ရခိုင်ပြည်နယ် ဘင်္ဂါလီပြဿနာ နှင့် R2P ထောင်ချောက်
312
ကျွန်းသားငမန်း (NP News) - နိုဝင်ဘာလ ၆
အပိုင်း (၁)
မြန်မာနိုင်ငံ၏လက်ရှိအခြေအနေမှာ ပြည် တွင်းဆူပူသောင်းကျန်းမှုများနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်းမှုကင်းမဲ့နေသည်။ တိုင်းပြည်၏နိုင်ငံရေး စစ်ရေးအခြေအနေများ ရှုပ် ထွေးနေသည်။ ဒီမိုကရေ စီရေးအကြောင်းပြပြီး နိုင်ငံရေးအာဏာကိုရယူရန် ကြိုးစားနေသောအုပ်စုများ၊ ဖက်ဒရယ်အရေးကိုအ ကြောင်းပြကာ ဗဟိုအစိုးရကိုတိုက်ခိုက်နေကြသော တိုင်းရင်းသားလက်နက်ကိုင်များနှင့်ဖြစ်ပွားနေသောပဋိပက္ခများဖြင့် လက်နက်ကိုင်ဆူပူမှုများ အရှိန်ရနေ သည်။ တစ်ဆက်တည်းမှာပင် မြန်မာနိုင်ငံသားပြည်သူအများစုသည် (၁၀၂၇)စစ်ပွဲအခြေအနေများကို သာ အာရုံစူးစိုက်နေကြသည်။
သို့ရာတွင် မြန်မာနိုင်ငံအနောက်ပိုင်း၌ တငွေ့ငွေ့လောင်ကျွမ်းနေသော ဘင်္ဂါလီပြဿနာကို စဉ်းငယ်မျှစဉ်းစားခြင်းမပြုကြ။ မေ့လျော့နေကြသည်၊ မေ့ပျောက်နေကြသည်။ အမှန်တွင် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂါလီ များ၏ပြဿနာမှာသေးငယ်သောကိစ္စမဟုတ်။ အိမ်နီး ချင်းနိုင်ငံတစ်ခုနှင့် ဘင်္ဂါလီအရေးတက်ကြွ်ကြွပ်ရှားသူ များက မီးစထိုးလှုပ်ရှားဆောင်ရွက်နေကြသည်။
ပြောရမည်ဆိုပါက မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်နေသောပြဿနာများမှာ အိမ်နီးချင်းနိုင်ငံများ ၏ ပါဝင်ဆက်စပ်မှုများကိုလေ့လာထားရန်လိုသည်။ မြန်မာသည် တရုတ်၊ လာအို၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ စသည့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ချင်း ထိစပ်လျက်ရှိနေသည်။ အရှေ့ဘက်တွင် လူဦး ရေထူထပ်ပြီး နိုင်ငံရေး၊ စစ်ရေးအရ အင်အားကြီး မားသော တရုတ်နိုင်ငံနှင့် အနောက်ဘက်တွင် နိုင်ငံ သေးသော်လည်း လူဦးရေပေါက်ကွဲမှုဖြစ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တည်ရှိနေသည်။ ထို့အတူ မြန်မာနိုင်ငံ၏အနောက်မြောက်ဘက်တွင် နိုင်ငံရေး၊ စီးပွားရေးဖြင့် အားယူနိုးထလာနေသော အိန္ဒိယနိုင်ငံ လည်းရှိနေသည်။ မြန်မာနိုင်ငံ၏အရှေ့တောင်ဘက် တွင်လည်း စီးပွားရေးအားဖြင့် တောင့်တင်းခိုင်မာ နေသည့် ထိုင်းနိုင်ငံကတည်ရှိနေသည်။ မြန်မာနိုင်ငံ၏အိမ်နီးချင်း နိုင်ငံ (၅) နိုင်ငံ အနက် လာအိုနိုင်ငံမှအပ အခြားနိုင်ငံ အသီးသီးသည် မြန်မာနိုင်ငံနှင့်ပတ်သက် ၍ ၎င်းတို့၏အကျိုးစီးပွားအတွက် တစ်နည်းမဟုတ်၊ တစ်နည်း ပတ်သက်နေကြသည်။
အိမ်နီးချင်းနိုင်ငံများ၏ပတ်သက်ဆက်နွယ်မှု
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ပင်လယ် ကမ်းရိုးတန်းကိုအသုံးပြု၍ ၎င်း၏ ခါးပတ်တစ်ခု၊ လမ်းကြောင်းတစ်သွယ် စီးပွားရေးစီမံကိန်းကို ဆက်စပ်အကောင်အထည်ဖော်နိုင်ရန်ဆောင်ရွက်နေသည်။ ထို့အတူ လက်ရှိတွင်လည်း မြန်မာနိုင်ငံကမ်းရိုးတန်း ကျောက်ဖြူရေနက်ဆိပ်ကမ်းကိုအသုံးပြု၍ မြန်မာနိုင်ငံရခိုင်ကမ်းလွန်မှထွက်ရှိသည့်သဘာဝ ဓာတ်ငွေ့များနှင့် အရှေ့အလယ်ပိုင်းဒေသမှတစ်ဆင့် သယ်ယူလာသောရေနံစိမ်းများကို ပိုက်လိုင်းဖြင့် တ ရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိနေသည်။ ရခိုင်ကမ်းရိုး တန်း ကျောက်ဖြူမှတစ်ဆင့်တင်ပို့နေသည့် သဘာဝ ဓာတ်ငွေ့နှင့်ရေနံပိုက်လိုင်းများသည် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့့််ရှးပြည်နယ်မြောက်ပိုင်း ဒေသများကို ဖြတ်သန်းတည်ဆောက်ထားခြင်းဖြစ် သည်။ တစ်ဆက်တည်းမှာပင် အရှေ့တောင်အာရှနိုင်ငံ များအနက် ရေကြောင်းအနက်ရှိုင်းဆုံးနေရာဖြစ် သည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ရင်းနှီး မြှုပ်နှံမှုအများဆုံးဖြင့်ပါဝင်နေသည်။ မြန်မာနိုင်ငံ သည် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာသို့ ထွက် ပေါက်တစ်ခုဖြစ်ပြီး ၎င်း၏စီးပွားရေးအင်ပါယာချဲ့ထွင် ရေးတွင် အရေးကြီးသောနိုင်ငံတစ်ခုဖြစ်သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အိန္ဒိယ သမုဒ္ဒရာသို့ဆက်သွယ်နိုင်သည့်အခြေအနေကို မလိုလားသော အမေရိကန်နိုင်ငံကလည်း မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုများဖြင့် စောင့်ကြည့်လျက်ရှိသည်။
ဤသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံဖြစ်သောထိုင်းနိုင်ငံကို အသုံးပြု လုပ်ဆောင်နေသည်။ ထိုင်းနိုင်ငံသည် ၎င်း၏အကျိုး စီးပွားအတွက် မြန်မာနိုင်ငံနှင့်တိုက်ရိုက်သက်ဆိုင် ခြင်းမရှိသော်လည်း ၎င်း၏မိတ်ဖက်ဖြစ်သော အမေရိ ကန်နိုင်ငံကြောင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တစ်ကြောင်းမဟုတ် တစ်ကြောင်း ဆက်စပ်ပတ်သက်နေ ပြန်သည်။
မြန်မာနိုင်ငံ၏အနောက်မြောက်ဘက်တွင် ရှိသည့် အိန္ဒိယနိုင်ငံကလည်း ၎င်း၏အရှေ့မျှော်မူဝါဒ အရ ရခိုင်ပြည်နယ်ရှိ ကုလားတန်မြစ်ကြောင်း ဘက် စုံသုံးစီမံကိန်းဖြင့် စစ်တွေဆိပ်ကမ်းကိုအသုံးချရန် ဆောင်ရွက်လျက်ရှိသည်။ အိန္ဒိယနိုင်ငံ၏အရှေ့တောင် ဘက်ရှိ ကုန်းတွင်းပိတ်နိုင်ငံများသို့ ထောက်ပံ့ပစ္စည်း များတင်ပို့နိုင်ရန်နှင့် ၎င်း၏ထွက်ကုန်များကို စစ်တွေ ဆိပ်ကမ်းမှတစ်ဆင့် အရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့နိုင်ရန်ရည်ရွယ်ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံ၏စီးပွားရေးအင်အားကြီးမားလာမှုကို မနာလို၊ မရှုဆိမ့် နိုင်သောနိုင်ငံများကလည်း စိတ်ပါဝင်စားစွာဖြင့် စောင့်ကြည့်လျက်ရှိသည်။
မြန်မာနိုင်ငံ၏အနောက်ဘက်တွင်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့်မူ ၎င်းဒေသ၏လူဦးရေ ပေါက်ကွဲနေမှုအတွက် လူများကိုနေရာချထားပေး နိုင်ရန် မြန်မာ နိုင်ငံ၏အနောက်ဘက်ဒေသကို စိတ်ပါ ဝင်စားလျက်ရှိနေသည်။ လာမည့် (၂၅) နှစ်၊ အနှစ် (၃၀) အတွင်း ပင်လယ်ရေပြင်မြင့်တက်မှုကြောင့် ရေ အောက်ရောက်သွားနိုင်သည့် ၎င်းတို့၏နယ်မြေဒေသ အချို့မှလူများကို ရွှေ့ပြောင်းနေရာချထားနိုင်ရေး ရ ခိုင်ပြည်နယ်မြောက်ပိုင်းနေရာများကို စိတ်ဝင်စား နေခြင်းဖြစ်သည်။ လောလောဆယ်တွင်လည်း မြန်မာ နိုင်ငံမှထွက်ခွာသွားသူများဟုဆိုသည့်ဘင်္ဂါလီများအရေးနှင့်ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် OIC နိုင်ငံများနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံအပေါ် ယိုးမယ်ဖွဲ့အပြစ်ရှာနေသည်။ အထူးသဖြင့် ဒုက္ခသည် ပြန်လည်လက်ခံရေးဆိုသည်ကို မြန်မာနိုင်ငံက ပူး ပေါင်းဆောင်ရွက်ခြင်းမပြုလေဟန် ယိုးမယ်ဖွဲ့အပြစ် ဆိုနေသည်။ OIC နိုင်ငံများကလည်း မြန်မာနိုင်ငံမှ ထွက်ပြေးသွားသည့်ဘင်္ဂါလီများနှင့်ဆက်စပ်ကာ ၎င်းတို့၏ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်း၊ ရခိုင်ကမ်းရိုးတန်း၊ မြန်မာနိုင်ငံကမ်းရိုးတန်းနှင့်ဆက်စပ်ကာ ထိုင်း နိုင်ငံ၊ မလေးရှားနိုင်ငံ စသည့်နိုင်ငံများနှင့်ချိတ်ဆက် မည့် မွတ်စလင်ခါးပတ်ထူထောင်ရေးအတွက် အ ကောင်အထည်ဖော်လုပ်ဆောင်နေသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအပြောင်းအလဲနှင့်ဘင်္ဂါလီအရေး
(၂၀၂၄) ခုနှစ် ဩဂုတ်လ (၅) ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ် ခဲ့သည်။ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့်ရင်းနှီးပြီး ရုရှားနိုင်ငံနှင့်လည်းကျွမ်းဝင်မှုရှိသော ဝန်ကြီးချုပ် ရှိတ်ဟာစီနာပြုတ်ကျခဲ့ပြီးနောက် အမေရိကန်ယိမ်း မိုဟာမက်ယူနို့စ်အစိုးရတက်ရောက်လာခဲ့သည်။ မိုဟာမက်ယူနို့စ် အစိုးရတက်လာပြီးနောက် ရခိုင်ပြည် နယ်မှထွက်သွားသူ ဘင်္ဂါလီများအရေးကို ဦးစားပေးပြောလာသည်များကိုတွေ့ရသည်။ ဘင်္ဂလားဒေ့ရှ်နိုင် ငံ၏ နိုင်ငံရေးအပြောင်းအလဲများနှင့်အတူ ရခိုင်ပြည် နယ်အနောက်ဘက်နယ်စပ်ဒေသ၌လည်း အပြောင်း အလဲများဖြစ်ပေါ်နေသည်။ နယ်စပ်ဒေသများကို နိုင် ငံတော်အစိုးရက ထိန်းချုပ်ကြပ်မတ်နိုင်ခြင်းမရှိတော့ဘဲ လက်လွှတ်ဆုံးရှုံးခဲ့ရပြီး နယ်စပ်လုံခြုံရေး ကျိုးပေါက် သွားခဲ့ရသည်။ သို့ဖြင့် ဘင်္ဂါလီလက်ခံရေး ကိစ္စရပ် များမှာ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဖြစ်ခဲ့ရသည်။ ဤအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန် ကြီးဌာန အကြံပေးပုဂ္ဂိုလ်ဆိုသူက ထွက်ပြေး ဘင်္ဂါလီများအရေး AA နှင့်ဆွေးနွေးသွားမည်ဟုပြောဆိုလာ သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ၎င်းတို့နိုင်ငံ ရောက်ဘင်္ဂါလီများအရေး ဆက်လက်တာဝန်ယူနိုင်စွမ်းမရှိတော့ကြောင်း၊ တတိယနိုင်ငံများက လက်ခံရန် လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီခေါင်းဆောင် မိုဟာ မက်ယူနို့စ်က တောင်းဆိုခဲ့ကြောင်းလည်း ကြားသိရ သည်။ (၂၀၂၄)ခုနှစ် အောက်တိုဘာ (၁၄) ရက်တွင် ကုလသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမက်စ်အင်ဒရူးနှင့် ဘင်္ဂလား ဒေ့ရှ်အစိုးရခေါင်းဆောင် မိုဟာမက်ယူနို့စ်တို့တွေ့ ဆုံခဲ့ရာတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှ ဘင်္ဂါလီ များအတွက် ကုလသမဂ္ဂက ကာကွယ်ပေးမည့် လုံခြုံ ရေးဇုန် (safezome)တစ်ခု တည်ထောင်ပေးရန် ယူနို့စ်ကတောင်းဆိုခဲ့သည်။ အဆိုပါတောင်းဆိုချက် မှာ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းရန် အစကောင်း ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ဒုက္ခသည်များဝင်လာ မှုကို လျော့ကျစေလိမ့်မည်ဟုလည်း ယူနို့စ်ကပြောခဲ့ သည်။ ရှိတ်ဟာစီနာအစိုးရလက်ထက်ကလည်း မောင်တော၊ ဘူးသီးတောင်နယ်ကို(safezome) သတ်မှတ်ပေးရေး တောင်းဆိုမှုများရှိခဲ့သလို ဘင်္ဂ လားဒေ့ရှ်တပ်မတော်အရာရှိကြီးတစ်ဦးကလည်း မောင်တော၊ ဘူးသီးတောင် နယ်မြေများရှိ ဘင်္ဂါလီ များလုံခြုံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရကတာဝန်ယူသင့်လျှင် ယူရမည်ဖြစ် ကြောင်းပြောကြားမှု ရှိခဲ့သည်။ (၂၀၂၄) ခုနှစ် ဩဂုတ်လအတွင်းက ဧရာဝ တီသတင်းဌာနနှင့် AA ခေါင်းဆောင် ထွန်းမြတ်နိုင် တို့ဆွေးနွေးခန်းတစ်ခုတွင် ဘင်္ဂါလီများအနေဖြင့် ရခိုင် ပြည်နယ်သို့ပြန်နိုင်ရေးကိစ္စတွင် R2P ဖြင့်ဝင် ရောက်လာနိုင်ရေး အစဉ်တစိုက် တောင်းဆိုမှုများ ရှိနေကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်ကို ကြားသိလိုက်ရသည်။ အခြားတစ်ဖက်တွင်လည်း မြန်မာ့တပ်မတော်နှင့် AA တို့အကြားဖြစ်ပွားနေသည့် တိုက်ပွဲများအကြား ဘင်္ဂါလီများသေဆုံးခဲ့ရမှု၊ မြို့ရွာ များ မီးလောင်ဆုံးရမှုဖြစ်စဉ်များတွင် AA အဖွဲ့ကို ဘင်္ဂါလီများက တာဝန်ရှိကြောင်းစွပ်စွဲပြောကြားမှုများ ရှိနေခဲ့သည်ကို ကြားသိနေရသည်။
ဤသည်နှင့်ဆက်စပ်၍ ခိုးဝင်ဘင်္ဂါလီများ ၏ သီးခြား ပြည်နယ်ရရှိရေးလှုပ်ရှားမှုများကိုလည်းသိရှိထားရန်လိုအပ်ပေသည်။ ဘင်္ဂါလီများ၏ မွတ်စ လင်ပြည်နယ်ရရှိရေးလှုပ်ရှားမှု မြန်မာနိုင်ငံကိုအင်္ဂ လိပ်တို့ ကျွန်ပြုသိမ်းပိုက်လိုက်ပြီးနောက် အနောက် ဘင်္ဂလားဒေသမှ ဘင်္ဂါလီများသည် ရခိုင်ပြည်နယ် အတွင်းသို့ တံခါးမရှိ၊ ဓားမရှိ ဝင်ရောက်နေထိုင်ခွင့် ရခဲ့ကြသည်။ ထိုမှဆက်ကာ မြန်မာနိုင်ငံအတွင်း အခြေစိုက်နေထိုင်ပြီး ဒေသတွင်းရှိ မူလတိုင်းရင်း သားများကို မနေထိုင်ရဲအောင် ခြိမ်းခြောက်မှုများဖြင့် ၎င်းတို့ကျူးကျော်နေထိုင်ရာနယ်မြေများကို ချဲ့ထွင်ရ ယူခဲ့ကြသည်။ ထိုမှဆက်ကာ မြန်မာနိုင်ငံအတွင်း နယ်မြေလုစစ်ပွဲများကို အကွက်ကျကျ စီစဉ်ဖန်တီး ဆောင်ရွက်ခဲ့ကြကြောင်း အောက်ပါအတိုင်း လေ့လာ တွေ့ရှိရသည်။
(က) ပထမအကြိမ် ။ ။ (၁၉၄၂) ခုနှစ်တွင်ဖြစ်ပွားခဲ့ သည့် ဒုတိယကမ္ဘာစစ်ကိုအခွင့်ကောင်းယူ၍ ပဋိပက္ခ ကိုဖန်တီးကာ မောင်တောမြို့နယ်တွင် (၂၁၄) ရွာ၊ ဘူးသီးတောင်မြို့နယ်တွင် (၁၈၅) ရွာ၊ ရသေ့တောင် မြို့နယ်တွင် (၁၁) ရွာ မီးရှို့ကာ ဒေသခံတိုင်းရင်းသား လူမျိုး နှစ်သောင်းခန့်ကိုသတ်ဖြတ်၍ နယ်မြေလု ဂျီဟဒ်စစ်ပွဲကိုဆင်နွှဲခဲ့သည်။ (၁၉၄၂) ခုနှစ် မတ်လ (၂၃) ရက်တွင်စတင်ခဲ့သော ဤအရေးအခင်းကို အလယ်သံကျော်အရေးအခင်းဟု မှတ်တမ်းတင်ခဲ့ သည်။ ရခိုင်ပြည်သူများအနေဖြင့် ဘေးလွတ်ရာ ရခိုင် ပြည်နယ်အတွင်းပိုင်းကျေးရွာသို့ မေယုတောင်တန်း ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြရသည်။ အချို့မှာ အိန္ဒိ ယနိုင်ငံ ဒိုင်နာစပူရ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ ကြရသည်။ ဤအကြမ်းဖက်လူသတ်မှုကြီးကို ကမ္ဘာ့ နိုင်ငံအသီးသီးကပင် တုန်လှုပ်ချောက်ချားခဲ့ရသည်။
(ခ)ဒုတိယအကြိမ်။ ။ (၁၉၄၆) ခုနှစ် မြန်မာ့လွတ်လပ် ရေးအကြိုကာလတွင် မောင်တော၊ ဘူးသီးတောင်နှစ် မြို့နယ်ကို ပါကစ္စတန်နိုင်ငံနှင့်ပေါင်းစည်းနိုင်ရန် ပါကစ္စတန်ခေါင်းဆောင် မိုဟာမက် အလီဂျင်းနားနှင့် ဆက်သွယ်ကြိုးပမ်းခဲ့ကြသော်လည်း မအောင်မြင်ခဲ့။သို့ဖြင့် (၁၉၄၇) ခုနှစ်မှစတင်ကာ မူဂျာဟစ်သောင်း ကျန်းသူအဖွဲ့ကိုထူထောင်ခဲ့ပြီး ဒေသခံများကို မနေရဲ အောင်ခြိမ်းခြောက်ထွက်ပြေးစေခြင်းဖြင့် နယ်မြေချဲ့ ထွင်မှုခိုင်မာအောင် တည်ဆောက်ခဲ့ကြသည်။ မောင် တောမြောက်ပိုင်း ဘော်လီဘဇာခေါ်ကြိမ်ချောင်းအ ထက်ပိုင်းတွင် ဒေသခံရခိုင်တိုင်းရင်းသားကျေးရွာ များ ရပ်တည်နိုင်ခြင်းမရှိဘဲ ပျက်စီးခဲ့ရသည်။ (၁၉၄၈) ခုနှစ်တွင် ဘူးသီးတောင်ဒေသကို မူဂျာဟစ်များက ရက်ပေါင်း (၄၀) ခန့်အထိ ဝိုင်းဝန်းပိတ်ဆို့ထားခဲ့သည်။
(ဂ) တတိယအကြိမ် ။ ။ (၁၉၅၁) ခုနှစ်တွင် ဖဆပလ အစိုးရ၏ နိုင်ငံရေးကစားမှုများကိုအခွင့်ကောင်းရယူ ပြီး ဘင်္ဂါလီလူဝင်မှုစစ်အေးကြီးကိုဆင်နွှဲကာ မြန်မာ နိုင်ငံ၏ နိုင်ငံရေးကစားကွင်းသို့ဝင်ရောက်လာခဲ့ သည်။ ဖဆပလအစိုးရအဖွဲ့တွင် ဝန်ကြီးနေရာအထိ ရယူနိုင်ခဲ့ကြသည်။ (၁၉၅၁) ခုနှစ်တွင်ပင် အလယ် သံကျော်ကျေးရွာ၌ မွတ်စလင်ညီလာခံကိုကျင်းပပြီးရခိုင်ပြည်နယ်မြောက်ပိုင်းကို လွတ်လပ်သောမွတ်စ လင်ပြည်နယ်အဖြစ် အမြန်ဆုံးဖွဲ့စည်းပေးရန် အစိုးရ အဖွဲ့သို့တောင်းဆိုခဲ့သည်။ (၁၉၆၆) ခုနှစ်တွင် ဖဆပလ ဝန်ကြီးဟောင်း စူလ်တင်မာမွတ်ဦးဆောင် သောဘင်္ဂါလီအဖွဲ့အစည်းသည် ထိုင်းမွတ်လင်အဖွဲ့၏ထောက်ခံချက်ဖြင့် လစ်ဗျားသို့သွားကာ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့ တောင်မြို့နယ်အနောက်ခြမ်းဒေသပါဝင်သော မေယု ကမ်းမြောင်ဒေသကို အာကစ္စတန် (Arkiston) နိုင်ငံ အဖြစ် ထူထောင်ရန်ကြိုးပမ်းခဲ့သည်။
(၁၉၇၂) ခုနှစ်တွင် ရိုဟင်ဂျာအမျိုးသား လွတ်မြောက်ရေးပါတီ(Rohingya Liberation Party- RLP) ကို ဖွဲ့စည်းခဲ့သည်။
(ဃ)စတုတ္ထအကြိမ်။ ။ (၁၉၈၈) ခုနှစ် မြန်မာ့နိုင်ငံရေး အရေးအခင်းကာလကိုအခွင့်ကောင်းယူကာ(၁၉၈၈) ခုနှစ် မေလ (၁၃) ရက်တွင် ဘင်္ဂါလီငါးသောင်းခန့် က မောင်တောမြို့ကိုဝိုင်းရံလုပ်ကြံခဲ့ကြသည်။ ထိုသို့ လုပ်ကြံရာတွင် " ရခိုင်များကိုသတ်ပစ်ကြ။ ဘုရားရှင် အလိုကျ ဘာသာရေးစစ်ပွဲဆင်နွှဲကြ။ ပါကစ္စတန် အောင်မြင်ပါစေ}} စသည့် ေြွကးကြော်သံများကိုကြွေးကြော်ခဲ့ကြသည်။ မေလ (၁၃) ရက်တွင် ဘင်္ဂါလီ များ၏ (၁၉၄၂) ခုနှစ် နယ်မြေလုဂျီဟဒ်စစ်တွင် တိုင်း ရင်းသားမျိုးနွယ်စုများကို မောင်တော၊ ဘူးသီး တောင် နယ်မြေမှမောင်းထုတ်နိုင်ခဲ့သည့် နေ့ထူးနေ့မြတ်အ ဖြစ် ဘင်္ဂါလီများက သတ်မှတ်ထားသောနေ့လည်း ဖြစ်သည်။
(င)ပဉ္စမအကြိမ်။ ။ တပ်မတော်အစိုးရလက်ထက် (၁၉၉၄) ခုနှစ်တွင် မောင်တောမြို့ကို ချိန်ကိုက်ဗုံး (၁၂) လုံးဖြင့်တိုက်ခိုက်ခဲ့သည်။ ကုလားဆိုးသောင်း ကျန်းသူအယောက် (၄၀) ခန့်သည် မောင်တော တောင်ပိုင်း အလယ်သံကျော်ကမ်းခြေမှဝင်ရောက် လာပြီး မေယုတောင်ကြောသို့ထိုးဖောက်နေရာယူခဲ့သည်။ တပ်မတော်က လက်ဦးမှုရယူချေမှုန်းခဲ့ရ သည်။ (၁၉၉၉-၂၀ဝဝ) စစ်တွေဈေးပွဲတော်တွင် ရခိုင်အမျိုးသမီးတစ်ဦးကို မွတ်စလင်အချို့ကရမ်း ကားကာ ကုလား-ရခိုင် ပဋိပက္ခတစ်ခုကိုမီးမွှေးခဲ့ သည်။ ဤပဋိပက္ခကြောင့် စစ်တွေ၊ ပေါက်တောမြို့များ ၌ ထိခိုက်မှုများရှိခဲ့သည်။
(စ)ဆဋ္ဌမအကြိမ်။ ။ (၂၀၁၀) ပြည့်နှစ် နိုင်ငံသားစိစစ် ရေးကတ်(White Card) အဖြူကတ်ကိုထုတ်ပေးခဲ့ သည်။ (၂၀၁၂) ခုနှစ် မေလ (၂၈) ရက်တွင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာ၌ ရခိုင်အမျိုးသမီးတစ် ဦးကို ဘင်္ဂါလီသုံးဦးက မုဒိမ်းကျင့်သတ်ဖြတ်ရာမှ (၂၀၁၂) ခုနှစ်ပဋိပက္ခဖြစ်ခဲ့ရသည်။ စစ်တွေ၊ မောင် တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက် တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောမြို့နယ်တို့အထိ ပဋိပက္ခဖြစ်ရပ်များကျယ်ပြန့်ခဲ့ပြီး မောင်တော၊ ဘူးသီး တောင်မြို့နယ်ရှိ ရခိုင်ဒေသခံများ ဘေးလွတ်ရာ ရခိုင် ပြည်နယ်အတွင်းပိုင်းဒေသများသို့ ထွက်ပြေး ခဲ့ကြရသည်။ ဘင်္ဂါလီများက ရခိုင်ပြည်နယ်မြောက်ပိုင်း ကို Proclamation of Rohingya Independence State ဟုကြေညာခဲ့သည်။ နိုင်ငံတော်အစိုးရမှ ဆွဲ တင်စစ်လုပ်ငန်းများလုပ်ကိုင်ရာတွင် လူမျိုးနေရာ၌ ၎င်းတို့လိုလားသောအမည် ထည့်သွင်းပေးရန်တောင်း ဆိုခဲ့ပြီး ဆွဲတင်စစ်လုပ်ငန်းဆောင်ရွက်သူ ဝန်ထမ်း များကို ဝိုင်းဝန်းရန်ပြု တိုက်ခိုက်ခဲ့ကြသည်။
(ဆ) သတ္တမအကြိမ်။ ။ (၂၀၁၆) ခုနှစ် အောက်တို ဘာလ (၉) ရက်တွင် မောင်တောမြောက်ပိုင်းရှိ နယ် ခြားစောင့်ရဲဌာနချုပ်အပါအဝင် အခြားရဲ ကင်းစခန်း များကို ဘင်္ဂါလီအကြမ်းဖက်များက တစ်ချိန်တည်း၊ တစ်ပြိုင်တည်းစီး နင်းတိုက်ခိုက်ခဲ့ကြသည်။ ဒေသခံ တိုင်းရင်းသားများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရ သည်။ ဘင်္ဂါလီသောင်းကျန်းသူများသည် ကျေးရွာ အုပ်ချုပ်ရေးမှူးများအပါအဝင် အပြစ်မဲ့ပြည်သူ များကို အစိုးရသတင်းပေး၊ သူလျှို၊ ဒလန် စသည်ဖြင့် စွပ်စွဲကာ သတ်ဖြတ်မှုများဖြင့် ဘင်္ဂါလီအချင်းချင်းကို အကြောက်တရားဖြင့်ထိန်းချုပ်ထားခဲ့ကြသည်။
(ဇ) အဋ္ဌမအကြိမ်။ ။ (၂၀၁၇) ခုနှစ် ဩဂုတ်လ (၂၅) ရက်တွင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်များရှိ တပ်မတော်တပ်စခန်းဌာနချုပ်တစ်ခုအပါအဝင်၊ လုံခြုံရေးရဲကင်းစခန်းများကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြ သည်။ ဘင်္ဂါလီသောင်းကျန်းသူ ARSA အဖွဲ့၏အမည်သည်လည်း ထင်ရှားလာသည်။ ဤပဋိက္ခ ဖြစ်စဉ်ကို နိုင်ငံခြားသတင်းဌာနများမှ အမှန်တစ်ဝက်၊ အမှားတစ်ဝက်ရောစွက်ကာ အချိန်နှင့်တစ်ပြေးညီ ကမ္ဘာသို့ထုတ်လွှင့်ပေးခဲ့သည်။ ARSA အဖွဲ့၏ခြိမ်း ခြောက်မှု၊ သွေးဆောင်မှုများကြောင့် ဘင်္ဂါလီများ မိမိ ကျေးရွာ၊ မိမိနေအိမ်များကိုမီးရှို့ဖျက်ဆီးကာ တစ် ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားကြသည်။ မြန် မာနိုင်ငံမှထွက်ခွာသွားသူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စက်လှေများဖြင့် လာရောက်ခေါ်ဆောင်ခဲ့ကြသည်။ ဤအရေးအခင်းမတိုင်မီ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသမှဘင်္ဂါလီများသည် မိုးရာသီ လယ် ယာထွန်ယက်စိုက်ပျိုးခြင်းကိုမပြုလုပ်ခဲ့ကြသလို၊ မိမိတို့၏ရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ စက် လှေ၊ လှေ၊ သမ္ဗန်စသည်များကိုရောင်းချထားခဲ့ကြသည်။ ဘင်္ဂါလီကျေးရွာများမှထွက်ခွာပြီး တစ်ဖက်နိုင်ငံမှ လာရောက်ခေါ်ဆောင်သူများကို စောင့်ဆိုင်းနေသည့် ဒေသစွန့်ခွာသူများကို တာဝန်ရှိသူများက သွားရောက် ၍ မိမိကျေးရွာများသို့ ပြန်လည်သွားရောက်ရန် ဖြောင်း ဖျခေါ်ယူသော်လည်းပြန်လာခြင်းမရှိဘဲ အေးဆေး စွာပင် တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားခဲ့ကြသည်။ ဒေသခံ ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက် လူမျိုးများလည်း ဘင်္ဂါလီများ၏သတ်ဖြတ်မှုများကိုခံခဲ့ရသည်။ ဒေသ နေ ဟိန္ဒူလူမျိုး အမျိုးသား၊ အမျိုးသမီး (၁၀ဝ) ကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။ တိုင်းရင်းသားဒေသခံများ နေရပ်စွန့်ခွာခဲ့ရကာ ရခိုင် ပြည်နယ်အတွင်းပိုင်းဒေသများသို့ ဝင်ရောက်ခိုလှုံ ခဲ့ကြရသည်။
ဘင်္ဂါလီများ၏နယ်မြေလုစစ်ပွဲများစတင်ခဲ့ သည့် (၁၉၄၂) ခုနှစ် အလယ်သံကျော်အရေးအခင်း အပြီး ရခိုင်ပြည်သူတို့အတွက် အစားထိုးမရနိုင်သော အောက်ပါဆုံးရှုံးများကိုဖြစ်ပေါ်စေခဲ့သည်-
(၁) အဓိကရုဏ်း ရခိုင်လူများ (၂၀ဝဝဝ)ခန့်အသက် ဆုံးရှုံးခဲ့ရခြင်း၊
(၂) မောင်တော၊ ဘူးသီးတောင်နှင့်ရသေ့တောင်အနောက်ခြမ်းဒေသရှိရခိုင်ရွာများအားလုံး မြေလှန် မီးရှို့ဖျက်ဆီးခံလိုက်ရခြင်း၊
(၃) လူအများအပြားသေဆုံးကာ နေရပ်စွန့်ခွာထွက် ပြေးခဲ့ရမှုများကြောင့် လယ်ယာမြေများကို ပြန်လည်ထူထောင်မည့်သူများမရှိဖြစ်ခဲ့ရခြင်းနှင့် စစ်တကောင်းသား မွတ်စလင်ဘင်္ဂါလီများ များပြားလာ ပြီး ရခိုင်ကျေးရွာများ ပြန်လည်ထူထောင်မရဖြစ်ခဲ့ရ ခြင်းများဖြစ်သည်။ ဘင်္ဂါလီများသည် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်အနောက်ခြမ်းဒေသများကို မွတ်စလင်များလွှမ်းမိုးရာပြည်နယ်တစ်ခုအဖြစ် ရရှိရေးဆောင်ရွက်နေသည်မှာ အထင်အရှား ဖြစ်သည်။ ပညာတတ်များဖြင့်ဖွဲ့စည်းထားသည့် ဘင်္ဂါ လီသောင်းကျန်းသူများသည် (၁၉၆၃-၆၄)ခုနှစ်ခန့်မှ စတင်ကာ ၎င်းတို့သည် မြန်မာနိုင်ငံသား ရိုဟင်ဂျာ များဖြစ်ကြောင်း လူမျိုးလိမ်အမည်ဖြင့်ဝါဒဖြန့်လှုပ် ရှားလာခဲ့ကြသည်။ ရိုဟင်ဂျာပြည်နယ်ထူထောင်ရေး၊ ရိုဟင်ဂျာ အမျိုးသားလွတ်မြောက်ရေးကြွးကြော် သံများဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ဝါဒဖြန့် ချိရေးများကို စတင်လုပ်ဆောင်လာခဲ့ကြသည်။ (၁၉၇၂) ခုနှစ်တွင် ရိုဟင်ဂျာလွတ်မြောက်ရေး ပါတီ၊ (၁၉၇၅) ခုနှစ်တွင် ရိုဟင်ဂျာမျိုးချစ်တပ်ဦးအဖွဲ့များကို ပညာတတ် ဘင်္ဂါလီများဦးဆောင်ဖွဲ့စည်းလာခဲ့ကြသည်။
အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအခြေပြု ၍ ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအဖွဲ့၊ အာရကန် ရိုဟင်ဂျာ လွတ်မြောက်ရေးတပ်ဦး၊ ရိုဟင်ဂျာ မျိုးချစ် တပ်ဦး စသည့်အမည်အမျိုးမျိုးဖြင့် လှုပ်ရှားဆောင် ရွက်နေခဲ့သော်လည်း ထိရောက်သောတိုက်ခိုက်မှုများ ပြုလုပ်နိုင်ခြင်းမရှိခဲ့။ (၂၀၁၆) ခုနှစ်တွင် RSO-Solidarity Orgatisation အမည်ဖြင့် အကြမ်းဖက် လှုပ်ရှားမှုများကိုဆောင်ရွက်လာခဲ့သည်။ (၂၀၁၇) ခုနှစ်မှစတင်ကာ Arakan Rohingha Salvation Army-ARSA အမည်ဖြင့် ရခိုင်ပြည်နယ် မောင် တော၊ ဘူးသီးတောင်၊ ရသေ့တောင်နယ်များရှိ နယ် ခြားစောင့်ရဲစခန်းများကို တိုက်ခိုက်ခဲ့ကြသည်။ သူတို့ ၏စည်းရုံးလှုပ်ရှားမှုများမှာ ထိရောက်ခဲ့ပြီး မောင် တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များရှိ ဘင်္ဂါလီကျေးရွာအများစုနေရပ်စွန့်ခွာ ထွက်ပြေးနိုင် ရေးစည်း ရုံးဆောင်ရွက်နိုင်ခဲ့ကြသည်။
ဤအချက်များက ဘင်္ဂလားဒေ့ရှ်ရောက်ဘင်္ဂါလီများအရေးနှင့်ပတ်သက်လျှင် သွေးရိုး သားရိုးမဟုတ်ကြောင်း တွေ့ရှိရမည်ဖြစ်သည်။ ရခိုင် ပြည်နယ်တွင်ဖြစ်ပွားခဲ့ရသော (၂၀၁၂) ခုနှစ် ဇွန်လ တွင်ဖြစ်ပွားခဲ့သည့် အရေးအခင်း၊ (၂၀၁၆) ခုနှစ် အောက်တိုဘာလ (၉) ရက်တိုက်ခိုက်မှုနှင့် (၂၀၁၇) ခုနှစ် ဩဂုတ်လ (၂၅) ရက်အကြမ်းဖက် တိုက်ခိုက် မှုများကို ဘင်္ဂါလီများက ရည်ရွယ်ချက်ရှိရှိဖြင့် စနစ် တကျ အကွက်ချဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ သို့ဖြင့် (၂၀၁၇) ခုနှစ် ဩဂုတ်လ အရေးအခင်းနောက် ပိုင်း တစ်ဖက်နိုင်ငံသို့ထွက်ခွာသွားခဲ့ကြသည့် (ထွက် ပြေးခြင်းမဟုတ်ပါ)ဘင်္ဂါလီများအရေးကိစ္စမှာ နိုင်ငံ တကာ၏မျက်နှာစာတွင် အရေးကြီးသော ဖြစ်ရပ် တစ်ခုအဖြစ် ပုံဖော်ခြင်းခံလိုက်ရပြီး နိုင်ငံတကာ တရားရုံးတွင် တရားရင်ဆိုင်ရသည့်အဆင့် ရောက်ရှိ ခဲ့သည်။ တစ်ဆက်တည်းမှာပင် ဤအရေးကိုအ ကြောင်းပြုပြီး ကုလသမဂ္ဂအပါအဝင် OIC နိုင်ငံ များက ဘင်္ဂါလီများအရေးတွင် ဝင်ရောက်စွက်ဖက်မှု များရှိလာခဲ့သည်ကိုတွေ့လာရသည်။
အထူးသဖြင့်ဘင်္ဂါလီများကို ပြန်လည် လက်ခံရေးလုပ်ငန်းများတုံ့ဆိုင်းနေသည်။ အ ကြောင်းပြပြီးနောက် Zone တောင်းဆိုခြင်းဖြင့်R2P ကဲ့သို့ နိုင်ငံခြားတပ်များဝင်လာနိုင်ရေးထောင်ချောက် ဖန်တီးနေကြသည်ကိုတွေ့မြင်နေရသည်။ မြန်မာ ပြည်သားများ အလောကြီးရန်မလိုအပ်ကြောင်း သတိ ပေးရေးသားလိုက်ရပေသည်။
(ဆက်လက်ဖော်ပြပါမည်)
Zawgyi Version;
ရခိုင္ျပည္နယ္ ဘဂၤါလီျပႆနာ ႏွင့္ R2P ေထာင္ေခ်ာက္
ကြၽန္းသားငမန္း (NP News) - ႏိုဝင္ဘာလ ၆
အပိုင္း (၁)
ျမန္မာႏိုင္ငံ၏လက္ရွိအေျခအေနမွာ ျပည္ တြင္းဆူပူေသာင္းက်န္းမႈမ်ားႏွင့္ တိုင္းျပည္တည္ၿငိမ္ ေအးခ်မ္းမႈကင္းမဲ့ေနသည္။ တိုင္းျပည္၏ႏိုင္ငံေရး စစ္ေရးအေျခအေနမ်ား ရႈပ္ ေထြးေနသည္။ ဒီမိုကေရ စီေရးအေၾကာင္းျပၿပီး ႏိုင္ငံေရးအာဏာကိုရယူရန္ ႀကိဳးစားေနေသာအုပ္စုမ်ား၊ ဖက္ဒရယ္အေရးကိုအ ေၾကာင္းျပကာ ဗဟိုအစိုးရကိုတိုက္ခိုက္ေနၾကေသာ တိုင္းရင္းသားလက္နက္ကိုင္မ်ားႏွင့္ျဖစ္ပြားေနေသာပဋိပကၡမ်ားျဖင့္ လက္နက္ကိုင္ဆူပူမႈမ်ား အရွိန္ရေန သည္။ တစ္ဆက္တည္းမွာပင္ ျမန္မာႏိုင္ငံသားျပည္သူအမ်ားစုသည္ (၁၀၂၇)စစ္ပြဲအေျခအေနမ်ားကို သာ အာ႐ုံစူးစိုက္ေနၾကသည္။
သို႔ရာတြင္ ျမန္မာႏိုင္ငံအေနာက္ပိုင္း၌ တေငြ႕ေငြ႕ေလာင္ကြၽမ္းေနေသာ ဘဂၤါလီျပႆနာကို စဥ္းငယ္မွ်စဥ္းစားျခင္းမျပဳၾက။ ေမ့ေလ်ာ့ေနၾကသည္၊ ေမ့ေပ်ာက္ေနၾကသည္။ အမွန္တြင္ ျမန္မာႏိုင္ငံ အေနာက္ပိုင္း ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွ ဘဂၤါလီ မ်ား၏ျပႆနာမွာေသးငယ္ေသာကိစၥမဟုတ္။ အိမ္နီး ခ်င္းႏိုင္ငံတစ္ခုႏွင့္ ဘဂၤါလီအေရးတက္ႂကြ္ႂကြပ္ရွားသူ မ်ားက မီးစထိုးလႈပ္ရွားေဆာင္႐ြက္ေနၾကသည္။
ေျပာရမည္ဆိုပါက ျမန္မာႏိုင္ငံ၏ လက္ရွိ ျဖစ္ေပၚေနေသာျပႆနာမ်ားမွာ အိမ္နီးခ်င္းႏိုင္ငံမ်ား ၏ ပါဝင္ဆက္စပ္မႈမ်ားကိုေလ့လာထားရန္လိုသည္။ ျမန္မာသည္ တ႐ုတ္၊ လာအို၊ ထိုင္း၊ ဘဂၤလားေဒ့ရွ္ႏွင့္ အိႏၵိယႏိုင္ငံ စသည့္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ နယ္စပ္ခ်င္း ထိစပ္လ်က္ရွိေနသည္။ အေရွ႕ဘက္တြင္ လူဦး ေရထူထပ္ၿပီး ႏိုင္ငံေရး၊ စစ္ေရးအရ အင္အားႀကီး မားေသာ တ႐ုတ္ႏိုင္ငံႏွင့္ အေနာက္ဘက္တြင္ ႏိုင္ငံ ေသးေသာ္လည္း လူဦးေရေပါက္ကြဲမႈျဖစ္ေနသည့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႔တည္ရွိေနသည္။ ထို႔အတူ ျမန္မာႏိုင္ငံ၏အေနာက္ေျမာက္ဘက္တြင္ ႏိုင္ငံေရး၊ စီးပြားေရးျဖင့္ အားယူႏိုးထလာေနေသာ အိႏၵိယႏိုင္ငံ လည္းရွိေနသည္။ ျမန္မာႏိုင္ငံ၏အေရွ႕ေတာင္ဘက္ တြင္လည္း စီးပြားေရးအားျဖင့္ ေတာင့္တင္းခိုင္မာ ေနသည့္ ထိုင္းႏိုင္ငံကတည္ရွိေနသည္။ ျမန္မာႏိုင္ငံ၏အိမ္နီးခ်င္း ႏိုင္ငံ (၅) ႏိုင္ငံ အနက္ လာအိုႏိုင္ငံမွအပ အျခားႏိုင္ငံ အသီးသီးသည္ ျမန္မာႏိုင္ငံႏွင့္ပတ္သက္ ၍ ၎တို႔၏အက်ိဳးစီးပြားအတြက္ တစ္နည္းမဟုတ္၊ တစ္နည္း ပတ္သက္ေနၾကသည္။
အိမ္နီးခ်င္းႏိုင္ငံမ်ား၏ပတ္သက္ဆက္ႏြယ္မႈ
တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံ၏ပင္လယ္ ကမ္း႐ိုးတန္းကိုအသုံးျပဳ၍ ၎၏ ခါးပတ္တစ္ခု၊ လမ္းေၾကာင္းတစ္သြယ္ စီးပြားေရးစီမံကိန္းကို ဆက္စပ္အေကာင္အထည္ေဖာ္ႏိုင္ရန္ေဆာင္႐ြက္ေနသည္။ ထို႔အတူ လက္ရွိတြင္လည္း ျမန္မာႏိုင္ငံကမ္း႐ိုးတန္း ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းကိုအသုံးျပဳ၍ ျမန္မာႏိုင္ငံရခိုင္ကမ္းလြန္မွထြက္ရွိသည့္သဘာဝ ဓာတ္ေငြ႕မ်ားႏွင့္ အေရွ႕အလယ္ပိုင္းေဒသမွတစ္ဆင့္ သယ္ယူလာေသာေရနံစိမ္းမ်ားကို ပိုက္လိုင္းျဖင့္ တ ႐ုတ္ႏိုင္ငံသို႔ တင္ပို႔လ်က္ရွိေနသည္။ ရခိုင္ကမ္း႐ိုး တန္း ေက်ာက္ျဖဴမွတစ္ဆင့္တင္ပို႔ေနသည့္ သဘာဝ ဓာတ္ေငြ႕ႏွင့္ေရနံပိုက္လိုင္းမ်ားသည္ ျမန္မာႏိုင္ငံ အလယ္ပိုင္းေဒသမ်ားႏွင့့္္ရွးျပည္နယ္ေျမာက္ပိုင္း ေဒသမ်ားကို ျဖတ္သန္းတည္ေဆာက္ထားျခင္းျဖစ္ သည္။ တစ္ဆက္တည္းမွာပင္ အေရွ႕ေတာင္အာရွႏိုင္ငံ မ်ားအနက္ ေရေၾကာင္းအနက္ရႈိင္းဆုံးေနရာျဖစ္ သည့္ ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္းစီမံကိန္းႏွင့္ ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္စီမံကိန္းတြင္ ရင္းႏွီး ျမႇဳပ္ႏွံမႈအမ်ားဆုံးျဖင့္ပါဝင္ေနသည္။ ျမန္မာႏိုင္ငံ သည္ တ႐ုတ္ႏိုင္ငံအတြက္ အိႏၵိယသမုဒၵရာသို႔ ထြက္ ေပါက္တစ္ခုျဖစ္ၿပီး ၎၏စီးပြားေရးအင္ပါယာခ်ဲ႕ထြင္ ေရးတြင္ အေရးႀကီးေသာႏိုင္ငံတစ္ခုျဖစ္သည္။ တ႐ုတ္ႏိုင္ငံ၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္အိႏၵိယ သမုဒၵရာသို႔ဆက္သြယ္ႏိုင္သည့္အေျခအေနကို မလိုလားေသာ အေမရိကန္ႏိုင္ငံကလည္း ျမန္မာႏိုင္ငံအေပၚ စိတ္ဝင္စားမႈမ်ားျဖင့္ ေစာင့္ၾကည့္လ်က္ရွိသည္။
ဤသို႔ေဆာင္႐ြက္ရာတြင္ ျမန္မာႏိုင္ငံ၏အိမ္နီးခ်င္းႏိုင္ငံျဖစ္ေသာထိုင္းႏိုင္ငံကို အသုံးျပဳ လုပ္ေဆာင္ေနသည္။ ထိုင္းႏိုင္ငံသည္ ၎၏အက်ိဳး စီးပြားအတြက္ ျမန္မာႏိုင္ငံႏွင့္တိုက္႐ိုက္သက္ဆိုင္ ျခင္းမရွိေသာ္လည္း ၎၏မိတ္ဖက္ျဖစ္ေသာ အေမရိ ကန္ႏိုင္ငံေၾကာင့္ ျမန္မာႏိုင္ငံႏွင့္ပတ္သက္၍ တစ္ေၾကာင္းမဟုတ္ တစ္ေၾကာင္း ဆက္စပ္ပတ္သက္ေန ျပန္သည္။
ျမန္မာႏိုင္ငံ၏အေနာက္ေျမာက္ဘက္တြင္ ရွိသည့္ အိႏၵိယႏိုင္ငံကလည္း ၎၏အေရွ႕ေမွ်ာ္မူဝါဒ အရ ရခိုင္ျပည္နယ္ရွိ ကုလားတန္ျမစ္ေၾကာင္း ဘက္ စုံသုံးစီမံကိန္းျဖင့္ စစ္ေတြဆိပ္ကမ္းကိုအသုံးခ်ရန္ ေဆာင္႐ြက္လ်က္ရွိသည္။ အိႏၵိယႏိုင္ငံ၏အေရွ႕ေတာင္ ဘက္ရွိ ကုန္းတြင္းပိတ္ႏိုင္ငံမ်ားသို႔ ေထာက္ပံ့ပစၥည္း မ်ားတင္ပို႔ႏိုင္ရန္ႏွင့္ ၎၏ထြက္ကုန္မ်ားကို စစ္ေတြ ဆိပ္ကမ္းမွတစ္ဆင့္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားသို႔ တင္ပို႔ႏိုင္ရန္ရည္႐ြယ္ျခင္းျဖစ္သည္။ အိႏၵိယႏိုင္ငံ၏စီးပြားေရးအင္အားႀကီးမားလာမႈကို မနာလို၊ မရႈဆိမ့္ ႏိုင္ေသာႏိုင္ငံမ်ားကလည္း စိတ္ပါဝင္စားစြာျဖင့္ ေစာင့္ၾကည့္လ်က္ရွိသည္။
ျမန္မာႏိုင္ငံ၏အေနာက္ဘက္တြင္ရွိေသာ ဘဂၤလားေဒ့ရွ္ႏိုင္ငံအေနျဖင့္မူ ၎ေဒသ၏လူဦးေရ ေပါက္ကြဲေနမႈအတြက္ လူမ်ားကိုေနရာခ်ထားေပး ႏိုင္ရန္ ျမန္မာ ႏိုင္ငံ၏အေနာက္ဘက္ေဒသကို စိတ္ပါ ဝင္စားလ်က္ရွိေနသည္။ လာမည့္ (၂၅) ႏွစ္၊ အႏွစ္ (၃၀) အတြင္း ပင္လယ္ေရျပင္ျမင့္တက္မႈေၾကာင့္ ေရ ေအာက္ေရာက္သြားႏိုင္သည့္ ၎တို႔၏နယ္ေျမေဒသ အခ်ိဳ႕မွလူမ်ားကို ေ႐ႊ႕ေျပာင္းေနရာခ်ထားႏိုင္ေရး ရ ခိုင္ျပည္နယ္ေျမာက္ပိုင္းေနရာမ်ားကို စိတ္ဝင္စား ေနျခင္းျဖစ္သည္။ ေလာေလာဆယ္တြင္လည္း ျမန္မာ ႏိုင္ငံမွထြက္ခြာသြားသူမ်ားဟုဆိုသည့္ဘဂၤါလီမ်ားအေရးႏွင့္ပတ္သက္ၿပီး ကမာၻ႔ကုလသမဂၢအပါအဝင္ OIC ႏိုင္ငံမ်ားႏွင့္ပူးေပါင္းကာ ျမန္မာႏိုင္ငံအေပၚ ယိုးမယ္ဖြဲ႕အျပစ္ရွာေနသည္။ အထူးသျဖင့္ ဒုကၡသည္ ျပန္လည္လက္ခံေရးဆိုသည္ကို ျမန္မာႏိုင္ငံက ပူး ေပါင္းေဆာင္႐ြက္ျခင္းမျပဳေလဟန္ ယိုးမယ္ဖြဲ႕အျပစ္ ဆိုေနသည္။ OIC ႏိုင္ငံမ်ားကလည္း ျမန္မာႏိုင္ငံမွ ထြက္ေျပးသြားသည့္ဘဂၤါလီမ်ားႏွင့္ဆက္စပ္ကာ ၎တို႔၏ဘဂၤလားေဒ့ရွ္ႏိုင္ငံ ကမ္း႐ိုးတန္း၊ ရခိုင္ကမ္း႐ိုးတန္း၊ ျမန္မာႏိုင္ငံကမ္း႐ိုးတန္းႏွင့္ဆက္စပ္ကာ ထိုင္း ႏိုင္ငံ၊ မေလးရွားႏိုင္ငံ စသည့္ႏိုင္ငံမ်ားႏွင့္ခ်ိတ္ဆက္ မည့္ မြတ္စလင္ခါးပတ္ထူေထာင္ေရးအတြက္ အ ေကာင္အထည္ေဖာ္လုပ္ေဆာင္ေနသည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံေရးအေျပာင္းအလဲႏွင့္ဘဂၤါလီအေရး
(၂၀၂၄) ခုႏွစ္ ဩဂုတ္လ (၅) ရက္တြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၌ ႏိုင္ငံေရးအေျပာင္းအလဲျဖစ္ေပၚ ခဲ့သည္။ တ႐ုတ္ႏိုင္ငံ၊ အိႏၵိယႏိုင္ငံတို႔ႏွင့္ရင္းႏွီးၿပီး ႐ုရွားႏိုင္ငံႏွင့္လည္းကြၽမ္းဝင္မႈရွိေသာ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာျပဳတ္က်ခဲ့ၿပီးေနာက္ အေမရိကန္ယိမ္း မိုဟာမက္ယူႏို႔စ္အစိုးရတက္ေရာက္လာခဲ့သည္။ မိုဟာမက္ယူႏို႔စ္ အစိုးရတက္လာၿပီးေနာက္ ရခိုင္ျပည္ နယ္မွထြက္သြားသူ ဘဂၤါလီမ်ားအေရးကို ဦးစားေပးေျပာလာသည္မ်ားကိုေတြ႕ရသည္။ ဘဂၤလားေဒ့ရွ္ႏိုင္ ငံ၏ ႏိုင္ငံေရးအေျပာင္းအလဲမ်ားႏွင့္အတူ ရခိုင္ျပည္ နယ္အေနာက္ဘက္နယ္စပ္ေဒသ၌လည္း အေျပာင္း အလဲမ်ားျဖစ္ေပၚေနသည္။ နယ္စပ္ေဒသမ်ားကို ႏိုင္ ငံေတာ္အစိုးရက ထိန္းခ်ဳပ္ၾကပ္မတ္ႏိုင္ျခင္းမရွိေတာ့ဘဲ လက္လႊတ္ဆုံးရႈံးခဲ့ရၿပီး နယ္စပ္လုံၿခဳံေရး က်ိဳးေပါက္ သြားခဲ့ရသည္။ သို႔ျဖင့္ ဘဂၤါလီလက္ခံေရး ကိစၥရပ္ မ်ားမွာ ေရွ႕မတိုးသာ၊ ေနာက္မဆုတ္သာ ျဖစ္ခဲ့ရသည္။ ဤအခ်ိန္တြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ ႀကီးဌာန အႀကံေပးပုဂၢိဳလ္ဆိုသူက ထြက္ေျပး ဘဂၤါလီမ်ားအေရး AA ႏွင့္ေဆြးေႏြးသြားမည္ဟုေျပာဆိုလာ သည္။ ဘဂၤလားေဒ့ရွ္အစိုးရအေနျဖင့္ ၎တို႔ႏိုင္ငံ ေရာက္ဘဂၤါလီမ်ားအေရး ဆက္လက္တာဝန္ယူႏိုင္စြမ္းမရွိေတာ့ေၾကာင္း၊ တတိယႏိုင္ငံမ်ားက လက္ခံရန္ လည္း ဘဂၤလားေဒ့ရွ္ႏိုင္ငံ ယာယီေခါင္းေဆာင္ မိုဟာ မက္ယူႏို႔စ္က ေတာင္းဆိုခဲ့ေၾကာင္းလည္း ၾကားသိရ သည္။ (၂၀၂၄)ခုႏွစ္ ေအာက္တိုဘာ (၁၄) ရက္တြင္ ကုလသမဂၢက ျမန္မာႏိုင္ငံဆိုင္ရာလူ႔အခြင့္အေရးအထူးကိုယ္စားလွယ္ ေသာမက္စ္အင္ဒ႐ူးႏွင့္ ဘဂၤလား ေဒ့ရွ္အစိုးရေခါင္းေဆာင္ မိုဟာမက္ယူႏို႔စ္တို႔ေတြ႕ ဆုံခဲ့ရာတြင္ ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ထဲမွ ဘဂၤါလီ မ်ားအတြက္ ကုလသမဂၢက ကာကြယ္ေပးမည့္ လုံၿခဳံ ေရးဇုန္ (safezome)တစ္ခု တည္ေထာင္ေပးရန္ ယူႏို႔စ္ကေတာင္းဆိုခဲ့သည္။ အဆိုပါေတာင္းဆိုခ်က္ မွာ ျမန္မာ့အက်ပ္အတည္းကိုေျဖရွင္းရန္ အစေကာင္း ျဖစ္ၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံထဲသို႔ ဒုကၡသည္မ်ားဝင္လာ မႈကို ေလ်ာ့က်ေစလိမ့္မည္ဟုလည္း ယူႏို႔စ္ကေျပာခဲ့ သည္။ ရွိတ္ဟာစီနာအစိုးရလက္ထက္ကလည္း ေမာင္ေတာ၊ ဘူးသီးေတာင္နယ္ကို(safezome) သတ္မွတ္ေပးေရး ေတာင္းဆိုမႈမ်ားရွိခဲ့သလို ဘဂၤ လားေဒ့ရွ္တပ္မေတာ္အရာရွိႀကီးတစ္ဦးကလည္း ေမာင္ေတာ၊ ဘူးသီးေတာင္ နယ္ေျမမ်ားရွိ ဘဂၤါလီ မ်ားလုံၿခဳံေရးအတြက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံအစိုးရကတာဝန္ယူသင့္လွ်င္ ယူရမည္ျဖစ္ ေၾကာင္းေျပာၾကားမႈ ရွိခဲ့သည္။ (၂၀၂၄) ခုႏွစ္ ဩဂုတ္လအတြင္းက ဧရာဝ တီသတင္းဌာနႏွင့္ AA ေခါင္းေဆာင္ ထြန္းျမတ္ႏိုင္ တို႔ေဆြးေႏြးခန္းတစ္ခုတြင္ ဘဂၤါလီမ်ားအေနျဖင့္ ရခိုင္ ျပည္နယ္သို႔ျပန္ႏိုင္ေရးကိစၥတြင္ R2P ျဖင့္ဝင္ ေရာက္လာႏိုင္ေရး အစဥ္တစိုက္ ေတာင္းဆိုမႈမ်ား ရွိေနေၾကာင္းလည္း ထုတ္ေဖာ္ေျပာၾကားခဲ့သည္ကို ၾကားသိလိုက္ရသည္။ အျခားတစ္ဖက္တြင္လည္း ျမန္မာ့တပ္မေတာ္ႏွင့္ AA တို႔အၾကားျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားအၾကား ဘဂၤါလီမ်ားေသဆုံးခဲ့ရမႈ၊ ၿမိဳ႕႐ြာ မ်ား မီးေလာင္ဆုံးရမႈျဖစ္စဥ္မ်ားတြင္ AA အဖြဲ႕ကို ဘဂၤါလီမ်ားက တာဝန္ရွိေၾကာင္းစြပ္စြဲေျပာၾကားမႈမ်ား ရွိေနခဲ့သည္ကို ၾကားသိေနရသည္။
ဤသည္ႏွင့္ဆက္စပ္၍ ခိုးဝင္ဘဂၤါလီမ်ား ၏ သီးျခား ျပည္နယ္ရရွိေရးလႈပ္ရွားမႈမ်ားကိုလည္းသိရွိထားရန္လိုအပ္ေပသည္။ ဘဂၤါလီမ်ား၏ မြတ္စ လင္ျပည္နယ္ရရွိေရးလႈပ္ရွားမႈ ျမန္မာႏိုင္ငံကိုအဂၤ လိပ္တို႔ ကြၽန္ျပဳသိမ္းပိုက္လိုက္ၿပီးေနာက္ အေနာက္ ဘဂၤလားေဒသမွ ဘဂၤါလီမ်ားသည္ ရခိုင္ျပည္နယ္ အတြင္းသို႔ တံခါးမရွိ၊ ဓားမရွိ ဝင္ေရာက္ေနထိုင္ခြင့္ ရခဲ့ၾကသည္။ ထိုမွဆက္ကာ ျမန္မာႏိုင္ငံအတြင္း အေျခစိုက္ေနထိုင္ၿပီး ေဒသတြင္းရွိ မူလတိုင္းရင္း သားမ်ားကို မေနထိုင္ရဲေအာင္ ၿခိမ္းေျခာက္မႈမ်ားျဖင့္ ၎တို႔က်ဴးေက်ာ္ေနထိုင္ရာနယ္ေျမမ်ားကို ခ်ဲ႕ထြင္ရ ယူခဲ့ၾကသည္။ ထိုမွဆက္ကာ ျမန္မာႏိုင္ငံအတြင္း နယ္ေျမလုစစ္ပြဲမ်ားကို အကြက္က်က် စီစဥ္ဖန္တီး ေဆာင္႐ြက္ခဲ့ၾကေၾကာင္း ေအာက္ပါအတိုင္း ေလ့လာ ေတြ႕ရွိရသည္။
(က) ပထမအႀကိမ္ ။ ။ (၁၉၄၂) ခုႏွစ္တြင္ျဖစ္ပြားခဲ့ သည့္ ဒုတိယကမာၻစစ္ကိုအခြင့္ေကာင္းယူ၍ ပဋိပကၡ ကိုဖန္တီးကာ ေမာင္ေတာၿမိဳ႕နယ္တြင္ (၂၁၄) ႐ြာ၊ ဘူးသီးေတာင္ၿမိဳ႕နယ္တြင္ (၁၈၅) ႐ြာ၊ ရေသ့ေတာင္ ၿမိဳ႕နယ္တြင္ (၁၁) ႐ြာ မီးရႈိ႕ကာ ေဒသခံတိုင္းရင္းသား လူမ်ိဳး ႏွစ္ေသာင္းခန႔္ကိုသတ္ျဖတ္၍ နယ္ေျမလု ဂ်ီဟဒ္စစ္ပြဲကိုဆင္ႏႊဲခဲ့သည္။ (၁၉၄၂) ခုႏွစ္ မတ္လ (၂၃) ရက္တြင္စတင္ခဲ့ေသာ ဤအေရးအခင္းကို အလယ္သံေက်ာ္အေရးအခင္းဟု မွတ္တမ္းတင္ခဲ့ သည္။ ရခိုင္ျပည္သူမ်ားအေနျဖင့္ ေဘးလြတ္ရာ ရခိုင္ ျပည္နယ္အတြင္းပိုင္းေက်း႐ြာသို႔ ေမယုေတာင္တန္း ကို ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့ၾကရသည္။ အခ်ိဳ႕မွာ အိႏၵိ ယႏိုင္ငံ ဒိုင္နာစပူရ္ေဒသသို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ ၾကရသည္။ ဤအၾကမ္းဖက္လူသတ္မႈႀကီးကို ကမာၻ႔ ႏိုင္ငံအသီးသီးကပင္ တုန္လႈပ္ေခ်ာက္ခ်ားခဲ့ရသည္။
(ခ)ဒုတိယအႀကိမ္။ ။ (၁၉၄၆) ခုႏွစ္ ျမန္မာ့လြတ္လပ္ ေရးအႀကိဳကာလတြင္ ေမာင္ေတာ၊ ဘူးသီးေတာင္ႏွစ္ ၿမိဳ႕နယ္ကို ပါကစၥတန္ႏိုင္ငံႏွင့္ေပါင္းစည္းႏိုင္ရန္ ပါကစၥတန္ေခါင္းေဆာင္ မိုဟာမက္ အလီဂ်င္းနားႏွင့္ ဆက္သြယ္ႀကိဳးပမ္းခဲ့ၾကေသာ္လည္း မေအာင္ျမင္ခဲ့။သို႔ျဖင့္ (၁၉၄၇) ခုႏွစ္မွစတင္ကာ မူဂ်ာဟစ္ေသာင္း က်န္းသူအဖြဲ႕ကိုထူေထာင္ခဲ့ၿပီး ေဒသခံမ်ားကို မေနရဲ ေအာင္ၿခိမ္းေျခာက္ထြက္ေျပးေစျခင္းျဖင့္ နယ္ေျမခ်ဲ႕ ထြင္မႈခိုင္မာေအာင္ တည္ေဆာက္ခဲ့ၾကသည္။ ေမာင္ ေတာေျမာက္ပိုင္း ေဘာ္လီဘဇာေခၚႀကိမ္ေခ်ာင္းအ ထက္ပိုင္းတြင္ ေဒသခံရခိုင္တိုင္းရင္းသားေက်း႐ြာ မ်ား ရပ္တည္ႏိုင္ျခင္းမရွိဘဲ ပ်က္စီးခဲ့ရသည္။ (၁၉၄၈) ခုႏွစ္တြင္ ဘူးသီးေတာင္ေဒသကို မူဂ်ာဟစ္မ်ားက ရက္ေပါင္း (၄၀) ခန႔္အထိ ဝိုင္းဝန္းပိတ္ဆို႔ထားခဲ့သည္။
(ဂ) တတိယအႀကိမ္ ။ ။ (၁၉၅၁) ခုႏွစ္တြင္ ဖဆပလ အစိုးရ၏ ႏိုင္ငံေရးကစားမႈမ်ားကိုအခြင့္ေကာင္းရယူ ၿပီး ဘဂၤါလီလူဝင္မႈစစ္ေအးႀကီးကိုဆင္ႏႊဲကာ ျမန္မာ ႏိုင္ငံ၏ ႏိုင္ငံေရးကစားကြင္းသို႔ဝင္ေရာက္လာခဲ့ သည္။ ဖဆပလအစိုးရအဖြဲ႕တြင္ ဝန္ႀကီးေနရာအထိ ရယူႏိုင္ခဲ့ၾကသည္။ (၁၉၅၁) ခုႏွစ္တြင္ပင္ အလယ္ သံေက်ာ္ေက်း႐ြာ၌ မြတ္စလင္ညီလာခံကိုက်င္းပၿပီးရခိုင္ျပည္နယ္ေျမာက္ပိုင္းကို လြတ္လပ္ေသာမြတ္စ လင္ျပည္နယ္အျဖစ္ အျမန္ဆုံးဖြဲ႕စည္းေပးရန္ အစိုးရ အဖြဲ႕သို႔ေတာင္းဆိုခဲ့သည္။ (၁၉၆၆) ခုႏွစ္တြင္ ဖဆပလ ဝန္ႀကီးေဟာင္း စူလ္တင္မာမြတ္ဦးေဆာင္ ေသာဘဂၤါလီအဖြဲ႕အစည္းသည္ ထိုင္းမြတ္လင္အဖြဲ႕၏ေထာက္ခံခ်က္ျဖင့္ လစ္ဗ်ားသို႔သြားကာ ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ေမာင္ေတာ၊ ဘူးသီးေတာင္ႏွင့္ ရေသ့ ေတာင္ၿမိဳ႕နယ္အေနာက္ျခမ္းေဒသပါဝင္ေသာ ေမယု ကမ္းေျမာင္ေဒသကို အာကစၥတန္ (Arkiston) ႏိုင္ငံ အျဖစ္ ထူေထာင္ရန္ႀကိဳးပမ္းခဲ့သည္။
(၁၉၇၂) ခုႏွစ္တြင္ ႐ိုဟင္ဂ်ာအမ်ိဳးသား လြတ္ေျမာက္ေရးပါတီ(Rohingya Liberation Party- RLP) ကို ဖြဲ႕စည္းခဲ့သည္။
(ဃ)စတုတၳအႀကိမ္။ ။ (၁၉၈၈) ခုႏွစ္ ျမန္မာ့ႏိုင္ငံေရး အေရးအခင္းကာလကိုအခြင့္ေကာင္းယူကာ(၁၉၈၈) ခုႏွစ္ ေမလ (၁၃) ရက္တြင္ ဘဂၤါလီငါးေသာင္းခန႔္ က ေမာင္ေတာၿမိဳ႕ကိုဝိုင္းရံလုပ္ႀကံခဲ့ၾကသည္။ ထိုသို႔ လုပ္ႀကံရာတြင္ " ရခိုင္မ်ားကိုသတ္ပစ္ၾက။ ဘုရားရွင္ အလိုက် ဘာသာေရးစစ္ပြဲဆင္ႏႊဲၾက။ ပါကစၥတန္ ေအာင္ျမင္ပါေစ}} စသည့္ ေျြကးေၾကာ္သံမ်ားကိုေႂကြးေၾကာ္ခဲ့ၾကသည္။ ေမလ (၁၃) ရက္တြင္ ဘဂၤါလီ မ်ား၏ (၁၉၄၂) ခုႏွစ္ နယ္ေျမလုဂ်ီဟဒ္စစ္တြင္ တိုင္း ရင္းသားမ်ိဳးႏြယ္စုမ်ားကို ေမာင္ေတာ၊ ဘူးသီး ေတာင္ နယ္ေျမမွေမာင္းထုတ္ႏိုင္ခဲ့သည့္ ေန႔ထူးေန႔ျမတ္အ ျဖစ္ ဘဂၤါလီမ်ားက သတ္မွတ္ထားေသာေန႔လည္း ျဖစ္သည္။
(င)ပၪၥမအႀကိမ္။ ။ တပ္မေတာ္အစိုးရလက္ထက္ (၁၉၉၄) ခုႏွစ္တြင္ ေမာင္ေတာၿမိဳ႕ကို ခ်ိန္ကိုက္ဗုံး (၁၂) လုံးျဖင့္တိုက္ခိုက္ခဲ့သည္။ ကုလားဆိုးေသာင္း က်န္းသူအေယာက္ (၄၀) ခန႔္သည္ ေမာင္ေတာ ေတာင္ပိုင္း အလယ္သံေက်ာ္ကမ္းေျခမွဝင္ေရာက္ လာၿပီး ေမယုေတာင္ေၾကာသို႔ထိုးေဖာက္ေနရာယူခဲ့သည္။ တပ္မေတာ္က လက္ဦးမႈရယူေခ်မႈန္းခဲ့ရ သည္။ (၁၉၉၉-၂၀ဝဝ) စစ္ေတြေဈးပြဲေတာ္တြင္ ရခိုင္အမ်ိဳးသမီးတစ္ဦးကို မြတ္စလင္အခ်ိဳ႕ကရမ္း ကားကာ ကုလား-ရခိုင္ ပဋိပကၡတစ္ခုကိုမီးေမႊးခဲ့ သည္။ ဤပဋိပကၡေၾကာင့္ စစ္ေတြ၊ ေပါက္ေတာၿမိဳ႕မ်ား ၌ ထိခိုက္မႈမ်ားရွိခဲ့သည္။
(စ)ဆ႒မအႀကိမ္။ ။ (၂၀၁၀) ျပည့္ႏွစ္ ႏိုင္ငံသားစိစစ္ ေရးကတ္(White Card) အျဖဴကတ္ကိုထုတ္ေပးခဲ့ သည္။ (၂၀၁၂) ခုႏွစ္ ေမလ (၂၈) ရက္တြင္ ရမ္းၿဗဲ ၿမိဳ႕နယ္ ေက်ာက္နီေမာ္ေက်း႐ြာ၌ ရခိုင္အမ်ိဳးသမီးတစ္ ဦးကို ဘဂၤါလီသုံးဦးက မုဒိမ္းက်င့္သတ္ျဖတ္ရာမွ (၂၀၁၂) ခုႏွစ္ပဋိပကၡျဖစ္ခဲ့ရသည္။ စစ္ေတြ၊ ေမာင္ ေတာ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ရမ္းၿဗဲ၊ ေက်ာက္ ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေပါက္ေတာၿမိဳ႕နယ္တို႔အထိ ပဋိပကၡျဖစ္ရပ္မ်ားက်ယ္ျပန႔္ခဲ့ၿပီး ေမာင္ေတာ၊ ဘူးသီး ေတာင္ၿမိဳ႕နယ္ရွိ ရခိုင္ေဒသခံမ်ား ေဘးလြတ္ရာ ရခိုင္ ျပည္နယ္အတြင္းပိုင္းေဒသမ်ားသို႔ ထြက္ေျပး ခဲ့ၾကရသည္။ ဘဂၤါလီမ်ားက ရခိုင္ျပည္နယ္ေျမာက္ပိုင္း ကို Proclamation of Rohingya Independence State ဟုေၾကညာခဲ့သည္။ ႏိုင္ငံေတာ္အစိုးရမွ ဆြဲ တင္စစ္လုပ္ငန္းမ်ားလုပ္ကိုင္ရာတြင္ လူမ်ိဳးေနရာ၌ ၎တို႔လိုလားေသာအမည္ ထည့္သြင္းေပးရန္ေတာင္း ဆိုခဲ့ၿပီး ဆြဲတင္စစ္လုပ္ငန္းေဆာင္႐ြက္သူ ဝန္ထမ္း မ်ားကို ဝိုင္းဝန္းရန္ျပဳ တိုက္ခိုက္ခဲ့ၾကသည္။
(ဆ) သတၱမအႀကိမ္။ ။ (၂၀၁၆) ခုႏွစ္ ေအာက္တို ဘာလ (၉) ရက္တြင္ ေမာင္ေတာေျမာက္ပိုင္းရွိ နယ္ ျခားေစာင့္ရဲဌာနခ်ဳပ္အပါအဝင္ အျခားရဲ ကင္းစခန္း မ်ားကို ဘဂၤါလီအၾကမ္းဖက္မ်ားက တစ္ခ်ိန္တည္း၊ တစ္ၿပိဳင္တည္းစီး နင္းတိုက္ခိုက္ခဲ့ၾကသည္။ ေဒသခံ တိုင္းရင္းသားမ်ား ေနရပ္စြန႔္ခြာထြက္ေျပးခဲ့ၾကရ သည္။ ဘဂၤါလီေသာင္းက်န္းသူမ်ားသည္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးမ်ားအပါအဝင္ အျပစ္မဲ့ျပည္သူ မ်ားကို အစိုးရသတင္းေပး၊ သူလွ်ိဳ၊ ဒလန္ စသည္ျဖင့္ စြပ္စြဲကာ သတ္ျဖတ္မႈမ်ားျဖင့္ ဘဂၤါလီအခ်င္းခ်င္းကို အေၾကာက္တရားျဖင့္ထိန္းခ်ဳပ္ထားခဲ့ၾကသည္။
(ဇ) အ႒မအႀကိမ္။ ။ (၂၀၁၇) ခုႏွစ္ ဩဂုတ္လ (၂၅) ရက္တြင္ ေမာင္ေတာ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္ ၿမိဳ႕နယ္မ်ားရွိ တပ္မေတာ္တပ္စခန္းဌာနခ်ဳပ္တစ္ခုအပါအဝင္၊ လုံၿခဳံေရးရဲကင္းစခန္းမ်ားကို တစ္ခ်ိန္တည္း၊ တစ္ၿပိဳင္တည္း ဝင္ေရာက္စီးနင္း တိုက္ခိုက္ခဲ့ၾက သည္။ ဘဂၤါလီေသာင္းက်န္းသူ ARSA အဖြဲ႕၏အမည္သည္လည္း ထင္ရွားလာသည္။ ဤပဋိကၡ ျဖစ္စဥ္ကို ႏိုင္ငံျခားသတင္းဌာနမ်ားမွ အမွန္တစ္ဝက္၊ အမွားတစ္ဝက္ေရာစြက္ကာ အခ်ိန္ႏွင့္တစ္ေျပးညီ ကမာၻသို႔ထုတ္လႊင့္ေပးခဲ့သည္။ ARSA အဖြဲ႕၏ၿခိမ္း ေျခာက္မႈ၊ ေသြးေဆာင္မႈမ်ားေၾကာင့္ ဘဂၤါလီမ်ား မိမိ ေက်း႐ြာ၊ မိမိေနအိမ္မ်ားကိုမီးရႈိ႕ဖ်က္ဆီးကာ တစ္ ဖက္ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ထြက္ခြာသြားၾကသည္။ ျမန္ မာႏိုင္ငံမွထြက္ခြာသြားသူမ်ားကို ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ စက္ေလွမ်ားျဖင့္ လာေရာက္ေခၚေဆာင္ခဲ့ၾကသည္။ ဤအေရးအခင္းမတိုင္မီ ေမာင္ေတာ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္ေဒသမွဘဂၤါလီမ်ားသည္ မိုးရာသီ လယ္ ယာထြန္ယက္စိုက္ပ်ိဳးျခင္းကိုမျပဳလုပ္ခဲ့ၾကသလို၊ မိမိတို႔၏ေ႐ႊ႕ေျပာင္းႏိုင္ေသာပစၥည္းမ်ား၊ စက္ ေလွ၊ ေလွ၊ သမၺန္စသည္မ်ားကိုေရာင္းခ်ထားခဲ့ၾကသည္။ ဘဂၤါလီေက်း႐ြာမ်ားမွထြက္ခြာၿပီး တစ္ဖက္ႏိုင္ငံမွ လာေရာက္ေခၚေဆာင္သူမ်ားကို ေစာင့္ဆိုင္းေနသည့္ ေဒသစြန႔္ခြာသူမ်ားကို တာဝန္ရွိသူမ်ားက သြားေရာက္ ၍ မိမိေက်း႐ြာမ်ားသို႔ ျပန္လည္သြားေရာက္ရန္ ေျဖာင္း ဖ်ေခၚယူေသာ္လည္းျပန္လာျခင္းမရွိဘဲ ေအးေဆး စြာပင္ တစ္ဖက္ႏိုင္ငံသို႔ ထြက္ခြာသြားခဲ့ၾကသည္။ ေဒသခံ ရခိုင္၊ ၿမိဳ၊ သက္၊ ဒိုင္းနက္ လူမ်ိဳးမ်ားလည္း ဘဂၤါလီမ်ား၏သတ္ျဖတ္မႈမ်ားကိုခံခဲ့ရသည္။ ေဒသ ေန ဟိႏၵဴလူမ်ိဳး အမ်ိဳးသား၊ အမ်ိဳးသမီး (၁၀ဝ) ေက်ာ္ အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ခံခဲ့ရသည္။ တိုင္းရင္းသားေဒသခံမ်ား ေနရပ္စြန႔္ခြာခဲ့ရကာ ရခိုင္ ျပည္နယ္အတြင္းပိုင္းေဒသမ်ားသို႔ ဝင္ေရာက္ခိုလႈံ ခဲ့ၾကရသည္။
ဘဂၤါလီမ်ား၏နယ္ေျမလုစစ္ပြဲမ်ားစတင္ခဲ့ သည့္ (၁၉၄၂) ခုႏွစ္ အလယ္သံေက်ာ္အေရးအခင္း အၿပီး ရခိုင္ျပည္သူတို႔အတြက္ အစားထိုးမရႏိုင္ေသာ ေအာက္ပါဆုံးရႈံးမ်ားကိုျဖစ္ေပၚေစခဲ့သည္-
(၁) အဓိက႐ုဏ္း ရခိုင္လူမ်ား (၂၀ဝဝဝ)ခန႔္အသက္ ဆုံးရႈံးခဲ့ရျခင္း၊
(၂) ေမာင္ေတာ၊ ဘူးသီးေတာင္ႏွင့္ရေသ့ေတာင္အေနာက္ျခမ္းေဒသရွိရခိုင္႐ြာမ်ားအားလုံး ေျမလွန္ မီးရႈိ႕ဖ်က္ဆီးခံလိုက္ရျခင္း၊
(၃) လူအမ်ားအျပားေသဆုံးကာ ေနရပ္စြန႔္ခြာထြက္ ေျပးခဲ့ရမႈမ်ားေၾကာင့္ လယ္ယာေျမမ်ားကို ျပန္လည္ထူေထာင္မည့္သူမ်ားမရွိျဖစ္ခဲ့ရျခင္းႏွင့္ စစ္တေကာင္းသား မြတ္စလင္ဘဂၤါလီမ်ား မ်ားျပားလာ ၿပီး ရခိုင္ေက်း႐ြာမ်ား ျပန္လည္ထူေထာင္မရျဖစ္ခဲ့ရ ျခင္းမ်ားျဖစ္သည္။ ဘဂၤါလီမ်ားသည္ ေမာင္ေတာ၊ ဘူးသီးေတာင္ႏွင့္ ရေသ့ေတာင္ၿမိဳ႕နယ္အေနာက္ျခမ္းေဒသမ်ားကို မြတ္စလင္မ်ားလႊမ္းမိုးရာျပည္နယ္တစ္ခုအျဖစ္ ရရွိေရးေဆာင္႐ြက္ေနသည္မွာ အထင္အရွား ျဖစ္သည္။ ပညာတတ္မ်ားျဖင့္ဖြဲ႕စည္းထားသည့္ ဘဂၤါ လီေသာင္းက်န္းသူမ်ားသည္ (၁၉၆၃-၆၄)ခုႏွစ္ခန႔္မွ စတင္ကာ ၎တို႔သည္ ျမန္မာႏိုင္ငံသား ႐ိုဟင္ဂ်ာ မ်ားျဖစ္ေၾကာင္း လူမ်ိဳးလိမ္အမည္ျဖင့္ဝါဒျဖန႔္လႈပ္ ရွားလာခဲ့ၾကသည္။ ႐ိုဟင္ဂ်ာျပည္နယ္ထူေထာင္ေရး၊ ႐ိုဟင္ဂ်ာ အမ်ိဳးသားလြတ္ေျမာက္ေရးႂကြးေၾကာ္ သံမ်ားျဖင့္ ႏိုင္ငံတကာအသိုင္းအဝိုင္းတြင္ ဝါဒျဖန႔္ ခ်ိေရးမ်ားကို စတင္လုပ္ေဆာင္လာခဲ့ၾကသည္။ (၁၉၇၂) ခုႏွစ္တြင္ ႐ိုဟင္ဂ်ာလြတ္ေျမာက္ေရး ပါတီ၊ (၁၉၇၅) ခုႏွစ္တြင္ ႐ိုဟင္ဂ်ာမ်ိဳးခ်စ္တပ္ဦးအဖြဲ႕မ်ားကို ပညာတတ္ ဘဂၤါလီမ်ားဦးေဆာင္ဖြဲ႕စည္းလာခဲ့ၾကသည္။
အိမ္နီးခ်င္းဘဂၤလားေဒ့ရွ္ႏိုင္ငံကိုအေျချပဳ ၍ ႐ိုဟင္ဂ်ာ စည္းလုံးညီၫြတ္ေရးအဖြဲ႕၊ အာရကန္ ႐ိုဟင္ဂ်ာ လြတ္ေျမာက္ေရးတပ္ဦး၊ ႐ိုဟင္ဂ်ာ မ်ိဳးခ်စ္ တပ္ဦး စသည့္အမည္အမ်ိဳးမ်ိဳးျဖင့္ လႈပ္ရွားေဆာင္ ႐ြက္ေနခဲ့ေသာ္လည္း ထိေရာက္ေသာတိုက္ခိုက္မႈမ်ား ျပဳလုပ္ႏိုင္ျခင္းမရွိခဲ့။ (၂၀၁၆) ခုႏွစ္တြင္ RSO-Solidarity Orgatisation အမည္ျဖင့္ အၾကမ္းဖက္ လႈပ္ရွားမႈမ်ားကိုေဆာင္႐ြက္လာခဲ့သည္။ (၂၀၁၇) ခုႏွစ္မွစတင္ကာ Arakan Rohingha Salvation Army-ARSA အမည္ျဖင့္ ရခိုင္ျပည္နယ္ ေမာင္ ေတာ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္နယ္မ်ားရွိ နယ္ ျခားေစာင့္ရဲစခန္းမ်ားကို တိုက္ခိုက္ခဲ့ၾကသည္။ သူတို႔ ၏စည္း႐ုံးလႈပ္ရွားမႈမ်ားမွာ ထိေရာက္ခဲ့ၿပီး ေမာင္ ေတာ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္ၿမိဳ႕နယ္မ်ားရွိ ဘဂၤါလီေက်း႐ြာအမ်ားစုေနရပ္စြန႔္ခြာ ထြက္ေျပးႏိုင္ ေရးစည္း ႐ုံးေဆာင္႐ြက္ႏိုင္ခဲ့ၾကသည္။
ဤအခ်က္မ်ားက ဘဂၤလားေဒ့ရွ္ေရာက္ဘဂၤါလီမ်ားအေရးႏွင့္ပတ္သက္လွ်င္ ေသြး႐ိုး သား႐ိုးမဟုတ္ေၾကာင္း ေတြ႕ရွိရမည္ျဖစ္သည္။ ရခိုင္ ျပည္နယ္တြင္ျဖစ္ပြားခဲ့ရေသာ (၂၀၁၂) ခုႏွစ္ ဇြန္လ တြင္ျဖစ္ပြားခဲ့သည့္ အေရးအခင္း၊ (၂၀၁၆) ခုႏွစ္ ေအာက္တိုဘာလ (၉) ရက္တိုက္ခိုက္မႈႏွင့္ (၂၀၁၇) ခုႏွစ္ ဩဂုတ္လ (၂၅) ရက္အၾကမ္းဖက္ တိုက္ခိုက္ မႈမ်ားကို ဘဂၤါလီမ်ားက ရည္႐ြယ္ခ်က္ရွိရွိျဖင့္ စနစ္ တက် အကြက္ခ်ေဆာင္႐ြက္ခဲ့ၾကျခင္းျဖစ္သည္။ သို႔ျဖင့္ (၂၀၁၇) ခုႏွစ္ ဩဂုတ္လ အေရးအခင္းေနာက္ ပိုင္း တစ္ဖက္ႏိုင္ငံသို႔ထြက္ခြာသြားခဲ့ၾကသည့္ (ထြက္ ေျပးျခင္းမဟုတ္ပါ)ဘဂၤါလီမ်ားအေရးကိစၥမွာ ႏိုင္ငံ တကာ၏မ်က္ႏွာစာတြင္ အေရးႀကီးေသာ ျဖစ္ရပ္ တစ္ခုအျဖစ္ ပုံေဖာ္ျခင္းခံလိုက္ရၿပီး ႏိုင္ငံတကာ တရား႐ုံးတြင္ တရားရင္ဆိုင္ရသည့္အဆင့္ ေရာက္ရွိ ခဲ့သည္။ တစ္ဆက္တည္းမွာပင္ ဤအေရးကိုအ ေၾကာင္းျပဳၿပီး ကုလသမဂၢအပါအဝင္ OIC ႏိုင္ငံ မ်ားက ဘဂၤါလီမ်ားအေရးတြင္ ဝင္ေရာက္စြက္ဖက္မႈ မ်ားရွိလာခဲ့သည္ကိုေတြ႕လာရသည္။
အထူးသျဖင့္ဘဂၤါလီမ်ားကို ျပန္လည္ လက္ခံေရးလုပ္ငန္းမ်ားတုံ႔ဆိုင္းေနသည္။ အ ေၾကာင္းျပၿပီးေနာက္ Zone ေတာင္းဆိုျခင္းျဖင့္R2P ကဲ့သို႔ ႏိုင္ငံျခားတပ္မ်ားဝင္လာႏိုင္ေရးေထာင္ေခ်ာက္ ဖန္တီးေနၾကသည္ကိုေတြ႕ျမင္ေနရသည္။ ျမန္မာ ျပည္သားမ်ား အေလာႀကီးရန္မလိုအပ္ေၾကာင္း သတိ ေပးေရးသားလိုက္ရေပသည္။
(ဆက္လက္ေဖာ္ျပပါမည္)