ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့သည်ဟု ဆိုသည့်တိုင် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးအနာဂတ် ရေရာမူရှိနေပြီလား
599
တင်ဇာ (NP News) - အောက်တိုဘာ ၂၃
(၂၀၂၄) ခုနှစ် ဩဂုတ်လ (၅) ရက်တွင် ရှိတ်ဟာစီနာ၏ (၁၅) နှစ်ကြာအုပ်ချုပ်မှုကို အဆုံးသတ် စေခဲ့သော “ Gen Z တော်လှန်ရေး ” အပြီးတွင် ဘင်္ဂလားဒေ့ရှ်သည် ပြုပြင်ပြောင်းလဲရေး ခေတ်သစ် တစ်ခုဆီသို့ ကူးပြောင်းလာခဲ့ပြီဖြစ်သည်။ အဆိုပါ တော်လှန်ရေးသည် စစ်မှုထမ်းဟောင်းများနှင့် အာဏာရ အဝါမီလိဂ်ပါတီ၏ ဆွေမျိုးသားချင်းများကို မျက်နှာသာပေးသည့် အငြင်းပွားဖွယ်ရာ အစိုးရ အလုပ်ခွဲတမ်း အစီအစဉ်ကို ဆန့်ကျင်သည့်အနေဖြင့် ကျောင်းသားများဦးဆောင်၍ ဆန္ဒပြခဲ့ကြခြင်း ဖြစ် သည်။ အာဏာပိုင်များ၏ အပြင်းအထန်ဖြိုခွင်းမှုများကြောင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအသွင် အလျင်အမြန်ကူးပြောင်းသွားခဲ့ပြီး အနည်းဆုံး လူ (၆၅၀) ဦးသေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ များတွင် ဖော်ပြထားသည်။ စစ်တပ်က ညမထွက်ရ အမိန့်ထုတ်ပြန်ထားသော်လည်း ဆန္ဒပြသူများသည် ဟာစီနာ၏နေအိမ်ကို ချိုးဖောက်ဝင်ရောက်ခဲ့ခြင်းကြောင့် ၎င်းမှာထွက်ပြေးသွားခဲ့ရသည်။ ထို့နောက် ဩဂုတ်(၈)ရက်တွင် သမ္မတက ပါလီမန်ကို ဖျက်သိမ်းခဲ့ပြီး နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်စ်က ဘင်္ဂ လားဒေ့ရှ်၏ ယာယီအကြံပေးအရာရှိချုပ် (ဝန်ကြီးချုပ် ရာထူးနှင့် ပုံစံတူ)အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ သည်။ ကြားဖြတ်အစိုးရကို ကျောင်းသားများ၊ စစ်တပ်နှင့် အရပ်ဘက်အဖွဲ့အစည်းတို့က ညှိနှိုင်း၍ ဖွဲ့စည်းခဲ့ကြပြီး ၎င်းအစိုးရက ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ပြီးပါက ရွေးကောက်ပွဲကျင်းပ ပေးမည်ဟု ကတိပြုခဲ့သည်။
ဖရိုဖရဲအခြေအနေများ
ယခင်အစိုးရလက်ထက်တွင် ဖိနှိပ်မှုများကို သိသိသာသာခံစားခဲ့ရသည့် BNP နှင့် Jamaat-e-Islami ကဲ့သို့သော နိုင်ငံရေးပါတီများသည် ကြားဖြတ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကတိပြု ထားသော်လည်း အဝါမီလိဂ်ပါတီမှာမူ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လှုံ့ဆော်နေသည် ဟု ဝေဖန်နေကြသည်။ ဟာစီနာ ထွက်ခွာသွားပြီးကတည်းက အမေရိကန်တွင်နေထိုင်သော သားဖြစ်သူ Sajeeb Wazed Joy သည် မီဒီယာများစွာနှင့် စကားပြောဆိုခဲ့သည်။ ၎င်း၏အမေက အမှန်တကယ် နုတ် ထွက်သွားခြင်းမဟုတ်သလို စည်းမျဉ်းများအရလည်း ဝန်ကြီးချုပ်ဖြစ်နေဆဲဟု ဖော်ပြထားသည့် ဗီဒီယို မက်ဆေ့ချ်ကိုလည်း လူမှုကွန်ရက်တွင် မျှဝေခဲ့သည်။
Joy ၏ သတင်းမက်ဆေ့ချ်များတွင် BNP ပါတီ ကိုထောက်ခံကြောင်းနှင့် ရွေးကောက်ပွဲအတွက် တွန်းအားပေးဖို့တိုက်တွန်းထားသကဲ့သို့ တန်ပြန်တော်လှန်ရေးအတွက် အဝါမီလိဂ်ပါတီ ခေါင်းဆောင် များ နှင့် တက်ကြွလှုပ်ရှားသူများကို ပြန်လည်စုစည်းကြရန် တိုက်တွန်းမှုများကဲ့သို့ ဒွိဟ ဖြစ်ဖွယ် သတင်းစကားများ ပါဝင်နေသည်။ ထိုကဲ့သို့သော Joy ၏ သတင်းစကားထုတ်ပြန်ချက်များပြီးနောက် ဟာစီနာ၏ဇာတိခရိုင် ဖြစ်သလို ပါတီအမာခံနယ်မြေလည်းဖြစ်သည့် Gopalganj တွင် အဝါမီလိဂ် ပါတီ ဝင်များသည် ဆန္ဒပြပွဲကြီးတစ်ခုဆင်နွှဲပြီး တာဝန်ကျတပ်ဖွဲ့ဝင်များကိုပင် တိုက်ခိုက်ခဲ့သည်။ ထို့ပြင် အဝါမီလိဂ်ပါတီကို အစဉ် အလာအရထောက်ခံသည့် ဟိန္ဒူလူနည်းစုများကလည်း ဆန္ဒပြမှုများ ပြုလုပ် ခဲ့ကြသည်။ ဟာစီနာ ရာထူးမှဖြုတ်ချခံရပြီးနောက် ဟိန္ဒူဘာသာဝင် ဒါဇင် ပေါင်းများစွာ သေဆုံးခဲ့ရ သည်ဟု အိန္ဒိယမီဒီယာအချို့က အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်၍ သတင်းမှားများ ဖြန့်ခဲ့ကြသည်ဟု သိရသည်။ အမှန်တကယ်တွင် ရအရာရှိတစ်ဦးနှင့် အဝါမီလိဂ်ခေါင်းဆောင်တစ်ဦးတို့ သာသေဆုံးခဲ့ပြီး ယင်းဖြစ်ရပ်များမှာ လူမျိုးရေးအရ မဟုတ်ဘဲ နိုင်ငံရေးကြောင့်သာ ဖြစ်ပွားခဲ့သည်ဟု ရှုမြင်နိုင်သည်။
အဝါမီလိဂ်တက်ကြွလှုပ်ရှားသူများသည် အိမ်နီးချင်းအိန္ဒိယနိုင်ငံတွင် လူမျိုးရေးလှုံ့ဆော်မှုများ ဖြစ်ပွားစေရန်အတွက် ဟိန္ဒူများကို တိုက်ခိုက်ဖို့ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ကြောင်း ဒေသ တွင်း မီဒီယာများက ဖော်ပြခဲ့သည်။ ပါတီ၏ ကျောင်းသားအဖွဲ့ဖြစ်သည့် Chhatra League အဖွဲ့ဝင်များ အကြား WhatsApp မှပေါက်ကြားလာသော မက်ဆေ့ချ် များအရ ဂိုဏ်းဂဏတင်းမာမှုများကိုလှုံ့ဆော် ရန် ရည်ရွယ်၍ ဟိန္ဒူဘုရားကျောင်းများကို ကြိုကြားကြိုကြား တိုက်ခိုက်မှုများပြုလုပ်ရန် စီစဉ်ထား ကြောင်း သိရသည်။ ဤသို့ဖြင့် ရှိတ်ဟာစီနာ နိုင်ငံမှထွက်ပြေးသွား ပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး သည် ဖရိုဖရဲအခြေအနေသို့ ဆိုက်ရောက်နေကြောင်း တွေ့ရသည်။
ကြားဖြတ်အစိုးရရင်ဆိုင်နေရသည့် စိန်ခေါ်မှုအသစ်များ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတော်သစ်ဆီသို့ သွားသည့် လမ်းကြောင်းတွင် စိန်ခေါ်မှုများရှိနေသည်။ (၂၀၂၄) ခုနှစ် Global State of Democracy အချက်အလက်များအရ ဘင်္ဂလားဒေ့ရှ်သည် ဒီမိုကရေစီ အရည်အသွေး အမျိုးအစားသုံးမျိုးတွင် စွမ်းဆောင်ရည် နိမ့်ကျနေကြောင်းတွေ့ရှိရသည်။ ကိုယ်စားပြုမှု၊ အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍတို့ ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သည့်ငါးနှစ်နှင့် နှိုင်းယှဉ်ပါက အစိုးရ၏ အရေးယူဆောင်ရွက်မှုများ သိသိသာသာ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဖရိုဖရဲဖြစ်နေသော ပြည်တွင်းရေးနှင့်အတူ အဝါမီလိဂ်နှင့် BNP ပါတီ တို့ကြား ကာလရှည်ကြာ တင်းမာမှုများသည် ဒီမို ကရေစီ ပြုပြင်ပြောင်းလဲမှုများကို ဟန့်တားနေခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၏ အကျပ်အတည်းမှာ Catch -22 ပုံစံပြဿနာ (ပြဿနာကို ဖြေရှင်းနည်းသည်လည်း ပြဿနာဖြစ်နေခြင်းပုံစံ ဖြစ်နေသည့်အတွက် ရွေးကောက်ပွဲ ကျင်းပရန် အခက်အခဲဖြစ်နေသည်။ ရွေးကောက်ခံမဟုတ်သော အစိုးရ တစ်ရပ်သည် ပြုပြင်ပြောင်းလဲမှုများကို ပြဋ္ဌာန်းပါက ပြုပြင်ပြောင်းလဲမှုများသည် တရားဝင်မှု ကင်းမဲ့နိုင်သလို ပြုပြင် ပြောင်းလဲမှုများမရှိလျှင်လည်း ရွေးကောက်ပွဲသည် တရားဝင်မည်မဟုတ်ပေ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ရန်အတွက် ပြုပြင်ပြောင်းလဲရေးများ အရေးတကြီးလိုအပ်နေသည်ကို လေ့လာနိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒီမိုကရေစီ အရေးနှင့် ရွေးကောက်ပွဲဆိုင်ရာကျွမ်းကျင်သူ MD Abdul Alim နှင့် IDEA တို့၏ အင်တာဗျူးမှ ကောက်နုတ်ချက်အချို့ကို ဖော်ပြလိုက်သည်။
လိုအပ်နေသော ပြုပြင်ပြောင်းလဲရေးကဏ္ဍများ
ရွေးကောက်ပွဲကျင်းပရာတွင် ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကော်မရှင် (BEC) သည် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များကို အဓိက ချမှတ်သွားမည်ဖြစ်ပြီး ဥပဒေစိုးမိုးရေးဆိုင်ရာအေဂျင်စီများနှင့် ဒေသန္တရ အုပ်ချုပ်ရေးရုံးများသည် မြေပြင်တွင် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်သည်။ ယင်းအေဂျင်စီ များသည် နိုင်ငံရေးအရ အရေးပါသည်ဟုဆိုရမည်။ အထူးသဖြင့် လွန်ခဲ့သော (၁၅) နှစ်အတွင်း ၎င်းတို့ သည် အတိုက်အခံများ၏ မဲဆွယ်စည်းရုံးခြင်း၊ မဲရုံများမှ အတိုက်အခံဘက်မှ စောင့်ကြည့်ရေး ကိုယ်စား လှယ်များကို နှင်ထုတ်ခြင်းစသော အုပ်ချုပ်သူအစိုးရကိုသာ သစ္စာရှိသည့်လုပ်ရပ်များကို ပြုမူခဲ့သည်။ ထို့ ကြောင့် ကြားဖြတ်အစိုးရအနေဖြင့် ထိုသို့သော အဖွဲ့အစည်းများကို လာမည့်ရွေးကောက်ပွဲမတိုင်ခင် ဘက်လိုက်မှုကင်းသော အဖွဲ့အစည်းများအဖြစ် ပြောင်းလဲရန် လိုအပ်မည်ဖြစ်သည်။ ထို့ပြင် ဥပဒေ ပြဋ္ဌာန်းချက်များ သတ်မှတ်ထားခြင်းမရှိသောကြောင့် BEC သည် ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲရေး နှင့်ပတ်သက်၍ ၎င်း၏ အပြည့်အဝထိန်းချုပ်မှုအောက်တွင်ရှိမည့် အေဂျင်စီ များနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးများကို လိုအပ်နေသည်။ ထိုမျှသာမက ရွေးကောက်ပွဲကျင်းပရန်လိုအပ်သည့် အခြား နိုင်ငံ တော်အဆင့် အဖွဲ့အစည်းဖြစ်သည့် တရားစီရင်ရေးကဏ္ဍတွင် အုပ်ချုပ်ရေးယန္တရား၏ ဝင်ရောက် စွက်ဖက်မှုများလည်း ရှိနေသည်။
ရွေးကောက်ပွဲကော်မရှင်နာချုပ်နှင့် အခြား ရွေးကောက်ပွဲကော်မရှင်နာများခန့်အပ်မှု အက်ဥပဒေ (၂၀၂၂) သည် ကော်မရှင်နာများကို ရွေးချယ်ရာတွင် နိုင်ငံတကာလမ်းညွှန်မူများနှင့်ကိုက်ညီမှုမရှိသည့် အပြင် အရည်အချင်းပြည့်မီသော ကော်မရှင်နာများကို ခန့်အပ်ရန်လည်း ပြဋ္ဌာန်းထားခြင်းမျိုး မပါရှိပေ။ ထို့ကြောင့် ကြားဖြတ်အစိုးရအနေဖြင့် လူထုယုံကြည် လက်ခံနိုင်လောက်သော ရွေးကောက်ပွဲ ကော်မရှင် နာ များကို ခန့်အပ်နိုင်ရန်အတွက် ဥပဒေကိုပြင်ဆင်ရန် သို့မဟုတ် အသစ်ထုတ်ပြန်ရန် လိုအပ်မည်ဖြစ် သည်။ သို့ဖြစ်ပါ၍ ကြားဖြတ်အစိုးရအနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်ကို ပြုပြင်ပြောင်းလဲရန်မှာလည်း အရေးကြီးသည့်ကိစ္စ ဖြစ်နေသည်။
ကြားဖြတ်အစိုးရကို ရွေးကောက်ပွဲ ချက်ချင်းကျင်းပရန် ဖိအားများရှိနေပြီး အချို့က ခြိမ်းခြောက် မှုများပင် ပြုလုပ်ကြသည်။ သို့သော် ပြုပြင်ပြောင်းလဲမှု တစ်စုံတစ်ရာမရှိဘဲ ရွေးကောက်ပွဲများကျင်းပ ပါက ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးနှင့် ရွေးကောက်ပွဲများတွင် ထင်သာမြင်သာရှိသော ပြောင်းလဲမှုများ ရှိလာမည် မဟုတ်ပေ။ ဥပမာအနေဖြင့်(၁၉၇၁)ခုနှစ်ကတည်း ကကျင်းပခဲ့သော ပါလီမန်ရွေးကောက်ပွဲ (၁၂) ခုအနက် လေးခုသည် ပါတီစွဲကင်းသော အိမ်စောင့်အစိုးရ၏ အစီအစဉ်ဖြင့်ကျင်းပခဲ့ပြီး ယင်းရွေး ကောက်ပွဲများသည် အများအားဖြင့် လွတ်လပ်၍တရားမျှတသည်ဟု သတ်မှတ်ခဲ့ကြသည်။ သို့သော် တက်လာသော အစိုးရများသည် အိမ်စောင့်အစိုးရများထံမှ အတုယူသင်ကြားခြင်းမရှိခဲ့ပေ။ ယင်းအစား အာဏာရအစိုးရများသည် ၎င်းတို့အပေါ် သစ္စာစောင့်သိမည့် ရွေးကောက်ပွဲ ကော်မရှင်နာများကိုသာ ခန့်အပ်ခဲ့သည်။
ယခုအခါ ကြားဖြတ်အစိုးရသည် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ ၎င်းကော်မရှင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအား အကျယ်အပြန့် ပြုပြင်ပြောင်းလဲခြင်း၊ ပြည်သူ့ ကိုယ်စားပြုမှု ဥပဒေ (၁၉၇၂)၊ ရွေးကောက်ပွဲအရာရှိ များ ခန့်အပ်ခြင်းဆိုင်ရာ ဥပဒေစသည်တို့ကို အာရုံစိုက် လုပ်ဆောင်သွားမည်ဖြစ်သည်။ ထို့ပြင် BEC ကို နိုင်ငံသားများအားကိုယ်စားပြုသည့် အဖွဲ့ အစည်းအဖြစ် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ဘင်္ဂလားဒေ့ရှ်တွင် စစ်မှန်သော ဒီမိုကရေစီရွေးကောက်ပွဲများကျင်းပနိုင်ရန် ယင်းကဲ့သို့ ပြုပြင်ပြောင်းလဲမှုများ အမှန် တကယ် လိုအပ်မည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင် ဘင်္ဂလားဒေ့ရှ်တွင် အစိုးရကိုဖြုတ်ချနိုင်သည်ထိ လူထုလှုပ်ရှားမှုများက အားကောင်းခဲ့သော်လည်း ၎င်းအစိုးရအလွန် ရင်ဆိုင်ရသည့်စိန်ခေါ်မှုများမှာ မျှော်မှန်းထားသည်ထက် ခက်ခဲနေသည်။ ကြားဖြတ်အစိုးရအနေဖြင့် တာဝန်ယူစက လွတ်လပ်ပြီးတရားမျှတသော ရွေးကောက် ပွဲများကို ကျင်းပပေးမည်ဟုဆိုသော်လည်း လက်တွေ့တွင်မူ ရွေးကောက်ပွဲကျင်းပရန်အတွက် လိုအပ် သည့် ပြုပြင်ပြောင်းလဲမှုများကိုမူ အချိန်ယူ လုပ်ဆောင်နေရသည်။ ထို့ကြောင့် ရွေးကောက်ပွဲမှာလည်း ထင်ထားသလို စောလျင်စွာ ကျင်းပနိုင်မည်မဟုတ်သလို လူထုအနေဖြင့် ကြားဖြတ်အစိုးရအပေါ် ယုံကြည်မှုများလည်း လျော့ကျလာနိုင်သည်။ ထို့ကြောင့် ဘင်္ဂ လားဒေ့ရှ်တွင် လူထုအုံကြွမှုများဖြင့် ၎င်းတို့ မလိုလားသည့်အစိုးရကို ဖြုတ်ချနိုင်ခဲ့သည်ဟုဆိုသည့်တိုင် လက်ရှိနိုင်ငံရေးအခြေအနေနှင့် အနာဂတ်နိုင်ငံရေး အနေအထားကမူ မျှော်မှန်းထားသလို အဆင်ပြေ ချောမွေ့နေခြင်းမရှိဘဲ ဒီမိုကရေစီ လမ်းခရီးမှာ မရေမရာ ဝေဝါးနေဆဲဖြစ်ပါကြောင်း သုံးသပ်လိုက်ရပါသည်။
zawgyi version
ဒီမိုကေရစီအတြက္ တိုက္ပြဲဝင္ခဲ့သည္ဟု ဆိုသည့္တိုင္ ဘဂၤလားေဒ့ရွ္၏ ႏိုင္ငံေရးအနာဂတ္ ေရရာမူရွိေနၿပီလား
တင္ဇာ (NP News) - ေအာက္တိုဘာ ၂၃
(၂၀၂၄) ခုႏွစ္ ဩဂုတ္လ (၅) ရက္တြင္ ရွိတ္ဟာစီနာ၏ (၁၅) ႏွစ္ၾကာအုပ္ခ်ဳပ္မႈကို အဆုံးသတ္ ေစခဲ့ေသာ “ Gen Z ေတာ္လွန္ေရး ” အၿပီးတြင္ ဘဂၤလားေဒ့ရွ္သည္ ျပဳျပင္ေျပာင္းလဲေရး ေခတ္သစ္ တစ္ခုဆီသို႔ ကူးေျပာင္းလာခဲ့ၿပီျဖစ္သည္။ အဆိုပါ ေတာ္လွန္ေရးသည္ စစ္မႈထမ္းေဟာင္းမ်ားႏွင့္ အာဏာရ အဝါမီလိဂ္ပါတီ၏ ေဆြမ်ိဳးသားခ်င္းမ်ားကို မ်က္ႏွာသာေပးသည့္ အျငင္းပြားဖြယ္ရာ အစိုးရ အလုပ္ခြဲတမ္း အစီအစဥ္ကို ဆန႔္က်င္သည့္အေနျဖင့္ ေက်ာင္းသားမ်ားဦးေဆာင္၍ ဆႏၵျပခဲ့ၾကျခင္း ျဖစ္ သည္။ အာဏာပိုင္မ်ား၏ အျပင္းအထန္ၿဖိဳခြင္းမႈမ်ားေၾကာင့္ အစိုးရဆန႔္က်င္ေရး ဆႏၵျပပြဲမ်ားအသြင္ အလ်င္အျမန္ကူးေျပာင္းသြားခဲ့ၿပီး အနည္းဆုံး လူ (၆၅၀) ဦးေသဆုံးခဲ့ေၾကာင္း ကုလသမဂၢ အစီရင္ခံစာ မ်ားတြင္ ေဖာ္ျပထားသည္။ စစ္တပ္က ညမထြက္ရ အမိန႔္ထုတ္ျပန္ထားေသာ္လည္း ဆႏၵျပသူမ်ားသည္ ဟာစီနာ၏ေနအိမ္ကို ခ်ိဳးေဖာက္ဝင္ေရာက္ခဲ့ျခင္းေၾကာင့္ ၎မွာထြက္ေျပးသြားခဲ့ရသည္။ ထို႔ေနာက္ ဩဂုတ္(၈)ရက္တြင္ သမၼတက ပါလီမန္ကို ဖ်က္သိမ္းခဲ့ၿပီး ႏိုဘယ္ဆုရွင္ မိုဟာမက္ ယူႏြတ္စ္က ဘဂၤ လားေဒ့ရွ္၏ ယာယီအႀကံေပးအရာရွိခ်ဳပ္ (ဝန္ႀကီးခ်ဳပ္ ရာထူးႏွင့္ ပုံစံတူ)အျဖစ္ က်မ္းသစၥာ က်ိန္ဆိုခဲ့ သည္။ ၾကားျဖတ္အစိုးရကို ေက်ာင္းသားမ်ား၊ စစ္တပ္ႏွင့္ အရပ္ဘက္အဖြဲ႕အစည္းတို႔က ညႇိႏႈိင္း၍ ဖြဲ႕စည္းခဲ့ၾကၿပီး ၎အစိုးရက ျပဳျပင္ေျပာင္းလဲမႈမ်ားကို ေဆာင္႐ြက္ၿပီးပါက ေ႐ြးေကာက္ပြဲက်င္းပ ေပးမည္ဟု ကတိျပဳခဲ့သည္။
ဖ႐ိုဖရဲအေျခအေနမ်ား
ယခင္အစိုးရလက္ထက္တြင္ ဖိႏွိပ္မႈမ်ားကို သိသိသာသာခံစားခဲ့ရသည့္ BNP ႏွင့္ Jamaat-e-Islami ကဲ့သို႔ေသာ ႏိုင္ငံေရးပါတီမ်ားသည္ ၾကားျဖတ္အစိုးရႏွင့္ ပူးေပါင္းေဆာင္႐ြက္မည္ဟု ကတိျပဳ ထားေသာ္လည္း အဝါမီလိဂ္ပါတီမွာမူ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားေအာင္ လႈံ႕ေဆာ္ေနသည္ ဟု ေဝဖန္ေနၾကသည္။ ဟာစီနာ ထြက္ခြာသြားၿပီးကတည္းက အေမရိကန္တြင္ေနထိုင္ေသာ သားျဖစ္သူ Sajeeb Wazed Joy သည္ မီဒီယာမ်ားစြာႏွင့္ စကားေျပာဆိုခဲ့သည္။ ၎၏အေမက အမွန္တကယ္ ႏုတ္ ထြက္သြားျခင္းမဟုတ္သလို စည္းမ်ဥ္းမ်ားအရလည္း ဝန္ႀကီးခ်ဳပ္ျဖစ္ေနဆဲဟု ေဖာ္ျပထားသည့္ ဗီဒီယို မက္ေဆ့ခ်္ကိုလည္း လူမႈကြန္ရက္တြင္ မွ်ေဝခဲ့သည္။
Joy ၏ သတင္းမက္ေဆ့ခ်္မ်ားတြင္ BNP ပါတီ ကိုေထာက္ခံေၾကာင္းႏွင့္ ေ႐ြးေကာက္ပြဲအတြက္ တြန္းအားေပးဖို႔တိုက္တြန္းထားသကဲ့သို႔ တန္ျပန္ေတာ္လွန္ေရးအတြက္ အဝါမီလိဂ္ပါတီ ေခါင္းေဆာင္ မ်ား ႏွင့္ တက္ႂကြလႈပ္ရွားသူမ်ားကို ျပန္လည္စုစည္းၾကရန္ တိုက္တြန္းမႈမ်ားကဲ့သို႔ ဒြိဟ ျဖစ္ဖြယ္ သတင္းစကားမ်ား ပါဝင္ေနသည္။ ထိုကဲ့သို႔ေသာ Joy ၏ သတင္းစကားထုတ္ျပန္ခ်က္မ်ားၿပီးေနာက္ ဟာစီနာ၏ဇာတိခ႐ိုင္ ျဖစ္သလို ပါတီအမာခံနယ္ေျမလည္းျဖစ္သည့္ Gopalganj တြင္ အဝါမီလိဂ္ ပါတီ ဝင္မ်ားသည္ ဆႏၵျပပြဲႀကီးတစ္ခုဆင္ႏႊဲၿပီး တာဝန္က်တပ္ဖြဲ႕ဝင္မ်ားကိုပင္ တိုက္ခိုက္ခဲ့သည္။ ထို႔ျပင္ အဝါမီလိဂ္ပါတီကို အစဥ္ အလာအရေထာက္ခံသည့္ ဟိႏၵဴလူနည္းစုမ်ားကလည္း ဆႏၵျပမႈမ်ား ျပဳလုပ္ ခဲ့ၾကသည္။ ဟာစီနာ ရာထူးမွျဖဳတ္ခ်ခံရၿပီးေနာက္ ဟိႏၵဴဘာသာဝင္ ဒါဇင္ ေပါင္းမ်ားစြာ ေသဆုံးခဲ့ရ သည္ဟု အိႏၵိယမီဒီယာအခ်ိဳ႕က အဆိုပါျဖစ္ရပ္မ်ားႏွင့္ပတ္သက္၍ သတင္းမွားမ်ား ျဖန႔္ခဲ့ၾကသည္ဟု သိရသည္။ အမွန္တကယ္တြင္ ရအရာရွိတစ္ဦးႏွင့္ အဝါမီလိဂ္ေခါင္းေဆာင္တစ္ဦးတို႔ သာေသဆုံးခဲ့ၿပီး ယင္းျဖစ္ရပ္မ်ားမွာ လူမ်ိဳးေရးအရ မဟုတ္ဘဲ ႏိုင္ငံေရးေၾကာင့္သာ ျဖစ္ပြားခဲ့သည္ဟု ရႈျမင္ႏိုင္သည္။
အဝါမီလိဂ္တက္ႂကြလႈပ္ရွားသူမ်ားသည္ အိမ္နီးခ်င္းအိႏၵိယႏိုင္ငံတြင္ လူမ်ိဳးေရးလႈံ႕ေဆာ္မႈမ်ား ျဖစ္ပြားေစရန္အတြက္ ဟိႏၵဴမ်ားကို တိုက္ခိုက္ဖို႔ႀကိဳးပမ္းခဲ့ေသာ္လည္း ေအာင္ျမင္မႈမရွိခဲ့ေၾကာင္း ေဒသ တြင္း မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။ ပါတီ၏ ေက်ာင္းသားအဖြဲ႕ျဖစ္သည့္ Chhatra League အဖြဲ႕ဝင္မ်ား အၾကား WhatsApp မွေပါက္ၾကားလာေသာ မက္ေဆ့ခ်္ မ်ားအရ ဂိုဏ္းဂဏတင္းမာမႈမ်ားကိုလႈံ႕ေဆာ္ ရန္ ရည္႐ြယ္၍ ဟိႏၵဴဘုရားေက်ာင္းမ်ားကို ႀကိဳၾကားႀကိဳၾကား တိုက္ခိုက္မႈမ်ားျပဳလုပ္ရန္ စီစဥ္ထား ေၾကာင္း သိရသည္။ ဤသို႔ျဖင့္ ရွိတ္ဟာစီနာ ႏိုင္ငံမွထြက္ေျပးသြား ၿပီးေနာက္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံေရး သည္ ဖ႐ိုဖရဲအေျခအေနသို႔ ဆိုက္ေရာက္ေနေၾကာင္း ေတြ႕ရသည္။
ၾကားျဖတ္အစိုးရရင္ဆိုင္ေနရသည့္ စိန္ေခၚမႈအသစ္မ်ား
ဘဂၤလားေဒ့ရွ္ႏိုင္ငံေတာ္သစ္ဆီသို႔ သြားသည့္ လမ္းေၾကာင္းတြင္ စိန္ေခၚမႈမ်ားရွိေနသည္။ (၂၀၂၄) ခုႏွစ္ Global State of Democracy အခ်က္အလက္မ်ားအရ ဘဂၤလားေဒ့ရွ္သည္ ဒီမိုကေရစီ အရည္အေသြး အမ်ိဳးအစားသုံးမ်ိဳးတြင္ စြမ္းေဆာင္ရည္ နိမ့္က်ေနေၾကာင္းေတြ႕ရွိရသည္။ ကိုယ္စားျပဳမႈ၊ အခြင့္အေရးႏွင့္ တရားဥပေဒစိုးမိုးေရးက႑တို႔ ျဖစ္သည္။ ၎သည္ လြန္ခဲ့သည့္ငါးႏွစ္ႏွင့္ ႏႈိင္းယွဥ္ပါက အစိုးရ၏ အေရးယူေဆာင္႐ြက္မႈမ်ား သိသိသာသာ က်ဆင္းသြားခဲ့ျခင္းျဖစ္သည္။ ထို႔ျပင္ ဖ႐ိုဖရဲျဖစ္ေနေသာ ျပည္တြင္းေရးႏွင့္အတူ အဝါမီလိဂ္ႏွင့္ BNP ပါတီ တို႔ၾကား ကာလရွည္ၾကာ တင္းမာမႈမ်ားသည္ ဒီမို ကေရစီ ျပဳျပင္ေျပာင္းလဲမႈမ်ားကို ဟန႔္တားေနခဲ့သည္။ ဘဂၤလားေဒ့ရွ္၏ အက်ပ္အတည္းမွာ Catch -22 ပုံစံျပႆနာ (ျပႆနာကို ေျဖရွင္းနည္းသည္လည္း ျပႆနာျဖစ္ေနျခင္းပုံစံ ျဖစ္ေနသည့္အတြက္ ေ႐ြးေကာက္ပြဲ က်င္းပရန္ အခက္အခဲျဖစ္ေနသည္။ ေ႐ြးေကာက္ခံမဟုတ္ေသာ အစိုးရ တစ္ရပ္သည္ ျပဳျပင္ေျပာင္းလဲမႈမ်ားကို ျပ႒ာန္းပါက ျပဳျပင္ေျပာင္းလဲမႈမ်ားသည္ တရားဝင္မႈ ကင္းမဲ့ႏိုင္သလို ျပဳျပင္ ေျပာင္းလဲမႈမ်ားမရွိလွ်င္လည္း ေ႐ြးေကာက္ပြဲသည္ တရားဝင္မည္မဟုတ္ေပ။ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ေ႐ြးေကာက္ပြဲမ်ား က်င္းပႏိုင္ရန္အတြက္ ျပဳျပင္ေျပာင္းလဲေရးမ်ား အေရးတႀကီးလိုအပ္ေနသည္ကို ေလ့လာႏိုင္ရန္အတြက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒီမိုကေရစီ အေရးႏွင့္ ေ႐ြးေကာက္ပြဲဆိုင္ရာကြၽမ္းက်င္သူ MD Abdul Alim ႏွင့္ IDEA တို႔၏ အင္တာဗ်ဴးမွ ေကာက္ႏုတ္ခ်က္အခ်ိဳ႕ကို ေဖာ္ျပလိုက္သည္။
လိုအပ္ေနေသာ ျပဳျပင္ေျပာင္းလဲေရးက႑မ်ား
ေ႐ြးေကာက္ပြဲက်င္းပရာတြင္ ဘဂၤလားေဒ့ရွ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ (BEC) သည္ မူဝါဒဆိုင္ရာ ဆုံးျဖတ္ခ်က္မ်ားကို အဓိက ခ်မွတ္သြားမည္ျဖစ္ၿပီး ဥပေဒစိုးမိုးေရးဆိုင္ရာေအဂ်င္စီမ်ားႏွင့္ ေဒသႏၲရ အုပ္ခ်ဳပ္ေရး႐ုံးမ်ားသည္ ေျမျပင္တြင္ တိုက္႐ိုက္ဆက္သြယ္ေဆာင္႐ြက္ရမည္ျဖစ္သည္။ ယင္းေအဂ်င္စီ မ်ားသည္ ႏိုင္ငံေရးအရ အေရးပါသည္ဟုဆိုရမည္။ အထူးသျဖင့္ လြန္ခဲ့ေသာ (၁၅) ႏွစ္အတြင္း ၎တို႔ သည္ အတိုက္အခံမ်ား၏ မဲဆြယ္စည္း႐ုံးျခင္း၊ မဲ႐ုံမ်ားမွ အတိုက္အခံဘက္မွ ေစာင့္ၾကည့္ေရး ကိုယ္စား လွယ္မ်ားကို ႏွင္ထုတ္ျခင္းစေသာ အုပ္ခ်ဳပ္သူအစိုးရကိုသာ သစၥာရွိသည့္လုပ္ရပ္မ်ားကို ျပဳမူခဲ့သည္။ ထို႔ ေၾကာင့္ ၾကားျဖတ္အစိုးရအေနျဖင့္ ထိုသို႔ေသာ အဖြဲ႕အစည္းမ်ားကို လာမည့္ေ႐ြးေကာက္ပြဲမတိုင္ခင္ ဘက္လိုက္မႈကင္းေသာ အဖြဲ႕အစည္းမ်ားအျဖစ္ ေျပာင္းလဲရန္ လိုအပ္မည္ျဖစ္သည္။ ထို႔ျပင္ ဥပေဒ ျပ႒ာန္းခ်က္မ်ား သတ္မွတ္ထားျခင္းမရွိေသာေၾကာင့္ BEC သည္ ေ႐ြးေကာက္ပြဲဆိုင္ရာ စီမံခန႔္ခြဲေရး ႏွင့္ပတ္သက္၍ ၎၏ အျပည့္အဝထိန္းခ်ဳပ္မႈေအာက္တြင္ရွိမည့္ ေအဂ်င္စီ မ်ားႏွင့္ ေဒသဆိုင္ရာ အုပ္ခ်ဳပ္ေရးမ်ားကို လိုအပ္ေနသည္။ ထိုမွ်သာမက ေ႐ြးေကာက္ပြဲက်င္းပရန္လိုအပ္သည့္ အျခား ႏိုင္ငံ ေတာ္အဆင့္ အဖြဲ႕အစည္းျဖစ္သည့္ တရားစီရင္ေရးက႑တြင္ အုပ္ခ်ဳပ္ေရးယႏၲရား၏ ဝင္ေရာက္ စြက္ဖက္မႈမ်ားလည္း ရွိေနသည္။
ေ႐ြးေကာက္ပြဲေကာ္မရွင္နာခ်ဳပ္ႏွင့္ အျခား ေ႐ြးေကာက္ပြဲေကာ္မရွင္နာမ်ားခန႔္အပ္မႈ အက္ဥပေဒ (၂၀၂၂) သည္ ေကာ္မရွင္နာမ်ားကို ေ႐ြးခ်ယ္ရာတြင္ ႏိုင္ငံတကာလမ္းၫႊန္မူမ်ားႏွင့္ကိုက္ညီမႈမရွိသည့္ အျပင္ အရည္အခ်င္းျပည့္မီေသာ ေကာ္မရွင္နာမ်ားကို ခန႔္အပ္ရန္လည္း ျပ႒ာန္းထားျခင္းမ်ိဳး မပါရွိေပ။ ထို႔ေၾကာင့္ ၾကားျဖတ္အစိုးရအေနျဖင့္ လူထုယုံၾကည္ လက္ခံႏိုင္ေလာက္ေသာ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ နာ မ်ားကို ခန႔္အပ္ႏိုင္ရန္အတြက္ ဥပေဒကိုျပင္ဆင္ရန္ သို႔မဟုတ္ အသစ္ထုတ္ျပန္ရန္ လိုအပ္မည္ျဖစ္ သည္။ သို႔ျဖစ္ပါ၍ ၾကားျဖတ္အစိုးရအေနျဖင့္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကို ျပဳျပင္ေျပာင္းလဲရန္မွာလည္း အေရးႀကီးသည့္ကိစၥ ျဖစ္ေနသည္။
ၾကားျဖတ္အစိုးရကို ေ႐ြးေကာက္ပြဲ ခ်က္ခ်င္းက်င္းပရန္ ဖိအားမ်ားရွိေနၿပီး အခ်ိဳ႕က ၿခိမ္းေျခာက္ မႈမ်ားပင္ ျပဳလုပ္ၾကသည္။ သို႔ေသာ္ ျပဳျပင္ေျပာင္းလဲမႈ တစ္စုံတစ္ရာမရွိဘဲ ေ႐ြးေကာက္ပြဲမ်ားက်င္းပ ပါက ဘဂၤလားေဒ့ရွ္၏ ႏိုင္ငံေရးႏွင့္ ေ႐ြးေကာက္ပြဲမ်ားတြင္ ထင္သာျမင္သာရွိေသာ ေျပာင္းလဲမႈမ်ား ရွိလာမည္ မဟုတ္ေပ။ ဥပမာအေနျဖင့္(၁၉၇၁)ခုႏွစ္ကတည္း ကက်င္းပခဲ့ေသာ ပါလီမန္ေ႐ြးေကာက္ပြဲ (၁၂) ခုအနက္ ေလးခုသည္ ပါတီစြဲကင္းေသာ အိမ္ေစာင့္အစိုးရ၏ အစီအစဥ္ျဖင့္က်င္းပခဲ့ၿပီး ယင္းေ႐ြး ေကာက္ပြဲမ်ားသည္ အမ်ားအားျဖင့္ လြတ္လပ္၍တရားမွ်တသည္ဟု သတ္မွတ္ခဲ့ၾကသည္။ သို႔ေသာ္ တက္လာေသာ အစိုးရမ်ားသည္ အိမ္ေစာင့္အစိုးရမ်ားထံမွ အတုယူသင္ၾကားျခင္းမရွိခဲ့ေပ။ ယင္းအစား အာဏာရအစိုးရမ်ားသည္ ၎တို႔အေပၚ သစၥာေစာင့္သိမည့္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္နာမ်ားကိုသာ ခန႔္အပ္ခဲ့သည္။
ယခုအခါ ၾကားျဖတ္အစိုးရသည္ ေ႐ြးေကာက္ပြဲဆိုင္ရာ ျပဳျပင္ေျပာင္းလဲေရးေကာ္မရွင္ကို ဖြဲ႕စည္းခဲ့သည္။ ၎ေကာ္မရွင္သည္ ဖြဲ႕စည္းပုံအေျခခံဥပေဒအား အက်ယ္အျပန႔္ ျပဳျပင္ေျပာင္းလဲျခင္း၊ ျပည္သူ႔ ကိုယ္စားျပဳမႈ ဥပေဒ (၁၉၇၂)၊ ေ႐ြးေကာက္ပြဲအရာရွိ မ်ား ခန႔္အပ္ျခင္းဆိုင္ရာ ဥပေဒစသည္တို႔ကို အာ႐ုံစိုက္ လုပ္ေဆာင္သြားမည္ျဖစ္သည္။ ထို႔ျပင္ BEC ကို ႏိုင္ငံသားမ်ားအားကိုယ္စားျပဳသည့္ အဖြဲ႕ အစည္းအျဖစ္ ျပဳျပင္ေျပာင္းလဲမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္သည္။ သို႔ျဖစ္ပါ၍ ဘဂၤလားေဒ့ရွ္တြင္ စစ္မွန္ေသာ ဒီမိုကေရစီေ႐ြးေကာက္ပြဲမ်ားက်င္းပႏိုင္ရန္ ယင္းကဲ့သို႔ ျပဳျပင္ေျပာင္းလဲမႈမ်ား အမွန္ တကယ္ လိုအပ္မည္ျဖစ္သည္။
အခ်ဳပ္အားျဖင့္ဆိုရလွ်င္ ဘဂၤလားေဒ့ရွ္တြင္ အစိုးရကိုျဖဳတ္ခ်ႏိုင္သည္ထိ လူထုလႈပ္ရွားမႈမ်ားက အားေကာင္းခဲ့ေသာ္လည္း ၎အစိုးရအလြန္ ရင္ဆိုင္ရသည့္စိန္ေခၚမႈမ်ားမွာ ေမွ်ာ္မွန္းထားသည္ထက္ ခက္ခဲေနသည္။ ၾကားျဖတ္အစိုးရအေနျဖင့္ တာဝန္ယူစက လြတ္လပ္ၿပီးတရားမွ်တေသာ ေ႐ြးေကာက္ ပြဲမ်ားကို က်င္းပေပးမည္ဟုဆိုေသာ္လည္း လက္ေတြ႕တြင္မူ ေ႐ြးေကာက္ပြဲက်င္းပရန္အတြက္ လိုအပ္ သည့္ ျပဳျပင္ေျပာင္းလဲမႈမ်ားကိုမူ အခ်ိန္ယူ လုပ္ေဆာင္ေနရသည္။ ထို႔ေၾကာင့္ ေ႐ြးေကာက္ပြဲမွာလည္း ထင္ထားသလို ေစာလ်င္စြာ က်င္းပႏိုင္မည္မဟုတ္သလို လူထုအေနျဖင့္ ၾကားျဖတ္အစိုးရအေပၚ ယုံၾကည္မႈမ်ားလည္း ေလ်ာ့က်လာႏိုင္သည္။ ထို႔ေၾကာင့္ ဘဂၤ လားေဒ့ရွ္တြင္ လူထုအုံႂကြမႈမ်ားျဖင့္ ၎တို႔ မလိုလားသည့္အစိုးရကို ျဖဳတ္ခ်ႏိုင္ခဲ့သည္ဟုဆိုသည့္တိုင္ လက္ရွိႏိုင္ငံေရးအေျခအေနႏွင့္ အနာဂတ္ႏိုင္ငံေရး အေနအထားကမူ ေမွ်ာ္မွန္းထားသလို အဆင္ေျပ ေခ်ာေမြ႕ေနျခင္းမရွိဘဲ ဒီမိုကေရစီ လမ္းခရီးမွာ မေရမရာ ေဝဝါးေနဆဲျဖစ္ပါေၾကာင္း သုံးသပ္လိုက္ရပါသည္။