အစ္စရေးဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအား တရားစွဲဆိုမည့် ICC ရှေ့နေချုပ် လိင်ပိုင်းဆိုင်ရာ လက်မခံနိုင်ဖွယ်ပြုကြောင်း စွပ်စွဲခံရ

 214

Htay Oung (NP News) - နိုဝင်ဘာ ၁၈

ICC လို့ ခေါ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ရှေ့နေချုပ် “ကာရင်ခန်း” ဟာ လိင်ပိုင်းဆိုင်ရာ လက်မခံနိုင်ဖွယ်ပြုကြောင်း စွပ်စွဲခံနေရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခန်းအပေါ် ကုလသမဂ္ဂဌာနတွင်း ကြီး ကြပ်ရေးဌာန OIOS က စုံစမ်းစစ်ဆေးမယ်ဆိုတဲ့ကိစ္စမှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းကြီးရဲ့ ဂုဏ်သိက္ခာ၊ တာဝန်ပိုင်းဆိုင်ရာတို့နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာအများအပြား ထွက်ပေါ်လာတယ်လို့ “ဂါးဒီးယန်းသတင်းစာ” (16 November 2024) က ရေးသားပါတယ်။

အမျိုးသမီးလက်ထောက်တစ်ဦးကို သူနဲ့ လိင်ဆက်ဆံဖို့ အကြပ်ကိုင်ကြောင်း စွပ်စွဲတဲ့ကိစ္စမှာ စုံစမ်းစစ်ဆေးစဉ် ကာလအတွင်း ရာထူးမှ ခေတ္တနှုတ်ထွက်ပေးရန် ခန်းက ငြင်းဆိုပြီး နဂိုအတိုင်း ဆက်နေရန် OIOS က ဆုံးဖြတ် ပါတယ်။ ဒီကိစ္စမှာ OIOS ရဲ့ လက်ရှိနဲ့ ယခင်အရာရှိ ၂-ဦးတို့ ပါဝင်ပတ်သက်နေပြီး နောက်ဆက်တွဲ ထိခိုက်လ လာနိုင်တဲ့အတွက် စိတ်မသက်မသာဖြစ်ရကြောင်း၊ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဌာနတွင်းစာရင်းစစ်ခြင်း၊ စုံစမ်းစစ် ဆေးခြင်း၊ စောင့်ကြည့်ခြင်း၊ အကဲဖြတ်ခြင်း၊ တင်ပြအစီရင်ခံခြင်းတို့ကို တာဝန်ယူဆောင်ရွက်နေတဲ့ OIOS နဲ့ ခန်းတို့ဆက်နွယ်နေတယ်ဆိုတဲ့ကိစ္စဟာ ICC ရဲ့ တရားမျှတမှုနဲ့ ဖြောင့်မတ်မှန်ကန်မှုကို ထိခိုက်နိုင်ကြောင်း အမည်မဖော်လို သူ ICC ဝန်ထမ်းများက ပြောပါတယ်။

ခန်းနဲ့ ဇနီးဖြစ်သူ “အလက်ဂျင်ဒရာ” ဟာ OIOS ဌာနနဲ့ ထဲထဲဝင်ဝင် ပတ်သက်လျှက်ရှိတယ်လို့ သတင်းများ ထွက်ပေါ်နေကြောင်း၊ စုံစမ်းစစ်ဆေးရေးဌာနရဲ့ သမာဓိအပေါ် ထိခိုက်လာမှာကို စိုးရိမ်တယ်လို့ ကုလသမဂ္ဂ အကြီးတန်းအရာရှိအချို့ထံမှ သိရှိရပါတယ်။ လွန်ခဲ့တဲ့ မေလမှာ ယခုအခင်းဖြစ်ရပ် ပေါ်ပေါက်လာပြီးနောက် အလက်ဂျင်ဒရာဟာ ခန်းက လိင်ဆက်ဆံရန် အကြပ်ကိုင်ကြောင်း စွပ်စွဲသူ အမျိုးသမီးနဲ့ ဆက်သွယ်ခဲ့ကြောင်း၊ နောက်တစ်နေ့ တစ်နေရာရာမှာ လူချင်းတွေ့ကြဖို့ စောင်းပါးရိပ်ခြေဆိုလာတဲ့အတွက် အထိတ်တလန့်ဖြစ်ခဲ့ရ တယ်လို့ အခြားဌာန ဝန်ထမ်းများကို ပြောပြကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။

ခန်းနဲ့ ဇနီးဖြစ်ဟာ စွပ်စွဲချက်များနဲ့ ပတ်သက်ပြီး OIOS ထံ အစီရင်ခံရသူ ICC အကြီးတန်းဝန်ထမ်းတစ်ဦးထံ ဆက်သွယ်ခဲ့တယ်လို့လည်း သတင်းရင်းမြစ်များက ဆိုပါတယ်။ အလက်ဂျင်ဒရာနဲ့ စွပ်စွဲသူအမျိုးသမီး၊ ICC ဝန်ထမ်းများရဲ့ အဆက်အသွယ်ဟာ ပုံမှန် မဟုတ်ပဲ အဆီအငေါ်မတည့် ဖြစ်လွန်းတယ်လို့ ပြောကြပါတယ်။

အလက်ဂျင်ဒရာကတော့ အဆိုပါပြောဆိုချက်များကို ငြင်းဆိုထားပြီး ဒီကိစ္စနဲ့ပတ်သက်လို့ စွပ်စွဲသူအမျိုးသမီး သာမက OIOS က ဘယ်သူနဲ့မှ မဆွေးနွေးခဲ့ဖူးကြောင်း၊ ဘယ်သူ့ကိုမှ စိတ်ဓာတ်ကျဖို့၊ ခြိမ်းခြောက်ဖို့ ဒါမှမ ဟုတ် ဖိန့်လုံးတွေနဲ့ လုံးဝမကြိုးစားခဲ့ဖူးကြောင်း၊ သူ့ ဘဝတလျောက်လုံး နယ်ပယ်အသီးသီးရှိ ထိရှလွယ်ပြီး ချို့တဲ့သူတွေရဲ့အခွင့်အရေးကို သစ္စာသိစွာ ကာကွယ်စောင့်ရှောက်ခဲ့ခြင်းကြောင့် ခုလို ပြောဆိုချက်တွေဟာ သူ့အတွက် အလွန်နစ်နာတယ်လို့ ဂါးဒီးယန်းရဲ့ အမေးကို ပြန်လည်ဖြေဆိုပါတယ်။

ခန်းဟာ OIOS က ညွှန်ကြားရေးမှူးနဲ့ တပူးတွဲတွဲ ရှိခဲ့တာ အမှန်ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောပါ တယ်။ ဒုတိယမြောက်ပုဂ္ဂိုလ်မှာ ISIS အိုင်စစ်အစွန်းရောက်အကြမ်းဖက်ကိစ္စ ကုလသ မဂ္ဂ စုံစမ်းစစ်ဆေးမှု တစ်ခုအတွက် 2019 ခုနှစ်မှ စတင်ကာ ခန်းက ငှားရမ်းခဲ့ဖူးသူဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ပြီး OIOS ၏ စုံစမ်းစစ်ဆေးရေးဌာန ဒါရိုက်တာဖြစ်တယ်လို့ သိရှိရပါတယ်။

ခန်းရဲ့ရှေ့နေများကတော့ စုံစမ်းစစ်ဆေးရေးမှူးနှင့် ဘယ်လို ဆက်ဆံရေးမျှမရှိကြောင်း ငြင်းဆိုခဲ့ပြီး OIOS အရာ ရှိနဲ့ အဆက်အသွယ် မရှိတာလည်း နှစ်အတော်ကြာပြီလို့ ပြောပါတယ်။ လိင်ပိုင်းဆိုင်ရာ လက်မခံနိုင်ဖွယ်ပြု ကြောင်း စွပ်စွဲချက်များနဲ့ ပတ်သက်ပြီး အားလုံးကို ခန်းက ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။ အသက် ၅၄-နှစ်အရွယ် ပါကစ္စတန်နွယ်ဖွား ယူကေနိုင်ငံသား နိုင်ငံတကာ ရာဇဝတ်မှုခင်း ကျွမ်းကျင်သူ “ကာရင် အာ ဆတ် အာမက် ခန်းဟာ စစ်ရာဇဝတ်မှုဖြင့် စွဲချက်တင်ထားတဲ့အမှုမှာ အစ္စရေးခေါင်းဆောင် နှစ်ဦးနဲ့ ဟား မတ်စ်ခေါင်းဆောင် သုံးဦးကို ဖမ်းဝရမ်းထုတ်ရန် ICC တရားသူကြီးထံ တောင်းဆိုခဲ့သူဖြစ်ပါတယ်။ ယခုလို စွပ်စွဲခြင်းဟာ အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ရုံးတော်က သူ့အပေါ် ယုန်ထင်ကြောင်ထင်ဖြစ်အောင် ကြိုးစားခြင်း ဖြစ်ပုံရတယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့နှစ် အောက်တိုဘာ ၇-ရက် ဂါဇာရှိ ဂါဇာရှိ ဟားမတ်စ်အကြမ်းဖက်အဖွဲ့ရဲ့ ကျူးကျော်တိုက်ခိုက်မှုနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီး အစ္စရေးရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ရာ ရောက်ရှိတဲ့ စစ်ရာဇ ဝတ်မှုများနဲ့ ပတ်သက်လို့ စွပ်စွဲမှုများ ထွက်ပေါ်ခဲ့ပါတယ်။ ICC ရှေ့နေချုပ် ခန်းဟာ စွပ်စွဲခံထားရတဲ့ ဝန်ကြီး ချုပ်နေတန်ယာဟု၊ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအတ်ဂဲလင့်တို့ကို ဖမ်းဝရမ်းထုတ်ရန် လွန်ခဲ့တဲ့ မေလ ICC ထံ လျောက်ထားခဲ့ပါတယ်။

တရားသူကြီး သုံးဦးတို့က တောင်းဆိုချက်ကို ချိန်ဆနေပါတယ်။ အစ္စရေးကတော့ စွဲချက်တွေကို တစ်ချက်လွှတ် ပယ်ချခဲ့ပြီး တရားဝင် ဝရမ်းမကပ်မီ သူတို့အပေါ့်စွပ်စွဲချက် မှန်-မမှန် စုံစမ်းစစ်ဆေးဖို့ အခွင့်အရေးမပေးတဲ့ အ တွက် ICC ရှေ့နေချုပ် ခန်းကို ဝေဖန်ခဲ့ပါတယ်။

ခန်းတို့ရဲ့ ICC ဟာ ဖိလစ်ပိုင်နိုင်ငံနဲ့လည်း ပတ်သက်နေပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ ၁၆-ဦးမြောက် သမ္မတ ရိုဒရီ ဂို ဒူတာတေးဟာ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ကတိအတိုင်း ရာဇတ်မှုခင်းများ၊ အကျင့်ပျက်ခြစားမှုများကို နှိမ် နင်းခဲ့ပြီး မူးယစ်ဆေးလောက ဖြိုခွင်းရာမှာတော့ အငြင်းပွားဖွယ်ဖြစ်ခဲ့ရပါတယ်။ သမ္မတ ရာထူးမတိုင်မီ ဒါဗာအို မြို့တော်ဝန်အဖြစ် ၂၂-နှစ်ကြာ တာဝန်ထမ်းဆောင်စဉ်ကတည်းက မူးယစ်ဆေးဂိုဏ်းများကို ဖြိုခွင်းရာမှာ ရဲတပ် ဖွဲ့ဝင်များရဲ့ တရားလက်လွတ်သတ်ဖြတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း အသံထွက်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း မြို့တော်တည်ငြိမ်အေးချမ်းလာပေမယ့် အသက်ဆုံးရှုံးရသူတို့မှာ များသောအား ဖြင့် မူးယစ်ဆေး သုံးစွဲသူများ၊ အသေးစား ရာဇဝတ်မှု ကျူးလွန်သူများနဲ့ လမ်းဘေး လေ့လွင့် ကလေးသူငယ်များ ဖြစ်တယ်လို့ ဆိုကြပြီး အဲ့ဒီလို သတ်ဖြတ်မှုများကို ဒူတာတေးက လူသိရှင်ကြား ထောက်ခံခဲ့ပါတယ်။

လူ ၂၀၀၀ ခန့် တရားလက်လွတ်သတ်ဖြတ်ခံရမှုများအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC က စုံစမ်းစစ်ဆေး လျှက်ရှိပြီး ဖမ်းဆီးထိန်းသိမ်းဖို့အထိဖြစ်လာနိုင်ပါတယ်။ ဗုဒ္ဓဟူးနေ့ ဖိလစ်ပိုင် ကွန်ဂရက်လွှတ်တော် ကြားနာ ရာ မှာတော့ ICC ရဲ့ စုံစမ်းစစ်ဆေးမှု ခံယူဖို့ သူ့အနေနဲ့ အသင့်ရှိကြောင်း ယခုအခါ အာဏာလက်မဲ့ဖြစ်နေသူ အသက် ၇၉ နှစ်အရွယ် သမ္မတဟောင်းက ပြောပါတယ်။

ICC ထံ အညံ့ခံမှာဖြစ်ကြောင်း ဒူတာတေးရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး သူတို့အစိုးရအနေနဲ့ တားဆီးရန် မရှိ ကြောင်း၊ အင်တာပိုလ် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းဖို့ ကြိုးစားမယ်ဆိုလျှင်လည်း သူတို့ အနေနဲ့ ကူညီပူးပေါင်းမှာဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောဆိုတယ်လို့ AP သတင်းအေဂျင်စီ (13 November 2024) က ရေးပါတယ်။

ရိုဒရီဂို ဒူတာတေးအပေါ် ဝေဖန်သူတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများအတွက် ICC က ရုံးတင်စစ်ဆေးခံရစေရန် တွန်းအားပေးခြင်းဖြင့် သမ္မတဟောင်းအနေနဲ့ အရှက်ရစေမယ်လို့ မျှော်လင့်ကြ ပေမယ့် မီးမောင်းထိုးပြမှုမှာ ပြောင်းလဲသွားခဲ့တယ်လို့ “ဒေးလီးထရိုင်ဗြွန်း” (16 November 2024) က ရေးသားပါတယ်။

ဒူတာတေးကို တရားစွဲထားဆိုတဲ့ ICC ရှေ့နေချုပ် ကာရင်ခန်းဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပြီး သမ္မတဟောင်းအပေါ် စုံစမ်းစစ်ဆေးနေတဲ့ ကုလသမဂ္ဂရဲ့ ပွင်လင်းဖြောင့်မတ်မှုနဲ့ ပတ်သက်ပြီး တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ခံနေရပါတယ်။

အရှုတ်တော်ပုံကိစ္စှမှာ ခန်းကိုယ်တိုင်နဲ့ သူ့ရဲ့ဇနီး၊ OIOS မှ အကြီးတန်း အရာရှိတစ်ဦးတို့ရဲ့ အကျိုးစီးပွားနဲ့ ဆက်နွယ်တဲ့ ပဋိပက္ခများလည်း ပါဝင်နေပါတယ်။ ICC ဟာ ခန်းနဲ့ပတ်သက်ပြီး ဘက်လိုက်ကြောင်း လူပြော ခံရမယ့် ကိစ္စများမှာ ဌာနတွင်း စုံစမ်းစစ်ဆေးမှုအနေနဲ့ ကျရှုံးခဲ့ပါတယ်။ ဌာနပြင်ပ စုံစမ်းစစ်ဆေးမှုများ မှာ လည်း ဘယ်လောက်အတိုင်းအတာအထိ လွတ်လွတ်လပ်လပ်ရှိမယ်ဆိုတာ သံသယကြီးကြီးနဲ့ ကမ္ဘာက ဆက်လက်စောင့်ကြည့်နေပါတယ်။

မူးယစ်ဆေးဝါးဖြိုခွင်းရေး စစ်ပွဲနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်အထူးတရားရုံးများရဲ့ လွတ်လပ်တဲ့တရားစီရင်ရေးကို လေးစားရန် ပြောဆိုခဲ့သူ ဒူတာတေးနဲ့ ICC အမှုဟာ ခန်းရဲ့ကိစ္စနဲ့ နှောင့်နှေးသွားဖွယ်ရှိကြောင်း၊ ICC အနေ နဲ့ သူ့ဌာနတွင်း ယုံကြည်ဖြောင့်မတ်မှု ပြဿနာနဲ့ ခေါင်းမီးတောက်နေချိန် ဒူတာတေးမှာလည်း သမ္မတတစ်ဦး အနေနဲ့ လုပ်ပိုင်ခွင့် ရှိတယ်လု့ိ ခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်း ဖိလစ်ပိုင်အများစုက ယူဆကြပါတယ်။

(Guardian., 17 November 2024,” Some at ICC said to question integrity of UN inquiry into top prosecutor” ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
အစၥေရးဝန္ႀကီးခ်ဳပ္ႏွင့္ ကာကြယ္ေရးဝန္ႀကီးအား တရားစြဲဆိုမည့္ ICC ေရွ႕ေနခ်ဳပ္ လိင္ပိုင္းဆိုင္ရာ လက္မခံႏိုင္ဖြယ္ျပဳေၾကာင္း စြပ္စြဲခံရ
Htay Oung (NP News) - ႏိုဝင္ဘာ ၁၈

ICC လို႔ ေခၚတဲ့ ကမာၻ႔ကုလသမဂၢ ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံး ေရွ႕ေနခ်ဳပ္ “ကာရင္ခန္း” ဟာ လိင္ပိုင္းဆိုင္ရာ လက္မခံႏိုင္ဖြယ္ျပဳေၾကာင္း စြပ္စြဲခံေနရပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ခန္းအေပၚ ကုလသမဂၢဌာနတြင္း ႀကီး ၾကပ္ေရးဌာန OIOS က စုံစမ္းစစ္ေဆးမယ္ဆိုတဲ့ကိစၥမွာ အျပည္ျပည္ဆိုင္ရာ အဖြဲ႕အစည္းႀကီးရဲ႕ ဂုဏ္သိကၡာ၊ တာဝန္ပိုင္းဆိုင္ရာတို႔နဲ႔ ပတ္သက္ၿပီး ေမးခြန္းထုတ္စရာအမ်ားအျပား ထြက္ေပၚလာတယ္လို႔ “ဂါးဒီးယန္းသတင္းစာ” (16 November 2024) က ေရးသားပါတယ္။

အမ်ိဳးသမီးလက္ေထာက္တစ္ဦးကို သူနဲ႔ လိင္ဆက္ဆံဖို႔ အၾကပ္ကိုင္ေၾကာင္း စြပ္စြဲတဲ့ကိစၥမွာ စုံစမ္းစစ္ေဆးစဥ္ ကာလအတြင္း ရာထူးမွ ေခတၱႏႈတ္ထြက္ေပးရန္ ခန္းက ျငင္းဆိုၿပီး နဂိုအတိုင္း ဆက္ေနရန္ OIOS က ဆုံးျဖတ္ ပါတယ္။ ဒီကိစၥမွာ OIOS ရဲ႕ လက္ရွိနဲ႔ ယခင္အရာရွိ ၂-ဦးတို႔ ပါဝင္ပတ္သက္ေနၿပီး ေနာက္ဆက္တြဲ ထိခိုက္လ လာႏိုင္တဲ့အတြက္ စိတ္မသက္မသာျဖစ္ရေၾကာင္း၊ ကုလသမဂၢအဖြဲ႕ႀကီးရဲ႕ ဌာနတြင္းစာရင္းစစ္ျခင္း၊ စုံစမ္းစစ္ ေဆးျခင္း၊ ေစာင့္ၾကည့္ျခင္း၊ အကဲျဖတ္ျခင္း၊ တင္ျပအစီရင္ခံျခင္းတို႔ကို တာဝန္ယူေဆာင္႐ြက္ေနတဲ့ OIOS နဲ႔ ခန္းတို႔ဆက္ႏြယ္ေနတယ္ဆိုတဲ့ကိစၥဟာ ICC ရဲ႕ တရားမွ်တမႈနဲ႔ ေျဖာင့္မတ္မွန္ကန္မႈကို ထိခိုက္ႏိုင္ေၾကာင္း အမည္မေဖာ္လို သူ ICC ဝန္ထမ္းမ်ားက ေျပာပါတယ္။

ခန္းနဲ႔ ဇနီးျဖစ္သူ “အလက္ဂ်င္ဒရာ” ဟာ OIOS ဌာနနဲ႔ ထဲထဲဝင္ဝင္ ပတ္သက္လွ်က္ရွိတယ္လို႔ သတင္းမ်ား ထြက္ေပၚေနေၾကာင္း၊ စုံစမ္းစစ္ေဆးေရးဌာနရဲ႕ သမာဓိအေပၚ ထိခိုက္လာမွာကို စိုးရိမ္တယ္လို႔ ကုလသမဂၢ အႀကီးတန္းအရာရွိအခ်ိဳ႕ထံမွ သိရွိရပါတယ္။ လြန္ခဲ့တဲ့ ေမလမွာ ယခုအခင္းျဖစ္ရပ္ ေပၚေပါက္လာၿပီးေနာက္ အလက္ဂ်င္ဒရာဟာ ခန္းက လိင္ဆက္ဆံရန္ အၾကပ္ကိုင္ေၾကာင္း စြပ္စြဲသူ အမ်ိဳးသမီးနဲ႔ ဆက္သြယ္ခဲ့ေၾကာင္း၊ ေနာက္တစ္ေန႔ တစ္ေနရာရာမွာ လူခ်င္းေတြ႕ၾကဖို႔ ေစာင္းပါးရိပ္ေျခဆိုလာတဲ့အတြက္ အထိတ္တလန႔္ျဖစ္ခဲ့ရ တယ္လို႔ အျခားဌာန ဝန္ထမ္းမ်ားကို ေျပာျပေၾကာင္း သတင္းမ်ား ထြက္ေပၚလ်က္ရွိပါတယ္။

ခန္းနဲ႔ ဇနီးျဖစ္ဟာ စြပ္စြဲခ်က္မ်ားနဲ႔ ပတ္သက္ၿပီး OIOS ထံ အစီရင္ခံရသူ ICC အႀကီးတန္းဝန္ထမ္းတစ္ဦးထံ ဆက္သြယ္ခဲ့တယ္လို႔လည္း သတင္းရင္းျမစ္မ်ားက ဆိုပါတယ္။ အလက္ဂ်င္ဒရာနဲ႔ စြပ္စြဲသူအမ်ိဳးသမီး၊ ICC ဝန္ထမ္းမ်ားရဲ႕ အဆက္အသြယ္ဟာ ပုံမွန္ မဟုတ္ပဲ အဆီအေငၚမတည့္ ျဖစ္လြန္းတယ္လို႔ ေျပာၾကပါတယ္။

အလက္ဂ်င္ဒရာကေတာ့ အဆိုပါေျပာဆိုခ်က္မ်ားကို ျငင္းဆိုထားၿပီး ဒီကိစၥနဲ႔ပတ္သက္လို႔ စြပ္စြဲသူအမ်ိဳးသမီး သာမက OIOS က ဘယ္သူနဲ႔မွ မေဆြးေႏြးခဲ့ဖူးေၾကာင္း၊ ဘယ္သူ႔ကိုမွ စိတ္ဓာတ္က်ဖို႔၊ ၿခိမ္းေျခာက္ဖို႔ ဒါမွမ ဟုတ္ ဖိန႔္လုံးေတြနဲ႔ လုံးဝမႀကိဳးစားခဲ့ဖူးေၾကာင္း၊ သူ႔ ဘဝတေလ်ာက္လုံး နယ္ပယ္အသီးသီးရွိ ထိရွလြယ္ၿပီး ခ်ိဳ႕တဲ့သူေတြရဲ႕အခြင့္အေရးကို သစၥာသိစြာ ကာကြယ္ေစာင့္ေရွာက္ခဲ့ျခင္းေၾကာင့္ ခုလို ေျပာဆိုခ်က္ေတြဟာ သူ႔အတြက္ အလြန္နစ္နာတယ္လို႔ ဂါးဒီးယန္းရဲ႕ အေမးကို ျပန္လည္ေျဖဆိုပါတယ္။

ခန္းဟာ OIOS က ၫႊန္ၾကားေရးမႉးနဲ႔ တပူးတြဲတြဲ ရွိခဲ့တာ အမွန္ျဖစ္ေၾကာင္း သတင္းရင္းျမစ္တစ္ခုက ေျပာပါ တယ္။ ဒုတိယေျမာက္ပုဂၢိဳလ္မွာ ISIS အိုင္စစ္အစြန္းေရာက္အၾကမ္းဖက္ကိစၥ ကုလသ မဂၢ စုံစမ္းစစ္ေဆးမႈ တစ္ခုအတြက္ 2019 ခုႏွစ္မွ စတင္ကာ ခန္းက ငွားရမ္းခဲ့ဖူးသူျဖစ္ေၾကာင္း၊ ႏွစ္ေပါင္းမ်ားစြာ နီးနီးကပ္ကပ္ အလုပ္လုပ္ခဲ့ၿပီး OIOS ၏ စုံစမ္းစစ္ေဆးေရးဌာန ဒါ႐ိုက္တာျဖစ္တယ္လို႔ သိရွိရပါတယ္။

ခန္းရဲ႕ေရွ႕ေနမ်ားကေတာ့ စုံစမ္းစစ္ေဆးေရးမႉးႏွင့္ ဘယ္လို ဆက္ဆံေရးမွ်မရွိေၾကာင္း ျငင္းဆိုခဲ့ၿပီး OIOS အရာ ရွိနဲ႔ အဆက္အသြယ္ မရွိတာလည္း ႏွစ္အေတာ္ၾကာၿပီလို႔ ေျပာပါတယ္။ လိင္ပိုင္းဆိုင္ရာ လက္မခံႏိုင္ဖြယ္ျပဳ ေၾကာင္း စြပ္စြဲခ်က္မ်ားနဲ႔ ပတ္သက္ၿပီး အားလုံးကို ခန္းက ျပတ္ျပတ္သားသား ျငင္းဆိုထားပါတယ္။ အသက္ ၅၄-ႏွစ္အ႐ြယ္ ပါကစၥတန္ႏြယ္ဖြား ယူေကႏိုင္ငံသား ႏိုင္ငံတကာ ရာဇဝတ္မႈခင္း ကြၽမ္းက်င္သူ “ကာရင္ အာ ဆတ္ အာမက္ ခန္းဟာ စစ္ရာဇဝတ္မႈျဖင့္ စြဲခ်က္တင္ထားတဲ့အမႈမွာ အစၥေရးေခါင္းေဆာင္ ႏွစ္ဦးနဲ႔ ဟား မတ္စ္ေခါင္းေဆာင္ သုံးဦးကို ဖမ္းဝရမ္းထုတ္ရန္ ICC တရားသူႀကီးထံ ေတာင္းဆိုခဲ့သူျဖစ္ပါတယ္။ ယခုလို စြပ္စြဲျခင္းဟာ အဲ့ဒီအမႈနဲ႔ပတ္သက္ၿပီး ႐ုံးေတာ္က သူ႔အေပၚ ယုန္ထင္ေၾကာင္ထင္ျဖစ္ေအာင္ ႀကိဳးစားျခင္း ျဖစ္ပုံရတယ္လို႔ ေျပာပါတယ္။

လြန္ခဲ့တဲ့ႏွစ္ ေအာက္တိုဘာ ၇-ရက္ ဂါဇာရွိ ဂါဇာရွိ ဟားမတ္စ္အၾကမ္းဖက္အဖြဲ႕ရဲ႕ က်ဴးေက်ာ္တိုက္ခိုက္မႈနဲ႔ အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္မႈအၿပီး အစၥေရးရဲ႕ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္ရာ ေရာက္ရွိတဲ့ စစ္ရာဇ ဝတ္မႈမ်ားနဲ႔ ပတ္သက္လို႔ စြပ္စြဲမႈမ်ား ထြက္ေပၚခဲ့ပါတယ္။ ICC ေရွ႕ေနခ်ဳပ္ ခန္းဟာ စြပ္စြဲခံထားရတဲ့ ဝန္ႀကီး ခ်ဳပ္ေနတန္ယာဟု၊ အစၥေရး ကာကြယ္ေရးဝန္ႀကီး ယိုအတ္ဂဲလင့္တို႔ကို ဖမ္းဝရမ္းထုတ္ရန္ လြန္ခဲ့တဲ့ ေမလ ICC ထံ ေလ်ာက္ထားခဲ့ပါတယ္။

တရားသူႀကီး သုံးဦးတို႔က ေတာင္းဆိုခ်က္ကို ခ်ိန္ဆေနပါတယ္။ အစၥေရးကေတာ့ စြဲခ်က္ေတြကို တစ္ခ်က္လႊတ္ ပယ္ခ်ခဲ့ၿပီး တရားဝင္ ဝရမ္းမကပ္မီ သူတို႔အေပၚ့စြပ္စြဲခ်က္ မွန္-မမွန္ စုံစမ္းစစ္ေဆးဖို႔ အခြင့္အေရးမေပးတဲ့ အ တြက္ ICC ေရွ႕ေနခ်ဳပ္ ခန္းကို ေဝဖန္ခဲ့ပါတယ္။

ခန္းတို႔ရဲ႕ ICC ဟာ ဖိလစ္ပိုင္ႏိုင္ငံနဲ႔လည္း ပတ္သက္ေနပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ ၁၆-ဦးေျမာက္ သမၼတ ႐ိုဒရီ ဂို ဒူတာေတးဟာ သူ႔ရဲ႕ ေ႐ြးေကာက္ပြဲ မဲဆြယ္ကတိအတိုင္း ရာဇတ္မႈခင္းမ်ား၊ အက်င့္ပ်က္ျခစားမႈမ်ားကို ႏွိမ္ နင္းခဲ့ၿပီး မူးယစ္ေဆးေလာက ၿဖိဳခြင္းရာမွာေတာ့ အျငင္းပြားဖြယ္ျဖစ္ခဲ့ရပါတယ္။ သမၼတ ရာထူးမတိုင္မီ ဒါဗာအို ၿမိဳ႕ေတာ္ဝန္အျဖစ္ ၂၂-ႏွစ္ၾကာ တာဝန္ထမ္းေဆာင္စဥ္ကတည္းက မူးယစ္ေဆးဂိုဏ္းမ်ားကို ၿဖိဳခြင္းရာမွာ ရဲတပ္ ဖြဲ႕ဝင္မ်ားရဲ႕ တရားလက္လြတ္သတ္ျဖတ္မႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း အသံထြက္ခဲ့ပါတယ္။ တစ္ဖက္မွာလည္း ၿမိဳ႕ေတာ္တည္ၿငိမ္ေအးခ်မ္းလာေပမယ့္ အသက္ဆုံးရႈံးရသူတို႔မွာ မ်ားေသာအား ျဖင့္ မူးယစ္ေဆး သုံးစြဲသူမ်ား၊ အေသးစား ရာဇဝတ္မႈ က်ဴးလြန္သူမ်ားနဲ႔ လမ္းေဘး ေလ့လြင့္ ကေလးသူငယ္မ်ား ျဖစ္တယ္လို႔ ဆိုၾကၿပီး အဲ့ဒီလို သတ္ျဖတ္မႈမ်ားကို ဒူတာေတးက လူသိရွင္ၾကား ေထာက္ခံခဲ့ပါတယ္။

လူ ၂၀၀၀ ခန႔္ တရားလက္လြတ္သတ္ျဖတ္ခံရမႈမ်ားအတြက္ ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံး ICC က စုံစမ္းစစ္ေဆး လွ်က္ရွိၿပီး ဖမ္းဆီးထိန္းသိမ္းဖို႔အထိျဖစ္လာႏိုင္ပါတယ္။ ဗုဒၶဟူးေန႔ ဖိလစ္ပိုင္ ကြန္ဂရက္လႊတ္ေတာ္ ၾကားနာ ရာ မွာေတာ့ ICC ရဲ႕ စုံစမ္းစစ္ေဆးမႈ ခံယူဖို႔ သူ႔အေနနဲ႔ အသင့္ရွိေၾကာင္း ယခုအခါ အာဏာလက္မဲ့ျဖစ္ေနသူ အသက္ ၇၉ ႏွစ္အ႐ြယ္ သမၼတေဟာင္းက ေျပာပါတယ္။

ICC ထံ အညံ့ခံမွာျဖစ္ေၾကာင္း ဒူတာေတးရဲ႕ ေျပာဆိုခ်က္နဲ႔ ပတ္သက္ၿပီး သူတို႔အစိုးရအေနနဲ႔ တားဆီးရန္ မရွိ ေၾကာင္း၊ အင္တာပိုလ္ အျပည္ျပည္ဆိုင္ရာ ရဲတပ္ဖြဲ႕က ဖမ္းဆီးထိန္းသိမ္းဖို႔ ႀကိဳးစားမယ္ဆိုလွ်င္လည္း သူတို႔ အေနနဲ႔ ကူညီပူးေပါင္းမွာျဖစ္ေၾကာင္း ဖိလစ္ပိုင္အစိုးရက ေျပာဆိုတယ္လို႔ AP သတင္းေအဂ်င္စီ (13 November 2024) က ေရးပါတယ္။

႐ိုဒရီဂို ဒူတာေတးအေပၚ ေဝဖန္သူေတြဟာ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈမ်ားအတြက္ ICC က ႐ုံးတင္စစ္ေဆးခံရေစရန္ တြန္းအားေပးျခင္းျဖင့္ သမၼတေဟာင္းအေနနဲ႔ အရွက္ရေစမယ္လို႔ ေမွ်ာ္လင့္ၾက ေပမယ့္ မီးေမာင္းထိုးျပမႈမွာ ေျပာင္းလဲသြားခဲ့တယ္လို႔ “ေဒးလီးထ႐ိုင္ႁဗြန္း” (16 November 2024) က ေရးသားပါတယ္။

ဒူတာေတးကို တရားစြဲထားဆိုတဲ့ ICC ေရွ႕ေနခ်ဳပ္ ကာရင္ခန္းဟာ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈ စြပ္စြဲခ်က္ေတြနဲ႔ ရင္ဆိုင္ေနရၿပီး သမၼတေဟာင္းအေပၚ စုံစမ္းစစ္ေဆးေနတဲ့ ကုလသမဂၢရဲ႕ ပြင္လင္းေျဖာင့္မတ္မႈနဲ႔ ပတ္သက္ၿပီး တစ္ကမာၻလုံးရဲ႕ အာ႐ုံစိုက္မႈကို ခံေနရပါတယ္။

အရႈတ္ေတာ္ပုံကိစၥွမွာ ခန္းကိုယ္တိုင္နဲ႔ သူ႔ရဲ႕ဇနီး၊ OIOS မွ အႀကီးတန္း အရာရွိတစ္ဦးတို႔ရဲ႕ အက်ိဳးစီးပြားနဲ႔ ဆက္ႏြယ္တဲ့ ပဋိပကၡမ်ားလည္း ပါဝင္ေနပါတယ္။ ICC ဟာ ခန္းနဲ႔ပတ္သက္ၿပီး ဘက္လိုက္ေၾကာင္း လူေျပာ ခံရမယ့္ ကိစၥမ်ားမွာ ဌာနတြင္း စုံစမ္းစစ္ေဆးမႈအေနနဲ႔ က်ရႈံးခဲ့ပါတယ္။ ဌာနျပင္ပ စုံစမ္းစစ္ေဆးမႈမ်ား မွာ လည္း ဘယ္ေလာက္အတိုင္းအတာအထိ လြတ္လြတ္လပ္လပ္ရွိမယ္ဆိုတာ သံသယႀကီးႀကီးနဲ႔ ကမာၻက ဆက္လက္ေစာင့္ၾကည့္ေနပါတယ္။

မူးယစ္ေဆးဝါးၿဖိဳခြင္းေရး စစ္ပြဲနဲ႔ ပတ္သက္ၿပီး ဖိလစ္ပိုင္အထူးတရား႐ုံးမ်ားရဲ႕ လြတ္လပ္တဲ့တရားစီရင္ေရးကို ေလးစားရန္ ေျပာဆိုခဲ့သူ ဒူတာေတးနဲ႔ ICC အမႈဟာ ခန္းရဲ႕ကိစၥနဲ႔ ေႏွာင့္ေႏွးသြားဖြယ္ရွိေၾကာင္း၊ ICC အေန နဲ႔ သူ႔ဌာနတြင္း ယုံၾကည္ေျဖာင့္မတ္မႈ ျပႆနာနဲ႔ ေခါင္းမီးေတာက္ေနခ်ိန္ ဒူတာေတးမွာလည္း သမၼတတစ္ဦး အေနနဲ႔ လုပ္ပိုင္ခြင့္ ရွိတယ္လု႔ိ ခုခံကာကြယ္ပိုင္ခြင့္ရွိေၾကာင္း ဖိလစ္ပိုင္အမ်ားစုက ယူဆၾကပါတယ္။

(Guardian., 17 November 2024,” Some at ICC said to question integrity of UN inquiry into top prosecutor” ကို ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.