တရုတ်စစ်ရေးလေ့ကျင့်ခန်းအပြီးမှာအမေရိကန်က ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ ၂ ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများရောင်းချဖို့ ခွင့်ပြု

 109

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၇

အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်ကိုအမေရိကန်ဒေါ်လာ ၂ ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေး ဖို့ ခွင့်ပြုခဲ့ကြေင်း သိရပါတယ်။ တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းနားတွင် ကြီးမားတဲ့စစ်ရေးလေ့ကျင့်ခန်း လုပ်ဆောင်ခဲ့ပြီးနောက် အမေရိကန်အစိုးရက ထိုင်ဝမ်ကို ယူကရိန်းစစ်ပွဲအတွင်း စမ်းသပ်ခဲ့တဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ကူညီထောက်ပံ့ပေးဖို့ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါတယ်။

အမေရိကန်စစ်ဌာနချုပ်က ထိုင်ဝမ်ကို ထပ်မံပေးပို့မယ့်လက်နက်စနစ်တွေထဲမှာ လေကြောင်းရန် ကာကွယ်ရေး စနစ်နဲ့ ရေဒါစနစ်တွေ ပါဝင်ခဲ့ကြောင်း၊ လေကြောင်းရန်ကာကွယ်ရေးစနစ် တန်ဖိုးက အမေရိကန်ဒေါ်လာ၁ ဒသမ ၂ ဘီလျံဖြစ်ပြီး ရေဒါစနစ်တန်ဖိုးက အမေရိကန်ဒေါ်လာ ၈၂၈ သန်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် စာချုပ်ကို RTX Corp ကုမ္ပဏီနဲ့ချုပ်ဆိုမှာဖြစ်ကြောင်း သိရပါတယ်။

ဒေသအတွင်း စီးပွားရေးတိုးတက်ရေး၊ စစ်ရေးဟန်ချက်ထိန်းနိုင်ရေး၊ နိုင်ငံရေးတည်ငြိမ်မှုတို့အတွက် ရည်ရွယ်ပြီး ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးဖို့ခွင့်ပြုခဲ့တာဖြစ်တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ အမေရိကန်က ထိုင်ဝမ်ကို ရောင်းချပေးမယ့် လေကြောင်းရန်ကာကွယ်ရေးအတွက် ဒုံးကျည်စနစ်တွေထဲမှာ တာလတ်ပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်အပြင် တာလတ်ပစ် လေကြောင်းရန် ကာကွယ်ရေးစနစ် ထက် ပိုမိုဝေးကွာမယ့် ဒုံးကျည်စနစ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

အမေရိကန်ဟာ တရုတ်အစိုးရက ကန့်ကွက်မှုတွေရှိနေတဲ့ကြားမှ ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေး နေခြင်းဖြစ်ပါတယ်။ ထိုင်ဝမ်သမ္မတအသစ် လိုင်ချန်တေး တက်လာခဲ့ပြီးနောက်ထိုင်ဝမ် နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေ ပိုမိုဖြစ်လာနေပြီး ထိုင်ဝမ်က တရုတ်လက်အောက်မှခွဲထွက်လိုပြီး တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်ဖြစ်တယ်လို့ ပြောပါတယ်။

Zawgyi Version;
တ႐ုတ္စစ္ေရးေလ့က်င့္ခန္းအၿပီးမွာအေမရိကန္က ထိုင္ဝမ္ကို အေမရိကန္ေဒၚလာ ၂ ဘီလ်ံတန္ဖိုးရွိ စစ္လက္နက္ပစၥည္းမ်ားေရာင္းခ်ဖို႔ ခြင့္ျပဳ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၇

အေမရိကန္ႏိုင္ငံဟာ ထိုင္ဝမ္ကိုအေမရိကန္ေဒၚလာ ၂ ဘီလ်ံတန္ဖိုးရွိ စစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ေပး ဖို႔ ခြင့္ျပဳခဲ့ေၾကင္း သိရပါတယ္။ တ႐ုတ္စစ္တပ္က ထိုင္ဝမ္ကြၽန္းနားတြင္ ႀကီးမားတဲ့စစ္ေရးေလ့က်င့္ခန္း လုပ္ေဆာင္ခဲ့ၿပီးေနာက္ အေမရိကန္အစိုးရက ထိုင္ဝမ္ကို ယူကရိန္းစစ္ပြဲအတြင္း စမ္းသပ္ခဲ့တဲ့ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ေတြ ကူညီေထာက္ပံ့ေပးဖို႔ ခြင့္ျပဳေပးခဲ့ျခင္းျဖစ္ပါတယ္။

အေမရိကန္စစ္ဌာနခ်ဳပ္က ထိုင္ဝမ္ကို ထပ္မံေပးပို႔မယ့္လက္နက္စနစ္ေတြထဲမွာ ေလေၾကာင္းရန္ ကာကြယ္ေရး စနစ္နဲ႔ ေရဒါစနစ္ေတြ ပါဝင္ခဲ့ေၾကာင္း၊ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ တန္ဖိုးက အေမရိကန္ေဒၚလာ၁ ဒသမ ၂ ဘီလ်ံျဖစ္ၿပီး ေရဒါစနစ္တန္ဖိုးက အေမရိကန္ေဒၚလာ ၈၂၈ သန္းျဖစ္တယ္လို႔ ဆိုပါတယ္။

ဒုံးက်ည္ကာကြယ္ေရးစနစ္အတြက္ စာခ်ဳပ္ကို RTX Corp ကုမၸဏီနဲ႔ခ်ဳပ္ဆိုမွာျဖစ္ေၾကာင္း သိရပါတယ္။

ေဒသအတြင္း စီးပြားေရးတိုးတက္ေရး၊ စစ္ေရးဟန္ခ်က္ထိန္းႏိုင္ေရး၊ ႏိုင္ငံေရးတည္ၿငိမ္မႈတို႔အတြက္ ရည္႐ြယ္ၿပီး ထိုင္ဝမ္ကို စစ္လက္နက္ပစၥည္းေတြ ေရာင္းခ်ေပးဖို႔ခြင့္ျပဳခဲ့တာျဖစ္တယ္လို႔ အေမရိကန္စစ္တပ္က ေျပာပါတယ္။ အေမရိကန္က ထိုင္ဝမ္ကို ေရာင္းခ်ေပးမယ့္ ေလေၾကာင္းရန္ကာကြယ္ေရးအတြက္ ဒုံးက်ည္စနစ္ေတြထဲမွာ တာလတ္ပစ္ေလေၾကာင္းရန္ကာကြယ္ေရးဒုံးက်ည္စနစ္အျပင္ တာလတ္ပစ္ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ ထက္ ပိုမိုေဝးကြာမယ့္ ဒုံးက်ည္စနစ္ေတြလည္း ပါဝင္တယ္လို႔ သိရပါတယ္။

အေမရိကန္ဟာ တ႐ုတ္အစိုးရက ကန႔္ကြက္မႈေတြရွိေနတဲ့ၾကားမွ ထိုင္ဝမ္ကို စစ္လက္နက္ပစၥည္းေတြ ေရာင္းခ်ေပး ေနျခင္းျဖစ္ပါတယ္။ ထိုင္ဝမ္သမၼတအသစ္ လိုင္ခ်န္ေတး တက္လာခဲ့ၿပီးေနာက္ထိုင္ဝမ္ နဲ႔ တ႐ုတ္ႏိုင္ငံၾကား တင္းမာမႈေတြ ပိုမိုျဖစ္လာေနၿပီး ထိုင္ဝမ္က တ႐ုတ္လက္ေအာက္မွခြဲထြက္လိုၿပီး တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ဟာ ၎တို႔ပိုင္နက္ျဖစ္တယ္လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.