ဒေါ်နယ်ထရမ့်အစိုးရအတွက် အစီအစဉ်တွေကို ကမ္ဘာကျော်ဘီလျံနာသူဌေးကြီး အီလွန်မတ် ထုတ်ဖော်ပြောဆို
7285
Pika (NP News) - နိုဝင်ဘာ ၇
ကမ္ဘာ့အချမ်းသားဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ အီလွန်မတ်က ၎င်းအနေနဲ့ အမေရိကန်သမ္မတရွေး ကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့အုပ်ချုပ်ရေးမှာ ပါဝင်ခွင့်ရခဲ့မယ်ဆိုရင် ဖက်ဒရယ်အေဂျင်စီတွေအရေအတွက်ကို လျှော့ချမှုနဲ့အတူ အစိုးရရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ဖို့ ကြိုးစားသွားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတစ်ဦးဖြစ်တဲ့ အီလွန်မတ်ဟာ သတင်းထောက်တက်ကာကာလ်ဆန်ရဲ့ အွန်လိုင်းရှိုးတစ်ခုမှာ ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အစောပိုင်းမှာ နိုင်ငံရေးဘက်မလိုက်ဘူးလို့ ပြောဆိုထားတဲ့ အီလွန်မတ်ဟာ ပြီးခဲ့တဲ့ဇူလိုင်လမှာဒေါ်နယ်ထရမ့်ကို လုပ်ကြံသတ်ဖြတ်ဖို့ကြိုးပမ်းမှုဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ ဒေါ်နယ်ထရမ့်ကို တရားဝင်ထောက်ခံခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့ပြင် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် အီလွန်မတ်ဦးဆောင်မယ့် DOGE လို့ အမည်ပေးထားတဲ့ အထူးအစိုးရစွမ်းဆောင်ရည် ကော်မရှင်တစ်ခုကို ထူထောင်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ကတိပြုပြောဆိုခဲ့ဖူးပါတယ်။ အမေရိကန်အစိုးရရဲ့ စွမ်းဆောင်ရည်တွေကို မြင့်မားလာအောင်လုပ်ဆောင်ဖို့အတွက် ဒေါ်နယ်ထရမ့်ကို ကူညီလိုတယ်လို့ အီလွန်မတ်က တက်ကာကာလ်ဆန်နဲ့ တွေ့ဆုံချိန်အတွင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အီလွန်မတ်က "အမေရိကန်အစိုးရရဲ့ စွမ်းဆောင်ရည်တွေကို မြင့်မားလာအောင် ကူညီမှာနဲ့ပတ်သက်ပြီး ကျွန်တော်တကယ်ပဲ ဝမ်းသာမိပါတယ်။ ကျွန်တော်တို့မှာ အလွန်ကြီးမားတဲ့ အစိုးရဗျူရိုကရေစီ၊ များပြားတဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ တာဝန်တွေထပ်နေတဲ့ အေဂျင်စီတွေရှိနေပါတယ်။ အဲဒီအေဂျင်စီတွေရဲ့ ကုန်ကျစရိတ်က တကယ်များပြားပါတယ်။ အဲဒါတွေက လျှို့ဝှက်ကုန်ကျစရိတ်တွေဖြစ်ပေမယ့်လည်း လက်တွေ့မှာတော့ အလွန်များပြားပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။
မီဒီယာတွေရဲ့ ဖော်ပြချက်အရ အီလွန်မတ်ဟာ ဒေါ်နယ်ထရမ့်ကို ထောက်ခံဖို့အတွက် အမေရိကန်ဒေါ်လာသန်းချီ ရင်းနှီးမြှုပ်နှံခဲ့တယ်လို့လည်း သိရပါတယ်။ မီဒီယာတွေရဲ့ အဆိုအရ အီလွန်မတ်ဟာ ရီပတ်ဘလစ်ကန်ပါတီရဲ့ နိုင်ငံရေးဆောင်ရွက်မှုကော်မတီကို အမေရိကန်ဒေါ်လာ အနည်းဆုံး(၁၁၈)သန်း လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။
zawgyi version
ေဒၚနယ္ထရမ့္အစိုးရအတြက္ အစီအစဥ္ေတြကို ကမာၻေက်ာ္ဘီလ်ံနာသူေဌးႀကီး အီလြန္မတ္ ထုတ္ေဖာ္ေျပာဆို
Pika (NP News) - ႏိုဝင္ဘာ ၇
ကမာၻ႔အခ်မ္းသားဆုံးပုဂၢိဳလ္ျဖစ္တဲ့ အီလြန္မတ္က ၎အေနနဲ႔ အေမရိကန္သမၼတေ႐ြး ေကာက္ပြဲမွာ အႏိုင္ရရွိခဲ့တဲ့ ေဒၚနယ္ထရမ့္ရဲ႕အုပ္ခ်ဳပ္ေရးမွာ ပါဝင္ခြင့္ရခဲ့မယ္ဆိုရင္ ဖက္ဒရယ္ေအဂ်င္စီေတြအေရအတြက္ကို ေလွ်ာ့ခ်မႈနဲ႔အတူ အစိုးရရဲ႕ စြမ္းေဆာင္ရည္ေတြကို ျမႇင့္တင္ဖို႔ ႀကိဳးစားသြားမယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ကို ေထာက္ခံသူတစ္ဦးျဖစ္တဲ့ အီလြန္မတ္ဟာ သတင္းေထာက္တက္ကာကာလ္ဆန္ရဲ႕ အြန္လိုင္းရႈိးတစ္ခုမွာ ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အေစာပိုင္းမွာ ႏိုင္ငံေရးဘက္မလိုက္ဘူးလို႔ ေျပာဆိုထားတဲ့ အီလြန္မတ္ဟာ ၿပီးခဲ့တဲ့ဇူလိုင္လမွာေဒၚနယ္ထရမ့္ကို လုပ္ႀကံသတ္ျဖတ္ဖို႔ႀကိဳးပမ္းမႈျဖစ္ပြားခဲ့ၿပီးတဲ့ေနာက္မွာ ေဒၚနယ္ထရမ့္ကို တရားဝင္ေထာက္ခံခဲ့တာလည္း ျဖစ္ပါတယ္။ ဒါ့ျပင္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိခဲ့မယ္ဆိုရင္ အီလြန္မတ္ဦးေဆာင္မယ့္ DOGE လို႔ အမည္ေပးထားတဲ့ အထူးအစိုးရစြမ္းေဆာင္ရည္ ေကာ္မရွင္တစ္ခုကို ထူေထာင္သြားမယ္လို႔ ေဒၚနယ္ထရမ့္က ကတိျပဳေျပာဆိုခဲ့ဖူးပါတယ္။ အေမရိကန္အစိုးရရဲ႕ စြမ္းေဆာင္ရည္ေတြကို ျမင့္မားလာေအာင္လုပ္ေဆာင္ဖို႔အတြက္ ေဒၚနယ္ထရမ့္ကို ကူညီလိုတယ္လို႔ အီလြန္မတ္က တက္ကာကာလ္ဆန္နဲ႔ ေတြ႕ဆုံခ်ိန္အတြင္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အီလြန္မတ္က "အေမရိကန္အစိုးရရဲ႕ စြမ္းေဆာင္ရည္ေတြကို ျမင့္မားလာေအာင္ ကူညီမွာနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တကယ္ပဲ ဝမ္းသာမိပါတယ္။ ကြၽန္ေတာ္တို႔မွာ အလြန္ႀကီးမားတဲ့ အစိုးရဗ်ဴ႐ိုကေရစီ၊ မ်ားျပားတဲ့စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ တာဝန္ေတြထပ္ေနတဲ့ ေအဂ်င္စီေတြရွိေနပါတယ္။ အဲဒီေအဂ်င္စီေတြရဲ႕ ကုန္က်စရိတ္က တကယ္မ်ားျပားပါတယ္။ အဲဒါေတြက လွ်ိဳ႕ဝွက္ကုန္က်စရိတ္ေတြျဖစ္ေပမယ့္လည္း လက္ေတြ႕မွာေတာ့ အလြန္မ်ားျပားပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။
မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ အီလြန္မတ္ဟာ ေဒၚနယ္ထရမ့္ကို ေထာက္ခံဖို႔အတြက္ အေမရိကန္ေဒၚလာသန္းခ်ီ ရင္းႏွီးျမႇဳပ္ႏွံခဲ့တယ္လို႔လည္း သိရပါတယ္။ မီဒီယာေတြရဲ႕ အဆိုအရ အီလြန္မတ္ဟာ ရီပတ္ဘလစ္ကန္ပါတီရဲ႕ ႏိုင္ငံေရးေဆာင္႐ြက္မႈေကာ္မတီကို အေမရိကန္ေဒၚလာ အနည္းဆုံး(၁၁၈)သန္း လႉဒါန္းခဲ့တယ္လို႔လည္း သိရပါတယ္။