ဘင်္ဂလားဒေ့ရှ်ရယ် ၊ တရုတ်ရယ် ၊ အိန္ဒိယရယ်
1500
သန်းထိုက်စိုး (NP News) - အောက်တိုဘာ ၁၇
တရုတ်နှင့်အိန္ဒိယ နှစ်နိုင်ငံလုံးသည် ယခင်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနှင့်နီးစပ်သည့် ဆက်ဆံရေးရှိခဲ့ကြသောနိုင်ငံများဖြစ်သည်။ သို့သော် တရုတ်နိုင်ငံသည် အခြားနိုင်ငံရေးပါတီများနှင့် လည်း ဆက်ဆံရေးတည်ဆောက်ထားရာ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရတက်လာချိန်တွင် ခြေမြန် လက်မြန် ဆိုသလိုပင် ထိတွေ့ဆက်ဆံမှု ပြုလုပ်နိုင်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကြီး Yao Wen သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Jamaat-e-Islami (JI) ပါတီ အကြီး အကဲတစ်ဦးဖြစ်သည့် Shafiqur Rahman နှင့် ဒါကာမြို့ရှိ ပါတီရုံးချုပ်တွင်တွေ့ဆုံခဲ့သည်။ သံအမတ်ကြီး Yao Wen သည် Jamaat-e-Islami (JI) ပါတီကို စည်းကမ်းတကျနှင့် စနစ်တကျ ဖွဲ့စည်း ထားသည့်ပါတီ အဖြစ် အသိအမှတ်ပြုခဲ့သည်။ Jamaat-e-Islami(JI) ပါတီသည် ကြားဖြတ် အစိုးရ တက်မလာမီ အချိန် လေးအတွင်းမှာပင် ပါတီလှုပ်ရှားမှုများကို တားမြစ်ခြင်းခံခဲ့ရသည်။ သံ အမတ်ကြီး Yao Wen သည် (၂၀၁၀) ပြည့်နှစ်နောက်ပိုင်းတွင် Jamaat-e-Islami (JI) ပါတီရုံးသို့ ပထမဆုံး ရောက်ရှိ လာသည့် နိုင်ငံခြားသံတမန် တစ်ဦးလည်းဖြစ်သည်။
တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးဖြစ်စဉ်တစ်ခုလုံးနှင့် ထိတွေ့ဆက်ဆံမှုကို ထိန်းသိမ်း ထားခြင်းအားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အလျင်အမြန်ပြောင်းလဲနေသည့် နိုင်ငံရေးဖြစ်စဉ်တစ်ခုလုံးနှင့် လိုက်လျောညီထွေ လိုက်ပါပြောင်းလဲနိုင်စွမ်းရှိကြောင်း သံအမတ်ကြီး Yao Wen နှင့် Jamaat-e-Islami (JI) ပါတီ အကြီးအကဲတစ်ဦးဖြစ်သည့် Shafiqur Rahman တို့၏တွေ့ဆုံမှုက သက်သေပြနေခြင်းဖြစ် သည်။ တရုတ်နိုင်ငံ၏ချဉ်းကပ်မှုမှာ ၎င်း၏ စီးပွားရေးနှင့်မဟာဗျူဟာအကျိုးစီးပွားများကို ကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် လိုအပ်သည့်အချိန်တွင် လိုအပ်သလို ပြောင်းလဲနိုင်ရန် ဖန်တီးထားခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံမှာမူ ရှိတ်ဟာစီနာအစိုးရ တစ်ခုတည်းနှင့်သာ ထိတွေ့ဆက်ဆံမှုပြုလုပ်ထားရာ ယခု အခါ အကျိုးဆက်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အိန္ဒိယနိုင်ငံ၏ဩဇာလွှမ်းမိုးမှု ဆုံးရှုံးလာပြီး အကျဉ်း အကျပ်ထဲရောက်ရှိလာသည်။ ယခုအခါ ရှိတ်ဟာစီနာ အစိုးရထွက်ခွာသွားပြီဖြစ်သကဲ့သို့ နိုဗယ်ငြိမ်းချမ်း ရေးဆုရှင်လည်းဖြစ် စီးပွားရေးပညာရှင်တစ်ဦးလည်းဖြစ်သူ Muhammad Yunus ဦးဆောင်သည့် ကြား ဖြတ်အစိုးရတက်လာခဲ့ပြီဖြစ်ရာ အိန္ဒိယနိုင်ငံအနေဖြင့် အခြားရွေးချယ်စရာမရှိသေးဘဲ စောင့်ကြည့်နေရ သည့်အခြေအနေသာ ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရေး အခင်းအကျင်း တစ်ခုလုံးကို ရှိတ်ဟာစီနာဦးဆောင်သည့် Awami League ပါတီနှင့် ယခင်ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီ ယာဦးဆောင်သည့် Bangladesh Nationalist ပါတီတို့ကသာ ဦးဆောင်ပုံဖော်ခဲ့ကြခြင်း ဖြစ်သည်။ Jamaat-e-Islami(JI) ပါတီသည် အစ္စလာမ် နိုင်ငံ ရေး ပါတီတစ်ခုဖြစ်ပြီး သမိုင်းကြောင်းအရ Bangladesh Nationalist ပါတီ၏ မဟာမိတ်ပါတီတစ်ခု ဖြစ်ကာ ယခင်ရွေးကောက်ပွဲကာလများတွင် မဟာမိတ် ပါတီများအဖြစ် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြသည်။ လွန်ခဲ့သည့်(၇)နှစ်တာကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးတွင် Awami League ပါတီ ကသာလွှမ်းမိုးနေခဲ့ရာ Bangladesh Nationalist ပါတီနှင့် Jamaat-e-Islami(JI) ပါတီတို့မှာ ဘေး ရောက်နေခဲ့သည်။ ယခုနှစ် ဆန္ဒပြမှုများတွင်ပေါ် ပေါက်ခဲ့သည့် အကြမ်းဖက်မှုတွင် တာဝန်ရှိသည်ဟု ဆိုကာ ရှိတ်ဟာစီနာအစိုးရက Jamaat-e-Islami(JI) ပါတီကို ပိတ်ပင်တားမြစ်မှုများ ပြုလုပ်ခဲ့သည်။
ရှိတ်ဟာစီနာအစိုးရ ပြုတ်ကျသွားချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးမှာ မသေချာ မရေရာမှုများ အသစ်တစ်ဖန် ပေါ်ပေါက်လာခဲ့သည်။ Muhammad Yunus ဦးဆောင်သည့် ကြားဖြတ် အစိုးရသစ် ဖွဲ့စည်းလိုက်ချိန်တွင်မူ Jamaat-e-Islami(JI) ပါတီ၏ လှုပ်ရှားမှုများကို ပြန်လည်ခွင့်ပြုပေးခဲ့သည်။ တစ် ချိန်တည်းမှာပင် Bangladesh Nationalist (BNP) ပါတီသည် ပုံမှန်အားဖြင့် ဘင်္ဂလားဒေ့ရှ် ကြားဖြတ် အစိုးရ၏ အစိတ်အပိုင်းတစ်ခုမဟုတ်သော်လည်း ရွေးကောက်ပွဲ အမြန်ကျင်းပပေးရန် တောင်းဆိုထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပေါ်တိုးတက်မှု မှန်သမျှသည် အိမ်နီးချင်းအင်အားကြီးနှစ်နိုင်ငံဖြစ် သည့် တရုတ်နှင့်အိန္ဒိယနိုင်ငံတို့အပေါ်တွင် မတူကွဲပြားသည့်နည်းလမ်းများဖြင့် အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေခဲ့သည်။ တရုတ်နိုင်ငံသည် ရှိတ်ဟာစီနာ အစိုးရလက်ထက်တွင် နီးစပ်သည့် ဆက်ဆံရေး ရှိခဲ့ပြီး (၂၀၂၄) ခုနှစ် ဇူလိုင်လတွင် comprehensive strategic cooperative partnership အဆင့်ထိ တက်လှမ်းနိုင်ခဲ့သည်။ သို့သော် ရှိတ်ဟာစီနာအစိုးရ ထွက်ခွာသွားချိန်တွင်လည်း လျင်မြန်စွာ အလှည့် အပြောင်းပြုလုပ်နိုင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ဖွဲ့စည်းမှုကိုကြိုဆိုကာ Muhammad Yunus ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တရုတ်သံတမန်များ စေလွှတ်ခဲ့သည်။
တစ်ဖက်တွင်မူ အိန္ဒိယအစိုးရသည် ရှိတ်ဟာစီနာကို ခိုလှုံခွင့်ပြုခဲ့ရာ ဘင်္ဂလားဒေ့ရှ် ကြားဖြတ် အစိုးရ၏ဝေဖန်မှုများကို ပိုမိုရင်ဆိုင်ကြုံတွေ့လာရသည်။ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆောင် Muhammad Yunus ၏ အင်တာဗျူးတစ်ခုတွင် အိန္ဒိယနိုင်ငံတွင် ရှိတ်ဟာစီနာရှိနေခြင်းနှင့်ပတ်သက် ၍စိုးရိမ်ကြောင်း ပြောဆိုသွားခဲ့သည်။ ဝန်ကြီးချုပ် ဟောင်း ရှိတ်ဟာစီနာကို ဥပဒေကြောင်းအရ ရင်ဆိုင် နိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲပြောင်းပေးသင့်ကြောင်းလည်း Muhammad Yunus က ပြော ဆိုသွားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်သစ်များအနေဖြင့် တရုတ်နိုင်ငံနှင့်မတူဘဲ အိန္ဒိယနိုင်ငံအပေါ် ယုံကြည်မှုလျော့နည်းနေသည်ဟု ဆိုနိုင်သည်။
တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကဏ္ဍအသီးသီး တွင် အများအပြား ရင်းနှီးမြှုပ်နှံခဲ့သည်။ တရုတ် ကုမ္ပဏီများသည် (၂၀၁၆) ခုနှစ်နှင့် (၂၀၂၂) ခုနှစ်အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၆)ဘီလျံ အထိ ရင်းနှီးမြှုပ်နှံခဲ့သည်။ (၂၀၂၃) ခုနှစ် နှစ်ကုန် တွင် တရုတ် နိုင်ငံအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ (၁.၄) ဘီလျံနီးပါး အထိ ရောက်ရှိလာခဲ့သည်ဟု ဒါကာရှိ တရုတ်သံရုံး၏ စာရင်းဇယားများတွင်ဖော်ပြထားသည်။ တရုတ်အစိုး ရကထောက်ပံ့ထားသည့် ကုမ္ပဏီပေါင်း (၇၀ဝ) ကျော် ကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အလုပ် အကိုင်ပေါင်း(၅၅၀ယဝဝဝ) နီးပါးဖန်တီးပေးရန် တိုက်တွန်းခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထည်ချုပ် လုပ်ငန်းအတွက် ကုန်ကြမ်းသွင်းကုန် (၇၀) ရာခိုင်နှုန်းကျော် မှာ တရုတ်နိုင်ငံမှ တင်သွင်းခြင်းဖြစ်သည်။ ချုပ်၍ ကြည့်လျှင် နှစ်စဉ် ဘင်္ဂလားဒေ့ရှ်သွင်းကုန် အမေရိကန်ဒေါ်လာ (၂၁) ဘီလျံတန်ဖိုးမှာ တရုတ်နိုင်ငံမှ ရရှိခြင်းဖြစ်သည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ် လက်နက်ပစ္စည်းများဝယ်ယူသည့် ထိပ်တန်းနိုင်ငံ တစ်နိုင်ငံလည်းဖြစ်သည်။ Stockhome International Peace Research Institute (SIPRI) ၏ထုတ်ပြန်ချက်များအရ တရုတ်နိုင်ငံသည် (၂၀၁၀)ပြည့်နှစ်နှင့် (၂၀၂၀)ပြည့်နှစ်ကြားတွင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၏ စစ်လက်နက်ပစ္စည်းသွင်းကုန်အားလုံး ၏ (၇၃)ရာခိုင်နှုန်းကျော်ကို ချုပ်ကိုင်ထားနိုင်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်နိုင်ငံကို နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ (၆)ဘီလျံလည်း တင်ရှိနေသည်။
ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာသည် နယ်ပယ်အသီးသီးတွင် တရုတ်နိုင်ငံ၏အရေးပါမှုကို သိရှိပြီး တရုတ်နိုင်ငံနှင့် နွေးထွေးသည့်ဆက်ဆံရေး တစ်ရပ် တည်ဆောက်နိုင်ရန် ကြိုးပမ်းခဲ့သည်။ သို့ သော် ရှိတ်ဟာစီနာသည် တရုတ်နိုင်ငံထံ ပေးရန်ရှိသည့် ကြွေးမြီဝန်ထုပ်ဝန်ပိုးများကိုလျှော့ချနိုင်ရန်အ တွက် တရုတ်နိုင်ငံမှ နောက်ထပ်ချေးငွေ အမေရိကန် ဒေါ်လာ (၅)ဘီလျံ ချေးယူရန် ကြိုးပမ်းခဲ့သည်။ သို့သော် တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ပူးပေါင်းရန်ငြင်းဆန်ခဲ့ရာ ရှိတ်ဟာစီနာသည် တရုတ်နိုင်ငံသို့သွားရောက်မည့်ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။ သို့သော် ဘင်္ဂလားဒေ့ရှ်အတွက် တရုတ် နိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရန်မှတစ်ပါး အခြားရွေးချယ်စရာလည်းမရှိ ဖြစ်နေပြန်သည်။
တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေးအလွှာအသီးသီးနှင့်ထိတွေ့ဆက်ဆံပြီး ဩဇာ လွှမ်းမိုးနိုင်ရေး နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းခြင်းဖြစ်သည်။ တရုတ်သမ္မတရှီကျင့်ဖျင်သည် (၂၀၁၆)ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်တွင် Bangladesh Nationalist (BNP) ပါတီဥက္ကဋ္ဌ ခါလီဒါဇီ ယာနှင့်တွေ့ဆုံခဲ့သည်။ သမ္မတရှီကျင့်ဖျင်သည် BNP ပါတီကို တရုတ်နိုင်ငံနှင့်ပတ်သက်၍ ချစ်ကြည် ရင်းနှီးသောမူဝါဒကို နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာ ထိန်းသိမ်းထားသည့်ပါတီအဖြစ် အသိအမှတ်ပြု ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ BNP ပါတီအပါအဝင် အခြား နိုင်ငံရေးပါတီကြီးများနှင့် ပါတီအချင်းချင်း ထိတွေ့ဆက်ဆံရေး ခိုင်မာအောင် တည်ဆောက်ရန် ဆန္ဒရှိ ကြောင်းလည်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ယင်းမှာ တရုတ်နိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ နိုင်ငံရေးပါတီများ၊ စစ်ဘက်ခေါင်းဆောင်များ၊ စီးပွားရေးအသိုက်အမြုံများနှင့် ကျောင်းသားများ အပါ အဝင် ဘင်္ဂလားဒေ့ရှ် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ် ဩဇာလွှမ်းမိုးနိုင်ရေး မဟာဗျူဟာကျကျ တည် ဆောက်ကာ ဒါကာတွင် အိန္ဒိယနိုင်ငံ၏ဩဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ရေး ကြိုးပမ်းခြင်းဖြစ်သည်။
တစ်ဖက်တွင်မူ အိန္ဒိယနိုင်ငံသည် ရှိတ်ဟာစီနာအစိုးရလက်ထက်တွင် ၎င်း၏ရပ်တည်မှု ပိုမိုတိုး တက်လာစေရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့သည်။ အိန္ဒိယအစိုးရသည် (၂၀၁၀)ပြည့်နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ (၈)ဘီ လျံ ထုတ်ချေးခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံးဖွံ့ဖြိုးရေးမိတ်ဖက်နိုင်ငံ ဖြစ်လာခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တောင်အာရှဒေသတွင် အိန္ဒိယနိုင်ငံ၏အကြီးမားဆုံး ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံဖြစ်လာခဲ့ပြီး (၂၀၂၃၊ ၂၀၂၄)ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ (၁၄) ဘီလျံအထိရောက်ရှိခဲ့သည်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍမှာ ပညာရေး၊ ကျောင်းသားအချင်းချင်း အပြန်အလှန်လည်ပတ်မှု၊ နယ်စပ်လုံခြုံရေး၊ ကာကွယ်ရေးနှင့် လမ်းပန်းဆက်သွယ်မှုတို့တွင် ပူးပေါင်း ဆောင်ရွက်ခြင်းမှ စွမ်းအင်ကဏ္ဍအထိ တိုးချဲ့လာခဲ့သည်။
တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုနှင့်မတူသည့် အချက်မှာ အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံ ရေးအလွှာစုံနှင့် ထိတွေ့ဆက်ဆံနိုင်မှုမရှိခြင်း၏ အကျိုးဆက်များကို ခံစားနေရသည်။ (၂၀၂၄) ခုနှစ် အ စောပိုင်းတွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် BNP ပါတီနှင့် အခြားအတိုက်အခံပါတီများသည် အိန္ဒိယထွက်သွား “ India Out ” ဆိုသည့် ကြွေးကြော်သံများဖြင့် စည်းရုံးခဲ့ကြသည်။ ယင်းကြွေးကြော် သံများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အိန္ဒိယထုတ်ကုန်ပစ္စည်း အသုံးပြုမှုကိုပင် လျော့ကျသွားစေ ခဲ့သည်။
Jamaat-e-Islami(JI) ပါတီသည် ရံဖန်ရံခါတွင် အိန္ဒိယကိုဆန့်ကျင်ပြီး ပါကစ္စတန်ကို မျက် နှာသာပေးသည့်လှုပ်ရှားမှုများ ပြုလုပ်လေ့ရှိသည်ဟု အိန္ဒိယသုတေသီများက ယုံကြည်နေမှုလည်းရှိ သည်။ အဆိုပါအခြေအနေများအရ BNP ပါတီနှင့် မကြာသေးမီက အသက်ပြန်ဝင်လာသည့် Jamaat-e-Islami(JI)ပါတီတို့၏ တရုတ်နိုင်ငံနှင့်ထိတွေ့ဆက်ဆံမှု ကောင်းမွန်လာခြင်းသည် အိန္ဒိယ၏အကျိုးစီးပွား ကို တုတ်နှင့်ထိုးလာမည်လား၊ ရှိတ်ဟာစီနာ လက်ထက်ကခိုင်မာမြဲမြံခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမည်လား စသည့် သို့လော သို့လောအတွေးများဖြင့် အိန္ဒိယခေါင်းဆောင်များ စိုးရိမ်ကြမည်မှာ လည်း အလွန်ဟုမဆိုနိုင်ပါ။
အိန္ဒိယနိုင်ငံအနေဖြင့် လွန်ခဲ့သည့်(၇)နှစ် တာကာလအတွင်း ရှိတ်ဟာစီနာနှင့် Awami League တို့နှင့်သာဆက်ဆံခဲ့ရာ အကျိုးအမြတ်လည်းကြီးကြီးမားမားရရှိခဲ့သည်။ သို့သော် ရှိတ်ဟာစီနာ အာဏာ လက်မဲ့ဖြစ်ချိန်တွင် နိုင်ငံရေးအင်အားစုသစ်များ ပေါ်ပေါက်လာခဲ့ရာ အိန္ဒိယနိုင်ငံအနေဖြင့် ဘင်္ဂလားနိုင်ငံ အတွင်း ၎င်း၏ဩဇာလွှမ်းမိုးမှုမှာ လေဟာနယ်ဖြစ်လာခဲ့ရသည်။ အိန္ဒိယအစိုးရသည် လက်ရှိအချိန်ထိ လည်း ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ထိတွေ့ ဆက်ဆံမှုဟူ၍ မရှိသလောက်ဖြစ်နေဆဲပင် ဖြစ်သည်။
ရှိတ်ဟာစီနာကို ခိုလှုံခွင့်ပြုခဲ့သည့် အိန္ဒိယအစိုးရ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ Muhammad Yunus ၏မှတ်ချက်အပေါ်တွင် အိန္ဒိယအစိုးရအရာရှိ များက စိတ်ပျက်လက်ပျက်ဖြစ်ကြသည်ဆိုသည့် သတင်းများလည်းထွက်ပေါ်ခဲ့သည်။ သို့သော် အိန္ဒိယ အစိုးရအနေဖြင့် လက်ရှိ ဘင်္ဂလားဒေ့ရှ် ကြားဖြတ် အစိုးရနှင့် ထိတွေ့ဆက်ဆံမှုမရှိပါက ရရှိမည့်အကျိုးထက် ဆုံးရှုံးမှုက ပိုမိုများပြားဖွယ်ရှိသည်ဟု သုံးသပ် နေကြသည်။ တရုတ်နှင့်အိန္ဒိယတို့သည် မဟာဗျူဟာ အရ အကျိုးစီးပွားများရှိနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဩဇာလွှမ်းမိုးနိုင်ရေး အပြိုင်အဆိုင်ကြိုးပမ်းနေကြဦးမည်မှာလည်း မလွဲဧကန်ပင် ဖြစ်သည်။
zawgyi version
ဘဂၤလားေဒ့ရွ္ရယ္ ၊ တ႐ုတ္ရယ္ ၊ အိႏၵိယရယ္
သန္းထိုက္စိုး (NP News) - ေအာက္တိုဘာ ၁၇
တ႐ုတ္ႏွင့္အိႏၵိယ ႏွစ္ႏိုင္ငံလုံးသည္ ယခင္ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာႏွင့္နီးစပ္သည့္ ဆက္ဆံေရးရွိခဲ့ၾကေသာႏိုင္ငံမ်ားျဖစ္သည္။ သို႔ေသာ္ တ႐ုတ္ႏိုင္ငံသည္ အျခားႏိုင္ငံေရးပါတီမ်ားႏွင့္ လည္း ဆက္ဆံေရးတည္ေဆာက္ထားရာ ဘဂၤလားေဒ့ရွ္ ၾကားျဖတ္အစိုးရတက္လာခ်ိန္တြင္ ေျချမန္ လက္ျမန္ ဆိုသလိုပင္ ထိေတြ႕ဆက္ဆံမႈ ျပဳလုပ္ႏိုင္ခဲ့သည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ ႀကီး Yao Wen သည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံေရးပါတီတစ္ခုျဖစ္သည့္ Jamaat-e-Islami (JI) ပါတီ အႀကီး အကဲတစ္ဦးျဖစ္သည့္ Shafiqur Rahman ႏွင့္ ဒါကာၿမိဳ႕ရွိ ပါတီ႐ုံးခ်ဳပ္တြင္ေတြ႕ဆုံခဲ့သည္။ သံအမတ္ႀကီး Yao Wen သည္ Jamaat-e-Islami (JI) ပါတီကို စည္းကမ္းတက်ႏွင့္ စနစ္တက် ဖြဲ႕စည္း ထားသည့္ပါတီ အျဖစ္ အသိအမွတ္ျပဳခဲ့သည္။ Jamaat-e-Islami(JI) ပါတီသည္ ၾကားျဖတ္ အစိုးရ တက္မလာမီ အခ်ိန္ ေလးအတြင္းမွာပင္ ပါတီလႈပ္ရွားမႈမ်ားကို တားျမစ္ျခင္းခံခဲ့ရသည္။ သံ အမတ္ႀကီး Yao Wen သည္ (၂၀၁၀) ျပည့္ႏွစ္ေနာက္ပိုင္းတြင္ Jamaat-e-Islami (JI) ပါတီ႐ုံးသို႔ ပထမဆုံး ေရာက္ရွိ လာသည့္ ႏိုင္ငံျခားသံတမန္ တစ္ဦးလည္းျဖစ္သည္။
တ႐ုတ္ႏိုင္ငံသည္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံေရးျဖစ္စဥ္တစ္ခုလုံးႏွင့္ ထိေတြ႕ဆက္ဆံမႈကို ထိန္းသိမ္း ထားျခင္းအားျဖင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံရွိ အလ်င္အျမန္ေျပာင္းလဲေနသည့္ ႏိုင္ငံေရးျဖစ္စဥ္တစ္ခုလုံးႏွင့္ လိုက္ေလ်ာညီေထြ လိုက္ပါေျပာင္းလဲႏိုင္စြမ္းရွိေၾကာင္း သံအမတ္ႀကီး Yao Wen ႏွင့္ Jamaat-e-Islami (JI) ပါတီ အႀကီးအကဲတစ္ဦးျဖစ္သည့္ Shafiqur Rahman တို႔၏ေတြ႕ဆုံမႈက သက္ေသျပေနျခင္းျဖစ္ သည္။ တ႐ုတ္ႏိုင္ငံ၏ခ်ဥ္းကပ္မႈမွာ ၎၏ စီးပြားေရးႏွင့္မဟာဗ်ဴဟာအက်ိဳးစီးပြားမ်ားကို ကာကြယ္ ေစာင့္ေရွာက္ႏိုင္ရန္အတြက္ လိုအပ္သည့္အခ်ိန္တြင္ လိုအပ္သလို ေျပာင္းလဲႏိုင္ရန္ ဖန္တီးထားျခင္း ျဖစ္သည္။
အိႏၵိယႏိုင္ငံမွာမူ ရွိတ္ဟာစီနာအစိုးရ တစ္ခုတည္းႏွင့္သာ ထိေတြ႕ဆက္ဆံမႈျပဳလုပ္ထားရာ ယခု အခါ အက်ိဳးဆက္အျဖစ္ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း အိႏၵိယႏိုင္ငံ၏ဩဇာလႊမ္းမိုးမႈ ဆုံးရႈံးလာၿပီး အက်ဥ္း အက်ပ္ထဲေရာက္ရွိလာသည္။ ယခုအခါ ရွိတ္ဟာစီနာ အစိုးရထြက္ခြာသြားၿပီျဖစ္သကဲ့သို႔ ႏိုဗယ္ၿငိမ္းခ်မ္း ေရးဆုရွင္လည္းျဖစ္ စီးပြားေရးပညာရွင္တစ္ဦးလည္းျဖစ္သူ Muhammad Yunus ဦးေဆာင္သည့္ ၾကား ျဖတ္အစိုးရတက္လာခဲ့ၿပီျဖစ္ရာ အိႏၵိယႏိုင္ငံအေနျဖင့္ အျခားေ႐ြးခ်ယ္စရာမရွိေသးဘဲ ေစာင့္ၾကည့္ေနရ သည့္အေျခအေနသာ ျဖစ္သည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံေရး အခင္းအက်င္း တစ္ခုလုံးကို ရွိတ္ဟာစီနာဦးေဆာင္သည့္ Awami League ပါတီႏွင့္ ယခင္ဝန္ႀကီးခ်ဳပ္ေဟာင္း ခါလီဒါဇီ ယာဦးေဆာင္သည့္ Bangladesh Nationalist ပါတီတို႔ကသာ ဦးေဆာင္ပုံေဖာ္ခဲ့ၾကျခင္း ျဖစ္သည္။ Jamaat-e-Islami(JI) ပါတီသည္ အစၥလာမ္ ႏိုင္ငံ ေရး ပါတီတစ္ခုျဖစ္ၿပီး သမိုင္းေၾကာင္းအရ Bangladesh Nationalist ပါတီ၏ မဟာမိတ္ပါတီတစ္ခု ျဖစ္ကာ ယခင္ေ႐ြးေကာက္ပြဲကာလမ်ားတြင္ မဟာမိတ္ ပါတီမ်ားအျဖစ္ ဖြဲ႕စည္းေဆာင္႐ြက္ခဲ့ၾကသည္။ လြန္ခဲ့သည့္(၇)ႏွစ္တာကာလအတြင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံေရးတြင္ Awami League ပါတီ ကသာလႊမ္းမိုးေနခဲ့ရာ Bangladesh Nationalist ပါတီႏွင့္ Jamaat-e-Islami(JI) ပါတီတို႔မွာ ေဘး ေရာက္ေနခဲ့သည္။ ယခုႏွစ္ ဆႏၵျပမႈမ်ားတြင္ေပၚ ေပါက္ခဲ့သည့္ အၾကမ္းဖက္မႈတြင္ တာဝန္ရွိသည္ဟု ဆိုကာ ရွိတ္ဟာစီနာအစိုးရက Jamaat-e-Islami(JI) ပါတီကို ပိတ္ပင္တားျမစ္မႈမ်ား ျပဳလုပ္ခဲ့သည္။
ရွိတ္ဟာစီနာအစိုးရ ျပဳတ္က်သြားခ်ိန္တြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံေရးမွာ မေသခ်ာ မေရရာမႈမ်ား အသစ္တစ္ဖန္ ေပၚေပါက္လာခဲ့သည္။ Muhammad Yunus ဦးေဆာင္သည့္ ၾကားျဖတ္ အစိုးရသစ္ ဖြဲ႕စည္းလိုက္ခ်ိန္တြင္မူ Jamaat-e-Islami(JI) ပါတီ၏ လႈပ္ရွားမႈမ်ားကို ျပန္လည္ခြင့္ျပဳေပးခဲ့သည္။ တစ္ ခ်ိန္တည္းမွာပင္ Bangladesh Nationalist (BNP) ပါတီသည္ ပုံမွန္အားျဖင့္ ဘဂၤလားေဒ့ရွ္ ၾကားျဖတ္ အစိုးရ၏ အစိတ္အပိုင္းတစ္ခုမဟုတ္ေသာ္လည္း ေ႐ြးေကာက္ပြဲ အျမန္က်င္းပေပးရန္ ေတာင္းဆိုထားသည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ျဖစ္ေပၚတိုးတက္မႈ မွန္သမွ်သည္ အိမ္နီးခ်င္းအင္အားႀကီးႏွစ္ႏိုင္ငံျဖစ္ သည့္ တ႐ုတ္ႏွင့္အိႏၵိယႏိုင္ငံတို႔အေပၚတြင္ မတူကြဲျပားသည့္နည္းလမ္းမ်ားျဖင့္ အက်ိဳးသက္ေရာက္မႈ ျဖစ္ေပၚေစခဲ့သည္။ တ႐ုတ္ႏိုင္ငံသည္ ရွိတ္ဟာစီနာ အစိုးရလက္ထက္တြင္ နီးစပ္သည့္ ဆက္ဆံေရး ရွိခဲ့ၿပီး (၂၀၂၄) ခုႏွစ္ ဇူလိုင္လတြင္ comprehensive strategic cooperative partnership အဆင့္ထိ တက္လွမ္းႏိုင္ခဲ့သည္။ သို႔ေသာ္ ရွိတ္ဟာစီနာအစိုးရ ထြက္ခြာသြားခ်ိန္တြင္လည္း လ်င္ျမန္စြာ အလွည့္ အေျပာင္းျပဳလုပ္ႏိုင္ခဲ့ၿပီး ဘဂၤလားေဒ့ရွ္ ၾကားျဖတ္အစိုးရ ဖြဲ႕စည္းမႈကိုႀကိဳဆိုကာ Muhammad Yunus ၏ က်မ္းသစၥာက်ိန္ဆိုပြဲအခမ္းအနားသို႔ တ႐ုတ္သံတမန္မ်ား ေစလႊတ္ခဲ့သည္။
တစ္ဖက္တြင္မူ အိႏၵိယအစိုးရသည္ ရွိတ္ဟာစီနာကို ခိုလႈံခြင့္ျပဳခဲ့ရာ ဘဂၤလားေဒ့ရွ္ ၾကားျဖတ္ အစိုးရ၏ေဝဖန္မႈမ်ားကို ပိုမိုရင္ဆိုင္ႀကဳံေတြ႕လာရသည္။ ဘဂၤလားေဒ့ရွ္ ၾကားျဖတ္အစိုးရ ေခါင္းေဆာင္ Muhammad Yunus ၏ အင္တာဗ်ဴးတစ္ခုတြင္ အိႏၵိယႏိုင္ငံတြင္ ရွိတ္ဟာစီနာရွိေနျခင္းႏွင့္ပတ္သက္ ၍စိုးရိမ္ေၾကာင္း ေျပာဆိုသြားခဲ့သည္။ ဝန္ႀကီးခ်ဳပ္ ေဟာင္း ရွိတ္ဟာစီနာကို ဥပေဒေၾကာင္းအရ ရင္ဆိုင္ ႏိုင္ရန္အတြက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ လႊဲေျပာင္းေပးသင့္ေၾကာင္းလည္း Muhammad Yunus က ေျပာ ဆိုသြားခဲ့သည္။ ဘဂၤလားေဒ့ရွ္ေခါင္းေဆာင္သစ္မ်ားအေနျဖင့္ တ႐ုတ္ႏိုင္ငံႏွင့္မတူဘဲ အိႏၵိယႏိုင္ငံအေပၚ ယုံၾကည္မႈေလ်ာ့နည္းေနသည္ဟု ဆိုႏိုင္သည္။
တ႐ုတ္ႏိုင္ငံသည္ လြန္ခဲ့သည့္ ဆယ္စုႏွစ္ တစ္ခုအတြင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ က႑အသီးသီး တြင္ အမ်ားအျပား ရင္းႏွီးျမႇဳပ္ႏွံခဲ့သည္။ တ႐ုတ္ ကုမၸဏီမ်ားသည္ (၂၀၁၆) ခုႏွစ္ႏွင့္ (၂၀၂၂) ခုႏွစ္အတြင္း စုစုေပါင္း အေမရိကန္ေဒၚလာ (၂၆)ဘီလ်ံ အထိ ရင္းႏွီးျမႇဳပ္ႏွံခဲ့သည္။ (၂၀၂၃) ခုႏွစ္ ႏွစ္ကုန္ တြင္ တ႐ုတ္ ႏိုင္ငံအတြင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ ရင္းႏွီးျမႇဳပ္ႏွံမႈမွာ အေမရိကန္ေဒၚလာ (၁.၄) ဘီလ်ံနီးပါး အထိ ေရာက္ရွိလာခဲ့သည္ဟု ဒါကာရွိ တ႐ုတ္သံ႐ုံး၏ စာရင္းဇယားမ်ားတြင္ေဖာ္ျပထားသည္။ တ႐ုတ္အစိုး ရကေထာက္ပံ့ထားသည့္ ကုမၸဏီေပါင္း (၇၀ဝ) ေက်ာ္ ကိုလည္း ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း အလုပ္ အကိုင္ေပါင္း(၅၅၀ယဝဝဝ) နီးပါးဖန္တီးေပးရန္ တိုက္တြန္းခဲ့သည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ အထည္ခ်ဳပ္ လုပ္ငန္းအတြက္ ကုန္ၾကမ္းသြင္းကုန္ (၇၀) ရာခိုင္ႏႈန္းေက်ာ္ မွာ တ႐ုတ္ႏိုင္ငံမွ တင္သြင္းျခင္းျဖစ္သည္။ ခ်ဳပ္၍ ၾကည့္လွ်င္ ႏွစ္စဥ္ ဘဂၤလားေဒ့ရွ္သြင္းကုန္ အေမရိကန္ေဒၚလာ (၂၁) ဘီလ်ံတန္ဖိုးမွာ တ႐ုတ္ႏိုင္ငံမွ ရရွိျခင္းျဖစ္သည္။
ထို႔ျပင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ တ႐ုတ္ လက္နက္ပစၥည္းမ်ားဝယ္ယူသည့္ ထိပ္တန္းႏိုင္ငံ တစ္ႏိုင္ငံလည္းျဖစ္သည္။ Stockhome International Peace Research Institute (SIPRI) ၏ထုတ္ျပန္ခ်က္မ်ားအရ တ႐ုတ္ႏိုင္ငံသည္ (၂၀၁၀)ျပည့္ႏွစ္ႏွင့္ (၂၀၂၀)ျပည့္ႏွစ္ၾကားတြင္ ဘဂၤလား ေဒ့ရွ္ႏိုင္ငံ၏ စစ္လက္နက္ပစၥည္းသြင္းကုန္အားလုံး ၏ (၇၃)ရာခိုင္ႏႈန္းေက်ာ္ကို ခ်ဳပ္ကိုင္ထားႏိုင္သည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံကို ႏိုင္ငံျခားေႂကြးၿမီ အေမရိကန္ေဒၚလာ (၆)ဘီလ်ံလည္း တင္ရွိေနသည္။
ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာသည္ နယ္ပယ္အသီးသီးတြင္ တ႐ုတ္ႏိုင္ငံ၏အေရးပါမႈကို သိရွိၿပီး တ႐ုတ္ႏိုင္ငံႏွင့္ ေႏြးေထြးသည့္ဆက္ဆံေရး တစ္ရပ္ တည္ေဆာက္ႏိုင္ရန္ ႀကိဳးပမ္းခဲ့သည္။ သို႔ ေသာ္ ရွိတ္ဟာစီနာသည္ တ႐ုတ္ႏိုင္ငံထံ ေပးရန္ရွိသည့္ ေႂကြးၿမီဝန္ထုပ္ဝန္ပိုးမ်ားကိုေလွ်ာ့ခ်ႏိုင္ရန္အ တြက္ တ႐ုတ္ႏိုင္ငံမွ ေနာက္ထပ္ေခ်းေငြ အေမရိကန္ ေဒၚလာ (၅)ဘီလ်ံ ေခ်းယူရန္ ႀကိဳးပမ္းခဲ့သည္။ သို႔ေသာ္ တ႐ုတ္ႏိုင္ငံက ဘဂၤလားေဒ့ရွ္ ႏိုင္ငံႏွင့္ ပူးေပါင္းရန္ျငင္းဆန္ခဲ့ရာ ရွိတ္ဟာစီနာသည္ တ႐ုတ္ႏိုင္ငံသို႔သြားေရာက္မည့္ခရီးစဥ္ကို ဖ်က္သိမ္းခဲ့သည္။ သို႔ေသာ္ ဘဂၤလားေဒ့ရွ္အတြက္ တ႐ုတ္ ႏိုင္ငံႏွင့္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္ရန္မွတစ္ပါး အျခားေ႐ြးခ်ယ္စရာလည္းမရွိ ျဖစ္ေနျပန္သည္။
တ႐ုတ္ႏိုင္ငံသည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ ႏိုင္ငံေရးအလႊာအသီးသီးႏွင့္ထိေတြ႕ဆက္ဆံၿပီး ဩဇာ လႊမ္းမိုးႏိုင္ေရး နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ ႀကိဳးပမ္းျခင္းျဖစ္သည္။ တ႐ုတ္သမၼတရွီက်င့္ဖ်င္သည္ (၂၀၁၆)ခုႏွစ္ ဘဂၤလားေဒ့ရွ္ႏိုင္ငံခရီးစဥ္တြင္ Bangladesh Nationalist (BNP) ပါတီဥကၠ႒ ခါလီဒါဇီ ယာႏွင့္ေတြ႕ဆုံခဲ့သည္။ သမၼတရွီက်င့္ဖ်င္သည္ BNP ပါတီကို တ႐ုတ္ႏိုင္ငံႏွင့္ပတ္သက္၍ ခ်စ္ၾကည္ ရင္းႏွီးေသာမူဝါဒကို ႏွစ္ေပါင္းမ်ားစြာ ခိုင္ခိုင္မာမာ ထိန္းသိမ္းထားသည့္ပါတီအျဖစ္ အသိအမွတ္ျပဳ ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ တ႐ုတ္ႏိုင္ငံသည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံရွိ BNP ပါတီအပါအဝင္ အျခား ႏိုင္ငံေရးပါတီႀကီးမ်ားႏွင့္ ပါတီအခ်င္းခ်င္း ထိေတြ႕ဆက္ဆံေရး ခိုင္မာေအာင္ တည္ေဆာက္ရန္ ဆႏၵရွိ ေၾကာင္းလည္း ထုတ္ေဖာ္ ေျပာဆိုခဲ့သည္။ ယင္းမွာ တ႐ုတ္ႏိုင္ငံအေနျဖင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္းရွိ ႏိုင္ငံေရးပါတီမ်ား၊ စစ္ဘက္ေခါင္းေဆာင္မ်ား၊ စီးပြားေရးအသိုက္အၿမဳံမ်ားႏွင့္ ေက်ာင္းသားမ်ား အပါ အဝင္ ဘဂၤလားေဒ့ရွ္ လူ႔အဖြဲ႕အစည္းတစ္ရပ္လုံးအေပၚ ဩဇာလႊမ္းမိုးႏိုင္ေရး မဟာဗ်ဴဟာက်က် တည္ ေဆာက္ကာ ဒါကာတြင္ အိႏၵိယႏိုင္ငံ၏ဩဇာလႊမ္းမိုးမႈကို တန္ျပန္ႏိုင္ေရး ႀကိဳးပမ္းျခင္းျဖစ္သည္။
တစ္ဖက္တြင္မူ အိႏၵိယႏိုင္ငံသည္ ရွိတ္ဟာစီနာအစိုးရလက္ထက္တြင္ ၎၏ရပ္တည္မႈ ပိုမိုတိုး တက္လာေစရန္ နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ ႀကိဳးပမ္းခဲ့သည္။ အိႏၵိယအစိုးရသည္ (၂၀၁၀)ျပည့္ႏွစ္အတြင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ အေျခခံအေဆာက္အအုံ ဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ အေမရိကန္ေဒၚလာ (၈)ဘီ လ်ံ ထုတ္ေခ်းခဲ့ရာ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ အိႏၵိယႏိုင္ငံ၏ အႀကီးမားဆုံးဖြံ႕ၿဖိဳးေရးမိတ္ဖက္ႏိုင္ငံ ျဖစ္လာခဲ့သည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ ေတာင္အာရွေဒသတြင္ အိႏၵိယႏိုင္ငံ၏အႀကီးမားဆုံး ကုန္သြယ္ေရး မိတ္ဖက္ႏိုင္ငံျဖစ္လာခဲ့ၿပီး (၂၀၂၃၊ ၂၀၂၄)ခုႏွစ္တြင္ ႏွစ္ႏိုင္ငံကုန္သြယ္ေရးမွာ အေမရိကန္ေဒၚလာ (၁၄) ဘီလ်ံအထိေရာက္ရွိခဲ့သည္။ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မႈက႑မွာ ပညာေရး၊ ေက်ာင္းသားအခ်င္းခ်င္း အျပန္အလွန္လည္ပတ္မႈ၊ နယ္စပ္လုံၿခဳံေရး၊ ကာကြယ္ေရးႏွင့္ လမ္းပန္းဆက္သြယ္မႈတို႔တြင္ ပူးေပါင္း ေဆာင္႐ြက္ျခင္းမွ စြမ္းအင္က႑အထိ တိုးခ်ဲ႕လာခဲ့သည္။
တ႐ုတ္ႏိုင္ငံ၏ လႊမ္းမိုးမႈႏွင့္မတူသည့္ အခ်က္မွာ အိႏၵိယႏိုင္ငံသည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ ႏိုင္ငံ ေရးအလႊာစုံႏွင့္ ထိေတြ႕ဆက္ဆံႏိုင္မႈမရွိျခင္း၏ အက်ိဳးဆက္မ်ားကို ခံစားေနရသည္။ (၂၀၂၄) ခုႏွစ္ အ ေစာပိုင္းတြင္က်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲမ်ားတြင္ BNP ပါတီႏွင့္ အျခားအတိုက္အခံပါတီမ်ားသည္ အိႏၵိယထြက္သြား “ India Out ” ဆိုသည့္ ေႂကြးေၾကာ္သံမ်ားျဖင့္ စည္း႐ုံးခဲ့ၾကသည္။ ယင္းေႂကြးေၾကာ္ သံမ်ားေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း အိႏၵိယထုတ္ကုန္ပစၥည္း အသုံးျပဳမႈကိုပင္ ေလ်ာ့က်သြားေစ ခဲ့သည္။
Jamaat-e-Islami(JI) ပါတီသည္ ရံဖန္ရံခါတြင္ အိႏၵိယကိုဆန႔္က်င္ၿပီး ပါကစၥတန္ကို မ်က္ ႏွာသာေပးသည့္လႈပ္ရွားမႈမ်ား ျပဳလုပ္ေလ့ရွိသည္ဟု အိႏၵိယသုေတသီမ်ားက ယုံၾကည္ေနမႈလည္းရွိ သည္။ အဆိုပါအေျခအေနမ်ားအရ BNP ပါတီႏွင့္ မၾကာေသးမီက အသက္ျပန္ဝင္လာသည့္ Jamaat-e-Islami(JI)ပါတီတို႔၏ တ႐ုတ္ႏိုင္ငံႏွင့္ထိေတြ႕ဆက္ဆံမႈ ေကာင္းမြန္လာျခင္းသည္ အိႏၵိယ၏အက်ိဳးစီးပြား ကို တုတ္ႏွင့္ထိုးလာမည္လား၊ ရွိတ္ဟာစီနာ လက္ထက္ကခိုင္မာၿမဲၿမံခဲ့သည့္ ႏွစ္ႏိုင္ငံဆက္ဆံေရးကို ထိခိုက္ေစမည္လား စသည့္ သို႔ေလာ သို႔ေလာအေတြးမ်ားျဖင့္ အိႏၵိယေခါင္းေဆာင္မ်ား စိုးရိမ္ၾကမည္မွာ လည္း အလြန္ဟုမဆိုႏိုင္ပါ။
အိႏၵိယႏိုင္ငံအေနျဖင့္ လြန္ခဲ့သည့္(၇)ႏွစ္ တာကာလအတြင္း ရွိတ္ဟာစီနာႏွင့္ Awami League တို႔ႏွင့္သာဆက္ဆံခဲ့ရာ အက်ိဳးအျမတ္လည္းႀကီးႀကီးမားမားရရွိခဲ့သည္။ သို႔ေသာ္ ရွိတ္ဟာစီနာ အာဏာ လက္မဲ့ျဖစ္ခ်ိန္တြင္ ႏိုင္ငံေရးအင္အားစုသစ္မ်ား ေပၚေပါက္လာခဲ့ရာ အိႏၵိယႏိုင္ငံအေနျဖင့္ ဘဂၤလားႏိုင္ငံ အတြင္း ၎၏ဩဇာလႊမ္းမိုးမႈမွာ ေလဟာနယ္ျဖစ္လာခဲ့ရသည္။ အိႏၵိယအစိုးရသည္ လက္ရွိအခ်ိန္ထိ လည္း ဘဂၤလားေဒ့ရွ္အစိုးရႏွင့္ ထိေတြ႕ ဆက္ဆံမႈဟူ၍ မရွိသေလာက္ျဖစ္ေနဆဲပင္ ျဖစ္သည္။
ရွိတ္ဟာစီနာကို ခိုလႈံခြင့္ျပဳခဲ့သည့္ အိႏၵိယအစိုးရ၏ ဆုံးျဖတ္ခ်က္ႏွင့္ပတ္သက္၍ Muhammad Yunus ၏မွတ္ခ်က္အေပၚတြင္ အိႏၵိယအစိုးရအရာရွိ မ်ားက စိတ္ပ်က္လက္ပ်က္ျဖစ္ၾကသည္ဆိုသည့္ သတင္းမ်ားလည္းထြက္ေပၚခဲ့သည္။ သို႔ေသာ္ အိႏၵိယ အစိုးရအေနျဖင့္ လက္ရွိ ဘဂၤလားေဒ့ရွ္ ၾကားျဖတ္ အစိုးရႏွင့္ ထိေတြ႕ဆက္ဆံမႈမရွိပါက ရရွိမည့္အက်ိဳးထက္ ဆုံးရႈံးမႈက ပိုမိုမ်ားျပားဖြယ္ရွိသည္ဟု သုံးသပ္ ေနၾကသည္။ တ႐ုတ္ႏွင့္အိႏၵိယတို႔သည္ မဟာဗ်ဴဟာ အရ အက်ိဳးစီးပြားမ်ားရွိေနသည့္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံတြင္ ဩဇာလႊမ္းမိုးႏိုင္ေရး အၿပိဳင္အဆိုင္ႀကိဳးပမ္းေနၾကဦးမည္မွာလည္း မလြဲဧကန္ပင္ ျဖစ္သည္။