မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်မှ ဇိုလူမျိုးများ အိန္ဒိယ၌ ပြန်လည်ပေါင်းစည်းရေး အမေရိကန်၌ ရောက်ရှိစဉ် မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်ပြောဆိုခဲ့
383
Htay Oung (NP News) - နိုဝင်ဘာ ၈
လွန်ခဲ့တဲ့ နှစ်လနီးပါးခန့်က အမေရိကန်နိုင်ငံမှာ ရောက်ရှိနေစဉ် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် “လယ်ဒူဟိုးမား” က သူတို့ “ဇိုလူမျိုးများ” အိန္ဒိယနိုင်ငံမှာ ပြန်လည်ပေါင်းစည်းရေးကိစ္စအကြောင်းကို ပြောဆိုခဲ့တယ်လို့ သတင်းများ ပျံ့နှံ့ခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်က အဲဒီလိုပြောဆိုခဲ့တယ်ဆိုတဲ့ ကိစ္စဟာ ဘာမှအငြင်းပွားစရာမရှိကြောင်း မီဇိုရမ်အစိုးရသတင်းရင်းမြစ်များက အတည်ပြုတယ်လို့ နယူးဒေလီအခြေစိုက် NDTV က နိုဝင်ဘာ ၅ ရက်မှာ ရေးသားပါတယ်။
စက်တင်ဘာ ၂ ရက် အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် “မီဇိုနေ့” အခမ်းအနားကျင်းပစဉ် လယ်ဒူဟိုးမားက ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်ဟာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနထံမှ ခွင့်ပြုချက်ရယူပြီး အမေရိကန်သို့ သွားရောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ပထဝီနိုင်ငံရေး မဟာဗျူဟာမြောက် မီဇိုရမ်ပြည်နယ်ဟာ အိန္ဒိယနိုင်ငံ အရှေ့ မြောက်ဖျား ပြည်နယ် ၇-ခုမှာ ပါဝင်ပြီး “မီဇို” ဆိုတာ “ဇို လူမျိုး” လို့ အဓိပ္ပါယ် ရပါတယ်။ ဗြိတိသျှကိုလိုနီလက် အောက်မှ အိန္ဒိယနိုင်ငံလွတ်လပ်ရေး ရရှိ စဉ် အာသံပြည်နယ်ရဲ့ “လူရှိုင်းတောင်တန်းခရိုင်” ဖြစ်ခဲ့ပြီး ခရစ်ယာန် ဘာသာဝင် ဇိုလူမျိုးတို့ရဲ့ တောင်းဆိုချက်အရ ၁၉၈၇ ခုနှစ်မှာ ပြည်နယ်သစ်တစ်ခုအဖြစ် သီးခြားခွဲထုတ်ခဲ့ပါ တယ်။
စုစုပေါင်း လူဦးရေ (၁)သန်းကျော်ခန့်ရှိတဲ့ ဇိုလူမျိုးတို့ကို ဘင်္ဂလားဒေ့ရှ်ဘက်မှာ သာဒူး “ရှေးကူကီး” လို့ လူသိ များပြီး မြန်မာပြည်ဘက်မှာ ဗြိတိသျှတို့ သတ်မှတ်ခဲ့တဲ့အတိုင်း ချင်းမျိုးနွယ် “လူရှိုင်း” လို့ ခေါ်ကြပါတယ်။ အမှန်တော့ ကူကီးဆိုတာ အတွင်းပိုင်း ဝေးလံခေါင်ဖျား တောင်တန်းဒေသနေထိုင်သူများလို့ ဆိုလိုပြီး မီဇိုမျိုးနွယ်များ မှာ နှောင်းကူကီး-ပါဝီ-လာခါ-လိုင်-ရှန်ဒူး စသဖြင့် ထပ်မံကွဲ ပြားပါတယ်။ မြန်မာနိုင်ငံ မကွေးတိုင်းရဲ့ ထက်ဝက် ခန့်သာ ကျယ်ဝန်းတဲ့ မီဇိုရမ်ပြည်နယ်တစ်ဝှိုက်ဟာ အိန္ဒိယနိုင်ငံအတွက်လည်း ဇိုမျိုးနွယ်တူ အုပ်စုကွဲ ၆၀ ထက်မနည်း နေထိုင်ရာဒေသဖြစ်နေပြီး အဲ့ဒီအနက် ၅၀ ခန့်ဟာ မြန်မာဘက်မှာ ရောက်ရှိနေပါတယ်။ အခုလို ကွဲပြားရ ခြင်းဟာ ဒေသတွင်း သမိုင်းတလျောက် ဝင်ရောက်လာတဲ့ အချိန်ကာလ ကွာခြားမှုနဲ့ ပြောင်းရွှေ့ စိုက်ပျိုး အသက်မွေးပုံ အလေ့အထကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
၁၄ ရာစု စောစောပိုင်းတည်းက အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား နေထိုင်ခဲ့ကြသူ မီဇိုအချို့ကို ဖဆပလ အစိုးရလက် ထက် ဆန္ဒမဲရရှိဖို့ မြန်မာနိုင်ငံအတွင်း ခေါ်သွင်းခဲ့ကြောင်း အထောက်အထားများ တွေ့ရှိရပါတယ်။ မြန်မာ ဘက်မှာ လူဦးရေ ၂၅၀,၀၀၀ - ၄၀၀,၀၀၀ ခန်ရှိပြီး ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးခရိုင်တဝှိုက်မှာ အများဆုံး ပျံ့နှံ့လျှက် ရှိပါတယ်။
၁၉၅၉-၁၉၆၀ ခုနှစ် အငတ်ဘေးကျရောက်စဉ် နယူးဒေလီရဲ့ စီမံကိုင်တွယ်ပုံကို မကျေနပ်တဲ့ ဆန္ဒပြပွဲတွေဟာ နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံမှ သီးခြားခွဲထွက်ရေး “မီဇိုအမျိုးသားတပ်ဦး” MNF ရဲ့ လက်နက်ကိုင် ပုန်ကန်မှုဖြစ် လာခဲ့ပါတယ်။ ‘ဒါပေမယ့် ၁၉၇၁-ခုနှစ်မှာ အစိုးရနဲ့ MNF အကြား ငြိမ်းချမ်းရေး စတင်ဆွေးနွေးခဲ့ပြီး မီဇိုဒေသကို သီးခြားပြည်နယ်အဖြစ် အာသံမှ ခွဲထုတ်ခဲ့ကြပါတယ်။ မြန်မာ့ယဉ်ကျေးမှုဟာ မီဇိုတို့အပေါ် လွှမ်းမိုးမှု မရှိပေ မယ့် မီဇိုရမ်ပြည်နယ်ရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ယခု နောက်ပိုင်း မြန်မာနိုင်ငံဘက်မှ စစ်ဘေးရှောင် ဒုက္ခ သည်များလှိုင်းဂယက်ဟာ နှစ်နိုင်ငံစလုံးအပေါ် ရိုက်ခတ် လျှက်ရှိနေပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလတုန်းက ရွေးကောက်ပွဲကို အနှောက်အယှက်ကင်းစွာ ကျင်းပလိုလျှင် နိုင်ငံအတွင်း (စိန့်မာတင်ကျွန်းပေါ်) မှာ လေတပ်အခြေစိုက်စခန်းဖွင့်လှစ်ခွင့်ပြုဖို့ နိုင်ငံခြားတိုင်းပြည်တစ်ခုက ကမ်းလှမ်းဖူးကြောင်း အဲ့ဒီအချိန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်နေသူ ရှိတ်ဟာစီနာက ပြောခဲ့ပါတယ်။ ၂၀၀၉-ခုနှစ်ကတည်းက နိုင်ငံကို ဦးဆောင်ခဲ့သူ အသက် ၇၇-နှစ်အရွယ် ဟာစီနာဟာ ဆန္ဒမဲပေးသူ အလွန် နည်းပါးတဲ့ အဲ့ဒီရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး ပဉ္စမသက်တမ်းကို ဆက်လက်တာဝန်ထမ်းဆောင်နိုင်ခဲ့ပါတယ်။
ကမ်းလှမ်းတယ်ဆိုတဲ့ ပြည်ပနိုင်ငံရဲ့ အမည်ဖော်ပြခြင်း မရှိပဲ "လူဖြူ" လို့သာ ရည်ညွှန်းခဲ့တဲ့ ရှိတ်ဟာစီနာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်နယ်မြေ အစိတ်အပိုင်းကို စွန့်လွှတ်တဲ့နည်းလမ်းနဲ့ အာဏာရ ယူလိုခြင်း မရှိကြောင်း၊ ဘင်္ဂလားပင်လယ်အော်ဒေသမှာ သူတို့အကျိုးစီးပွားတည်ဆောက်လိုတဲ့ နိုင်ငံရပ်ခြား တိုင်းပြည်က ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်လျှက်ရှိပြီး အဝါမီလိဂ်အစိုးရကို မတည်မငြိမ်ဖြစ်စေရန် နည်း အမျိုးမျိုးနဲ့ ဆက်လက်ကြိုးပမ်းနေကြောင်း သတိပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းစာများနဲ့ NDTV (27 May 2024) က ရေးသားခဲ့ဖူးပါတယ်။
အဲဒီ လူဖြူတိုင်းပြည်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့အကြားမှာ သီးခြားခရစ်ယာန်နိုင်ငံထူထောင်ရန် ရည် ရွယ်ချက်ရှိတယ်လို့လည်း ဟာစီနာက ပြောပါတယ်။ သူ့အပေါ် မကောင်းကြံစည်မှုများ အပါအဝင် စိန်ခေါ်မှု များနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်များကြားမှာ တိုင်းပြည်အပေါ် သစ္စာရှိစွာ အခိုင်အမာ ဆက်လက်ရပ်တည် နေပြီး ပြည်ပဖိအားပေး တောင်းဆိုမှုများကို လိုက်လျောရန် ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ဘင်္ဂလားဒေ့ရှ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းဖြင့် ပို့ကုန်များကို ဝယ်ယူသူ မရှိအောင် ဖန်တီး နေတယ်လို့လည်း ပြောပါတယ်။ အဲဒီအချိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဟာစီနာရာထူးမှ နှုတ်ထွက်ပေးရန် ဆန္ဒပြ တောင်းဆိုမှုများ ဖြစ်ပွားနေပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် RAB ခေါ် ဘင်္ဂလားဒေ့ရှ်အထူး ရဲတပ်ဖွဲ့အပေါ် အမေရိကန်က ဒဏ်ခတ်အရေးယူထားပြီး သတင်းမီဒီယာများ အတိုက်အခံနိုင်ငံရေးသမားများ ကို ဖိနှိပ်တယ်လို့ အနောက်အုပ်စုလွှမ်းမိုးတဲ့ လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲနေကြပါတယ်။ ၂၀၂၄-ခုနှစ်မှာ ကျောင်းသားများ ဦးဆောင်တဲ့ အကြမ်းဖက်ဆန္ဒပြမှုများဆက်တိုက်ဖြစ်ပွားလာတဲ့အတွက် ရှိတ်ဟာစီနာလည်း သြဂုတ်လ ၅-ရက်နေ့မှာ နိုင်ငံမှ ထွက်ခွာသွားခြင်းဖြင့် အဝါမီလိဂ်အစိုးရ နိဂုံးချုပ်သွားရပါတယ်။
ရှိတ်ဟာစီနာရဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရပြုတ်ကျပြီး တစ်လ မပြည့်မီ အိမ်နီးချင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က နယူးဒေလီထံ ခွင့်ပြုချက်ရယူပြီး အမေရိကန်နိုင်ငံကို သွားရောက်လည်ပတ်စဉ် မိန့်ခွန်း ပြောကြားခြင်း ဖြစ်နေပါတယ်။ ၁၉၈၈ ခုနှစ် “ဇိုရိုလှုပ်ရှားမှု” ရဲ့ အဓိက ရည်ရွယ်ချက်မှာ အိန္ဒိယနိုင်ငံအတွင်း ဇိုလူမျိုးတု့ိ တစ်စုတစ်စည်းတည်း ပြန်လည်ပေါင်းစည်းရေးဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။ ယနေ့ အိန္ဒိယ၊ မြန်မာနဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံအတွင်းရှိ ဇိုလူမျိုးတို့အနေနဲ့ကလည်း အဲ့ဒီအတိုင်းပဲ ဆန္ဒရှိပါကြသလားလို့ မေးခွန်းထုတ်လိုက်ပြီး ယ နေ့ခေတ်ရဲ့ ပထဝီနိုင်ငံရေး အခင်းအကျင်းအရ မဝေးတဲ့ တစ်နေ့မှာ ဖြစ်နိုင်ချေရှိတယ်လို့ ထင်မှတ်ကြောင်း၊ အဲ့ဒီလို ပေါင်းစည်းကြဖို့ ကံကြမ္မာက ဖန်တီးနေတယ်လို့ အရိပ်အမြွက် ပြောဆိုပါတယ်။
အမေရိကန်သို့လာရောက်ရန် ဖိတ်ကြားချက်ကို လက်ခံရခြင်းမှာ အဓိကအကြောင်းရင်းကို ရှာဖွေရန် ဖြစ် ကြောင်း၊ နိုင်ငံတိုင်းမှာ နယ်နိမိတ်တွေရှိပေမဲ့ စစ်မှန်တဲ့နိုင်ငံဟာ ဒီလိုကန့်သတ်ချက်တွေကို ကျော်လွန်လျှက်ရှိ ကြောင်း၊ ဇိုလူမျိုးတို့ဟာ မတူကွဲပြားတဲ့ အစိုးရသုံးရပ်အောက်မှာ အတင်းအကြပ် ရပ်တည်နေရပြီး ဒါဟာ ဘယ် တော့မှ လက်ခံလို့ မရတဲ့ ကိစ္စဖြစ်ကြောင်း၊ စက်တင်ဘာ ၄-ရက် အင်ဒီယာနပိုလစ် ပြည်နယ် ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းတစ်ပုဒ်မှာတော့ သူတို့ ဇိုလူမျိုးတွေဟာ မတရားသဖြင့် ခွဲခြားဆက်ဆံခံနေရတယ်လို့ ပါရှိပါတယ်။ အငြင်းပွားဖွယ် အဲ့ဒီမိန့်ခွန်းများအပြည့်အစုံကို မီဇိုရမ်အစိုးရရဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ညွှန်ကြားမှု ဦးစီးဌာန (DIPR) ဝဘ်ဆိုက်မှာ လွှင့်တင်ထားကြောင်း သိရှိရပါတယ်။
နိုင်ငံရေးသမားများမှ ပညာရှင်များအထိ မီဇိုရမ်ဝန်ကြီးချုပ်ရဲ့ စကားကို ကြားရသူတိုင်း စိုးရိမ်ပူပန်စရာဖြစ်တယ် လို့ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ တစ်ခုသောနိုင်ငံဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူအများကို သိမ်း သွင်းပြီး ခရစ်ယာန်နိုင်ငံတစ်ခုအဖြစ် ပုံဖော်ရန် ရည်ရွယ်နေကြောင်း ရာထူးမှဖြုတ်ချခံရသူ ဘင်္ဂလားဒေ့ရှ်ဝန် ကြီးချုပ် ရှိတ်ဟာစီနာ ပြောကြားခဲ့သလို ရွေးကောက်ခံအရာရှိတစ်ဦးက ပြည်ပမှာ တစ်စုံတစ်ရာသော နည်း လမ်းဖြင့် ကျင့်ကြံသင့်သလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အိန္ဒိယဖွဲ့စည်းပုံ အခြေခံဥပဒေကို သစ္စာ ခံသူ တစ်ဦးဦးက အမျိုးသားရေးအပေါ် ဆန့်ကျင်ကွဲလွဲစွာ ပြောဆိုနိုင်ခြင်း ရှိ-မရှိ လူပြောစရာဖြစ်ရပါတယ်။ အိန္ဒိယတစ်ဝှမ်းရှိ ခရစ်ယာန်အသင်းတော်အဖွဲ့အစည်းတို့ကလည်း ထောက်ခံခြင်း ရှိ-မရှိ၊ ပြည်နယ်ဝန်ကြီး ချုပ်ဟာ နိုင်ငံခြား အင်အားကြီး တိုင်းပြည်ကိုယ်စား ပြောဆိုခြင်း ဟုတ်-မဟုတ်ကိုလည်း စဉ်းစားစရာဖြစ်ပါ တယ်။
လူမျိုးစု ဗဟိုပြု မွေးရပ်မြေ ဖြစ်မြောက်ရေး တွန်းအားပေးခြင်းဟာ ယနေ့ခေတ် ရောနှောနေတဲ့ လူမျိုးစုများကြား ဆက်ဆံရေးကို တင်းမာစေပြီး ပဋိပက္ခဖြစ်နိုင်ကြောင်း၊ မွေးရပ်မြေအတွက် လူဦးရေဆိုင်ရာ ပေါင်းစည်းမှုအပေါ် အလေးပေးမှုဟာ ကွဲလွဲနေပြီး ခေတ်မမီတော့ကြောင်း၊ ယဉ်ကျေးမှု ချိတ်ဆက်ခြင်းအရ ဖြစ်နိုင်ပေမယ့် နိုင်ငံအ သီးသီးတို့ရဲ့ နယ်နိမိတ်သတ်မှတ်ချက်များကြောင့် ဟိုဘက်ဒီဘက် နယ်မြေမတူတဲ့ တိုင်းရင်းသားများအချင်း ချင်း ပေါင်းစည်းရေးကို ခွင့်မပြုကြောင်း၊ ကိုလိုနီခေတ် နယ်မြေပိုင်းခြားမှုအရ သီးခြားဖြစ်သွားတဲ့ မျိုးနွယ်တူ သူများကို ပြန်လည်စုစည်းရာမှာ ကိုလိုနီခေတ် အတွေးအခေါ်များအတိုင်းဖြစ်နေတယ်လို့ ဝေဖန်သူအချို့က ထောက်ပြကြပါတယ်။
ဇိုရမ်ပြည်သူ့လှုပ်ရှားမှုပါတီ ZPM မှ လယ်ဒူဟိုးမားဟာ ၂၀၂၃-ခုနှစ် ဒီဇင်ဘာလ ရွေးကောက်ပွဲမှာ ၂၇-နေရာ အနိုင် ရရှိပြီး ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ ၂၀၁၉-ခုနှစ်မှာ မှတ်ပုံတင်ခဲ့တဲ့ အဲ့ဒီပါတီဟာ ယခင် ရွေး ကောက်ပွဲမှာ ၈-နေရာသာ အနိုင်ရခဲ့ဖူးပါတယ်။ ၂၀၁၈ ခုနှစ်မှာ ၂၆ နေရာ အနိုင်ရရှိပြီး အစဉ်အလာကြီးမားတဲ့ MNF ပါတီကတော့ ၂၀၂၃-ခုနှစ်မှာ ၁၀ နေရာသာ အနိုင်ရရှိခဲ့ပါတယ်။
(NDTV., 5 November 2024,” Spoke Of Unity Under India: Sources On Mizoram Chief Minister's Viral Speech” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
zawgyi version
ျမန္မာ ႏွင့္ ဘဂၤလားေဒ့ရွ္မွ ဇိုလူမ်ိဳးမ်ား အိႏၵိယ၌ ျပန္လည္ေပါင္းစည္းေရး အေမရိကန္၌ ေရာက္ရွိစဥ္ မီဇိုရမ္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေျပာဆိုခဲ့
Htay Oung (NP News) - ႏိုဝင္ဘာ ၈
လြန္ခဲ့တဲ့ ႏွစ္လနီးပါးခန႔္က အေမရိကန္ႏိုင္ငံမွာ ေရာက္ရွိေနစဥ္ မီဇိုရမ္ျပည္နယ္ဝန္ႀကီးခ်ဳပ္ “လယ္ဒူဟိုးမား” က သူတို႔ “ဇိုလူမ်ိဳးမ်ား” အိႏၵိယႏိုင္ငံမွာ ျပန္လည္ေပါင္းစည္းေရးကိစၥအေၾကာင္းကို ေျပာဆိုခဲ့တယ္လို႔ သတင္းမ်ား ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ ျပည္နယ္ဝန္ႀကီးခ်ဳပ္က အဲဒီလိုေျပာဆိုခဲ့တယ္ဆိုတဲ့ ကိစၥဟာ ဘာမွအျငင္းပြားစရာမရွိေၾကာင္း မီဇိုရမ္အစိုးရသတင္းရင္းျမစ္မ်ားက အတည္ျပဳတယ္လို႔ နယူးေဒလီအေျခစိုက္ NDTV က ႏိုဝင္ဘာ ၅ ရက္မွာ ေရးသားပါတယ္။
စက္တင္ဘာ ၂ ရက္ အေမရိကန္ႏိုင္ငံ ေမရီလန္းျပည္နယ္ “မီဇိုေန႔” အခမ္းအနားက်င္းပစဥ္ လယ္ဒူဟိုးမားက ေျပာဆိုခဲ့ျခင္း ျဖစ္ေၾကာင္း၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဟာ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနထံမွ ခြင့္ျပဳခ်က္ရယူၿပီး အေမရိကန္သို႔ သြားေရာက္ခဲ့ျခင္းျဖစ္တယ္လို႔ သိရွိရပါတယ္။
ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္အၾကား ပထဝီႏိုင္ငံေရး မဟာဗ်ဴဟာေျမာက္ မီဇိုရမ္ျပည္နယ္ဟာ အိႏၵိယႏိုင္ငံ အေရွ႕ ေျမာက္ဖ်ား ျပည္နယ္ ၇-ခုမွာ ပါဝင္ၿပီး “မီဇို” ဆိုတာ “ဇို လူမ်ိဳး” လို႔ အဓိပၸါယ္ ရပါတယ္။ ၿဗိတိသွ်ကိုလိုနီလက္ ေအာက္မွ အိႏၵိယႏိုင္ငံလြတ္လပ္ေရး ရရွိ စဥ္ အာသံျပည္နယ္ရဲ႕ “လူရႈိင္းေတာင္တန္းခ႐ိုင္” ျဖစ္ခဲ့ၿပီး ခရစ္ယာန္ ဘာသာဝင္ ဇိုလူမ်ိဳးတို႔ရဲ႕ ေတာင္းဆိုခ်က္အရ ၁၉၈၇ ခုႏွစ္မွာ ျပည္နယ္သစ္တစ္ခုအျဖစ္ သီးျခားခြဲထုတ္ခဲ့ပါ တယ္။
စုစုေပါင္း လူဦးေရ (၁)သန္းေက်ာ္ခန႔္ရွိတဲ့ ဇိုလူမ်ိဳးတို႔ကို ဘဂၤလားေဒ့ရွ္ဘက္မွာ သာဒူး “ေရွးကူကီး” လို႔ လူသိ မ်ားၿပီး ျမန္မာျပည္ဘက္မွာ ၿဗိတိသွ်တို႔ သတ္မွတ္ခဲ့တဲ့အတိုင္း ခ်င္းမ်ိဳးႏြယ္ “လူရႈိင္း” လို႔ ေခၚၾကပါတယ္။ အမွန္ေတာ့ ကူကီးဆိုတာ အတြင္းပိုင္း ေဝးလံေခါင္ဖ်ား ေတာင္တန္းေဒသေနထိုင္သူမ်ားလို႔ ဆိုလိုၿပီး မီဇိုမ်ိဳးႏြယ္မ်ား မွာ ေႏွာင္းကူကီး-ပါဝီ-လာခါ-လိုင္-ရွန္ဒူး စသျဖင့္ ထပ္မံကြဲ ျပားပါတယ္။ ျမန္မာႏိုင္ငံ မေကြးတိုင္းရဲ႕ ထက္ဝက္ ခန႔္သာ က်ယ္ဝန္းတဲ့ မီဇိုရမ္ျပည္နယ္တစ္ဝႈိက္ဟာ အိႏၵိယႏိုင္ငံအတြက္လည္း ဇိုမ်ိဳးႏြယ္တူ အုပ္စုကြဲ ၆၀ ထက္မနည္း ေနထိုင္ရာေဒသျဖစ္ေနၿပီး အဲ့ဒီအနက္ ၅၀ ခန႔္ဟာ ျမန္မာဘက္မွာ ေရာက္ရွိေနပါတယ္။ အခုလို ကြဲျပားရ ျခင္းဟာ ေဒသတြင္း သမိုင္းတေလ်ာက္ ဝင္ေရာက္လာတဲ့ အခ်ိန္ကာလ ကြာျခားမႈနဲ႔ ေျပာင္းေ႐ႊ႕ စိုက္ပ်ိဳး အသက္ေမြးပုံ အေလ့အထေၾကာင့္ ျဖစ္တယ္လို႔ ဆိုပါတယ္။
၁၄ ရာစု ေစာေစာပိုင္းတည္းက အိႏၵိယနဲ႔ ျမန္မာႏိုင္ငံၾကား ေနထိုင္ခဲ့ၾကသူ မီဇိုအခ်ိဳ႕ကို ဖဆပလ အစိုးရလက္ ထက္ ဆႏၵမဲရရွိဖို႔ ျမန္မာႏိုင္ငံအတြင္း ေခၚသြင္းခဲ့ေၾကာင္း အေထာက္အထားမ်ား ေတြ႕ရွိရပါတယ္။ ျမန္မာ ဘက္မွာ လူဦးေရ ၂၅၀,၀၀၀ - ၄၀၀,၀၀၀ ခန္ရွိၿပီး ခ်င္းျပည္နယ္နဲ႔ စစ္ကိုင္းတိုင္း ကေလးခ႐ိုင္တဝႈိက္မွာ အမ်ားဆုံး ပ်ံ႕ႏွံ႔လွ်က္ ရွိပါတယ္။
၁၉၅၉-၁၉၆၀ ခုႏွစ္ အငတ္ေဘးက်ေရာက္စဥ္ နယူးေဒလီရဲ႕ စီမံကိုင္တြယ္ပုံကို မေက်နပ္တဲ့ ဆႏၵျပပြဲေတြဟာ ေနာက္ပိုင္းမွာ အိႏၵိယႏိုင္ငံမွ သီးျခားခြဲထြက္ေရး “မီဇိုအမ်ိဳးသားတပ္ဦး” MNF ရဲ႕ လက္နက္ကိုင္ ပုန္ကန္မႈျဖစ္ လာခဲ့ပါတယ္။ ‘ဒါေပမယ့္ ၁၉၇၁-ခုႏွစ္မွာ အစိုးရနဲ႔ MNF အၾကား ၿငိမ္းခ်မ္းေရး စတင္ေဆြးေႏြးခဲ့ၿပီး မီဇိုေဒသကို သီးျခားျပည္နယ္အျဖစ္ အာသံမွ ခြဲထုတ္ခဲ့ၾကပါတယ္။ ျမန္မာ့ယဥ္ေက်းမႈဟာ မီဇိုတို႔အေပၚ လႊမ္းမိုးမႈ မရွိေပ မယ့္ မီဇိုရမ္ျပည္နယ္ရဲ႕ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြနဲ႔ ယခု ေနာက္ပိုင္း ျမန္မာႏိုင္ငံဘက္မွ စစ္ေဘးေရွာင္ ဒုကၡ သည္မ်ားလႈိင္းဂယက္ဟာ ႏွစ္ႏိုင္ငံစလုံးအေပၚ ႐ိုက္ခတ္ လွ်က္ရွိေနပါတယ္။
၂၀၂၄ ခုႏွစ္ ဇန္နဝါရီလတုန္းက ေ႐ြးေကာက္ပြဲကို အေႏွာက္အယွက္ကင္းစြာ က်င္းပလိုလွ်င္ ႏိုင္ငံအတြင္း (စိန႔္မာတင္ကြၽန္းေပၚ) မွာ ေလတပ္အေျခစိုက္စခန္းဖြင့္လွစ္ခြင့္ျပဳဖို႔ ႏိုင္ငံျခားတိုင္းျပည္တစ္ခုက ကမ္းလွမ္းဖူးေၾကာင္း အဲ့ဒီအခ်ိန္ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ထမ္းေဆာင္ေနသူ ရွိတ္ဟာစီနာက ေျပာခဲ့ပါတယ္။ ၂၀၀၉-ခုႏွစ္ကတည္းက ႏိုင္ငံကို ဦးေဆာင္ခဲ့သူ အသက္ ၇၇-ႏွစ္အ႐ြယ္ ဟာစီနာဟာ ဆႏၵမဲေပးသူ အလြန္ နည္းပါးတဲ့ အဲ့ဒီေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိၿပီး ပၪၥမသက္တမ္းကို ဆက္လက္တာဝန္ထမ္းေဆာင္ႏိုင္ခဲ့ပါတယ္။
ကမ္းလွမ္းတယ္ဆိုတဲ့ ျပည္ပႏိုင္ငံရဲ႕ အမည္ေဖာ္ျပျခင္း မရွိပဲ "လူျဖဴ" လို႔သာ ရည္ၫႊန္းခဲ့တဲ့ ရွိတ္ဟာစီနာဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာပိုင္နယ္ေျမ အစိတ္အပိုင္းကို စြန႔္လႊတ္တဲ့နည္းလမ္းနဲ႔ အာဏာရ ယူလိုျခင္း မရွိေၾကာင္း၊ ဘဂၤလားပင္လယ္ေအာ္ေဒသမွာ သူတို႔အက်ိဳးစီးပြားတည္ေဆာက္လိုတဲ့ ႏိုင္ငံရပ္ျခား တိုင္းျပည္က ျပည္တြင္းေရးမွာ ဝင္ေရာက္စြက္ဖက္လွ်က္ရွိၿပီး အဝါမီလိဂ္အစိုးရကို မတည္မၿငိမ္ျဖစ္ေစရန္ နည္း အမ်ိဳးမ်ိဳးနဲ႔ ဆက္လက္ႀကိဳးပမ္းေနေၾကာင္း သတိေပးခဲ့တယ္လို႔ ဘဂၤလားေဒ့ရွ္သတင္းစာမ်ားနဲ႔ NDTV (27 May 2024) က ေရးသားခဲ့ဖူးပါတယ္။
အဲဒီ လူျဖဴတိုင္းျပည္ဟာ ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာႏိုင္ငံတို႔အၾကားမွာ သီးျခားခရစ္ယာန္ႏိုင္ငံထူေထာင္ရန္ ရည္ ႐ြယ္ခ်က္ရွိတယ္လို႔လည္း ဟာစီနာက ေျပာပါတယ္။ သူ႔အေပၚ မေကာင္းႀကံစည္မႈမ်ား အပါအဝင္ စိန္ေခၚမႈ မ်ားနဲ႔ ျဖစ္ေပၚလာႏိုင္တဲ့ အႏၲရာယ္မ်ားၾကားမွာ တိုင္းျပည္အေပၚ သစၥာရွိစြာ အခိုင္အမာ ဆက္လက္ရပ္တည္ ေနၿပီး ျပည္ပဖိအားေပး ေတာင္းဆိုမႈမ်ားကို လိုက္ေလ်ာရန္ ျငင္းဆန္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒါ့ျပင္ ဘဂၤလားေဒ့ရွ္အေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ား ခ်မွတ္ျခင္းျဖင့္ ပို႔ကုန္မ်ားကို ဝယ္ယူသူ မရွိေအာင္ ဖန္တီး ေနတယ္လို႔လည္း ေျပာပါတယ္။ အဲဒီအခ်ိန္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ဟာစီနာရာထူးမွ ႏႈတ္ထြက္ေပးရန္ ဆႏၵျပ ေတာင္းဆိုမႈမ်ား ျဖစ္ပြားေနပါတယ္။ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားအတြက္ RAB ေခၚ ဘဂၤလားေဒ့ရွ္အထူး ရဲတပ္ဖြဲ႕အေပၚ အေမရိကန္က ဒဏ္ခတ္အေရးယူထားၿပီး သတင္းမီဒီယာမ်ား အတိုက္အခံႏိုင္ငံေရးသမားမ်ား ကို ဖိႏွိပ္တယ္လို႔ အေနာက္အုပ္စုလႊမ္းမိုးတဲ့ လူ႔အခြင့္အေရးအဖြဲ႕မ်ားက စြပ္စြဲေနၾကပါတယ္။ ၂၀၂၄-ခုႏွစ္မွာ ေက်ာင္းသားမ်ား ဦးေဆာင္တဲ့ အၾကမ္းဖက္ဆႏၵျပမႈမ်ားဆက္တိုက္ျဖစ္ပြားလာတဲ့အတြက္ ရွိတ္ဟာစီနာလည္း ၾသဂုတ္လ ၅-ရက္ေန႔မွာ ႏိုင္ငံမွ ထြက္ခြာသြားျခင္းျဖင့္ အဝါမီလိဂ္အစိုးရ နိဂုံးခ်ဳပ္သြားရပါတယ္။
ရွိတ္ဟာစီနာရဲ႕ ဘဂၤလားေဒ့ရွ္အစိုးရျပဳတ္က်ၿပီး တစ္လ မျပည့္မီ အိမ္နီးခ်င္း အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ ဝန္ႀကီးခ်ဳပ္က နယူးေဒလီထံ ခြင့္ျပဳခ်က္ရယူၿပီး အေမရိကန္ႏိုင္ငံကို သြားေရာက္လည္ပတ္စဥ္ မိန႔္ခြန္း ေျပာၾကားျခင္း ျဖစ္ေနပါတယ္။ ၁၉၈၈ ခုႏွစ္ “ဇို႐ိုလႈပ္ရွားမႈ” ရဲ႕ အဓိက ရည္႐ြယ္ခ်က္မွာ အိႏၵိယႏိုင္ငံအတြင္း ဇိုလူမ်ိဳးတု႔ိ တစ္စုတစ္စည္းတည္း ျပန္လည္ေပါင္းစည္းေရးျဖစ္တယ္လို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။ ယေန႔ အိႏၵိယ၊ ျမန္မာနဲ႔ ဘဂၤလား ေဒ့ရွ္ႏိုင္ငံအတြင္းရွိ ဇိုလူမ်ိဳးတို႔အေနနဲ႔ကလည္း အဲ့ဒီအတိုင္းပဲ ဆႏၵရွိပါၾကသလားလို႔ ေမးခြန္းထုတ္လိုက္ၿပီး ယ ေန႔ေခတ္ရဲ႕ ပထဝီႏိုင္ငံေရး အခင္းအက်င္းအရ မေဝးတဲ့ တစ္ေန႔မွာ ျဖစ္ႏိုင္ေခ်ရွိတယ္လို႔ ထင္မွတ္ေၾကာင္း၊ အဲ့ဒီလို ေပါင္းစည္းၾကဖို႔ ကံၾကမၼာက ဖန္တီးေနတယ္လို႔ အရိပ္အႁမြက္ ေျပာဆိုပါတယ္။
အေမရိကန္သို႔လာေရာက္ရန္ ဖိတ္ၾကားခ်က္ကို လက္ခံရျခင္းမွာ အဓိကအေၾကာင္းရင္းကို ရွာေဖြရန္ ျဖစ္ ေၾကာင္း၊ ႏိုင္ငံတိုင္းမွာ နယ္နိမိတ္ေတြရွိေပမဲ့ စစ္မွန္တဲ့ႏိုင္ငံဟာ ဒီလိုကန႔္သတ္ခ်က္ေတြကို ေက်ာ္လြန္လွ်က္ရွိ ေၾကာင္း၊ ဇိုလူမ်ိဳးတို႔ဟာ မတူကြဲျပားတဲ့ အစိုးရသုံးရပ္ေအာက္မွာ အတင္းအၾကပ္ ရပ္တည္ေနရၿပီး ဒါဟာ ဘယ္ ေတာ့မွ လက္ခံလို႔ မရတဲ့ ကိစၥျဖစ္ေၾကာင္း၊ စက္တင္ဘာ ၄-ရက္ အင္ဒီယာနပိုလစ္ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ရဲ႕ မိန႔္ခြန္းတစ္ပုဒ္မွာေတာ့ သူတို႔ ဇိုလူမ်ိဳးေတြဟာ မတရားသျဖင့္ ခြဲျခားဆက္ဆံခံေနရတယ္လို႔ ပါရွိပါတယ္။ အျငင္းပြားဖြယ္ အဲ့ဒီမိန႔္ခြန္းမ်ားအျပည့္အစုံကို မီဇိုရမ္အစိုးရရဲ႕ ျပန္ၾကားေရးနဲ႔ ျပည္သူ႔ဆက္ဆံေရး ၫႊန္ၾကားမႈ ဦးစီးဌာန (DIPR) ဝဘ္ဆိုက္မွာ လႊင့္တင္ထားေၾကာင္း သိရွိရပါတယ္။
ႏိုင္ငံေရးသမားမ်ားမွ ပညာရွင္မ်ားအထိ မီဇိုရမ္ဝန္ႀကီးခ်ဳပ္ရဲ႕ စကားကို ၾကားရသူတိုင္း စိုးရိမ္ပူပန္စရာျဖစ္တယ္ လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ၾကပါတယ္။ တစ္ခုေသာႏိုင္ငံဟာ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ လူအမ်ားကို သိမ္း သြင္းၿပီး ခရစ္ယာန္ႏိုင္ငံတစ္ခုအျဖစ္ ပုံေဖာ္ရန္ ရည္႐ြယ္ေနေၾကာင္း ရာထူးမွျဖဳတ္ခ်ခံရသူ ဘဂၤလားေဒ့ရွ္ဝန္ ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ ေျပာၾကားခဲ့သလို ေ႐ြးေကာက္ခံအရာရွိတစ္ဦးက ျပည္ပမွာ တစ္စုံတစ္ရာေသာ နည္း လမ္းျဖင့္ က်င့္ႀကံသင့္သလားလို႔ ေမးခြန္းထုတ္စရာ ျဖစ္ေနပါတယ္။ အိႏၵိယဖြဲ႕စည္းပုံ အေျခခံဥပေဒကို သစၥာ ခံသူ တစ္ဦးဦးက အမ်ိဳးသားေရးအေပၚ ဆန႔္က်င္ကြဲလြဲစြာ ေျပာဆိုႏိုင္ျခင္း ရွိ-မရွိ လူေျပာစရာျဖစ္ရပါတယ္။ အိႏၵိယတစ္ဝွမ္းရွိ ခရစ္ယာန္အသင္းေတာ္အဖြဲ႕အစည္းတို႔ကလည္း ေထာက္ခံျခင္း ရွိ-မရွိ၊ ျပည္နယ္ဝန္ႀကီး ခ်ဳပ္ဟာ ႏိုင္ငံျခား အင္အားႀကီး တိုင္းျပည္ကိုယ္စား ေျပာဆိုျခင္း ဟုတ္-မဟုတ္ကိုလည္း စဥ္းစားစရာျဖစ္ပါ တယ္။
လူမ်ိဳးစု ဗဟိုျပဳ ေမြးရပ္ေျမ ျဖစ္ေျမာက္ေရး တြန္းအားေပးျခင္းဟာ ယေန႔ေခတ္ ေရာေႏွာေနတဲ့ လူမ်ိဳးစုမ်ားၾကား ဆက္ဆံေရးကို တင္းမာေစၿပီး ပဋိပကၡျဖစ္ႏိုင္ေၾကာင္း၊ ေမြးရပ္ေျမအတြက္ လူဦးေရဆိုင္ရာ ေပါင္းစည္းမႈအေပၚ အေလးေပးမႈဟာ ကြဲလြဲေနၿပီး ေခတ္မမီေတာ့ေၾကာင္း၊ ယဥ္ေက်းမႈ ခ်ိတ္ဆက္ျခင္းအရ ျဖစ္ႏိုင္ေပမယ့္ ႏိုင္ငံအ သီးသီးတို႔ရဲ႕ နယ္နိမိတ္သတ္မွတ္ခ်က္မ်ားေၾကာင့္ ဟိုဘက္ဒီဘက္ နယ္ေျမမတူတဲ့ တိုင္းရင္းသားမ်ားအခ်င္း ခ်င္း ေပါင္းစည္းေရးကို ခြင့္မျပဳေၾကာင္း၊ ကိုလိုနီေခတ္ နယ္ေျမပိုင္းျခားမႈအရ သီးျခားျဖစ္သြားတဲ့ မ်ိဳးႏြယ္တူ သူမ်ားကို ျပန္လည္စုစည္းရာမွာ ကိုလိုနီေခတ္ အေတြးအေခၚမ်ားအတိုင္းျဖစ္ေနတယ္လို႔ ေဝဖန္သူအခ်ိဳ႕က ေထာက္ျပၾကပါတယ္။
ဇိုရမ္ျပည္သူ႔လႈပ္ရွားမႈပါတီ ZPM မွ လယ္ဒူဟိုးမားဟာ ၂၀၂၃-ခုႏွစ္ ဒီဇင္ဘာလ ေ႐ြးေကာက္ပြဲမွာ ၂၇-ေနရာ အႏိုင္ ရရွိၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္ ျဖစ္လာခဲ့ပါတယ္။ ၂၀၁၉-ခုႏွစ္မွာ မွတ္ပုံတင္ခဲ့တဲ့ အဲ့ဒီပါတီဟာ ယခင္ ေ႐ြး ေကာက္ပြဲမွာ ၈-ေနရာသာ အႏိုင္ရခဲ့ဖူးပါတယ္။ ၂၀၁၈ ခုႏွစ္မွာ ၂၆ ေနရာ အႏိုင္ရရွိၿပီး အစဥ္အလာႀကီးမားတဲ့ MNF ပါတီကေတာ့ ၂၀၂၃-ခုႏွစ္မွာ ၁၀ ေနရာသာ အႏိုင္ရရွိခဲ့ပါတယ္။
(NDTV., 5 November 2024,” Spoke Of Unity Under India: Sources On Mizoram Chief Minister's Viral Speech” ကို ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္။)