ဂီတမြို့တော် (သို့မဟုတ်) ဩစတြီးယားနိုင်ငံရဲ့ မြို့တော် ဗီယင်နာအကြောင်း

 48

Pika (NP News) - အောက်တိုဘာ ၂၇

ဗီယင်နာသည် ဩစတြီးယားနိုင်ငံ၏မြို့တော်ဖြစ်ပြီး နိုင်ငံတွင်းတွင် လူဦးရေအများဆုံး မြို့တစ်မြို့လည်း ဖြစ်ကာ ဩစတြီးယား၏ ဖက်ဒရယ် ပြည်နယ်(၉)ခုအနက် တစ်ခုဖြစ်သည်။ နေထိုင်သူ လူဦးရေ(၂)သန်းနီးပါးရှိသော ဗီယင်နာမြို့သည် ဩစတြီးယားနိုင်ငံ၏ အဓိကပင်မမြို့ဖြစ်ကြောင်း လည်းသိရသည်။ ဗီယင်နာမြို့ပြဧရိယာသည် နေ ထိုင်သူလူဦးရေ(၂ ဒသမ ၉ )သန်းနီးပါးရှိပြီး နိုင်ငံ စုစုပေါင်း လူဦးရေ၏ သုံးပုံ တစ်ပုံနီးပါးရှိကြောင်း လည်းသိရသည်။ ဗီယင်နာမြို့သည် နိုင်ငံတွင်းတွင် ယဉ်ကျေးမှု၊ စီးပွားရေးနှင့် နိုင်ငံရေးအချက်အချာကျ သောမြို့တစ်မြို့ဖြစ်ပြီး ဥရောပ သမဂ္ဂတွင် လူဦးရေပမာဏအရ (၅)ခုမြောက်အကြီးဆုံးမြို့တစ်မြို့ဖြစ်ကာ Danube မြစ်ပေါ်တွင်တည်ရှိသည့်မြို့များ အနက် လူဦးရေအများဆုံးမြို့တစ်မြို့ဖြစ်သည်။ ဗီယင်နာမြို့သည် ဩစတြီးယား၏ အနောက်ဘက် ခြမ်းနှင့် ဗီယင်နာမြို့ ကိုပိုင်းခြားထားသော Alps တောင်တန်း၏ အရှေ့မြောက်ဘက်အကျဆုံးတောင်ခြေ Vienna Woods တောင်တန်း ဒေသ၏ အရှေ့ဘက်စွန်းတွင်တည်ရှိကြောင်းသိရသည်။ ဗီယင်နာမြို့ကို Lower Austria ဖက်ဒရယ်ပြည်နယ်ကဝန်းရံ ထားပြီး ဆလိုဗက်ကီးယားနိုင်ငံ၏ အနောက်ဘက် (၅၀)ကီလိုမီတာအကွာ၊ ဟန်ဂေရီနိုင်ငံ၏ အနောက် မြောက်ဘက် (၆၀)ကီလိုမီတာအကွာနှင့် ချက်ပြည် သူ့သမ္မတနိုင်ငံ၏တောင်ဘက်(၆၀)ကီလိုမီတာအကွာတွင် တည်ရှိသည်။ အစောပိုင်းကာလများတွင် ဆဲလ်တစ်လူမျိုးများ၏အခြေချနေထိုင်ရာနေရာဖြစ်သော Vedunia မြို့ကို (၁)ရာစုတွင် ရောမလူမျိုးများက ၎င်းတို့၏စစ်စခန်းအဖြစ်ပြောင်းလဲခဲ့ပြီး (၂၁၂)ခုနှစ်တွင် မြူနီစီပယ်အဖြစ်သို့ မြှင့်တင်ခဲ့ ကြောင်းသိရ သည်။ (၁၁၅၅)ခုနှစ်တွင် ဗီယင်နာမြို့ ကို (၉၇၆)ခုနှစ်မှ (၁၂၇၈)ခုနှစ်အထိ ဩစတြီးယား ၏အရှင်သခင်များဖြစ်ခဲ့သော Babenbergs မင်း ဆက်များ၏ ပလ္လင်နေရာအဖြစ် ထူထောင်ခဲ့ပြီး မြို့တော်လုပ်ပိုင်ခွင့်များပေးအပ်ခဲ့ကြောင်းသိရသည်။ (၁၆)ရာစုတွင် ဩစတြီးယား၏ နောက်ဆက်တွဲမင်းဆက်များဖြစ်သော Habsburgs တို့သည် ဗီယင်နာမြို့ကို သန့်ရှင်းသော ရောမအင်ပါယာ ပြိုကွဲခဲ့သည့် (၁၈၀၆) ခုနှစ်မတိုင်မီအထိ ရောမအင်ပါယာ၏ ပလ္လင်နေရာအဖြစ် ထူ ထောင်ခဲ့ကြောင်းသိရသည်။ ထို့နောက် (၁၈၀၄) ခုနှစ်တွင် ဩစတြီးယားအင်ပါယာ ပေါ်ပေါက်လာခဲ့ပြီး ဗီယင်နာသည် အင်ပါယာ တစ်ခုလုံး၏မြို့တော်ဖြစ်လာခဲ့ကြောင်းသိရသည်။ ခေတ်သစ်တစ်လျှောက်လုံးတွင် ဗီယင်နာမြို့သည် ကမ္ဘာပေါ်တွင် ဂျာမန်ဘာသာစကားသုံးသောမြို့ ကြီးများထဲမှတစ်မြို့ဖြစ်ခဲ့ပြီး (၁၈)ရာစုနှင့် (၁၉) ရာစုတို့တွင် ဂျာမန် ဘာသာစကားသုံးသည့် အကြီး ဆုံးမြို့တစ်မြို့ဖြစ်ခဲ့ကြောင်းသိရသည်။ ထို့ပြင် ဗီယင်နာမြို့သည် ကုလသမဂ္ဂ၊ OPEC နှင့် OSCE တို့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအများအပြား အခြေစိုက်ရာနေရာတစ်ခုလည်းဖြစ်ပြီး (၂၀ဝ၁)ခုနှစ်တွင် မြို့၏ဗဟိုကို ယူနက်စကိုကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့ကြောင်းသိရသည်။ သို့သော်လည်း (၂၀၁၇)ခုနှစ် ဇူလိုင်လတွင် ဗီယင်နာ မြို့ဗဟိုကို အန္တရာယ်ရှိကမ္ဘာ့အမွေအနှစ်စာရင်းထဲသို့ထည့်သွင်းခဲ့သည်။ Beethoven, Brahms, Bruckner, Haydn, Mahler, Mozart, Schoenberg, Schubert, Johann Strauss I နှင့် Johann Strauss II တို့ကဲ့သို့သော နာမည်ကျော်ဂန္ထဝင်ဂီတပညာရှင်အများအပြားသည် ဗီယင်နာမြို့ တွင်နေထိုင်ကာ အလုပ်လုပ်ကိုင်ခဲ့ကြမှုနှင့်အတူ ဂီတအမွေအနှစ်များစွာကြောင့် ဂီတမြို့တော်ဟု အမည်တွင်ခဲ့ကြောင်းလည်းသိရသည်။ Viennese Classicism ခေတ်မှ (၂၀)ရာစုအစောပိုင်းအထိ ဗီယင်နာမြို့သည် ဥရောပဂီတစင်တာတစ်ခုအဖြစ် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့ကြောင်းလည်းသိရသည်။ ထို့ပြင် ဗီယင်နာမြို့သည် ကမ္ဘာ့ပထမဆုံး စိတ်ပညာရှင် Sigmund Freud နေထိုင်ခဲ့ရာနေရာ တစ်ခုလည်းဖြစ်သည်။ ဗီယင်နာ၏သမိုင်းဝင်ဗဟိုနေရာတွင် Baroque နန်းတော် များ၊ ဥယျာဉ်များနှင့် (၁၉)ရာစုနှောင်းပိုင်းတွင်ပေါ်ပေါက်လာခဲ့ကာ ခမ်းနားသောအဆောက်အအုံများ၊ အထိမ်းအမှတ် နေရာများ၊ ပန်းခြံများဖြင့်စည်ကားသည့် Ringstraße အဝေးပြေးလမ်းမကြီးအပါအဝင် ဗိသုကာလက်ရာ အများအပြား ရှိကြောင်းလည်းသိရသည်။
(၂၀၂၄)ခုနှစ်တွင် ဗီယင်နာမြို့သည် Economist Intelligence Unit အရ နေထိုင်ရန်အသင့်တော်ဆုံးမြို့အဖြစ် ၎င်း၏ဂုဏ်ပုဒ် ကို ဆက်လက်ထိန်းသိမ်းထားပြီး (၂၀၁၅)ခုနှစ် နောက်ပိုင်းတည်းက ကမ္ဘာပေါ်တွင် နေထိုင်ရန်အသင့် တော်ဆုံး ဒုတိယမြောက်မြို့အဖြစ် ရပ်တည်နေခဲ့ကြောင်းသိရသည်။
စီးပွားရေး
ဗီယင်နာမြို့သည် ဩစတြီးယားနိုင်ငံ စုစုပေါင်းဂျီဒီပီ၏(၂၈ ဒသမ ၆)ရာခိုင်နှုန်းကို ထုတ်ပေးပြီး နိုင်ငံတွင်းတွင် ဒေသဆိုင်ရာစွမ်းဆောင်ရည်အမြင့် ဆုံးမြို့တစ်မြို့လည်းဖြစ်သည်။ (၂၀၂၁)ခုနှစ်တွင် ဗီယင်နာမြို့၏ တစ်ဦးချင်းဂျီဒီပီ သည် ယူရို(၅၃၀ဝဝ)အထိရှိခဲ့ပြီး ဝန်ဆောင်မှုကဏ္ဍများက ဗီယင်နာမြို့၏စီးပွားရေးကိုလွှမ်းမိုးထားကြောင်းလည်း သိရသည်။ (၂၀၂၂)ခုနှစ်တွင် ဗီယင်နာမြို့၏ အလုပ်လက်မဲ့ရာ ခိုင်နှုန်းသည် (၉ ဒသမ ၆)ရာခိုင်နှုန်းသာရှိခဲ့ပြီး ဖက် ဒရယ်ပြည်နယ်အားလုံးထဲတွင် အလုပ်လက်မဲ့နှုန်း အမြင့်ဆုံးဖြစ်ကာ ပုဂ္ဂလိကဝန်ဆောင်မှုကဏ္ဍက အလုပ်အကိုင် အားလုံး၏ (၇၅)ရာခိုင်နှုန်းကို ပံ့ပိုးပေးထားကြောင်းလည်းသိရသည်။ ထို့ပြင် (၂၀၁၅) ခုနှစ်အထိ ဗီယင်နာမြို့တွင် နိုင်ငံတကာကုမ္ပဏီ ပေါင်း(၁၇၅)ခု၏ ရုံးခွဲများရှိကြပြီး ဩစတြီးယားနိုင်ငံတွင်းရှိ ထိပ်တန်းကုမ္ပဏီပေါင်း(၅၀ဝ)အနက် (၂၀၃)ခုသည် ဗီယင်နာမြို့တွင် ရုံးချုပ်များရှိကြကြောင်း လည်းသိရသည်။ (၁၉၈၉)ခုနှစ်တွင် Iron Curtain ဧရိယာပြိုကွဲခဲ့ပြီးနောက် ဗီယင်နာမြို့သည် အရှေ့ဥ ရောပသို့ တံခါးပေါက်အဖြစ် ၎င်း၏ရပ်တည်ချက်ကို တိုးချဲ့ခဲ့ ကြောင်းလည်း သိရသည်။ Hewlett-Pack­ard, Henkel, Baxalta နှင့် Siemens တို့ကဲ့သို့သော ကုမ္ပဏီများအပါအဝင် နိုင်ငံတကာကုမ္ပဏီပေါင်း (၃၀ဝ)ခန့်၏ အရှေ့ဥရောပရုံးချုပ်များသည် ဗီယင်နာမြို့တွင်တည်ရှိကြောင်း လည်းသိရ သည်။ ထို့ပြင် (၂၀၁၄)ခုနှစ်မှစတင်ပြီး နှစ်စဉ် ကုမ္ပဏီအသစ် ပေါင်း(၈၃၀ဝ)ခန့်ကို ဗီယင်နာမြို့တွင် တည်ထောင်ခဲ့ ကြောင်းလည်းသိရသည်။ အဆိုပါကုမ္ပဏီများသည် စက်မှုလုပ်ငန်းကိုဦးတည်သော ဝန်ဆောင်မှုများ၊ လက်ကားရောင်း ဝယ်ရေးအပြင် သတင်းအချက်အလက်၊ ဆက်သွယ်ရေးနည်းပညာများနှင့် မီဒီယာနယ်ပယ်အသစ်များတွင် လည်ပတ် လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။
ခရီးသွားလုပ်ငန်း
(၂၀၂၃)ခုနှစ်တွင် ဗီယင်နာမြို့၌ ညအိပ်တည်းခိုသူ ခရီးသွား(၁၇ ဒသမ ၃)သန်းရှိခဲ့သည်။(၂၀၂၃)ခုနှစ်တွင် ထိပ်တန်းအဝင်ဈေးကွက်(၁၀)ခုမှာ ဂျာမနီ၊ ဩစတြီးယား၊ အမေရိကန်၊ အီတလီ၊ ဗြိတိန်၊ စပိန်၊ ပြင်သစ်၊ ပိုလန်၊ ဆွစ်ဇာလန်နှင့် ရိုမေးနီးယားနိုင်ငံတို့ဖြစ်ကြောင်းသိရသည်။

ဗိသုကာပညာ
Romanesque ဗိသုကာနှင့် Baroque ဗိသုကာလက်ရာများအပါအဝင် ဗီယင်နာတွင် ဗိသုကာပုံစံ အမျိုးမျိုးကိုထိန်းသိမ်းထားပြီး Art Nou­veau သည် ဗီယင်နာတွင် ဗိသုကာလက်ရာများစွာကို ချန်ထားခဲ့ကြောင်း သိရသည်။ ထို့ပြင် Karlsplatz Stadtbahn ဘူတာနှင့် ဩစတြီးယားဗိသုကာပညာရှင် အော်တိုဝက်ဂ်နာ၏ Kirche am Steinhof ဘုရားကျောင်းတို့သည် ကမ္ဘာပေါ်တွင် Art Nouveau ၏ အကျော်ကြားဆုံးဥပမာများထဲတွင် ပါဝင်ကြောင်းသိ ရသည်။ ပန်းပုအနုပညာရှင် Frie­d­ensreich Hundertwasser က ခေတ်မီ ဗိသုကာလက်ရာများ၏ လက်တွေ့ကျ သောအသွင်အပြင် ကိုတန်ပြန်ရန် ဒီဇိုင်းထုတ်ထားသည့် Hundertwa sserhaus တိုက်ခန်းအိမ်သည် ဗီယင်နာမြို့တွင် အကျော်ကြားဆုံးခရီးသွားဆွဲဆောင်မှုနေရာများ ထဲမှတစ်ခုဖြစ်သည်။ ထို့ပြင် ပန်းပုအနုပညာရှင် Friedensreich Hundertwasser သည် Kunst HausWien ပြတိုက်နှင့် Alsergrund ခရိုင်ရှိ အပူပေးစက်ရုံတို့ကို ဒီဇိုင်းဆွဲခဲ့ကြောင်း လည်းသိရသည်။ (၁၉၉၀)ပြည့်နှစ်များတွင် ဗီယင်နာမြို့ရှိ ရပ်ကွက်များကို လိုက်လျောညီထွေဖြစ်အောင်လုပ်ဆောင် ခဲ့ပြီး Donaustadt နှင့် Wienerberg ခရိုင်တို့ ဝန်းကျင်ရှိဧရိယာများတွင် ကျယ်ပြန့်သော ဆောက် လုပ်ရေးပရောဂျက်များ ကို အကောင်အထည်ဖော်ခဲ့ ကြောင်းလည်းသိရသည်။ ထို့နောက် (၂၀ဝ၁)ခုနှစ်တွင် အဟောင်းများကို ပြန်လည်ပြုပြင် မွမ်းမံခြင်းကဲ့ သို့သော ခေတ်မီဗိသုကာဆိုင်ရာအစိတ်အပိုင်းများနှင့်ပေါင်းစပ်ထားသည့် ဗိသုကာဆိုင်ရာ ပရောဂျက် အများအပြားကို ဗီယင်နာတွင် တွေ့မြင်ခဲ့ရသည်။ ထို့ပြင် DC မျှော်စင်များသည် Danube မြစ်၏မြောက်ဘက်ကမ်းတွင်
တည်ရှိပြီး (၂၀၁၃) ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။

ပရဟိတအဖွဲ့အစည်းများ
ဗီယင်နာတွင် နိုင်ငံတကာနှင့်အစိုးရ အဖွဲ့အစည်းများစွာအပြင် ဒါဇင်နှင့် ချီသော ပရဟိတအဖွဲ့အစည်းများ အခြေစိုက်ကြကြောင်းလည်းသိရသည်။ ၎င်းတို့အနက်တစ်ခုမှာ (၁၉၄၉)ခုနှစ်တွင် ဩစတြီးယား ပရဟိတဒါနရှင် Hermann Gmeiner တည်ထောင်ခဲ့သော SOS Children's Villages ကွန်ရက်ဖြစ်သည်။ ယနေ့ခေတ်တွင် SOS Children's Villages သည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း(၁၃၂)နိုင်ငံနှင့် နယ်မြေများတွင် လှုပ်ရှားလည်ပတ်လျက်ရှိပြီး အခြားအဖွဲ့အစည်းများတွင် Help Afghan School Children Organization (HASCO) တို့ပါဝင်ကြောင်းလည်း သိရသည်။

Zawgyi Version;
ဂီတၿမိဳ႕ေတာ္ (သို႔မဟုတ္) ဩစႀတီးယားႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ ဗီယင္နာအေၾကာင္း
Pika (NP News) - ေအာက္တိုဘာ ၂၇
ဗီယင္နာသည္ ဩစႀတီးယားႏိုင္ငံ၏ၿမိဳ႕ေတာ္ျဖစ္ၿပီး ႏိုင္ငံတြင္းတြင္ လူဦးေရအမ်ားဆုံး ၿမိဳ႕တစ္ၿမိဳ႕လည္း ျဖစ္ကာ ဩစႀတီးယား၏ ဖက္ဒရယ္ ျပည္နယ္(၉)ခုအနက္ တစ္ခုျဖစ္သည္။ ေနထိုင္သူ လူဦးေရ(၂)သန္းနီးပါးရွိေသာ ဗီယင္နာၿမိဳ႕သည္ ဩစႀတီးယားႏိုင္ငံ၏ အဓိကပင္မၿမိဳ႕ျဖစ္ေၾကာင္း လည္းသိရသည္။ ဗီယင္နာၿမိဳ႕ျပဧရိယာသည္ ေန ထိုင္သူလူဦးေရ(၂ ဒသမ ၉ )သန္းနီးပါးရွိၿပီး ႏိုင္ငံ စုစုေပါင္း လူဦးေရ၏ သုံးပုံ တစ္ပုံနီးပါးရွိေၾကာင္း လည္းသိရသည္။ ဗီယင္နာၿမိဳ႕သည္ ႏိုင္ငံတြင္းတြင္ ယဥ္ေက်းမႈ၊ စီးပြားေရးႏွင့္ ႏိုင္ငံေရးအခ်က္အခ်ာက် ေသာၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ဥေရာပ သမဂၢတြင္ လူဦးေရပမာဏအရ (၅)ခုေျမာက္အႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ကာ Danube ျမစ္ေပၚတြင္တည္ရွိသည့္ၿမိဳ႕မ်ား အနက္ လူဦးေရအမ်ားဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။ ဗီယင္နာၿမိဳ႕သည္ ဩစႀတီးယား၏ အေနာက္ဘက္ ျခမ္းႏွင့္ ဗီယင္နာၿမိဳ႕ ကိုပိုင္းျခားထားေသာ Alps ေတာင္တန္း၏ အေရွ႕ေျမာက္ဘက္အက်ဆုံးေတာင္ေျခ Vienna Woods ေတာင္တန္း ေဒသ၏ အေရွ႕ဘက္စြန္းတြင္တည္ရွိေၾကာင္းသိရသည္။ ဗီယင္နာၿမိဳ႕ကို Lower Austria ဖက္ဒရယ္ျပည္နယ္ကဝန္းရံ ထားၿပီး ဆလိုဗက္ကီးယားႏိုင္ငံ၏ အေနာက္ဘက္ (၅၀)ကီလိုမီတာအကြာ၊ ဟန္ေဂရီႏိုင္ငံ၏ အေနာက္ ေျမာက္ဘက္ (၆၀)ကီလိုမီတာအကြာႏွင့္ ခ်က္ျပည္ သူ႔သမၼတႏိုင္ငံ၏ေတာင္ဘက္(၆၀)ကီလိုမီတာအကြာတြင္ တည္ရွိသည္။ အေစာပိုင္းကာလမ်ားတြင္ ဆဲလ္တစ္လူမ်ိဳးမ်ား၏အေျခခ်ေနထိုင္ရာေနရာျဖစ္ေသာ Vedunia ၿမိဳ႕ကို (၁)ရာစုတြင္ ေရာမလူမ်ိဳးမ်ားက ၎တို႔၏စစ္စခန္းအျဖစ္ေျပာင္းလဲခဲ့ၿပီး (၂၁၂)ခုႏွစ္တြင္ ျမဴနီစီပယ္အျဖစ္သို႔ ျမႇင့္တင္ခဲ့ ေၾကာင္းသိရ သည္။ (၁၁၅၅)ခုႏွစ္တြင္ ဗီယင္နာၿမိဳ႕ ကို (၉၇၆)ခုႏွစ္မွ (၁၂၇၈)ခုႏွစ္အထိ ဩစႀတီးယား ၏အရွင္သခင္မ်ားျဖစ္ခဲ့ေသာ Babenbergs မင္း ဆက္မ်ား၏ ပလႅင္ေနရာအျဖစ္ ထူေထာင္ခဲ့ၿပီး ၿမိဳ႕ေတာ္လုပ္ပိုင္ခြင့္မ်ားေပးအပ္ခဲ့ေၾကာင္းသိရသည္။ (၁၆)ရာစုတြင္ ဩစႀတီးယား၏ ေနာက္ဆက္တြဲမင္းဆက္မ်ားျဖစ္ေသာ Habsburgs တို႔သည္ ဗီယင္နာၿမိဳ႕ကို သန႔္ရွင္းေသာ ေရာမအင္ပါယာ ၿပိဳကြဲခဲ့သည့္ (၁၈၀၆) ခုႏွစ္မတိုင္မီအထိ ေရာမအင္ပါယာ၏ ပလႅင္ေနရာအျဖစ္ ထူ ေထာင္ခဲ့ေၾကာင္းသိရသည္။ ထို႔ေနာက္ (၁၈၀၄) ခုႏွစ္တြင္ ဩစႀတီးယားအင္ပါယာ ေပၚေပါက္လာခဲ့ၿပီး ဗီယင္နာသည္ အင္ပါယာ တစ္ခုလုံး၏ၿမိဳ႕ေတာ္ျဖစ္လာခဲ့ေၾကာင္းသိရသည္။ ေခတ္သစ္တစ္ေလွ်ာက္လုံးတြင္ ဗီယင္နာၿမိဳ႕သည္ ကမာၻေပၚတြင္ ဂ်ာမန္ဘာသာစကားသုံးေသာၿမိဳ႕ ႀကီးမ်ားထဲမွတစ္ၿမိဳ႕ျဖစ္ခဲ့ၿပီး (၁၈)ရာစုႏွင့္ (၁၉) ရာစုတို႔တြင္ ဂ်ာမန္ ဘာသာစကားသုံးသည့္ အႀကီး ဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ဗီယင္နာၿမိဳ႕သည္ ကုလသမဂၢ၊ OPEC ႏွင့္ OSCE တို႔အပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္းအမ်ားအျပား အေျခစိုက္ရာေနရာတစ္ခုလည္းျဖစ္ၿပီး (၂၀ဝ၁)ခုႏွစ္တြင္ ၿမိဳ႕၏ဗဟိုကို ယူနက္စကိုကမာၻ႔ယဥ္ေက်းမႈ အေမြအႏွစ္ေနရာအျဖစ္ သတ္မွတ္ခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း (၂၀၁၇)ခုႏွစ္ ဇူလိုင္လတြင္ ဗီယင္နာ ၿမိဳ႕ဗဟိုကို အႏၲရာယ္ရွိကမာၻ႔အေမြအႏွစ္စာရင္းထဲသို႔ထည့္သြင္းခဲ့သည္။ Beethoven, Brahms, Bruckner, Haydn, Mahler, Mozart, Schoenberg, Schubert, Johann Strauss I ႏွင့္ Johann Strauss II တို႔ကဲ့သို႔ေသာ နာမည္ေက်ာ္ဂႏၴဝင္ဂီတပညာရွင္အမ်ားအျပားသည္ ဗီယင္နာၿမိဳ႕ တြင္ေနထိုင္ကာ အလုပ္လုပ္ကိုင္ခဲ့ၾကမႈႏွင့္အတူ ဂီတအေမြအႏွစ္မ်ားစြာေၾကာင့္ ဂီတၿမိဳ႕ေတာ္ဟု အမည္တြင္ခဲ့ေၾကာင္းလည္းသိရသည္။ Viennese Classicism ေခတ္မွ (၂၀)ရာစုအေစာပိုင္းအထိ ဗီယင္နာၿမိဳ႕သည္ ဥေရာပဂီတစင္တာတစ္ခုအျဖစ္ အဓိကအခန္းက႑မွပါဝင္ခဲ့ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ ဗီယင္နာၿမိဳ႕သည္ ကမာၻ႔ပထမဆုံး စိတ္ပညာရွင္ Sigmund Freud ေနထိုင္ခဲ့ရာေနရာ တစ္ခုလည္းျဖစ္သည္။ ဗီယင္နာ၏သမိုင္းဝင္ဗဟိုေနရာတြင္ Baroque နန္းေတာ္ မ်ား၊ ဥယ်ာဥ္မ်ားႏွင့္ (၁၉)ရာစုေႏွာင္းပိုင္းတြင္ေပၚေပါက္လာခဲ့ကာ ခမ္းနားေသာအေဆာက္အအုံမ်ား၊ အထိမ္းအမွတ္ ေနရာမ်ား၊ ပန္းၿခံမ်ားျဖင့္စည္ကားသည့္ Ringstraße အေဝးေျပးလမ္းမႀကီးအပါအဝင္ ဗိသုကာလက္ရာ အမ်ားအျပား ရွိေၾကာင္းလည္းသိရသည္။
(၂၀၂၄)ခုႏွစ္တြင္ ဗီယင္နာၿမိဳ႕သည္ Economist Intelligence Unit အရ ေနထိုင္ရန္အသင့္ေတာ္ဆုံးၿမိဳ႕အျဖစ္ ၎၏ဂုဏ္ပုဒ္ ကို ဆက္လက္ထိန္းသိမ္းထားၿပီး (၂၀၁၅)ခုႏွစ္ ေနာက္ပိုင္းတည္းက ကမာၻေပၚတြင္ ေနထိုင္ရန္အသင့္ ေတာ္ဆုံး ဒုတိယေျမာက္ၿမိဳ႕အျဖစ္ ရပ္တည္ေနခဲ့ေၾကာင္းသိရသည္။
စီးပြားေရး
ဗီယင္နာၿမိဳ႕သည္ ဩစႀတီးယားႏိုင္ငံ စုစုေပါင္းဂ်ီဒီပီ၏(၂၈ ဒသမ ၆)ရာခိုင္ႏႈန္းကို ထုတ္ေပးၿပီး ႏိုင္ငံတြင္းတြင္ ေဒသဆိုင္ရာစြမ္းေဆာင္ရည္အျမင့္ ဆုံးၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ (၂၀၂၁)ခုႏွစ္တြင္ ဗီယင္နာၿမိဳ႕၏ တစ္ဦးခ်င္းဂ်ီဒီပီ သည္ ယူ႐ို(၅၃၀ဝဝ)အထိရွိခဲ့ၿပီး ဝန္ေဆာင္မႈက႑မ်ားက ဗီယင္နာၿမိဳ႕၏စီးပြားေရးကိုလႊမ္းမိုးထားေၾကာင္းလည္း သိရသည္။ (၂၀၂၂)ခုႏွစ္တြင္ ဗီယင္နာၿမိဳ႕၏ အလုပ္လက္မဲ့ရာ ခိုင္ႏႈန္းသည္ (၉ ဒသမ ၆)ရာခိုင္ႏႈန္းသာရွိခဲ့ၿပီး ဖက္ ဒရယ္ျပည္နယ္အားလုံးထဲတြင္ အလုပ္လက္မဲ့ႏႈန္း အျမင့္ဆုံးျဖစ္ကာ ပုဂၢလိကဝန္ေဆာင္မႈက႑က အလုပ္အကိုင္ အားလုံး၏ (၇၅)ရာခိုင္ႏႈန္းကို ပံ့ပိုးေပးထားေၾကာင္းလည္းသိရသည္။ ထို႔ျပင္ (၂၀၁၅) ခုႏွစ္အထိ ဗီယင္နာၿမိဳ႕တြင္ ႏိုင္ငံတကာကုမၸဏီ ေပါင္း(၁၇၅)ခု၏ ႐ုံးခြဲမ်ားရွိၾကၿပီး ဩစႀတီးယားႏိုင္ငံတြင္းရွိ ထိပ္တန္းကုမၸဏီေပါင္း(၅၀ဝ)အနက္ (၂၀၃)ခုသည္ ဗီယင္နာၿမိဳ႕တြင္ ႐ုံးခ်ဳပ္မ်ားရွိၾကေၾကာင္း လည္းသိရသည္။ (၁၉၈၉)ခုႏွစ္တြင္ Iron Curtain ဧရိယာၿပိဳကြဲခဲ့ၿပီးေနာက္ ဗီယင္နာၿမိဳ႕သည္ အေရွ႕ဥ ေရာပသို႔ တံခါးေပါက္အျဖစ္ ၎၏ရပ္တည္ခ်က္ကို တိုးခ်ဲ႕ခဲ့ ေၾကာင္းလည္း သိရသည္။ Hewlett-Pack­ard, Henkel, Baxalta ႏွင့္ Siemens တို႔ကဲ့သို႔ေသာ ကုမၸဏီမ်ားအပါအဝင္ ႏိုင္ငံတကာကုမၸဏီေပါင္း (၃၀ဝ)ခန႔္၏ အေရွ႕ဥေရာပ႐ုံးခ်ဳပ္မ်ားသည္ ဗီယင္နာၿမိဳ႕တြင္တည္ရွိေၾကာင္း လည္းသိရ သည္။ ထို႔ျပင္ (၂၀၁၄)ခုႏွစ္မွစတင္ၿပီး ႏွစ္စဥ္ ကုမၸဏီအသစ္ ေပါင္း(၈၃၀ဝ)ခန႔္ကို ဗီယင္နာၿမိဳ႕တြင္ တည္ေထာင္ခဲ့ ေၾကာင္းလည္းသိရသည္။ အဆိုပါကုမၸဏီမ်ားသည္ စက္မႈလုပ္ငန္းကိုဦးတည္ေသာ ဝန္ေဆာင္မႈမ်ား၊ လက္ကားေရာင္း ဝယ္ေရးအျပင္ သတင္းအခ်က္အလက္၊ ဆက္သြယ္ေရးနည္းပညာမ်ားႏွင့္ မီဒီယာနယ္ပယ္အသစ္မ်ားတြင္ လည္ပတ္ လုပ္ကိုင္လ်က္ရွိေၾကာင္းသိရသည္။
ခရီးသြားလုပ္ငန္း
(၂၀၂၃)ခုႏွစ္တြင္ ဗီယင္နာၿမိဳ႕၌ ညအိပ္တည္းခိုသူ ခရီးသြား(၁၇ ဒသမ ၃)သန္းရွိခဲ့သည္။(၂၀၂၃)ခုႏွစ္တြင္ ထိပ္တန္းအဝင္ေဈးကြက္(၁၀)ခုမွာ ဂ်ာမနီ၊ ဩစႀတီးယား၊ အေမရိကန္၊ အီတလီ၊ ၿဗိတိန္၊ စပိန္၊ ျပင္သစ္၊ ပိုလန္၊ ဆြစ္ဇာလန္ႏွင့္ ႐ိုေမးနီးယားႏိုင္ငံတို႔ျဖစ္ေၾကာင္းသိရသည္။

ဗိသုကာပညာ
Romanesque ဗိသုကာႏွင့္ Baroque ဗိသုကာလက္ရာမ်ားအပါအဝင္ ဗီယင္နာတြင္ ဗိသုကာပုံစံ အမ်ိဳးမ်ိဳးကိုထိန္းသိမ္းထားၿပီး Art Nou­veau သည္ ဗီယင္နာတြင္ ဗိသုကာလက္ရာမ်ားစြာကို ခ်န္ထားခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ Karlsplatz Stadtbahn ဘူတာႏွင့္ ဩစႀတီးယားဗိသုကာပညာရွင္ ေအာ္တိုဝက္ဂ္နာ၏ Kirche am Steinhof ဘုရားေက်ာင္းတို႔သည္ ကမာၻေပၚတြင္ Art Nouveau ၏ အေက်ာ္ၾကားဆုံးဥပမာမ်ားထဲတြင္ ပါဝင္ေၾကာင္းသိ ရသည္။ ပန္းပုအႏုပညာရွင္ Frie­d­ensreich Hundertwasser က ေခတ္မီ ဗိသုကာလက္ရာမ်ား၏ လက္ေတြ႕က် ေသာအသြင္အျပင္ ကိုတန္ျပန္ရန္ ဒီဇိုင္းထုတ္ထားသည့္ Hundertwa sserhaus တိုက္ခန္းအိမ္သည္ ဗီယင္နာၿမိဳ႕တြင္ အေက်ာ္ၾကားဆုံးခရီးသြားဆြဲေဆာင္မႈေနရာမ်ား ထဲမွတစ္ခုျဖစ္သည္။ ထို႔ျပင္ ပန္းပုအႏုပညာရွင္ Friedensreich Hundertwasser သည္ Kunst HausWien ျပတိုက္ႏွင့္ Alsergrund ခ႐ိုင္ရွိ အပူေပးစက္႐ုံတို႔ကို ဒီဇိုင္းဆြဲခဲ့ေၾကာင္း လည္းသိရသည္။ (၁၉၉၀)ျပည့္ႏွစ္မ်ားတြင္ ဗီယင္နာၿမိဳ႕ရွိ ရပ္ကြက္မ်ားကို လိုက္ေလ်ာညီေထြျဖစ္ေအာင္လုပ္ေဆာင္ ခဲ့ၿပီး Donaustadt ႏွင့္ Wienerberg ခ႐ိုင္တို႔ ဝန္းက်င္ရွိဧရိယာမ်ားတြင္ က်ယ္ျပန႔္ေသာ ေဆာက္ လုပ္ေရးပေရာဂ်က္မ်ား ကို အေကာင္အထည္ေဖာ္ခဲ့ ေၾကာင္းလည္းသိရသည္။ ထို႔ေနာက္ (၂၀ဝ၁)ခုႏွစ္တြင္ အေဟာင္းမ်ားကို ျပန္လည္ျပဳျပင္ မြမ္းမံျခင္းကဲ့ သို႔ေသာ ေခတ္မီဗိသုကာဆိုင္ရာအစိတ္အပိုင္းမ်ားႏွင့္ေပါင္းစပ္ထားသည့္ ဗိသုကာဆိုင္ရာ ပေရာဂ်က္ အမ်ားအျပားကို ဗီယင္နာတြင္ ေတြ႕ျမင္ခဲ့ရသည္။ ထို႔ျပင္ DC ေမွ်ာ္စင္မ်ားသည္ Danube ျမစ္၏ေျမာက္ဘက္ကမ္းတြင္
တည္ရွိၿပီး (၂၀၁၃) ခုႏွစ္တြင္ ေဆာက္လုပ္ၿပီးစီးခဲ့သည္။

ပရဟိတအဖြဲ႕အစည္းမ်ား
ဗီယင္နာတြင္ ႏိုင္ငံတကာႏွင့္အစိုးရ အဖြဲ႕အစည္းမ်ားစြာအျပင္ ဒါဇင္ႏွင့္ ခ်ီေသာ ပရဟိတအဖြဲ႕အစည္းမ်ား အေျခစိုက္ၾကေၾကာင္းလည္းသိရသည္။ ၎တို႔အနက္တစ္ခုမွာ (၁၉၄၉)ခုႏွစ္တြင္ ဩစႀတီးယား ပရဟိတဒါနရွင္ Hermann Gmeiner တည္ေထာင္ခဲ့ေသာ SOS Children's Villages ကြန္ရက္ျဖစ္သည္။ ယေန႔ေခတ္တြင္ SOS Children's Villages သည္ ကမာၻတစ္ဝန္းရွိ ႏိုင္ငံေပါင္း(၁၃၂)ႏိုင္ငံႏွင့္ နယ္ေျမမ်ားတြင္ လႈပ္ရွားလည္ပတ္လ်က္ရွိၿပီး အျခားအဖြဲ႕အစည္းမ်ားတြင္ Help Afghan School Children Organization (HASCO) တို႔ပါဝင္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.