အသက်မပြည့်သေးသူ အမျိုးသမီး ၂ ဦးပါအဝင် အမျိုးသမီး (၅)ဦးကို တရုတ်မယားအဖြစ်ရောင်းချသူများအား နှစ်ရှည် အလုပ် နှင့် ထောင်ဒဏ် ချမှတ်

 385

ချယ်ရီ (NP News) - စက်တင်ဘာ ၂၂
အသက်မပြည့်သေးသူ အမျိုးသမီး ၂ ဦးပါအဝင် အမျိုးသမီး (၅)ဦးကို တရုတ်မယားအဖြစ်ရောင်းချသူများအား နှစ်ရှည် အလုပ် နှင့် ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ကျိုင်းတုံမြို့နယ်တွင် နေထိုင်သည့် အသက် (၁၆)နှစ်အရွယ်ရှိ မ..... ၊ အသက် (၁၈)နှစ်အရွယ်ရှိ မ ..... နှင့် အသက် (၂၀) နှစ် အရွယ်ရှိ မ..... တို့ကို ကျိုင်းတုံမြို့ရှိ Bar များ၌ အလုပ်လုပ်ခဲ့စဉ် ခင်မင်ခဲ့သည့် ကျိုင်းတုံမြို့နယ်၊ နောင်ကုန်းအုပ်စုတွင်နေထိုင်သည့် အသက် (၁၆)နှစ်အရွယ်ရှိ ကဗျာမေ (ခ) နာသဲနဲက မိုင်းယောင်းမြို့တွင် တရုတ်နိုင်ငံသားကုမ္ပဏီသူဌေးများက ကောင်မလေးခေါ်နေကြောင်းနှင့် တရုတ်နိုင်ငံသားများနှင့် ပေါင်းသင်းနေထိုင်ပါက တစ်လလျှင် ယွမ် (၁၅,၀၀၀)၊ (၂၀,၀၀၀) ခန့် ရမည်ဖြစ်ကြောင်း စည်းရုံးပြောဆိုသဖြင့် သဘောတူခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့ (၃) ဦးကို ကဗျာမေ (ခ) နာသဲနဲနှင့် ခင်ပွန်းအားဘာတို့မှ မိုင်းပေါက်မြို့တွင်နေထိုင်သည့် အသက် (၁၇)နှစ်အရွယ်ရှိ ဂျော်နီ (ခ)ဂျော်လီထံ ပို့ဆောင်ခဲ့ပြီး ဂျော်နီက အထူးဒေသ (၂) မိုင်းပေါက်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကျိုင်းတုံမြို့မရဲစခန်းမှ (ပ) (၄၂/၂၀၂၅) နှင့် (ပ) (၄၃/၂၀၂၅)၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ (၃၈) (က)/(၄၄) တို့ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ကြောင်း သိရသည်။
ထို့နောက် စက်တင်ဘာလ (၁၈) ရက်တွင် ပြစ်မှုကျူးလွန်သူ ကဗျာမေ(ခ) နာသဲနဲနှင့် ဂျော်နီ(ခ)ဂျော်လီတို့ နှစ်ဦးကို ကျိုင်းတုံမြို့နယ်တရားရုံးမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ (၈၈) (ဂ) အရ အမှုတစ်မှုချင်းစီအတွက် အလုပ်မဲ့ထောင်ဒဏ် (၃)နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တရားခံ အားဘာကို ကျိုင်းတုံခရိုင်တရားရုံးမှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ (၃၈) (က) အရ အလုပ်နှင့် ထောင်ဒဏ် နှစ် (၂၀) တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
အလားအတူ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် နေထိုင်သည့် အသက် (၂၀)နှစ်အရွယ်ရှိ မ..... နှစ်က ဗန္ဓုလပန်းခြံသို့ သွားရောက်လည်ပတ်ရာ ရခိုင်ပြည်နယ်ပေါက်တောမြို့နယ်တွင်နေထိုင်သည့် မခင်လှရီ (ခ) မရှည်က လာရောက်မိတ်ဆက်ပြီး တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ငွေကျပ်သိန်း (၅၀) ရမည်၊ စရိတ်ကုန်ကျခံ၍ ပို့ဆောင်ပေးမည်ဟု စည်းရုံးပြောဆိုကာ မြောက်ဥက္ကလာပမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင်နေထိုင်စေခဲ့ပြီး လေးရက်ခန့်အကြာတွင် လှိုင်သာယာမြို့နယ်၊ ရွှေဥက္ကံရပ်ကွက်တွင် နေထိုင်သည့် မသဲအိကျော် (ခ) သဲသဲက တစ်ရပ်ကွက်တည်းတွင် နေထိုင်သည့် အသက် (၁၇)နှစ်အရွယ်ရှိ မ.... ကို တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားအဖြစ်လုပ်ကိုင်ရန် စည်းရုံးပြောဆိုပြီး တည်းခိုခန်းသို့ လာရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့(၂)ဦးကို မခင်လှရီ (ခ) မရှည်က တရုတ်နိုင်ငံသို့ပို့ဆောင်ရန် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ခေါ်ဆောင်လာစဉ် ဖမ်းဆီးရမိခဲ့သဖြင့် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောနယ်မြေရဲစခန်းမှ (ပ) (၈၈/ ၂၀၂၅)၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ (၃၅/ ၄၄) ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ (၁၉) ရက်တွင် အောင်မြေသာစံခရိုင်တရားရုံးမှ ပြစ်မှုကျူးလွန်သူ မခင်လှရီ (ခ) မရှည်နှင့် မသဲအိကျော် (ခ) သဲသဲတို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ (၃၅) အရ အလုပ်နှင့် ထောင်ဒဏ် (၁၂) နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

Zawgyi Version:
အသက္မျပည့္ေသးသူ အမ်ိဳးသမီး ၂ ဦးပါအဝင္ အမ်ိဳးသမီး (၅)ဦးကို တ႐ုတ္မယားအျဖစ္ေရာင္းခ်သူမ်ားအား ႏွစ္ရွည္ အလုပ္ ႏွင့္ ေထာင္ဒဏ္ ခ်မွတ္
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၂၂
အသက္မျပည့္ေသးသူ အမ်ိဳးသမီး ၂ ဦးပါအဝင္ အမ်ိဳးသမီး (၅)ဦးကို တ႐ုတ္မယားအျဖစ္ေရာင္းခ်သူမ်ားအား ႏွစ္ရွည္ အလုပ္ ႏွင့္ ေထာင္ဒဏ္ ခ်မွတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ထံမွ သိရသည္။
ျဖစ္စဥ္မွာ က်ိဳင္းတုံၿမိဳ႕နယ္တြင္ ေနထိုင္သည့္ အသက္ (၁၆)ႏွစ္အ႐ြယ္ရွိ မ..... ၊ အသက္ (၁၈)ႏွစ္အ႐ြယ္ရွိ မ ..... ႏွင့္ အသက္ (၂၀) ႏွစ္ အ႐ြယ္ရွိ မ..... တို႔ကို က်ိဳင္းတုံၿမိဳ႕ရွိ Bar မ်ား၌ အလုပ္လုပ္ခဲ့စဥ္ ခင္မင္ခဲ့သည့္ က်ိဳင္းတုံၿမိဳ႕နယ္၊ ေနာင္ကုန္းအုပ္စုတြင္ေနထိုင္သည့္ အသက္ (၁၆)ႏွစ္အ႐ြယ္ရွိ ကဗ်ာေမ (ခ) နာသဲနဲက မိုင္းေယာင္းၿမိဳ႕တြင္ တ႐ုတ္ႏိုင္ငံသားကုမၸဏီသူေဌးမ်ားက ေကာင္မေလးေခၚေနေၾကာင္းႏွင့္ တ႐ုတ္ႏိုင္ငံသားမ်ားႏွင့္ ေပါင္းသင္းေနထိုင္ပါက တစ္လလွ်င္ ယြမ္ (၁၅,၀၀၀)၊ (၂၀,၀၀၀) ခန႔္ ရမည္ျဖစ္ေၾကာင္း စည္း႐ုံးေျပာဆိုသျဖင့္ သေဘာတူခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔ (၃) ဦးကို ကဗ်ာေမ (ခ) နာသဲနဲႏွင့္ ခင္ပြန္းအားဘာတို႔မွ မိုင္းေပါက္ၿမိဳ႕တြင္ေနထိုင္သည့္ အသက္ (၁၇)ႏွစ္အ႐ြယ္ရွိ ေဂ်ာ္နီ (ခ)ေဂ်ာ္လီထံ ပို႔ေဆာင္ခဲ့ၿပီး ေဂ်ာ္နီက အထူးေဒသ (၂) မိုင္းေပါက္ၿမိဳ႕မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔ တ႐ုတ္မယားအျဖစ္ ပို႔ေဆာင္ေရာင္းစားခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ က်ိဳင္းတုံၿမိဳ႕မရဲစခန္းမွ (ပ) (၄၂/၂၀၂၅) ႏွင့္ (ပ) (၄၃/၂၀၂၅)၊ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ (၃၈) (က)/(၄၄) တို႔ျဖင့္ အမႈေရးဖြင့္တရားစြဲတင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ စက္တင္ဘာလ (၁၈) ရက္တြင္ ျပစ္မႈက်ဴးလြန္သူ ကဗ်ာေမ(ခ) နာသဲနဲႏွင့္ ေဂ်ာ္နီ(ခ)ေဂ်ာ္လီတို႔ ႏွစ္ဦးကို က်ိဳင္းတုံၿမိဳ႕နယ္တရား႐ုံးမွ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒပုဒ္မ (၈၈) (ဂ) အရ အမႈတစ္မႈခ်င္းစီအတြက္ အလုပ္မဲ့ေထာင္ဒဏ္ (၃)ႏွစ္စီက်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ၿပီး တရားခံ အားဘာကို က်ိဳင္းတုံခ႐ိုင္တရား႐ုံးမွ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ (၃၈) (က) အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ႏွစ္ (၂၀) တစ္ေပါင္းတည္းက်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
အလားအတူ ရန္ကုန္တိုင္းေဒသႀကီး၊ ေက်ာက္တံတားၿမိဳ႕နယ္တြင္ ေနထိုင္သည့္ အသက္ (၂၀)ႏွစ္အ႐ြယ္ရွိ မ..... ႏွစ္က ဗႏၶဳလပန္းၿခံသို႔ သြားေရာက္လည္ပတ္ရာ ရခိုင္ျပည္နယ္ေပါက္ေတာၿမိဳ႕နယ္တြင္ေနထိုင္သည့္ မခင္လွရီ (ခ) မရွည္က လာေရာက္မိတ္ဆက္ၿပီး တ႐ုတ္ႏိုင္ငံတြင္ တ႐ုတ္ဇနီးမယားအျဖစ္ လုပ္ကိုင္ပါက ေငြက်ပ္သိန္း (၅၀) ရမည္၊ စရိတ္ကုန္က်ခံ၍ ပို႔ေဆာင္ေပးမည္ဟု စည္း႐ုံးေျပာဆိုကာ ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ တည္းခိုခန္းတစ္ခုတြင္ေနထိုင္ေစခဲ့ၿပီး ေလးရက္ခန႔္အၾကာတြင္ လႈိင္သာယာၿမိဳ႕နယ္၊ ေ႐ႊဥကၠံရပ္ကြက္တြင္ ေနထိုင္သည့္ မသဲအိေက်ာ္ (ခ) သဲသဲက တစ္ရပ္ကြက္တည္းတြင္ ေနထိုင္သည့္ အသက္ (၁၇)ႏွစ္အ႐ြယ္ရွိ မ.... ကို တ႐ုတ္ႏိုင္ငံတြင္ တ႐ုတ္ဇနီးမယားအျဖစ္လုပ္ကိုင္ရန္ စည္း႐ုံးေျပာဆိုၿပီး တည္းခိုခန္းသို႔ လာေရာက္ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ၎တို႔(၂)ဦးကို မခင္လွရီ (ခ) မရွည္က တ႐ုတ္ႏိုင္ငံသို႔ပို႔ေဆာင္ရန္ ရန္ကုန္ၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ ေခၚေဆာင္လာစဥ္ ဖမ္းဆီးရမိခဲ့သျဖင့္ ပုသိမ္ႀကီးၿမိဳ႕နယ္၊ အုန္းေခ်ာနယ္ေျမရဲစခန္းမွ (ပ) (၈၈/ ၂၀၂၅)၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ (၃၅/ ၄၄) ျဖင့္ အမႈေရးဖြင့္တရားစြဲတင္ခဲ့ၿပီး စက္တင္ဘာ (၁၉) ရက္တြင္ ေအာင္ေျမသာစံခ႐ိုင္တရား႐ုံးမွ ျပစ္မႈက်ဴးလြန္သူ မခင္လွရီ (ခ) မရွည္ႏွင့္ မသဲအိေက်ာ္ (ခ) သဲသဲတို႔ကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ (၃၅) အရ အလုပ္ႏွင့္ ေထာင္ဒဏ္ (၁၂) ႏွစ္စီက်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ထံမွ သိရသည္။

Related news

© 2021. All rights reserved.