ဟူသီလက်နက်ကိုင်အဖွဲ့က အမေရိကန်လေယာဉ်တင်သင်္ဘောကို ခရုဇ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်

 3755

Pika (NP News) - နိုဝင်ဘာ ၁၃

ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့ဟာ အာရေးဗျပင်လယ်ထဲမှာရှိတဲ့ အမေရိကန်လေယာဉ်တင်သင်္ဘော USS Abraham Lincoln ကို နိုဝင်ဘာလ(၁၂)ရက်မှာ ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဟူသီလက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ဒုတိယအကြိမ်မြောက်တိုက်ခိုက်မှုဟာ ပင်လယ်နီအတွင်းမှာရှိတဲ့ အမေရိကန်ရေတပ်ဖျက်သင်္ဘောနှစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ယာယာဆာရီကထပ်မံပြောကြားခဲ့ပါတယ်။ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်နေတာတွေ ရပ်တန့်စေဖို့ ကြိုးပမ်းမှုအဖြစ် ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ပင်လယ်နီအတွင်းသွားလာနေတဲ့ သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ အချိန်(၁)နှစ်နီးပါးရှိလာပြီလည်း ဖြစ်ပါတယ်။ ထုတ်ပြန်ချက်မှာ"အမေရိကန်ရန်သူတွေက ယီမင်မှာရှိတဲ့ ပစ်မှတ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ကျွန်တော်တို့အဖွဲ့ဟာ ခရုဇ်ဒုံးကျည်တွေနဲ့ဒရုန်းတွေပါဝင်တဲ့ တိုက်ခိုက်မှုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်"လို့ ရေးသားထားပါတယ်။

ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ၎င်းရဲ့ရည်မှန်းချက်အတိုင်း အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ချေမှုန်းပစ်နိုင်ခဲ့တယ်လို့ ယာယာဆာရီက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အဲဒီစစ်ဆင်ရေးနှစ်ခုဟာ အချိန်(၈)နာရီခန့်ကြာမြင့်ခဲ့တယ်လို့လည်း ယာယာဆာရီက ထပ်မံပြောကြားခဲ့ပါတယ်။ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ရေတပ်က ထုတ်ပြန်ချက်တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

zawgyi version
ဟူသီလက္နက္ကိုင္အဖြဲ႕က အေမရိကန္ေလယာဥ္တင္သေဘၤာကို ခ႐ုဇ္ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္
Pika (NP News) - ႏိုဝင္ဘာ ၁၃

ယီမင္အေျခစိုက္ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ အာေရးဗ်ပင္လယ္ထဲမွာရွိတဲ့ အေမရိကန္ေလယာဥ္တင္သေဘၤာ USS Abraham Lincoln ကို ႏိုဝင္ဘာလ(၁၂)ရက္မွာ ဒုံးက်ည္ေတြနဲ႔ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ ဟူသီလက္နက္ကိုင္အဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ယာယာဆာရီက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

ဒါ့ျပင္ ဒုတိယအႀကိမ္ေျမာက္တိုက္ခိုက္မႈဟာ ပင္လယ္နီအတြင္းမွာရွိတဲ့ အေမရိကန္ေရတပ္ဖ်က္သေဘၤာႏွစ္စီးကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ ယာယာဆာရီကထပ္မံေျပာၾကားခဲ့ပါတယ္။ အစၥေရးက ဂါဇာကမ္းေျမာင္ေဒသကို တိုက္ခိုက္ေနတာေတြ ရပ္တန႔္ေစဖို႔ ႀကိဳးပမ္းမႈအျဖစ္ ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ ပင္လယ္နီအတြင္းသြားလာေနတဲ့ သေဘၤာေတြကို ပစ္မွတ္ထားတိုက္ခိုက္မႈေတြ လုပ္ေဆာင္ေနတာ အခ်ိန္(၁)ႏွစ္နီးပါးရွိလာၿပီလည္း ျဖစ္ပါတယ္။ ထုတ္ျပန္ခ်က္မွာ"အေမရိကန္ရန္သူေတြက ယီမင္မွာရွိတဲ့ ပစ္မွတ္ေတြကို ပစ္မွတ္ထားတိုက္ခိုက္ဖို႔ ျပင္ဆင္ေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔အဖြဲ႕ဟာ ခ႐ုဇ္ဒုံးက်ည္ေတြနဲ႔ဒ႐ုန္းေတြပါဝင္တဲ့ တိုက္ခိုက္မႈကို ေအာင္ျမင္စြာလုပ္ေဆာင္ႏိုင္ခဲ့ပါတယ္"လို႔ ေရးသားထားပါတယ္။

ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ ၎ရဲ႕ရည္မွန္းခ်က္အတိုင္း ေအာင္ျမင္စြာလုပ္ေဆာင္ႏိုင္ခဲ့ၿပီး အေမရိကန္တပ္ဖြဲ႕ေတြရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေတြကို ေခ်မႈန္းပစ္ႏိုင္ခဲ့တယ္လို႔ ယာယာဆာရီက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အဲဒီစစ္ဆင္ေရးႏွစ္ခုဟာ အခ်ိန္(၈)နာရီခန႔္ၾကာျမင့္ခဲ့တယ္လို႔လည္း ယာယာဆာရီက ထပ္မံေျပာၾကားခဲ့ပါတယ္။ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ တိုက္ခိုက္မႈေတြနဲ႔ပတ္သက္ၿပီး အေမရိကန္ေရတပ္က ထုတ္ျပန္ခ်က္တစ္စုံတစ္ရာ ထုတ္ျပန္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.