ဖားကန့်ဆိုင်းတောင်တိုက်ပွဲ (သို့မဟုတ်) အကျိုးစီးပွားပွတ်တိုက်မှု မျက်လှည့်ရုပ်ရှင်တစ်ခု၏ အတွင်းရေးများ

 2373

ကျော်နု (NP News) - အောက်တိုဘာ ၂၉

"တချို့သောတိုက်ပွဲတွေက စစ်အာဏာ ရှင်စနစ်ကနေ လွတ်မြောက်ရေးအတွက် မဟုတ်ဘူး၊ နိုင်ငံတော်ကာကွယ်ရေးအတွက်လည်း မဟုတ်ဘူး။ လက်နက်ကိုင်ထားကြသူအချင်းချင်း အကျိုးစီးပွား အတွက် ရုပ်ရှင်ရိုက် မျက်လှည့်ပြတဲ့ တိုက်ပွဲတွေပါပဲ"နေရာက ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင် (ဆိပ်မူ)ကျေးရွာ Lucky Man ဟိုတယ်။ တစ်ချိန်က (၂၀၂၄ ခုနှစ် စက်တင်ဘာ(၇)ရက် ဖြစ်စဉ်က) တပ်မတော်တပ်ဖွဲ့တစ်ခုနဲ့ KIA-PDF ပူးပေါင်းအဖွဲ့ တို့ကြားက တစ်လကျော်ကြာခဲ့တဲ့ တိုက်ပွဲ။ ပျက်စီး ဆုံးရှုံးသွားရတာကတော့ ဒေသခံပြည်သူတွေရဲ့ အိမ် တွေ၊ ဘဝတွေ၊ ပညာရေးနဲ့ကျန်းမာရေးတွေပါပဲ။ ပြည် ပြေးအကြမ်းဖက်မီဒီယာတွေမှာဖော်ပြတာကတော့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် Lucky Man ဟိုတယ်မှာ တပ်စွဲထားတဲ့စစ်တပ်ကို တိုက်ခိုက်တယ် တဲ့။ တပ်မတော်ဘက်က ဒုတိယဗိုလ်မှူးကြီး သက် ပိုင်ထွန်း သေဆုံးသလို စစ်သား(၂၀)ကျော်ကို ဖမ်း ဆီးနိုင်ခဲ့တယ်လို့လည်း ဖော်ပြကြပါသေးတယ်။ တ ကယ်ပဲ စစ်အာဏာရှင်တော်လှန်ရေးအဖြစ် တိုက်ခဲ့ ကြတယ်ထင်ပါသလား။ ဆိုင်းတောင်တိုက်ပွဲကို မြေ ပြင်မှာ တကယ်လေ့လာခဲ့ပြီး အတွင်းကျကျနီးပါး သိရှိထားသူကတော့ ဟားတိုက်ရယ်မောပြီး ရင်ဖွင့်လာပါတယ်။

"ခေတ်သစ်သတင်းဌာနကို ဘယ်လိုဂျင်းထည့်တုံးဆိုတော့ ဘယ်တုန်းကသေနတ်တွေ မှန်းမသိ၊ လက်ပစ်ဗုံးတွေမှန်းမသိတဲ့ဟာကို ဖျာလေး ခင်းပြီး ဓာတ်ပုံရိုက်ပြီးပို့ကြတာ။ ပြီးတော့ (မူရင်း အသုံး) စစ်ကောင်စီ(၃ဝ) ကျော် အရှင်ဖမ်းမိတယ်တို့၊ သေတာ (၂၀)လောက်ရှိတယ်တို့ လျှောက်ပြောရော။ ကျွန်တော်ပြောမယ်ဗျာ။ တကယ်သေတယ်ဆိုရင် ဒီ အလောင်းတွေကို ကင်စားပစ်တာလား။ သေတယ် ဆိုရင်တောင် ပုရွက်ဆိတ်တွေမှ မဟုတ်တာဗျာ။ ထုတ်ပြလေ။ လူတွေ သေတာလေ။ ဒီရွာထဲကလူ တွေက အကုန်မြင်နေရတဲ့ကိစ္စကို ဗြောင်လိမ်ကြတာ" လို့ နယ်မြေအတွင်းနေထိုင်သူ သတင်းရင်းမြစ်က ပြောပါတယ်။ သာမန်အောင်ပွဲရတဲ့တိုက်ပွဲတွေကို တောင် ပုံစံအမျိုးမျိုးနဲ့ မှတ်တမ်းတင်၊ ဓာတ်ပုံ၊ ဗီဒီယို ရိုက် ဝါဒဖြန့်လေ့ရှိပေမယ့် ဆိုင်းတောင်ဖြစ်ရပ်မှာ စစ်သား(၂၀)ကျော်သေဆုံး၊ အရှင်ဖမ်း(၂၀)ကျော်ဆို ပြီး သတင်းအဖြစ်နဲ့ ဝါဒဖြန့်ကြပေမယ့် မှတ်တမ်း ဓာတ်ပုံ/ဗီဒီယိုတစ်ခုတလေတောင် ထုတ်မပြနိုင် တာကို ရည်ရွယ်ပြောဆိုတာပါ။ ဆိုင်းတောင် Lucky Man ဟိုတယ်ကို ဝင်စီးချိန်မှာ ဦးဆောင်သူလို့ ပြောတဲ့ ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းကိုလည်း သတ်ဖြတ်နိုင်ခဲ့တယ်လို့ ဝါဒဖြန့်ခဲ့ပေမယ့် ထုတ်ပြ လာတဲ့ ဝါးတားတား ဓာတ်ပုံဟာ သက်ပိုင်ထွန်း မဟုတ်မှန်း ဒေသခံတွေ သိကြသလို အဲဒီဓာတ်ပုံထဲက ဖြစ်စဉ်ကတည်း ဆိုင်းတောင်တိုက်ပွဲတွေနဲ့ မဆိုင်တဲ့ တခြားသော တိုက်ပွဲတွေအတွင်းက သေဆုံးစစ်သား တစ်ဦးရဲ့ဓာတ်ပုံသာ ဖြစ်တယ်လို့ ပြောကြပါတယ်။ သို့သော်လည်း ကမ္ဘာတစ်ပတ် ပတ်ပြီးသွားတဲ့ မုသား ကို ဖိနပ်စီးနေဆဲ အမှန်တရားက ချေဖျက်ပြနိုင်ခြင်း မရှိခဲ့ပါဘူး။
" ဖြစ်စဉ် အမှန်အတိုင်း ခင်ဗျားကို ကျွန်တော်ပြောမယ်ဗျာ" လို့ သတင်းရင်းမြစ်က ပြော ပါတယ်။ ဆိုင်းတောင်တိုက်ပွဲ ဖြစ်စဉ် စတင်ရခြင်း အကြောင်းက တခြားမဟုတ်ပါဘူး။ စက်တင်ဘာ (၆)ရက် ညမှာ စစ်တပ်က သတင်းတစ်ခုကြောင့် ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။ စစ်တပ်က ဝင်ရောက်စီးနင်းတဲ့အချိန်မှာ KIA တပ်မဟာ(၉)ထဲက အရာရှိတချို့နဲ့ ကျောက်သူဌေးတွေ ရောက်နှင့် နေပြီးသားဖြစ်သလို (Hi) ခန်းမှာ ပျော်ပါးလို့ ကောင်း နေဆဲ ဖြစ်ပါတယ်။ Happy Water လို့ ခေါ်တဲ့ မူးယစ်ဆေးရည်တစ်မျိုးနဲ့အတူ မူးယစ်ဆေးဝါးတွေ သုံးစွဲရင်းပျော်ပါးလို့ကောင်းနေချိန်မှာ စစ်တပ်က ဝင်ရောက်စီးနင်းရင်းနဲ့ KIA အရာရှိတွေကို ဖမ်းဆီး ခေါ်ဆောင်ဖို့ ကြိုးစားခဲ့ပုံရပါတယ်။ တကယ်တော့ ဖားကန့်နယ်မြေထဲက ဟိုတယ်တွေ၊ ဘားတွေနဲ့ အရက်ဆိုင်တွေဟာ စစ်တပ်အရာရှိတွေ၊ ရဲအရာရှိ တွေ၊ KIA အရာရှိတွေ၊ ကျောက်သူဌေးတွေအားလုံးနဲ့ ကင်းလှတယ်မရှိပါဘူး။ တစ်ခါတစ်ရံမှာ အတူတူ တောင် (Hi) ကြတယ်လို့ ဆိုပါတယ်။ အဲဒီနေ့ စက်တင်ဘာ(၆)ရက် သန်းခေါင်ကျော် (၇)ရက် နံနက်အစောဆုံးမှာတော့ ဖားကန့်ကျောက်သူဌေး တချို့နဲ့KIA အရာရှိတချို့ဟာ ခေါင်းခါယမ်းပြီး သွက်လက်လှုပ်ရှား ကပြနေမှုကနေ ခဏတာ ခေါင်း နားပန်းကြီးသွားတဲ့အထိ ဖြစ်သွားပါတယ်။

စစ်တပ်က ဝင်စီးတာကိုလည်း KIA-PDF အဖွဲ့က သတင်းရသွားပါတယ်။ စက်တင်ဘာ (၇)ရက်မှာတော့ Lucky Manဟိုတယ်ထဲကနေ စစ်တပ်က ပြန်ထွက်သွားလို့မရအောင် ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်မှုတွေ စတင်လုပ်ပါတော့တယ်။ "ဟိုတယ်ထဲကို စစ်တပ်က ဝင်စီးချိန်မှာ ဟိုင်းခန်းထဲမှာ ကဲနေတဲ့ ကချင်လောပန်းတွေရော၊KIA အရာရှိတွေ ရော၊ P (PDF) တွေရော အများကြီးပဲလေ။KIA တပ်မဟာ(၉)က အရာရှိတွေကျတော့ သူတို့ကိုယ်သူ တို့ ကျောက်တူးတဲ့လုပ်ငန်းရှင်တွေပါဆိုပြီး လွှတ်ပေး ခိုင်းတာ။ တစ်ယောက်ချင်းစီက သိန်းထောင်ချီပေးကြ တယ်။ သိန်း(၃၀ဝဝ)ကနေ (၅၀ဝဝ)ကြား ပေးတဲ့သူ တွေတောင်ရှိတယ်။ ငွေပေးတဲ့သူတွေကိုလည်း ကားနဲ့လွှတ်ပြီး လာခေါ်သူတွေရှိတယ်"လို့ သတင်း ရင်းမြစ်က ပြောပါတယ်။

စစ်တပ်အရာရှိနဲ့ အဖွဲ့တွေ ကလည်း ဟိုတယ်ထဲက ငွေတွေရော လူလွှတ်ပေးလို့ ရတဲ့ငွေတွေကိုပါ သိမ်းဆည်းပြီး ပြန်ထွက်ဖို့ လမ်း ကြောင်းရှာတယ်လို့ သိရပါတယ်။ အဲဒီအချိန်အတွင်း မှာ ပဲ KIA-PDF အဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့တိုက် ခိုက်မှုတွေ လုပ်လာတဲ့အတွက် ဟိုတယ်ပေါ်ကနေ စနိုက်ပါနဲ့ စောင့်ပြီးပစ်ခတ်တာတွေ၊ တပ်မတော်လေ ကြောင်းထိုးစစ်နဲ့ အကူအညီတောင်းပြီး ဟိုတယ်နား ကို သူပုန်အုပ်စု ကပ်မလာနိုင်အောင် လုပ်ဆောင်တာ တွေ ရှိခဲ့ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် ပစ်ခတ်မှုတွေ ကြီးကြီးမားမား ဖြစ်လာတဲ့အခါမှာ ဒေသခံရွာသားတွေ အကုန်လုံးနီးပါးက အလံဖြူထောင်ပြီး ထွက်ခွင့် တောင်းခဲ့ကြသလို ကချင် PCG ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးယွပ်ဇော်ခေါင်လည်း ကယ်ထုတ်လိုသူတွေကို ကယ်ထုတ်နိုင်ရေးအတွက် ညှိနှိုင်းဖို့ သွားရင်းကနေ ကျောက်ခဲစ ပေါင်ကိုထိမှန် တာမျိုး ဖြစ်ခဲ့ပါတယ်။ ပြည်ပြေးအကြမ်းဖက်သတင်း ဌာနတွေကတော့ စစ်တပ်က ပစ်ခတ်လိုက်လို့ ကျည်ဆန်ထိမှန်တယ်လို့ ရေးပါတယ်။ တကယ်တော့ နှစ်ဖက်ဖြစ်နေတဲ့တိုက်ပွဲအတွင်းမှာ စစ်တပ်ဘက်က ပစ် ခတ်တဲ့လက်နက်ကြီး ကျရောက်မှုကြောင့် ဦးယွပ်ဇော် ခေါင်အနီးနားက ကျောက်ခဲစတွေ လွင့်စဉ်ပြီး ထိခိုက် သွားခြင်းမျိုးသာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်အတွင်းမှာပဲ (၁၀)ဦးထက်မနည်း သောနယ်မြေခံပြည်သူ ကြားညပ်ပြီးသေဆုံးခဲ့ရသလို နယ်မြေမှာ သတင်းရယူနေတဲ့ အလွတ်သတင်း ထောက်နှစ်ဦးလည်း KIA ရဲ့ဖမ်းဆီးခြင်းခံလိုက် ရပါတယ်။ အောက်တိုဘာလကုန်ပိုင်းရောက်လာ သည်အထိ နှစ်ဦးလုံး ပြန်မလွတ်သေးပါ။ ဟိုတယ်ကို ဝင်စီးတဲ့ စစ်တပ်မှာ စစ်သား(၁၀ဝ)ကျော်ပါတယ်လို့ ဝါဒဖြန့်ရေးသားခံရပေမယ့် အမှန်တကယ်မှာ(၅၀)အောက်သာ ပါတယ်လို့ ဆိုပါတယ်။ တိုက်ပွဲက တစ် ရက်နှစ်ရက်နဲ့ ပြီးပြတ်မယ် ထင်ခဲ့ပေမယ့် အောက်တို ဘာ(၈)ရက်ရောက်မှသာ ပြီးပြတ်သွားခဲ့တာပါ။ တိုက်ပွဲအတွင်းမှာ ထိခိုက်နစ်နာမှုအရှိဆုံးကတော့ အရပ်သားပြည်သူတွေနဲ့ သူတို့ရဲ့အိုးအိမ်တွေပါပဲ။ "ကချင်သတင်းဌာနနှစ်ခုကို မက်ဆင်ဂျာကနေ သွားပြီးဆဲမိတယ်။ KIA ဘက်ကပြောတယ်ဆိုပြီး ရေးချင်တာလျှောက်ရေးမနေနဲ့။ မြေပြင်မှာ ငါတို့ ရှိတယ်။ ဘာမှ စစ်သား(၂၀-၃၀)တွေ သေတာလည်း မရှိဘူး။ ရူးနေကြလားလို့။ တကယ်ကဗျာ။ ဆိုင်း တောင်တိုက်ပွဲမှာက စစ်သားတစ်ယောက်မှ မသေ ဘူး။ KIAဘက်က တစ်ယောက်ဆိုရင် စနိုက်ပါ နားထင်ကိုထိပြီးသေတယ်။ ကျွန်တော်သိတဲ့မိသားစုက ကလေးပါ။ PDF တွေ (၅၀)လောက်သေတယ်။ အဲဒါကို စာရင်းဖျောက်ထားကြတယ်။ ရပ်ကွက်နှစ်ခု လေကြောင်းနဲ့ ဗုံးကျဲခံရတာ အဲဒီကောင်တွေကြောင့် ဖြစ်တာ။ ဒီကောင်တွေက ဘယ်လိုပိတ်ဆို့တိုက် ခိုက်ပြီတို့ ဘာတို့ လျှောက်ပြောတော့ ဟိုဘက်က လေယာဉ်နဲ့ လာဗုံးကျဲရော။ စဉ်းစားကြည့်ဗျာ။ ရပ်ကွက်နှစ်ခုသာ ပြာကျသွားတယ်" လို့ သတင်းရင်း မြစ်က ပြောပါတယ်။

ဟိုတယ်ဝင်စီးခဲ့တဲ့ တပ်မတော်သားအရာရှိနဲ့ အများစုဟာ တိုက်ပွဲမပြီးခင်(၁၀) ရက်လောက်ကတည်းက ကားနှစ်စီးနဲ့အတူ ကျောက် သွေးတောင် တပ်မတော်ဗျုဟာကုန်းကို ပြောင်းရွှေ့ သွားခဲ့တယ်လို့ သိရပါတယ်။ ဟိုတယ်ထဲမှာတော့ စစ်သားအနည်းငယ်ချန်ထားခဲ့ပြီး လေကြောင်းပစ်ကူ၊ စနိုက်ပါပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေနဲ့ KIA-PDf တွေကို ဟိုတယ်နားကပ်မလာနိုင်အောင် တိုက်စစ်ဆင်ခဲ့တာလို့ ဆိုပါတယ်။ ဆိုင်းတောင်တိုက်ပွဲ အတွင်းမှာ သေဆုံးခဲ့ရတဲ့ PDf တွေအများအပြား ရှိပေမယ့် KIA ဘက်က မသိကျိုးကျွန်ပြုပြီး သတင်းဖုံးကွယ်ထားခဲ့ခြင်းကို အာဏာရှင်မုန်းတဲ့ ဗမာ PDF တချို့က မကျေမနပ်ဖြစ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ သူတို့ရဲ့ရင်ဖွင့်သံကို ဖားကန့်နယ်မြေထဲ က သတင်းသမားတချို့ကိုယ်တိုင် နားလည်တဲ့ အတွက် ဖေ့စ်ဘွတ်ပေါ်ကနေ တစ်ချက်တစ်ချက် ခပ် ပါးပါး ရေးလေ့ရှိပါတယ်။ တာလင်းမောင် အမည်ရှိတဲ့Red News Agency ရဲ့အလွတ်တန်းသတင်း ထောက်ဟာ အဲဒီအထဲက တစ်ယောက်ပါ။ ဒါပေမဲ့KIAရဲ့ဖမ်းဆီးခြင်းခံထားရမှုနဲ့အတူ စက်တင်ဘာ (၁၂)ရက်နောက်ပိုင်းက ရေးသားချက်တချို့ဟာ ဖေ့စ်ဘွတ်ပေါ်ကနေ ဖယ်ရှားခြင်းခံလိုက်ရတာကို တွေ့ရပါတယ်။ ဆိုင်းတောင်တိုက်ပွဲရဲ့ရုပ်ရှင်ပြကွက် ဟာ နယ်မြေခံသတင်းသမားတချို့နဲ့ ဗမာ PDF လူငယ်တချို့ကို အသိတရားတစ်ခု ပေးသွားပါတယ်။ တစ်လကြာအောင် တိုက်ပွဲဖော်ဆောင်ပြီးတဲ့နောက် အောက်တိုဘာ(၈)ရက်မှာတော့ ဆိုင်းတောင်ကို ထိန်းချုပ်နိုင်ခဲ့ပါပြီလို့ KIA ပြန်ကြားရေး နော်ဘူက ပြည်ပြေးအကြမ်းဖက်သတင်းဌာနတွေကို ဖြေဆိုထား ပါတယ်။ အဲဒီအထဲမှာတော့ စစ်သားတွေ အတုံး အရုန်းသေဆုံးခဲ့ရသလိုမျိုး၊ လက်ရဖမ်းဆီးရမိသူ စစ်သားတွေ ရှိနေသလိုမျိုး ဝါဒဖြန့်ခဲ့ပါတယ်။ " ဟို ဘဲ(တပ်အရာရှိ)က ပိုက်ဆံတွေပိုက်ပြီး ပြန်ထွက် သွားသလို သူ့စစ်သားတွေ (၈)ရက်နေ့ ဝေလီဝေ လင်းမှာ ဟိုတယ်ကနေထွက်သွားကြတယ်။ စစ်သား တွေ ကျောက်သွေးတောင် ကုန်းပေါ်ရောက်သွားပြီဆို တာသိမှ ဟိုကောင်တွေ (KIA -PDF)က ဟိုတယ်ထဲ ဝင်သွားပြီး ဟိုတယ်မွေ့ရာတွေ ဘာတွေကို မီးတွေရှို့ ပစ်ခတ်ပြပြီး သူတို့ရသွားပြီဆိုပြီး လျှောက်ပြောတော့တာ "လို့ နယ်မြေခံက ပြောပါတယ်။ အဲဒီလိုနဲ့ ပဲ ဆိုင်းတောင်တိုက်ပွဲက ပြီးဆုံးသွားခဲ့တာဖြစ်သလို ဒီတိုက်ပွဲကြောင့် စစ်တပ်က ဆုံးရှုံးသွားခဲ့တာ ဘာ ကြီးကြီးမားမားမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဆိုင်းတောင်Lucky Man ဟိုတယ်ပိုင်ရှင်ကလည်း နယ်မြေခံစစ် တပ်အပေါ်ရော၊ KIA အရာရှိတွေအပေါ်မှာပါ ဩဇာ ရှိတဲ့ အချိတ်အဆက်ကောင်းသူ ကျောက်သူဌေးတစ် ဦးဖြစ်တယ်လို့ သိရပါတယ်။ ဟိုတယ် ဝင်စီးခံရမှုဖြစ် စဉ်အတွင်းမှာ ဟိုတယ်ဝန်ထမ်းတချို့နဲ့ ကျောက်သူ ဌေးတချို့ကို ကားနဲ့ကယ်ထုတ်ဖို့အတွက် နှစ်ဖက် ထိပ်တိုက်တွေ့နေတဲ့ တပ်တွေကို ဖုန်းဆက်ညှိနှိုင်းခဲ့ သူလည်း ဖြစ်ပါတယ်။ အလားတူ KIA တပ်မဟာ(၉)က အရာရှိတွေကို ကယ်ထုတ်ဖို့အတွက်လည်း ကြားဝင်စီစဉ်ပေးခဲ့ပုံရပါတယ်။

ဒီတော့ အမှန်တကယ် ဆုံးရှုံးသွားတာက ဆိုင်းတောင်ကျေးရွာထဲက ပျက်စီးသွားတဲ့ရပ်ကွက် ကြီးနှစ်ခု၊ ဒေသခံ ပြည်သူ(၁၀)ဦးမထက် သေဆုံး ခြင်း၊ အမည်ထုတ်ပြန်ပြီး သေဆုံးပိုင်ခွင့်မရှိတဲ့ PDF လူငယ်တချို့တို့ပါပဲ။ ပြည်ပြေးအကြမ်းဖက် သတင်း ဌာနတွေမှာ ရေးနေကြသလို တပ်ဘက်က ဒုတိယ ဗိုလ်မှူးကြီး သက်ပိုင်ထွန်းလည်း သေဆုံးတာမရှိ ခဲ့သလို စစ်သားတွေ ဖမ်းဆီးခံလိုက်ရတာလည်း မရှိဘူးလို့ ဆိုပါတယ်။ ဆိုင်းတောင်တိုက်ပွဲ မဟုတ်တဲ့ အခြားသော အနီးနားကစစ်ကြောင်းသွားလာမှုတစ်ခုကိုသာ ချောင်းမြောင်းတိုက်ခိုက် မိုင်းဆွဲလို့ စစ်သား တစ်ဦး သေဆုံးမှုဖြစ်ခဲ့တာသာ ရှိတယ်လို့ နယ်မြေခံ က ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ဆိုင်းတောင် ကျေးရွာကို နယ်မြေခံပြည်သူတွေက ပြန်လည်ဝင် ရောက်နေထိုင်ကြပါပြီ။ သို့သော်လည်း နောက်တစ် ကြိမ် တိုက်ပွဲထပ်ဖြစ်လာမှာကို စိုးရိမ်နေကြသလို နှစ် ဖက်တပ်တွေရဲ့အကျိုးစီးပွားနဲ့ နွယ်နေတဲ့ ကျောက် စိမ်းလုပ်ကွက်တွေကြားက မြေစာပင်တွေဖြစ်မှာ စိုးရိမ်နေကြပါတယ်။ KIA ထိပ်ပိုင်းက လာဖမ်းသွား တဲ့ သတင်းသမားနှစ်ဦးရဲ့ဘဝကတော့ ယနေ့အထိ အစအန ပျောက်နေဆဲပါ။ ဒါကတော့ ဆိုင်းတောင် တိုက်ပွဲအကြောင်းပဲ ဖြစ်ပါတယ်။

zawgyi version
ဖားကန႔္ဆိုင္းေတာင္တိုက္ပြဲ (သို႔မဟုတ္) အက်ိဳးစီးပြားပြတ္တိုက္မႈ မ်က္လွည့္႐ုပ္ရွင္တစ္ခု၏ အတြင္းေရးမ်ား
ေက်ာ္ႏု (NP News) - ေအာက္တိုဘာ ၂၉

"တခ်ိဳ႕ေသာတိုက္ပြဲေတြက စစ္အာဏာ ရွင္စနစ္ကေန လြတ္ေျမာက္ေရးအတြက္ မဟုတ္ဘူး၊ ႏိုင္ငံေတာ္ကာကြယ္ေရးအတြက္လည္း မဟုတ္ဘူး။ လက္နက္ကိုင္ထားၾကသူအခ်င္းခ်င္း အက်ိဳးစီးပြား အတြက္ ႐ုပ္ရွင္႐ိုက္ မ်က္လွည့္ျပတဲ့ တိုက္ပြဲေတြပါပဲ"ေနရာက ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕ ဆိုင္းေတာင္ (ဆိပ္မူ)ေက်း႐ြာ Lucky Man ဟိုတယ္။ တစ္ခ်ိန္က (၂၀၂၄ ခုႏွစ္ စက္တင္ဘာ(၇)ရက္ ျဖစ္စဥ္က) တပ္မေတာ္တပ္ဖြဲ႕တစ္ခုနဲ႔ KIA-PDF ပူးေပါင္းအဖြဲ႕ တို႔ၾကားက တစ္လေက်ာ္ၾကာခဲ့တဲ့ တိုက္ပြဲ။ ပ်က္စီး ဆုံးရႈံးသြားရတာကေတာ့ ေဒသခံျပည္သူေတြရဲ႕ အိမ္ ေတြ၊ ဘဝေတြ၊ ပညာေရးနဲ႔က်န္းမာေရးေတြပါပဲ။ ျပည္ ေျပးအၾကမ္းဖက္မီဒီယာေတြမွာေဖာ္ျပတာကေတာ့ စစ္အာဏာရွင္ခ်ဳပ္ၿငိမ္းေရးအတြက္ Lucky Man ဟိုတယ္မွာ တပ္စြဲထားတဲ့စစ္တပ္ကို တိုက္ခိုက္တယ္ တဲ့။ တပ္မေတာ္ဘက္က ဒုတိယဗိုလ္မႉးႀကီး သက္ ပိုင္ထြန္း ေသဆုံးသလို စစ္သား(၂၀)ေက်ာ္ကို ဖမ္း ဆီးႏိုင္ခဲ့တယ္လို႔လည္း ေဖာ္ျပၾကပါေသးတယ္။ တ ကယ္ပဲ စစ္အာဏာရွင္ေတာ္လွန္ေရးအျဖစ္ တိုက္ခဲ့ ၾကတယ္ထင္ပါသလား။ ဆိုင္းေတာင္တိုက္ပြဲကို ေျမ ျပင္မွာ တကယ္ေလ့လာခဲ့ၿပီး အတြင္းက်က်နီးပါး သိရွိထားသူကေတာ့ ဟားတိုက္ရယ္ေမာၿပီး ရင္ဖြင့္လာပါတယ္။

"ေခတ္သစ္သတင္းဌာနကို ဘယ္လိုဂ်င္းထည့္တုံးဆိုေတာ့ ဘယ္တုန္းကေသနတ္ေတြ မွန္းမသိ၊ လက္ပစ္ဗုံးေတြမွန္းမသိတဲ့ဟာကို ဖ်ာေလး ခင္းၿပီး ဓာတ္ပုံ႐ိုက္ၿပီးပို႔ၾကတာ။ ၿပီးေတာ့ (မူရင္း အသုံး) စစ္ေကာင္စီ(၃ဝ) ေက်ာ္ အရွင္ဖမ္းမိတယ္တို႔၊ ေသတာ (၂၀)ေလာက္ရွိတယ္တို႔ ေလွ်ာက္ေျပာေရာ။ ကြၽန္ေတာ္ေျပာမယ္ဗ်ာ။ တကယ္ေသတယ္ဆိုရင္ ဒီ အေလာင္းေတြကို ကင္စားပစ္တာလား။ ေသတယ္ ဆိုရင္ေတာင္ ပု႐ြက္ဆိတ္ေတြမွ မဟုတ္တာဗ်ာ။ ထုတ္ျပေလ။ လူေတြ ေသတာေလ။ ဒီ႐ြာထဲကလူ ေတြက အကုန္ျမင္ေနရတဲ့ကိစၥကို ေျဗာင္လိမ္ၾကတာ" လို႔ နယ္ေျမအတြင္းေနထိုင္သူ သတင္းရင္းျမစ္က ေျပာပါတယ္။ သာမန္ေအာင္ပြဲရတဲ့တိုက္ပြဲေတြကို ေတာင္ ပုံစံအမ်ိဳးမ်ိဳးနဲ႔ မွတ္တမ္းတင္၊ ဓာတ္ပုံ၊ ဗီဒီယို ႐ိုက္ ဝါဒျဖန႔္ေလ့ရွိေပမယ့္ ဆိုင္းေတာင္ျဖစ္ရပ္မွာ စစ္သား(၂၀)ေက်ာ္ေသဆုံး၊ အရွင္ဖမ္း(၂၀)ေက်ာ္ဆို ၿပီး သတင္းအျဖစ္နဲ႔ ဝါဒျဖန႔္ၾကေပမယ့္ မွတ္တမ္း ဓာတ္ပုံ/ဗီဒီယိုတစ္ခုတေလေတာင္ ထုတ္မျပႏိုင္ တာကို ရည္႐ြယ္ေျပာဆိုတာပါ။ ဆိုင္းေတာင္ Lucky Man ဟိုတယ္ကို ဝင္စီးခ်ိန္မွာ ဦးေဆာင္သူလို႔ ေျပာတဲ့ ဒုတိယဗိုလ္မႉးႀကီး သက္ပိုင္ထြန္းကိုလည္း သတ္ျဖတ္ႏိုင္ခဲ့တယ္လို႔ ဝါဒျဖန႔္ခဲ့ေပမယ့္ ထုတ္ျပ လာတဲ့ ဝါးတားတား ဓာတ္ပုံဟာ သက္ပိုင္ထြန္း မဟုတ္မွန္း ေဒသခံေတြ သိၾကသလို အဲဒီဓာတ္ပုံထဲက ျဖစ္စဥ္ကတည္း ဆိုင္းေတာင္တိုက္ပြဲေတြနဲ႔ မဆိုင္တဲ့ တျခားေသာ တိုက္ပြဲေတြအတြင္းက ေသဆုံးစစ္သား တစ္ဦးရဲ႕ဓာတ္ပုံသာ ျဖစ္တယ္လို႔ ေျပာၾကပါတယ္။ သို႔ေသာ္လည္း ကမာၻတစ္ပတ္ ပတ္ၿပီးသြားတဲ့ မုသား ကို ဖိနပ္စီးေနဆဲ အမွန္တရားက ေခ်ဖ်က္ျပႏိုင္ျခင္း မရွိခဲ့ပါဘူး။
" ျဖစ္စဥ္ အမွန္အတိုင္း ခင္ဗ်ားကို ကြၽန္ေတာ္ေျပာမယ္ဗ်ာ" လို႔ သတင္းရင္းျမစ္က ေျပာ ပါတယ္။ ဆိုင္းေတာင္တိုက္ပြဲ ျဖစ္စဥ္ စတင္ရျခင္း အေၾကာင္းက တျခားမဟုတ္ပါဘူး။ စက္တင္ဘာ (၆)ရက္ ညမွာ စစ္တပ္က သတင္းတစ္ခုေၾကာင့္ ဝင္ေရာက္စီးနင္းခဲ့တာလို႔ ဆိုပါတယ္။ စစ္တပ္က ဝင္ေရာက္စီးနင္းတဲ့အခ်ိန္မွာ KIA တပ္မဟာ(၉)ထဲက အရာရွိတခ်ိဳ႕နဲ႔ ေက်ာက္သူေဌးေတြ ေရာက္ႏွင့္ ေနၿပီးသားျဖစ္သလို (Hi) ခန္းမွာ ေပ်ာ္ပါးလို႔ ေကာင္း ေနဆဲ ျဖစ္ပါတယ္။ Happy Water လို႔ ေခၚတဲ့ မူးယစ္ေဆးရည္တစ္မ်ိဳးနဲ႔အတူ မူးယစ္ေဆးဝါးေတြ သုံးစြဲရင္းေပ်ာ္ပါးလို႔ေကာင္းေနခ်ိန္မွာ စစ္တပ္က ဝင္ေရာက္စီးနင္းရင္းနဲ႔ KIA အရာရွိေတြကို ဖမ္းဆီး ေခၚေဆာင္ဖို႔ ႀကိဳးစားခဲ့ပုံရပါတယ္။ တကယ္ေတာ့ ဖားကန႔္နယ္ေျမထဲက ဟိုတယ္ေတြ၊ ဘားေတြနဲ႔ အရက္ဆိုင္ေတြဟာ စစ္တပ္အရာရွိေတြ၊ ရဲအရာရွိ ေတြ၊ KIA အရာရွိေတြ၊ ေက်ာက္သူေဌးေတြအားလုံးနဲ႔ ကင္းလွတယ္မရွိပါဘူး။ တစ္ခါတစ္ရံမွာ အတူတူ ေတာင္ (Hi) ၾကတယ္လို႔ ဆိုပါတယ္။ အဲဒီေန႔ စက္တင္ဘာ(၆)ရက္ သန္းေခါင္ေက်ာ္ (၇)ရက္ နံနက္အေစာဆုံးမွာေတာ့ ဖားကန႔္ေက်ာက္သူေဌး တခ်ိဳ႕နဲ႔KIA အရာရွိတခ်ိဳ႕ဟာ ေခါင္းခါယမ္းၿပီး သြက္လက္လႈပ္ရွား ကျပေနမႈကေန ခဏတာ ေခါင္း နားပန္းႀကီးသြားတဲ့အထိ ျဖစ္သြားပါတယ္။

စစ္တပ္က ဝင္စီးတာကိုလည္း KIA-PDF အဖြဲ႕က သတင္းရသြားပါတယ္။ စက္တင္ဘာ (၇)ရက္မွာေတာ့ Lucky Manဟိုတယ္ထဲကေန စစ္တပ္က ျပန္ထြက္သြားလို႔မရေအာင္ ဝိုင္းဝန္း ပိတ္ဆို႔ တိုက္ခိုက္မႈေတြ စတင္လုပ္ပါေတာ့တယ္။ "ဟိုတယ္ထဲကို စစ္တပ္က ဝင္စီးခ်ိန္မွာ ဟိုင္းခန္းထဲမွာ ကဲေနတဲ့ ကခ်င္ေလာပန္းေတြေရာ၊KIA အရာရွိေတြ ေရာ၊ P (PDF) ေတြေရာ အမ်ားႀကီးပဲေလ။KIA တပ္မဟာ(၉)က အရာရွိေတြက်ေတာ့ သူတို႔ကိုယ္သူ တို႔ ေက်ာက္တူးတဲ့လုပ္ငန္းရွင္ေတြပါဆိုၿပီး လႊတ္ေပး ခိုင္းတာ။ တစ္ေယာက္ခ်င္းစီက သိန္းေထာင္ခ်ီေပးၾက တယ္။ သိန္း(၃၀ဝဝ)ကေန (၅၀ဝဝ)ၾကား ေပးတဲ့သူ ေတြေတာင္ရွိတယ္။ ေငြေပးတဲ့သူေတြကိုလည္း ကားနဲ႔လႊတ္ၿပီး လာေခၚသူေတြရွိတယ္"လို႔ သတင္း ရင္းျမစ္က ေျပာပါတယ္။

စစ္တပ္အရာရွိနဲ႔ အဖြဲ႕ေတြ ကလည္း ဟိုတယ္ထဲက ေငြေတြေရာ လူလႊတ္ေပးလို႔ ရတဲ့ေငြေတြကိုပါ သိမ္းဆည္းၿပီး ျပန္ထြက္ဖို႔ လမ္း ေၾကာင္းရွာတယ္လို႔ သိရပါတယ္။ အဲဒီအခ်ိန္အတြင္း မွာ ပဲ KIA-PDF အဖြဲ႕ေတြက ဝိုင္းဝန္းပိတ္ဆို႔တိုက္ ခိုက္မႈေတြ လုပ္လာတဲ့အတြက္ ဟိုတယ္ေပၚကေန စႏိုက္ပါနဲ႔ ေစာင့္ၿပီးပစ္ခတ္တာေတြ၊ တပ္မေတာ္ေလ ေၾကာင္းထိုးစစ္နဲ႔ အကူအညီေတာင္းၿပီး ဟိုတယ္နား ကို သူပုန္အုပ္စု ကပ္မလာႏိုင္ေအာင္ လုပ္ေဆာင္တာ ေတြ ရွိခဲ့ပါတယ္။ တစ္ဖက္နဲ႔ တစ္ဖက္ ပစ္ခတ္မႈေတြ ႀကီးႀကီးမားမား ျဖစ္လာတဲ့အခါမွာ ေဒသခံ႐ြာသားေတြ အကုန္လုံးနီးပါးက အလံျဖဴေထာင္ၿပီး ထြက္ခြင့္ ေတာင္းခဲ့ၾကသလို ကခ်င္ PCG ၿငိမ္းခ်မ္းေရး အက်ိဳးေဆာင္အဖြဲ႕က ဦးယြပ္ေဇာ္ေခါင္လည္း ကယ္ထုတ္လိုသူေတြကို ကယ္ထုတ္ႏိုင္ေရးအတြက္ ညႇိႏႈိင္းဖို႔ သြားရင္းကေန ေက်ာက္ခဲစ ေပါင္ကိုထိမွန္ တာမ်ိဳး ျဖစ္ခဲ့ပါတယ္။ ျပည္ေျပးအၾကမ္းဖက္သတင္း ဌာနေတြကေတာ့ စစ္တပ္က ပစ္ခတ္လိုက္လို႔ က်ည္ဆန္ထိမွန္တယ္လို႔ ေရးပါတယ္။ တကယ္ေတာ့ ႏွစ္ဖက္ျဖစ္ေနတဲ့တိုက္ပြဲအတြင္းမွာ စစ္တပ္ဘက္က ပစ္ ခတ္တဲ့လက္နက္ႀကီး က်ေရာက္မႈေၾကာင့္ ဦးယြပ္ေဇာ္ ေခါင္အနီးနားက ေက်ာက္ခဲစေတြ လြင့္စဥ္ၿပီး ထိခိုက္ သြားျခင္းမ်ိဳးသာ ျဖစ္ပါတယ္။

ဒီျဖစ္စဥ္အတြင္းမွာပဲ (၁၀)ဦးထက္မနည္း ေသာနယ္ေျမခံျပည္သူ ၾကားညပ္ၿပီးေသဆုံးခဲ့ရသလို နယ္ေျမမွာ သတင္းရယူေနတဲ့ အလြတ္သတင္း ေထာက္ႏွစ္ဦးလည္း KIA ရဲ႕ဖမ္းဆီးျခင္းခံလိုက္ ရပါတယ္။ ေအာက္တိုဘာလကုန္ပိုင္းေရာက္လာ သည္အထိ ႏွစ္ဦးလုံး ျပန္မလြတ္ေသးပါ။ ဟိုတယ္ကို ဝင္စီးတဲ့ စစ္တပ္မွာ စစ္သား(၁၀ဝ)ေက်ာ္ပါတယ္လို႔ ဝါဒျဖန႔္ေရးသားခံရေပမယ့္ အမွန္တကယ္မွာ(၅၀)ေအာက္သာ ပါတယ္လို႔ ဆိုပါတယ္။ တိုက္ပြဲက တစ္ ရက္ႏွစ္ရက္နဲ႔ ၿပီးျပတ္မယ္ ထင္ခဲ့ေပမယ့္ ေအာက္တို ဘာ(၈)ရက္ေရာက္မွသာ ၿပီးျပတ္သြားခဲ့တာပါ။ တိုက္ပြဲအတြင္းမွာ ထိခိုက္နစ္နာမႈအရွိဆုံးကေတာ့ အရပ္သားျပည္သူေတြနဲ႔ သူတို႔ရဲ႕အိုးအိမ္ေတြပါပဲ။ "ကခ်င္သတင္းဌာနႏွစ္ခုကို မက္ဆင္ဂ်ာကေန သြားၿပီးဆဲမိတယ္။ KIA ဘက္ကေျပာတယ္ဆိုၿပီး ေရးခ်င္တာေလွ်ာက္ေရးမေနနဲ႔။ ေျမျပင္မွာ ငါတို႔ ရွိတယ္။ ဘာမွ စစ္သား(၂၀-၃၀)ေတြ ေသတာလည္း မရွိဘူး။ ႐ူးေနၾကလားလို႔။ တကယ္ကဗ်ာ။ ဆိုင္း ေတာင္တိုက္ပြဲမွာက စစ္သားတစ္ေယာက္မွ မေသ ဘူး။ KIAဘက္က တစ္ေယာက္ဆိုရင္ စႏိုက္ပါ နားထင္ကိုထိၿပီးေသတယ္။ ကြၽန္ေတာ္သိတဲ့မိသားစုက ကေလးပါ။ PDF ေတြ (၅၀)ေလာက္ေသတယ္။ အဲဒါကို စာရင္းေဖ်ာက္ထားၾကတယ္။ ရပ္ကြက္ႏွစ္ခု ေလေၾကာင္းနဲ႔ ဗုံးက်ဲခံရတာ အဲဒီေကာင္ေတြေၾကာင့္ ျဖစ္တာ။ ဒီေကာင္ေတြက ဘယ္လိုပိတ္ဆို႔တိုက္ ခိုက္ၿပီတို႔ ဘာတို႔ ေလွ်ာက္ေျပာေတာ့ ဟိုဘက္က ေလယာဥ္နဲ႔ လာဗုံးက်ဲေရာ။ စဥ္းစားၾကည့္ဗ်ာ။ ရပ္ကြက္ႏွစ္ခုသာ ျပာက်သြားတယ္" လို႔ သတင္းရင္း ျမစ္က ေျပာပါတယ္။

ဟိုတယ္ဝင္စီးခဲ့တဲ့ တပ္မေတာ္သားအရာရွိနဲ႔ အမ်ားစုဟာ တိုက္ပြဲမၿပီးခင္(၁၀) ရက္ေလာက္ကတည္းက ကားႏွစ္စီးနဲ႔အတူ ေက်ာက္ ေသြးေတာင္ တပ္မေတာ္ဗ်ဳဟာကုန္းကို ေျပာင္းေ႐ႊ႕ သြားခဲ့တယ္လို႔ သိရပါတယ္။ ဟိုတယ္ထဲမွာေတာ့ စစ္သားအနည္းငယ္ခ်န္ထားခဲ့ၿပီး ေလေၾကာင္းပစ္ကူ၊ စႏိုက္ပါပစ္ကူ၊ လက္နက္ႀကီး ပစ္ကူေတြနဲ႔ KIA-PDf ေတြကို ဟိုတယ္နားကပ္မလာႏိုင္ေအာင္ တိုက္စစ္ဆင္ခဲ့တာလို႔ ဆိုပါတယ္။ ဆိုင္းေတာင္တိုက္ပြဲ အတြင္းမွာ ေသဆုံးခဲ့ရတဲ့ PDf ေတြအမ်ားအျပား ရွိေပမယ့္ KIA ဘက္က မသိက်ိဳးကြၽန္ျပဳၿပီး သတင္းဖုံးကြယ္ထားခဲ့ျခင္းကို အာဏာရွင္မုန္းတဲ့ ဗမာ PDF တခ်ိဳ႕က မေက်မနပ္ျဖစ္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ သူတို႔ရဲ႕ရင္ဖြင့္သံကို ဖားကန႔္နယ္ေျမထဲ က သတင္းသမားတခ်ိဳ႕ကိုယ္တိုင္ နားလည္တဲ့ အတြက္ ေဖ့စ္ဘြတ္ေပၚကေန တစ္ခ်က္တစ္ခ်က္ ခပ္ ပါးပါး ေရးေလ့ရွိပါတယ္။ တာလင္းေမာင္ အမည္ရွိတဲ့Red News Agency ရဲ႕အလြတ္တန္းသတင္း ေထာက္ဟာ အဲဒီအထဲက တစ္ေယာက္ပါ။ ဒါေပမဲ့KIAရဲ႕ဖမ္းဆီးျခင္းခံထားရမႈနဲ႔အတူ စက္တင္ဘာ (၁၂)ရက္ေနာက္ပိုင္းက ေရးသားခ်က္တခ်ိဳ႕ဟာ ေဖ့စ္ဘြတ္ေပၚကေန ဖယ္ရွားျခင္းခံလိုက္ရတာကို ေတြ႕ရပါတယ္။ ဆိုင္းေတာင္တိုက္ပြဲရဲ႕႐ုပ္ရွင္ျပကြက္ ဟာ နယ္ေျမခံသတင္းသမားတခ်ိဳ႕နဲ႔ ဗမာ PDF လူငယ္တခ်ိဳ႕ကို အသိတရားတစ္ခု ေပးသြားပါတယ္။ တစ္လၾကာေအာင္ တိုက္ပြဲေဖာ္ေဆာင္ၿပီးတဲ့ေနာက္ ေအာက္တိုဘာ(၈)ရက္မွာေတာ့ ဆိုင္းေတာင္ကို ထိန္းခ်ဳပ္ႏိုင္ခဲ့ပါၿပီလို႔ KIA ျပန္ၾကားေရး ေနာ္ဘူက ျပည္ေျပးအၾကမ္းဖက္သတင္းဌာနေတြကို ေျဖဆိုထား ပါတယ္။ အဲဒီအထဲမွာေတာ့ စစ္သားေတြ အတုံး အ႐ုန္းေသဆုံးခဲ့ရသလိုမ်ိဳး၊ လက္ရဖမ္းဆီးရမိသူ စစ္သားေတြ ရွိေနသလိုမ်ိဳး ဝါဒျဖန႔္ခဲ့ပါတယ္။ " ဟို ဘဲ(တပ္အရာရွိ)က ပိုက္ဆံေတြပိုက္ၿပီး ျပန္ထြက္ သြားသလို သူ႔စစ္သားေတြ (၈)ရက္ေန႔ ေဝလီေဝ လင္းမွာ ဟိုတယ္ကေနထြက္သြားၾကတယ္။ စစ္သား ေတြ ေက်ာက္ေသြးေတာင္ ကုန္းေပၚေရာက္သြားၿပီဆို တာသိမွ ဟိုေကာင္ေတြ (KIA -PDF)က ဟိုတယ္ထဲ ဝင္သြားၿပီး ဟိုတယ္ေမြ႕ရာေတြ ဘာေတြကို မီးေတြရႈိ႕ ပစ္ခတ္ျပၿပီး သူတို႔ရသြားၿပီဆိုၿပီး ေလွ်ာက္ေျပာေတာ့တာ "လို႔ နယ္ေျမခံက ေျပာပါတယ္။ အဲဒီလိုနဲ႔ ပဲ ဆိုင္းေတာင္တိုက္ပြဲက ၿပီးဆုံးသြားခဲ့တာျဖစ္သလို ဒီတိုက္ပြဲေၾကာင့္ စစ္တပ္က ဆုံးရႈံးသြားခဲ့တာ ဘာ ႀကီးႀကီးမားမားမွ မရွိခဲ့ဘူးလို႔ ဆိုပါတယ္။ ဆိုင္းေတာင္Lucky Man ဟိုတယ္ပိုင္ရွင္ကလည္း နယ္ေျမခံစစ္ တပ္အေပၚေရာ၊ KIA အရာရွိေတြအေပၚမွာပါ ဩဇာ ရွိတဲ့ အခ်ိတ္အဆက္ေကာင္းသူ ေက်ာက္သူေဌးတစ္ ဦးျဖစ္တယ္လို႔ သိရပါတယ္။ ဟိုတယ္ ဝင္စီးခံရမႈျဖစ္ စဥ္အတြင္းမွာ ဟိုတယ္ဝန္ထမ္းတခ်ိဳ႕နဲ႔ ေက်ာက္သူ ေဌးတခ်ိဳ႕ကို ကားနဲ႔ကယ္ထုတ္ဖို႔အတြက္ ႏွစ္ဖက္ ထိပ္တိုက္ေတြ႕ေနတဲ့ တပ္ေတြကို ဖုန္းဆက္ညႇိႏႈိင္းခဲ့ သူလည္း ျဖစ္ပါတယ္။ အလားတူ KIA တပ္မဟာ(၉)က အရာရွိေတြကို ကယ္ထုတ္ဖို႔အတြက္လည္း ၾကားဝင္စီစဥ္ေပးခဲ့ပုံရပါတယ္။

ဒီေတာ့ အမွန္တကယ္ ဆုံးရႈံးသြားတာက ဆိုင္းေတာင္ေက်း႐ြာထဲက ပ်က္စီးသြားတဲ့ရပ္ကြက္ ႀကီးႏွစ္ခု၊ ေဒသခံ ျပည္သူ(၁၀)ဦးမထက္ ေသဆုံး ျခင္း၊ အမည္ထုတ္ျပန္ၿပီး ေသဆုံးပိုင္ခြင့္မရွိတဲ့ PDF လူငယ္တခ်ိဳ႕တို႔ပါပဲ။ ျပည္ေျပးအၾကမ္းဖက္ သတင္း ဌာနေတြမွာ ေရးေနၾကသလို တပ္ဘက္က ဒုတိယ ဗိုလ္မႉးႀကီး သက္ပိုင္ထြန္းလည္း ေသဆုံးတာမရွိ ခဲ့သလို စစ္သားေတြ ဖမ္းဆီးခံလိုက္ရတာလည္း မရွိဘူးလို႔ ဆိုပါတယ္။ ဆိုင္းေတာင္တိုက္ပြဲ မဟုတ္တဲ့ အျခားေသာ အနီးနားကစစ္ေၾကာင္းသြားလာမႈတစ္ခုကိုသာ ေခ်ာင္းေျမာင္းတိုက္ခိုက္ မိုင္းဆြဲလို႔ စစ္သား တစ္ဦး ေသဆုံးမႈျဖစ္ခဲ့တာသာ ရွိတယ္လို႔ နယ္ေျမခံ က ေျပာပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဆိုင္းေတာင္ ေက်း႐ြာကို နယ္ေျမခံျပည္သူေတြက ျပန္လည္ဝင္ ေရာက္ေနထိုင္ၾကပါၿပီ။ သို႔ေသာ္လည္း ေနာက္တစ္ ႀကိမ္ တိုက္ပြဲထပ္ျဖစ္လာမွာကို စိုးရိမ္ေနၾကသလို ႏွစ္ ဖက္တပ္ေတြရဲ႕အက်ိဳးစီးပြားနဲ႔ ႏြယ္ေနတဲ့ ေက်ာက္ စိမ္းလုပ္ကြက္ေတြၾကားက ေျမစာပင္ေတြျဖစ္မွာ စိုးရိမ္ေနၾကပါတယ္။ KIA ထိပ္ပိုင္းက လာဖမ္းသြား တဲ့ သတင္းသမားႏွစ္ဦးရဲ႕ဘဝကေတာ့ ယေန႔အထိ အစအန ေပ်ာက္ေနဆဲပါ။ ဒါကေတာ့ ဆိုင္းေတာင္ တိုက္ပြဲအေၾကာင္းပဲ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.