ပွဲထွက်သီချင်းများကို နားထောင်ရုံဖြင့် မည်သည့် နပန်းသမားဖြစ်ကြောင်း အများဆုံး ဖော်ထုတ်ပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ အင်္ဂလန်အမျိုးသား

 39

Pika (NP News) - နိုဝင်ဘာ ၁၄

ဗြိတိန် YouTube ကြယ်ပွင့်နှင့် ပရော်ဖက်ရှင်နပန်းပရိသတ်တစ်ဦးသည် ပွဲထွက်သီချင်းများကို ကြားရုံဖြင့် မည်သည့် WWE နပန်းသမားဖြစ်သည်ဆိုပြီး အချိန်(၁)မိနစ်အတွင်း အများဆုံးဖော်ထုတ်ပြနိုင်ခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။

YouTube ချန်နယ် Cultaholic အတွက် နပန်းပွဲများကို သုံးသပ်သည့် နယူးကာဆယ်မြို့ခံ ရော့စ်တွက်ဒဲလ်သည် အချိန်(၁)မိနစ်အတွင်း ပွဲထွက်သီချင်းများကို နားထောင်ကာ နပန်းသမား(၂၀)ဦးအထိ အောင်မြင်စွာဖော်ထုတ်ပြနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဂင်းနစ်စံချိန်ကို ယခင်ကိုင်ဆောင်ထားသူမှာ အချိန်(၁)မိနစ်အတွင်း နပန်းသမား(၂)ဦးအထိသာ ဖော်ထုတ်နိုင်ခဲ့ကြောင်းလည်းသိရသည်။ ရော့စ်တွက်ဒဲလ်က "တစ်နှစ်ပတ်လုံး နပန်းလောကနဲ့ပတ်သက်နေရတဲ့ ကျွန်တော့်ရဲ့အလုပ်ကြောင့် ဒီလိုမျိုးဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တာပါ။ ပွဲထွက်သီချင်းကို ကြားရုံနဲ့ ဘယ်သူဖြစ်တယ်ဆိုတာကို အခြားနပန်းပရိသတ်တွေထက် ပိုပြီးလျင်လျင်မြန်မြန် ထုတ်ဖော်နိုင်ခဲ့တဲ့အတွက် တကယ်ပဲဝမ်းသာမိပါတယ်"ဟု ပြောဆိုခဲ့သည်။

အဆိုပါ ဂင်းနစ်စံချိန်ချိုးဖျက်နိုင်မှုသည် ကြီးမားသောပုဂ္ဂိုလ်ရေးဂုဏ်ယူမှု၏ အရင်းအမြစ်တစ်ခုဖြစ်ကြောင်း ရော့စ်တွက်ဒဲလ်က ထပ်မံပြောကြားခဲ့သည်။ ရော့စ်တွက်ဒဲလ်က "ကျွန်တော့်ရဲ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်မှုဟာ နောက်ထပ်ထုတ်ဝေမယ့် ဂင်းနစ်မှတ်တမ်းစာအုပ်မှာ ထည့်သွင်းဖို့လောက်အထိ အထင်ကြီးစရာမဟုတ်ပေမယ့်လည်း အနည်းဆုံးတော့ ကျွန်တော့်ရဲ့မှတ်တမ်းလက်မှတ်ကို ကိုယ့်ဘာသာပဲ ပရင့်ထုတ်နိုင်ပါပြီ။ ပြီးတော့ ဂင်းနစ်မှတ် တမ်းစာအုပ်ရဲ့ နောက်ကျောမှာ ကော်နဲ့ကပ်ထားလို့ရပါပြီ"ဟု နောက်ပြောင်ပြောဆိုခဲ့သည်။

zawgyi version
ပြဲထြက္သီခ်င္းမ်ားကို နားေထာင္႐ုံျဖင့္ မည္သည့္ နပန္းသမားျဖစ္ေၾကာင္း အမ်ားဆုံး ေဖာ္ထုတ္ျပၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့တဲ့ အဂၤလန္အမ်ိဳးသား
Pika (NP News) - ႏိုဝင္ဘာ ၁၄

ၿဗိတိန္ YouTube ၾကယ္ပြင့္ႏွင့္ ပေရာ္ဖက္ရွင္နပန္းပရိသတ္တစ္ဦးသည္ ပြဲထြက္သီခ်င္းမ်ားကို ၾကား႐ုံျဖင့္ မည္သည့္ WWE နပန္းသမားျဖစ္သည္ဆိုၿပီး အခ်ိန္(၁)မိနစ္အတြင္း အမ်ားဆုံးေဖာ္ထုတ္ျပႏိုင္ျခင္းအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။

YouTube ခ်န္နယ္ Cultaholic အတြက္ နပန္းပြဲမ်ားကို သုံးသပ္သည့္ နယူးကာဆယ္ၿမိဳ႕ခံ ေရာ့စ္တြက္ဒဲလ္သည္ အခ်ိန္(၁)မိနစ္အတြင္း ပြဲထြက္သီခ်င္းမ်ားကို နားေထာင္ကာ နပန္းသမား(၂၀)ဦးအထိ ေအာင္ျမင္စြာေဖာ္ထုတ္ျပႏိုင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါဂင္းနစ္စံခ်ိန္ကို ယခင္ကိုင္ေဆာင္ထားသူမွာ အခ်ိန္(၁)မိနစ္အတြင္း နပန္းသမား(၂)ဦးအထိသာ ေဖာ္ထုတ္ႏိုင္ခဲ့ေၾကာင္းလည္းသိရသည္။ ေရာ့စ္တြက္ဒဲလ္က "တစ္ႏွစ္ပတ္လုံး နပန္းေလာကနဲ႔ပတ္သက္ေနရတဲ့ ကြၽန္ေတာ့္ရဲ႕အလုပ္ေၾကာင့္ ဒီလိုမ်ိဳးဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့တာပါ။ ပြဲထြက္သီခ်င္းကို ၾကား႐ုံနဲ႔ ဘယ္သူျဖစ္တယ္ဆိုတာကို အျခားနပန္းပရိသတ္ေတြထက္ ပိုၿပီးလ်င္လ်င္ျမန္ျမန္ ထုတ္ေဖာ္ႏိုင္ခဲ့တဲ့အတြက္ တကယ္ပဲဝမ္းသာမိပါတယ္"ဟု ေျပာဆိုခဲ့သည္။

အဆိုပါ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္မႈသည္ ႀကီးမားေသာပုဂၢိဳလ္ေရးဂုဏ္ယူမႈ၏ အရင္းအျမစ္တစ္ခုျဖစ္ေၾကာင္း ေရာ့စ္တြက္ဒဲလ္က ထပ္မံေျပာၾကားခဲ့သည္။ ေရာ့စ္တြက္ဒဲလ္က "ကြၽန္ေတာ့္ရဲ႕ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္မႈဟာ ေနာက္ထပ္ထုတ္ေဝမယ့္ ဂင္းနစ္မွတ္တမ္းစာအုပ္မွာ ထည့္သြင္းဖို႔ေလာက္အထိ အထင္ႀကီးစရာမဟုတ္ေပမယ့္လည္း အနည္းဆုံးေတာ့ ကြၽန္ေတာ့္ရဲ႕မွတ္တမ္းလက္မွတ္ကို ကိုယ့္ဘာသာပဲ ပရင့္ထုတ္ႏိုင္ပါၿပီ။ ၿပီးေတာ့ ဂင္းနစ္မွတ္ တမ္းစာအုပ္ရဲ႕ ေနာက္ေက်ာမွာ ေကာ္နဲ႔ကပ္ထားလို႔ရပါၿပီ"ဟု ေနာက္ေျပာင္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.