ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း

 164

Pika (NP News) - အောက်တိုဘာ ၁၈

ဘူဒါပတ်စ်မြို့သည် ဟန်ဂေရီနိုင်ငံ၏မြို့တော် ဖြစ်ပြီး နိုင်ငံတွင်းတွင် လူဦးရေအများဆုံးမြို့တစ်မြို့ လည်းဖြစ်ကာ ထူးခြားသောဗိသုကာလက်ရာများ၊ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းတို့ဖြင့် နာမည်ကျော် ကြားသည်။ ဘူဒါပတ်စ်မြို့သည် လူဦးရေ အရေအ တွက်အရ ဥရောပသမဂ္ဂတွင် (၉)ခုမြောက် အကြီး ဆုံးမြို့တစ်မြို့ဖြစ်ပြီး Danube မြစ်တစ်လျှောက်ရှိ မြို့များတွင် ဒုတိယမြောက်အကြီးဆုံးမြို့လည်းဖြစ် သည်။ ဧရိယာအကျယ်အဝန်း(၅၂၅)စတုရန်း ကီလိုမီတာရှိကာ ခန့်မှန်းခြေလူဦးရေ (၁ ဒသမ ၇)သန်းကျော်ရှိသော ဘူဒါပတ်စ်မြို့သည် ဧရိယာ အကျယ်အဝန်း(၇၆၂၆)စတုရန်းကီလိုမီတာရှိကာ ခန့်မှန်းခြေလူဦးရေ(၃ ဒသမ ၃)သန်းကျော်ရှိသော ဘူဒါပတ်စ်မြို့ပြဧရိယာ၏ အဓိက ဗဟိုချက်ဖြစ် ကြောင်းလည်းသိရသည်။ ထို့ပြင် ဘူဒါပတ်စ်မြို့တွင် နေထိုင်သူလူဦးရေသည် ဟန်ဂေရီနိုင်ငံတစ်နိုင်ငံ လုံးလူဦးရေ အရေအတွက်၏ (၃၃)ရာခိုင်နှုန်းခန့်ရှိကြောင်းလည်းသိရသည်။ (၁၀၃)ခုနှစ်နှင့် (၂၉၆)ခုနှစ်များအတွင်းရှေးခေတ်ရောမအင်ပါယာ၏ပြည်နယ်ဖြစ်သောLower Pannonia ၏မြို့တော် Aquincum ကို ဆဲလ်တစ်လူမျိုးများ၏ အစောပိုင်းအခြေချနေထိုင်မှုများအတွင်း ဘူဒါပတ်စ်မြို့၏ သမိုင်းကြောင်းအစပြုခဲ့ခြင်းဖြစ်သည်။

ဟန်ဂေရီလူမျိုးများသည် (၉)ရာစု နှောင်းပိုင်းတွင် အဆိုပါနယ်မြေအတွင်းသို့ရောက်ရှိလာခဲ့သော်လည်း (၁၂၄၁-၁၂၄၂) ခုနှစ်တွင် မွန်ဂိုလူမျိုးများက ယင်းနေရာကို လုယက်ဖျက် ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထို့ နောက် ဘူဒါမြို့ကို ပြန်လည်တည်ထောင်ခဲ့ပြီး နောက် (၁၅)ရာစုတွင် လူသားဆိုင်ရာ ယဉ်ကျေးမှု လက်ရာများ၏ အဓိကဗဟိုချက်နေရာများထဲမှတစ် ခုဖြစ်လာခဲ့သည်။ (၁၆၈၆)ခုနှစ်တွင် ဘူဒါ မြို့သည် သာယာဝပြောသောခေတ်သစ်သို့ ဝင်ရောက်လာ ခဲ့ပြီး (၁၈၇၃)ခုနှစ် နိုဝင်ဘာလ(၁၇) ရက်နေ့တွင် ဘူဒါ၊ အိုဘူဒါနှင့် ပတ်စ်မြို့တို့ကို ပေါင်းစည်းခဲ့ပြီး နောက် ဘူဒါပတ်စ်ဆိုသည့်နာမည်ဖြင့် ဟန်ဂေရီမြို့ တော်အဖြစ်သတ်မှတ်ခဲ့မှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ မြို့များထဲမှတစ်မြို့ဖြစ်လာခဲ့ကြောင်း သိရသည်။ ထို့ပြင် ဘူဒါပတ်စ်မြို့သည် ပထမကမ္ဘာစစ်အပြီး (၁၉၁၈)ခုနှစ်တွင် ပြိုကွဲသွား ခဲ့သော အင်အားကြီး ဩစတြီးယား-ဟန်ဂေရီအင်ပါယာ၏ ပူးတွဲမြို့တော် ဖြစ်လာခဲ့ကြောင်းသိရသည်။ ဘူဒါပတ်စ်မြို့သည် (၁၈၄၈)ခုနှစ် ဟန်ဂေရီတော် လှန်ရေး၊(၁၉၄၅)ခုနှစ် ဘူဒါပတ်စ်တိုက်ပွဲအပြင် (၁၉၅၆)ခုနှစ် ဟန် ဂေရီတော်လှန်ရေးတို့၏ အဓိကအချက်အချာနေရာ ဖြစ်ခဲ့ကြောင်းလည်းသိရသည်။ ဘူဒါပတ်စ်သည် ကူးသန်းရောင်းဝယ် ရေး၊ ဘဏ္ဍာရေး၊ မီဒီယာ၊ အနုပညာ၊ ဖက်ရှင်၊ သုတေသန၊ နည်းပညာ၊ ပညာရေးနှင့် ဖျော်ဖြေရေးကဏ္ဍများတွင် အားကောင်းသည့်မြို့တစ် မြို့လည်းဖြစ်သည်။ ဟန်ဂေရီနိုင်ငံ၏ ဘဏ္ဍာရေးစင် တာတစ်ခုဖြစ်သော ဘူဒါပတ်စ်မြို့သည် ဆန်းသစ်တီ ထွင်မှုနှင့် နည်းပညာဆိုင်ရာ ဥရောပအဖွဲ့အစည်း၊ ဥရောပရဲကောလိပ်နှင့် တရုတ် ရင်းနှီးမြှုပ်နှံမှုပရိုမိုးရှင်းအေဂျင်စီ၏ ပထမဆုံး နိုင်ငံခြားရုံးတို့အခြေစိုက် သည့်နေရာတစ်ခုလည်းဖြစ်သည်။
ဘူဒါပတ်စ်မြို့တွင် Eötvös Loránd တက္ကသိုလ်၊ Corvinus တက္က သိုလ်၊ Semmelweis တက္ကသိုလ်၊ Medicine Budapest တက္ကသိုလ်နှင့် နည်းပညာ နှင့်စီးပွားရေးဆိုင်ရာ ဘူဒါပတ်စ်တက္ကသိုလ်တို့ အပါအဝင် ကောလိပ်နှင့်တက္ကသိုလ်ပေါင်း(၄၀)ကျော်ရှိကြောင်းလည်းသိရသည်။ ထို့ပြင် (၁၈၉၆)ခုနှစ်တွင်ဖွင့်လှစ်ခဲ့သော ဘူဒါပတ်စ်မြို့၏မြေအောက် ရထားလမ်းစနစ် ဘူဒါပတ်စ်မက်ထရိုသည် ခရီး သည်(၁ ဒသမ ၂၇)သန်းကို ဝန်ဆောင်မှုပေးခဲ့ပြီး ဘူဒါပတ်စ်ရထားလမ်းကွန်ရက်သည် နေ့စဉ်ခရီးသည် (၁ ဒသမ ဝ၈)သန်းကို ဝန်ဆောင်မှုပေးလျက် ရှိကြောင်းသိရသည်။ Danube မြစ်တစ်လျှောက်ရှိ ဘူဒါပတ်စ်ဗဟိုဧရိယာသည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် အသိအမှတ်ပြုထားသည့်နေ ရာတစ်ခုဖြစ်ပြီး ဟန်ဂေရီလွှတ်တော် ဗိသုကာလက်ရာများ၏ ထင်ရှားကျော်ကြားသောအထိမ်းအမှတ်မြောက်မြားစွာရှိသည့်နေရာတစ်ခုလည်းဖြစ်သည်။

ထို့ပြင် ဘူဒါပတ်စ်မြို့တွင် ရေပူစမ်း(၈၀) ဝန်းကျင်၊ ကမ္ဘာ့အကြီးဆုံးအပူရေလိုဏ်ဂူစနစ်၊ ကမ္ဘာ ပေါ်တွင် ဒုတိယအကြီးဆုံး ဘုရားရှိခိုးကျောင်းနှင့် ကမ္ဘာ့တတိယမြောက်အကြီးဆုံး လွှတ်တော်အဆောက် အအုံတို့ရှိကြောင်းလည်းသိရသည်။ ဘူဒါပတ်စ်မြို့ သည် တစ်နှစ်လျှင် နိုင်ငံတကာခရီးသွား(၁၂)သန်း ဝန်းကျင်ကိုဆွဲဆောင်လျက်ရှိပြီး ဥရောတိုက်တွင် လူကြိုက်အများဆုံးနေရာတစ်ခုအဖြစ် ရပ်တည်လျက် ရှိသည်။

ဗိသုကာပညာ
ဘူဒါပတ်စ်မြို့တွင် အေဒီ(၈၉)ရာစုဝန်းကျင် ရှေးခေတ်ရောမမြို့ Aquincum မှ ခေတ်အမီဆုံး အနုပညာနန်းတော်၊ ခေတ်ပြိုင်အနုပညာပြတိုက်နှင့် ပွဲတော်ခန်းမများအထိ ကျယ်ပြန့်သောပုံစံအမျိုးမျိုး နှင့်မတူကွဲပြားသော အချိန်ကာလများမှ ဗိသုကာ လက်ရာမြောက်သောထင်ရှားကျော်ကြားသည့် အ ဆောက်အအုံများစွာရှိကြောင်းလည်းသိရသည်။ဘူဒါ ပတ်စ်မြို့ရှိ အဆောက်အအုံအများစုသည် ပုံမှန် အားဖြင့်နိမ့်ပြီး (၂၀၁၀)ပြည့်နှစ်အစောပိုင်းကာလများ အတွင်း ဘူဒါပတ်စ်မြို့တွင် အမြင့်(၄၅)မီတာထက် မြင့်သော အဆောက်အအုံ(၁၀ဝ)ဝန်းကျင်ခန့်သာရှိခဲ့ကြောင်းသိရသည်။ သမိုင်းဝင်မြို့ပြပုံစံကို ထိန်း သိမ်းရန်နှင့် ကမ္ဘာ့အမွေအနှစ်နေရာ၏လိုအပ်ချက် များနှင့်ကိုက်ညီစေရန်အတွက် ရည်ရွယ်သည့် အ ဆောက်အအုံဥပဒေကြောင့် ဘူဒါပတ်စ်မြို့တွင် အထပ်မြင့်အဆောက်အအုံအရေအတွက်မှာ နည်း ပါးနေခြင်းဖြစ်ကြောင်းသိရသည်။ အထပ်မြင့်အ ဆောက်အအုံများ ဆောက်လုပ်ခြင်း၊ စီစဉ်ခြင်းနှင့် ခွင့်ပြုချက်တို့အပေါ် တင်းကြပ်သည့်စည်းမျဉ်းများ ချမှတ်ထားသောကြောင့် ဘူဒါပတ်စ်မြို့တွင်းတွင် ရှိနေသင့်သည့်အဆောက်အအုံများ ရှိမနေခြင်းလည်း ဖြစ်သည်။ အချို့သောစီမံကိန်းရေးဆွဲသူများသည် မိုး မျှော်တိုက်များဆောက်လုပ်ခြင်းဆိုင်ရာ စည်းမျဉ်းများ ကို ဖြေလျှော့ပေးစေလိုနေကြပြီး ဘူဒါပတ်စ်မြို့၏သမိုင်းဝင်ဧရိယာအပြင်ဘက်တွင် မိုးမျှော်တိုက်များ တည်ဆောက်နိုင်ခြေကို မြှင့်တင်လိုနေကြကြောင်း လည်းသိရသည်။ ရှေးခေတ်ဗိသုကာလက်ရာများကို ကိုယ်စားပြုသည့် ရောမမြို့တော် Aquincum ခေတ် မှစတင်ကာ ဘူဒါပတ်စ်ဗိသုကာလက်ရာပုံစံများ၏ နှစ်အလိုက်ပုံစံများအားလုံးသည် အချိန်ဇယားတစ်ခု လုံးကို ကိုယ်စားပြုထားသည်။ (၂၀)ရာစု၏ ဒုတိယ နှစ်ဝက်တွင် ကွန်မြူနစ်အစိုးရအုပ်ချုပ်မှုအောက် တွင်ရှိသော ဘူဒါပတ်စ်မြို့သည် အခြားအရှေ့ဥရော နိုင်ငံများကဲ့သို့ပင် တိုက်ခန်းများဆောက်လုပ်မှုများကို လည်း တွေ့မြင်ခဲ့ရသည်။ (၂၁)ရာစုတွင် ဘူဒါပတ်စ် မြို့သည် ၎င်း ၏ဗိသုကာလက်ရာများတွင် စိန်ခေါ်မှုအသစ်များနှင့်ရင်ဆိုင်ခဲ့ရသည်။ အထပ်မြင့် အ ဆောက်အအုံများသည် ယနေ့ခေတ်မြို့ကြီးများတွင် သိသာထင်ရှားစွာရှိနေသော်လည်း ဘူဒါပတ်စ်သည် ထူးခြားသောမြို့ပြရှုခင်း၊ စိမ်းလန်းသောဧရိယာများ နှင့်အတူ ကွဲပြားခြားနားသော ဗိသုကာလက်ရာများကို ထိန်းသိမ်းထားခြင်းဖြင့် ယနေ့ခတ်မြို့ကြီးများကြား တွင် ဟန်ချက်ညီအောင်လုပ်ဆောင်လျက်ရှိသည်။

ထို့ပြင် အများပြည်သူဆိုင်ရာနေရာများသည် စီးပွားရေးလုပ်ငန်းနှင့်အစိုးရတို့ထံမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်သောကြောင့် ဘူဒါပတ်စ်တွင် ပြန်လည် ပြုပြင်ထားသော သို့မဟုတ် လုံးဝအသစ်ဖြစ်သော ရင်ပြင်များ၊ ပန်းခြံများနှင့်အထိမ်းအမှတ်အဆောက်အအုံများရှိကြောင်းလည်းသိရသည်။ အမျိုးသားပြ ဇာတ်ရုံ၊ အနုပညာနန်းတော်၊Rákóczi တံတား၊Megyeri တံတား၊ ဘူဒါပတ်စ်လေဆိပ် Sky Court အပြင် ရုံးခန်းအဆောက်အအုံအသစ်များနှင့်တိုက် ခန်းများကဲ့သို့သော အထင်ကရနေရာအများအပြားကို ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ဘူဒါပတ်စ်မြို့တွင် ဖန် တီးခဲ့ကြောင်းသိရသည်။ သို့သော်လည်း ဘူဒါပတ်စ်မြို့ တွင် အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်ပြီး အခွင့်အလမ်းအများအပြားရှိနေဆဲဖြစ်ကြောင်းသိရသည်။

စီးပွားရေး
ဘူဒါပတ်စ်မြို့သည် Globalization and World Cities Research Network ၏ လေ့လာ ချက်အရ Beta + ကမ္ဘာ့မြို့အဖြစ်ဖော်ပြခံရသော သိသာထင်ရှားသည့် စီးပွားရေးအချက်အချာကျသော မြို့တစ်မြို့ဖြစ်သည်။ ဘူဒါပတ်စ်မြို့သည် ဟန်ဂေရီ နိုင်ငံ၏စီးပွားရေးဆိုင်ရာ အဓိကမြို့တစ်မြို့ဖြစ်ခဲ့ပြီး ၎င်း၏ဝင်ငွေသည် နိုင်ငံ၏စုစုပေါင်းဝင်ငွေ၏ (၃၉) ရာခိုင်နှုန်းခန့်ရှိကြောင်းလည်းသိရသည်။ ၂၀၁၅ ခုနှစ် တွင် ဘူဒါပတ်စ်မြို့၏ စုစုပေါင်းမြို့ပြထုတ်ကုန်သည် အမေရိကန်ဒေါ်လာ(၁၀ဝ)ဘီလျံကျော်ရှိခဲ့ပြီး ဥရော ပသမဂ္ဂတွင် ဒေသတွင်းအကြီးဆုံးစီးပွားရေးရှိသည့် မြို့များထဲမှတစ်မြို့ဖြစ်ခဲ့သည်။

Pricewaterhouse Coopers ကုမ္ပဏီ၏တွက်ချက်မှုများအရ ဘူဒါပတ်စ်မြို့သည် ကမ္ဘာ့အ ကောင်းဆုံးဂျီဒီပီရှိသည့် မြို့ပေါင်း(၁၀ဝ)ထဲတွင် ပါဝင်ခဲ့ကြောင်းလည်းသိရသည်။Worldwide Centres of Commerce Index အရ ဘူဒါပတ်စ် သည် ကမ္ဘာပေါ်တွင် (၅၂)ခုမြောက် အရေးအကြီး ဆုံးစီးပွားရေးအချက်အချာနေရာအဖြစ် သတ်မှတ်ခံ ခဲ့ရပြီး MasterCard Emerging Markets Index အရ အဆင့်(၃)နေရာတွင်ရှိခဲ့ကြောင်းသိ ရသည်။ ဘူဒါပတ်စ်မြို့သည် ကမ္ဘာပေါ်ရှိ ဈေးအကြီး ဆုံးနှင့် အချမ်းသာဆုံးမြို့များစာရင်းတွင် အဆင့် (၄၈)နေရာ၌ ရပ်တည်နေကြောင်းလည်းသိရသည်။ဘူဒါပတ်စ်မြို့သည် ဘဏ်လုပ်ငန်းနှင့်ဘဏ္ဍာရေး၊ အိမ်ခြံမြေ၊ လက်လီရောင်းချမှု၊ ကုန်သွယ်မှု၊ သယ် ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ မီဒီယာအသစ် များအပြင် ရိုးရာမီဒီယာ၊ ကြော်ငြာ၊ ဥပဒေရေးရာ ဝန်ဆောင်မှုများ၊ စာရင်းကိုင်လုပ်ငန်း၊ အာမခံ၊ ဖက် ရှင်နှင့်အနုပညာလုပ်ငန်းတို့နှင့်ပတ်သက်ပြီး ဟန်ဂေရီနှင့် ဒေသတွင်းတွင် အဓိကအချက်အချာကျသည့်နေရာတစ်ခုဖြစ်သည်။ ဘူဒါပတ်စ်သည် နိုင်ငံလုံးဆိုင်ရာအဖွဲ့အစည်းများနှင့် အစိုးရ အေဂျင် စီများအားလုံး၏ နေအိမ်ဖြစ်ရုံသာမက ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီများစွာ၏ နေအိမ်လည်းဖြစ် သည်။ ဘူဒါပတ်စ်မြို့သည် ကမ္ဘာပေါ်တွင် လာ ရောက်လည်ပတ်မှုအများဆုံးမြို့(၂၅)မြို့ထဲမှ တစ်မြို့ဖြစ်ပြီး နှစ်စဉ် နိုင်ငံတကာခရီးသွား (၄ ဒသမ ၄)သန်းကျော်ကို ကြိုဆိုလျက်ရှိသည်။ ခရီး သွားလုပ်ငန်းသည် ဘူဒါပတ်စ်မြို့၏စီးပွားရေးကို ကြီးကြီးမားမားအထောက်အကူဖြစ်စေသောကြောင့် အမြဲဖော်ပြခံရလေ့ရှိကြောင်းလည်းသိရသည်။ ထို့ပြင် ဘူဒါပတ်စ်သည် ကွန်ဗင်းရှင်းစင်တာများစွာ၏နေအိမ်ဖြစ်ပြီး မြို့တွင်းတွင် ထောင်နှင့်ချီသောစား သောက်ဆိုင်များ၊ ဘားများ၊ ကော်ဖီဆိုင်များနှင့် ပါတီပွဲကျင်းပသည့်နေရာများအပြင် ဟိုတယ်အများ အပြားလည်းရှိသည်။ EIU ကော်ပိုရေးရှင်း၏ လူနေ မှုဘဝအရည်အသွေးညွှန်းကိန်းအရ (၂၀၁၀)ပြည့် နှစ်တွင် ဘူဒါပတ်စ်မြို့သည် ဥရောပတိုက်အလယ် ပိုင်းနှင့်အရှေ့ပိုင်းတို့တွင် နေထိုင်ရန်အသင့်တော်ဆုံးမြို့အဖြစ်ဖော်ပြခံခဲ့ရပြီး ဥရောပတွင် ဒုတိယအမြန်ဆုံးဖွံ့ဖြိုးဆဲမြို့ပြစီးပွားရေးရှိသည့် မြို့တစ်မြို့အဖြစ်လည်း သတ်မှတ်ခံခဲ့ရကြောင်းသိရသည်။

zawgyi version
ေရွးေဟာင္းဗိသုကာလက္ရာေတြအျပင္ အထင္ကရအေဆာက္အအုံမ်ားစြာရွိတဲ့ ဟန္ေဂရီၿမိဳ႕ေတာ္ ဘူဒါပတစ္အေၾကာင္း
Pika (NP News) - ေအာက္တိုဘာ ၁၈

ဘူဒါပတ္စ္ၿမိဳ႕သည္ ဟန္ေဂရီႏိုင္ငံ၏ၿမိဳ႕ေတာ္ ျဖစ္ၿပီး ႏိုင္ငံတြင္းတြင္ လူဦးေရအမ်ားဆုံးၿမိဳ႕တစ္ၿမိဳ႕ လည္းျဖစ္ကာ ထူးျခားေသာဗိသုကာလက္ရာမ်ား၊ ယဥ္ေက်းမႈႏွင့္ သမိုင္းေၾကာင္းတို႔ျဖင့္ နာမည္ေက်ာ္ ၾကားသည္။ ဘူဒါပတ္စ္ၿမိဳ႕သည္ လူဦးေရ အေရအ တြက္အရ ဥေရာပသမဂၢတြင္ (၉)ခုေျမာက္ အႀကီး ဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး Danube ျမစ္တစ္ေလွ်ာက္ရွိ ၿမိဳ႕မ်ားတြင္ ဒုတိယေျမာက္အႀကီးဆုံးၿမိဳ႕လည္းျဖစ္ သည္။ ဧရိယာအက်ယ္အဝန္း(၅၂၅)စတုရန္း ကီလိုမီတာရွိကာ ခန႔္မွန္းေျခလူဦးေရ (၁ ဒသမ ၇)သန္းေက်ာ္ရွိေသာ ဘူဒါပတ္စ္ၿမိဳ႕သည္ ဧရိယာ အက်ယ္အဝန္း(၇၆၂၆)စတုရန္းကီလိုမီတာရွိကာ ခန႔္မွန္းေျခလူဦးေရ(၃ ဒသမ ၃)သန္းေက်ာ္ရွိေသာ ဘူဒါပတ္စ္ၿမိဳ႕ျပဧရိယာ၏ အဓိက ဗဟိုခ်က္ျဖစ္ ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ ဘူဒါပတ္စ္ၿမိဳ႕တြင္ ေနထိုင္သူလူဦးေရသည္ ဟန္ေဂရီႏိုင္ငံတစ္ႏိုင္ငံ လုံးလူဦးေရ အေရအတြက္၏ (၃၃)ရာခိုင္ႏႈန္းခန႔္ရွိေၾကာင္းလည္းသိရသည္။ (၁၀၃)ခုႏွစ္ႏွင့္ (၂၉၆)ခုႏွစ္မ်ားအတြင္းေရွးေခတ္ေရာမအင္ပါယာ၏ျပည္နယ္ျဖစ္ေသာLower Pannonia ၏ၿမိဳ႕ေတာ္ Aquincum ကို ဆဲလ္တစ္လူမ်ိဳးမ်ား၏ အေစာပိုင္းအေျခခ်ေနထိုင္မႈမ်ားအတြင္း ဘူဒါပတ္စ္ၿမိဳ႕၏ သမိုင္းေၾကာင္းအစျပဳခဲ့ျခင္းျဖစ္သည္။

ဟန္ေဂရီလူမ်ိဳးမ်ားသည္ (၉)ရာစု ေႏွာင္းပိုင္းတြင္ အဆိုပါနယ္ေျမအတြင္းသို႔ေရာက္ရွိလာခဲ့ေသာ္လည္း (၁၂၄၁-၁၂၄၂) ခုႏွစ္တြင္ မြန္ဂိုလူမ်ိဳးမ်ားက ယင္းေနရာကို လုယက္ဖ်က္ ဆီးမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ ထို႔ ေနာက္ ဘူဒါၿမိဳ႕ကို ျပန္လည္တည္ေထာင္ခဲ့ၿပီး ေနာက္ (၁၅)ရာစုတြင္ လူသားဆိုင္ရာ ယဥ္ေက်းမႈ လက္ရာမ်ား၏ အဓိကဗဟိုခ်က္ေနရာမ်ားထဲမွတစ္ ခုျဖစ္လာခဲ့သည္။ (၁၆၈၆)ခုႏွစ္တြင္ ဘူဒါ ၿမိဳ႕သည္ သာယာဝေျပာေသာေခတ္သစ္သို႔ ဝင္ေရာက္လာ ခဲ့ၿပီး (၁၈၇၃)ခုႏွစ္ ႏိုဝင္ဘာလ(၁၇) ရက္ေန႔တြင္ ဘူဒါ၊ အိုဘူဒါႏွင့္ ပတ္စ္ၿမိဳ႕တို႔ကို ေပါင္းစည္းခဲ့ၿပီး ေနာက္ ဘူဒါပတ္စ္ဆိုသည့္နာမည္ျဖင့္ ဟန္ေဂရီၿမိဳ႕ ေတာ္အျဖစ္သတ္မွတ္ခဲ့မႈႏွင့္အတူ ကမာၻလုံးဆိုင္ရာ ၿမိဳ႕မ်ားထဲမွတစ္ၿမိဳ႕ျဖစ္လာခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ဘူဒါပတ္စ္ၿမိဳ႕သည္ ပထမကမာၻစစ္အၿပီး (၁၉၁၈)ခုႏွစ္တြင္ ၿပိဳကြဲသြား ခဲ့ေသာ အင္အားႀကီး ဩစႀတီးယား-ဟန္ေဂရီအင္ပါယာ၏ ပူးတြဲၿမိဳ႕ေတာ္ ျဖစ္လာခဲ့ေၾကာင္းသိရသည္။ ဘူဒါပတ္စ္ၿမိဳ႕သည္ (၁၈၄၈)ခုႏွစ္ ဟန္ေဂရီေတာ္ လွန္ေရး၊(၁၉၄၅)ခုႏွစ္ ဘူဒါပတ္စ္တိုက္ပြဲအျပင္ (၁၉၅၆)ခုႏွစ္ ဟန္ ေဂရီေတာ္လွန္ေရးတို႔၏ အဓိကအခ်က္အခ်ာေနရာ ျဖစ္ခဲ့ေၾကာင္းလည္းသိရသည္။ ဘူဒါပတ္စ္သည္ ကူးသန္းေရာင္းဝယ္ ေရး၊ ဘ႑ာေရး၊ မီဒီယာ၊ အႏုပညာ၊ ဖက္ရွင္၊ သုေတသန၊ နည္းပညာ၊ ပညာေရးႏွင့္ ေဖ်ာ္ေျဖေရးက႑မ်ားတြင္ အားေကာင္းသည့္ၿမိဳ႕တစ္ ၿမိဳ႕လည္းျဖစ္သည္။ ဟန္ေဂရီႏိုင္ငံ၏ ဘ႑ာေရးစင္ တာတစ္ခုျဖစ္ေသာ ဘူဒါပတ္စ္ၿမိဳ႕သည္ ဆန္းသစ္တီ ထြင္မႈႏွင့္ နည္းပညာဆိုင္ရာ ဥေရာပအဖြဲ႕အစည္း၊ ဥေရာပရဲေကာလိပ္ႏွင့္ တ႐ုတ္ ရင္းႏွီးျမႇဳပ္ႏွံမႈပ႐ိုမိုးရွင္းေအဂ်င္စီ၏ ပထမဆုံး ႏိုင္ငံျခား႐ုံးတို႔အေျခစိုက္ သည့္ေနရာတစ္ခုလည္းျဖစ္သည္။
ဘူဒါပတ္စ္ၿမိဳ႕တြင္ Eötvös Loránd တကၠသိုလ္၊ Corvinus တကၠ သိုလ္၊ Semmelweis တကၠသိုလ္၊ Medicine Budapest တကၠသိုလ္ႏွင့္ နည္းပညာ ႏွင့္စီးပြားေရးဆိုင္ရာ ဘူဒါပတ္စ္တကၠသိုလ္တို႔ အပါအဝင္ ေကာလိပ္ႏွင့္တကၠသိုလ္ေပါင္း(၄၀)ေက်ာ္ရွိေၾကာင္းလည္းသိရသည္။ ထို႔ျပင္ (၁၈၉၆)ခုႏွစ္တြင္ဖြင့္လွစ္ခဲ့ေသာ ဘူဒါပတ္စ္ၿမိဳ႕၏ေျမေအာက္ ရထားလမ္းစနစ္ ဘူဒါပတ္စ္မက္ထ႐ိုသည္ ခရီး သည္(၁ ဒသမ ၂၇)သန္းကို ဝန္ေဆာင္မႈေပးခဲ့ၿပီး ဘူဒါပတ္စ္ရထားလမ္းကြန္ရက္သည္ ေန႔စဥ္ခရီးသည္ (၁ ဒသမ ဝ၈)သန္းကို ဝန္ေဆာင္မႈေပးလ်က္ ရွိေၾကာင္းသိရသည္။ Danube ျမစ္တစ္ေလွ်ာက္ရွိ ဘူဒါပတ္စ္ဗဟိုဧရိယာသည္ ယူနက္စကို၏ ကမာၻ႔အေမြအႏွစ္ေနရာ အျဖစ္ အသိအမွတ္ျပဳထားသည့္ေန ရာတစ္ခုျဖစ္ၿပီး ဟန္ေဂရီလႊတ္ေတာ္ ဗိသုကာလက္ရာမ်ား၏ ထင္ရွားေက်ာ္ၾကားေသာအထိမ္းအမွတ္ေျမာက္ျမားစြာရွိသည့္ေနရာတစ္ခုလည္းျဖစ္သည္။

ထို႔ျပင္ ဘူဒါပတ္စ္ၿမိဳ႕တြင္ ေရပူစမ္း(၈၀) ဝန္းက်င္၊ ကမာၻ႔အႀကီးဆုံးအပူေရလိုဏ္ဂူစနစ္၊ ကမာၻ ေပၚတြင္ ဒုတိယအႀကီးဆုံး ဘုရားရွိခိုးေက်ာင္းႏွင့္ ကမာၻ႔တတိယေျမာက္အႀကီးဆုံး လႊတ္ေတာ္အေဆာက္ အအုံတို႔ရွိေၾကာင္းလည္းသိရသည္။ ဘူဒါပတ္စ္ၿမိဳ႕ သည္ တစ္ႏွစ္လွ်င္ ႏိုင္ငံတကာခရီးသြား(၁၂)သန္း ဝန္းက်င္ကိုဆြဲေဆာင္လ်က္ရွိၿပီး ဥေရာတိုက္တြင္ လူႀကိဳက္အမ်ားဆုံးေနရာတစ္ခုအျဖစ္ ရပ္တည္လ်က္ ရွိသည္။

ဗိသုကာပညာ
ဘူဒါပတ္စ္ၿမိဳ႕တြင္ ေအဒီ(၈၉)ရာစုဝန္းက်င္ ေရွးေခတ္ေရာမၿမိဳ႕ Aquincum မွ ေခတ္အမီဆုံး အႏုပညာနန္းေတာ္၊ ေခတ္ၿပိဳင္အႏုပညာျပတိုက္ႏွင့္ ပြဲေတာ္ခန္းမမ်ားအထိ က်ယ္ျပန႔္ေသာပုံစံအမ်ိဳးမ်ိဳး ႏွင့္မတူကြဲျပားေသာ အခ်ိန္ကာလမ်ားမွ ဗိသုကာ လက္ရာေျမာက္ေသာထင္ရွားေက်ာ္ၾကားသည့္ အ ေဆာက္အအုံမ်ားစြာရွိေၾကာင္းလည္းသိရသည္။ဘူဒါ ပတ္စ္ၿမိဳ႕ရွိ အေဆာက္အအုံအမ်ားစုသည္ ပုံမွန္ အားျဖင့္နိမ့္ၿပီး (၂၀၁၀)ျပည့္ႏွစ္အေစာပိုင္းကာလမ်ား အတြင္း ဘူဒါပတ္စ္ၿမိဳ႕တြင္ အျမင့္(၄၅)မီတာထက္ ျမင့္ေသာ အေဆာက္အအုံ(၁၀ဝ)ဝန္းက်င္ခန႔္သာရွိခဲ့ေၾကာင္းသိရသည္။ သမိုင္းဝင္ၿမိဳ႕ျပပုံစံကို ထိန္း သိမ္းရန္ႏွင့္ ကမာၻ႔အေမြအႏွစ္ေနရာ၏လိုအပ္ခ်က္ မ်ားႏွင့္ကိုက္ညီေစရန္အတြက္ ရည္႐ြယ္သည့္ အ ေဆာက္အအုံဥပေဒေၾကာင့္ ဘူဒါပတ္စ္ၿမိဳ႕တြင္ အထပ္ျမင့္အေဆာက္အအုံအေရအတြက္မွာ နည္း ပါးေနျခင္းျဖစ္ေၾကာင္းသိရသည္။ အထပ္ျမင့္အ ေဆာက္အအုံမ်ား ေဆာက္လုပ္ျခင္း၊ စီစဥ္ျခင္းႏွင့္ ခြင့္ျပဳခ်က္တို႔အေပၚ တင္းၾကပ္သည့္စည္းမ်ဥ္းမ်ား ခ်မွတ္ထားေသာေၾကာင့္ ဘူဒါပတ္စ္ၿမိဳ႕တြင္းတြင္ ရွိေနသင့္သည့္အေဆာက္အအုံမ်ား ရွိမေနျခင္းလည္း ျဖစ္သည္။ အခ်ိဳ႕ေသာစီမံကိန္းေရးဆြဲသူမ်ားသည္ မိုး ေမွ်ာ္တိုက္မ်ားေဆာက္လုပ္ျခင္းဆိုင္ရာ စည္းမ်ဥ္းမ်ား ကို ေျဖေလွ်ာ့ေပးေစလိုေနၾကၿပီး ဘူဒါပတ္စ္ၿမိဳ႕၏သမိုင္းဝင္ဧရိယာအျပင္ဘက္တြင္ မိုးေမွ်ာ္တိုက္မ်ား တည္ေဆာက္ႏိုင္ေျခကို ျမႇင့္တင္လိုေနၾကေၾကာင္း လည္းသိရသည္။ ေရွးေခတ္ဗိသုကာလက္ရာမ်ားကို ကိုယ္စားျပဳသည့္ ေရာမၿမိဳ႕ေတာ္ Aquincum ေခတ္ မွစတင္ကာ ဘူဒါပတ္စ္ဗိသုကာလက္ရာပုံစံမ်ား၏ ႏွစ္အလိုက္ပုံစံမ်ားအားလုံးသည္ အခ်ိန္ဇယားတစ္ခု လုံးကို ကိုယ္စားျပဳထားသည္။ (၂၀)ရာစု၏ ဒုတိယ ႏွစ္ဝက္တြင္ ကြန္ျမဴနစ္အစိုးရအုပ္ခ်ဳပ္မႈေအာက္ တြင္ရွိေသာ ဘူဒါပတ္စ္ၿမိဳ႕သည္ အျခားအေရွ႕ဥေရာ ႏိုင္ငံမ်ားကဲ့သို႔ပင္ တိုက္ခန္းမ်ားေဆာက္လုပ္မႈမ်ားကို လည္း ေတြ႕ျမင္ခဲ့ရသည္။ (၂၁)ရာစုတြင္ ဘူဒါပတ္စ္ ၿမိဳ႕သည္ ၎ ၏ဗိသုကာလက္ရာမ်ားတြင္ စိန္ေခၚမႈအသစ္မ်ားႏွင့္ရင္ဆိုင္ခဲ့ရသည္။ အထပ္ျမင့္ အ ေဆာက္အအုံမ်ားသည္ ယေန႔ေခတ္ၿမိဳ႕ႀကီးမ်ားတြင္ သိသာထင္ရွားစြာရွိေနေသာ္လည္း ဘူဒါပတ္စ္သည္ ထူးျခားေသာၿမိဳ႕ျပရႈခင္း၊ စိမ္းလန္းေသာဧရိယာမ်ား ႏွင့္အတူ ကြဲျပားျခားနားေသာ ဗိသုကာလက္ရာမ်ားကို ထိန္းသိမ္းထားျခင္းျဖင့္ ယေန႔ခတ္ၿမိဳ႕ႀကီးမ်ားၾကား တြင္ ဟန္ခ်က္ညီေအာင္လုပ္ေဆာင္လ်က္ရွိသည္။

ထို႔ျပင္ အမ်ားျပည္သူဆိုင္ရာေနရာမ်ားသည္ စီးပြားေရးလုပ္ငန္းႏွင့္အစိုးရတို႔ထံမွ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ဆြဲေဆာင္ႏိုင္ေသာေၾကာင့္ ဘူဒါပတ္စ္တြင္ ျပန္လည္ ျပဳျပင္ထားေသာ သို႔မဟုတ္ လုံးဝအသစ္ျဖစ္ေသာ ရင္ျပင္မ်ား၊ ပန္းၿခံမ်ားႏွင့္အထိမ္းအမွတ္အေဆာက္အအုံမ်ားရွိေၾကာင္းလည္းသိရသည္။ အမ်ိဳးသားျပ ဇာတ္႐ုံ၊ အႏုပညာနန္းေတာ္၊Rákóczi တံတား၊Megyeri တံတား၊ ဘူဒါပတ္စ္ေလဆိပ္ Sky Court အျပင္ ႐ုံးခန္းအေဆာက္အအုံအသစ္မ်ားႏွင့္တိုက္ ခန္းမ်ားကဲ့သို႔ေသာ အထင္ကရေနရာအမ်ားအျပားကို ၿပီးခဲ့သည့္ဆယ္စုႏွစ္အတြင္း ဘူဒါပတ္စ္ၿမိဳ႕တြင္ ဖန္ တီးခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း ဘူဒါပတ္စ္ၿမိဳ႕ တြင္ အိမ္ၿခံေျမဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ပတ္သက္ၿပီး အခြင့္အလမ္းအမ်ားအျပားရွိေနဆဲျဖစ္ေၾကာင္းသိရသည္။

စီးပြားေရး
ဘူဒါပတ္စ္ၿမိဳ႕သည္ Globalization and World Cities Research Network ၏ ေလ့လာ ခ်က္အရ Beta + ကမာၻ႔ၿမိဳ႕အျဖစ္ေဖာ္ျပခံရေသာ သိသာထင္ရွားသည့္ စီးပြားေရးအခ်က္အခ်ာက်ေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။ ဘူဒါပတ္စ္ၿမိဳ႕သည္ ဟန္ေဂရီ ႏိုင္ငံ၏စီးပြားေရးဆိုင္ရာ အဓိကၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့ၿပီး ၎၏ဝင္ေငြသည္ ႏိုင္ငံ၏စုစုေပါင္းဝင္ေငြ၏ (၃၉) ရာခိုင္ႏႈန္းခန႔္ရွိေၾကာင္းလည္းသိရသည္။ ၂၀၁၅ ခုႏွစ္ တြင္ ဘူဒါပတ္စ္ၿမိဳ႕၏ စုစုေပါင္းၿမိဳ႕ျပထုတ္ကုန္သည္ အေမရိကန္ေဒၚလာ(၁၀ဝ)ဘီလ်ံေက်ာ္ရွိခဲ့ၿပီး ဥေရာ ပသမဂၢတြင္ ေဒသတြင္းအႀကီးဆုံးစီးပြားေရးရွိသည့္ ၿမိဳ႕မ်ားထဲမွတစ္ၿမိဳ႕ျဖစ္ခဲ့သည္။

Pricewaterhouse Coopers ကုမၸဏီ၏တြက္ခ်က္မႈမ်ားအရ ဘူဒါပတ္စ္ၿမိဳ႕သည္ ကမာၻ႔အ ေကာင္းဆုံးဂ်ီဒီပီရွိသည့္ ၿမိဳ႕ေပါင္း(၁၀ဝ)ထဲတြင္ ပါဝင္ခဲ့ေၾကာင္းလည္းသိရသည္။Worldwide Centres of Commerce Index အရ ဘူဒါပတ္စ္ သည္ ကမာၻေပၚတြင္ (၅၂)ခုေျမာက္ အေရးအႀကီး ဆုံးစီးပြားေရးအခ်က္အခ်ာေနရာအျဖစ္ သတ္မွတ္ခံ ခဲ့ရၿပီး MasterCard Emerging Markets Index အရ အဆင့္(၃)ေနရာတြင္ရွိခဲ့ေၾကာင္းသိ ရသည္။ ဘူဒါပတ္စ္ၿမိဳ႕သည္ ကမာၻေပၚရွိ ေဈးအႀကီး ဆုံးႏွင့္ အခ်မ္းသာဆုံးၿမိဳ႕မ်ားစာရင္းတြင္ အဆင့္ (၄၈)ေနရာ၌ ရပ္တည္ေနေၾကာင္းလည္းသိရသည္။ဘူဒါပတ္စ္ၿမိဳ႕သည္ ဘဏ္လုပ္ငန္းႏွင့္ဘ႑ာေရး၊ အိမ္ၿခံေျမ၊ လက္လီေရာင္းခ်မႈ၊ ကုန္သြယ္မႈ၊ သယ္ ယူပို႔ေဆာင္ေရး၊ ခရီးသြားလုပ္ငန္း၊ မီဒီယာအသစ္ မ်ားအျပင္ ႐ိုးရာမီဒီယာ၊ ေၾကာ္ျငာ၊ ဥပေဒေရးရာ ဝန္ေဆာင္မႈမ်ား၊ စာရင္းကိုင္လုပ္ငန္း၊ အာမခံ၊ ဖက္ ရွင္ႏွင့္အႏုပညာလုပ္ငန္းတို႔ႏွင့္ပတ္သက္ၿပီး ဟန္ေဂရီႏွင့္ ေဒသတြင္းတြင္ အဓိကအခ်က္အခ်ာက်သည့္ေနရာတစ္ခုျဖစ္သည္။ ဘူဒါပတ္စ္သည္ ႏိုင္ငံလုံးဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ အစိုးရ ေအဂ်င္ စီမ်ားအားလုံး၏ ေနအိမ္ျဖစ္႐ုံသာမက ျပည္တြင္းႏွင့္ ႏိုင္ငံတကာကုမၸဏီမ်ားစြာ၏ ေနအိမ္လည္းျဖစ္ သည္။ ဘူဒါပတ္စ္ၿမိဳ႕သည္ ကမာၻေပၚတြင္ လာ ေရာက္လည္ပတ္မႈအမ်ားဆုံးၿမိဳ႕(၂၅)ၿမိဳ႕ထဲမွ တစ္ၿမိဳ႕ျဖစ္ၿပီး ႏွစ္စဥ္ ႏိုင္ငံတကာခရီးသြား (၄ ဒသမ ၄)သန္းေက်ာ္ကို ႀကိဳဆိုလ်က္ရွိသည္။ ခရီး သြားလုပ္ငန္းသည္ ဘူဒါပတ္စ္ၿမိဳ႕၏စီးပြားေရးကို ႀကီးႀကီးမားမားအေထာက္အကူျဖစ္ေစေသာေၾကာင့္ အၿမဲေဖာ္ျပခံရေလ့ရွိေၾကာင္းလည္းသိရသည္။ ထို႔ျပင္ ဘူဒါပတ္စ္သည္ ကြန္ဗင္းရွင္းစင္တာမ်ားစြာ၏ေနအိမ္ျဖစ္ၿပီး ၿမိဳ႕တြင္းတြင္ ေထာင္ႏွင့္ခ်ီေသာစား ေသာက္ဆိုင္မ်ား၊ ဘားမ်ား၊ ေကာ္ဖီဆိုင္မ်ားႏွင့္ ပါတီပြဲက်င္းပသည့္ေနရာမ်ားအျပင္ ဟိုတယ္အမ်ား အျပားလည္းရွိသည္။ EIU ေကာ္ပိုေရးရွင္း၏ လူေန မႈဘဝအရည္အေသြးၫႊန္းကိန္းအရ (၂၀၁၀)ျပည့္ ႏွစ္တြင္ ဘူဒါပတ္စ္ၿမိဳ႕သည္ ဥေရာပတိုက္အလယ္ ပိုင္းႏွင့္အေရွ႕ပိုင္းတို႔တြင္ ေနထိုင္ရန္အသင့္ေတာ္ဆုံးၿမိဳ႕အျဖစ္ေဖာ္ျပခံခဲ့ရၿပီး ဥေရာပတြင္ ဒုတိယအျမန္ဆုံးဖြံ႕ၿဖိဳးဆဲၿမိဳ႕ျပစီးပြားေရးရွိသည့္ ၿမိဳ႕တစ္ၿမိဳ႕အျဖစ္လည္း သတ္မွတ္ခံခဲ့ရေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.