၂၀၂၆ ခုနှစ် ဇူလိုင်လတွင် Spider-Man 4 ရုပ်ရှင်ထွက်ရှိလာမည်ဟု ကြေညာ
66
Pika (NP News) - အောက်တိုဘာ ၃၁
အမေရိကန်ရုပ်ရှင်မင်းသား တွမ်ဟော်လန်ပါဝင်သရုပ်ဆောင်မည့် Spider-Man 4 ရုပ်ရှင်သည် (၂၀၂၆)ခုနှစ် ဇူလိုင်လတွင် ထွက်ရှိရန်စီစဉ်ထားကြောင်း Sony ကုမ္ပဏီက ထုတ်ပြန် ကြေညာခဲ့သည်။
ထို့ပြင် Spider-Man 4 ရုပ်ရှင်ကို လာမည့်နွေရာသီတွင် စတင်ရိုက်ကူးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ (၂၀၂၁)ခုနှစ်တွင် ထွက်ရှိခဲ့သော Spider-Man: No Way Home ရုပ်ရှင်၏ ဇာတ်ညွှန်းကို ရေးသားခဲ့သော Erik Sommers နှင့် Chris McKenna တို့သည် Spider-Man 4 ရုပ်ရှင်အတွက် ဇာတ်ညွှန်းကိုရေးနေပြီး Destin Daniel Cretton က ညွှန်ကြားမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ တွမ်ဟော်လန်ပါဝင်သရုပ်ဆောင်မည့် ဗြိတိန်-အမေရိကန်ရုပ်ရှင်ထုတ်လုပ်သူ ခရစ္စတိုဖာနိုလန်၏နောက်ထပ်ရုပ်ရှင်ဇာတ်ကားတစ်ကားထွက်ရှိပြီးနောက် သီတင်းပတ်တစ်ပတ်အကြာ (၂၀၂၆)ခုနှစ် ဇူလိုင်လ(၂၄)ရက်တွင် Spider-Man 4 ရုပ်ရှင်ထွက်ရှိလာမည် ဖြစ်သည်။ ခရစ္စတိုဖာနိုလန်၏ နောက်ထပ်ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ရန်အတွက် လက်ခံခဲ့ကြောင်း တွမ်ဟော်လန်က ယခင်က ဝန်ခံပြောဆိုခဲ့ဖူးသည်။
သို့သော်လည်း အမည်မသိပရောဂျက်တွင် ပါဝင်ရိုက်ကူးရန်အတွက် စိတ်လှုပ်ရှားနေကြောင်းလည်း တွမ်ဟော်လန်ကပြောကြားခဲ့သည်။ တွမ်ဟော်လန်က "ကျွန်တော်လုံးဝပြောနိုင်တာတစ်ခုကတော့ ဒီအမည်မသိရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး တကယ်ကိုစိတ်လှုပ်ရှားနေတာပါ။ ပြီးတော့ ရိုးရိုးသားသားပြောရရင် ဒါကကျွန်တော်သိသမျှအရာအားလုံးပါပဲ"ဟု ပြောဆိုခဲ့သည်။ ထို့ပြင် ခရစ္စတိုဖာနိုလန်၏ နောက်ထပ်ရုပ်ရှင်ဇာတ်ကားအတွက် ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခြင်းမှာ Spider-Man ဇာတ်ကားတွင် ပီတာပါကာအဖြစ် ပါဝင်သရုပ်ဆောင်ရန်အတွက် ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည့်အချိန်အား သတိရစေကြောင်း တွမ်ဟော်လန်က ထပ်မံပြောဆိုခဲ့သည်။
တွမ်ဟော်လန်က "ခရစ္စတိုဖာနိုလန်ရဲ့ နောက်ထပ်ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ဖို့ ဖုန်းခေါ်ဆိုမှုကိုရရှိခဲ့တာက လွန်ခဲ့တဲ့(၁၀)နှစ်တုန်းက Spider-Man ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ဖုန်းခေါ်ဆိုမှုလက်ခံရရှိခဲ့တဲ့အကြောင်းကို သတိရမိစေပါတယ်။ ဒါက ကျွန်တော့်အတွက် အရမ်းကို အံ့ဩဖို့ကောင်းတဲ့အရာတစ်ခုပါ။ ကျွန်တော်တကယ်ကို စိတ်လှုပ်ရှားနေပါတယ်"ဟု ပြောဆိုခဲ့သည်။
zawgyi version
၂၀၂၆ ခုႏွစ္ ဇူလိုင္လတြင္ Spider-Man 4 ႐ုပ္ရွင္ထြက္ရွိလာမည္ဟု ေၾကညာ
Pika (NP News) - ေအာက္တိုဘာ ၃၁
အေမရိကန္႐ုပ္ရွင္မင္းသား တြမ္ေဟာ္လန္ပါဝင္သ႐ုပ္ေဆာင္မည့္ Spider-Man 4 ႐ုပ္ရွင္သည္ (၂၀၂၆)ခုႏွစ္ ဇူလိုင္လတြင္ ထြက္ရွိရန္စီစဥ္ထားေၾကာင္း Sony ကုမၸဏီက ထုတ္ျပန္ ေၾကညာခဲ့သည္။
ထို႔ျပင္ Spider-Man 4 ႐ုပ္ရွင္ကို လာမည့္ေႏြရာသီတြင္ စတင္႐ိုက္ကူးသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။ (၂၀၂၁)ခုႏွစ္တြင္ ထြက္ရွိခဲ့ေသာ Spider-Man: No Way Home ႐ုပ္ရွင္၏ ဇာတ္ၫႊန္းကို ေရးသားခဲ့ေသာ Erik Sommers ႏွင့္ Chris McKenna တို႔သည္ Spider-Man 4 ႐ုပ္ရွင္အတြက္ ဇာတ္ၫႊန္းကိုေရးေနၿပီး Destin Daniel Cretton က ၫႊန္ၾကားမႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။ တြမ္ေဟာ္လန္ပါဝင္သ႐ုပ္ေဆာင္မည့္ ၿဗိတိန္-အေမရိကန္႐ုပ္ရွင္ထုတ္လုပ္သူ ခရစၥတိုဖာႏိုလန္၏ေနာက္ထပ္႐ုပ္ရွင္ဇာတ္ကားတစ္ကားထြက္ရွိၿပီးေနာက္ သီတင္းပတ္တစ္ပတ္အၾကာ (၂၀၂၆)ခုႏွစ္ ဇူလိုင္လ(၂၄)ရက္တြင္ Spider-Man 4 ႐ုပ္ရွင္ထြက္ရွိလာမည္ ျဖစ္သည္။ ခရစၥတိုဖာႏိုလန္၏ ေနာက္ထပ္႐ုပ္ရွင္တြင္ ပါဝင္သ႐ုပ္ေဆာင္ရန္အတြက္ လက္ခံခဲ့ေၾကာင္း တြမ္ေဟာ္လန္က ယခင္က ဝန္ခံေျပာဆိုခဲ့ဖူးသည္။
သို႔ေသာ္လည္း အမည္မသိပေရာဂ်က္တြင္ ပါဝင္႐ိုက္ကူးရန္အတြက္ စိတ္လႈပ္ရွားေနေၾကာင္းလည္း တြမ္ေဟာ္လန္ကေျပာၾကားခဲ့သည္။ တြမ္ေဟာ္လန္က "ကြၽန္ေတာ္လုံးဝေျပာႏိုင္တာတစ္ခုကေတာ့ ဒီအမည္မသိ႐ုပ္ရွင္ဇာတ္ကားနဲ႔ပတ္သက္ၿပီး တကယ္ကိုစိတ္လႈပ္ရွားေနတာပါ။ ၿပီးေတာ့ ႐ိုး႐ိုးသားသားေျပာရရင္ ဒါကကြၽန္ေတာ္သိသမွ်အရာအားလုံးပါပဲ"ဟု ေျပာဆိုခဲ့သည္။ ထို႔ျပင္ ခရစၥတိုဖာႏိုလန္၏ ေနာက္ထပ္႐ုပ္ရွင္ဇာတ္ကားအတြက္ ဖုန္းေခၚဆိုမႈကို လက္ခံရရွိျခင္းမွာ Spider-Man ဇာတ္ကားတြင္ ပီတာပါကာအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ရန္အတြက္ ဖုန္းေခၚဆိုမႈကို လက္ခံရရွိခဲ့သည့္အခ်ိန္အား သတိရေစေၾကာင္း တြမ္ေဟာ္လန္က ထပ္မံေျပာဆိုခဲ့သည္။
တြမ္ေဟာ္လန္က "ခရစၥတိုဖာႏိုလန္ရဲ႕ ေနာက္ထပ္႐ုပ္ရွင္မွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ ဖုန္းေခၚဆိုမႈကိုရရွိခဲ့တာက လြန္ခဲ့တဲ့(၁၀)ႏွစ္တုန္းက Spider-Man ႐ုပ္ရွင္မွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔အတြက္ ဖုန္းေခၚဆိုမႈလက္ခံရရွိခဲ့တဲ့အေၾကာင္းကို သတိရမိေစပါတယ္။ ဒါက ကြၽန္ေတာ့္အတြက္ အရမ္းကို အံ့ဩဖို႔ေကာင္းတဲ့အရာတစ္ခုပါ။ ကြၽန္ေတာ္တကယ္ကို စိတ္လႈပ္ရွားေနပါတယ္"ဟု ေျပာဆိုခဲ့သည္။