တာချီလိတ်မြို့တွင် ဖုန်းဆိုင်မှဝန်ထမ်းကို သေနတ်ဖြင့်ပစ်သတ်ကာ ကျပ်သိန်း (၁၁၀၀)ကျော်တန်ဖိုးရှိ Iphone များကို ဓားပြတိုက် လုယက်သူများအား အသေပစ်ခတ်ဖမ်းမိ
1044
ချယ်ရီ (NP News)- နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ဖုန်းဆိုင်မှ ဝန်ထမ်းကို သေ နတ်ဖြင့်ပစ်သတ်ကာ ကျပ်သိန်း (၁၁၀၀)ကျော်တန်ဖိုးရှိ Iphone များကို ဓားပြတိုက် လုယက်သူများအား အသေပစ်ခတ်ဖမ်းမိကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ဓားပြတိုက်ပစ်ခတ်မှုသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က တာချီလိတ်မြို့နယ်၊ ရန်အောင်မြေ ရပ်ကွက်၊ ဗိုလ် ချုပ်လမ်းမဘေးရှိ First Rate Mobile ဖုန်းဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ အဆိုပါ ဖုန်းဆိုင်အတွင်းသို့ အမျိုးသား(၄)ဦးက သေ နတ်များကိုကိုင်ဆောင် ဝင်ရောက်လာကာ ဆိုင်ဝန်ထမ်းများကို ကြမ်းပြင်၌ မှောက်ခိုင်းထားခဲ့ကြောင်း သိရသည်။
ထို့နောက် ဖုန်းဆိုင်၏ အနောက်ခန်းအတွင်းသို့ဝင်ရောက်လာကာ ဖုန်းပြင်နေသော အသက်(၂၁)နှစ်အရွယ် ဆိုင်ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုဟိန်းမြတ်သူကို သေနတ်ဖြင့်ပစ်ခတ်သွားခဲ့ပြီး ဆိုင်အတွင်းရှိ ငွေကျပ်(၁၁၂၁)သိန်းခန့်တန်ဖိုးရှိ Iphone အလုံး (၂၀) ကို လုယက်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကိုဟိန်းမြတ်သူတွင် ကျည်ထိမှန်ဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးသွားခဲ့သဖြင့် တာချီလိတ် မြို့မရဲစခန်းတွင် (ပ) ၁၆၈/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂/၃၀၂/၃၄ ဖြင့် အမှုဖွင့်လှစ် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လုယက်မှု ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများဆက်လက် လုပ်ဆောင်ခဲ့ရာ တာချီလိတ်မြို့နယ်၊ ဖန်ပင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာရှိ ဦးဆမ်ကြွက် ၏ အငှားနေ အိမ်လိုင်း န်းတွင် လုယက်မှုကျူးလွန်သူများက ခိုအောင်းရောက်ရှိနေထိုင်နေကြောင်းကို သိရှိခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် နိုဝင်ဘာလ ၁၃ ရက်၊ သန်းခေါင်ယံအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အထက်ပါအငှားနေအိမ်လိုင်းခန်းသို့ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ လိုင်းခန်း အခန်းအမှတ် (၁၀)အတွင်းမှ လုယက်မှုကျူးလွန်ခဲ့သူများက သေ နတ်များဖြင့် စတင်ပစ်ခတ်ကာ ထွက်ပြေးရန်ကြိုးစားကြောင်း သိရသည်။
ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ် ဖမ်းဆီးခဲ့ရာ လုယက်မှုကျူးလွန်ခဲ့သူများဖြစ်သည့် လားရှိုးမြို့နယ် နယ်မြေ (၁၉)၊ ရပ် ကွက်(၁၂)တွင် နေထိုင်သူ အသက်(၃၄)နှစ်အရွယ် ဖန်လီအပါအဝင် အမျိုး သား(၄)ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် အခင်းဖြစ်ပွားခဲ့သည့် နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ် ဆေး၊ ရှာဖွေမှုများဆက်လက်ဆောက်ရွက်ခဲ့ရာ လုယက်မှု ကျူးလွန်စဉ် အသုံးပြုခဲ့သည့် BWHE 610 Glock အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည်(၂)တောင့်၊ ကျည်အိမ်(၂)ခု၊ အမေရိကန်နိုင်ငံထုတ် ZEV အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည်(၂)တောင့်၊ ကျည်အိမ်တစ်ခု၊ အသံတိတ်ပြောင်းတစ်ခု၊ အမေရိကန်နိုင်ငံထုတ် SIGSAUER အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ဩစတြေးလျနိုင်ငံထုတ် TARAN TACTICAL INNOVATION (COMBAT MASTER) အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည်(၃)တောင့်၊ ကျည်အိမ်တစ်ခု၊ အသံတိတ် ပြောင်းတစ်ခု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခု၊ ယာဉ်မောင်းလိုင်စင်ကတ်ပြားတစ်ခု၊ SHN-12 1K-7890 ယာဉ်နံပါတ်ပြား တပ်ဆင်ထားသည့် TOYOTA WISH အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် အနက်ရောင်လက်ဆွဲ အိတ်အတွင်းထည့်ထားသော လုယက်မှု ကျူးလွန်ရာမှ ရရှိသည့် လက် ကိုင်ဖုန်း (၁၂) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကျူးလွန်ခဲ့သူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက သက်သေခံ ပစ္စည်းများ၊ အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစက၏ သတင်းထုတ်ပြန်ထားချက်များအရ သိရသည်။
zawgyi version
တာခ်ီလိတ္ၿမိဳ႕တြင္ ဖုန္းဆိုင္မွဝန္ထမ္းကို ေသနတ္ျဖင့္ပစ္သတ္ကာ က်ပ္သိန္း (၁၁၀၀)ေက်ာ္တန္ဖိုးရွိ Iphone မ်ားကို ဓားျပတိုက္ လုယက္သူမ်ားအား အေသပစ္ခတ္ဖမ္းမိ
ခ်ယ္ရီ (NP News)- ႏိုဝင္ဘာ ၁၅
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ ဖုန္းဆိုင္မွ ဝန္ထမ္းကို ေသ နတ္ျဖင့္ပစ္သတ္ကာ က်ပ္သိန္း (၁၁၀၀)ေက်ာ္တန္ဖိုးရွိ Iphone မ်ားကို ဓားျပတိုက္ လုယက္သူမ်ားအား အေသပစ္ခတ္ဖမ္းမိေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
ဓားျပတိုက္ပစ္ခတ္မႈသည္ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၁၃ ရက္၊ နံနက္ ၁၀ နာရီ ၄၅ မိနစ္အခ်ိန္ခန႔္က တာခ်ီလိတ္ၿမိဳ႕နယ္၊ ရန္ေအာင္ေျမ ရပ္ကြက္၊ ဗိုလ္ ခ်ဳပ္လမ္းမေဘးရွိ First Rate Mobile ဖုန္းဆိုင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။ အဆိုပါ ဖုန္းဆိုင္အတြင္းသို႔ အမ်ိဳးသား(၄)ဦးက ေသ နတ္မ်ားကိုကိုင္ေဆာင္ ဝင္ေရာက္လာကာ ဆိုင္ဝန္ထမ္းမ်ားကို ၾကမ္းျပင္၌ ေမွာက္ခိုင္းထားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဖုန္းဆိုင္၏ အေနာက္ခန္းအတြင္းသို႔ဝင္ေရာက္လာကာ ဖုန္းျပင္ေနေသာ အသက္(၂၁)ႏွစ္အ႐ြယ္ ဆိုင္ဝန္ထမ္းတစ္ဦးျဖစ္သူ ကိုဟိန္းျမတ္သူကို ေသနတ္ျဖင့္ပစ္ခတ္သြားခဲ့ၿပီး ဆိုင္အတြင္းရွိ ေငြက်ပ္(၁၁၂၁)သိန္းခန႔္တန္ဖိုးရွိ Iphone အလုံး (၂၀) ကို လုယက္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ကိုဟိန္းျမတ္သူတြင္ က်ည္ထိမွန္ဒဏ္ရာတစ္ခ်က္ရရွိကာ ေသဆုံးသြားခဲ့သျဖင့္ တာခ်ီလိတ္ ၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၆၈/၂၀၂၄၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၉၂/၃၀၂/၃၄ ျဖင့္ အမႈဖြင့္လွစ္ ဖမ္းဆီးရမိႏိုင္ေရး ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
လုယက္မႈ က်ဴးလြန္သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီးရမိေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ားဆက္လက္ လုပ္ေဆာင္ခဲ့ရာ တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္ပင္ေက်း႐ြာအုပ္စု၊ ဝမ္ေက်ာက္လုံေက်း႐ြာရွိ ဦးဆမ္ႂကြက္ ၏ အငွားေန အိမ္လိုင္း န္းတြင္ လုယက္မႈက်ဴးလြန္သူမ်ားက ခိုေအာင္းေရာက္ရွိေနထိုင္ေနေၾကာင္းကို သိရွိခဲ့ရေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေနာက္ ႏိုဝင္ဘာလ ၁၃ ရက္၊ သန္းေခါင္ယံအခ်ိန္တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အထက္ပါအငွားေနအိမ္လိုင္းခန္းသို႔ ဝင္ေရာက္စီးနင္းရွာေဖြခဲ့ရာ လိုင္းခန္း အခန္းအမွတ္ (၁၀)အတြင္းမွ လုယက္မႈက်ဴးလြန္ခဲ့သူမ်ားက ေသ နတ္မ်ားျဖင့္ စတင္ပစ္ခတ္ကာ ထြက္ေျပးရန္ႀကိဳးစားေၾကာင္း သိရသည္။
ယင္းေနာက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ခုခံပစ္ခတ္ ဖမ္းဆီးခဲ့ရာ လုယက္မႈက်ဴးလြန္ခဲ့သူမ်ားျဖစ္သည့္ လားရႈိးၿမိဳ႕နယ္ နယ္ေျမ (၁၉)၊ ရပ္ ကြက္(၁၂)တြင္ ေနထိုင္သူ အသက္(၃၄)ႏွစ္အ႐ြယ္ ဖန္လီအပါအဝင္ အမ်ိဳး သား(၄)ဦးကို အေသပစ္ခတ္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ အခင္းျဖစ္ပြားခဲ့သည့္ ေနရာအား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား စစ္ ေဆး၊ ရွာေဖြမႈမ်ားဆက္လက္ေဆာက္႐ြက္ခဲ့ရာ လုယက္မႈ က်ဴးလြန္စဥ္ အသုံးျပဳခဲ့သည့္ BWHE 610 Glock အမ်ိဳးအစား ပစၥတိုေသနတ္တစ္လက္၊ ၎က်ည္(၂)ေတာင့္၊ က်ည္အိမ္(၂)ခု၊ အေမရိကန္ႏိုင္ငံထုတ္ ZEV အမ်ိဳးအစား ပစၥတိုေသနတ္တစ္လက္၊ ၎က်ည္(၂)ေတာင့္၊ က်ည္အိမ္တစ္ခု၊ အသံတိတ္ေျပာင္းတစ္ခု၊ အေမရိကန္ႏိုင္ငံထုတ္ SIGSAUER အမ်ိဳးအစား ပစၥတိုေသနတ္တစ္လက္၊ က်ည္အိမ္တစ္ခု၊ ဩစေၾတးလ်ႏိုင္ငံထုတ္ TARAN TACTICAL INNOVATION (COMBAT MASTER) အမ်ိဳးအစား ပစၥတိုေသနတ္တစ္လက္၊ ၎က်ည္(၃)ေတာင့္၊ က်ည္အိမ္တစ္ခု၊ အသံတိတ္ ေျပာင္းတစ္ခု၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပားတစ္ခု၊ ယာဥ္ေမာင္းလိုင္စင္ကတ္ျပားတစ္ခု၊ SHN-12 1K-7890 ယာဥ္နံပါတ္ျပား တပ္ဆင္ထားသည့္ TOYOTA WISH အမ်ိဳးအစား ေမာ္ေတာ္ယာဥ္တစ္စီးႏွင့္ အနက္ေရာင္လက္ဆြဲ အိတ္အတြင္းထည့္ထားေသာ လုယက္မႈ က်ဴးလြန္ရာမွ ရရွိသည့္ လက္ ကိုင္ဖုန္း (၁၂) လုံးတို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ က်ဴးလြန္ခဲ့သူမ်ားအား လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက သက္ေသခံ ပစၥည္းမ်ား၊ အသုံးျပဳခဲ့သည့္ လက္နက္ခဲယမ္းမ်ားႏွင့္အတူ အေသပစ္ခတ္ဖမ္းဆီးရမိခဲ့ၿပီး ဥပေဒႏွင့္အညီ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစက၏ သတင္းထုတ္ျပန္ထားခ်က္မ်ားအရ သိရသည္။