မြောက်ကိုရီးယားကို အင်အားပြသတဲ့အနေနဲ့ ဒုံးကျည်စစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယားပြုလုပ်

 303

Pika (NP News) - နိုဝင်ဘာ ၉

မြောက်ကိုရီးယားကို အင်အားပြသသည့်အနေဖြင့် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က နိုဝင်ဘာလ(၈)ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် တောင်ကိုရီးယားက ယခုလိုပစ်လွှတ်မှုကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်သီတင်းပတ်(၂)ပတ်အတွင်း မြောက်ကိုရီးယားသည် လောင်စာဆီအခဲသုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) အပြင် တာတိုပစ်ပဲ့ထိန်းဒုံးကျည်အများအပြားကို စမ်းသပ်ပစ်လွှတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုများသည် မြောက်ကိုရီးယား၏ ရန်စမှုများအားလုံးကို ပြတ်ပြတ်သားသား တုံ့ပြန်ရန် ဆုံးဖြတ်ထားသည့် တောင်ကိုရီးယား၏ သန္နိဌာန်ကို ပြသရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံး(JCS)က "တောင်ကိုရီးယားရဲ့ဒုံးကျည်စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ရန်စမှုတွေကို တုံ့ပြန်ရာမှာ တိကျတဲ့တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့အတွက် စွမ်းရည်နဲ့ အသင့်ရှိနေမှုကို ပြသတာမျိုးဖြစ်ပါတယ်" ဟု ပြောခဲ့သည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် မြေပြင်မှမြေပြင်ပစ် တာတိုပစ်ပဲ့ထိန်းဒုံးကျည် (Hyunmoo) ကို အနောက်ပင်လယ် ထဲသို့ ပစ်လွှတ်ခဲ့ကြောင်း (JCS) က ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ ရန်စမှုများကို တုံ့ပြန်ရန်အတွက် တောင်ကိုရီးယားသည် (၁၉၇၀) ပြည့်နှစ်ကစတင်ပြီး တာတိုပစ်ပဲ့ထိန်းဒုံးကျည်များကို ပြည်တွင်းတွင် စတင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလအစောပိုင်းတွင် တောင်ကိုရီးယားသည် မြေအောက်ဘန်ကာများကို ဖျက်ဆီးပစ်နိုင် စွမ်းရှိသည့် ၎င်း၏ အကြီးဆုံးပဲ့ထိန်းဒုံးကျည် Hyunmoo-5 ကို ပထမဆုံးအကြိမ် ထုတ်ပြန်ပြသခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် ပြီးခဲ့သည့်နိုဝင်ဘာလ(၃)ရက်တွင် အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်တို့သည် ကြီးမားသော ဗုံးကြဲလေယာဉ်တစ်စင်း ပါဝင်သည့် ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ ကြောင်းလည်း သိရသည်။

Zawgyi Version;
ေျမာက္ကိုရီးယားကို အင္အားျပသတဲ့အေနနဲ႔ ဒုံးက်ည္စစ္ေရးေလ့က်င့္မႈကို ေတာင္ကိုရီးယားျပဳလုပ္
Pika (NP News) - ႏိုဝင္ဘာ ၉

ေျမာက္ကိုရီးယားကို အင္အားျပသသည့္အေနျဖင့္ ပဲ့ထိန္းဒုံးက်ည္တစ္စင္းကို ပင္လယ္ထဲသို႔ ပစ္လႊတ္ခဲ့ေၾကာင္း ေတာင္ကိုရီးယားစစ္တပ္က ႏိုဝင္ဘာလ(၈)ရက္တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။
ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ေျမာက္ကိုရီးယားက တာတိုပစ္ပဲ့ထိန္းဒုံးက်ည္မ်ား စမ္းသပ္ပစ္လႊတ္ခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားက ယခုလိုပစ္လႊတ္မႈကိုလုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္သီတင္းပတ္(၂)ပတ္အတြင္း ေျမာက္ကိုရီးယားသည္ ေလာင္စာဆီအခဲသုံး တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္ (ICBM) အျပင္ တာတိုပစ္ပဲ့ထိန္းဒုံးက်ည္အမ်ားအျပားကို စမ္းသပ္ပစ္လႊတ္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ အဆိုပါ တိုက္႐ိုက္ပစ္ခတ္ေလ့က်င့္မႈမ်ားသည္ ေျမာက္ကိုရီးယား၏ ရန္စမႈမ်ားအားလုံးကို ျပတ္ျပတ္သားသား တုံ႔ျပန္ရန္ ဆုံးျဖတ္ထားသည့္ ေတာင္ကိုရီးယား၏ သႏၷိဌာန္ကို ျပသရန္ ရည္႐ြယ္ျခင္းျဖစ္ေၾကာင္း ေတာင္ကိုရီးယားစစ္တပ္က ေျပာၾကားခဲ့သည္။

ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံး(JCS)က "ေတာင္ကိုရီးယားရဲ႕ဒုံးက်ည္စစ္ေရးေလ့က်င့္မႈဟာ ေျမာက္ကိုရီးယားရဲ႕ရန္စမႈေတြကို တုံ႔ျပန္ရာမွာ တိက်တဲ့တိုက္ခိုက္မႈေတြ လုပ္ေဆာင္ဖို႔အတြက္ စြမ္းရည္နဲ႔ အသင့္ရွိေနမႈကို ျပသတာမ်ိဳးျဖစ္ပါတယ္" ဟု ေျပာခဲ့သည္။

အဆိုပါစစ္ေရးေလ့က်င့္မႈတြင္ ေျမျပင္မွေျမျပင္ပစ္ တာတိုပစ္ပဲ့ထိန္းဒုံးက်ည္ (Hyunmoo) ကို အေနာက္ပင္လယ္ ထဲသို႔ ပစ္လႊတ္ခဲ့ေၾကာင္း (JCS) က ေျပာၾကားခဲ့သည္။ ေျမာက္ကိုရီးယား၏ ရန္စမႈမ်ားကို တုံ႔ျပန္ရန္အတြက္ ေတာင္ကိုရီးယားသည္ (၁၉၇၀) ျပည့္ႏွစ္ကစတင္ၿပီး တာတိုပစ္ပဲ့ထိန္းဒုံးက်ည္မ်ားကို ျပည္တြင္းတြင္ စတင္ ထုတ္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလအေစာပိုင္းတြင္ ေတာင္ကိုရီးယားသည္ ေျမေအာက္ဘန္ကာမ်ားကို ဖ်က္ဆီးပစ္ႏိုင္ စြမ္းရွိသည့္ ၎၏ အႀကီးဆုံးပဲ့ထိန္းဒုံးက်ည္ Hyunmoo-5 ကို ပထမဆုံးအႀကိမ္ ထုတ္ျပန္ျပသခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ၿပီးခဲ့သည့္ႏိုဝင္ဘာလ(၃)ရက္တြင္ အေမရိကန္၊ ေတာင္ကိုရီးယား ႏွင့္ ဂ်ပန္တို႔သည္ ႀကီးမားေသာ ဗုံးႀကဲေလယာဥ္တစ္စင္း ပါဝင္သည့္ ပူးတြဲေလေၾကာင္းစစ္ေရးေလ့က်င့္မႈမ်ားကို လုပ္ေဆာင္ခဲ့ ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.