ရွှေညောင်-တောင်ကြီးလမ်းပေါ်တွင် ရပ်ထားသောတွဲကားကို (၆)ဘီးယာဥ်က အရှိန်လွန် ဝင်တိုက်မိရာ (၃)ဦးပွဲချင်းပြီး သေဆုံး
437
ချယ်ရီ (NP News) - နိုဝင်ဘာလ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်-တောင်ကြီးလမ်းပေါ်တွင် ရပ်ထားသောတွဲကားကို CANTER (၆) ဘီးယာဥ်က အရှိန်လွန် ဝင်တိုက်မိရာ (၃)ဦးပွဲချင်းပြီး သေဆုံး မဟာဝီရရက္ခိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာ ၁၆ ရက်)၊ နံနက် ၄ နာရီ ၂၂ မိနစ်အချိန်ခန့်က တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေအောက်ဂိတ်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့က လာကြတာ ရပ်စောက်ကဆိုတော့ တန်ဆောင်တိုင်ဖြစ်ပါလိမ့်မယ်။ ရပ်ထားတဲ့ကားက ပြောရရင် လမ်းပေါ်မှာ နည်းနည်းလေး ရောက်နေတာပေါ့။ လမ်းကလည်း အဆင်း။ ပြီးတော့ မောင်းတဲ့သူကလည်း အိပ်ငိုက်သွားတာလည်း ဖြစ်မယ်။။ ရှေ့က တွဲကားကို တည့်တည့်ဝင်ဆောင့်တာပေါ့” ဟု မဟာဝီရရက္ခိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် MITSUBISHI CANTER အမျိုးအစား (၆)ဘီးကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၆)ဦး စုစုပေါင်း (၁၀)ဦးအနက် အသက်(၂၀)နှစ်ဝန်းကျင်အရွယ် အမျိုးသမီး(၃)ဦးမှာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး (၄)ဦးမှာ ထိခိုက်ဒဏ်ရာများပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။
“ကားက CANTER အမျိုးအစားဆိုတော့ ရှေ့ခန်းမှာ (၃)ဦးထိုင်လို့ရတယ်။ နောက်ခန်းမှာက (၇)ဦးဆိုတော့ စုစုပေါင်း (၁၀)ဦး ပါတာပေါ့နော်။ ရှေ့ကားခေါင်းခန်းမှာ အမျိုးသားတွေချည်းပဲ ထိုင်တာ။ သူတို့တွေက ခေါင်းခန်းမှာ ညပ်နေကြ တာ။ ကားမောင်းသမားဆိုရင် အသက်က (၂၆)ဝန်းကျင်ပဲ ရှိတယ်။ သူဆိုရင် ခြေသလုံးသားအရိုးတွေ ကျိုးကျေသွား တာ။ နောက်တစ်ယောက်က အပြင်ဒဏ်ရာတော့ မရှိဘူး။ ဒါပေမယ့်သူက ရင်ဘက်အောင့်ပြီးတော့ သူလည်း အရေးပေါ် အခန်းထဲမှာပေါ့နော်။ တစ်ယောက်ကတော့ ခေါင်းထိ ဒဏ်ရာတွေနဲ့ပေါ့နော်” ဟု ၎င်းက ဆက်လက်ပြော သည်။
ထို့နောက် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ရွှေညောင်မြို့ မဟာဝီရရက္ခိတလူမှုကူညီရေးအသင်းမှ သူတောင်ကြီးမြို့ စဝ်စံထွန်း ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဧပြီလ ၇ရက်ကလည်း တောင်ကြီးအတက်-အဆင်းလမ်းတွင် တွဲကားတစ်စီး ဘရိတ်ပေါက်၍ ရှေ့မှကား(၃)စီးအား ဝင်တိုက်ပြီးနောက် အဆင်းလမ်းဘက်သို့ထိုးကျခဲ့ရာ (၄) ဦးသေဆုံးကာ (၈) ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
“ကားမောင်းတဲ့အခါကျရင် သတိဝီရိယနဲ့ အရေးပေါ်ကားမှမဟုတ်ရင် အရှိန်လေးလျော့ပြီး မောင်းပါ။ အိပ်ငိုက်နေတယ်။ အိပ်ချင်တယ်ဆိုရင်လည်း အနားယူပြီးမှ ဆက်မောင်းပါ။ အန္တရာယ်ကင်းတယ်။ သာရေးနာရေးမှ မရှိဘူဆိုရင်လည်း ကိုယ့်အရှိန်လေးနဲ့ ကိုယ်ထိန်းနိုင်လောက်အထိပဲ မောင်းသင့်ပါတယ်” ဟု အထက်ပါတာဝန်ရှိသူက အကြံပြုထားသည်။
Zawgyi Version;
ေ႐ႊေညာင္-ေတာင္ႀကီးလမ္းေပၚတြင္ ရပ္ထားေသာတြဲကားကို (၆)ဘီးယာဥ္က အရွိန္လြန္ ဝင္တိုက္မိရာ (၃)ဦးပြဲခ်င္းၿပီး ေသဆုံး
ခ်ယ္ရီ (NP News) - ႏိုဝင္ဘာလ ၁၆
ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေ႐ႊေညာင္-ေတာင္ႀကီးလမ္းေပၚတြင္ ရပ္ထားေသာတြဲကားကို CANTER (၆) ဘီးယာဥ္က အရွိန္လြန္ ဝင္တိုက္မိရာ (၃)ဦးပြဲခ်င္းၿပီး ေသဆုံး မဟာဝီရရကၡိတလူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ႏိုဝင္ဘာ ၁၆ ရက္)၊ နံနက္ ၄ နာရီ ၂၂ မိနစ္အခ်ိန္ခန႔္က ေတာင္ႀကီးၿမိဳ႕နယ္၊ ေ႐ႊေညာင္ၿမိဳ႕၊ ေအာင္သေျပေအာက္ဂိတ္အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သူတို႔က လာၾကတာ ရပ္ေစာက္ကဆိုေတာ့ တန္ေဆာင္တိုင္ျဖစ္ပါလိမ့္မယ္။ ရပ္ထားတဲ့ကားက ေျပာရရင္ လမ္းေပၚမွာ နည္းနည္းေလး ေရာက္ေနတာေပါ့။ လမ္းကလည္း အဆင္း။ ၿပီးေတာ့ ေမာင္းတဲ့သူကလည္း အိပ္ငိုက္သြားတာလည္း ျဖစ္မယ္။။ ေရွ႕က တြဲကားကို တည့္တည့္ဝင္ေဆာင့္တာေပါ့” ဟု မဟာဝီရရကၡိတလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူ တစ္ဦးက NP News ကိုေျပာသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ MITSUBISHI CANTER အမ်ိဳးအစား (၆)ဘီးကားေပၚတြင္ လိုက္ပါလာသည့္ အမ်ိဳးသား(၄)ဦးႏွင့္ အမ်ိဳးသမီး(၆)ဦး စုစုေပါင္း (၁၀)ဦးအနက္ အသက္(၂၀)ႏွစ္ဝန္းက်င္အ႐ြယ္ အမ်ိဳးသမီး(၃)ဦးမွာ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ၿပီး (၄)ဦးမွာ ထိခိုက္ဒဏ္ရာမ်ားျပင္းထန္စြာ ရရွိခဲ့ေၾကာင္း သိရသည္။
“ကားက CANTER အမ်ိဳးအစားဆိုေတာ့ ေရွ႕ခန္းမွာ (၃)ဦးထိုင္လို႔ရတယ္။ ေနာက္ခန္းမွာက (၇)ဦးဆိုေတာ့ စုစုေပါင္း (၁၀)ဦး ပါတာေပါ့ေနာ္။ ေရွ႕ကားေခါင္းခန္းမွာ အမ်ိဳးသားေတြခ်ည္းပဲ ထိုင္တာ။ သူတို႔ေတြက ေခါင္းခန္းမွာ ညပ္ေနၾက တာ။ ကားေမာင္းသမားဆိုရင္ အသက္က (၂၆)ဝန္းက်င္ပဲ ရွိတယ္။ သူဆိုရင္ ေျခသလုံးသားအ႐ိုးေတြ က်ိဳးေက်သြား တာ။ ေနာက္တစ္ေယာက္က အျပင္ဒဏ္ရာေတာ့ မရွိဘူး။ ဒါေပမယ့္သူက ရင္ဘက္ေအာင့္ၿပီးေတာ့ သူလည္း အေရးေပၚ အခန္းထဲမွာေပါ့ေနာ္။ တစ္ေယာက္ကေတာ့ ေခါင္းထိ ဒဏ္ရာေတြနဲ႔ေပါ့ေနာ္” ဟု ၎က ဆက္လက္ေျပာ သည္။
ထို႔ေနာက္ ေသဆုံးသူမ်ားႏွင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ေ႐ႊေညာင္ၿမိဳ႕ မဟာဝီရရကၡိတလူမႈကူညီေရးအသင္းမွ သူေတာင္ႀကီးၿမိဳ႕ စဝ္စံထြန္း ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ဧၿပီလ ၇ရက္ကလည္း ေတာင္ႀကီးအတက္-အဆင္းလမ္းတြင္ တြဲကားတစ္စီး ဘရိတ္ေပါက္၍ ေရွ႕မွကား(၃)စီးအား ဝင္တိုက္ၿပီးေနာက္ အဆင္းလမ္းဘက္သို႔ထိုးက်ခဲ့ရာ (၄) ဦးေသဆုံးကာ (၈) ဦး ဒဏ္ရာရရွိခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးသည္။
“ကားေမာင္းတဲ့အခါက်ရင္ သတိဝီရိယနဲ႔ အေရးေပၚကားမွမဟုတ္ရင္ အရွိန္ေလးေလ်ာ့ၿပီး ေမာင္းပါ။ အိပ္ငိုက္ေနတယ္။ အိပ္ခ်င္တယ္ဆိုရင္လည္း အနားယူၿပီးမွ ဆက္ေမာင္းပါ။ အႏၲရာယ္ကင္းတယ္။ သာေရးနာေရးမွ မရွိဘူဆိုရင္လည္း ကိုယ့္အရွိန္ေလးနဲ႔ ကိုယ္ထိန္းႏိုင္ေလာက္အထိပဲ ေမာင္းသင့္ပါတယ္” ဟု အထက္ပါတာဝန္ရွိသူက အႀကံျပဳထားသည္။