“ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ”

 265

ကျွန်းသားငမန်း (NP News) - အောက်တိုဘာ ၂၅

နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရေး အလုပ်ခေါ်ကြော်ငြာများ၊ ရေးဖြေအောင်မြင်ပြီး လူ တွေ့နှုတ်ဖြေ စာမေးပွဲအောင်မြင်သူများ၏ အမည် စာရင်းများ၊ အလုပ်ခန့်အပ်ကြောင်း အမည်စာရင်း ထုတ်ပြန်မှုများကို နိုင်ငံပိုင်သတင်းစာများတွင် မကြာ မကြာ တွေ့မြင်နေရသည်။ ဝမ်းသာစရာကောင်းပါ၏။ ခန့်အပ်တာဝန်ပေးခြင်းခံရသူများသည် နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရင်း မိမိတို့ ၏ဘဝ၊ မိသားစုဘဝတစ်ခုကို ခိုင်ခိုင်မာမာ ရပ်တည်သွားနိုင်ကြတော့မည်ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ် အသက် (၁၈) နှစ်မှစတင်ဝင်ရောက်နိုင်ပြီး အသက် (၆၂) နှစ်ပြည့် သောအခါ အငြိမ်းစားယူရသည်။ ထို့ကြောင့် နိုင်ငံ့ ဝန်ထမ်းတစ်ဦး၏ အမြင့်ဆုံးလုပ်သက်မှာ (၄၄) နှစ် ဖြစ်သည်။ သို့သော်အများအားဖြင့် နိုင်ငံ့ဝန်ထမ်းအ များစုမှာ လုပ်သက်အားဖြင့် (၃၅)နှစ်ကျော် (၄၀) အတွင်းသာရှိတတ်ကြသည်။ နိုင်ငံ့ဝန်ထမ်းတစ်ဦး တာဝန်ပေးခံရရေးဆိုသည်မှာလည်း လွယ်သည်တော့ မဟုတ်။ သတ်မှတ် ပညာအရည်အချင်းပြည့်မီရမည်။ ကျန်းမာရေး ကောင်းမွန်ရမည်။ အကျင့်စာရိတ္တ ကောင်းမွန်ရမည်။ ထို့ထက် အများနှင့်ယှဉ်ပြိုင်ရင်း မိမိပြိုင်ဘက်ထက် ခေါင်းတစ်လုံးသာမှသာ ရွေးချယ် ခန့်ထားခြင်းခံရနိုင် သည်ဆိုခြင်းကို ဝန်ထမ်းသစ်များသိရှိပြီး ဖြစ်ကြလိမ့်မည်။
ဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ပေးခန့်အပ်ခံရပြီ ဆိုသည်နှင့် ထိုသူသည် နိုင်ငံသားအများပြည်သူ တို့ လိုက်နာရသော ဥပဒေ၊ ကျင့်ထုံး၊ ကျင့်ဝတ်၊ စည်းကမ်းများကိုလိုက်နာကြရသည်။ တစ်ဆက်တည်း တွင် နိုင်ငံ့ဝန်ထမ်းတစ်ဦးအတွက် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများ၊ မိမိ ဌာနမှ ပြဋ္ဌာန်းထားသည့် စည်းမျဉ်း၊ စည်းကမ်းများကိုလည်း လိုက်နာကြရသည်။ အခြားတစ်ဖက်တွင် လည်း နိုင်ငံ့ ဝန်ထမ်းဥပဒေအရသတ်မှတ်ထားသော အခြေခံ ရပိုင်ခွင့်များကိုခံစားခွင့်ရှိသည်။ ထိုသို့သော ပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးပြီး နိုင်ငံ့ဝန်ထမ်းများ၏ဘဝကို ဖြတ်သန်းကြရသည်။

စာရေးသူ၏ဆရာတစ်ဦးက “ ဝန်ထမ်း တစ်ဦးရဲ့ရိုးသားမှုနဲ့သစ္စာရှိမှုကို အသက် (၆၂) ပြည့် ပင်စင်ယူသူများမှာသာတွေ့နိုင်တယ် ” ဟု ဆုံးမ စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည် ကို အမှတ်ရမိသည်။ ဆိုရလျှင် နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ပေးခန့်အပ်ခြင်းခံရပြီဆိုသည်နှင့် တာ ဝန်ခံမှုနှင့် တာဝန်ယူမှုများရှိလာရပြီဖြစ်သည်။ “ မည်သူတို့အတွက် တာဝန်ခံရမည်နည်း။ မည်သူတို့ အတွက် တာဝန်ယူရမည်နည်း ”

မင်းပြောင်းမင်းလွှဲကာလများနှင့် နိုင်ငံ့ဝန်ထမ်းဘဝ
စာရေးသူသည် နိုင်ငံ့ဝန်ထမ်းဘဝကို နှစ်ပေါင်း သုံးဆယ်ကျော် တာဝန်ထမ်းဆောင် ဖြတ်သန်းခဲ့သူ ဖြစ်သည်။ စာရေးသူ နိုင်ငံ့ဝန်ထမ်းအဖြစ် စတင်အမှု ထမ်းခဲ့ချိန်မှစတင်ကာ နိုင်ငံတော်အတွင်း အစိုးရအ ပြောင်းအလဲများကိုတွေ့ကြုံခဲ့ရဖူးသည်။ လုပ်ငန်းခွင် စတင်တာဝန်ထမ်းဆောင်သည့် (၁၉၆၁)ခုနှစ်တွင် သန့်ရှင်း ဖဆပလ (ပြည်ထောင်စုအစိုးရ)အချိန်ဖြစ်ပြီး ထိုစဉ်က ပြည်ထောင်စုပါတီ၏ မြို့နယ်ဥက္ကဋ္ဌများ အာဏာလွှမ်းမိုးနေချိန်ဖြစ်သည်။

အုပ်ချုပ်သူ မြို့ပိုင်၊ နယ်ပိုင်များမှာ ပါတီ ဥက္ကဋ္ဌများကို ကြောက်ရွံ့နေကြရသည်။ သူတို့နှင့်မ တည့်လျှင် နယ်ပြောင်းခံရသည်သာများသည်။ ထို့နောက် (၁၉၆၂)ခုနှစ်တွင် တပ်မတော်က နိုင်ငံတော် အာဏာကို ထိန်းသိမ်းခဲ့သည်။ မြို့နယ်၊ ခရိုင်၊ တိုင်း လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီများကို ဖွဲ့စည်းကာ တပ်မတော်အရာရှိများ တာဝန်ယူခဲ့ကြသည်။ ထိုကာလ(၁၉၆၂)ခုနှစ်မှသည် (၁၉၇၄)ခုနှစ်တိုင် (၁၂)နှစ် ကြာမြင့်ခဲ့သည်။ (၁၉၇၄) ခုနှစ်တွင် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီအစိုးရ တက်လာသည်။

(၁၉၇၄)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပြည်သူကောင်စီအဆင့်ဆင့် ဖွဲ့စည်းဖြစ်ပေါ်ခဲ့သည်။ (၁၉၇၄)ခုနှစ်မှသည် (၁၉၈၈) ခုနှစ်တိုင်(၁၄)နှစ် ကြာမြင့်ခဲ့သည်။ ထို့နောက်(၁၉၈၈) ပြည့်လွန်နှစ်များ (၂၀၁၀) ပြည့်နှစ်ထိ (၂၂)နှစ်တာ ကာလကိုလည်း တပ်မတော်မှ တာဝန်ယူခဲ့ပြန်သည်။ (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်ပေါ်လာသောအစိုးရများ(၂၀၁၀-၂၀၂၀)အထိ ဆယ်နှစ်တာခရီးတွင်မူ ပြည်သူများကရွေးချယ်ပေးသော ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့သည့် ဒီမိုကရေစီအစိုးရဆို သည်များက ဆက်လက်လွှဲပြောင်း တာဝန်ယူခဲ့ကြသည်။ စာရေးသူဝန်ထမ်းဘဝ နှစ်ပေါင်း(၃၀)ကာလ အတွင်းကြုံတွေ့ခဲ့ရသော အပြောင်းအလဲများ၊ ဖြတ်သန်းမှုများပင်ဖြစ်သည်။

စာရေးသူတို့ဝန်ထမ်းဘဝကာလ ဖြတ်သန်းတွေ့ကြုံခဲ့ရသော (၁၉၈၈) ခုနှစ်အရေးအခင်းသည် မြန်မာနိုင်ငံအား ပြိုကွဲပျက်စီးလုနီးပါးဆိုက် ရောက်စေခဲ့သည်။ ထိုစဉ်က တိုင်းပြည်၏အခြေအနေမှာ များစွာ ဆိုးရွားခဲ့သည်။ နိုင်ငံတော်အချုပ်အခြာ အာဏာပျက်ပြားခဲ့လုနီးပါးဖြစ်ခဲ့ရသည်။ အချုပ်အခြာ အာဏာတွင် တရားစီရင်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနှင့် အုပ်ချုပ်ရေးအာဏာတို့ပါဝင်သည်။

အုပ်ချုပ်ရေးယန္တရား ပျက်ပြားသောအခါ အုပ်ချုပ်ရေးအာဏာကင်းမဲ့သလိုဖြစ်သွားရသည်။ တရားစီရင်၊ ဥပဒေပြုရေး၊ အာဏာများတည်ရှိနေ သော်လည်း ထိုအာဏာကိုသုံးစွဲ၍မရ။ ဤအခြေအ နေမှာအချုပ်အခြာအာဏာ ယိုင်နဲ့လာမှုပင်ဖြစ်သည်။ (၁၉၈၈) ခုနှစ်တွင် ဖြစ်ပျက်ခဲ့သည့်ဖြစ်ရပ်များ၊ ကောလာဟလသတင်းများကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အခြေအနေအရပ်ရပ်ကို ယခုဖြစ်ပွားခဲ့သော(၂၀၂၁) ခုနှစ် ဖြစ်စဉ်များနှင့်ယှဉ်ထိုးလေ့လာကြည့်လျှင် ဆင်တူယိုးမှားဖြစ်နေကြောင်း မြင်တွေ့နိုင်ကြပေမည်။ (၁၉၈၈)ခုနှစ်က ဖြစ်စဉ်တွင် နိုင်ငံရေးသမားဆို သူများသည် ပြည်ပအားကိုး၊ ပြည်ပအကူအညီကိုမျှော် လင့်ခဲ့ကြသည်။

နိုင်ငံကြီးတစ်နိုင်ငံ၏ လေယာဉ်တင် သင်္ဘောကြီးများက မြန်မာနိုင်ငံရေပြင်ပိုင်နက်အနီး သို့တိုင် ချဉ်းကပ်ဝင်ရောက်လာကာ ဝင်ရောက်စွက်ဖက်ရေးကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ ထိုနည်း တူ (၂၀၂၁) ဖြစ်စဉ်တွင်လည်း ပြည်ပသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိသွားသူများက ပြည်ပ အားကိုးကာ ပြည်ပအကူများ ဝင်ရောက်လာစေရန် ဖိတ်ခေါ်နေသည်ကိုတွေ့ရသည်။ မတရား အသင်း အဖြစ် သတ်မှတ်ကြေညာခံထားရသော အဖွဲ့အစည်းတို့သည် ပြည်ပမှဝင်ရောက်စွက်ဖက်ရေးကို မျှော်လင့်ချက်များ ထားရှိတောင်းဆိုနေကြသည်။ ပြည်ပနိုင်ငံကြီးများကလည်း မိမိတို့ဩဇာခံအစိုးရ ကိုတင်မြှောက်နိုင်ရေး ကြိုးပမ်းအားပေးနေကြသည်။

မြန်မာနိုင်ငံသည် တိုင်းတစ်ပါးလက်အောက်ခံ နိုင်ငံတစ်နိုင်ငံမဟုတ်။ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးသည် နှစ်ပေါင်း (၁၀ဝ)ကျော် ဗြိတိသျှနယ်ချဲ့တို့၏ ကိုလိုနီ ကျွန်သဘောက်ဘဝတွင် ခါးသီးစွာနေထိုင်ခဲ့ကြရ သည်။ နိုင်ငံနှင့် လူမျိုးကို ချစ်သောသူ မည်သူမျှ တိုင်းတစ်ပါးက အုပ်ချုပ်သည့် ကျွန်ဘဝကိုလက်ခံနိုင် ကြမည် မဟုတ်ပေ။ သို့ရာတွင် ယနေ့ဖြစ်ပျက်နေသောအခြေအနေများ၊ လုပ်ဆောင်နေချက်များမှာ နိုင်ငံ အား ခေတ်သစ်ကိုလိုနီကျွန်ဘဝသို့ ရောက်သွားနိုင်သည့် ဆောင်ရွက်ချက်များကြောင်း တွေ့မြင်နေရ သည်။ ခေတ်သစ် ကိုလိုနီစနစ်တွင် တိုင်းပြည်ကို တိုင်းတစ်ပါးသားတို့ ကိုယ်တိုင်လာရောက်အုပ်ချုပ် မှမဟုတ်၊ ၎င်းတို့၏ ဩဇာအာဏာကို ခံယူသောအစိုးရကို တင်မြှောက်ပေးပြီး တိုင်းပြည်ကို မိမိတို့ စိတ်တိုင်းကျ ကြိုးကိုင်ခြယ်လှယ်ခြင်းဖြင့် အုပ်ချုပ်သွားခြင်းဖြစ်သည်။ နိုင်ငံ့ဝန်ကို ထမ်းဆောင်နေကြ သော နိုင်ငံ့ဝန်ထမ်းများသည် အသိပညာကြွယ်ဝသောသူများ ဖြစ်ကြသည်။ အမှားနှင့်အမှန်ကို ချင့်ချိန် တွေးတော စဉ်းစားနိုင်သူများဖြစ်ကြသည်။ တိုင်းပြည်နှင့်လူမျိုးကို ချစ်သော ပြည်သူများ၊ နိုင်ငံ့ ဝန်ထမ်း များအနေဖြင့် လက်ရှိနိုင်ငံတော်၌ဖြစ်ပျက်နေသည့်ဖြစ်ရပ်များကို ပကတိအမြင်ဖြင့် ကြည့်မြင်သင့်ကြပြီ။

နိုင်ငံ့အရေးလား နိုင်ငံရေးလား
ဝန်ထမ်းများသည် ပြည်သူများဖြစ်ကြသည်။ ပြည်သူတစ်ဦးအနေဖြင့် ပါတီနိုင်ငံရေးနှင့်ပတ်သက်၍ အထိုက်အလျောက်ဆိုသလို စိတ်ဝင်စားမှုများရှိကြမည်။ ပြောရမည်ဆိုပါက နိုင်ငံရေးဆိုသည်ကို စိတ်ပါ ဝင်စားခြင်း မရှိရဟု တားမြစ်ကောင်းသော ကိစ္စတစ်ရပ်မဟုတ်ပေ။ သို့ရာတွင် အချိန်အခါ၊ ကာလဒေသ လိုက်၍ လူ့စည်း၊ ဘီလူးစည်း ခွဲခြား၍ လုပ်ကိုင်သင့်ကြသည်။ နိုင်ငံ့အရေးနှင့် နိုင်ငံရေးကို ကွဲပြားသိရှိနိုင် ကြဖို့လိုသည်။ အထူးသဖြင့် ပါတီနိုင်ငံရေးဆိုသည်ကိုမူ အလေးထားသင့်သည်။ အနုပညာရှင်အချင်းချင်း ပါတီနိုင်ငံရေးကြောင့်ပင် ကွဲကြရသည်။ စာရေး ဆရာတွေအချင်းချင်းလည်း ပါတီနိုင်ငံရေးကြောင့် အစေးမကပ် ဖြစ်ခဲ့ကြရသည်။ လင်နှင့်မယား တစ်အိမ်ထောင်တည်းနေ အချင်းချင်းပင် ထိုပါတီနိုင်ငံရေး ကြောင့် တကျက်ကျက် တဆူဆူ ဖြစ်ခဲ့ကြသည်။ ထိုသို့ဖြစ်ကြရခြင်းကား လူ့စည်း၊ ဘီလူးစည်း ခွဲခြားမှု ကို နားမလည်သဘောမပေါက်ကြခြင်းကြောင့်ပင် ဖြစ်သည်။

နိုင်ငံ့အရေးနှင့် ပါတီနိုင်ငံရေးကိုကွဲပြား ခြားနားမသိကြ၍ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည်မှ အစပြုကာ ကာလတစ်လျှောက်လုံး ကောင်းကောင်းဆိုးဆိုး ဟုတ်ဟုတ်မှန်မှန် ဘာမဆို တော်လှန်ရေးဆိုသောစကားရပ်ကို လွယ်လွယ်သုံးခဲ့ကြသည်။ လူကြီးမိဘကို အရေးမထား၊ ဆရာသမား အကြီးအကဲတို့ကို အရိုအသေတန်ခဲ့ကြသည်။ လူကြီး မိဘများကို တော်လှန်ခဲ့ကြသည်။ ဆရာသမား အကြီးအကဲများကို တော်လှန်ခဲ့ကြသည်။ မိမိတို့သားချင်း မိတ်ဆွေအပေါင်းအသင်းအချင်းချင်းကို တော် လှန်ခဲ့ကြသည်။ ထိုသို့ အကြောင်းမတန် တော်လှန်ရေး စိတ်ဓာတ်များကြောင့် တိုင်းပြည်တစ်ဝန်းတွင် ညီညွတ်မှု၊ ချစ်ခင်မှု၊ စည်းလုံးမှု၊ သမဂ္ဂမေတ္တာဗြဟ္မစိုရ် တရားတို့ ပျက်စီးကင်းပျောက် နည်းပါးလာခဲ့ရပေ သည်။ နောက်ဆုံး နိုင်ငံရေးဝင်စွက်မှုများကြောင့် ဟုတ်ဟုတ်ညားညား တိုးတက်မှုများကို မတွေ့ရှိရဘဲ၊ ဆုတ်ယုတ် ပျက်စီးမှုအပိုင်းများကိုသာ မြင်တွေ့ခဲ့ရသည်။ တရားခံမှာ ထိုနိုင်ငံရေးနှင့် နိုင်ငံရေးသမား များသာ ဖြစ်သည်။ အထူးသဖြင့် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ ရှိသော နိုင်ငံရေးကြောင့်ပင်ဖြစ်သည်။

စာရေးသူတို့ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အစိုးရအဖွဲ့အဆက်ဆက် အပြောင်းအလဲများရှိခဲ့သော် လည်း မည်သည့်အစိုးရအဖွဲ့တက်တက် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ကြသူများ ဖြစ်ကြသည်။ နိုင်ငံ့ ဝန်ထမ်း ဟူသည်မှာ မည်သည့်ပါတီ၊ အစိုးရအဖွဲ့ကိုမှ သစ္စာခံသူများမဟုတ်ကြ။ ပြောရမည်ဆိုပါက နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းအလုပ်ကိုသာ လုပ်ကြရမည်။ နိုင်ငံ့ ဝန်ထမ်းအလုပ်ဆိုသည်မှာ နိုင်ငံ့ ဝန် ကို ကျေပွန်စွာထမ်းဆောင်ရေးပင် ဖြစ်သည်။ နိုင်ငံ့အရေးကို ကျေပွန်စွာထမ်းဆောင်ရေးသာဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံသားပြည်သူများကို အလုပ်အကျွေးပြုနေကြသူများသာ ဖြစ်ကြ သည်ဟူသော စွဲမြဲသောခံယူချက်ထားရှိကြရသူများ ဖြစ်သည်။ ခေတ်စနစ်များ မည်သို့ပင်ပြောင်းပြောင်း၊ မိမိတို့ အားပေးအားထားသော တာဝန်နှင့်လုပ်ပိုင်ခွင့်များ မည်သို့ပင်ပြောင်းပြောင်း၊ နိုင်ငံ့ဝန်ထမ်းတို့၏ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များနှင့်အညီ နိုင်ငံသားများ၏ အကျိုး၊ ပြည်သူများ၏အကျိုးကို ထမ်းဆောင်နေကြသူများ ဖြစ်ကြသည်။ စာရေးသူ၏ ဝန်ထမ်းဘဝတွင်လည်း ထိုအတိုင်းပင် လိုက်နာကျင့်သုံးခဲ့သည်။ သို့ရာတွင် (၁၉၈၈) ခုနှစ်တွင်ဖြစ်ပျက်ခဲ့သည့် အရေးအခင်းကာလတွင် ဝန်ထမ်းအချို့တို့ လွဲမှားသောအမြင်များနှင့်နိုင်ငံတော်နှင့် ဆန့်ကျင်ရာဘက် သို့ရောက်ရှိသွားခဲ့ကြသည်။ သို့ရာတွင် အများစုတို့ မှာ (၁၉၈၈) ခုနှစ် စက်တင်ဘာလ (၃၀) ရက်တွင် လုပ်ငန်းခွင်ပြန်လည်ဝင်ရောက် တာဝန် ထမ်းခဲ့ကြသည်။ အပြောင်းအလဲအပေါ် နက်နက်နဲနဲအမှတ် အတေးထားခဲ့ခြင်းမရှိခဲ့ကြ။ အများနှင့်အတူ ရောယောင်ပါသွားခြင်းဖြစ်သော်လည်း အဖျက်အမှောင့် လုပ်ငန်းများတွင် ပါဝင်ခဲ့ခြင်းမရှိခဲ့ကြ။ (၂၀၂၁) ခုနှစ်တွင်လည်း ဝန်ထမ်းအချို့မှာ နိုင်ငံရေးနှင့်နိုင်ငံ့ အရေးကို ခွဲခြားစိတ်ဖြာခြင်းမပြုနိုင်ခဲ့ကြ။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတို့ရောစွက်ကာ လမ်းမှားသို့လိုက်ပါသွားခဲ့ကြသည်။ မိမိတို့၏လုပ်ငန်းခွင်မှ ထွက်ခွာသည့်အထဲတွင် ပါဝင်သွားခဲ့ကြသည်။

ပြောရမည်ဆိုပါက စာရေးသူအပါအဝင် နိုင်ငံ့ဝန်ထမ်းအဖြစ် ဝင်ရောက်တာဝန်ထမ်းခဲ့သူများ အဖို့ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရန်၊ ဌာနတွင်းရာထူးတိုးမြင့်ရရှိရန်မှာ လွယ်လွယ်နှင့်ရခဲ့ ကြသည်မဟုတ်။ ခက်ခဲပင်ပန်းစွာ ကြိုးစားရုန်းကန် ကာ ဝန်ထမ်းဘဝတွင် ခြေတင့်နေနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ကြရသည်ဖြစ်ကြောင်း စာရေးသူ၏နှစ်ပေါင်း (၃၀) ကြာတာဝန်ထမ်းခဲ့သည့် ဝန်ထမ်းဘဝ အတွေ့အကြုံအရ ပြောရခြင်းဖြစ်သည်။ ယခုလုပ်ငန်းခွင်မှထွက်ခွာသွားသော ဝန်ထမ်းများထဲတွင် လုပ် သက်နုသူများပါသလို၊ လုပ်သက်ရင့်သူများလည်းပါဝင်ခဲ့ကြသည်ကို တွေ့ရ သည်။ လုပ်သက် ရင့်သူများ အဖို့ကား ၎င်းတို့၏ ဝန်ထမ်းဘဝတစ်ခုလုံး၏ ရပိုင်ခွင့်၊ အခွင့်အရေးများကို တစ်သက်လုံးစားလာသည့် ကွမ်း၊ သံပရာတစ်ခြမ်း နှင့်လဲလိုက်သည့်သဘော သက်ရောက်သွားကြရှာသည်။ လုပ်ငန်းခွင်မှ ထွက် သွားသူ ဝန်ထမ်းအချို့မှာ ပြင်ပကုမ္ပဏီ၊ စက်ရုံများတွင် အလုပ်လုပ်ရန် မျှော်လင့်ချက်များ ထားခဲ့ကြ ဟန်တူသည်။ (၂၀၂၁) ခုနှစ် တွင်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ၌ စက်ရုံ၊ အလုပ်ရုံအချို့ မီးရှို့ခံရ၊ တည်ငြိမ်အေးချမ်းမှု မရှိခြင်းကြောင့် စက်ရုံ၊ အလုပ်ရုံများပျက်စီးသွားခဲ့ရပြီ။ အချို့ ပိတ်သိမ်းသွားကြ၊ ထိုအထဲ ကိုဗစ်ရောဂါကြောင့်လည်း ကုမ္ပဏီများ အလုပ်ရပ်နားသွားကြရသေးသည်။

တစ်ဆက်တည်းမှာပင် ပြည်ပနိုင်ငံကြီးအချို့၏ စီးပွားရေးပိတ်ဆို့မှုကြောင့်လည်း စီးပွားရေးလုပ်ငန်း များ ရပ်ဆိုင်းကုန်သည်။ ဆရာဝန်၊ သူနာပြုဆရာမများ၊ ဆရာ၊ ဆရာမများအဖို့မှာလည်း ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်းမရှိလေရာ အစိုးရလုပ်ငန်းမှထွက်၊ ပြင်ပ က ကုမ္ပဏီ၊ စက်ရုံတစ်ခုခုတွင် ဝင်ရောက်လုပ်ကိုင်မည်ဟု မျှော်လင့်သောဝန်ထမ်းများမှာ ကူရာ၊ ကယ် ရာမဲ့ဘဝ ရောက်ခဲ့ကြရသည်။ စကားစပ်၍ပြောရဦးမည်။ စာရေးသူ၏ မိတ်ဆွေဖြစ်သူ၏ သမီးငယ် တစ်ဦးမှာ နိုင်ငံ့ဝန်ထမ်းတစ်ဦး ဖြစ်သည်။ ထို့အတူ ကြက်ခြေနီ တပ်ဖွဲ့တွင်လည်း ကြက်ခြေနီတပ်ဖွဲ့မှူး တာဝန်ကို ယူနေရပြီဖြစ်ကာ ကြက်ခြေနီလူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင် ထမ်းဆောင်နေ သည်။ သူ့အား စာရေးသူက နိုင်ငံ့ဝန်ထမ်းတာဝန်မှထွက်ပြီး နိုင်ငံတကာ ကြက်ခြေနီအဖွဲ့တွင် ပြောင်း ရွှေ့တာဝန်ထမ်းဆောင်ပါက လစာကောင်းကောင်းရမည်မဟုတ်လားဟု အကြံပေးဖြစ်သည်။ သူက “ နိုင်ငံ့ ဝန်ထမ်းအလုပ်က လစာနည်းပေမယ့် တည်ငြိမ်တယ်။ ထမင်းနပ်မှန် စားရတယ်။ ဝန်ထမ်း ဆိုတဲ့ သိက္ခာ၊ ဂုဏ် ရှိတယ်။အငြိမ်းစားယူတော့လည်း ပင်စင်လစာရသေးတယ်။ ဒါကြောင့် မပြောင်းတာပါ။ တစ်ခုတော့ရှိတယ်။ ပင်စင်ယူလို့ရတဲ့အချိန် လုပ်သက် (၃၀) ပြည့်ရင်တော့လည်း စဉ်းစားကောင်း စဉ်းစားမယ်ပေါ့ ” ဟု ပြောသည်။ ဝန်ထမ်းများ စဉ်းစားသင့်သည်ပင်။

ကုသိုလ်လည်းရ ဝမ်းလည်းဝ
နိုင်ငံ့ဝန်ထမ်းဘဝသည် ဂုဏ်ယူမြတ်နိုးဖွယ်ရာဘဝ ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ “ ကု သိုလ်လည်းရ ဝမ်းလည်းဝ ” သောလုပ်ငန်း ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများသည် အများပြည်သူ နိုင်ငံသူ၊ နိုင်ငံသားများ၏ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များအတွက် မင်းမှုရေးရာကိစ္စရပ်များကို ကူညီဆောင်ရွက် ပေး ရသူများဖြစ်ကြသည်။ အစိုးရနှင့်ပြည်သူအကြား ပေါင်းကူးဆက်စပ်ပေးနေသူများဖြစ်ကြသည်။ မိမိ က စိတ်စေတနာကောင်းကောင်းဖြင့် ကူညီဆောင်ရွက်ပေးလိုက်၍ လုပ်ငန်းအဆင်ပြေသွားလျှင် ထိုသူမှ ကျေးဇူးတင် ဝမ်းမြောက်ပီတိဖြစ်သွားမည်။ မိမိအပေါ်လည်း မေတ္တာပို့ပေးသွားကြမည်။ ပီတိဖြစ်စရာ ကောင်း လှပါ၏။ ဤသို့ဆောင်ရွက်ပေးခြင်းဖြင့် မိမိကိုယ်၌က လည်း အခကြေးငွေမျှော်လင့်ရန်မလို။ မိမိအား နိုင်ငံတော်မှ ထိုက်သင့်သောလုပ်ခ၊ လစာကိုချီးမြှင့်ပေးထားပြီးလည်းဖြစ်သည်။ နိုင်ငံ့ဝန်ထမ်း လုပ်ငန်းသည် နိုင်ငံတော်မှပေးအပ်ချီးမြှင့်သော လုပ်ခလစာကိုရယူ ပြီး အများပြည်သူ့အကျိုးကို ဆောင် ရွက်နိုင်သည့်လုပ်ငန်းဖြစ်လေရာ စိတ်ထားတတ်လျှင် “ကုသိုလ်လည်းရ ဝမ်းလည်းဝ”သော အလုပ်ဖြစ် သည်။ အသက် (၆၂) ပြည့်၍ အငြိမ်းစားယူသောအခါတွင်လည်း ဘဝနောင်ရေးအတွက် ပင်စင်လစာ ငွေကိုချီးမြှင့်ခံစားခွင့်ပေးထားသေးသည်။ မိမိကွယ်လွန်သွားလျှင်ပင် မိမိ၏ကျန်ရစ်သူ ဇနီး၊ လင် ယောကျာ်းအတွက် အငြိမ်းစား လစာကို ခံစားခွင့်ပေးထားသေးသည်။ နောင်ရေး စိတ်အေးရသည်သာဖြစ်၏။

အသစ်ရွေးချယ်ခန့်အပ်ခြင်းခံရသော ဝန်ထမ်းသစ်များအနေဖြင့် မိမိတို့၏ နိုင်ငံ့ဝန်ထမ်းတစ်ဦး ဖြစ်ခွင့်ရရေး ကြိုးပမ်းခဲ့ရမှုများကို သိရှိကြပြီးဖြစ်ကြသည်။ နိုင်ငံ့ဝန်ထမ်းတစ်ဦး ဖြစ်လာခဲ့ပြီးနောက် မိမိတို့ ကိုယ်တိုင် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန်လိုအပ်ပါမည်။ နိုင်ငံ့ဝန်ထမ်း တစ်ဦး အနေဖြင့် ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်းနှင့်အတူ ပြည်သူကို အလုပ်အကျွေးပြုနိုင်ရန် ကြိုးစားကြဖို့ လိုအပ်ပေမည်။ အထူးသဖြင့်ကား မိမိအားပေးအပ်သော တာဝန်နှင့် ဝတ္တရားကို ကျေပွန်စွာထမ်းဆောင်ခြင်း၊ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း၊ တည်ဆဲဥပဒေ ပါပြဋ္ဌာန်းချက်များကို စောင့် ထိန်းလိုက်နာခြင်း စသည်များကို လိုက်နာရန်လိုအပ်ကြပေမည်။ စာရေးသူကား ဝန်ထမ်းဘဝတွင် နှစ်ပေါင်း (၃၀)ကြာ ကျင်လည်ခဲ့ဖူးပြီ။ မိမိ၏ကြိုးစားမှု၊ လေ့လာသင်ယူမှုများဖြင့် အဆင့်ဆင့် ရာထူး တိုးမြှင့်ခံခဲ့ရသည်။ ဝန်ထမ်းဘဝကို တွယ်တာခဲ့၊ မြတ်နိုးခဲ့၊ ဂုဏ်ယူခဲ့ပါ၏။

စာရေးသူ၏ ဝန်ထမ်းဘဝတွင် ခေတ်အဆက်ဆက်၊ မင်းပြောင်းမင်းလွှဲအဆက်ဆက်ကို ကြုံခဲ့ရဖူး သည်။ နှစ်ခြိုက်သည်လည်းရှိ၊ မနှစ်ခြိုက်သည်များလည်းရှိခဲ့သည်။ သို့ရာတွင် မိမိသည် အုပ်ချုပ်သူမဟုတ်။ နိုင်ငံ၏အရေးအရာများကို ဖန်တီးသူပဲ့ကိုင်ရှင် မဟုတ်။ မိမိသည် တက်လာသည့်အစိုးရအဖွဲ့ ၏ လမ်းညွှန်ချက်များကို စည်းမျဉ်းစည်းကမ်းဥပဒေများ နှင့် လိုက်နာအကောင်အထည်ဖော်ပေးရသော ဝန် ထမ်းဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံသား ပြည်သူများကို အလုပ်အကျွေးပြုနေသူသာဖြစ်သည်။ မိမိ သည် မည်သည့်အစိုးရ၊ မည်သည့်လူပုဂ္ဂိုလ်အား သစ္စာခံသူ၊ တာဝန်ခံသူမဟုတ်။ နိုင်ငံသားပြည်သူအား သစ္စာခံသူသာဖြစ်သည်ဟု အလေးအနက်ခံယူခဲ့သူ ဖြစ်သည်။

ဝန်ထမ်းသစ်များ နားလည်သဘောပေါက်ကြစေလိုပါ၏။ ချုပ်၍ဆိုရလျှင် ဝန်ထမ်းများအနေဖြင့် ဆောင်ရွက်နေကြသည်မှာ နိုင်ငံရေး(အထူးသဖြင့်) ပါတီနိုင်ငံရေးလုပ်ငန်းအတွက်မဟုတ်။ နိုင်ငံတော် နှင့် ပြည်သူကို အလုပ်အကျွေးပြုသော နိုင်ငံ့အရေး ဆောင်ရွက်နေကြသူများဖြစ်ကြောင်း သဘောပေါက် သိရှိနားလည်ရန်လိုအပ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။

zawgyi version
“ ကုသိုလ္လည္းရ ဝမ္းလည္းဝ ႏိုင္ငံ့ဝန္ထမ္းဘဝ ”
ကြၽန္းသားငမန္း (NP News) - ေအာက္တိုဘာ ၂၅

ႏိုင္ငံ့ဝန္ထမ္းအျဖစ္ ခန႔္အပ္တာဝန္ေပးႏိုင္ေရး အလုပ္ေခၚေၾကာ္ျငာမ်ား၊ ေရးေျဖေအာင္ျမင္ၿပီး လူ ေတြ႕ႏႈတ္ေျဖ စာေမးပြဲေအာင္ျမင္သူမ်ား၏ အမည္ စာရင္းမ်ား၊ အလုပ္ခန႔္အပ္ေၾကာင္း အမည္စာရင္း ထုတ္ျပန္မႈမ်ားကို ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ မၾကာ မၾကာ ေတြ႕ျမင္ေနရသည္။ ဝမ္းသာစရာေကာင္းပါ၏။ ခန႔္အပ္တာဝန္ေပးျခင္းခံရသူမ်ားသည္ ႏိုင္ငံ့ဝန္ထမ္းတစ္ဦးအျဖစ္ တာဝန္ထမ္းေဆာင္ရင္း မိမိတို႔ ၏ဘဝ၊ မိသားစုဘဝတစ္ခုကို ခိုင္ခိုင္မာမာ ရပ္တည္သြားႏိုင္ၾကေတာ့မည္ျဖစ္သည္။

ႏိုင္ငံ့ဝန္ထမ္းတစ္ဦးအျဖစ္ အသက္ (၁၈) ႏွစ္မွစတင္ဝင္ေရာက္ႏိုင္ၿပီး အသက္ (၆၂) ႏွစ္ျပည့္ ေသာအခါ အၿငိမ္းစားယူရသည္။ ထို႔ေၾကာင့္ ႏိုင္ငံ့ ဝန္ထမ္းတစ္ဦး၏ အျမင့္ဆုံးလုပ္သက္မွာ (၄၄) ႏွစ္ ျဖစ္သည္။ သို႔ေသာ္အမ်ားအားျဖင့္ ႏိုင္ငံ့ဝန္ထမ္းအ မ်ားစုမွာ လုပ္သက္အားျဖင့္ (၃၅)ႏွစ္ေက်ာ္ (၄၀) အတြင္းသာရွိတတ္ၾကသည္။ ႏိုင္ငံ့ဝန္ထမ္းတစ္ဦး တာဝန္ေပးခံရေရးဆိုသည္မွာလည္း လြယ္သည္ေတာ့ မဟုတ္။ သတ္မွတ္ ပညာအရည္အခ်င္းျပည့္မီရမည္။ က်န္းမာေရး ေကာင္းမြန္ရမည္။ အက်င့္စာရိတၱ ေကာင္းမြန္ရမည္။ ထို႔ထက္ အမ်ားႏွင့္ယွဥ္ၿပိဳင္ရင္း မိမိၿပိဳင္ဘက္ထက္ ေခါင္းတစ္လုံးသာမွသာ ေ႐ြးခ်ယ္ ခန႔္ထားျခင္းခံရႏိုင္ သည္ဆိုျခင္းကို ဝန္ထမ္းသစ္မ်ားသိရွိၿပီး ျဖစ္ၾကလိမ့္မည္။
ဝန္ထမ္းတစ္ဦးအျဖစ္ တာဝန္ေပးခန႔္အပ္ခံရၿပီ ဆိုသည္ႏွင့္ ထိုသူသည္ ႏိုင္ငံသားအမ်ားျပည္သူ တို႔ လိုက္နာရေသာ ဥပေဒ၊ က်င့္ထုံး၊ က်င့္ဝတ္၊ စည္းကမ္းမ်ားကိုလိုက္နာၾကရသည္။ တစ္ဆက္တည္း တြင္ ႏိုင္ငံ့ဝန္ထမ္းတစ္ဦးအတြက္ သတ္မွတ္ျပ႒ာန္းထားသည့္ ဝန္ထမ္းစည္းမ်ဥ္း၊ စည္းကမ္းမ်ား၊ မိမိ ဌာနမွ ျပ႒ာန္းထားသည့္ စည္းမ်ဥ္း၊ စည္းကမ္းမ်ားကိုလည္း လိုက္နာၾကရသည္။ အျခားတစ္ဖက္တြင္ လည္း ႏိုင္ငံ့ ဝန္ထမ္းဥပေဒအရသတ္မွတ္ထားေသာ အေျခခံ ရပိုင္ခြင့္မ်ားကိုခံစားခြင့္ရွိသည္။ ထိုသို႔ေသာ ျပ႒ာန္းခ်က္မ်ားကို လိုက္နာက်င့္သုံးၿပီး ႏိုင္ငံ့ဝန္ထမ္းမ်ား၏ဘဝကို ျဖတ္သန္းၾကရသည္။

စာေရးသူ၏ဆရာတစ္ဦးက “ ဝန္ထမ္း တစ္ဦးရဲ႕႐ိုးသားမႈနဲ႔သစၥာရွိမႈကို အသက္ (၆၂) ျပည့္ ပင္စင္ယူသူမ်ားမွာသာေတြ႕ႏိုင္တယ္ ” ဟု ဆုံးမ စကားေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားခဲ့သည္ ကို အမွတ္ရမိသည္။ ဆိုရလွ်င္ ႏိုင္ငံ့ဝန္ထမ္းတစ္ဦးအျဖစ္ တာဝန္ေပးခန႔္အပ္ျခင္းခံရၿပီဆိုသည္ႏွင့္ တာ ဝန္ခံမႈႏွင့္ တာဝန္ယူမႈမ်ားရွိလာရၿပီျဖစ္သည္။ “ မည္သူတို႔အတြက္ တာဝန္ခံရမည္နည္း။ မည္သူတို႔ အတြက္ တာဝန္ယူရမည္နည္း ”

မင္းေျပာင္းမင္းလႊဲကာလမ်ားႏွင့္ ႏိုင္ငံ့ဝန္ထမ္းဘဝ
စာေရးသူသည္ ႏိုင္ငံ့ဝန္ထမ္းဘဝကို ႏွစ္ေပါင္း သုံးဆယ္ေက်ာ္ တာဝန္ထမ္းေဆာင္ ျဖတ္သန္းခဲ့သူ ျဖစ္သည္။ စာေရးသူ ႏိုင္ငံ့ဝန္ထမ္းအျဖစ္ စတင္အမႈ ထမ္းခဲ့ခ်ိန္မွစတင္ကာ ႏိုင္ငံေတာ္အတြင္း အစိုးရအ ေျပာင္းအလဲမ်ားကိုေတြ႕ႀကဳံခဲ့ရဖူးသည္။ လုပ္ငန္းခြင္ စတင္တာဝန္ထမ္းေဆာင္သည့္ (၁၉၆၁)ခုႏွစ္တြင္ သန႔္ရွင္း ဖဆပလ (ျပည္ေထာင္စုအစိုးရ)အခ်ိန္ျဖစ္ၿပီး ထိုစဥ္က ျပည္ေထာင္စုပါတီ၏ ၿမိဳ႕နယ္ဥကၠ႒မ်ား အာဏာလႊမ္းမိုးေနခ်ိန္ျဖစ္သည္။

အုပ္ခ်ဳပ္သူ ၿမိဳ႕ပိုင္၊ နယ္ပိုင္မ်ားမွာ ပါတီ ဥကၠ႒မ်ားကို ေၾကာက္႐ြံ႕ေနၾကရသည္။ သူတို႔ႏွင့္မ တည့္လွ်င္ နယ္ေျပာင္းခံရသည္သာမ်ားသည္။ ထို႔ေနာက္ (၁၉၆၂)ခုႏွစ္တြင္ တပ္မေတာ္က ႏိုင္ငံေတာ္ အာဏာကို ထိန္းသိမ္းခဲ့သည္။ ၿမိဳ႕နယ္၊ ခ႐ိုင္၊ တိုင္း လုံၿခဳံေရးႏွင့္အုပ္ခ်ဳပ္မႈေကာ္မတီမ်ားကို ဖြဲ႕စည္းကာ တပ္မေတာ္အရာရွိမ်ား တာဝန္ယူခဲ့ၾကသည္။ ထိုကာလ(၁၉၆၂)ခုႏွစ္မွသည္ (၁၉၇၄)ခုႏွစ္တိုင္ (၁၂)ႏွစ္ ၾကာျမင့္ခဲ့သည္။ (၁၉၇၄) ခုႏွစ္တြင္ ျမန္မာ့ဆိုရွယ္ လစ္လမ္းစဥ္ပါတီအစိုးရ တက္လာသည္။

(၁၉၇၄)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒျဖင့္ ျပည္သူေကာင္စီအဆင့္ဆင့္ ဖြဲ႕စည္းျဖစ္ေပၚခဲ့သည္။ (၁၉၇၄)ခုႏွစ္မွသည္ (၁၉၈၈) ခုႏွစ္တိုင္(၁၄)ႏွစ္ ၾကာျမင့္ခဲ့သည္။ ထို႔ေနာက္(၁၉၈၈) ျပည့္လြန္ႏွစ္မ်ား (၂၀၁၀) ျပည့္ႏွစ္ထိ (၂၂)ႏွစ္တာ ကာလကိုလည္း တပ္မေတာ္မွ တာဝန္ယူခဲ့ျပန္သည္။ (၂၀ဝ၈) ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ျဖစ္ေပၚလာေသာအစိုးရမ်ား(၂၀၁၀-၂၀၂၀)အထိ ဆယ္ႏွစ္တာခရီးတြင္မူ ျပည္သူမ်ားကေ႐ြးခ်ယ္ေပးေသာ ျပည္သူ႔ကိုယ္စားလွယ္မ်ားျဖင့္ ဖြဲ႕စည္းခဲ့သည့္ ဒီမိုကေရစီအစိုးရဆို သည္မ်ားက ဆက္လက္လႊဲေျပာင္း တာဝန္ယူခဲ့ၾကသည္။ စာေရးသူဝန္ထမ္းဘဝ ႏွစ္ေပါင္း(၃၀)ကာလ အတြင္းႀကဳံေတြ႕ခဲ့ရေသာ အေျပာင္းအလဲမ်ား၊ ျဖတ္သန္းမႈမ်ားပင္ျဖစ္သည္။

စာေရးသူတို႔ဝန္ထမ္းဘဝကာလ ျဖတ္သန္းေတြ႕ႀကဳံခဲ့ရေသာ (၁၉၈၈) ခုႏွစ္အေရးအခင္းသည္ ျမန္မာႏိုင္ငံအား ၿပိဳကြဲပ်က္စီးလုနီးပါးဆိုက္ ေရာက္ေစခဲ့သည္။ ထိုစဥ္က တိုင္းျပည္၏အေျခအေနမွာ မ်ားစြာ ဆိုး႐ြားခဲ့သည္။ ႏိုင္ငံေတာ္အခ်ဳပ္အျခာ အာဏာပ်က္ျပားခဲ့လုနီးပါးျဖစ္ခဲ့ရသည္။ အခ်ဳပ္အျခာ အာဏာတြင္ တရားစီရင္ေရးအာဏာ၊ ဥပေဒျပဳေရးအာဏာႏွင့္ အုပ္ခ်ဳပ္ေရးအာဏာတို႔ပါဝင္သည္။

အုပ္ခ်ဳပ္ေရးယႏၲရား ပ်က္ျပားေသာအခါ အုပ္ခ်ဳပ္ေရးအာဏာကင္းမဲ့သလိုျဖစ္သြားရသည္။ တရားစီရင္၊ ဥပေဒျပဳေရး၊ အာဏာမ်ားတည္ရွိေန ေသာ္လည္း ထိုအာဏာကိုသုံးစြဲ၍မရ။ ဤအေျခအ ေနမွာအခ်ဳပ္အျခာအာဏာ ယိုင္နဲ႔လာမႈပင္ျဖစ္သည္။ (၁၉၈၈) ခုႏွစ္တြင္ ျဖစ္ပ်က္ခဲ့သည့္ျဖစ္ရပ္မ်ား၊ ေကာလာဟလသတင္းမ်ားေၾကာင့္ ျဖစ္ေပၚခဲ့ရသည့္ အေျခအေနအရပ္ရပ္ကို ယခုျဖစ္ပြားခဲ့ေသာ(၂၀၂၁) ခုႏွစ္ ျဖစ္စဥ္မ်ားႏွင့္ယွဥ္ထိုးေလ့လာၾကည့္လွ်င္ ဆင္တူယိုးမွားျဖစ္ေနေၾကာင္း ျမင္ေတြ႕ႏိုင္ၾကေပမည္။ (၁၉၈၈)ခုႏွစ္က ျဖစ္စဥ္တြင္ ႏိုင္ငံေရးသမားဆို သူမ်ားသည္ ျပည္ပအားကိုး၊ ျပည္ပအကူအညီကိုေမွ်ာ္ လင့္ခဲ့ၾကသည္။

ႏိုင္ငံႀကီးတစ္ႏိုင္ငံ၏ ေလယာဥ္တင္ သေဘၤာႀကီးမ်ားက ျမန္မာႏိုင္ငံေရျပင္ပိုင္နက္အနီး သို႔တိုင္ ခ်ဥ္းကပ္ဝင္ေရာက္လာကာ ဝင္ေရာက္စြက္ဖက္ေရးႀကိဳးပမ္းေဆာင္႐ြက္ခဲ့သည္ကို ေတြ႕ရသည္။ ထိုနည္း တူ (၂၀၂၁) ျဖစ္စဥ္တြင္လည္း ျပည္ပသို႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေရာက္ရွိသြားသူမ်ားက ျပည္ပ အားကိုးကာ ျပည္ပအကူမ်ား ဝင္ေရာက္လာေစရန္ ဖိတ္ေခၚေနသည္ကိုေတြ႕ရသည္။ မတရား အသင္း အျဖစ္ သတ္မွတ္ေၾကညာခံထားရေသာ အဖြဲ႕အစည္းတို႔သည္ ျပည္ပမွဝင္ေရာက္စြက္ဖက္ေရးကို ေမွ်ာ္လင့္ခ်က္မ်ား ထားရွိေတာင္းဆိုေနၾကသည္။ ျပည္ပႏိုင္ငံႀကီးမ်ားကလည္း မိမိတို႔ဩဇာခံအစိုးရ ကိုတင္ေျမႇာက္ႏိုင္ေရး ႀကိဳးပမ္းအားေပးေနၾကသည္။

ျမန္မာႏိုင္ငံသည္ တိုင္းတစ္ပါးလက္ေအာက္ခံ ႏိုင္ငံတစ္ႏိုင္ငံမဟုတ္။ အခ်ဳပ္အျခာအာဏာပိုင္ လြတ္လပ္ေသာ ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည္။ ျမန္မာႏိုင္ငံ၏ တိုင္းရင္းသား ျပည္သူတစ္ရပ္လုံးသည္ ႏွစ္ေပါင္း (၁၀ဝ)ေက်ာ္ ၿဗိတိသွ်နယ္ခ်ဲ႕တို႔၏ ကိုလိုနီ ကြၽန္သေဘာက္ဘဝတြင္ ခါးသီးစြာေနထိုင္ခဲ့ၾကရ သည္။ ႏိုင္ငံႏွင့္ လူမ်ိဳးကို ခ်စ္ေသာသူ မည္သူမွ် တိုင္းတစ္ပါးက အုပ္ခ်ဳပ္သည့္ ကြၽန္ဘဝကိုလက္ခံႏိုင္ ၾကမည္ မဟုတ္ေပ။ သို႔ရာတြင္ ယေန႔ျဖစ္ပ်က္ေနေသာအေျခအေနမ်ား၊ လုပ္ေဆာင္ေနခ်က္မ်ားမွာ ႏိုင္ငံ အား ေခတ္သစ္ကိုလိုနီကြၽန္ဘဝသို႔ ေရာက္သြားႏိုင္သည့္ ေဆာင္႐ြက္ခ်က္မ်ားေၾကာင္း ေတြ႕ျမင္ေနရ သည္။ ေခတ္သစ္ ကိုလိုနီစနစ္တြင္ တိုင္းျပည္ကို တိုင္းတစ္ပါးသားတို႔ ကိုယ္တိုင္လာေရာက္အုပ္ခ်ဳပ္ မွမဟုတ္၊ ၎တို႔၏ ဩဇာအာဏာကို ခံယူေသာအစိုးရကို တင္ေျမႇာက္ေပးၿပီး တိုင္းျပည္ကို မိမိတို႔ စိတ္တိုင္းက် ႀကိဳးကိုင္ျခယ္လွယ္ျခင္းျဖင့္ အုပ္ခ်ဳပ္သြားျခင္းျဖစ္သည္။ ႏိုင္ငံ့ဝန္ကို ထမ္းေဆာင္ေနၾက ေသာ ႏိုင္ငံ့ဝန္ထမ္းမ်ားသည္ အသိပညာႂကြယ္ဝေသာသူမ်ား ျဖစ္ၾကသည္။ အမွားႏွင့္အမွန္ကို ခ်င့္ခ်ိန္ ေတြးေတာ စဥ္းစားႏိုင္သူမ်ားျဖစ္ၾကသည္။ တိုင္းျပည္ႏွင့္လူမ်ိဳးကို ခ်စ္ေသာ ျပည္သူမ်ား၊ ႏိုင္ငံ့ ဝန္ထမ္း မ်ားအေနျဖင့္ လက္ရွိႏိုင္ငံေတာ္၌ျဖစ္ပ်က္ေနသည့္ျဖစ္ရပ္မ်ားကို ပကတိအျမင္ျဖင့္ ၾကည့္ျမင္သင့္ၾကၿပီ။

ႏိုင္ငံ့အေရးလား ႏိုင္ငံေရးလား
ဝန္ထမ္းမ်ားသည္ ျပည္သူမ်ားျဖစ္ၾကသည္။ ျပည္သူတစ္ဦးအေနျဖင့္ ပါတီႏိုင္ငံေရးႏွင့္ပတ္သက္၍ အထိုက္အေလ်ာက္ဆိုသလို စိတ္ဝင္စားမႈမ်ားရွိၾကမည္။ ေျပာရမည္ဆိုပါက ႏိုင္ငံေရးဆိုသည္ကို စိတ္ပါ ဝင္စားျခင္း မရွိရဟု တားျမစ္ေကာင္းေသာ ကိစၥတစ္ရပ္မဟုတ္ေပ။ သို႔ရာတြင္ အခ်ိန္အခါ၊ ကာလေဒသ လိုက္၍ လူ႔စည္း၊ ဘီလူးစည္း ခြဲျခား၍ လုပ္ကိုင္သင့္ၾကသည္။ ႏိုင္ငံ့အေရးႏွင့္ ႏိုင္ငံေရးကို ကြဲျပားသိရွိႏိုင္ ၾကဖို႔လိုသည္။ အထူးသျဖင့္ ပါတီႏိုင္ငံေရးဆိုသည္ကိုမူ အေလးထားသင့္သည္။ အႏုပညာရွင္အခ်င္းခ်င္း ပါတီႏိုင္ငံေရးေၾကာင့္ပင္ ကြဲၾကရသည္။ စာေရး ဆရာေတြအခ်င္းခ်င္းလည္း ပါတီႏိုင္ငံေရးေၾကာင့္ အေစးမကပ္ ျဖစ္ခဲ့ၾကရသည္။ လင္ႏွင့္မယား တစ္အိမ္ေထာင္တည္းေန အခ်င္းခ်င္းပင္ ထိုပါတီႏိုင္ငံေရး ေၾကာင့္ တက်က္က်က္ တဆူဆူ ျဖစ္ခဲ့ၾကသည္။ ထိုသို႔ျဖစ္ၾကရျခင္းကား လူ႔စည္း၊ ဘီလူးစည္း ခြဲျခားမႈ ကို နားမလည္သေဘာမေပါက္ၾကျခင္းေၾကာင့္ပင္ ျဖစ္သည္။

ႏိုင္ငံ့အေရးႏွင့္ ပါတီႏိုင္ငံေရးကိုကြဲျပား ျခားနားမသိၾက၍ျဖစ္သည္။ ျမန္မာႏိုင္ငံ လြတ္လပ္ေရးရၿပီးသည္မွ အစျပဳကာ ကာလတစ္ေလွ်ာက္လုံး ေကာင္းေကာင္းဆိုးဆိုး ဟုတ္ဟုတ္မွန္မွန္ ဘာမဆို ေတာ္လွန္ေရးဆိုေသာစကားရပ္ကို လြယ္လြယ္သုံးခဲ့ၾကသည္။ လူႀကီးမိဘကို အေရးမထား၊ ဆရာသမား အႀကီးအကဲတို႔ကို အ႐ိုအေသတန္ခဲ့ၾကသည္။ လူႀကီး မိဘမ်ားကို ေတာ္လွန္ခဲ့ၾကသည္။ ဆရာသမား အႀကီးအကဲမ်ားကို ေတာ္လွန္ခဲ့ၾကသည္။ မိမိတို႔သားခ်င္း မိတ္ေဆြအေပါင္းအသင္းအခ်င္းခ်င္းကို ေတာ္ လွန္ခဲ့ၾကသည္။ ထိုသို႔ အေၾကာင္းမတန္ ေတာ္လွန္ေရး စိတ္ဓာတ္မ်ားေၾကာင့္ တိုင္းျပည္တစ္ဝန္းတြင္ ညီၫြတ္မႈ၊ ခ်စ္ခင္မႈ၊ စည္းလုံးမႈ၊ သမဂၢေမတၱာျဗဟၼစိုရ္ တရားတို႔ ပ်က္စီးကင္းေပ်ာက္ နည္းပါးလာခဲ့ရေပ သည္။ ေနာက္ဆုံး ႏိုင္ငံေရးဝင္စြက္မႈမ်ားေၾကာင့္ ဟုတ္ဟုတ္ညားညား တိုးတက္မႈမ်ားကို မေတြ႕ရွိရဘဲ၊ ဆုတ္ယုတ္ ပ်က္စီးမႈအပိုင္းမ်ားကိုသာ ျမင္ေတြ႕ခဲ့ရသည္။ တရားခံမွာ ထိုႏိုင္ငံေရးႏွင့္ ႏိုင္ငံေရးသမား မ်ားသာ ျဖစ္သည္။ အထူးသျဖင့္ ပုဂၢိဳလ္စြဲ၊ ပါတီစြဲ ရွိေသာ ႏိုင္ငံေရးေၾကာင့္ပင္ျဖစ္သည္။

စာေရးသူတို႔ ႏိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္ အစိုးရအဖြဲ႕အဆက္ဆက္ အေျပာင္းအလဲမ်ားရွိခဲ့ေသာ္ လည္း မည္သည့္အစိုးရအဖြဲ႕တက္တက္ ႏိုင္ငံ့တာဝန္မ်ားကို ထမ္းေဆာင္ခဲ့ၾကသူမ်ား ျဖစ္ၾကသည္။ ႏိုင္ငံ့ ဝန္ထမ္း ဟူသည္မွာ မည္သည့္ပါတီ၊ အစိုးရအဖြဲ႕ကိုမွ သစၥာခံသူမ်ားမဟုတ္ၾက။ ေျပာရမည္ဆိုပါက ႏိုင္ငံ့ ဝန္ထမ္းမ်ားအေနျဖင့္ ဝန္ထမ္းအလုပ္ကိုသာ လုပ္ၾကရမည္။ ႏိုင္ငံ့ ဝန္ထမ္းအလုပ္ဆိုသည္မွာ ႏိုင္ငံ့ ဝန္ ကို ေက်ပြန္စြာထမ္းေဆာင္ေရးပင္ ျဖစ္သည္။ ႏိုင္ငံ့အေရးကို ေက်ပြန္စြာထမ္းေဆာင္ေရးသာျဖစ္သည္။

ႏိုင္ငံ့ဝန္ထမ္းမ်ားသည္ ႏိုင္ငံသားျပည္သူမ်ားကို အလုပ္အေကြၽးျပဳေနၾကသူမ်ားသာ ျဖစ္ၾက သည္ဟူေသာ စြဲၿမဲေသာခံယူခ်က္ထားရွိၾကရသူမ်ား ျဖစ္သည္။ ေခတ္စနစ္မ်ား မည္သို႔ပင္ေျပာင္းေျပာင္း၊ မိမိတို႔ အားေပးအားထားေသာ တာဝန္ႏွင့္လုပ္ပိုင္ခြင့္မ်ား မည္သို႔ပင္ေျပာင္းေျပာင္း၊ ႏိုင္ငံ့ဝန္ထမ္းတို႔၏ ေစာင့္ထိန္းလိုက္နာရမည့္ က်င့္ဝတ္မ်ားႏွင့္အညီ ႏိုင္ငံသားမ်ား၏ အက်ိဳး၊ ျပည္သူမ်ား၏အက်ိဳးကို ထမ္းေဆာင္ေနၾကသူမ်ား ျဖစ္ၾကသည္။ စာေရးသူ၏ ဝန္ထမ္းဘဝတြင္လည္း ထိုအတိုင္းပင္ လိုက္နာက်င့္သုံးခဲ့သည္။ သို႔ရာတြင္ (၁၉၈၈) ခုႏွစ္တြင္ျဖစ္ပ်က္ခဲ့သည့္ အေရးအခင္းကာလတြင္ ဝန္ထမ္းအခ်ိဳ႕တို႔ လြဲမွားေသာအျမင္မ်ားႏွင့္ႏိုင္ငံေတာ္ႏွင့္ ဆန႔္က်င္ရာဘက္ သို႔ေရာက္ရွိသြားခဲ့ၾကသည္။ သို႔ရာတြင္ အမ်ားစုတို႔ မွာ (၁၉၈၈) ခုႏွစ္ စက္တင္ဘာလ (၃၀) ရက္တြင္ လုပ္ငန္းခြင္ျပန္လည္ဝင္ေရာက္ တာဝန္ ထမ္းခဲ့ၾကသည္။ အေျပာင္းအလဲအေပၚ နက္နက္နဲနဲအမွတ္ အေတးထားခဲ့ျခင္းမရွိခဲ့ၾက။ အမ်ားႏွင့္အတူ ေရာေယာင္ပါသြားျခင္းျဖစ္ေသာ္လည္း အဖ်က္အေမွာင့္ လုပ္ငန္းမ်ားတြင္ ပါဝင္ခဲ့ျခင္းမရွိခဲ့ၾက။ (၂၀၂၁) ခုႏွစ္တြင္လည္း ဝန္ထမ္းအခ်ိဳ႕မွာ ႏိုင္ငံေရးႏွင့္ႏိုင္ငံ့ အေရးကို ခြဲျခားစိတ္ျဖာျခင္းမျပဳႏိုင္ခဲ့ၾက။ ပါတီစြဲ၊ ပုဂၢိဳလ္စြဲတို႔ေရာစြက္ကာ လမ္းမွားသို႔လိုက္ပါသြားခဲ့ၾကသည္။ မိမိတို႔၏လုပ္ငန္းခြင္မွ ထြက္ခြာသည့္အထဲတြင္ ပါဝင္သြားခဲ့ၾကသည္။

ေျပာရမည္ဆိုပါက စာေရးသူအပါအဝင္ ႏိုင္ငံ့ဝန္ထမ္းအျဖစ္ ဝင္ေရာက္တာဝန္ထမ္းခဲ့သူမ်ား အဖို႔ ႏိုင္ငံ့ဝန္ထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ခြင့္ရရန္၊ ဌာနတြင္းရာထူးတိုးျမင့္ရရွိရန္မွာ လြယ္လြယ္ႏွင့္ရခဲ့ ၾကသည္မဟုတ္။ ခက္ခဲပင္ပန္းစြာ ႀကိဳးစား႐ုန္းကန္ ကာ ဝန္ထမ္းဘဝတြင္ ေျခတင့္ေနႏိုင္ေရး ႀကိဳးပမ္း ေဆာင္႐ြက္ခဲ့ၾကရသည္ျဖစ္ေၾကာင္း စာေရးသူ၏ႏွစ္ေပါင္း (၃၀) ၾကာတာဝန္ထမ္းခဲ့သည့္ ဝန္ထမ္းဘဝ အေတြ႕အႀကဳံအရ ေျပာရျခင္းျဖစ္သည္။ ယခုလုပ္ငန္းခြင္မွထြက္ခြာသြားေသာ ဝန္ထမ္းမ်ားထဲတြင္ လုပ္ သက္ႏုသူမ်ားပါသလို၊ လုပ္သက္ရင့္သူမ်ားလည္းပါဝင္ခဲ့ၾကသည္ကို ေတြ႕ရ သည္။ လုပ္သက္ ရင့္သူမ်ား အဖို႔ကား ၎တို႔၏ ဝန္ထမ္းဘဝတစ္ခုလုံး၏ ရပိုင္ခြင့္၊ အခြင့္အေရးမ်ားကို တစ္သက္လုံးစားလာသည့္ ကြမ္း၊ သံပရာတစ္ျခမ္း ႏွင့္လဲလိုက္သည့္သေဘာ သက္ေရာက္သြားၾကရွာသည္။ လုပ္ငန္းခြင္မွ ထြက္ သြားသူ ဝန္ထမ္းအခ်ိဳ႕မွာ ျပင္ပကုမၸဏီ၊ စက္႐ုံမ်ားတြင္ အလုပ္လုပ္ရန္ ေမွ်ာ္လင့္ခ်က္မ်ား ထားခဲ့ၾက ဟန္တူသည္။ (၂၀၂၁) ခုႏွစ္ တြင္ျဖစ္ပ်က္ခဲ့ေသာ အျဖစ္အပ်က္မ်ား၌ စက္႐ုံ၊ အလုပ္႐ုံအခ်ိဳ႕ မီးရႈိ႕ခံရ၊ တည္ၿငိမ္ေအးခ်မ္းမႈ မရွိျခင္းေၾကာင့္ စက္႐ုံ၊ အလုပ္႐ုံမ်ားပ်က္စီးသြားခဲ့ရၿပီ။ အခ်ိဳ႕ ပိတ္သိမ္းသြားၾက၊ ထိုအထဲ ကိုဗစ္ေရာဂါေၾကာင့္လည္း ကုမၸဏီမ်ား အလုပ္ရပ္နားသြားၾကရေသးသည္။

တစ္ဆက္တည္းမွာပင္ ျပည္ပႏိုင္ငံႀကီးအခ်ိဳ႕၏ စီးပြားေရးပိတ္ဆို႔မႈေၾကာင့္လည္း စီးပြားေရးလုပ္ငန္း မ်ား ရပ္ဆိုင္းကုန္သည္။ ဆရာဝန္၊ သူနာျပဳဆရာမမ်ား၊ ဆရာ၊ ဆရာမမ်ားအဖို႔မွာလည္း ပုဂၢလိကေဆး႐ုံ၊ ေဆးခန္း၊ စာသင္ေက်ာင္းမ်ားတြင္ ဝင္ေရာက္လုပ္ကိုင္ႏိုင္ျခင္းမရွိေလရာ အစိုးရလုပ္ငန္းမွထြက္၊ ျပင္ပ က ကုမၸဏီ၊ စက္႐ုံတစ္ခုခုတြင္ ဝင္ေရာက္လုပ္ကိုင္မည္ဟု ေမွ်ာ္လင့္ေသာဝန္ထမ္းမ်ားမွာ ကူရာ၊ ကယ္ ရာမဲ့ဘဝ ေရာက္ခဲ့ၾကရသည္။ စကားစပ္၍ေျပာရဦးမည္။ စာေရးသူ၏ မိတ္ေဆြျဖစ္သူ၏ သမီးငယ္ တစ္ဦးမွာ ႏိုင္ငံ့ဝန္ထမ္းတစ္ဦး ျဖစ္သည္။ ထို႔အတူ ၾကက္ေျခနီ တပ္ဖြဲ႕တြင္လည္း ၾကက္ေျခနီတပ္ဖြဲ႕မႉး တာဝန္ကို ယူေနရၿပီျဖစ္ကာ ၾကက္ေျခနီလူမႈေရးလုပ္ငန္းမ်ားတြင္ တက္ႂကြစြာပါဝင္ ထမ္းေဆာင္ေန သည္။ သူ႔အား စာေရးသူက ႏိုင္ငံ့ဝန္ထမ္းတာဝန္မွထြက္ၿပီး ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႕တြင္ ေျပာင္း ေ႐ႊ႕တာဝန္ထမ္းေဆာင္ပါက လစာေကာင္းေကာင္းရမည္မဟုတ္လားဟု အႀကံေပးျဖစ္သည္။ သူက “ ႏိုင္ငံ့ ဝန္ထမ္းအလုပ္က လစာနည္းေပမယ့္ တည္ၿငိမ္တယ္။ ထမင္းနပ္မွန္ စားရတယ္။ ဝန္ထမ္း ဆိုတဲ့ သိကၡာ၊ ဂုဏ္ ရွိတယ္။အၿငိမ္းစားယူေတာ့လည္း ပင္စင္လစာရေသးတယ္။ ဒါေၾကာင့္ မေျပာင္းတာပါ။ တစ္ခုေတာ့ရွိတယ္။ ပင္စင္ယူလို႔ရတဲ့အခ်ိန္ လုပ္သက္ (၃၀) ျပည့္ရင္ေတာ့လည္း စဥ္းစားေကာင္း စဥ္းစားမယ္ေပါ့ ” ဟု ေျပာသည္။ ဝန္ထမ္းမ်ား စဥ္းစားသင့္သည္ပင္။

ကုသိုလ္လည္းရ ဝမ္းလည္းဝ
ႏိုင္ငံ့ဝန္ထမ္းဘဝသည္ ဂုဏ္ယူျမတ္ႏိုးဖြယ္ရာဘဝ ျဖစ္သည္။ ႏိုင္ငံ့ဝန္ထမ္းဆိုသည္မွာ “ ကု သိုလ္လည္းရ ဝမ္းလည္းဝ ” ေသာလုပ္ငန္း ျဖစ္သည္။ ႏိုင္ငံ့ဝန္ထမ္းမ်ားသည္ အမ်ားျပည္သူ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ား၏ စီးပြားေရး၊ လူမႈေရးကိစၥရပ္မ်ားအတြက္ မင္းမႈေရးရာကိစၥရပ္မ်ားကို ကူညီေဆာင္႐ြက္ ေပး ရသူမ်ားျဖစ္ၾကသည္။ အစိုးရႏွင့္ျပည္သူအၾကား ေပါင္းကူးဆက္စပ္ေပးေနသူမ်ားျဖစ္ၾကသည္။ မိမိ က စိတ္ေစတနာေကာင္းေကာင္းျဖင့္ ကူညီေဆာင္႐ြက္ေပးလိုက္၍ လုပ္ငန္းအဆင္ေျပသြားလွ်င္ ထိုသူမွ ေက်းဇူးတင္ ဝမ္းေျမာက္ပီတိျဖစ္သြားမည္။ မိမိအေပၚလည္း ေမတၱာပို႔ေပးသြားၾကမည္။ ပီတိျဖစ္စရာ ေကာင္း လွပါ၏။ ဤသို႔ေဆာင္႐ြက္ေပးျခင္းျဖင့္ မိမိကိုယ္၌က လည္း အခေၾကးေငြေမွ်ာ္လင့္ရန္မလို။ မိမိအား ႏိုင္ငံေတာ္မွ ထိုက္သင့္ေသာလုပ္ခ၊ လစာကိုခ်ီးျမႇင့္ေပးထားၿပီးလည္းျဖစ္သည္။ ႏိုင္ငံ့ဝန္ထမ္း လုပ္ငန္းသည္ ႏိုင္ငံေတာ္မွေပးအပ္ခ်ီးျမႇင့္ေသာ လုပ္ခလစာကိုရယူ ၿပီး အမ်ားျပည္သူ႔အက်ိဳးကို ေဆာင္ ႐ြက္ႏိုင္သည့္လုပ္ငန္းျဖစ္ေလရာ စိတ္ထားတတ္လွ်င္ “ကုသိုလ္လည္းရ ဝမ္းလည္းဝ”ေသာ အလုပ္ျဖစ္ သည္။ အသက္ (၆၂) ျပည့္၍ အၿငိမ္းစားယူေသာအခါတြင္လည္း ဘဝေနာင္ေရးအတြက္ ပင္စင္လစာ ေငြကိုခ်ီးျမႇင့္ခံစားခြင့္ေပးထားေသးသည္။ မိမိကြယ္လြန္သြားလွ်င္ပင္ မိမိ၏က်န္ရစ္သူ ဇနီး၊ လင္ ေယာက်ာ္းအတြက္ အၿငိမ္းစား လစာကို ခံစားခြင့္ေပးထားေသးသည္။ ေနာင္ေရး စိတ္ေအးရသည္သာျဖစ္၏။

အသစ္ေ႐ြးခ်ယ္ခန႔္အပ္ျခင္းခံရေသာ ဝန္ထမ္းသစ္မ်ားအေနျဖင့္ မိမိတို႔၏ ႏိုင္ငံ့ဝန္ထမ္းတစ္ဦး ျဖစ္ခြင့္ရေရး ႀကိဳးပမ္းခဲ့ရမႈမ်ားကို သိရွိၾကၿပီးျဖစ္ၾကသည္။ ႏိုင္ငံ့ဝန္ထမ္းတစ္ဦး ျဖစ္လာခဲ့ၿပီးေနာက္ မိမိတို႔ ကိုယ္တိုင္ ဝန္ထမ္းေကာင္းမ်ားျဖစ္ေအာင္ ႀကိဳးစားၾကရန္လိုအပ္ပါမည္။ ႏိုင္ငံ့ဝန္ထမ္း တစ္ဦး အေနျဖင့္ ႐ိုးသားျခင္း၊ ေျဖာင့္မတ္ျခင္းႏွင့္အတူ ျပည္သူကို အလုပ္အေကြၽးျပဳႏိုင္ရန္ ႀကိဳးစားၾကဖို႔ လိုအပ္ေပမည္။ အထူးသျဖင့္ကား မိမိအားေပးအပ္ေသာ တာဝန္ႏွင့္ ဝတၱရားကို ေက်ပြန္စြာထမ္းေဆာင္ျခင္း၊ ႏိုင္ငံေတာ္၏ေက်းဇူးသစၥာကို ေစာင့္သိ႐ိုေသျခင္း၊ တည္ဆဲဥပေဒ ပါျပ႒ာန္းခ်က္မ်ားကို ေစာင့္ ထိန္းလိုက္နာျခင္း စသည္မ်ားကို လိုက္နာရန္လိုအပ္ၾကေပမည္။ စာေရးသူကား ဝန္ထမ္းဘဝတြင္ ႏွစ္ေပါင္း (၃၀)ၾကာ က်င္လည္ခဲ့ဖူးၿပီ။ မိမိ၏ႀကိဳးစားမႈ၊ ေလ့လာသင္ယူမႈမ်ားျဖင့္ အဆင့္ဆင့္ ရာထူး တိုးျမႇင့္ခံခဲ့ရသည္။ ဝန္ထမ္းဘဝကို တြယ္တာခဲ့၊ ျမတ္ႏိုးခဲ့၊ ဂုဏ္ယူခဲ့ပါ၏။

စာေရးသူ၏ ဝန္ထမ္းဘဝတြင္ ေခတ္အဆက္ဆက္၊ မင္းေျပာင္းမင္းလႊဲအဆက္ဆက္ကို ႀကဳံခဲ့ရဖူး သည္။ ႏွစ္ၿခိဳက္သည္လည္းရွိ၊ မႏွစ္ၿခိဳက္သည္မ်ားလည္းရွိခဲ့သည္။ သို႔ရာတြင္ မိမိသည္ အုပ္ခ်ဳပ္သူမဟုတ္။ ႏိုင္ငံ၏အေရးအရာမ်ားကို ဖန္တီးသူပဲ့ကိုင္ရွင္ မဟုတ္။ မိမိသည္ တက္လာသည့္အစိုးရအဖြဲ႕ ၏ လမ္းၫႊန္ခ်က္မ်ားကို စည္းမ်ဥ္းစည္းကမ္းဥပေဒမ်ား ႏွင့္ လိုက္နာအေကာင္အထည္ေဖာ္ေပးရေသာ ဝန္ ထမ္းျဖစ္သည္။ တစ္နည္းအားျဖင့္ ႏိုင္ငံသား ျပည္သူမ်ားကို အလုပ္အေကြၽးျပဳေနသူသာျဖစ္သည္။ မိမိ သည္ မည္သည့္အစိုးရ၊ မည္သည့္လူပုဂၢိဳလ္အား သစၥာခံသူ၊ တာဝန္ခံသူမဟုတ္။ ႏိုင္ငံသားျပည္သူအား သစၥာခံသူသာျဖစ္သည္ဟု အေလးအနက္ခံယူခဲ့သူ ျဖစ္သည္။

ဝန္ထမ္းသစ္မ်ား နားလည္သေဘာေပါက္ၾကေစလိုပါ၏။ ခ်ဳပ္၍ဆိုရလွ်င္ ဝန္ထမ္းမ်ားအေနျဖင့္ ေဆာင္႐ြက္ေနၾကသည္မွာ ႏိုင္ငံေရး(အထူးသျဖင့္) ပါတီႏိုင္ငံေရးလုပ္ငန္းအတြက္မဟုတ္။ ႏိုင္ငံေတာ္ ႏွင့္ ျပည္သူကို အလုပ္အေကြၽးျပဳေသာ ႏိုင္ငံ့အေရး ေဆာင္႐ြက္ေနၾကသူမ်ားျဖစ္ေၾကာင္း သေဘာေပါက္ သိရွိနားလည္ရန္လိုအပ္ေၾကာင္း တိုက္တြန္းေရးသားလိုက္ရပါသည္။

Related news

© 2021. All rights reserved.