အစိုးရက ထိထိေရာက္ေရာက္ပါဝင္ ကူညီပါမွ သဘာဝေဘးဒဏ္သင့္ ေဒသေနလူထု၏ လူမႈစီးပြား ဘဝသည္ အခ်ိန္တိုအတြင္း ျပန္လည္ ရွင္သန္လာႏိုင္ေျခရွိ၏။ သို႔ျဖင့္ အစိုးရသည္ ျပန္လည္ထူေထာင္ ေရးက႑ကို ပိုမိုထိေရာက္သည္ထက္ ထိေရာက္ေအာင္ တစ္ဆင့္ခ်င္း ခ်ဥ္းကပ္သင့္ေပ၏။

ေဘးအႏၲရာယ္က်ေရာက္ေသာ ေဒသမ်ားအျဖစ္ ေၾကညာျခင္း။
၅။ ျပည္ေထာင္စု၏ နယ္ေျမတစ္ခုခု၌ မုန္တိုင္းသင့္ျခင္း၊ ငလ်င္လႈပ္ျခင္း၊ ေရႀကီးျခင္းစသည့္ သဘာဝ ေဘးအႏၲရာယ္က်ေရာက္ပါက၊ ေဘးအႏၲရာယ္က် ေရာက္ေသာေဒသမ်ားအျဖစ္ ဥပေဒအရ သတ္မွတ္ ေၾကညာရန္ စံႏႈန္မ်ားႏွင့္ကိုက္ညီပါက အစိုးရသည္ အျမန္ဆုံး ႏိုင္ငံေတာ္၏ ေဘးအႏၲရာယ္က်ေရာက္ ေသာေဒသမ်ားအျဖစ္ ေၾကညာျခင္းျပဳသင့္ေပ၏။ တစ္ၿပိဳင္တည္း လူမႈစီးပြားဘဝ ျပန္လည္ရွင္သန္ေရး အတြက္ ျပန္လည္ထူေထာင္ေရးႏွင့္ ျပန္လည္တည္ ေဆာက္ေရးက႑တြင္ ေအာက္ပါအခ်က္မ်ားကို သုံးသပ္ကာ ဥပေဒအရ ထည့္သြင္းျပ႒ာန္းၿပီး ေဆာင္ ႐ြက္ေပးသင့္ေပ၏။ ဤမွစ၍ ေနာင္တြင္ သဘာဝ ေဘးအႏၲရာယ္က်ေရာက္ေသာေဒသတိုင္း၌ မျဖစ္မေန ေဆာင္႐ြက္ေပးရမည့္ အထူးလုပ္ငန္းရပ္မ်ား အျဖစ္ သတ္မွတ္လ်က္ အစိုးရတိုင္းသည္ ေဆာင္႐ြက္ေပးသင့္ေပ၏။
(က)ျပည္ေထာင္စု၏ နယ္ေျမတစ္ခုခုသည္ မုန္တိုင္း ဒဏ္သင့္ျခင္း သို႔တည္းမဟုတ္ ငလ်င္ဒဏ္သင့္ျခင္း သို႔တည္းမဟုတ္ ေရႀကီးေရလႊမ္းဒဏ္သင့္ျခင္း စသည့္ သဘာဝေဘးအႏၲရာယ္တစ္ရပ္ရပ္ က်ေရာက္ ေသာေဒသအျဖစ္ သတ္မွတ္ေၾကညာျခင္းခံရပါက အဆိုပါေဒသေနလူထု၏ အသက္အိုးအိမ္ ဆုံးရႈံးပ်က္ စီးျခင္း၊ သက္ေမြးဝမ္းေက်ာင္းလုပ္ငန္းမ်ား(လယ္ယာ၊ ေမြးျမဴေရး၊ စက္မႈကုန္ထုတ္၊ အျခား) ထိခိုက္ ပ်က္စီး ဆုံးရႈံးရျခင္းႏွင့္ ၿမိဳ႕ျပၿပိဳပ်က္ရျခင္းတို႔အတြက္ ျပည္ေထာင္စုအစိုးရသည္ ျပန္လည္တည္ေဆာက္ ေရးႏွင့္ ျပန္လည္ထူေထာင္ႏိုင္ေရး အထူးရန္ပုံေငြ တစ္ရပ္ကို ဥပေဒအရျပ႒ာန္းကာ အျမန္ဆုံးထူေထာင္ ေပးသင့္ေပ၏။ အထူးရန္ပုံေငြတစ္ရပ္ ထူေထာင္ေပးရန္သည္လိုအပ္၏။
(ခ)အဆိုပါအထူးရန္ပုံေငြျဖင့္ အသက္အိုးအိမ္ႏွင့္ သက္ေမြးဝမ္းေက်ာင္းလုပ္ငန္းမ်ား (လယ္ယာ၊ ေမြး ျမဴေရး၊ စက္မႈကုန္ထုတ္၊ အျခား)၏ ပ်က္စီးမႈတိုင္းကို သတ္မွတ္အဖြဲ႕ျဖင့္ အျမန္ဆုံးစိစစ္တြက္ခ်က္ၿပီး ျပန္လည္ထူေထာင္ႏိုင္ေရးအတြက္ ဆုံးရႈံးမႈတိုင္း၏ (၅၀) ရာခိုင္ႏႈန္း သို႔မဟုတ္ ထိေရာက္သည့္ ရာခိုင္ႏႈန္းတစ္ခုျဖင့္ ေဘးဒဏ္သင့္လူထုကို ျပန္လည္ထူေထာင္ႏိုင္ေရး နစ္နာေၾကးေပးျခင္း သို႔တည္း မဟုတ္ ေထာက္ပံ့ေၾကးေပျခင္းနည္းလမ္းတစ္ခုခုျဖင့္ အေကာင္အထည္ေဖာ္ေပးသင့္ေပ၏။ အေကာင္အထည္ေဖာ္ေပးရန္သည္ လိုအပ္၏။

(ဂ)အဆိုပါနစ္နာဆုံးရႈံးမႈျဖစ္ေပၚခဲ့သည့္ ၿမိဳ႕တိုင္း၊ ႐ြာတိုင္း၊ အိုးအိမ္တိုင္း၊ လုပ္ငန္းတိုင္း၊ လူပုဂၢိဳလ္တိုင္း အတြက္ အတိုးႏႈန္းအနည္းဆုံး(အထူးအတိုးႏႈန္း) ျဖင့္ ျပန္လည္ထူေထာင္ေရး ႏွစ္ရွည္ေခ်းေငြတစ္ရပ္ သည္လည္း သက္ဆိုင္ရာဘဏ္မ်ား (လယ္ယာဖြံ႕ၿဖိဳး ေရး၊ အိုးအိမ္ဖြံ႕ၿဖိဳးေရး၊ စက္မႈဖြံ႕ၿဖိဳးေရးႏွင့္ ပုဂၢလိ က ဘဏ္မ်ား)က ဥပေဒျပ႒ာန္းၿပီး ေခ်းေငြစနစ္တစ္ရပ္ျဖင့္ စတင္ေဆာင္႐ြက္ အေကာင္အထည္ေဖာ္ေပး သင့္၏။

(ဃ) သဘာဝေဘးအႏၲရာယ္က်ေရာက္ေစသည့္ ေဘးအႏၲရာယ္ အမ်ိဳးအစား၊ ေဒသအမ်ိဳးအစား (ေတာင္ေပၚ၊ ေျမျပန႔္၊ ကမ္း႐ိုးတန္း၊ ျမစ္ဝကြၽန္းေပၚ) စသည္တို႔အေပၚမူတည္ၿပီး ႏိုင္ငံေတာ္ႏွင့္ ေဒသဆိုင္ရာအဆင့္က ကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးအစီအစဥ္သည္ ေရးဆြဲၿပီးျဖစ္သင့္ေပ ၏။ ၿပီးျပည့္စုံသည့္ အစီအစဥ္ျဖစ္သင့္၏။ ျဖစ္ရန္လည္း လိုအပ္၏။

အစဥ္အလာမ်ားမွ ေဖာက္ထြက္ရန္လို၏။
၆။ အစဥ္အလာအားျဖင့္ သဘာဝေဘးအႏၲရာယ္ က်ေရာက္သည္ႏွင့္ ႏိုင္ငံေတာ္သည္ ကယ္ဆယ္ေရး ႏွင့္ ျပန္လည္ေနရာခ်ထားေရးကို စီမံခ်က္မ်ားအတိုင္း ပုံမွန္ေဆာင္႐ြက္ၾကၿမဲျဖစ္၏။ လူကယ္ျပန္ဝန္ႀကီးဌာန သည္ အခရာက်၏။ မိုးဇလ၏ မုန္တိုင္းသတင္း ခန႔္မွန္းထုတ္ျပန္ခ်က္သည္ ယခင္ကာလထက္ ပိုမိုတိက် မွန္ကန္လာသည္ကိုေတြ႕လာရ၏။ ေဘးလြတ္ရာသို႔ ႀကိဳတင္ကယ္ထုတ္ျခင္းသည္ အသက္ကယ္မႈ၊ အ သက္ရွင္သန္မႈတို႔အတြက္ အေရးပါ၏။ မုန္တိုင္း ဒဏ္ခံ အေဆာက္အအုံမ်ိဳးစုံ၊ အသက္ကယ္အေဆာက္ အအုံမ်ိဳးစုံတို႔ကို ကမ္း႐ိုးတန္းႏွင့္ ျမစ္ဝကြၽန္းေပၚေဒသတို႔၌ ေတြ႕လာရျခင္းသည္ မုန္တိုင္းဒဏ္ ခံရၿပီး ေနာက္ မုန္တိုင္းကေပးသည့္ သင္ခန္းစာမ်ားကို အေျဖထုတ္ျခင္းျဖစ္၏။

အစဥ္အလာအားျဖင့္ သဘာဝေဘးအႏၲရာယ္က်ေရာက္သည္ႏွင့္ ႏိုင္ငံေတာ္သည္ ျပည္သူထံမွ ျပည္သူထံသို႔ ျပည္သူပါဝင္သည့္ အလႉဒါန ေျမာက္ေစေရး ႏိုင္ငံေတာ္အဆင့္ အလႉေငြလက္ခံပြဲမ်ိဳး ဖိတ္ေခၚက်င္းပေလ့ရွိသည္ကို ေတြ႕ၾကရ၏။ ဘုရားတည္ျခင္း၊ ေက်ာင္းေဆာက္ျခင္းျပဳၾကရာ၌ လည္း ဤကဲ့သို႔ပါဝင္ အလႉအတန္း ျပဳမႈမ်ိဳး ေတြ႕ၾကရ၏။ ျမန္မာတို႔၏ ပင္ကိုဗီဇပါသည့္ သဒၶါတရား၊ ကိုယ္ခ်င္းစာစိတ္ႏွင့္ ယွဥ္ေသာေစတနာ၊ ေမတၱာ၊ က႐ုဏာတရားတို႔ကို ျမင္ေတြ႕ၾကရသည္ျဖစ္ရာ ျမင္ရ သူတိုင္း၊ ၾကားရသူတိုင္း ဝမ္းေျမာက္ဂုဏ္ယူစြာျဖင့္ သာဓုအႀကိမ္ႀကိမ္ေခၚၾကရသည့္ လႉဒါန္းပြဲမ်ိဳး ျဖစ္၏။ ႀကိဳဆိုအပ္၏၊ မုဒိတာပြားအပ္၏။ ျပည္သူမွ ပါဝင္ မွ်ေဝခံစားၾကရသည့္ ၾကည္ႏူးဖြယ္ျမင္ကြင္း မ်ားျဖစ္၏။ အစဥ္အလာေကာင္းလည္းျဖစ္၏။

ဤကဲ့သို႔ အလႉေငြလက္ခံသည့္ အစဥ္အလာကို အစိုးရကဦးေဆာင္ျပဳလုပ္ေကာက္ခံေနသည္ ကိုေတြ႕ၾကရသလို ပုဂၢလိကမ်ား၊ Foundations မ်ားကလည္း အလႉေငြလက္ခံျခင္း၊ လူပုဂၢိဳလ္အလိုက္ အဖြဲ႕အစည္းအလိုက္ ထိေရာက္စြာျဖင့္ ေဒသအသီးသီးသို႔ သြားေရာက္ကူညီေထာက္ပံ့ေပးျခင္းမ်ိဳးစုံကို လူမႈမီဒီယာမ်ား၌ ေတြ႕ၾကရ၏။

ႏိုင္ငံေတာ္အစိုးရသည္ အလႉေငြက်ပ္ ဘီလ်ံ (၄၀)ေက်ာ္၊ နာမည္ႀကီးအမ်ိဳးသမီးပုဂၢိဳလ္ တစ္ ဦးျဖစ္သည့္ ေဒၚခိုင္ႏွင္းေဝသည္ အလႉေငြက်ပ္သိန္း (၃)ေသာင္းေက်ာ္ အလႉေငြလက္ခံရရွိၿပီဟု ေၾကညာသည္ကိုေတြ႕ရ၏။ လူပုဂၢိဳလ္ႏွင့္အဖြဲ႕အစည္းတို႔ သြားေရာက္လႉဒါန္းၾကပုံ၊ အိုးသစ္အိမ္သစ္ တည္ေဆာက္ႏိုင္ေရး တစ္ဦးလွ်င္ က်ပ္ေငြသိန္းမည္မွ် ေထာက္ပံ့ကူညီခဲ့သည္ဟူသည့္ ဘဝရွင္သန္ေရး တိုက္႐ိုက္အကူအညီတို႔ကို ၾကားရျမင္ရျပန္ရာ အထူးၾကည္ႏူးမႈ ျဖစ္ရပါ၏။

သို႔ေသာ္လည္း ႏိုင္ငံေတာ္အစိုးရသည္ သဘာဝေဘးဒဏ္ခံလူထု၏ လူမႈစီးပြားဘဝ ျပန္လည္ ရွင္သန္ေရးအတြက္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္အဆင့္ဆင့္ကို ပီျပင္စြာေဆာင္႐ြက္ႏိုင္ပုံမရေသး ဟု သုံးသပ္၍ရ၏။ အစိုးရ၏ဌာနဆိုင္ရာအေဆာက္အအုံမ်ား၊ တံတားမ်ား၊ ကားလမ္းမ်ား၊ ရထားလမ္း မ်ား ျပန္လည္ျပဳျပင္ျခင္း၊ တည္ေဆာက္ေပးျခင္းမ်ားကိုသာ ယခင္သဘာဝေဘးအႏၲရာယ္ျဖစ္ခဲ့စဥ္က( ဂီ ရိ၊ မိုခါတို႔၌)ျမင့္ခဲ့ၾကရ၏၊ ေတြ႕ခဲ့ၾကရ၏။ ေရလႊမ္းခံ၊ ေျမဖုံးႏြံဖုံးခံခဲ့ရသည့္ ေသာက္သုံးေရကန္မ်ား၊ ေမြးျမဴေရးကန္မ်ား၊ လယ္ကြင္းမ်ားႏွင့္ လမ္းမ်ားကို လူထုသည္ ကိုယ္ထူကိုယ္ထ ျပန္လည္ရွင္းလင္း ခဲ့ရသည့္ ျမင္ကြင္းမ်ားသည္သာ အတိတ္၌ရွိခဲ့၏။

ႏိုင္ငံေတာ္မွ စနစ္တက်စီမံကိန္းမ်ားျဖင့္ ပီျပင္သည့္ေထာက္ပံ့ကူညီမႈေပးကာ လူထု၏ လူမႈစီး ပြားဘဝ ျပန္လည္ရွင္သန္ေရး ႏိုင္ငံေတာ္အဆင့္ ထူေထာင္ေပးမႈကိုမူ ယခင္ကာလကေရာ၊ ယခုကာလ ၌ပါ မေတြ႕ရေသးဟု သုံးသပ္၍ရ၏။ ႏိုင္ငံေတာ္သည္ လူထု၏ လူမႈစီးပြားဘဝ ျပန္လည္ရွင္သန္ေရး ထူ ေထာင္ေပးသင့္ေပ၏။ ကြၽႏ္ုပ္တို႔သည္ အနာဂတ္အတြက္ ပစၥဳပၸန္ကိုတည္ေဆာက္ၾကရာ၌ အစဥ္အလာ ေဟာင္းမ်ားမွ ေဖာက္ထြက္ရန္လို၏။ ေဖာက္ထြက္ၾကရန္အခ်ိန္တန္ၿပီျဖစ္၏။ အခ်ိန္မလြန္ခင္ အခ်ိန္မီ ေဖာက္ထြက္သင့္ၿပီဟုသာ မွတ္ခ်က္ျပဳလိုပါ၏။

Related news

© 2021. All rights reserved.