Miss Universe 2024 သရဖူကို ဒိန်းမတ်နိုင်ငံ ကိုယ်စားပြုအလှမယ် ဗစ်တိုးရီးယားကာဂျာတိုင်ဗစ် ရရှိ

 646

ရောင်နီ (NP News) - နိုဝင်ဘာ ၁၇

နိုဝင်ဘာ ၁၆ ရက်က ကျင်းပခဲ့တဲ့ ၂၀၂၄ ခုနှစ်ရဲ့ Miss Universe အလှမယ်ပြိုင်ပွဲမှာ 2024 Winner ဆုကို ဒိန်းမတ်နိုင်ငံ ကိုယ်စားပြုအလှမယ် ဗစ်တိုးရီးယားကာဂျာတိုင်ဗစ်က ဆွတ်ခူးရရှိခဲ့ပါတယ်။
Dancer၊ စွန့်ဦးတီထွင်သူနဲ့ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတစ်ဦးလည်းဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် ဒိန်းမတ်နိုင်ငံ ကိုယ်စားပြုအလှမယ် ကာဂျာတိုင်ဗစ် ဟာ မက္ကဆီကိုစီးတီးမှာ ကျင်းပပြုလုပ်တဲ့ ၇၃ ကြိမ်မြောက် Miss Universe (မယ်စကြာဝဠာ) အလှမယ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ၁၂၀ ကျော်ကို အနိုင်ယူခဲ့ပြီး သရဖူဆောင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် 1st runner up ဆုကိုတော့ နိုင်ဂျီးရီးယားနိုင်ငံ ကိုယ်စားပြု ဥပဒေကျောင်းသူ ချီဒင်မာအဒက်ရှီနာ၊ 2nd runner up ကို မက္ကဆီကိုနိုင်ငံ ကိုယ်စားပြု အလှမယ် မာရီယာဖာနန်ဒိုဘက်လ်တန်၊ 3rd runner up ဆုကို ထိုင်းနိုင်ငံနိုင်ငံ ကိုယ်စားပြု အလှမယ် ဆက်ချာတာချောင်စရီ၊ 4th runner up ဆုကို ဗင်နီဇွဲလားနိုင်ငံ အလှမယ် အလီနာမာကွက်တို့က အသီးသီး ဆွတ်ခူးရရှိခဲ့ပါတယ်။
ဗင်နီဇွဲလားအလှမယ် မာကွက်ကတော့ Miss Universe ရဲ့အလှမယ် Top 5 ထဲမှာ ပါဝင်လာတဲ့ ပထမဆုံး မိခင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Miss Universe ပြိုင်ပွဲဟာ ၂၀၂၃ ခုနှစ် ပြိုင်ပွဲပြီးတဲ့နောက် အိမ်ထောင်သည်များ၊ လိင်ပြောင်းအမျိုးသမီးများနဲ့ အသက်အရွယ်ကြီးရင့်သူ အမျိုးသမီးတွေကိုပါ ပါဝင်ယှဉ်ပြိုင်ခွင့် ပြုခဲ့တာကြောင့် အလှမယ်တွေထဲမှာ အသက် ၄၀ အရွယ်ထိ ပါဝင်ယှဉ်ပြိုင်လာတာတွေ့ရပါတယ်။

Zawgyi Version;
Miss Universe 2024 သရဖူကို ဒိန္းမတ္ႏိုင္ငံ ကိုယ္စားျပဳအလွမယ္ ဗစ္တိုးရီးယားကာဂ်ာတိုင္ဗစ္ ရရွိ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၇

ႏိုဝင္ဘာ ၁၆ ရက္က က်င္းပခဲ့တဲ့ ၂၀၂၄ ခုႏွစ္ရဲ႕ Miss Universe အလွမယ္ၿပိဳင္ပြဲမွာ 2024 Winner ဆုကို ဒိန္းမတ္ႏိုင္ငံ ကိုယ္စားျပဳအလွမယ္ ဗစ္တိုးရီးယားကာဂ်ာတိုင္ဗစ္က ဆြတ္ခူးရရွိခဲ့ပါတယ္။
Dancer၊ စြန႔္ဦးတီထြင္သူနဲ႔ တိရစာၦန္အခြင့္အေရးလႈပ္ရွားသူတစ္ဦးလည္းျဖစ္တဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ ဒိန္းမတ္ႏိုင္ငံ ကိုယ္စားျပဳအလွမယ္ ကာဂ်ာတိုင္ဗစ္ ဟာ မကၠဆီကိုစီးတီးမွာ က်င္းပျပဳလုပ္တဲ့ ၇၃ ႀကိမ္ေျမာက္ Miss Universe (မယ္စၾကာဝဠာ) အလွမယ္ၿပိဳင္ပြဲမွာ ၿပိဳင္ပြဲဝင္ ၁၂၀ ေက်ာ္ကို အႏိုင္ယူခဲ့ၿပီး သရဖူေဆာင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

အဲဒီေနာက္ 1st runner up ဆုကိုေတာ့ ႏိုင္ဂ်ီးရီးယားႏိုင္ငံ ကိုယ္စားျပဳ ဥပေဒေက်ာင္းသူ ခ်ီဒင္မာအဒက္ရွီနာ၊ 2nd runner up ကို မကၠဆီကိုႏိုင္ငံ ကိုယ္စားျပဳ အလွမယ္ မာရီယာဖာနန္ဒိုဘက္လ္တန္၊ 3rd runner up ဆုကို ထိုင္းႏိုင္ငံႏိုင္ငံ ကိုယ္စားျပဳ အလွမယ္ ဆက္ခ်ာတာေခ်ာင္စရီ၊ 4th runner up ဆုကို ဗင္နီဇြဲလားႏိုင္ငံ အလွမယ္ အလီနာမာကြက္တို႔က အသီးသီး ဆြတ္ခူးရရွိခဲ့ပါတယ္။
ဗင္နီဇြဲလားအလွမယ္ မာကြက္ကေတာ့ Miss Universe ရဲ႕အလွမယ္ Top 5 ထဲမွာ ပါဝင္လာတဲ့ ပထမဆုံး မိခင္အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

Miss Universe ၿပိဳင္ပြဲဟာ ၂၀၂၃ ခုႏွစ္ ၿပိဳင္ပြဲၿပီးတဲ့ေနာက္ အိမ္ေထာင္သည္မ်ား၊ လိင္ေျပာင္းအမ်ိဳးသမီးမ်ားနဲ႔ အသက္အ႐ြယ္ႀကီးရင့္သူ အမ်ိဳးသမီးေတြကိုပါ ပါဝင္ယွဥ္ၿပိဳင္ခြင့္ ျပဳခဲ့တာေၾကာင့္ အလွမယ္ေတြထဲမွာ အသက္ ၄၀ အ႐ြယ္ထိ ပါဝင္ယွဥ္ၿပိဳင္လာတာေတြ႕ရပါတယ္။

Related news

© 2021. All rights reserved.