ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို

 374

ယွန်း (NP News) - အောက်တိုဘာ ၂၅

ကျောက်မီးသွေးတင်သွင်းခွင့်နှင့် ယမ်းရရှိမှု အခက်အခဲများကြောင့် ဘိလပ်မြေစက်ရုံအချို့ရပ်နား ထားရသည့်အတွက် နိုင်ငံ၏အခြေအနေအပေါ်မူ တည်၍ ပြည်ပမှတင်သွင်းမှုကို ဆောင်ရွက်ရန် လို အပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ် ထားသည်။ ယခင်က ‌ဈေးကွက်အတွင်း၌ ဘိလပ်မြေ တစ်အိတ်လျှင် ငွေကျပ်(၅၀ဝဝ)နီးပါးဖြင့် ဝယ်ယူ ရသော်လည်း လက်ရှိတွင်ဈေးကွက်၌ (၁၇၀ဝဝ)ကျပ်နီးပါးဖြင့် ဝယ်ယူနေရကာ ပစ္စည်းရှားပါးမှုများလည်း ရှိနေကြောင်း သိရသည်။

ပြည်တွင်း၌ လျှပ်စစ်ဓာတ်အားလုံလောက်စွာ မရရှိသည့်အတွက် ဘိလပ်မြေစက်ရုံများအနေဖြင့် စက်ရုံလည်ပတ်နိုင်ရေးအတွက် ကျောက်မီးသွေးကို တင်သွင်းအသုံးပြုနေရသော်လည်း (၂၀၂၁) ခုနှစ် နိုင်ငံရေးဖြစ်စဉ်နောက်ပိုင်းမှစ၍ ကျောက်မီးသွေး တင်သွင်းခွင့်မရသည့်အတွက် ပြည်တွင်းထုတ်လုပ် မှုတွင် သက်ရောက်မှုများရှိလာခဲ့ကြောင်း သိရသည်။

"ဈေးက (၂၀၂၁) အခင်းအကျင်းဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ တက်လာတာ။ ဘာလို့လဲဆိုတော့ နိုင် ငံခြားကနေ ဘိလပ်မြေအတွက်လိုတဲ့ ကျောက်မီး သွေးတို့ဘာတို့သွင်းလို့မရဘူး။ ပြီးရင် ဘိလပ်မြေ ထုတ်တဲ့ဧရိယာတွေမှာ ပြဿနာတွေတက်နေတယ်။ ဘိလပ်မြေက ဈေးကွက်ထဲမှာ ရှားလာတယ်။ ပြည်တွင်းမှာထွက်တဲ့တချို့ကျောက်မီးသွေးတွေက သက် နုတဲ့အတွက်သုံးလို့မရဘူး။ အဲဒီတော့ နိုင်ငံခြားက နေသွင်းရတယ်။ ပြီးရင် ကျောက်မိုင်းတွေမှာ ကျောက်တွေခွဲဖို့အတွက်ကို ယမ်းလိုတယ်။ ယမ်းတို့ ဘာတို့က အခုနောက်ပိုင်းမှာ မဟုတ်တဲ့နေရာတွေကို ရောက်မှာစိုးလို့ အရမ်းထိန်းချုပ်လိုက်တဲ့အတွက် ဝယ်လို့မရကြဘူး။ စက်တွေလည်ဖို့က လောလော ဆယ်နိုင်ငံရေး အခြေအနေတွေနဲ့က မလွယ်ဘူးလေ။ ကျွန်တော်တို့အဖွဲ့ထဲမှာဆိုရင် ဘိလပ်မြေစက်ရုံတွေ ဘာတွေရှိတယ်။ အဲဒါတွေဆိုရင် ယမ်းခက်ခဲတယ်။ အဲဒီလိုဟာတွေ ရှိတော့ ထုတ်လို့မရတော့ဘူး" ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News ကိုပြောသည်။

လက်ရှိတွင် ဆောက်လုပ်ရေးပစ္စည်းများ တင် သွင်းခွင့်မရသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်း အချို့ ရပ်နားလိုက်ရခြင်းကြောင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများကိုပါ ထိခိုက်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် နိုင်ငံအခြေအနေအပေါ်မူတည်၍ ဘိလပ်မြေ အပါအဝင် ဆောက်လုပ်ရေးပစ္စည်းများကို လိုအပ်ချက်ရှိသည့်အတိုင်း ယခင်ကဲ့သို့ ပြည်ပမှပြန် လည်တင်သွင်းခြင်းကို ဆောင်ရွက်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ထားသည်။

"ဘိလပ်မြေထုတ်တဲ့နေရာတွေမှာ နယ်မြေမတည်ငြိမ်တာတွေဖြစ်နေတယ်။ ပြီးရင် ကျောက် ထွက်တဲ့နေရာတွေမှာက ပြဿနာတွေတက်နေ တယ်ဆိုတော့ နယ်မြေအေးချမ်းအောင် မြန်မြန်လုပ် နိုင်မှရမှာပေါ့။ မလုပ်နိုင်တဲ့ကာလမျိုးမှာဆိုရင် တစ် ချိန်ကလည်း ဘိလပ်မြေကို နိုင်ငံခြားနေသွင်းခဲ့ကြရတာလည်းရှိတယ်။ ပုဂ္ဂလိကစက်ရုံတွေမရှိခင်က အ စိုးရရဲ့ဘိလပ်မြေစက်ရုံတွေရှိတယ်။ အဲဒီကနေထုတ် တယ်။ အဲဒီအပြင်နိုင်ငံခြားကနေလည်း သွင်းရတာပဲ။ ဒါက နိုင်ငံရဲ့အခြေအနေအပေါ်မူတည်ပြီးတော့ လို အပ်ရင်တော့ ပြန်သွင်းသင့်ရင်လည်းသွင်းရမှာပေါ့။ အရင်တုန်းကဆို မလေးရှားကနေဝင်တာရှိတယ်။ အင်ဒိုနီးရှားကလည်းဝင်တယ်။ အရင်တုန်းကတော့ သွင်းတယ်။ အခုကတော့ ဘိလပ်မြေသွင်းဖို့မပြောနဲ့ ဆောက်လုပ်ရေးပစ္စည်းဘာမှကိုသွင်းလို့မရတာ" ဟု အထက်ပါစီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။

နိုင်ငံရေးအခင်းအကျင်းစတင်ဖြစ်ပွားပြီးနောက် လက်ရှိအချိန်အထိ (၃)နှစ်ကျော်ကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်း (၄၀) ရာခိုင်နှုန်းနီးပါး ရပ် နားခဲ့ရကြောင်း သိရသည်။

zawgyi version
ဘိလပ္ေျမစက္႐ုံအခ်ိဳ႕ ရပ္နားထားရသည့္အတြက္ ျပည္ပမွတင္သြင္းျခင္းကို‌ ေဆာင္႐ြက္သင့္ဟုဆို
ယြန္း (NP News) - ေအာက္တိုဘာ ၂၅

ေက်ာက္မီးေသြးတင္သြင္းခြင့္ႏွင့္ ယမ္းရရွိမႈ အခက္အခဲမ်ားေၾကာင့္ ဘိလပ္ေျမစက္႐ုံအခ်ိဳ႕ရပ္နား ထားရသည့္အတြက္ ႏိုင္ငံ၏အေျခအေနအေပၚမူ တည္၍ ျပည္ပမွတင္သြင္းမႈကို ေဆာင္႐ြက္ရန္ လို အပ္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕က သုံးသပ္ ထားသည္။ ယခင္က ‌ေဈးကြက္အတြင္း၌ ဘိလပ္ေျမ တစ္အိတ္လွ်င္ ေငြက်ပ္(၅၀ဝဝ)နီးပါးျဖင့္ ဝယ္ယူ ရေသာ္လည္း လက္ရွိတြင္ေဈးကြက္၌ (၁၇၀ဝဝ)က်ပ္နီးပါးျဖင့္ ဝယ္ယူေနရကာ ပစၥည္းရွားပါးမႈမ်ားလည္း ရွိေနေၾကာင္း သိရသည္။

ျပည္တြင္း၌ လွ်ပ္စစ္ဓာတ္အားလုံေလာက္စြာ မရရွိသည့္အတြက္ ဘိလပ္ေျမစက္႐ုံမ်ားအေနျဖင့္ စက္႐ုံလည္ပတ္ႏိုင္ေရးအတြက္ ေက်ာက္မီးေသြးကို တင္သြင္းအသုံးျပဳေနရေသာ္လည္း (၂၀၂၁) ခုႏွစ္ ႏိုင္ငံေရးျဖစ္စဥ္ေနာက္ပိုင္းမွစ၍ ေက်ာက္မီးေသြး တင္သြင္းခြင့္မရသည့္အတြက္ ျပည္တြင္းထုတ္လုပ္ မႈတြင္ သက္ေရာက္မႈမ်ားရွိလာခဲ့ေၾကာင္း သိရသည္။

"ေဈးက (၂၀၂၁) အခင္းအက်င္းျဖစ္ၿပီးတဲ့ ေနာက္ပိုင္းမွာ တက္လာတာ။ ဘာလို႔လဲဆိုေတာ့ ႏိုင္ ငံျခားကေန ဘိလပ္ေျမအတြက္လိုတဲ့ ေက်ာက္မီး ေသြးတို႔ဘာတို႔သြင္းလို႔မရဘူး။ ၿပီးရင္ ဘိလပ္ေျမ ထုတ္တဲ့ဧရိယာေတြမွာ ျပႆနာေတြတက္ေနတယ္။ ဘိလပ္ေျမက ေဈးကြက္ထဲမွာ ရွားလာတယ္။ ျပည္တြင္းမွာထြက္တဲ့တခ်ိဳ႕ေက်ာက္မီးေသြးေတြက သက္ ႏုတဲ့အတြက္သုံးလို႔မရဘူး။ အဲဒီေတာ့ ႏိုင္ငံျခားက ေနသြင္းရတယ္။ ၿပီးရင္ ေက်ာက္မိုင္းေတြမွာ ေက်ာက္ေတြခြဲဖို႔အတြက္ကို ယမ္းလိုတယ္။ ယမ္းတို႔ ဘာတို႔က အခုေနာက္ပိုင္းမွာ မဟုတ္တဲ့ေနရာေတြကို ေရာက္မွာစိုးလို႔ အရမ္းထိန္းခ်ဳပ္လိုက္တဲ့အတြက္ ဝယ္လို႔မရၾကဘူး။ စက္ေတြလည္ဖို႔က ေလာေလာ ဆယ္ႏိုင္ငံေရး အေျခအေနေတြနဲ႔က မလြယ္ဘူးေလ။ ကြၽန္ေတာ္တို႔အဖြဲ႕ထဲမွာဆိုရင္ ဘိလပ္ေျမစက္႐ုံေတြ ဘာေတြရွိတယ္။ အဲဒါေတြဆိုရင္ ယမ္းခက္ခဲတယ္။ အဲဒီလိုဟာေတြ ရွိေတာ့ ထုတ္လို႔မရေတာ့ဘူး" ဟု ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News ကိုေျပာသည္။

လက္ရွိတြင္ ေဆာက္လုပ္ေရးပစၥည္းမ်ား တင္ သြင္းခြင့္မရသည့္အတြက္ ေဆာက္လုပ္ေရးလုပ္ငန္း အခ်ိဳ႕ ရပ္နားလိုက္ရျခင္းေၾကာင့္ ျပည္တြင္းအလုပ္အကိုင္အခြင့္အလမ္းမ်ားကိုပါ ထိခိုက္လ်က္ရွိေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ႏိုင္ငံအေျခအေနအေပၚမူတည္၍ ဘိလပ္ေျမ အပါအဝင္ ေဆာက္လုပ္ေရးပစၥည္းမ်ားကို လိုအပ္ခ်က္ရွိသည့္အတိုင္း ယခင္ကဲ့သို႔ ျပည္ပမွျပန္ လည္တင္သြင္းျခင္းကို ေဆာင္႐ြက္သင့္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္မ်ားက သုံးသပ္ထားသည္။

"ဘိလပ္ေျမထုတ္တဲ့ေနရာေတြမွာ နယ္ေျမမတည္ၿငိမ္တာေတြျဖစ္ေနတယ္။ ၿပီးရင္ ေက်ာက္ ထြက္တဲ့ေနရာေတြမွာက ျပႆနာေတြတက္ေန တယ္ဆိုေတာ့ နယ္ေျမေအးခ်မ္းေအာင္ ျမန္ျမန္လုပ္ ႏိုင္မွရမွာေပါ့။ မလုပ္ႏိုင္တဲ့ကာလမ်ိဳးမွာဆိုရင္ တစ္ ခ်ိန္ကလည္း ဘိလပ္ေျမကို ႏိုင္ငံျခားေနသြင္းခဲ့ၾကရတာလည္းရွိတယ္။ ပုဂၢလိကစက္႐ုံေတြမရွိခင္က အ စိုးရရဲ႕ဘိလပ္ေျမစက္႐ုံေတြရွိတယ္။ အဲဒီကေနထုတ္ တယ္။ အဲဒီအျပင္ႏိုင္ငံျခားကေနလည္း သြင္းရတာပဲ။ ဒါက ႏိုင္ငံရဲ႕အေျခအေနအေပၚမူတည္ၿပီးေတာ့ လို အပ္ရင္ေတာ့ ျပန္သြင္းသင့္ရင္လည္းသြင္းရမွာေပါ့။ အရင္တုန္းကဆို မေလးရွားကေနဝင္တာရွိတယ္။ အင္ဒိုနီးရွားကလည္းဝင္တယ္။ အရင္တုန္းကေတာ့ သြင္းတယ္။ အခုကေတာ့ ဘိလပ္ေျမသြင္းဖို႔မေျပာနဲ႔ ေဆာက္လုပ္ေရးပစၥည္းဘာမွကိုသြင္းလို႔မရတာ" ဟု အထက္ပါစီးပြားေရးလုပ္ငန္းရွင္က ဆိုသည္။

ႏိုင္ငံေရးအခင္းအက်င္းစတင္ျဖစ္ပြားၿပီးေနာက္ လက္ရွိအခ်ိန္အထိ (၃)ႏွစ္ေက်ာ္ကာလအတြင္း ေဆာက္လုပ္ေရးလုပ္ငန္း (၄၀) ရာခိုင္ႏႈန္းနီးပါး ရပ္ နားခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.