ထိုင်းနိုင်ငံမှာ ခွေးကိုမွေးစားပြီး သတ်ဖြတ်စားသောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ

 120

ရောင်နီ (NP News) - နိုဝင်ဘာ ၁၇

ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်မှာ အိမ်မွေးတိရစ္ဆာန်အဖြစ် ခွေးကို ခေါ်ယူမွေးစားပြီး သတ်စားခဲ့တဲ့ အမျိုးသားရဲ့ လုပ်ရပ်ဟာ တိရစ္ဆာန်ချစ်သူတွေကြား ထိတ်လန့်တုန်လှုပ်ဝမ်းနည်းကြေကွဲစရာဖြစ်နေပါဆယ်။

ဒီအမှုကို Watchdog Thailand ဖောင်ဒေးရှင်းက ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ အက်ရှ်ဝူရီ အမည်ရှိ အမျိုးသားဟာ ဆူရှီ အမည်ရှိ ခွေးတစ်ကောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးစားခဲ့ပြီး ဆူရှီ အပါအဝင် အိမ်မှာ ရှိနေတဲ့ အခြား ဘီယာ၊ လက်ဖ်ကီး၊ ဆူမို ဆိုတဲ့ ခွေး ၄ ကောင်ကို သတ်ဖြတ်စားသောက်ခဲ့တယ်လို့ သိရပါတယ်။ Watchdog Thailand ဖောင်ဒေးရှင်းက ဒီအဖြစ်အပျက်တွေကို အာဏာပိုင်တွေဆီ သတိပေးခဲ့ပြီး စုံစမ်းစစ်ဆေးစေခဲ့ပါတယ်။
ပိုင်ရှင်ဖြစ်သူ ဝူရီကလည်း ခွေးတွေကို သတ်ပြီး စားသုံးခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ အကြောင်းကတော့ သူဟာ ခွေးတွေကို မွေးစားခဲ့ပေမယ့် နောက်ပိုင်း ထိန်းသိမ်းစောင့်ရှောက်မှုမှာ ပြဿနာတွေ ရှိလာတာကြောင့် သူတို့ကို သတ်ဖြတ်ပြီး စားသောက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဝူရီရဲ့လုပ်ရပ်ဟာ ထိုင်း တိရစ္ဆာန်ချစ်သူ အသိုင်းအဝိုင်းကို ဒေါသထွက်စေပြီး တိရစ္ဆာန်စောင့်ရှောက်ရေး ဥပဒေတွေ တင်းကျပ်ဖို့ တောင်းဆိုမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဝူရီကိုလည်း ထိုင်းဥပဒေအရ တိရစ္ဆာန်တွေ အပေါ် ရက်စက်ကြမ်းကြုတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။
ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် ဘတ် ၄၀၀၀၀ အထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။

Related news

© 2021. All rights reserved.