နိုဝင်ဘာလကုန်အထိ အခါလွန်မိုး ရွာသွန်းနိုင်၍ တောင်သူများအနေဖြင့် သီးနှံများကို သတိပြုစိုက်ပျိုးရန် မိုးဇလ အကြံပြု
1471
စော (NP News) - နိုဝင်ဘာ ၉
နိုဝင်ဘာလကုန်အထိ အခါလွန်မိုး ရွာသွန်းနိုင်၍ တောင်သူများအနေဖြင့် သီးနှံများကို သတိပြုစိုက်ပျိုးရန် လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက အကြံပြုထားသည်။
အနောက်တောင်မုတ်သုံလေသည် မြန်မာတစ်နိုင်ငံလုံးမှ ထွက်ခွာသွားပြီဖြစ်ကြောင်း မိုးလေဝသသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာလ ၁၅ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
ပင်လယ်ပြင်တွင် ဖြစ်ပေါ်နိုင်သော လေဖိအားနည်းရပ်ဝန်းများ၊ အရှေ့ဘက်မှလာသော လေပွေလှိုင်းများ၊ ဆောင်းရာသီအကူးအပြောင်းကာလတွင် လက်ကျန်လေနွေးနှင့် လေအေးများထိတွေ့မှုကြောင့် တိမ်ဖြစ်ထွန်းမှု ရှိပြီး နှစ်စဉ်နှစ်တိုင်း အခါလွန်မိုးရွာသွန်းလေ့ရှိကြောင်း ၎င်းကဆိုသည်။
“ရွာနိုင်သေးတယ်။ အခုဒီ ၁၀ရက်နေ့ နောက်ပိုင်းတော့ နည်းနည်းလေးပါးသွားမယ်။ ပြီးရင်တော့ နိုဝင်ဘာ တစ်လလုံးကတော့ ရွာတာလေးတွေတော့ရှိမယ်။ လက်ရှိရွာနေတာကတော့ ၁၀ရက်ကျော်ရင်တော့ နည်းနည်း လေး ပါးသွားမယ်။ နည်းနည်း မိုးခဏလေးပဲ ပျက်သွားမယ်။ လကုန်လောက်ထိတော့ ရွာနိုင်တဲ့အခြေအနေတော့ ရှိသေးတာပေါ့” ဟု ဦးလှထွန်းက ပြောသည်။
မိုးလေဝသဖြစ်စဉ်ကြောင့် မိုးရွာသွန်းခြင်းဖြစ်ကာ အဆိုပါမိုးလေဝသဖြစ်စဉ် အားနည်းသွားပါက မိုးရွာသွန်းမှု နည်းပါးသွားနိုင်ကြောင်း သိရသည်။
“အဓိကကတော့ အခါလွန်မိုးတွေ၊ ဆောင်းမိုးလို့လဲ ပြောလို့ရတယ်။ ဒါတွေက လကုန်၊ ရွာနိုင်တဲ့အခြေအနေလေး တွေရှိတော့ မိုးလေဝသသတင်းလေးတွေ နားထောင်ပြီးတော့ မိုးလေဝသအခြေအနေပေါ်မှာ မူတည်ပြီးတော့ပဲ စိုက်နည်း၊ ပျိုးနည်းလုပ်ကြဖို့ အကြံပြုချင်တာပေါ့။ နောက်တစ်ခါ တစ်ချို့က ရှိတယ်။ ပဲစိုက်ချိန်ဆိုတော့ တစ်ချို့က လယ်ပြီးတာနဲ့ပဲပေါ့။ နိုဝင်ဘာလ မုတ်သုံရာသီအကုန်မှာ ပဲတွစိုက်ချင်ကြတဲ့လူတွေရှိတယ်။ ဒီလိုမိုးတွေရွာနေရင် တော့ စိုက်လို့မရဘူး။ အဲဒီတော့ နောက်ကျတာလေးတွေရှိတယ်။ ဒီလိုမိုးရွာမှုရှိနေရင်တော့ စိုက်ချိန်က နောက်ကျလာပြီ။ မိုးကလည်း ရွာနေသေးတယ်ဆိုရင်တော့ လုံးဝမိုးပါးသွားမှ စိုက်ချင်ရင်တော့ ရက်တိုတဲ့ သီးနှံလေးတွေ စိုက်ဖို့တော့ အကြံပြုချင်တယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလတွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်(၉)ခု၌ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့၍ အဆိုပါရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စု (၈) သောင်းကျော်၊ လူဦးရေ (၁) သန်းနီးပါး ရေဘေး အန္တရာယ်တွေ့ကြုံခံစားခဲ့ရကြောင်း သိရသည်။
ထိုအပြင် သေဆုံး/ပျောက်ဆုံးသူ (၅၂၀) ဦးရှိပြီး တိရစ္ဆာန်ပေါင်း (၁) သိန်း (၈)သောင်းကျော်သေဆုံးခဲ့ကာ စပါးနှင့် သီးနှံစိုက်ဧက (၇) သိန်းကျော် ထိခိုက်ခဲ့ရကြောင်း သိရသည်။
Zawgyi Version;
ႏိုဝင္ဘာလကုန္အထိ အခါလြန္မိုး ႐ြာသြန္းႏိုင္၍ ေတာင္သူမ်ားအေနျဖင့္ သီးႏွံမ်ားကို သတိျပဳစိုက္ပ်ိဳးရန္ မိုးဇလ အႀကံျပဳ
ေစာ (NP News) - ႏိုဝင္ဘာ ၉
ႏိုဝင္ဘာလကုန္အထိ အခါလြန္မိုး ႐ြာသြန္းႏိုင္၍ ေတာင္သူမ်ားအေနျဖင့္ သီးႏွံမ်ားကို သတိျပဳစိုက္ပ်ိဳးရန္ လိုအပ္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးလွထြန္းက အႀကံျပဳထားသည္။
အေနာက္ေတာင္မုတ္သုံေလသည္ ျမန္မာတစ္ႏိုင္ငံလုံးမွ ထြက္ခြာသြားၿပီျဖစ္ေၾကာင္း မိုးေလဝသသႏွင့္ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနက ေအာက္တိုဘာလ ၁၅ ရက္တြင္ အသိေပးထုတ္ျပန္ထားသည္။
ပင္လယ္ျပင္တြင္ ျဖစ္ေပၚႏိုင္ေသာ ေလဖိအားနည္းရပ္ဝန္းမ်ား၊ အေရွ႕ဘက္မွလာေသာ ေလေပြလႈိင္းမ်ား၊ ေဆာင္းရာသီအကူးအေျပာင္းကာလတြင္ လက္က်န္ေလေႏြးႏွင့္ ေလေအးမ်ားထိေတြ႕မႈေၾကာင့္ တိမ္ျဖစ္ထြန္းမႈ ရွိၿပီး ႏွစ္စဥ္ႏွစ္တိုင္း အခါလြန္မိုး႐ြာသြန္းေလ့ရွိေၾကာင္း ၎ကဆိုသည္။
“႐ြာႏိုင္ေသးတယ္။ အခုဒီ ၁၀ရက္ေန႔ ေနာက္ပိုင္းေတာ့ နည္းနည္းေလးပါးသြားမယ္။ ၿပီးရင္ေတာ့ ႏိုဝင္ဘာ တစ္လလုံးကေတာ့ ႐ြာတာေလးေတြေတာ့ရွိမယ္။ လက္ရွိ႐ြာေနတာကေတာ့ ၁၀ရက္ေက်ာ္ရင္ေတာ့ နည္းနည္း ေလး ပါးသြားမယ္။ နည္းနည္း မိုးခဏေလးပဲ ပ်က္သြားမယ္။ လကုန္ေလာက္ထိေတာ့ ႐ြာႏိုင္တဲ့အေျခအေနေတာ့ ရွိေသးတာေပါ့” ဟု ဦးလွထြန္းက ေျပာသည္။
မိုးေလဝသျဖစ္စဥ္ေၾကာင့္ မိုး႐ြာသြန္းျခင္းျဖစ္ကာ အဆိုပါမိုးေလဝသျဖစ္စဥ္ အားနည္းသြားပါက မိုး႐ြာသြန္းမႈ နည္းပါးသြားႏိုင္ေၾကာင္း သိရသည္။
“အဓိကကေတာ့ အခါလြန္မိုးေတြ၊ ေဆာင္းမိုးလို႔လဲ ေျပာလို႔ရတယ္။ ဒါေတြက လကုန္၊ ႐ြာႏိုင္တဲ့အေျခအေနေလး ေတြရွိေတာ့ မိုးေလဝသသတင္းေလးေတြ နားေထာင္ၿပီးေတာ့ မိုးေလဝသအေျခအေနေပၚမွာ မူတည္ၿပီးေတာ့ပဲ စိုက္နည္း၊ ပ်ိဳးနည္းလုပ္ၾကဖို႔ အႀကံျပဳခ်င္တာေပါ့။ ေနာက္တစ္ခါ တစ္ခ်ိဳ႕က ရွိတယ္။ ပဲစိုက္ခ်ိန္ဆိုေတာ့ တစ္ခ်ိဳ႕က လယ္ၿပီးတာနဲ႔ပဲေပါ့။ ႏိုဝင္ဘာလ မုတ္သုံရာသီအကုန္မွာ ပဲတြစိုက္ခ်င္ၾကတဲ့လူေတြရွိတယ္။ ဒီလိုမိုးေတြ႐ြာေနရင္ ေတာ့ စိုက္လို႔မရဘူး။ အဲဒီေတာ့ ေနာက္က်တာေလးေတြရွိတယ္။ ဒီလိုမိုး႐ြာမႈရွိေနရင္ေတာ့ စိုက္ခ်ိန္က ေနာက္က်လာၿပီ။ မိုးကလည္း ႐ြာေနေသးတယ္ဆိုရင္ေတာ့ လုံးဝမိုးပါးသြားမွ စိုက္ခ်င္ရင္ေတာ့ ရက္တိုတဲ့ သီးႏွံေလးေတြ စိုက္ဖို႔ေတာ့ အႀကံျပဳခ်င္တယ္”ဟု ၎ကဆက္လက္ေျပာသည္။
ၿပီးခဲ့သည့္ စက္တင္ဘာလတြင္ ရာဂီမုန္တိုင္းအရွိန္ေၾကာင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္(၉)ခု၌ ေရႀကီးေရလွ်ံမႈ ျဖစ္ပြားခဲ့၍ အဆိုပါေရႀကီးေရလွ်ံမႈေၾကာင့္ အိမ္ေထာင္စု (၈) ေသာင္းေက်ာ္၊ လူဦးေရ (၁) သန္းနီးပါး ေရေဘး အႏၲရာယ္ေတြ႕ႀကဳံခံစားခဲ့ရေၾကာင္း သိရသည္။
ထိုအျပင္ ေသဆုံး/ေပ်ာက္ဆုံးသူ (၅၂၀) ဦးရွိၿပီး တိရစာၦန္ေပါင္း (၁) သိန္း (၈)ေသာင္းေက်ာ္ေသဆုံးခဲ့ကာ စပါးႏွင့္ သီးႏွံစိုက္ဧက (၇) သိန္းေက်ာ္ ထိခိုက္ခဲ့ရေၾကာင္း သိရသည္။