တရုတ်ခရီးစဉ်ပြီးနောက် သမ္မတပူတင်နှင့်ဆွေးနွေးရန် ရုရှားသို့ ဗိုလ်ချုပ်မှူးကြီး သွားမည်ဟု သတင်းထွက်
1726
Iris (NP News) - နိုဝင်ဘာ ၁ဝ
တရုတ်ပြည်ခရီးစဉ်သွားရောက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယခုလအတွင်းမှာပင် ရုရှားနိုင်ငံသို့ သမ္မတပူတင်နှင့်တွေ့ဆုံရန် သွားရောက်မည်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ရုရှားအစိုးရ၏ တရားဝင်ဖိတ်ခေါ်ချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သွားရောက်ရမည့်သဘောမျိုးဖြစ်ပြီး ခရီးစဉ်အတွင်း၌ နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်မည့်ကဏ္ဍများ စွာကို ဆွေးနွေးကြမည်ဖြစ်ကြောင်း ကြားသိရသည်။ “ (၁၂ - ၁၃) လို့ ကြားတယ်။ တစ်ဖက်ကတောင်းထားတဲ့ Call တွေက စစ်ဘက်က ပိုများတယ်။ အတော်လေး အကျိုးရှိမယ့်ခ ရီးစဉ်ပါ” ဟု သတင်းရင်းမြစ်တစ်ဦးက NP New ကို ပြောသည်။
သို့သော်လည်း ခရီးစဉ်ကို နိုင်ငံတော်အဆင့်မထုတ်ပြန်မီအထိ လျှို့ဝှက်ထားကြောင်းလည်း ဆိုသည်။ စစ်ဘက် အသိုင်းအဝိုင်းတွင် ထွက်ပေါ်နေသောသတင်းတချို့အရ ဗိုလ်ချုပ်မှူးကြီး၏ ရုရှားခရီးစဉ်သည် နိုဝင်ဘာ လလယ် ပိုင်းဖြစ်ပြီး သတင်းရင်းမြစ်၏ပြောကြားချက်နှင့်ယှဉ်လျှင် နီးစပ်မှု ရှိနေသည်ကို တွေ့ရသည်။ တရုတ်နိုင်ငံသို့ သွား ရောက် မည့်ခရီးစဉ်မတိုင်မီကတည်းက ကြိုတင်ပြင် ဆင်ထားခဲ့ခြင်းမျိုးဖြစ်ပြီး ရုရှားသမ္မတပူတင် ကိုယ်တိုင် ဧည့်ခံတွေ့ဆုံပေးမည်ဟုလည်း ကြားသိရသည်။ သမ္မတပူတင်နှင့် တွေ့ဆုံမှုပြီးသည့်နောက်တွင် ရုရှား စစ်ဘက် ဆိုင်ရာကဏ္ဍများနှင့် မြန်မာ့တပ်မတော်တို့ ၏ စစ်ဘက်ဆိုင်ရာနည်းပညာကဏ္ဍများ ပူးပေါင်းလုပ်ဆောင်မှုတို့ကို ဗိုလ်ချုပ်မှူးကြီးက အတည်ပြု ဆုံးဖြတ်ပေးစရာများရှိနေသည်ဟု ဆိုသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ပူတင်တို့ သည် (၂၀၂၂) ခုနှစ် စက်တင်ဘာ(၇)ရက်က ရုရှားနိုင်ငံတွင် သီးသန့်တွေ့ဆုံမှုများရှိခဲ့ဖူး ပြီး(၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) တွင် လည်း နှစ်ဦးသား ယှဉ်တွဲထိုင်၍ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး ကဏ္ဍများကို ဆွေးနွေးခဲ့ကြဖူးသည်။ ယခုတစ်ကြိမ် တွေ့ဆုံမှုသည် နှစ်နှစ်ကျော်အတွင်း ထပ်မံတွေ့ဆုံမှု မျိုးဖြစ်ပြီး ယခင်တစ်ကြိမ်ထက်ပို၍ အလေးပေးဆက်ဆံမှုများ ရှိလာနိုင် ကြောင်းလည်း ကြားသိရသည်။ ရုရှား၏ မိတ်ဖက်နိုင်ငံတစ်ခုဖြစ်သော ဘီလာရုစ်နိုင်ငံသမ္မတ လူကာရှန်ကိုက လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လာရောက်လည်ပတ်ရန် မကြာသေးခင်က ဖိတ်ကြားထားဖူးသည့် အတွက် ရုရှားမှတစ်ဆင့် ဘီလာရုစ်သို့ ဆက်လက်လည်ပတ်ခြင်း ရှိ/မရှိကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။ နိုဝင်ဘာ(၉) ရက် အထိ စုံစမ်းသိရှိရသော သတင်းများအရ ဗိုလ်ချုပ်မှူးကြီး၏ ရုရှားခရီးစဉ်အတွက် ကနဦး ရှေ့ပြေး အဖွဲ့များ စတင်ထွက်ခွာသွားပြီဖြစ်ပြီး အကြောင်းကိစ္စတစ်ခုခုကြောင့် ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် မသွားဖြစ်လျှင် ပင် တပ်မတော်၏ ထိပ်ပိုင်းခေါင်း ဆောင်သုံးဦးထဲမှ တစ်ဦးဦးက သွားရောက်ဖွယ်ရှိနေ သည်ဟု ကြားသိရသည်။
Zawgyi Version;
တ႐ုတ္ခရီးစဥ္ၿပီးေနာက္ သမၼတပူတင္ႏွင့္ေဆြးေႏြးရန္ ႐ုရွားသို႔ ဗိုလ္ခ်ဳပ္မႉးႀကီး သြားမည္ဟု သတင္းထြက္
Iris (NP News) - ႏိုဝင္ဘာ ၁ဝ
တ႐ုတ္ျပည္ခရီးစဥ္သြားေရာက္ခဲ့ေသာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ ယခုလအတြင္းမွာပင္ ႐ုရွားႏိုင္ငံသို႔ သမၼတပူတင္ႏွင့္ေတြ႕ဆုံရန္ သြားေရာက္မည္ေၾကာင္း သတင္းမ်ား ထြက္ေပၚလာသည္။
႐ုရွားသမၼတ ဗလာဒီမာပူတင္ႏွင့္ ႐ုရွားအစိုးရ၏ တရားဝင္ဖိတ္ေခၚခ်က္အရ ႏိုင္ငံေတာ္အဆင့္ ခ်စ္ၾကည္ေရး ခရီးစဥ္အျဖစ္ သြားေရာက္ရမည့္သေဘာမ်ိဳးျဖစ္ၿပီး ခရီးစဥ္အတြင္း၌ ႏွစ္ႏိုင္ငံ ပူးေပါင္းလုပ္ေဆာင္မည့္က႑မ်ား စြာကို ေဆြးေႏြးၾကမည္ျဖစ္ေၾကာင္း ၾကားသိရသည္။ “ (၁၂ - ၁၃) လို႔ ၾကားတယ္။ တစ္ဖက္ကေတာင္းထားတဲ့ Call ေတြက စစ္ဘက္က ပိုမ်ားတယ္။ အေတာ္ေလး အက်ိဳးရွိမယ့္ခ ရီးစဥ္ပါ” ဟု သတင္းရင္းျမစ္တစ္ဦးက NP New ကို ေျပာသည္။
သို႔ေသာ္လည္း ခရီးစဥ္ကို ႏိုင္ငံေတာ္အဆင့္မထုတ္ျပန္မီအထိ လွ်ိဳ႕ဝွက္ထားေၾကာင္းလည္း ဆိုသည္။ စစ္ဘက္ အသိုင္းအဝိုင္းတြင္ ထြက္ေပၚေနေသာသတင္းတခ်ိဳ႕အရ ဗိုလ္ခ်ဳပ္မႉးႀကီး၏ ႐ုရွားခရီးစဥ္သည္ ႏိုဝင္ဘာ လလယ္ ပိုင္းျဖစ္ၿပီး သတင္းရင္းျမစ္၏ေျပာၾကားခ်က္ႏွင့္ယွဥ္လွ်င္ နီးစပ္မႈ ရွိေနသည္ကို ေတြ႕ရသည္။ တ႐ုတ္ႏိုင္ငံသို႔ သြား ေရာက္ မည့္ခရီးစဥ္မတိုင္မီကတည္းက ႀကိဳတင္ျပင္ ဆင္ထားခဲ့ျခင္းမ်ိဳးျဖစ္ၿပီး ႐ုရွားသမၼတပူတင္ ကိုယ္တိုင္ ဧည့္ခံေတြ႕ဆုံေပးမည္ဟုလည္း ၾကားသိရသည္။ သမၼတပူတင္ႏွင့္ ေတြ႕ဆုံမႈၿပီးသည့္ေနာက္တြင္ ႐ုရွား စစ္ဘက္ ဆိုင္ရာက႑မ်ားႏွင့္ ျမန္မာ့တပ္မေတာ္တို႔ ၏ စစ္ဘက္ဆိုင္ရာနည္းပညာက႑မ်ား ပူးေပါင္းလုပ္ေဆာင္မႈတို႔ကို ဗိုလ္ခ်ဳပ္မႉးႀကီးက အတည္ျပဳ ဆုံးျဖတ္ေပးစရာမ်ားရွိေနသည္ဟု ဆိုသည္။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ႐ုရွားသမၼတ ပူတင္တို႔ သည္ (၂၀၂၂) ခုႏွစ္ စက္တင္ဘာ(၇)ရက္က ႐ုရွားႏိုင္ငံတြင္ သီးသန႔္ေတြ႕ဆုံမႈမ်ားရွိခဲ့ဖူး ၿပီး(၇)ႀကိမ္ေျမာက္ အေရွ႕ဖ်ားစီးပြားေရးဖိုရမ္ (The 7th Eastern Economic Forum-2022) တြင္ လည္း ႏွစ္ဦးသား ယွဥ္တြဲထိုင္၍ ကမာၻလုံးဆိုင္ရာလုံၿခဳံေရး က႑မ်ားကို ေဆြးေႏြးခဲ့ၾကဖူးသည္။ ယခုတစ္ႀကိမ္ ေတြ႕ဆုံမႈသည္ ႏွစ္ႏွစ္ေက်ာ္အတြင္း ထပ္မံေတြ႕ဆုံမႈ မ်ိဳးျဖစ္ၿပီး ယခင္တစ္ႀကိမ္ထက္ပို၍ အေလးေပးဆက္ဆံမႈမ်ား ရွိလာႏိုင္ ေၾကာင္းလည္း ၾကားသိရသည္။ ႐ုရွား၏ မိတ္ဖက္ႏိုင္ငံတစ္ခုျဖစ္ေသာ ဘီလာ႐ုစ္ႏိုင္ငံသမၼတ လူကာရွန္ကိုက လည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အား လာေရာက္လည္ပတ္ရန္ မၾကာေသးခင္က ဖိတ္ၾကားထားဖူးသည့္ အတြက္ ႐ုရွားမွတစ္ဆင့္ ဘီလာ႐ုစ္သို႔ ဆက္လက္လည္ပတ္ျခင္း ရွိ/မရွိကို ေစာင့္ၾကည့္ရဦးမည္ျဖစ္သည္။ ႏိုဝင္ဘာ(၉) ရက္ အထိ စုံစမ္းသိရွိရေသာ သတင္းမ်ားအရ ဗိုလ္ခ်ဳပ္မႉးႀကီး၏ ႐ုရွားခရီးစဥ္အတြက္ ကနဦး ေရွ႕ေျပး အဖြဲ႕မ်ား စတင္ထြက္ခြာသြားၿပီျဖစ္ၿပီး အေၾကာင္းကိစၥတစ္ခုခုေၾကာင့္ ဗိုလ္ခ်ဳပ္မႉးႀကီး ကိုယ္တိုင္ မသြားျဖစ္လွ်င္ ပင္ တပ္မေတာ္၏ ထိပ္ပိုင္းေခါင္း ေဆာင္သုံးဦးထဲမွ တစ္ဦးဦးက သြားေရာက္ဖြယ္ရွိေန သည္ဟု ၾကားသိရသည္။