MI ပြန်လည်ဖွဲ့စည်းမည်ဆိုသောကိစ္စဖြစ်လာရန် မရှိကြောင်း ထောက်လှမ်းရေးအရာရှိဟောင်းအချို့ ဖွင့်ဟ

 1963

Iris (NP News) - နိုဝင်ဘာ ၁၄

မြန်မာ့စစ်ထောက်လှမ်းရေးအဖွဲ့ MI (Military Intelligence) ကို ပြန်လည်ဖွဲ့စည်းတော့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း ပြန်လည်ဖွဲ့စည်းရန် အစီအစဉ်မရှိကြောင်းနှင့် ထောက်လှမ်းရေးအရာရှိဟောင်းများကလည်း ပြန်လည်ပါဝင် ဖွယ်မရှိကြောင်း အရာရှိဟောင်းအချို့က ထုတ်ဖော်ပြောကြားသည်။

ထောက်လှမ်းရေးအကြီးအကဲဟောင်းတစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ်သိန်းဆွေ ဦးဆောင်သောအဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့်ဖြစ်စဉ်များအတွင်း MI နှင့်ပတ်သက်သောသတင်းများ ဆက်တိုက်ထွက် ပေါ်လာခြင်းဖြစ်ပြီး ထောက်လှမ်းရေးဟောင်းများအသိုင်းအဝိုင်းတွင် ကျယ်လောင်လာခဲ့သည်ဟု ကြားသိရသည်။ ‘‘ ပြန်ဖွဲ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးဗျာ။ အခုအချိန်အထိ ကျွန်တော်တို့အသိုင်းအဝိုင်းမှာ ဆွေးနွေးတာမရှိသလို ပြန်ခေါ်လည်း လုပ်ကြမှာ မဟုတ်ဘူး။ ပြီးတော့ အသစ်နဲ့အဟောင်း။ မတူတာတွေအများကြီးဗျ။ ပြန်ဖွဲ့မယ်ဆိုရင် ကျွန်တော်မပါတောင် မသိရ ဘဲဖြစ်တာမရှိပါဘူးဗျာ။ တစ်ခုရှိတာက ထောက်လှမ်း ရေးသက်တမ်းက နှစ်(၂၀)။ (၂၀ဝ၄)မှာ ထောက် လှမ်းရေးကို ဖျက်တယ်။ အခု (၂၀၂၄)။ (၁၉၈၃) တုန်းကလည်း (၂၀ဝ၃) အကုန် (၂၀ဝ၄)မှာ ဒါမျိုးရှိခဲ့ ဖူးတယ်။ နှစ်(၂၀) သက်တမ်း ပေါ့ဗျာ။ ထောက်လှမ်း ရေးဆိုတာက အောင်မြင်လေလေ အကုသိုလ်ကြီးလေ လေပဲ။ သူများကိုဖမ်းရတာကိုးဗျ”ဟု ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက NP News ကို ပြောသည်။

ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ညွန့်ဦးဆောင်ခဲ့သော စစ်ထောက်လှမ်းရေး MI (ကကလှမ်း)ကို (၂၀ဝ၄)ခုနှစ်တွင် အပြီးတိုင်ဖျက်သိမ်းခဲ့ပြီးနောက် ယင်းနေရာတွင် တပ်မတော် စစ်ဘက်ရေးရာလုံခြုံ ရေးတပ်ဖွဲ့ဖြင့် ပြန်လည်အစားထိုးခဲ့သည်။ အဆိုပါအဖွဲ့ကို လက်ရှိ ယာယီသမ္မတ တာဝန်ထမ်း ဆောင်နေသူ ဦးမြင့်ဆွေ(ဒုတိယဗိုလ်ချုပ်ကြီး-ငြိမ်း)က ဌာနကြီး (၆)ခုဖြင့် ဦးဆောင်တာဝန်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဦးဆောင်တာဝန်ယူနေ သည်။ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ညွန့်ဦးဆောင်ခဲ့သည့် MI သည် (၁၉၈၈)အရေးအခင်းအပါအဝင် နိုင်ငံတော်၏အရေးကြီးသောကိစ္စရပ်များစွာကို ဖြေရှင်းပေးနိုင်ခဲ့သည့်အပြင် တန်ခိုး ဩဇာကြီးထွားလာသော အဖွဲ့အစည်းအဖြစ်လည်း နိုင်ငံရေးအသိုင်း အဝိုင်းတွင် အမည်ထွက်ခဲ့သည်။ လက်ရှိကာလ တွင်မူ ဗိုလ်မှူးချုပ်သိန်းဆွေနှင့် ဗိုလ်မှူးကြီးလှမင်းတို့၏ တရုတ်ခရီးစဉ်ကိုအကြောင်းပြု၍ နှပ်ကြောင်းပေးသံ များထွက်ပေါ်ခဲ့ခြင်းမျိုးသာဖြစ်နိုင်ပြီး ၎င်းတို့၏ခေါင်း ဆောင်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးခင်ညွန့်ထံသို့ MI ပြန်ဖွဲ့ မည်ဆိုသော ကောလာဟလသတင်းများ မရောက်သည့်အပြင် မည်သည့်သဘောထားမှတ်ချက် မှမထွက်သေးကြောင်း ကြားသိရသည်။ ‘‘ထောက် လှမ်းရေးအရာရှိဟောင်းတွေကို (အဘ)ကမှာထား တာရှိတယ်။ နိုင်ငံ့အရေးတွေမှာ ကူညီဖို့ပဲ။ တပ်မ တော်ကို မဝေဖန်နဲ့။ တိုင်းရင်းသားကိစ္စကို မဝေဖန်နဲ့။ ဘာသာရေးကိစ္စကို မဝေဖန်နဲ့။ တိုင်းပြည် ပျက်ရာ ပျက်ကြောင်း မလုပ်ကြနဲ့။ ပရဟိတကိုတော့ မင်းတို့ လုပ်ချင်သလောက် အစွမ်းကုန်လုပ်။ လာကန်တော့ သူတိုင်းကို ဒါပဲမှာတယ်”ဟု ထောက်လှမ်းရေးဖျက် သိမ်းခံရမည့်ကာလနှင့် အကျဉ်းထောင်မှ ပြန်လွတ် လာသည့် ကာလများ အတွင်းကမှာကြားချက်အကြောင်းကို ၎င်းက ပြန်လည်ဖွင့်ဟသည်။ ပြည်ပြေး သတင်းဌာနအချို့ကမူ စစ်ထောက်လှမ်း ရေးဟောင်းများကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကူအညီတောင်းခံ၍ ပြန်လည်အသုံးပြုနေရပြီဟုဖော်ပြ နေကြပြီး စစ်ထောက်လှမ်းရေးများ ပြန်လည်ပါဝင်လာမည်ကို စိုးရိမ်နေကြဟန်ရှိသည်။ ‘‘အောင်ဇော် (ဧရာဝတီ သတင်းဌာန)က ထောက်လှမ်းရေးအကြောင်း ဘာနားလည်မှာမို့လို့လဲဗျာ။ ဒီလိုပေါက်တတ်ကရ ပြောနေမှ ထမင်းစား ရမယ့်ကောင်ဆိုတော့ ပြောချင်တာ လျှောက်ပြောနေမှာပဲ”ဟု MI ကိစ္စနှင့်ဆက်စပ်၍ ၎င်းကပြောသည်။

ထောက်လှမ်း ရေးအရာရှိဟောင်းများက တပ်မတော်အတွက် ဝိုင်းဝန်းကူညီမှုများရှိနေ ပင်လျှင် တစ်ဦးချင်း၊ တစ်စုတစ်ဖွဲ့ချင်းသာ ကူညီကြ ခြင်းမျိုးဖြစ်ပြီး ထောက်လှမ်းရေးတပ်ဖွဲ့တစ်ခုလုံး၏ ဦးဆောင်ပါဝင်မှုမျိုးမဟုတ်ကြောင်းလည်း ဆိုသည်။ အခြားတစ်ဖက်တွင်မူ လူထုကြားတွင် တစ်ခေတ်တစ်ခါက နာမည်ကျော်ခဲ့သော ထောက်လှမ်းရေးကွန်ရက် မျိုးကို ယခုခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ဖွဲ့စည်း ထားသင့်သည်ဟု ပြောစမှတ်ရှိနေသည်။ နီးနီးစပ်စပ် အဖြစ် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ ဒုတိယခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်မင်းသူ ဦးဆောင်သော အဖွဲ့တစ်ခုလည်း (၂၀၂၁) နိုင်ငံရေး အခင်းအကျင်းနှင့်အတူ ပေါ်ပေါက်လာခဲ့ဖူးပြီး ယင်းအဖွဲ့သည် သိုသိပ်လွန်းနေကြောင်းလည်း တွေ့ရသည်။ ‘‘ကျွန်တော် တို့တုန်းက တပ်မတော်ပါတယ်။ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ လဝက၊ အကောက်ခွန်ဘက်က အကုန်ပါတယ်။ ဒါပေမဲ့ ဒါက ပြီးသွားပါပြီ။ ဘယ်သူမှပြန်ဖွဲ့ဖို့ စိတ်မဝင်စားကြတော့ ပါဘူး”ဟု သတင်းရင်းမြစ်က ဆက်လက်ပြောကြား သည်။

zawgyi version
MI ျပန္လည္ဖြဲ႕စည္းမည္ဆိုေသာကိစၥျဖစ္လာရန္ မရွိေၾကာင္း ေထာက္လွမ္း ေရးအရာရွိေဟာင္းအခ်ိဳ႕ ဖြင့္ဟ
Iris (NP News) - ႏိုဝင္ဘာ ၁၄

ျမန္မာ့စစ္ေထာက္လွမ္းေရးအဖြဲ႕ MI (Military Intelligence) ကို ျပန္လည္ဖြဲ႕စည္းေတာ့မည္ဟု သတင္းမ်ား ထြက္ေပၚလာခဲ့ေသာ္လည္း ျပန္လည္ဖြဲ႕စည္းရန္ အစီအစဥ္မရွိေၾကာင္းႏွင့္ ေထာက္လွမ္းေရးအရာရွိေဟာင္းမ်ားကလည္း ျပန္လည္ပါဝင္ ဖြယ္မရွိေၾကာင္း အရာရွိေဟာင္းအခ်ိဳ႕က ထုတ္ေဖာ္ေျပာၾကားသည္။

ေထာက္လွမ္းေရးအႀကီးအကဲေဟာင္းတစ္ဦးျဖစ္သူ ဗိုလ္မႉးခ်ဳပ္သိန္းေဆြ ဦးေဆာင္ေသာအဖြဲ႕ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္ခဲ့သည့္ျဖစ္စဥ္မ်ားအတြင္း MI ႏွင့္ပတ္သက္ေသာသတင္းမ်ား ဆက္တိုက္ထြက္ ေပၚလာျခင္းျဖစ္ၿပီး ေထာက္လွမ္းေရးေဟာင္းမ်ားအသိုင္းအဝိုင္းတြင္ က်ယ္ေလာင္လာခဲ့သည္ဟု ၾကားသိရသည္။ ‘‘ ျပန္ဖြဲ႕ဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူးဗ်ာ။ အခုအခ်ိန္အထိ ကြၽန္ေတာ္တို႔အသိုင္းအဝိုင္းမွာ ေဆြးေႏြးတာမရွိသလို ျပန္ေခၚလည္း လုပ္ၾကမွာ မဟုတ္ဘူး။ ၿပီးေတာ့ အသစ္နဲ႔အေဟာင္း။ မတူတာေတြအမ်ားႀကီးဗ်။ ျပန္ဖြဲ႕မယ္ဆိုရင္ ကြၽန္ေတာ္မပါေတာင္ မသိရ ဘဲျဖစ္တာမရွိပါဘူးဗ်ာ။ တစ္ခုရွိတာက ေထာက္လွမ္း ေရးသက္တမ္းက ႏွစ္(၂၀)။ (၂၀ဝ၄)မွာ ေထာက္ လွမ္းေရးကို ဖ်က္တယ္။ အခု (၂၀၂၄)။ (၁၉၈၃) တုန္းကလည္း (၂၀ဝ၃) အကုန္ (၂၀ဝ၄)မွာ ဒါမ်ိဳးရွိခဲ့ ဖူးတယ္။ ႏွစ္(၂၀) သက္တမ္း ေပါ့ဗ်ာ။ ေထာက္လွမ္း ေရးဆိုတာက ေအာင္ျမင္ေလေလ အကုသိုလ္ႀကီးေလ ေလပဲ။ သူမ်ားကိုဖမ္းရတာကိုးဗ်”ဟု ေထာက္လွမ္းေရးအရာရွိေဟာင္းတစ္ဦးက NP News ကို ေျပာသည္။

ဗိုလ္ခ်ဳပ္ႀကီး(ၿငိမ္း) ဦးခင္ၫြန႔္ဦးေဆာင္ခဲ့ေသာ စစ္ေထာက္လွမ္းေရး MI (ကကလွမ္း)ကို (၂၀ဝ၄)ခုႏွစ္တြင္ အၿပီးတိုင္ဖ်က္သိမ္းခဲ့ၿပီးေနာက္ ယင္းေနရာတြင္ တပ္မေတာ္ စစ္ဘက္ေရးရာလုံၿခဳံ ေရးတပ္ဖြဲ႕ျဖင့္ ျပန္လည္အစားထိုးခဲ့သည္။ အဆိုပါအဖြဲ႕ကို လက္ရွိ ယာယီသမၼတ တာဝန္ထမ္း ေဆာင္ေနသူ ဦးျမင့္ေဆြ(ဒုတိယဗိုလ္ခ်ဳပ္ႀကီး-ၿငိမ္း)က ဌာနႀကီး (၆)ခုျဖင့္ ဦးေဆာင္တာဝန္ယူခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးက ဦးေဆာင္တာဝန္ယူေန သည္။ ဗိုလ္ခ်ဳပ္ႀကီး(ၿငိမ္း) ဦးခင္ၫြန႔္ဦးေဆာင္ခဲ့သည့္ MI သည္ (၁၉၈၈)အေရးအခင္းအပါအဝင္ ႏိုင္ငံေတာ္၏အေရးႀကီးေသာကိစၥရပ္မ်ားစြာကို ေျဖရွင္းေပးႏိုင္ခဲ့သည့္အျပင္ တန္ခိုး ဩဇာႀကီးထြားလာေသာ အဖြဲ႕အစည္းအျဖစ္လည္း ႏိုင္ငံေရးအသိုင္း အဝိုင္းတြင္ အမည္ထြက္ခဲ့သည္။ လက္ရွိကာလ တြင္မူ ဗိုလ္မႉးခ်ဳပ္သိန္းေဆြႏွင့္ ဗိုလ္မႉးႀကီးလွမင္းတို႔၏ တ႐ုတ္ခရီးစဥ္ကိုအေၾကာင္းျပဳ၍ ႏွပ္ေၾကာင္းေပးသံ မ်ားထြက္ေပၚခဲ့ျခင္းမ်ိဳးသာျဖစ္ႏိုင္ၿပီး ၎တို႔၏ေခါင္း ေဆာင္ျဖစ္ခဲ့သူ ဗိုလ္ခ်ဳပ္ႀကီး(ၿငိမ္း)ဦးခင္ၫြန႔္ထံသို႔ MI ျပန္ဖြဲ႕ မည္ဆိုေသာ ေကာလာဟလသတင္းမ်ား မေရာက္သည့္အျပင္ မည္သည့္သေဘာထားမွတ္ခ်က္ မွမထြက္ေသးေၾကာင္း ၾကားသိရသည္။ ‘‘ေထာက္ လွမ္းေရးအရာရွိေဟာင္းေတြကို (အဘ)ကမွာထား တာရွိတယ္။ ႏိုင္ငံ့အေရးေတြမွာ ကူညီဖို႔ပဲ။ တပ္မ ေတာ္ကို မေဝဖန္နဲ႔။ တိုင္းရင္းသားကိစၥကို မေဝဖန္နဲ႔။ ဘာသာေရးကိစၥကို မေဝဖန္နဲ႔။ တိုင္းျပည္ ပ်က္ရာ ပ်က္ေၾကာင္း မလုပ္ၾကနဲ႔။ ပရဟိတကိုေတာ့ မင္းတို႔ လုပ္ခ်င္သေလာက္ အစြမ္းကုန္လုပ္။ လာကန္ေတာ့ သူတိုင္းကို ဒါပဲမွာတယ္”ဟု ေထာက္လွမ္းေရးဖ်က္ သိမ္းခံရမည့္ကာလႏွင့္ အက်ဥ္းေထာင္မွ ျပန္လြတ္ လာသည့္ ကာလမ်ား အတြင္းကမွာၾကားခ်က္အေၾကာင္းကို ၎က ျပန္လည္ဖြင့္ဟသည္။ ျပည္ေျပး သတင္းဌာနအခ်ိဳ႕ကမူ စစ္ေထာက္လွမ္း ေရးေဟာင္းမ်ားကို ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အကူအညီေတာင္းခံ၍ ျပန္လည္အသုံးျပဳေနရၿပီဟုေဖာ္ျပ ေနၾကၿပီး စစ္ေထာက္လွမ္းေရးမ်ား ျပန္လည္ပါဝင္လာမည္ကို စိုးရိမ္ေနၾကဟန္ရွိသည္။ ‘‘ေအာင္ေဇာ္ (ဧရာဝတီ သတင္းဌာန)က ေထာက္လွမ္းေရးအေၾကာင္း ဘာနားလည္မွာမို႔လို႔လဲဗ်ာ။ ဒီလိုေပါက္တတ္ကရ ေျပာေနမွ ထမင္းစား ရမယ့္ေကာင္ဆိုေတာ့ ေျပာခ်င္တာ ေလွ်ာက္ေျပာေနမွာပဲ”ဟု MI ကိစၥႏွင့္ဆက္စပ္၍ ၎ကေျပာသည္။

ေထာက္လွမ္း ေရးအရာရွိေဟာင္းမ်ားက တပ္မေတာ္အတြက္ ဝိုင္းဝန္းကူညီမႈမ်ားရွိေန ပင္လွ်င္ တစ္ဦးခ်င္း၊ တစ္စုတစ္ဖြဲ႕ခ်င္းသာ ကူညီၾက ျခင္းမ်ိဳးျဖစ္ၿပီး ေထာက္လွမ္းေရးတပ္ဖြဲ႕တစ္ခုလုံး၏ ဦးေဆာင္ပါဝင္မႈမ်ိဳးမဟုတ္ေၾကာင္းလည္း ဆိုသည္။ အျခားတစ္ဖက္တြင္မူ လူထုၾကားတြင္ တစ္ေခတ္တစ္ခါက နာမည္ေက်ာ္ခဲ့ေသာ ေထာက္လွမ္းေရးကြန္ရက္ မ်ိဳးကို ယခုေခတ္ႏွင့္ေလ်ာ္ညီစြာ ျပင္ဆင္ဖြဲ႕စည္း ထားသင့္သည္ဟု ေျပာစမွတ္ရွိေနသည္။ နီးနီးစပ္စပ္ အျဖစ္ စစ္ဘက္ေရးရာ လုံၿခဳံေရးတပ္ဖြဲ႕မွ ဒုတိယေခါင္းေဆာင္ျဖစ္သူ ဗိုလ္ခ်ဳပ္မင္းသူ ဦးေဆာင္ေသာ အဖြဲ႕တစ္ခုလည္း (၂၀၂၁) ႏိုင္ငံေရး အခင္းအက်င္းႏွင့္အတူ ေပၚေပါက္လာခဲ့ဖူးၿပီး ယင္းအဖြဲ႕သည္ သိုသိပ္လြန္းေနေၾကာင္းလည္း ေတြ႕ရသည္။ ‘‘ကြၽန္ေတာ္ တို႔တုန္းက တပ္မေတာ္ပါတယ္။ ျပည္ထဲေရး၊ ႏိုင္ငံျခားေရး၊ လဝက၊ အေကာက္ခြန္ဘက္က အကုန္ပါတယ္။ ဒါေပမဲ့ ဒါက ၿပီးသြားပါၿပီ။ ဘယ္သူမွျပန္ဖြဲ႕ဖို႔ စိတ္မဝင္စားၾကေတာ့ ပါဘူး”ဟု သတင္းရင္းျမစ္က ဆက္လက္ေျပာၾကား သည္။

Related news

© 2021. All rights reserved.