သံဖြူဇရပ်တွင်  KNU  နှင့် PDF   ပူးပေါင်းအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် (၂)ဦးသေဆုံး
                        
                            
                             
 1446
 
                             
                            
                            
                         
                        
                        Pearl (NP News) - စက်တင်ဘာ ၂၅
သံဖြူဇရပ်တွင်  KNU   နှင့် PDF   ပူးပေါင်းအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် (၂)ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 
ဖြစ်စဉ်မှာ ပြီးခဲ့သည့်   စက်တင်ဘာ ၂၂ ရက် က မွန်ပြည်နယ်၊  သံဖြူဇရပ်မြို့နယ်၊ ဝင်းစိန်ကျေးရွာနှင့် ခလောက်ချကျေးရွာကြား တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 
သံဖြူဇရပ်မြို့နယ်၊ ကော့လေးကျေးရွာကျေးရွာတွင်နေထိုင်သော ဦးအောင်မွန်သစ်(၃၅)နှစ်သည် ဇနီးဖြစ်သူ ဒေါ်ဆိုင်းနွန်(၃၅)နှစ်နှင့်အတူ ၎င်းတို့အလုပ်လုပ်ကိုင်သည့် သံဖြူဇရပ်မြို့နယ်၊ ဝင်းစိန်ကျေးရွာနှင့် ခလောက်ချကျေးရွာကြားရှိ ရော်ဘာခြံ၌ ရှိနေစဉ် KNU   နှင့် PDF   ပူးပေါင်းအဖွဲ့ အင်အား(စိစစ်ဆဲ) ရောက်ရှိလာခဲ့ကြောင်း သိရသည်။  
ထိုသို့ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
                     
                        
                                
                                
                                        zawgyi version 
သံျဖဴဇရပ္တြင္  KNU  ႏွင့္ PDF   ပူးေပါင္းအဖြဲ႕မွ ေသနတ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ (၂)ဦးေသဆုံး
Pearl (NP News) - စက္တင္ဘာ ၂၅
သံျဖဴဇရပ္တြင္  KNU   ႏွင့္ PDF   ပူးေပါင္းအဖြဲ႕မွ ေသနတ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ (၂)ဦးေသဆုံးခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။ 
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္   စက္တင္ဘာ ၂၂ ရက္ က မြန္ျပည္နယ္၊  သံျဖဴဇရပ္ၿမိဳ႕နယ္၊ ဝင္းစိန္ေက်း႐ြာႏွင့္ ခေလာက္ခ်ေက်း႐ြာၾကား တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ 
သံျဖဴဇရပ္ၿမိဳ႕နယ္၊ ေကာ့ေလးေက်း႐ြာေက်း႐ြာတြင္ေနထိုင္ေသာ ဦးေအာင္မြန္သစ္(၃၅)ႏွစ္သည္ ဇနီးျဖစ္သူ ေဒၚဆိုင္းႏြန္(၃၅)ႏွစ္ႏွင့္အတူ ၎တို႔အလုပ္လုပ္ကိုင္သည့္ သံျဖဴဇရပ္ၿမိဳ႕နယ္၊ ဝင္းစိန္ေက်း႐ြာႏွင့္ ခေလာက္ခ်ေက်း႐ြာၾကားရွိ ေရာ္ဘာၿခံ၌ ရွိေနစဥ္ KNU   ႏွင့္ PDF   ပူးေပါင္းအဖြဲ႕ အင္အား(စိစစ္ဆဲ) ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။  
ထိုသို႔ေရာက္ရွိလာၿပီး “ဒလန္” ဟုေျပာဆို၍ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့သျဖင့္ ၎တို႔ ႏွစ္ဦးတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္မႈ က်ဴးလြန္ခဲ့သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။