ရွှေတိဂုံစေတီတော်မြတ်ကြီး၌ (၃၆) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူ ပူဇော်ပွဲ ကျင်းပမည်

 111

နာမူ (NP News) - အောက်တိုဘာ ၂၇

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ (၃၆) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲ ကျင်းပမည်ဖြစ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
(၃၆)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲအခမ်းအနားနှင့် သာမညဖလအခါတော်နေ့ အခမ်းအနားများကို လာမည့် နိုဝင်ဘာလ ၁၄ ရက်နှင့် ၁၅ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို နိုဝင်ဘာလ ၁၄ ရက်၊ ညနေ ၄ နာရီအချိန်၌ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲဝင်များ၊ ဗုဒ္ဓ ဝေယျာဝစ္စအသင်းအဖွဲများ၊ ဝန်ထမ်းများနှင့် ရက်ကန်းပြိုင်ပွဲဝင်အဖွဲများက စေတီတော်ရင်ပြင် တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းရှေ့စုရပ်မှ စေတီတော်မြတ်ကြီးအား လက်ျာရစ် တစ်ပတ်လှည့်လည် ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ရာဟုထောင့်ရှိ အောင်မြေတွင် ရက်ကန်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပကာ ည ၁၀ နာရီတွင် ရက်ကန်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ၍ ဆုရရှိသည့် ရက်ကန်းစင်တော်များအလိုက် ဆုချီးမြှင့်ခြင်း၊ ရရှိလာ သောပိတ်သားများကို ရွှေကြာသင်္ကန်းတော်များအဖြစ် ညတွင်းချင်း အပြီးချုပ်လုပ်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာ ၁၅ ရက်)တွင် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းအဖွဲများ၊ ဝန်ထမ်းများ၊ ရက်ကန်းပြိုင်ပွဲဝင်အဖွဲများက ရွှေကြာသင်္ကန်းတော်များအား ကိုင်ဆောင်ကာ စေတီတော်မြတ်ကြီးအား လက်ျာရစ်တစ်ပတ် လှည့်လည်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အာရုံခံမုခ်ဦးများအတွင်းရှိ ပွင့်တော်မူပြီးသော ဘုရားရှင်လေးဆူတို့၏ ရုပ်ပွားတော်များ၊ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်ရုပ်ပွားတော်နှင့် သတ်မှတ်တန်ဆောင်းများ အတွင်းရှိ ရုပ်ပွားတော်များကို မသိုးရွှေကြာသင်္ကန်းများ လှည့်လည်ပူဇော်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version;
ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီး၌ (၃၆) ႀကိမ္ေျမာက္ မသိုးေ႐ႊၾကာသကၤန္း ရက္လုပ္ကပ္လႉ ပူေဇာ္ပြဲ က်င္းပမည္
နာမူ (NP News) - ေအာက္တိုဘာ ၂၇

ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီး၌ (၃၆) ႀကိမ္ေျမာက္ မသိုးေ႐ႊၾကာသကၤန္း ရက္လုပ္ကပ္လႉပူေဇာ္ပြဲ က်င္းပမည္ျဖစ္ ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
(၃၆)ႀကိမ္ေျမာက္ မသိုးေ႐ႊၾကာသကၤန္း ရက္လုပ္ကပ္လႉပူေဇာ္ပြဲအခမ္းအနားႏွင့္ သာမညဖလအခါေတာ္ေန႔ အခမ္းအနားမ်ားကို လာမည့္ ႏိုဝင္ဘာလ ၁၄ ရက္ႏွင့္ ၁၅ရက္တို႔တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားကို ႏိုဝင္ဘာလ ၁၄ ရက္၊ ညေန ၄ နာရီအခ်ိန္၌ ဘ႑ာေတာ္ထိန္းေဂါပက အဖြဲဝင္မ်ား၊ ဗုဒၶ ေဝယ်ာဝစၥအသင္းအဖြဲမ်ား၊ ဝန္ထမ္းမ်ားႏွင့္ ရက္ကန္းၿပိဳင္ပြဲဝင္အဖြဲမ်ားက ေစတီေတာ္ရင္ျပင္ ေတာင္ဘက္ ေရွးေဟာင္းဗုဒၶ႐ုပ္ပြားေတာ္မ်ား တန္ေဆာင္းေရွ႕စုရပ္မွ ေစတီေတာ္ျမတ္ႀကီးအား လက္်ာရစ္ တစ္ပတ္လွည့္လည္ ပူေဇာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ရာဟုေထာင့္ရွိ ေအာင္ေျမတြင္ ရက္ကန္းၿပိဳင္ပြဲ ဖြင့္ပြဲအခမ္းအနားကို က်င္းပကာ ည ၁၀ နာရီတြင္ ရက္ကန္းၿပိဳင္ပြဲ ဆုေပးပြဲအခမ္းအနား က်င္းပ၍ ဆုရရွိသည့္ ရက္ကန္းစင္ေတာ္မ်ားအလိုက္ ဆုခ်ီးျမႇင့္ျခင္း၊ ရရွိလာ ေသာပိတ္သားမ်ားကို ေ႐ႊၾကာသကၤန္းေတာ္မ်ားအျဖစ္ ညတြင္းခ်င္း အၿပီးခ်ဳပ္လုပ္ျခင္းမ်ား ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းလည္း သိရသည္။

တန္ေဆာင္မုန္းလျပည့္ေန႔ (ႏိုဝင္ဘာ ၁၅ ရက္)တြင္ ဘ႑ာေတာ္ထိန္း ေဂါပကအဖြဲဝင္မ်ား၊ ဗုဒၶေဝယ်ာဝစၥ အသင္းအဖြဲမ်ား၊ ဝန္ထမ္းမ်ား၊ ရက္ကန္းၿပိဳင္ပြဲဝင္အဖြဲမ်ားက ေ႐ႊၾကာသကၤန္းေတာ္မ်ားအား ကိုင္ေဆာင္ကာ ေစတီေတာ္ျမတ္ႀကီးအား လက္်ာရစ္တစ္ပတ္ လွည့္လည္ပူေဇာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အာ႐ုံခံမုခ္ဦးမ်ားအတြင္းရွိ ပြင့္ေတာ္မူၿပီးေသာ ဘုရားရွင္ေလးဆူတို႔၏ ႐ုပ္ပြားေတာ္မ်ား၊ အထက္ပစၥယံရွိ ပတၱျမားမ်က္ရွင္႐ုပ္ပြားေတာ္ႏွင့္ သတ္မွတ္တန္ေဆာင္းမ်ား အတြင္းရွိ ႐ုပ္ပြားေတာ္မ်ားကို မသိုးေ႐ႊၾကာသကၤန္းမ်ား လွည့္လည္ပူေဇာ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.