တာချီလိတ်နယ်စပ်တွင် အရောင်းအဝယ်ပြုလုပ်ရန်အတွက် သိုဝှက်ထားသော ငွေကျပ် ၃ ဒသမ ၂၃ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
611
ချယ်ရီ (NP News) - နိုဝင်ဘာလ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တာချီလိတ်နယ်စပ်တွင် အရောင်းအဝယ်ပြုလုပ်ရန်အတွက် သိုဝှက်ထားသော ငွေကျပ် ၃ ဒသမ ၂၃ ဘီလျံ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်၊ ညနေ ၅ နာရီအချိန်ခန့်တွင် တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါကျေးရွာရှိ စိုင်းကျိုင်း(ခ)ရဲလမ်း၏ နေအိမ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ စိုင်းရီလွတ် နှင့် အိုက်ကောင်(၂) ဦးတို့ကို ငွေကျပ် (၃ ဒသမ ၂၃) ဘီလျံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၄ ဒသမ ဝ၃၆) သန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) (၂၀၂) ကီလိုဂရမ်၊ အနံ့မှုန့် Vanillin (၇၅) ကီလိုဂရမ်၊ အနံ့ဆေးရည် (၃၆၀) လီတာ၊ ISUZU D-MAX မော်တော်ယာဉ်တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက် စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါမူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိသည့် အိမ်ပိုင်ရှင် စိုင်းကျိုင်း(ခ)ရဲ လမ်းနှင့် လွယ်တော်ခမ်း ကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာတွင်နေထိုင်သည့် အန်းဂျေလိုတို့ (၂) ဦးတို့က တာချီလိတ်နယ်စပ်တွင် အရောင်းအဝယ်ပြုလုပ်ရန်အတွက် သိုဝှက်ထားသောပစ္စည်းများဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ သက်ဆိုင်ရာမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်ကျူးလွန်သူများ စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ဆက်စပ်ပါဝင်သူများနှင့်အတူ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေး အကျိုးအမြတ်များအပါအဝင် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့်ပါ ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Zawgyi Version;
တာခ်ီလိတ္နယ္စပ္တြင္ အေရာင္းအဝယ္ျပဳလုပ္ရန္အတြက္ သိုဝွက္ထားေသာ ေငြက်ပ္ ၃ ဒသမ ၂၃ ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ
ခ်ယ္ရီ (NP News) - ႏိုဝင္ဘာလ ၅
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရွိ တာခ်ီလိတ္နယ္စပ္တြင္ အေရာင္းအဝယ္ျပဳလုပ္ရန္အတြက္ သိုဝွက္ထားေသာ ေငြက်ပ္ ၃ ဒသမ ၂၃ ဘီလ်ံ ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံမွ သိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕က ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၁ ရက္၊ ညေန ၅ နာရီအခ်ိန္ခန႔္တြင္ တာခ်ီလိတ္ၿမိဳ႕၊ လြယ္ေတာ္ခမ္းေက်း႐ြာအုပ္စု၊ ေရပူစမ္းေက်း႐ြာတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အထက္ပါေက်း႐ြာရွိ စိုင္းက်ိဳင္း(ခ)ရဲလမ္း၏ ေနအိမ္ကို မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာပူးေပါင္းအဖြဲ႕က သတင္းအရ ဝင္ေရာက္ရွာေဖြခဲ့ရာ စိုင္းရီလြတ္ ႏွင့္ အိုက္ေကာင္(၂) ဦးတို႔ကို ေငြက်ပ္ (၃ ဒသမ ၂၃) ဘီလ်ံေက်ာ္ တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၄ ဒသမ ဝ၃၆) သန္း၊ အိုက္စ္ (မက္သ္အဖက္တမင္း) (၂၀၂) ကီလိုဂရမ္၊ အနံ႔မႈန႔္ Vanillin (၇၅) ကီလိုဂရမ္၊ အနံ႔ေဆးရည္ (၃၆၀) လီတာ၊ ISUZU D-MAX ေမာ္ေတာ္ယာဥ္တစ္စီးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဆက္လက္ စစ္ေဆးေဖာ္ထုတ္ခ်က္အရ အဆိုပါမူးယစ္ေဆးဝါးမ်ားကို ဖမ္းဆီးရမိသည့္ အိမ္ပိုင္ရွင္ စိုင္းက်ိဳင္း(ခ)ရဲ လမ္းႏွင့္ လြယ္ေတာ္ခမ္း ေက်း႐ြာအုပ္စု၊ ေဟြရဲေက်း႐ြာတြင္ေနထိုင္သည့္ အန္းေဂ်လိုတို႔ (၂) ဦးတို႔က တာခ်ီလိတ္နယ္စပ္တြင္ အေရာင္းအဝယ္ျပဳလုပ္ရန္အတြက္ သိုဝွက္ထားေသာပစၥည္းမ်ားျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔ကို မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ သက္ဆိုင္ရာၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ အေရးယူထားၿပီး ကြင္းဆက္က်ဴးလြန္သူမ်ား စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ ဆက္စပ္ပါဝင္သူမ်ားႏွင့္အတူ မူးယစ္ေဆးဝါး သယ္ေဆာင္ ေရာင္းဝယ္ရာမွ ရရွိသည့္ ေငြေၾကး အက်ိဳးအျမတ္မ်ားအပါအဝင္ ပိုင္ဆိုင္မႈမ်ားကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းႏိုင္ေရးအတြက္ ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရးဥပေဒႏွင့္ပါ ဆက္လက္ အေရးယူ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။