ပဲခူးတွင် (၆)ဘီးကားတစ်စီးအရှိန်လွန်ကာ ရွှေသံလွင်ကုမ္ပဏီမှ လမ်းလုပ်သား (၂)ဦးအား ဝင်တိုက်မိ၍ တစ်ဦးသေဆုံး

453

သန့်ဇင်(NP News)-စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် (၆)ဘီးကားတစ်စီးအရှိန်လွန်ကာ ရွှေသံလွင်ကုမ္ပဏီမှ လမ်းလုပ်သား (၂)ဦးအား ဝင်တိုက်မိ၍ တစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာ ၂၀ရက်)၊ ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်က ပဲခူးမြို့၊ အနောက်မြို့ရှောင်လမ်း၊ အထက်ဇိုင်း ဂနိုင်းကြီးကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာ၊ မိုင်တိုင်အမှတ်(၃၆/၁)နှင့် (၃၆/၂)အကြား၊ တံတားအမှတ် (၄/၈)တွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားအနီးတွင် အမျိုးသားတစ်ဦးမောင်းနှင်ကာ အမျိုးသား (၇)ဦးလိုက်ပါလာသည့် BGO 11 6A/7787 HINO RANGER (၆)ဘီးကားသည် အရှိန်လွန်ကာ လမ်းယာဘက်ရှိ လမ်းဘေးကျောက်တိုင်များအား ဆေးသုတ်နေသည့် ရွှေသံလွင်ကုမ္ပဏီမှ လမ်းလုပ် သားကိုမိုးကိုကို နှင့် ကိုအာကာတို့အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။
ထို့နောက် ကားမှာ အထက်ပါတံတား၏ ဘေးရှိရေမြောင်းအတွင်းသို့ ထိုးကျသွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့သဖြင့် ပဲခူးပြည်သူ့ ဆေးရုံ ကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြစဉ် ရွှေသံလွင်ကုမ္ပဏီမှ လမ်းလုပ်သား မိုးကိုကုသည် ပဲခူးပြည်သူ့ဆေးရုံကြီးတွင် ယာဉ်တိုက်မှု ကြောင့် ရရှိခဲ့သော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Zawgyi Version: