အမျိုးသား ယဉ်ကျေးမှု ထိန်းသိမ်းရေး နှင့် နိုင်ငံ့အရေး
244
ကျွန်းသားငမန်း (NP News) - အောက်တိုဘာ ၁၇
(၂၁) ရာစု၏ ပထဝီနိုင်ငံရေးသည် စစ်ရေး၊ စီး ပွားရေးအင်အားနည်းတူ ယဉ်ကျေးမှုသည်လည်း အားကြီးရန်လိုကြောင်း သမိုင်းရေးရာသုခမိန်တို့က ထောက်ပြထားသည်ကိုမှတ်သားရဖူးသည်။ ဆိုရ လျှင် တိုင်းပြည်နိုင်ငံတစ်ခုအား ကျွန်ပြုသိမ်းပိုက်ရန်မှာ လက်နက်အင်အားဖြင့်သိမ်းပိုက်ခြင်းသာ မဟုတ်။ တိုင်းသူပြည်သားများ၏ စိတ်ဓာတ်ရေးရာကို ဖျက်ဆီးခြင်းဖြင့် နိုင်ငံနှင့်လူမျိုးချစ်စိတ်တို့ လျော့နည်းသွားစေကာ အဆိုပါနိုင်ငံနှင့်နိုင်ငံသား တို့ကို မိမိတို့လိုရာ ကြိုးဆွဲစေခိုင်းနိုင်သည့် နိုင်ငံ တစ်နိုင်ငံအဖြစ်သို့ ရောက်ရှိသွားစေနိုင်သည်။ မြန်မာနိုင်ငံကား ဖွံ့ဖြိုးတိုးတက်ရန်အားယူဆဲ နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပေါ်ခဲ့ရသည့် ပဋိပက္ခများကြောင့် ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင်သေးသည့်နိုင်ငံတစ်ခုလည်းဖြစ်သည်။ ထို့ထက်ကား မြန်မာနိုင်ငံ၏ အရေးပါသော ပထဝီအနေအထားကြောင့် ကမ္ဘာ့ အင်အားကြီးနိုင်ငံများက မြန်မာနိုင်ငံကို ကျွန်ပြု သိမ်းပိုက်နိုင်ရေး၊ မိမိတို့လိုလားသော အစိုးရတစ်ရပ်ကို တင်မြှောက်ပေးပြီး ကြိုးကိုင်ခြယ်လှယ်နိုင်ရန် ကြိုးစား လုပ် ဆောင်နေကြသည်ကို တွေ့နေရသည်။ ဤ သို့ဆောင်ရွက်ရာ၌ စစ်ရေးဖြင့်ဝင်ရောက်စွက်ဖက် လုပ်ကိုင် ဆောင်ရွက်ချက်များသာမက စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများကိုဖျက်ဆီးခြင်းဖြင့် သိမ်းပိုက်နိုင်ရန်ဆောင် ရွက်နေသည်။
မြန်မာ့ယဉ်ကျေးမှုနှင့် ဗုဒ္ဓသာသနာ
အထူးသဖြင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံ၏ပြည်တွင်းရေးကို စွက်ဖက်နိုင်ရေးအကွက် ကောင်းကိုစောင့်နေခဲ့သည်။ ပြည်တွင်း၌ ၎င်းတို့အမာ ခံအင်အားများကို စုစည်းထားကြသည်။ (၁၉၈၈) ခုနှစ်တွင်ဖြစ်ပျက်ခဲ့သည့် နိုင်ငံရေးအကျပ်အတည်းကြားမှ ပေါက်ဖွားခဲ့သော (၈၈)မျိုးဆက်ဆိုသူများ၊ ယင်းမှဆင့်ပွားကာ ပြည်ပသို့ ထွက်ပြေးရောက်ရှိလာသည့် ပြည်ပြေးလူငယ်များကို ပညာသင်ထောက်ပံ့ ကြေးများပေးကာ ပညာသင်ကြားပေး၍ ၎င်း တို့လိုလားသော အယူအဆရေးရာသဘောတရားများကို ရိုက်သွင်းနိုင်ခဲ့သည်။ လစ်ဘရယ်အတွေးအခေါ်အယူအဆများကို ပြည်တွင်းသို့ဝင်ရောက်လာသည့် အန်ဂျီအိုအဖွဲ့အစည်းများမှတစ်ဆင့်လည်း လူငယ်များအကြားရိုက်သွင်းပေးနိုင်ခဲ့သည်။ သတင်း လောက ၊ စာပေလောက၊ အနုပညာလောက စသည် များအထိ ထိုးဖောက်ခြေဆန့်နိုင်ခဲ့သည်။ လူမှုကူညီရေး အဖွဲ့အစည်းကြီးများသို့ပင် ထိုးဖောက်နေရာယူ နိုင်ခဲ့သည်။ အမျိုးသားရေးစိတ်ဓာတ် ခိုင်မာခြင်း မရှိသောသူအများစုတို့ လစ်ဘရယ်အတွေးအခေါ် ဩဝါဒရေစီးကြောင်းတွင် မျောပါသွားခဲ့ကြသည်။ မိရိုးဖလာယုံကြည်ခဲ့သော ဗုဒ္ဓဘာသာ၏အဆုံးအမ များနှင့် ကင်းကွာသွားခဲ့ကြသည်။ မြန်မာ့ထုံးဓလေ့ ယဉ်ကျေးမှုစရိုက်လက္ခဏာများကို လိုက်နာရကောင်း မှန်းမသိကြတော့။
မြန်မာနိုင်ငံအနေဖြင့် ဘာသာပေါင်းစုံကို လွတ် လပ်စွာကိုးကွယ်ခွင့်ပြုထားပြီးဖြစ်သည်။ နိုင်ငံ၏ (၈၇) ရာခိုင်နှုန်းခန့်တို့မှာ ဗုဒ္ဓဘာသာကိုးကွယ်ကြသူ များဖြစ်ကြသည်။ သို့ရာတွင် မျိုးဆက်သစ်လူငယ် အချို့မှာ အနောက်တိုင်းနိုင်ငံများ၏ ဘာသာရေး၊ ယဉ်ကျေးမှုဝါဒလှိုင်းများလှုံ့ဆော်ခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေး မှုဓလေ့စရိုက်စသည်များမှာ ဖျက်ဆီးမှိုင်းတိုက်ဝါဒ ဖြန့်မှုခံရခြင်းတို့ကြုံတွေ့ခဲ့ကြရသည်။ ယင်းပြင် ဒီမိုကရေစီအစိုးရ(ဒုတိယသက်တမ်း)ကာလ၌ အခြေခံ ပညာကျောင်းသင်ခန်းစာများတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိခိုက်ပွန်းပဲ့စေသည့် သင်ခန်းစာများကို ထည့်သွင်းသင်ကြားစေခဲ့သည့်အတွက်လည်း ဆရာ၊ ဆရာမများအပေါ် အလေးဂရုပြုဆက်ဆံခြင်း မရှိ တော့သည်အထိ ဖြစ်လာခဲ့ရသည်။
မြန်မာနိုင်ငံသည် လူမျိုးကိုအခြေပြုတည်ထောင်ထားသောနိုင်ငံဖြစ်၏။ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်းရင်းသားလူမျိုးများ စုပေါင်းထားရာနိုင်ငံဖြစ်ပြီး လူမျိုးစုပေါင်း (၁၃၅)မျိုးတို့ စုစည်းနေထိုင်ရာနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးအသီးသီးသည် မိမိတို့ လူမျိုးအပေါ် ချစ်မြတ်နိုးသော အမျိုးသားစိတ်ဓာတ်ကို အခြေခံသော နိုင်ငံချစ်စိတ်ဖြင့် ရပ်နေကြသူများ ဖြစ်ကြသည်။ ဇာတိပုညဂုဏ်မာနဖြင့် ရပ်တည်နေကြသူများလည်းဖြစ်ကြသည်။ မိမိတို့လူမျိုးကို အထိ မခံ၊ မိမိတို့ယဉ်ကျေးမှုကို အပွန်းအပဲ့မခံကြ။ ထိလာလျှင် ဆတ်ဆတ်ထိနာတတ်ကြသူများလည်းဖြစ်ကြ သည်။ သို့ရာတွင် မိမိတို့နိုင်ငံသား လူငယ်အများတို့ အထင်ကြီးအလေးထားနေသော အနောက်နိုင်ငံအ များစုမှာမူ လူသားဝါဒကိုအခြေခံထားသည့် လစ်ဘရယ်အတွေးအခေါ်အယူအဆများမှာ မြန်မာနိုင်ငံလို နိုင်ငံမျိုးနှင့် ကိုက်ညီခြင်းမရှိနိုင်။ သို့ရာတွင် လူငယ်အများစုတို့တွင် လစ်ဘရယ်အတွေးအခေါ် စိမ့်ဝင် သွားခြင်းခံလိုက်ရသည်။ သို့ဖြင့် မိမိတို့ကိုးကွယ်ရာ ဘာသာ၊ သာသနာအပေါ် အလေးအနက်ထားခြင်း မရှိတော့သလို၊ ချစ်ခင်မြတ်နိုးဖွယ်ကောင်းသော ယဉ်ကျေးမှုအစဉ်အလာများကိုလည်း မြတ်နိုးတန်ဖိုး ထားခြင်းမရှိကြတော့။ အနောက်နိုင်ငံများ၏ ယဉ်ကျေးမှုဓလေ့စရိုက်များ လွှမ်းမိုးလာမှုကြောင့် တိုင်းပြည်နှင့်လူမျိုးတို့အား စုစည်းချည်နှောင်ထားရှိသည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ မြန်မာနိုင်ငံ ရှိလူဦးရေ (၈၇)ရာခိုင်နှုန်းခန့် ကိုးကွယ်ဆည်းကပ်နေသော ဗုဒ္ဓဘာသာ သာသနာ ကွယ်ပျောက်သွား မည့်အရေးကို စိုးရိမ်ကြောင့်ကြဖွယ်ရာ ဖြစ်လာသည်။ အထူးသဖြင့် Online Media အသုံးပြုနေကြ သည့် လူငယ်များကြားတွင်လည်း မြန်မာ့ယဉ်ကျေးမှုနှင့်ပတ်သက်၍ လွဲမှားစွာအသုံးချနေကြသည်ကို တွေ့နေရသည်။ ထိုအကြောင်းကြောင့်ပင် လူငယ်များအနေဖြင့် စိတ်ပိုင်းဆိုင်ရာအားနည်းလာကြပြီး သက်ဆိုင်ရာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများကို စောင့်ထိန်းလိုစိတ်များချို့တဲ့လာကြသည်ကို တွေ့ရသည်။
ယဉ်ကျေးမှုသည် လူမျိုးတို့၏အသက်ဝိညာဉ်
ယဉ်ကျေးမှုဟူသည် နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး၏အသက်ဝိညာဉ်ဖြစ်သည်။ မိမိတို့၏ အမျိုး သား ယဉ်ကျေးမှုပပျောက်လျှင် လူမျိုးပါပပျောက်သွားနိုင်သည်လည်းဖြစ်သည်။ မတူညီသော ယဉ်ကျေး မှုကွဲပြားမှုများဖြင့် မည်သည့်တိုင်းပြည်၊ မည်သည့်လူမျိုးဟူ၍သိသာထင်ရှားစွာသိနိုင်ကြသည်။ မိမိတို့ လူမျိုးများ၏ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားမှုကို ဂုဏ်ယူလေ့လည်းရှိကြသည်။ ယဉ်ကျေးမှုမြင့်မားမှု ဖြင့် အမျိုးသားဂုဏ်သိက္ခာကိုလည်း တိုးတက်မြင့်မားလာစေသည်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး ရေ ရှည်တည်တံ့နိုင်ရေးမှာ ကိုးကွယ်သည့် ဘာသာ၊ သာသနာ နှင့် မိမိတို့ လက်ခံကျင့်သုံးလာသည့် ယဉ် ကျေးမှုဓလေ့ထုံးတမ်းများကို ခိုင်မာအောင် စောင့်ထိန်းသွားရန် လိုအပ်ပေသည်။ လူမျိုးအသီးသီး သည် မိမိတို့တွင်အခိုင်အမာတည်ရှိနေပြီးဖြစ်သော မိမိတို့၏ယဉ်ကျေးမှုများဖြင့် ဂုဏ်ယူဝင့်ကြွားတတ် ကြသူများဖြစ်ကြသည်။ ဇာတိပုညဂုဏ်မာနတက်ကြွ တတ်ကြသူများလည်းဖြစ်သည်။ နိုင်ငံသားတိုင်း၏ အမျိုးဂုဏ်၊ ဇာတိ ဂုဏ်ကိုလည်း ဂုဏ်ယူဝင့်ကြွားစေနိုင်ပြီး ဇာတိပုည၊ ဂုဏ်မာနများ တိုးပွားမြင့်မားလာ စေနိုင်သည်။ မျက် မှောက်ကမ္ဘာတွင်လည်း နိုင်ငံအသီးသီးရှိနိုင်ငံသားတိုင်းသည် ကိုယ်ပိုင်ယဉ်ကျေးမှု စသည်များကို အခိုင် အမာတည်ဆောက်နေကြသည်ကိုတွေ့ရမည်ဖြစ်ပြီး မိမိတို့၏ ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိနေကြသည်။
ယဉ်ကျေးမှုဟူသည် လူမျိုးတို့၏ အစဉ်အလာ၊ စရိုက်လက္ခဏာ၊ ရေမြေတောတောင် သဘာဝ အပေါ် အခြေခံ၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟုဆိုသည်။ ယဉ် ကျေးမှုကို မနုဿဗေဒ ပညာရှင်များက လူမျိုးတစ်မျိုး၏ယဉ်ကျေးမှုဆိုသည်မှာ ထိုလူမျိုးတို့၏ မွေးဖွားချိန် မှသေဆုံးသည်အထိ ထုတ်လုပ်သုံးစွဲ သောပစ္စည်းများ၊ ပြောဆိုသောဘာသာစကား၊ ဝတ်စားဆင်ယင် ထုံးဖွဲ့မှု၊ ယုံကြည်ကိုးကွယ်မှု၊ လူမှု ဆက်ဆံရေးစနစ်၊ ရိုးရာဓလေ့ထုံးစံများ၊ အတွေးအခေါ်နှင့်အယူအဆ၊ လက်မှုအနုပညာနှင့် သုခုမ အနု ပညာတို့ ပေါင်းထားခြင်းဖြစ်သည်ဟု ဖွင့်ဆိုထားကြသည်။ ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေး မှုအဖွဲ့အစည်း(ယူနက် စကို)ကမူ ယဉ်ကျေးမှုအမွေအနှစ်ဟူသည်မှာ အဆောက်အအုံများ၊ ပြတိုက်များ တွင် စုဆောင်းထားရှိသော ရုပ်ဝတ္ထုပစ္စည်းများ စသည်တို့သာမကဘဲ လူသားတို့၏ ဘိုးဘေးဘီဘင် အစဉ်အဆက်မှ လက်ဆင့်ကမ်းလာခဲ့ကြသည့် ပါးစပ်ရာဇဝင်နှင့်ဖော်ပြချက်များ၊ ဘာသာ စကားများ၊ ဖျော်ဖြေတင်ဆက်မှု အနုပညာများ၊ လူမှုရေး အစဉ်အလာအလေ့အထများ၊ ရိုးရာဓလေ့များ နှင့် ပွဲတော် များ၊ သဘာဝနှင့်စကြဝဠာ ဆိုင်ရာဗဟုသုတနှင့် ရိုးရာအစဉ်အလာ အလေ့အထများ၊ ရိုးရာလက်မှုပညာရပ်များတို့ ပါဝင်ကြောင်း သတ်မှတ်ထားသည်။
(၂၁)ရာစု၏ ပထဝီနိုင်ငံရေးသည် စစ်ရေး၊ စီးပွားရေးအင်အားနည်းတူ ယဉ်ကျေးမှုသည်လည်း အားကြီးရန်လိုကြောင်း သမိုင်းရေးရားရာသုခမိန် တို့က ထောက်ပြထားသည်ကို မှတ်သားရဖူးသည်။ ယဉ်ကျေးမှုဟူသည် လူမျိုးတစ်မျိုးအတွက် စိတ်ဓာတ် ခွန်အားကို ထောက်ကူပြုနေခြင်းဖြစ်သည်။ ယဉ်ကျေးမှု လျော့နည်းသွားသည်နှင့်အမျှ နိုင်ငံသားတို့၏စိတ်ဓာတ်ခွန်အားကိုလည်း ပျော့ညံ့သွား စေမည်ဖြစ်သည်။သို့ဖြစ်လေရာ တိုင်းပြည်နှင့်လူမျိုးကိုချစ်သော တိုင်းရင်းသားပြည်သူများအနေဖြင့် မိမိတို့ကိုယ်ပိုင်ဝိသေသ လက္ခဏာများနှင့်ပြည့်စုံစွာတည်ရှိနေသော ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သွားကြရန်တိုက်တွန်း စကားပြောကြားလိုက်ရပါသည်။
အမျိုးသားယဉ်ကျေးမှုကိုထိန်းသိမ်းခြင်းသည် အမျိုးသားနိုင်ငံရေးကိုဆောင်ရွက်ခြင်းလည်းဖြစ်သည်။
zawgyi version
အမ်ိဳးသား ယဥ္ေက်းမႈ ထိန္းသိမ္းေရး ႏွင့္ ႏိုင္ငံ့အေရး
ကြၽန္းသားငမန္း (NP News) - ေအာက္တိုဘာ ၁၇
(၂၁) ရာစု၏ ပထဝီႏိုင္ငံေရးသည္ စစ္ေရး၊ စီး ပြားေရးအင္အားနည္းတူ ယဥ္ေက်းမႈသည္လည္း အားႀကီးရန္လိုေၾကာင္း သမိုင္းေရးရာသုခမိန္တို႔က ေထာက္ျပထားသည္ကိုမွတ္သားရဖူးသည္။ ဆိုရ လွ်င္ တိုင္းျပည္ႏိုင္ငံတစ္ခုအား ကြၽန္ျပဳသိမ္းပိုက္ရန္မွာ လက္နက္အင္အားျဖင့္သိမ္းပိုက္ျခင္းသာ မဟုတ္။ တိုင္းသူျပည္သားမ်ား၏ စိတ္ဓာတ္ေရးရာကို ဖ်က္ဆီးျခင္းျဖင့္ ႏိုင္ငံႏွင့္လူမ်ိဳးခ်စ္စိတ္တို႔ ေလ်ာ့နည္းသြားေစကာ အဆိုပါႏိုင္ငံႏွင့္ႏိုင္ငံသား တို႔ကို မိမိတို႔လိုရာ ႀကိဳးဆြဲေစခိုင္းႏိုင္သည့္ ႏိုင္ငံ တစ္ႏိုင္ငံအျဖစ္သို႔ ေရာက္ရွိသြားေစႏိုင္သည္။ ျမန္မာႏိုင္ငံကား ဖြံ႕ၿဖိဳးတိုးတက္ရန္အားယူဆဲ ႏိုင္ငံ တစ္ႏိုင္ငံျဖစ္သည္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ျဖစ္ေပၚခဲ့ရသည့္ ပဋိပကၡမ်ားေၾကာင့္ ဆင္းရဲတြင္းမွ ႐ုန္းမထြက္ႏိုင္ေသးသည့္ႏိုင္ငံတစ္ခုလည္းျဖစ္သည္။ ထို႔ထက္ကား ျမန္မာႏိုင္ငံ၏ အေရးပါေသာ ပထဝီအေနအထားေၾကာင့္ ကမာၻ႔ အင္အားႀကီးႏိုင္ငံမ်ားက ျမန္မာႏိုင္ငံကို ကြၽန္ျပဳ သိမ္းပိုက္ႏိုင္ေရး၊ မိမိတို႔လိုလားေသာ အစိုးရတစ္ရပ္ကို တင္ေျမႇာက္ေပးၿပီး ႀကိဳးကိုင္ျခယ္လွယ္ႏိုင္ရန္ ႀကိဳးစား လုပ္ ေဆာင္ေနၾကသည္ကို ေတြ႕ေနရသည္။ ဤ သို႔ေဆာင္႐ြက္ရာ၌ စစ္ေရးျဖင့္ဝင္ေရာက္စြက္ဖက္ လုပ္ကိုင္ ေဆာင္႐ြက္ခ်က္မ်ားသာမက စိတ္ပိုင္း၊ ႐ုပ္ပိုင္းဆိုင္ရာမ်ားကိုဖ်က္ဆီးျခင္းျဖင့္ သိမ္းပိုက္ႏိုင္ရန္ေဆာင္ ႐ြက္ေနသည္။
ျမန္မာ့ယဥ္ေက်းမႈႏွင့္ ဗုဒၶသာသနာ
အထူးသျဖင့္ အေနာက္ႏိုင္ငံမ်ားသည္ ျမန္မာႏိုင္ငံ၏ျပည္တြင္းေရးကို စြက္ဖက္ႏိုင္ေရးအကြက္ ေကာင္းကိုေစာင့္ေနခဲ့သည္။ ျပည္တြင္း၌ ၎တို႔အမာ ခံအင္အားမ်ားကို စုစည္းထားၾကသည္။ (၁၉၈၈) ခုႏွစ္တြင္ျဖစ္ပ်က္ခဲ့သည့္ ႏိုင္ငံေရးအက်ပ္အတည္းၾကားမွ ေပါက္ဖြားခဲ့ေသာ (၈၈)မ်ိဳးဆက္ဆိုသူမ်ား၊ ယင္းမွဆင့္ပြားကာ ျပည္ပသို႔ ထြက္ေျပးေရာက္ရွိလာသည့္ ျပည္ေျပးလူငယ္မ်ားကို ပညာသင္ေထာက္ပံ့ ေၾကးမ်ားေပးကာ ပညာသင္ၾကားေပး၍ ၎ တို႔လိုလားေသာ အယူအဆေရးရာသေဘာတရားမ်ားကို ႐ိုက္သြင္းႏိုင္ခဲ့သည္။ လစ္ဘရယ္အေတြးအေခၚအယူအဆမ်ားကို ျပည္တြင္းသို႔ဝင္ေရာက္လာသည့္ အန္ဂ်ီအိုအဖြဲ႕အစည္းမ်ားမွတစ္ဆင့္လည္း လူငယ္မ်ားအၾကား႐ိုက္သြင္းေပးႏိုင္ခဲ့သည္။ သတင္း ေလာက ၊ စာေပေလာက၊ အႏုပညာေလာက စသည္ မ်ားအထိ ထိုးေဖာက္ေျခဆန႔္ႏိုင္ခဲ့သည္။ လူမႈကူညီေရး အဖြဲ႕အစည္းႀကီးမ်ားသို႔ပင္ ထိုးေဖာက္ေနရာယူ ႏိုင္ခဲ့သည္။ အမ်ိဳးသားေရးစိတ္ဓာတ္ ခိုင္မာျခင္း မရွိေသာသူအမ်ားစုတို႔ လစ္ဘရယ္အေတြးအေခၚ ဩဝါဒေရစီးေၾကာင္းတြင္ ေမ်ာပါသြားခဲ့ၾကသည္။ မိ႐ိုးဖလာယုံၾကည္ခဲ့ေသာ ဗုဒၶဘာသာ၏အဆုံးအမ မ်ားႏွင့္ ကင္းကြာသြားခဲ့ၾကသည္။ ျမန္မာ့ထုံးဓေလ့ ယဥ္ေက်းမႈစ႐ိုက္လကၡဏာမ်ားကို လိုက္နာရေကာင္း မွန္းမသိၾကေတာ့။
ျမန္မာႏိုင္ငံအေနျဖင့္ ဘာသာေပါင္းစုံကို လြတ္ လပ္စြာကိုးကြယ္ခြင့္ျပဳထားၿပီးျဖစ္သည္။ ႏိုင္ငံ၏ (၈၇) ရာခိုင္ႏႈန္းခန႔္တို႔မွာ ဗုဒၶဘာသာကိုးကြယ္ၾကသူ မ်ားျဖစ္ၾကသည္။ သို႔ရာတြင္ မ်ိဳးဆက္သစ္လူငယ္ အခ်ိဳ႕မွာ အေနာက္တိုင္းႏိုင္ငံမ်ား၏ ဘာသာေရး၊ ယဥ္ေက်းမႈဝါဒလႈိင္းမ်ားလႈံ႕ေဆာ္ခံရျခင္းတို႔ေၾကာင့္ ျမန္မာႏိုင္ငံ၏ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ယဥ္ေက်း မႈဓေလ့စ႐ိုက္စသည္မ်ားမွာ ဖ်က္ဆီးမႈိင္းတိုက္ဝါဒ ျဖန႔္မႈခံရျခင္းတို႔ႀကဳံေတြ႕ခဲ့ၾကရသည္။ ယင္းျပင္ ဒီမိုကေရစီအစိုးရ(ဒုတိယသက္တမ္း)ကာလ၌ အေျခခံ ပညာေက်ာင္းသင္ခန္းစာမ်ားတြင္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈကို ထိခိုက္ပြန္းပဲ့ေစသည့္ သင္ခန္းစာမ်ားကို ထည့္သြင္းသင္ၾကားေစခဲ့သည့္အတြက္လည္း ဆရာ၊ ဆရာမမ်ားအေပၚ အေလးဂ႐ုျပဳဆက္ဆံျခင္း မရွိ ေတာ့သည္အထိ ျဖစ္လာခဲ့ရသည္။
ျမန္မာႏိုင္ငံသည္ လူမ်ိဳးကိုအေျချပဳတည္ေထာင္ထားေသာႏိုင္ငံျဖစ္၏။ ကခ်င္၊ ကရင္၊ ကယား၊ ခ်င္း၊ ဗမာ၊ မြန္၊ ရခိုင္၊ ရွမ္း စသည့္တိုင္းရင္းသားလူမ်ိဳးမ်ား စုေပါင္းထားရာႏိုင္ငံျဖစ္ၿပီး လူမ်ိဳးစုေပါင္း (၁၃၅)မ်ိဳးတို႔ စုစည္းေနထိုင္ရာႏိုင္ငံျဖစ္သည္။ ျမန္မာႏိုင္ငံရွိ တိုင္းရင္းသားလူမ်ိဳးအသီးသီးသည္ မိမိတို႔ လူမ်ိဳးအေပၚ ခ်စ္ျမတ္ႏိုးေသာ အမ်ိဳးသားစိတ္ဓာတ္ကို အေျခခံေသာ ႏိုင္ငံခ်စ္စိတ္ျဖင့္ ရပ္ေနၾကသူမ်ား ျဖစ္ၾကသည္။ ဇာတိပုညဂုဏ္မာနျဖင့္ ရပ္တည္ေနၾကသူမ်ားလည္းျဖစ္ၾကသည္။ မိမိတို႔လူမ်ိဳးကို အထိ မခံ၊ မိမိတို႔ယဥ္ေက်းမႈကို အပြန္းအပဲ့မခံၾက။ ထိလာလွ်င္ ဆတ္ဆတ္ထိနာတတ္ၾကသူမ်ားလည္းျဖစ္ၾက သည္။ သို႔ရာတြင္ မိမိတို႔ႏိုင္ငံသား လူငယ္အမ်ားတို႔ အထင္ႀကီးအေလးထားေနေသာ အေနာက္ႏိုင္ငံအ မ်ားစုမွာမူ လူသားဝါဒကိုအေျခခံထားသည့္ လစ္ဘရယ္အေတြးအေခၚအယူအဆမ်ားမွာ ျမန္မာႏိုင္ငံလို ႏိုင္ငံမ်ိဳးႏွင့္ ကိုက္ညီျခင္းမရွိႏိုင္။ သို႔ရာတြင္ လူငယ္အမ်ားစုတို႔တြင္ လစ္ဘရယ္အေတြးအေခၚ စိမ့္ဝင္ သြားျခင္းခံလိုက္ရသည္။ သို႔ျဖင့္ မိမိတို႔ကိုးကြယ္ရာ ဘာသာ၊ သာသနာအေပၚ အေလးအနက္ထားျခင္း မရွိေတာ့သလို၊ ခ်စ္ခင္ျမတ္ႏိုးဖြယ္ေကာင္းေသာ ယဥ္ေက်းမႈအစဥ္အလာမ်ားကိုလည္း ျမတ္ႏိုးတန္ဖိုး ထားျခင္းမရွိၾကေတာ့။ အေနာက္ႏိုင္ငံမ်ား၏ ယဥ္ေက်းမႈဓေလ့စ႐ိုက္မ်ား လႊမ္းမိုးလာမႈေၾကာင့္ တိုင္းျပည္ႏွင့္လူမ်ိဳးတို႔အား စုစည္းခ်ည္ေႏွာင္ထားရွိသည့္ ယဥ္ေက်းမႈ၊ ဓေလ့ထုံးတမ္းမ်ား၊ ျမန္မာႏိုင္ငံ ရွိလူဦးေရ (၈၇)ရာခိုင္ႏႈန္းခန႔္ ကိုးကြယ္ဆည္းကပ္ေနေသာ ဗုဒၶဘာသာ သာသနာ ကြယ္ေပ်ာက္သြား မည့္အေရးကို စိုးရိမ္ေၾကာင့္ၾကဖြယ္ရာ ျဖစ္လာသည္။ အထူးသျဖင့္ Online Media အသုံးျပဳေနၾက သည့္ လူငယ္မ်ားၾကားတြင္လည္း ျမန္မာ့ယဥ္ေက်းမႈႏွင့္ပတ္သက္၍ လြဲမွားစြာအသုံးခ်ေနၾကသည္ကို ေတြ႕ေနရသည္။ ထိုအေၾကာင္းေၾကာင့္ပင္ လူငယ္မ်ားအေနျဖင့္ စိတ္ပိုင္းဆိုင္ရာအားနည္းလာၾကၿပီး သက္ဆိုင္ရာ တိုင္းရင္းသား႐ိုးရာယဥ္ေက်းမႈမ်ားကို ေစာင့္ထိန္းလိုစိတ္မ်ားခ်ိဳ႕တဲ့လာၾကသည္ကို ေတြ႕ရသည္။
ယဥ္ေက်းမႈသည္ လူမ်ိဳးတို႔၏အသက္ဝိညာဥ္
ယဥ္ေက်းမႈဟူသည္ ႏိုင္ငံတစ္ႏိုင္ငံ လူမ်ိဳးတစ္မ်ိဳး၏အသက္ဝိညာဥ္ျဖစ္သည္။ မိမိတို႔၏ အမ်ိဳး သား ယဥ္ေက်းမႈပေပ်ာက္လွ်င္ လူမ်ိဳးပါပေပ်ာက္သြားႏိုင္သည္လည္းျဖစ္သည္။ မတူညီေသာ ယဥ္ေက်း မႈကြဲျပားမႈမ်ားျဖင့္ မည္သည့္တိုင္းျပည္၊ မည္သည့္လူမ်ိဳးဟူ၍သိသာထင္ရွားစြာသိႏိုင္ၾကသည္။ မိမိတို႔ လူမ်ိဳးမ်ား၏ ယဥ္ေက်းမႈအဆင့္အတန္းျမင့္မားမႈကို ဂုဏ္ယူေလ့လည္းရွိၾကသည္။ ယဥ္ေက်းမႈျမင့္မားမႈ ျဖင့္ အမ်ိဳးသားဂုဏ္သိကၡာကိုလည္း တိုးတက္ျမင့္မားလာေစသည္။ ႏိုင္ငံတစ္ႏိုင္ငံ၊ လူမ်ိဳးတစ္မ်ိဳး ေရ ရွည္တည္တံ့ႏိုင္ေရးမွာ ကိုးကြယ္သည့္ ဘာသာ၊ သာသနာ ႏွင့္ မိမိတို႔ လက္ခံက်င့္သုံးလာသည့္ ယဥ္ ေက်းမႈဓေလ့ထုံးတမ္းမ်ားကို ခိုင္မာေအာင္ ေစာင့္ထိန္းသြားရန္ လိုအပ္ေပသည္။ လူမ်ိဳးအသီးသီး သည္ မိမိတို႔တြင္အခိုင္အမာတည္ရွိေနၿပီးျဖစ္ေသာ မိမိတို႔၏ယဥ္ေက်းမႈမ်ားျဖင့္ ဂုဏ္ယူဝင့္ႂကြားတတ္ ၾကသူမ်ားျဖစ္ၾကသည္။ ဇာတိပုညဂုဏ္မာနတက္ႂကြ တတ္ၾကသူမ်ားလည္းျဖစ္သည္။ ႏိုင္ငံသားတိုင္း၏ အမ်ိဳးဂုဏ္၊ ဇာတိ ဂုဏ္ကိုလည္း ဂုဏ္ယူဝင့္ႂကြားေစႏိုင္ၿပီး ဇာတိပုည၊ ဂုဏ္မာနမ်ား တိုးပြားျမင့္မားလာ ေစႏိုင္သည္။ မ်က္ ေမွာက္ကမာၻတြင္လည္း ႏိုင္ငံအသီးသီးရွိႏိုင္ငံသားတိုင္းသည္ ကိုယ္ပိုင္ယဥ္ေက်းမႈ စသည္မ်ားကို အခိုင္ အမာတည္ေဆာက္ေနၾကသည္ကိုေတြ႕ရမည္ျဖစ္ၿပီး မိမိတို႔၏ ယဥ္ေက်းမႈမ်ားကို ထိန္းသိမ္းေစာင့္ေရွာက္လ်က္ရွိေနၾကသည္။
ယဥ္ေက်းမႈဟူသည္ လူမ်ိဳးတို႔၏ အစဥ္အလာ၊ စ႐ိုက္လကၡဏာ၊ ေရေျမေတာေတာင္ သဘာဝ အေပၚ အေျခခံ၍ ျဖစ္ေပၚလာျခင္းျဖစ္သည္ဟုဆိုသည္။ ယဥ္ ေက်းမႈကို မႏုႆေဗဒ ပညာရွင္မ်ားက လူမ်ိဳးတစ္မ်ိဳး၏ယဥ္ေက်းမႈဆိုသည္မွာ ထိုလူမ်ိဳးတို႔၏ ေမြးဖြားခ်ိန္ မွေသဆုံးသည္အထိ ထုတ္လုပ္သုံးစြဲ ေသာပစၥည္းမ်ား၊ ေျပာဆိုေသာဘာသာစကား၊ ဝတ္စားဆင္ယင္ ထုံးဖြဲ႕မႈ၊ ယုံၾကည္ကိုးကြယ္မႈ၊ လူမႈ ဆက္ဆံေရးစနစ္၊ ႐ိုးရာဓေလ့ထုံးစံမ်ား၊ အေတြးအေခၚႏွင့္အယူအဆ၊ လက္မႈအႏုပညာႏွင့္ သုခုမ အႏု ပညာတို႔ ေပါင္းထားျခင္းျဖစ္သည္ဟု ဖြင့္ဆိုထားၾကသည္။ ကုလသမဂၢ ပညာေရး သိပၸံႏွင့္ ယဥ္ေက်း မႈအဖြဲ႕အစည္း(ယူနက္ စကို)ကမူ ယဥ္ေက်းမႈအေမြအႏွစ္ဟူသည္မွာ အေဆာက္အအုံမ်ား၊ ျပတိုက္မ်ား တြင္ စုေဆာင္းထားရွိေသာ ႐ုပ္ဝတၳဳပစၥည္းမ်ား စသည္တို႔သာမကဘဲ လူသားတို႔၏ ဘိုးေဘးဘီဘင္ အစဥ္အဆက္မွ လက္ဆင့္ကမ္းလာခဲ့ၾကသည့္ ပါးစပ္ရာဇဝင္ႏွင့္ေဖာ္ျပခ်က္မ်ား၊ ဘာသာ စကားမ်ား၊ ေဖ်ာ္ေျဖတင္ဆက္မႈ အႏုပညာမ်ား၊ လူမႈေရး အစဥ္အလာအေလ့အထမ်ား၊ ႐ိုးရာဓေလ့မ်ား ႏွင့္ ပြဲေတာ္ မ်ား၊ သဘာဝႏွင့္စၾကဝဠာ ဆိုင္ရာဗဟုသုတႏွင့္ ႐ိုးရာအစဥ္အလာ အေလ့အထမ်ား၊ ႐ိုးရာလက္မႈပညာရပ္မ်ားတို႔ ပါဝင္ေၾကာင္း သတ္မွတ္ထားသည္။
(၂၁)ရာစု၏ ပထဝီႏိုင္ငံေရးသည္ စစ္ေရး၊ စီးပြားေရးအင္အားနည္းတူ ယဥ္ေက်းမႈသည္လည္း အားႀကီးရန္လိုေၾကာင္း သမိုင္းေရးရားရာသုခမိန္ တို႔က ေထာက္ျပထားသည္ကို မွတ္သားရဖူးသည္။ ယဥ္ေက်းမႈဟူသည္ လူမ်ိဳးတစ္မ်ိဳးအတြက္ စိတ္ဓာတ္ ခြန္အားကို ေထာက္ကူျပဳေနျခင္းျဖစ္သည္။ ယဥ္ေက်းမႈ ေလ်ာ့နည္းသြားသည္ႏွင့္အမွ် ႏိုင္ငံသားတို႔၏စိတ္ဓာတ္ခြန္အားကိုလည္း ေပ်ာ့ညံ့သြား ေစမည္ျဖစ္သည္။သို႔ျဖစ္ေလရာ တိုင္းျပည္ႏွင့္လူမ်ိဳးကိုခ်စ္ေသာ တိုင္းရင္းသားျပည္သူမ်ားအေနျဖင့္ မိမိတို႔ကိုယ္ပိုင္ဝိေသသ လကၡဏာမ်ားႏွင့္ျပည့္စုံစြာတည္ရွိေနေသာ ယဥ္ေက်းမႈအေမြအႏွစ္မ်ားကို ထိန္းသိမ္းေစာင့္ေရွာက္သြားၾကရန္တိုက္တြန္း စကားေျပာၾကားလိုက္ရပါသည္။
အမ်ိဳးသားယဥ္ေက်းမႈကိုထိန္းသိမ္းျခင္းသည္ အမ်ိဳးသားႏိုင္ငံေရးကိုေဆာင္႐ြက္ျခင္းလည္းျဖစ္သည္။