အမရပူရမြို့နယ်ရှိ စက်သုံးဆီဆိုင်တွင် သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ကာ ငွေလုယက်မှုဖြစ်ပွား

 216

နာမူ (NP News) - နိုဝင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ စက်သုံးဆီဆိုင်တွင် သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ကာ ငွေလုယက်မှုဖြစ်ပွားခဲ့ကြောင်း အမရပူရမြို့ခံ လူမှုကူညီရေးအသင်းတစ်သင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာလ ၁၇ ရက်) မွန်းလွဲ ၂ နာရီခန့်၌ အမရပူရ မြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ မုတ်ပုလဲကျေးရွာရှိ DENKO ဆီဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဟုတ်ပါတယ်။ DENKO ဆီဆိုင်မှာ မနေ့က နေ့လည်က ဖြစ်သွားတာပါ။ လူထိခိုက်ဒဏ်ရာရတာမျိုးတော့ မကြားမိပါဘူး။ တရားခံက ထွက်ပြေးတိမ်းရှောင်ဆဲပါပဲ” ဟု အ ထက်ပါ လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ ဆီဆိုင်သို့ အသက် ၂၅ နှစ်အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးက CZI-125 အမျိုးအစား နက်ပြာရောင်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ၎င်း၏ နက်ပြာရောင်ဂျာကင်အတွင်းမှ သေနတ်ရှည်အား ဆွဲထုတ်ကာ သေနတ် ၅ ချက်ခန့်ပစ်ဖောက်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဆိုင်အတွင်းရှိ စက်သုံးဆီရောင်းချရာမှ ရရှိထားသည့် ငွေကျပ် (၁၂)သိန်းကျော်အား လုယက်ကာ ထုံးဘို-ပြင်ဦးလွင်လမ်းဘက်သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားကြောင်းလည်း သိရသည်။

ထိူ့ကြောင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ လုယက်မှုတရားခံအား ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

zawgyi version
အမရပူရၿမိဳ႕နယ္ရွိ စက္သုံးဆီဆိုင္တြင္ ေသနတ္ျဖင့္ ၿခိမ္းေျခာက္ပစ္ခတ္ကာ ေငြလုယက္မႈျဖစ္ပြား
နာမူ (NP News) - ႏိုဝင္ဘာ ၁၈

မႏၲေလးတိုင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္ရွိ စက္သုံးဆီဆိုင္တြင္ ေသနတ္ျဖင့္ ၿခိမ္းေျခာက္ပစ္ခတ္ကာ ေငြလုယက္မႈျဖစ္ပြားခဲ့ေၾကာင္း အမရပူရၿမိဳ႕ခံ လူမႈကူညီေရးအသင္းတစ္သင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ႏိုဝင္ဘာလ ၁၇ ရက္) မြန္းလြဲ ၂ နာရီခန႔္၌ အမရပူရ ၿမိဳ႕နယ္၊ နတ္ေရကန္ေက်း႐ြာအုပ္စု၊ မုတ္ပုလဲေက်း႐ြာရွိ DENKO ဆီဆိုင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ “ဟုတ္ပါတယ္။ DENKO ဆီဆိုင္မွာ မေန႔က ေန႔လည္က ျဖစ္သြားတာပါ။ လူထိခိုက္ဒဏ္ရာရတာမ်ိဳးေတာ့ မၾကားမိပါဘူး။ တရားခံက ထြက္ေျပးတိမ္းေရွာင္ဆဲပါပဲ” ဟု အ ထက္ပါ လူမႈကူညီေရးအသင္း၏ တာဝန္ရွိသူထံမွ သိရသည္။

အဆိုပါ ဆီဆိုင္သို႔ အသက္ ၂၅ ႏွစ္အ႐ြယ္ခန႔္ရွိ အမ်ိဳးသားတစ္ဦးက CZI-125 အမ်ိဳးအစား နက္ျပာေရာင္ဆိုင္ကယ္ျဖင့္ ေရာက္ရွိလာၿပီး ၎၏ နက္ျပာေရာင္ဂ်ာကင္အတြင္းမွ ေသနတ္ရွည္အား ဆြဲထုတ္ကာ ေသနတ္ ၅ ခ်က္ခန႔္ပစ္ေဖာက္ခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ ဆိုင္အတြင္းရွိ စက္သုံးဆီေရာင္းခ်ရာမွ ရရွိထားသည့္ ေငြက်ပ္ (၁၂)သိန္းေက်ာ္အား လုယက္ကာ ထုံးဘို-ျပင္ဦးလြင္လမ္းဘက္သို႔ ဆိုင္ကယ္ျဖင့္ ေမာင္းႏွင္ထြက္ေျပးသြားေၾကာင္းလည္း သိရသည္။

ထိူ႔ေၾကာင့္ သက္ဆိုင္ရာ နယ္ေျမရဲစခန္းမွ လုယက္မႈတရားခံအား ဖမ္းဆီးရမိေရး ဆက္လက္စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.