အိန္ဒိယနိုင်ငံ Bangalore လေဆိပ်မှာ လေကြောင်းတက္ကစီ (air taxi) ပျံသန်းမှု စတင်

 501

Pika (NP News) - အောက်တိုဘာ ၂ဝ

Sarla Aviationu ကုမ္ပဏီဟာ လေကြောင်းတက္ကစီ (air taxi) ဝန်ဆောင်မှုအတွက် အဆောက်အဦးတွေ တည်ထောင်ဖို့ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးလေဆိပ်တွေထဲကတစ်ခုဖြစ်တဲ့ Bangalore အပြည်ပြည်ဆိုင်ရာလေဆိပ် နဲ့ ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

Sarla Aviation ကုမ္ပဏီဟာ လေယာဉ်မှူးတစ်ဦး၊ခရီးသည်(၆)ဦးနဲ့ ခရီးဆောင်အိတ်တွေကို သယ်ယူဖို့အတွက် လျှပ်စစ်လေယာဉ်(EAV) ကို တီထွင်ခဲ့တယ်လို့လည်း သိရပါတယ်။ Sarla Aviationu ကုမ္ပဏီရဲ့စီအီးအိုဖြစ်သူ Adrian Schmidt က "လေကြောင်းတက္ကစီဝန်ဆောင်မှုအတွက် Bangalore အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့ အတွက် တကယ်ကိုဝမ်းသာမိပါတယ်" လို့ ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာ Indiranagar ရပ်ကွက်ကနေ Bangalore အပြည်ပြည်ဆိုင်ရာလေဆိပ်ကို သွားရောက်ဖို့အတွက် အချိန်(၁)နာရီခွဲကြာတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အဲဒီလျှပ်စစ်လေယာဉ်တွေဟာ တစ်နာရီလျှင် အမြန်နှုန်း (၂၅၀) ကီလိုမီတာအထိရောက်ရှိနိုင်ပြီး လေယာဉ်မှူးတစ်ဦးနဲ့ ခရီးသည်(၆)ဦးတို့ကို သယ်ဆောင်ကာ ခရီးစဉ်တွေ အကြား အားသွင်းဖို့ အချိန်(၁၅)မိနစ်သာကြာတယ်လို့လည်း သိရပါတယ်။ အဲဒီအောင်မြင်မှုဟာ Indiranagar ရပ်ကွက်လိုနေရာတွေကနေ လေဆိပ်ကိုသွားရောက်ဖို့အတွက် ကြာမြင့်ချိန်ကို (၁)နာရီခွဲကနေ (၅)မိနစ်အထိ လျော့ကျသွားစေလိမ့်မယ်လို့ Adrian Schmidt က ပြောကြားခဲ့ပါတယ်။ အဲဒီလျှပ်စစ်လေယာဉ်ဟာ အကွာအဝေး (၁၆၀)ကီလိုမီတာအထိ သွားနိုင်ပြီး (၂၀)ကီလိုမီတာကနေ (၄၀)ကီလိုမီတာရှိတဲ့ မြို့တွင်းခရီးစဉ်တွေအတွက် အကောင်းဆုံးဖြစ်အောင်ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် ရဟတ်ယာဉ်တွေလိုမျိုး ဒေါင်လိုက်ပျံတက်ဖို့၊ ဆင်းသက်ဖို့အတွက် လျှပ်စစ်စွမ်းအင်ကို အသုံးပြုထားတဲ့ လေယာဉ်ဟာ ရေရှည်တည်တံ့တဲ့ မြို့ပြရွေ့လျားသွားလာမှုကိုမြှင့်တင်ဖို့ ရည်မှန်းချက်ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့လည်း သိရပါတယ်။ ပြီးတော့ လျှပ်စစ်လေယာဉ်တွေကို မြို့ပြလေကြောင်းတက္ကစီ၊ ကုန်ပို့ဆောင်မှု တွေ နဲ့ အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတွေအတွက် အသုံးပြုနိုင်ဖို့ Sarla Aviation က မျှော်မှန်းထား တယ်လို့လည်း သိရပါတယ်။
လက်ရှိ စီစဉ်ထားတဲ့ခရီးစဉ်တွေအတွင်း လိုက်ပါစီးနင်းခအဖြစ် ခရီးသည်တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၂ဝ ဒသမ ၂၂) ဒေါ်လာခန့် ကောက်ခံသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
အိႏၵိယႏိုင္ငံ Bangalore ေလဆိပ္မွာ ေလေၾကာင္းတကၠစီ (air taxi) ပ်ံသန္းမႈ စတင္
Pika (NP News) - ေအာက္တိုဘာ ၂ဝ

Sarla Aviationu ကုမၸဏီဟာ ေလေၾကာင္းတကၠစီ (air taxi) ဝန္ေဆာင္မႈအတြက္ အေဆာက္အဦးေတြ တည္ေထာင္ဖို႔ အိႏၵိယႏိုင္ငံရဲ႕ အႀကီးဆုံးေလဆိပ္ေတြထဲကတစ္ခုျဖစ္တဲ့ Bangalore အျပည္ျပည္ဆိုင္ရာေလဆိပ္ နဲ႔ ပူးေပါင္းခဲ့တယ္လို႔ သိရပါတယ္။

Sarla Aviation ကုမၸဏီဟာ ေလယာဥ္မႉးတစ္ဦး၊ခရီးသည္(၆)ဦးနဲ႔ ခရီးေဆာင္အိတ္ေတြကို သယ္ယူဖို႔အတြက္ လွ်ပ္စစ္ေလယာဥ္(EAV) ကို တီထြင္ခဲ့တယ္လို႔လည္း သိရပါတယ္။ Sarla Aviationu ကုမၸဏီရဲ႕စီအီးအိုျဖစ္သူ Adrian Schmidt က "ေလေၾကာင္းတကၠစီဝန္ေဆာင္မႈအတြက္ Bangalore အျပည္ျပည္ဆိုင္ရာေလဆိပ္နဲ႔ ပူးေပါင္းေဆာင္႐ြက္ခြင့္ရတဲ့ အတြက္ တကယ္ကိုဝမ္းသာမိပါတယ္" လို႔ ေျပာခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ Indiranagar ရပ္ကြက္ကေန Bangalore အျပည္ျပည္ဆိုင္ရာေလဆိပ္ကို သြားေရာက္ဖို႔အတြက္ အခ်ိန္(၁)နာရီခြဲၾကာတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အဲဒီလွ်ပ္စစ္ေလယာဥ္ေတြဟာ တစ္နာရီလွ်င္ အျမန္ႏႈန္း (၂၅၀) ကီလိုမီတာအထိေရာက္ရွိႏိုင္ၿပီး ေလယာဥ္မႉးတစ္ဦးနဲ႔ ခရီးသည္(၆)ဦးတို႔ကို သယ္ေဆာင္ကာ ခရီးစဥ္ေတြ အၾကား အားသြင္းဖို႔ အခ်ိန္(၁၅)မိနစ္သာၾကာတယ္လို႔လည္း သိရပါတယ္။ အဲဒီေအာင္ျမင္မႈဟာ Indiranagar ရပ္ကြက္လိုေနရာေတြကေန ေလဆိပ္ကိုသြားေရာက္ဖို႔အတြက္ ၾကာျမင့္ခ်ိန္ကို (၁)နာရီခြဲကေန (၅)မိနစ္အထိ ေလ်ာ့က်သြားေစလိမ့္မယ္လို႔ Adrian Schmidt က ေျပာၾကားခဲ့ပါတယ္။ အဲဒီလွ်ပ္စစ္ေလယာဥ္ဟာ အကြာအေဝး (၁၆၀)ကီလိုမီတာအထိ သြားႏိုင္ၿပီး (၂၀)ကီလိုမီတာကေန (၄၀)ကီလိုမီတာရွိတဲ့ ၿမိဳ႕တြင္းခရီးစဥ္ေတြအတြက္ အေကာင္းဆုံးျဖစ္ေအာင္ျပဳလုပ္ထားတယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ ရဟတ္ယာဥ္ေတြလိုမ်ိဳး ေဒါင္လိုက္ပ်ံတက္ဖို႔၊ ဆင္းသက္ဖို႔အတြက္ လွ်ပ္စစ္စြမ္းအင္ကို အသုံးျပဳထားတဲ့ ေလယာဥ္ဟာ ေရရွည္တည္တံ့တဲ့ ၿမိဳ႕ျပေ႐ြ႕လ်ားသြားလာမႈကိုျမႇင့္တင္ဖို႔ ရည္မွန္းခ်က္ရဲ႕တစ္စိတ္တစ္ပိုင္း ျဖစ္တယ္လို႔လည္း သိရပါတယ္။ ၿပီးေတာ့ လွ်ပ္စစ္ေလယာဥ္ေတြကို ၿမိဳ႕ျပေလေၾကာင္းတကၠစီ၊ ကုန္ပို႔ေဆာင္မႈ ေတြ နဲ႔ အေရးေပၚေဆးဘက္ဆိုင္ရာဝန္ေဆာင္မႈေတြအတြက္ အသုံးျပဳႏိုင္ဖို႔ Sarla Aviation က ေမွ်ာ္မွန္းထား တယ္လို႔လည္း သိရပါတယ္။
လက္ရွိ စီစဥ္ထားတဲ့ခရီးစဥ္ေတြအတြင္း လိုက္ပါစီးနင္းခအျဖစ္ ခရီးသည္တစ္ဦးလွ်င္ အေမရိကန္ေဒၚလာ (၂ဝ ဒသမ ၂၂) ေဒၚလာခန႔္ ေကာက္ခံသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.