စမ်းချောင်းမြို့နယ်ရှိ ငွေလဲကောင်တာတွင် ဓားပြတိုက်လုယက်မှုဖြစ်ပွားရာ ဆိုင်မန်နေဂျာ ဓားထိုးခံရ၍ ပွဲချင်းပြီး သေဆုံး
1652
သန့်ဇင် (NP News) - နိုဝင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ စမ်းချောင်းမြို့နယ်ရှိ ငွေလဲကောင်တာတွင် ဓားပြတိုက်လုယက်မှုဖြစ်ပွားရာ ဆိုင်မန်နေဂျာ ဓားထိုးခံရ၍ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာ ၈ ရက်) ညနေ ၃ နာရီ ၄ဝ မိနစ်အချိန်ခန့်က စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတောင် ရပ်ကွက်၊ ဗားကရာလမ်း၊အမှတ်(၂၅၅/စီ)မြေညီထပ်ရှိ အေးမြတ်သီတာစတိုးနှင့် ငွေလဲကောင်တာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါငွေလွဲကောင်တာတွင် ဆိုင်ရှင်ဖြစ်သူ ဦးဇော်ဌေးသန်း၊ မန်နေဂျာဖြစ်သူ ဒေါ်အေးအေးဝင်း နှင့် ဝန်ထမ်း အမျိုးသမီး(၃)ဦးတို့ ဆိုင်အတွင်းရှိနေစဥ် အသက်(၅၀)ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက ရောက်ရှိလာပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် သွားရောက် ဆေးကုရန် ထိုင်းဘက် နှင့် ဒေါ်လာလဲလှယ်ချင်သည်ဟုဆိုကာ ဆိုင်အတွင်း၌ မိနစ်(၃၀)ခန့်အကြာ ဝင်ရောက်ထိုင်နေခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါအမျိုးသားက ဒေါ်အေးအေးဝင်း၏ လည်ပင်းအား ရုတ်တရက်၎င်းအသင့်ယူဆောင်လာသည့် ဓားဖြင့်ထောက်ပြီးနောက် ဖမ်းဆီးချုပ်နှောင်၍ ဓားပြတိုက်ခဲ့ရာ ဆိုင်ဝန်ထမ်းအမျိုးသမီးတစ်ဦးက ဝင်ရောက်ခုခံ ကာကွယ်သဖြင့် အဆိုပါဝန်ထမ်းအမျိုးသမီး၏ ဝမ်းဗိုက်အား ဓားဖြင့်ထိုးခုတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဓားပြတိုက်လုယက်သူ အမျိုးသားက ဒေါ်အေးအေးဝင်းအား လည်ပင်းနှင့် ရင်ညွှန့်ထို့အား ဓားဖြင့်ထိုးပြီး နောက် ၎င်းကိုင်ဆောင်ထားသည့် ဓားအားဝှေ့ရမ်း၍ “သတ္တိရှိရင်လိုက်ခဲ့” ဟု ဆိုကာ အနော်ရထာလမ်းဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ဓားဖြင့်ထိုးခုတ်ခံရမှုကြောင့် ဒေါ်အေးအေးဝင်းမှာ ရင်ညွှန့်ထိုးသွင်းဒဏ်ရာ၊ လည်ပင်းထိုးသွင်းဒဏ်ရာတို့ ရရှိကာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ဆိုင်ဝန်ထမ်းဖြစ်သူ မသင်းသင်းအေးတွင်လည်း ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူ အမျိုးသား ကျန်ခဲ့သောကျောပိုးအိတ်အတွင်းမှ နိုင်ငံသားစိစစ်ရေးကတ်တစ်ခု ၊ဓါတ်ဆီပုလင်း(၂) ပုလင်း၊ တယ်လီဖုန်း တစ်လုံးနှင့် သစ်သားဓါးအိမ်တစ်ခုတို့တွေ့ရှိခဲ့ရပြီး ကျူးလွန်သူမှာ တရုတ်လူမျိုးအမျိုးသား တစ်ဦးဖြစ်ကြောင်း ယူဆမှုများလည်း ရှိနေကြောင်း သိရသည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Zawgyi Version;
စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ ေငြလဲေကာင္တာတြင္ ဓားျပတိုက္လုယက္မႈျဖစ္ပြားရာ ဆိုင္မန္ေနဂ်ာ ဓားထိုးခံရ၍ ပြဲခ်င္းၿပီး ေသဆုံး
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၉
ရန္ကုန္တိုင္းေဒသႀကီး၊ စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ ေငြလဲေကာင္တာတြင္ ဓားျပတိုက္လုယက္မႈျဖစ္ပြားရာ ဆိုင္မန္ေနဂ်ာ ဓားထိုးခံရ၍ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ႏိုဝင္ဘာ ၈ ရက္) ညေန ၃ နာရီ ၄ဝ မိနစ္အခ်ိန္ခန႔္က စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေျမနီကုန္းေတာင္ ရပ္ကြက္၊ ဗားကရာလမ္း၊အမွတ္(၂၅၅/စီ)ေျမညီထပ္ရွိ ေအးျမတ္သီတာစတိုးႏွင့္ ေငြလဲေကာင္တာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေငြလြဲေကာင္တာတြင္ ဆိုင္ရွင္ျဖစ္သူ ဦးေဇာ္ေဌးသန္း၊ မန္ေနဂ်ာျဖစ္သူ ေဒၚေအးေအးဝင္း ႏွင့္ ဝန္ထမ္း အမ်ိဳးသမီး(၃)ဦးတို႔ ဆိုင္အတြင္းရွိေနစဥ္ အသက္(၅၀)ခန႔္အ႐ြယ္ရွိ အမ်ိဳးသားတစ္ဦးက ေရာက္ရွိလာၿပီး ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕တြင္ သြားေရာက္ ေဆးကုရန္ ထိုင္းဘက္ ႏွင့္ ေဒၚလာလဲလွယ္ခ်င္သည္ဟုဆိုကာ ဆိုင္အတြင္း၌ မိနစ္(၃၀)ခန႔္အၾကာ ဝင္ေရာက္ထိုင္ေနခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ အဆိုပါအမ်ိဳးသားက ေဒၚေအးေအးဝင္း၏ လည္ပင္းအား ႐ုတ္တရက္၎အသင့္ယူေဆာင္လာသည့္ ဓားျဖင့္ေထာက္ၿပီးေနာက္ ဖမ္းဆီးခ်ဳပ္ေႏွာင္၍ ဓားျပတိုက္ခဲ့ရာ ဆိုင္ဝန္ထမ္းအမ်ိဳးသမီးတစ္ဦးက ဝင္ေရာက္ခုခံ ကာကြယ္သျဖင့္ အဆိုပါဝန္ထမ္းအမ်ိဳးသမီး၏ ဝမ္းဗိုက္အား ဓားျဖင့္ထိုးခုတ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ဓားျပတိုက္လုယက္သူ အမ်ိဳးသားက ေဒၚေအးေအးဝင္းအား လည္ပင္းႏွင့္ ရင္ၫႊန႔္ထို႔အား ဓားျဖင့္ထိုးၿပီး ေနာက္ ၎ကိုင္ေဆာင္ထားသည့္ ဓားအားေဝွ႔ရမ္း၍ “သတၱိရွိရင္လိုက္ခဲ့” ဟု ဆိုကာ အေနာ္ရထာလမ္းဘက္သို႔ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ဓားျဖင့္ထိုးခုတ္ခံရမႈေၾကာင့္ ေဒၚေအးေအးဝင္းမွာ ရင္ၫႊန႔္ထိုးသြင္းဒဏ္ရာ၊ လည္ပင္းထိုးသြင္းဒဏ္ရာတို႔ ရရွိကာ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး ဆိုင္ဝန္ထမ္းျဖစ္သူ မသင္းသင္းေအးတြင္လည္း ဝမ္းဗိုက္ ထိုးသြင္းဒဏ္ရာတစ္ခ်က္ရရွိခဲ့ေၾကာင္း သိရသည္။
ျပစ္မႈက်ဴးလြန္သူ အမ်ိဳးသား က်န္ခဲ့ေသာေက်ာပိုးအိတ္အတြင္းမွ ႏိုင္ငံသားစိစစ္ေရးကတ္တစ္ခု ၊ဓါတ္ဆီပုလင္း(၂) ပုလင္း၊ တယ္လီဖုန္း တစ္လုံးႏွင့္ သစ္သားဓါးအိမ္တစ္ခုတို႔ေတြ႕ရွိခဲ့ရၿပီး က်ဴးလြန္သူမွာ တ႐ုတ္လူမ်ိဳးအမ်ိဳးသား တစ္ဦးျဖစ္ေၾကာင္း ယူဆမႈမ်ားလည္း ရွိေနေၾကာင္း သိရသည္။
လက္ရွိတြင္ ျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိေရး သက္ဆိုင္ရာတာဝန္ရွိသူမ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။