ဘရာဇီးနိုင်ငံ၊ ဆာအိုပေါလိုအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရ

 374

ရောင်နီ (NP News) - နိုဝင်ဘာ ၁ဝ

ဘရာဇီးနိုင်ငံရဲ့လူစည်ကားတဲ့ ဆာအိုပေါလို အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သောကြာနေ့ (နိုဝင်ဘာ ၈ ရက်) မွန်းလွဲပိုင်းက အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ လူသတ်မှုဟာ စနစ်တကျလုပ်တဲ့ ရာဇ၀တ်မှုတွေနဲ့ဆက်နွယ်နေဖွယ်ရှိတယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါ တယ်။ ဆာအိုပေါလိုပြည်နယ်လုံခြုံရေးအတွင်းဝန်ကတော့ လူသတ်မှုနဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပစ်ခတ်မှုအတွင်း အခြားလူသုံးဦး၊ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့ပြီး အမျိုးသားနှစ်ဦးကို အနီးနား မှာရှိတဲ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။ အသေးစိတ်ကိုတော့ ပြောကြားခြင်း မရှိသေးပါဘူး။
အခင်းဖြစ်ပွားရာ နေရာကို ရဲတပ်ဖွဲ့နဲ့ ဆေးအဖွဲ့တွေ ခေါ်ယူထားတယ်လို့ လေဆိပ်အော်ပရေတာက ပြောပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ဗီဒီယိုတွေမှာတော့ လေဆိပ်ရဲ့ Terminal 2 ဆိုက်ရောက်ရာနေရာမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကိုမြင်တွေ့ခဲ့ရပေမယ့် ရဲတပ်ဖွဲ့က အတည်ပြုခြင်း မရှိသေးပါဘူး။

Zawgyi Version;




Related news

© 2021. All rights reserved.